Wednesday, February 19, 2014

မအူကုန်းရပ်ကွက် လမ်းကျယ်တွင် ကျော်ဝင်းသမက်တော် လေးအသုံးချခံလိုက်ရ




www.teol-mm.info
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းက တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် လမ်းကျယ်တွင် သင်္ကန်းဝတ်ထားသည့် လူတစ်ဦးမှ ဆူပူသောင်းကျန်း ခဲ့တယ်လို့ သိရှိရပါတယ်။

ဆံပင်ပုံစံတကျ ညှပ်ထားသည့် အဆိုပါ ပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဆင်မြန်း ရသည့် သင်္ကန်းဝတ်စုံကို အသေအချာ ၀တ်ဆင်ထားပြီး မအူကုန်းလမ်းကျယ်ပေါ်ရှိ တူဒေး လဘက်ရည်ဆိုင်အနီးမှာ အချိန်နှစ်နာရီနီးပါးခန့် ကြာအောင် ကားတစ်စီး ၏ ဘော်နတ် အင်ဂျင်ဖုံးပေါ်တွင်ထိုင်၍ အော်ဟစ်ဆူပူနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိ ခဲ့သည့် ဒေသခံများက ဆိုပါတယ်။

"ညနေ (၅) နာရီ မတ်တင်း လောက်ပေါ့။ ပြေးလာပြီးတော့ အဲ့ဒီကားပေါ် တက်ထိုင် လိုက်တယ်။ ပြီးတော့ အော်ဟစ်နေတယ်။ သူ့ကို ကယ်ပါ။ သူ့ကို ၀ိုင်းလုပ်နေတယ်။ အနိုင်ကျင့်နေတယ် လို့ တော်တော်ကြာကို အော်ဟစ်နေတယ်။ ကတုံးတုံးမထားဘူး။ ဆံပင်အရှည်နဲ့။ ကြည့်တဲ့ သူတွေများလာတော့ မတ်တပ်ထရပ်လိုက်တယ်။ ခေါင်းကို သင်္ကန်းစကို ခြုံတင်ပြီး ဆံပင်တွေကို အုပ်လိုက်တယ်။ လက်အုပ်ချီတာကို လူမြင်အောင် ခေါင်းပေါ်တင်ပြီး လက်အုပ်ချီ ထားပြီးတော့ အော်ဟစ်နေလို့ ရေဗူး နဲ့ ရေတိုက်နေတာလဲ ရှိတယ်။ သူ့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက် ယူနေတဲ့သူတွေကိုလည်း သူ့နားက လူတွေက လိုက်တားနေတယ်။ ဘာလဲတော့ မသိဘူး။ ရဲစခန်းကိုလည်း လူတော်တော်များများက ဖုန်းဆက်ပြီး အကြောင်းကြားတာကို ရောက်မလာဘူး။ လူများလာလေ ပိုပြီး အော်ဟစ်လေ လုပ်နေတယ်။"



Minn Thaik

“ ထ/လ ကျော်ဝင်း ”
•••••••••••••••
ကြားဖူးကြမှာပါ၊ စိတ်ပညာအထူးပြုဘာသာရပ်နဲ့ ကျောင်းပြီး၊ ရန်ကုန်အင်းလျားလိပ်
ဟိုတယ်ရှေ့ လမ်းဦးတိုက်မှာ တစ်ချိန်က အစိုးရဂါထားတဲ့ အိမ်ကြီးရခိုင်နဲ့ ကြက်မွေး
ငှက်မွေး ဒေါင်းမွေး သာလိကာမွေး ငှက်အကြောင်းလေ့လာခဲ့သူ၊ ကမ္ဘာကျော်နာမည်
ကြီးကင်မလာအစုံအဖုံ စုဆောင်းဓါတ်အာရုံစိုက်သူအဖြစ်အသွင်ယူခဲ့သူ၊ ဗိုလ်ခင်ညွန့်
အပေါင်းအပါတစ်စုကိုတန်ပြန်ထောက်လှမ်းရေးအဖြစ် ဖြုတ်ထုတ်သတ်ဇာတ်တူသား
စားဇာတ်သိမ်းပေးခဲ့သူ၊ Low Profile နဲ့မထင်မရှားနေခဲ့သူ၊ ရွှေရွှေ့အချစ်တော်အမြစ်
တော်အဖြစ်လူမသိသူမသိပုန်းလျှိုးခဲ့သူ။
ခုတော့ ဇာတ်ခုံပေါ်တက်လာပါပြီ၊ အာဏာရှင်အစိုးရ ကြိုးဆွဲကောင်တွေ တစ်ကောင်
ပြီးတစ်ကောင်ထွက်လာပါပြီ။
စိန်စိန်အပါအဝင် အူကြောင်ကျား တပ်မတော်သားတွေတောင် ဒီအကွက် ထည့်တွက်
ခဲ့ပုံ သိခဲ့ပုံမရပါ။
အလွန်ရိုးသား ရင်ဘတ်ရှင်း သတ္တိခဲ ကျွန်တော်ဆုံခဲ့ဖူးသော ကျော်ဝင်းသမက်တော်
လေးတော့ အသုံးချခံလိုက်ရတာ အလွန်စိတ်မကောင်းပါဘူး။
ပြည်သူအားလုံး ဘာသာမတူ လူမျိုးကွဲသော်ငြား ဗမာ့ပြေ ဗမာ့မြေပေါ် မှီတင်းနေထိုင်
သက်ရှင်နေကြသောအားလုံး စည်းလုံးညီညွတ်ကြစေချင်ပါတယ်။
............................. အေရိုးဘစ်မသားတွေ ဇာတ်လမ်းစပါပြီ .......................။
မင်းကိုဦးတစ်ယောက် WY များသွားပုံရတယ်


Kowin Aun
မ ၉ ၊တာဝါ ၂၊သီရိရိပ်သာ၊တော်ဝင်လမ်း ၊(ဘ) ဦးသောင်းစိန်သား ၊ မောင်မင်းကိုဦး ပါတဲ့။
စိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်ပါပြီတဲ့။


Thi Win Kyaw

ကပ္ပိယလား
=======
သင်္ကန်းကိုခြုံ
ဒီလိုလူကိုထိုင်ကတော့ရမှာလား
ထောက်လှမ်းရေးသမက်
စောက်ရမ်းတွေကြမ်းနေပါလား
ဇာတ်ပွဲတွေကြမ်း
ထိပ်တန်းရောက်နေပြီးလား
စိတ်မမှန်လို့
လုပ်ကြံကာဖါကြဦးမယ်
တို့ပြည်သူဘာသာမခွဲ
လက်တွဲမြဲကြတော့
တို့တွေအားလုံး
အရှုံးမပေးဘို့
ဘာသာအစား
လူသားချင်းကိုအာရုံထားလို့
တို့ရဲ့တိုင်းပြည်ထိပ်ကိုရောက်ဖို့
တို့အမေစုကိုပုံလို့အပ်စို့
တို့ရဲ့သမိုင်းမရိုင်းရအောင်
ဒီလိုမျိုးစုတ်
တိုက်ထုတ်ပစ်ကြရအောင်
ဝင်းကျော်(RIT)

0 အကြံပြုခြင်း: