Tuesday, February 4, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ရုံးဆောက်လုပ်ခြင်းနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်



၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့

အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်
အ မှတ် (၉၇/ခ) အ နောက် ရွှေ ဂုံတိုင် လမ်း
ဗ ဟန်း မြို့ နယ် ၊ ရန် ကုန် မြို့
ရက်စွဲ - ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်

သတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရုံးခန်း ဖွင့်လှစ်ထားသော အမှတ်(၉၇/ခ)အနောက်ရွှေဂုံတိုင်လမ်းအဆောက်အဦးမှာ ဟောင်းနွမ်းနေပြီဖြစ်၍ ပြန်လည်တည်ဆောက်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်စွဲပါ စာအမှတ် ၁၅၇(စည်း)/၁၂/၂၀၁၃ဖြင့် ဆောက်လုပ်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက် လျှက်ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံသားများအတွက် တည်ထောင်ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီဖြစ်သောကြောင့် အဖွဲ့ချုပ်ရုံးတည်ဆောက်ရေးတွင် အလွှာပေါင်းစုံရှိနိုင်ငံသားများမှ လှူဒါန်းငွေများ ထည့်ဝင်နိုင်ရန်အတွက် အောက်ပါနည်းလမ်းများဖြင့် လက်ခံသွားမည်ဖြစ်ပါသည်။

(၁) မြန်မာနိုင်ငံသားများအနေဖြင့် ဆောက်လုပ်ရေးငွေစာရင်းအမှတ် AGD - 3241220005283 ဘဏ်စာရင်းသို့ အလှူငွေ ထည့်ဝင်နိုင်ပါသည်။ အလှူငွေထည့်ဝင်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကဒ်နှင့် ဖုန်းနံပါတ်များကို ဖော်ပြပေးရန် ဖြစ်ပါသည်။

(၂) ငွေသား (သို့မဟုတ်) ချက်လက်မှတ်ဖြင့်ထည့်ဝင်သော အလှူငွေကို ဆောက်လုပ်ရေး ကော်မတီဥက္ကဌ ဦးတင်ဦး၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးစောလှိုင်(၀၉၅၁၀၂၀၅၅)၊ ဦးအောင်ထိုက် (၀၉၄၃၁၀၇၄၆၀) နှင့် ဒေါ်အေးအေးမာ (၀၉၇၃၁၂၁၉၄၆) တို့က လက်ခံဆောင်ရွက်မည် ဖြစ်ပါသည်။

(၃) အမည်မဖော်လိုသူအဖြစ် အလှူငွေထည့်ဝင်ခြင်းကို ဥပဒေအရ လက်ခံနိုင်မည်မဟုတ်ပါ။ ဥပဒေနှင့် ညီညွတ်စေရန် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

0 အကြံပြုခြင်း: