Tuesday, February 18, 2014

ခြေဥပြင်ဖို့“ဗိုလ်စိန်မှန်ကွင်း” ကို အသုံးပြုခွင့် မပေးခဲ့ရင် ( ဦးဝင်းချို)



U Win Cho

“(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်လိုသော
သာမန်ပြည်သူများ၏ဆန္ဒ၊သဘောထား များအား ဟောပြော၊ဆွေးနွေးခြင်း”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆိုတဲ့ ခေါင်းစဉ် နဲ့၂၃-၂-၂၀၁၄ ရက်နေ့ မနက်၁၀း၀၀ နာရီမှ နေ့လယ် ၁၄း၀၀ ထိ ဗဟန်းမြို့နယ်
ဗိုလ် စိန်မှန်ကွင်း မှာ ပြုလုပ်လိုကြောင်း လိုအပ်တဲ့ စာရွက်စာတမ်းများဖြည့်စွက်ပြီး
ဗဟန်းမြို့နယ် ရဲ စခန်းမှူး ထံ အကြောင်းကြား ၊တင်ပြပြီးခဲ့ပါပြီ။

“ဗိုလ် စိန်မှန်ကွင်း” အသုံးပြုခွင့်ရဘို့ ရန်ကုန်တိုင်း အား/ကာ မှာ “ခွင့်ပြုချက်”
ယူရမယ်လို့ ညွန်ပြတဲ့ အတွက် ဗဟန်းရဲစခန်းကနေ ရန်ကုန်တိုင်း အား/ကာ ရုံး။
ဗဟန်းမြို့နယ် ဦးစီးမှူးရုံး ဖြစ်လိမ့်မယ် လို့ ထပ်ညွှန်တော့ “ဗဟန်း စည် ပင်ရုံး”။ အဲဒီက မဟုတ်ပါဘူး တဲ့။ “ပန်းဥယျာဉ်ဌာန” ဆိုတော့ ကန်တော်မင် ပန်းခြံထဲ၊အဲဒီ ရောက်ပြန်တော့ “တိုင်းဒေသကြီး အစိုးရ အဖွဲ့”ရဲ့ ခွင့်ပြုချက် ကိုပြပြီးမှ လျှောက်ရမှာ လို့ ဆိုပြန်ပါတယ်။

အဲဒီတော့ “တိုင်းဒေသကြီး အစိုးရ အဖွဲ့”က ခွင့်ပြုချက် ပေးခဲ့ရင် “ဗိုလ်စိန်မှန်ကွင်း” ကို အသုံးပြုခွင့် ထပ်လျှောက်ရမယ်။“ခွင့်ပြုချက်” မပေးခဲ့ရင်တော့ လျှောက်ရင်လည်းမပေးတော့ဘူး ဆိုတဲ့ သဘော။ အရင့် အရင်က ဒီကွင်းကိုဘဲ NLD ပါတီရဲ့ စည်းဝေးပွဲ တစ်ခု အတွက် အသုံးပြုခွင့်ပေးခဲ့ပြီးပြီ။
နောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက အချို့သော ပုဒ်မ တွေကို ပြင်ဆင်လိုခြင်း မရှိတဲ့ နိုင်ငံသားများကလည်း နောက်ထပ် “ဟောပြောပွဲ” တစ်ပွဲ ကျင်းပခဲ့ပြီးပြီ။

သို့သော်လည်း လေးစားစွာ တင်ပြ၊အကြောင်းကြားခဲ့ပေမဲ
့ (ကျနော့်  ကိုမှ )အကြောင်းအမျိုးမျိုး ကြောင့် “ခွင့်ပြုချက်” မပေးနိုင်ဘူး လို့ အကြောင်းပြန်ခဲ့ရင်လည်း.............................။

တည်ဆဲ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ ကခွင့်ပြုထားပြီး ဖြစ်တဲ့ “နိုင်ငံသား အခွင့်အရေး” ကို မည်သူတစ်ဦး တစ်ယောက် ၊တစုတဖွဲ့ က(သမ္မတကြီးဖြစ်ပါစေ) ခွင့်မပြုတဲ့ အတွက် လုပ်ဆောင်ခွင့်မရဘူး ဆိုရင် (အဲဒီပုဂ္ဂိုလ်၊အဖွဲ့အစည်းဟာ) ပြည်သူ၉၂.၄၈% က ထောက်ခံ အတည်ပြုထားတဲ့၊လက်ရှိမပြင်ဆင်ရသေးတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ”ကို ဖေါက်ဖျက်ခြင်းသာဖြစ်တဲ့ အတွက် “ဥပဒေ ကိုလေးစားလိုက်နာတဲ့ ” ကျနော်ကတော့ ဆက်လက် လုပ်ဆောင်မှာဖြစ်ပါတယ်။

သို့ အတွက်.................
မိတ်ဆွေများခင်ဗျား။ ။
၂၃-၂-၂၀၁၄ ရက်နေ့ နံက်၁၀း၀၀မှ ၁၄း၀၀ အထိ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းမှာပြုလုပ်ကျင်းပမယ့် “(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်လိုသော
သာမန်ပြည်သူများ၏ဆန္ဒ၊သဘောထား များအား ဟောပြော၊ဆွေးနွေးခြင်း” အခမ်းအနားကို တက်ရောက်နိုင်ပါမည့် အကြောင်း ဦးဝင်းချို နှင့်တကွ မြန်မာနိုင်ငံသားများ အရေးဆောင်ရွက်နေသူများမှ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျား။

0 အကြံပြုခြင်း: