Thursday, February 20, 2014

(ဆဲနေသူများသို့ … သတ်မယ်ခြိမ်းခြောက်တဲ့ အန္ဓများသို့ …)



Thon Nay Soe

...................
'စု' ဂုဏ်ရည်
----------------------------
တစ်ချို့တွေကိုပြောပါတယ်
လူစိတ်ကလေးများရှိကြရဲ့လား?
ကျေးဇူးလေးများသိတတ်ကြရဲ့လား?

လမ်းမတွေပေါ်မှာသေနတ်နဲ့လိုက်ပစ်နေတဲ့
အခက်ခဲဆုံးကာလတွေမှာ
ဘယ်သူခေါင်းဆောင်ပေးခဲ့သလဲ?
ဘယ်သူခေါင်းခံပေးခဲ့သလဲ?
ဒီလောက်အရှုပ်ထုတ်ကြီးထဲ
ဘယ်သူဝင်ပါပေးခဲ့လဲ?

သူ့အနေနဲ့ နေသာသပဗျာ
ခင်ဗျားတို့ပြောသလို
မြက်တစ်ပင်မှ မစိုက်ပဲ
ဇိမ်နဲ့နှက်နေတယ်ဆိုရင်
ဇိမ်နဲ့ဆက်နှက်ပေါ့။
ဘာကြောင့်သေတွင်းထဲဝင်လာသလဲ?

သူမသေခဲ့ဘူး ဟုတ်ပါတယ်
ဒါပေမယ့် သေလုမျောပါးကြုံခဲ့တယ်
(ဒီပဲယင်းမှာ သူ့ကားမောင်းသမားသာ
မတော်ရင် ခုလောက်ရှိအရိုးဆွေးနေပြီ)
ဒီလောက် ကြမ်းကြုတ်သူတွေနဲ့
ထိပ်တိုက်ဘယ်သူရင်ဆိုင်ဝံ့သလဲ?
ဒီလောက် ဆိုးရွားလွန်းတဲ့တိုက်စစ်မြားဦးမှာ
ဘယ်သူနေဝံ့ခဲ့သလဲ။

သူ့အကို ငကြောက်ကြီး နေရဲသလား?
ဒေါ်ခင်ကြည်ဈာပနမှာ
ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီအဖရေ
ဆိုတော့ ကျောင်းသားတွေဦးတည်အော်တာ
အောင်ဆန်းဦး။
သူက ပါးနပ်တယ် ကြောက်တတ်တယ်။

ကိုယ့်ဘို့ကိုယ်ကြည့်တဲ့ဘယ်သူမှ
ဒီအရှုပ်ထုတ်ထဲ ဝင်မပါဘူး
မိုးပေါ်ထောင်မပစ်တည့်တည့်ပဲပစ်တတ်တယ်ကြိမ်းပြီး
ဒရကြမ်းပစ်နေချိန်
ဓါးဓါးချင်းလှံလှံချင်း ရာဇသံပေထားချိန်မှာ
သတ်ကွင်းထဲဝင်လာရဲတာ
တကယ့်စေတနာ မဟုတ်ဘူးလား?

ဒီ့အတွက် သူဆုတံဆိပ်ရတယ်
ဒါကို ဘယ်သူက ကြိုသိမလဲ?
ဆုရပြီးတော့ရော နောက်ဘယ်လောက်
သူ ဒုက္ခဆက်ခံနေသလဲ?

ဒီပဲယင်းကြုံပြီးတာတောင် သူနောက်ဆုတ်သွားသလား
သူ့အိမ်နားမှာ သေမတတ်ဖြစ်လို့
အိပ်ယာထဲလဲတောင် သူနောက်ဆုတ်သလား?
သူဟာ ဒီမိုကရေစီရေးကြိုးစားမှုရဲ့အလံဗျ
အလံဆိုတာ ဘယ်တော့မှချမနင်းရဘူး

သူ့ကိုဆဲနေသူတွေကို တစ်ခွန်းတည်းမေးမယ်
ခင်ဗျားတို့
ဒီလိုဆဲချင်ရာ လွတ်လွတ်လပ်လပ်ဆဲခွင့်ရအောင်
ဘယ်သူလုပ်ပေးခဲ့တာလဲ?
မြန်မာပြည် ဒီမိုကရေစီရအောင်
ဘယ်သူလုပ်ပေးနေသလဲ?

ဟိုလူကြီးပေးတာဆိုရင်
အဲဒီလိုပေးအောင် ဘယ်သူတွန်းအားပေသလဲ
မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုတွေရဲ့
ဦးဆောင်မှု အခန်းကဏ္ဍမှာ ရပ်ပေးခဲ့တာကို
နည်းနည်းမှကျေးဇူးမတင်ဘူးလား။

ဒီမိုကရေစီကို ပေးလို့ရတယ်ဆိုရင်
မြန်မာ့လွတ်လပ်ရေးအတွက်ရော
အက်တလီကိုကျေးဇူးတင်ကြမလား။

လွတ်လပ်ရေးဖခင်ဟာ
ပေးခဲ့ရတဲ့ အက်တလီလား?
ရအောင်အားထုတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလား?

ကိုယ်နဲ့ အမြင်မတူရုံနဲ့
ကျေးဇူးရှင်ကိုဆဲရေး ပုတ်ခတ်ရင်
တစ်ခွန်းတည်းသတိပေးချင်တယ်
ခွေးတောင် ထမင်းကျွေးတဲ့လက်ကို
ဘယ်တော့မှ ပြန်မကိုက်ဘူး။

2 အကြံပြုခြင်း:

Anonymous said...

ကျနော်လည်း ဒေါ်စု ကိုနဲနဲတော့စိတ်ပျက်သွား မိတာ ဝန်ခံပါတယ် ဆဲတော့မဆဲဝံ့ပါဘူး ဗျာ စိတ်ထဲမှာကြည်ညိုရင်းအခံကရှိတယ်လေ ခင်ဗျားရှင်းပြတော့လည်း မှန်တာပါပဲ ဘာပဲဖြစ်ဖြစ်ဗျာ တိုင်းပြည်ကောင်းဖို့ကတော့ ရည်ရွယ်ချက်တူမှာပါ ညှိနှိုင်းကြရင် ကောင်းတာပေါ့ ဒေါသတော့ လျှော့ပါဗျာ

Anonymous said...

comment တင်မပေးဘူးနော် ဘာဖြစ်လို့လဲ