Saturday, February 15, 2014

မန္တလေး မျက်ပါးရပ် စာပေဟောပြောပွဲ နောက်ဆက်တွဲ ။




မန္တလေးက မျက်ပါးရပ်ဆိုတာ ဘုရားစေတီတွေ ရွှေသင်္ကန်း (မျက်ပါး) ခတ်တဲ့ ရပ်ကွက် ၊ နှစ်စဉ် ဘုရားပွဲ ကျင်းပရင်လည်း မန္တလေးမှာ အကြီးကျယ်ဆုံးပဲ ၊ စာရေးတံမဲ မြသပိတ်မှာ ကားတောင် ထည့်ဖောက်လှူတဲ့ ရပ်ကွက် ၊ မျက်ပါးရပ် လူငယ် ပဒေသာပင် ဆိုလည်း သိန်းဆယ်ဂဏန်းနဲ့ ဒုတိယဆု အဖြစ် ဖောက်လှူတဲ့ ရပ်ကွက် ၊ ဒီလူငယ်တွေ ရဲ့ ပထမအကြိမ် စတင်ကျင်းပတဲ့ စာပေဟောပြောပွဲ ၊ ဒါကို (၁၅-၂-၁၄) နံနက်ပိုင်းက သံဃာတော် အချို့က ဟောပြောသူထဲမှာ ကိုမြအေး ပါနေလို့ လာပြီး တားမြစ်တယ် ။ တားမြစ်တာ မလိုက်နာရင် သံဃာ(၃၀၀)ခန့် လာမည် ဟု မိန့်သွားပါတယ် ။

ဘာသာတရား ၊ အလှူအတန်း ဘယ်လောက် အလေးထားတယ်ဆိုတာ မျက်ပါးရပ် အကြောင်း မန္တလေး သံဃာထုက သိပါတယ် ။ သည့်အတွက်ကြောင့် ရပ်ကွက်သူ ရပ်ကွက်သားတွေ ကိုးကွယ်တဲ့ သံဃာတော် အရှင်သူမြတ်များမှ စာပေဟောပြောပွဲကို စိတ်အေးအေးထား ကျင်းပရန် နှင့် သံဃာအပါး (၄၀၀)ခန့် စေလွတ် ကာကွယ်ပေးမယ် လို့ မိန့်တော်မူကြောင်း နောက်ဆက်တွဲ သိရှိရပါတယ် ။

ကိုဝိုင်ဝိုင်ကေ
၁၅-၂-၁၄



ကိုမြအေးက မဟောပြောတော့ဘူးတဲ့ ၊ ကောင်းကွာ ၊ ဘေးမှာသာ ထိုင်နေတော့ ။ ။
ဆက်ဟောနေတဲ့ မောင်သွေးသစ် ၊ ညီမင်းညိုတို့လည်း လက်သီး လက်မောင်းတန်း ဟောပြောပြီးရင် စင် အောက်ဝင်ပြီး ကုန်း ပေးလိုက်ကြအုံး ၊ မေ့နေမှာ စိုးလို့ ....

အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး

0 အကြံပြုခြင်း: