Monday, February 17, 2014

ကမ်းနားသစ်ပင်

ပြည်သူ့ဘ၀ တိုးတက်ရေး...ပြည်ခိုင်ဖြိုးကိုရွေး...

အပြောမဟုတ်...
လက်တွေ့အလုပ်ဖြင့် ဒီမိုကရေစီနိုင်ငံထူထောင်နေသည်....

ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီကိုမဲပေးကြပါ...

ရာအိမ်မှူး
ပြည်ခိုင်ဖြိုးပါတီဝင်
အုတ်ဖိုရွာပျက်
သမီးကလေးရွာပျက်အနီး

စာကြွင်း-
သူက အုတ်ဖိုရွာရဲ့ ရာအိမ်မှူး၊ရွာအကြီးအကဲတစ်ယောက်ပါ...
ပုံထဲက အဖျက်ခံထားရတဲ့နံကပ်တိုက်အိမ်ကလေးက သူ့အိမ်ကလေးပါ....။
ပုံထဲမှာ မဲဆွယ်ကာလက အိမ်မှာချိတ်ဆွဲထားတဲ့ ပြည်ခိုင်ဖြိုးဆိုင်းဘုတ်ကိုတွေ့မြင်နိုင်ပါတယ်...။

ကျန်တဲ့ပုံတွေကတော့ သူရဲ့ မိသားစုဘ၀ လက်ရှိနေထိုင်မှုပါ...။ ဆယ်တန်းကျောင်းသူ အရွယ်ရောက်စ သမီးပျိုကလည်း ဒီလိုနေရာမှာ လုံခြုံမှုမဲ့စွာနဲ့နေရပါတယ်...
သူတို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေပါ....။

(ကိုယ်စားပို့စ်တင်ပေးသူ)

မျိုးသက်ဆွေ

0 အကြံပြုခြင်း: