Friday, February 7, 2014

ဗီနိုင်းတစ်စောင်လျှင် ငွေကျပ် ၁၅၀၀ ကျပ်ဖြင့် ရောင်းတာ မဟုတ်၊......ယူတာ



ဦးအေးလွင်၏ပါတီ ကျူးကျော်တဲနှင့် နေထိုင်သူများကို အခြေခံဥပဒေပုဒ်မ (၃၅၅) ပြဌာန်းစာ ရိုက်နှိပ်ထားသော ဗီနိုင်းများရောင်း

Myanmartandawsint Newspaper
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ဒလမြို့နယ် ကမာကဆစ် ကျေးရွာရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြေပေါ်တွင် ဆောက်လုပ် ထားသော ကျူးကျော်တဲများ မဖယ်ရှားနိုင်ရန် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ဗီနိုင်း တစ်စောင်လျှင် ငွေကျပ် ၁၅၀၀ ကျပ်ဖြင့် ရောင်းချ ခဲ့သည်ဟု အဆိုပါဗီနိုင်းကို ၀ယ်ယူထားသူ တစ်ဦးက ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ဗီနိုင်းတွင် ““ဥပဒေနှင့်အညီ နေထိုင်လိုပါသည့် နိုင်ငံသား တိုင်းသည် ပြည်ထောင်စု သမ္မတ နိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၅၅””ဟူ၍ ဖော်ပြထားသည်။

၎င်းစာသားပါသော ဗီနိုင်းတစ်စောင်လျှင် ငွေကျပ် ၁၅၀၀ ကျပ်ဖြင့် ရောင်းချမှု ကို မြန်မာသံတော်ဆင့်မှ ပါတီဥက္ကဋ္ဌ ဦးအေးလွင်အား ဆက်သွယ် မေးမြန်းရာတွင် ““ကျွန်တော် တို့က ရောင်းတာ မဟုတ်ဘူး။ သူတို့လိုချင်တာကို ကျွန်တော်တို့က လုပ်ပေးတာ။ သူတို့လုပ်ချင်တာ ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၅ ထဲမှာ ပါတဲ့အတိုင်းပါ။ ကျွန်တော်တို့က ဈေးရောင်း နေတာမဟုတ်ဘူး”” ဟု ပြောသည်။

0 အကြံပြုခြင်း: