Tuesday, February 4, 2014

သမ္မတ ဦးသိန်းစိန်လျှို့ဝှက်ညွှန်ကြားချက်များ ထုတ်ပြန်



Kamayut Media
အရေးကြီးသော အချိန်ရောက်နေ၍ ပူးပေါင်းဆောင်ရွက်ရန် ဒေါ်စုနှင့် ၈၈ သဘောတူကြ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ၏ အရေးကြီးသောအချိန်ကို ရောက်နေသောကြောင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ ဖေဖော်ဝါရီ ၄ရက်နေ့ ညနေတွင် မိနစ် ၄ဝကြာ တွေ့ဆုံခဲ့ကြောင်း ၈၈မျိုးဆက်က ထုတ်ပြန်လိုက်သည်။ နှစ်ဖက်ဆွေးနွေးပွဲ ရလဒ်များကို လာမည့် သီတင်းပတ်များအတွင်း ပူးတွဲထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြထားပြီး တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီနှင့် ဦးပြုံးချိုတို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။ မြန်မာသမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအတွက် ဆန့်ကျင်ဘက် အင်အားစုများက လူစုလူဝေးများပြုလုပ်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများ ပြုလုပ်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုရှိရန် လျှို့ဝှက်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သတင်းများထွက်ပေါ်နေပြီး ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ဆိုသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တို့၏ တွေ့ဆုံမှုသည် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးဆိုင်ရာကို အဓိကဆွေးနွေးကြမည်ဟု ယူဆနိုင်ပြီး ဥပဒေဘောင်အတွင်း လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေး ပိတ်ဆို့ ဟန့်တားမှုများရှိပါက၊ အခြားသော နည်းလမ်းများရှိသည်ဟု လူထုခေါင်းဆောင်က တရားဝင် ပြောဆိုထားသည်။ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်ကို သမ္မတ ဦးသိန်းစိန်က ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်ကြား တင်းမာမှုများ စတင်ပေါ်ပေါက်ခဲ့သလို သမ္မတဦးသိန်းစိန်ကို လိုလားသော အင်အားစုများက ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လူမျိုးရေး ဘာသာရေး ခေါင်းစဉ်များဖြင့် စတင်လှုပ်ရှားလာနေကြသည်။

0 အကြံပြုခြင်း: