Friday, February 28, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ထာဝရ မှန်နေမယ့် ပရမတ္တသစ္စာတရား မဟုတ်



““အခြေခံဥပဒေဆိုတာ ဘာအတွက်ရေးဆွဲထားတာလဲ ဆိုလို့ရှိရင် နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ရေးဆွဲထားတာဖြစ်ပါတယ်...။ တခြားမျှော်မှန်းချက်တွေ မရှိရပါဘူး..။ အဲ့ဒီတော့ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေဟာ နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ဘူးလို့ ယုံကြည် လက်ခံ လာတဲ့အခါ ပြင်ကိုပြင်ဆင် ရမှာပါ...”

“ဒီမှာပြောချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ထာဝရ မှန်နေမယ့် ပရမတ္တသစ္စာတရား မဟုတ်ပါဘူး...။ အချိန်ကာလတစ်ခုထိသာ မှန်ကန်နိုင်တဲ့ သမုတိသစ္စာတရား ဖြစ်ပါတယ်...။ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ ရာခိုင်နှုန်းအများစုကို အထောက်အကူ မပြုနိုင်တော့ဘူးဆိုရင်..၊ နိုင်ငံသားတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီတော့ရင် ပြင်ဆင်ရမှာပါ...”

“ဒီလို 'ပြင်ဆင်ခြင်း' ကသာလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာ မည်မယ်” လို့ အဓိပ္ပာယ်ဖွင့်ဆိုရမှာပါ...။ သို့သော် ဒီနေ့ပေါ့လေ... အဓိပ္ပာယ်ဖွင့်ဆိုမှုက တစ်မျိုးဖြစ်နေပါတယ်...။ ကျဉ်းမြောင်းတယ်လို့ပဲပြောရမလား မသိဘူး..။ ဒါကြောင့်မို့လို့ နိုင်ငံသား..၊ တိုင်းရင်းသား အများစုရဲ့ ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်ဖို့ဆိုရင် ပြင်ကိုပြင်ရမှာပါ...။ ကျယ်ကျယ်ပြန့်ပြန့်ကို ပြင်ဆင်ရေးမှ တပါး အခြား မရှိပြီလို့ ပြောရမယ် ထင်ပါတယ်...။ နှလုံးသားက ငြိမ်းချမ်းနေရမယ်..၊ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှုကို စွန့်လွှတ်ရမယ်...။ နယ်ပယ်ပေါင်းစုံမှာ ဆွေးနွေးအဖြေရှာတဲ့ ယဉ်ကျေးမှုကို တည်ဆောက်ရမယ်...။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်ရမယ်...။ ဒါပါပဲ......””

(သူရဦးအောင်ကို)
Messenger နှင့် အင်တာဗျူးမှ

0 အကြံပြုခြင်း: