Wednesday, February 26, 2014

ကြားဖြတ်မှာတနေရာနိုင်တာလေးပါထည့်ကြွားရမှာ


အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး


လူငယ်တစ်ဦး၏ရင်တွင်းစကား

- ပြည်ခိုင်ဖြိုးသည် အင်အား၊အရည်အချင်း၊စိတ်စေတနာ၊ အတွေ့အကြုံနဲ့အခြေအနေဖန်တီးနိုင်ခွင့်များ သာလွန်ကောင်းမွန်
- နိုင်ငံအကျိုး၊ပြည်သူ့အကျိုးသယ်ပိုးတဲ့….ပြည်ခိုင်ဖြိုး…
- ဇာတိကိုချစ်မြတ်နိုးစိတ်၊ နိုင်ငံကိုချစ်မြတ်နိုးစိတ်ရှိ သူတိုင်း ပြည်ခိုင်ဖြိုးကို အားပေးသည်။

ကျွန်မကတော့ ဥတ္တရသီရိမြို့နယ်၊မိုးစွေအုပ်စု၊မိုးစွေကျေးရွာသူ တစ်ဦးဖြစ်ပါတယ်။ ကျွန်မဟာ သမိုင်းဘာသာနဲ့ ဘွဲ့ရပြီး တောင်သူ လုပ်ကိုင်နေ သူတစ်ဦးဖြစ်ပါ တယ်။ ကျွန်မ မိသားစုပြည့်ပြည့်စုံစုံ ၊အေးအေး ချမ်းချမ်းမပူမပင်နေချင်တယ်။ မိသားစုလူနေမှုဘ၀မြင့်မားချင်တယ်။ ကျွန်မလိုပဲ အခြားရွာသူရွာ သားများ ကိုလည်း သက်တောင့်သက်သာ ဘ၀ မျိုးမြင် ချင်ပါတယ်။ ဒီရွာမှာမွေး၊ ဒီရွာမှာကြီး ဒီရွာမှာဘဲ ပညာတွေသင်ခဲ့လို့ ဇာတိကိုချစ်တဲ့စိတ်၊ မြန်မာကို ချစ်စိတ်ပြင်းပြပါ တယ်။ နိုင်ငံတော်ရဲ့အကျိုးကိုလည်း ကျွန်မတတ်နိုင် သည့်ဘက် မှ လုပ်ဆောင်ပေး လိုစိတ်၊ တာဝန်ကျေချင်စိတ်ရှိပါ တယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှုမှာပါဝင်ချင်လို့ ဘာလုပ်ရမလဲလို့ ကျွန်မအကြိမ်ကြိမ်စဉ်းစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ပြည်ခိုင်ဖြိုးကိုတွေ့ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင်၊အေးချမ်းတည်ငြိမ်အောင် တည်ဆောက်နိုင်တဲ့ အဖွဲ့ဟာ (၁)ဖွဲ့ပဲရှိပါတယ်။ အဲဒါကတော့ ပြည်ခိုင်ဖြိုးပါပဲ။ ဘာတွေ ထူးခြားနေ လို့လဲဆိုတော့ ပြည်ခိုင်ဖြိုးစာ အခြားအဖွဲ့များထက် အင်အား၊ အရည်အချင်း၊ စိတ်စေတနာ၊အတွေ့အကြုံနဲ့ အခြေအနေဖန် တီးနိုင်မှုစတဲ့ အချက်များသာလွန်လို့ဖြစ်ပါတယ်။
အင်အားအနေနဲ့ ကျွန်မတို့ရွာ၊မြို့နယ်ကစလို့ တစ်နိုင်ငံလုံး မှာ ပြည်ခိုင်ဖြိုးပါတီဝင်အင်အားဟာ အခြားပါတီအဖွဲ့များထက် အဆများ စွာများပါတယ်။ နိုင်ငံတော်မှာ ပါတီဝင်အင်အား အများဆုံးပါတီဖြစ်ပါတယ်။ အင်အားသာပါတယ်။
အရည်အချင်းအနေနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ရပ်/ကျေး၊မြို့နယ်၊ ခရိုင်၊ တိုင်းဗဟို အဆင့်အားလုံး စနစ်တကျဖွဲ့စည်းထားပြီး ပါတီဝင်များအရည် အချင်းပြည့်ရေးအစဉ်လေ့ကျင့်ပျိုးထောင်ပေးနေပါတယ်။ ပါတီ အကြီးအကဲ များကလည်း တစ်ဦးချင်းရော၊အဖွဲ့လိုက်ပါ ဘယ်ပုဂိုလ်၊ ဘယ် အဖွဲ့နဲ့မှမယှဉ်နိုင်တဲ့အရည်အချင်း များ ရှိကြပါတယ်။ပါတီဝင်တစ်ဦးချင်းရော ၊ပါတီအဆင့်ဆင့်ကော်မတီများရော အခြားပါတီအဖွဲ့များထက်အများကြီး သာပါတယ်။ အရည်အချင်းသာပါတယ်။
စိတ်စေတနာနဲ့ပြည်ခိုင်ဖြိုးပါတီ ဟာ ပြည်သူ့အကျိုး ၊ဒေသ အကျိုး လုပ်ချင်တဲ့စိတ်စေတနာကောင်း၊ စိတ် စေတနာမှန်ရှိတဲ့ ပြည်သူများ နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ပြည်သူများထဲက ပြည်သူများဖြစ်တဲ့ ပါတီဝင်များ ဟာ ယုံကြည်ချက်၊ ခံယူချက်နဲ့ ပြည်သူ့အကျိုးဖော်ဆောင်ပေး လို့ စေတနာမွန်မြတ်ပါတယ်။ဖြူစင်သန့်ရှင်းပါ တယ်။ အခြားပုဂိုလ်အချို့ကတော့ ရလိုမှုကိုခံစားချက်တွေ နာကြည်းချက် ဒေါသ အာဃာတ အငြိုးအတေး ဂလဲ့စားတွေနဲ့လုပ်နေတာ လည်း တွေ့နေရပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့စိတ်ကောင်းစေတနာမှန်လို့ ပြည်သူ့အ ကျိုးပြုလုပ်ငန်းများ အောင်မြင်နေပါတယ်။ စိတ်စေတနာသာပါတယ်။
အတွေ့အကြုံအနေနဲ့ ပြည်ခိုင်ဖြိုးဟာ အသင်းဘ၀၁၉၉၃ခုနှစ် ကတည်း က ယနေ့အထိ ပြည်သူ့အကျိုး သယ်ပိုးခဲ့တဲ့ အစဉ်အလာရှိလို့ အတွေ့အကြုံရှိတဲ့အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံ့အကျိုး၊ပြည်သူ့အကျိုးထမ်းဆောင် ပြီး ရရှိပြီးအတွေ့အကြုံရှိတဲ့အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံ့အကျိုး ပြည်သူ့အကျိုး ထမ်းဆောင်ပြီး ရရှိပြီးအတွေ့အကြုံ ကောင်းများကို အခြေခံဆောင် ရွက်နေကိုတွေ့မြင်နေရပါတယ်။ အခြားပါတီအဖွဲ့များကတော့ ဘာလုပ် ရမှန်းမသိ။တည်ဆောက်ရေးအတွေ့အကြုံမရှိတာကိုတွေ့နေရပါတယ်။

အခြေအနေဖန်တီးနိုင်ခွင့်ကတော့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၀ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ အနိုင်ရ ပါတီဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နေရာ၃၁၄နေရာမှာ ၂၅၉နေရာ၊ အမျိုးသားလွှတ်တော် ၁၅၉နေရာ မှာ ၁၂၉နေရာ တိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်၆၃၉နေရာမှာ ၄၉၄နေရာ စုစုပေါင်း၁၁၁၂နေရာမှာ ၈၈၂နေရာ အနိုင်ရခဲ့တဲ့ ဦးဆောင်ပါတီဖြစ်ပါတယ်။ လွှတ်တော်အဆင့်ဆင့်တိုင်းမှာ ပြည်ခိုင်ဖြိုးပါတီဝင်ကိုယ်စားလှယ်များ အများဆုံးရှိပါတယ်။ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်များမှလည်း ပြည်ခိုင်ဖြိုးပါတီဝင်အများဆုံးဖြစ်ပါတယ်။ တိုင်းဒေသကြိး ၊ပြည်နယ်ပါတီဥက္ကဌများဟာ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးကသာ အခြေအနေမှန်တီးနိုင်စွမ်းအများဆုံးရှိပါတယ်။အခြေအနေဖန်တီးနိုင်ခွင့်သာပါတယ်။
ဒါကြောင့် ကျွန်မနိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ဒေသ အကျိုးကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်ခဲ့ပါတယ်။ ရပ်/ကျေးပါတီဝင်လူငယ်တာဝန်ပေးအပ်ခံရပြီး ဒေသအကျိုး ပြည်သူရဲ့ အကျိုးကို တက်တက်ကြွကြွ ဆောင်ရွက်ခွင့်ရ ပါ တယ်။ ဆောင်ရွက်နေ ပါတယ်။ ဒေသခံလူငယ်များဟာလည်း ကျွန်မနဲ့အတူ ပါဝင်ဆောင် ရွက်နေကြပါတယ်။
နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးချင်ရင် ပါတီဟာအရှည်သဖြင့် ဦးဆောင်ပါတီအဖြစ်ရရှိရမှာဖြစ်ပါတယ်။ ဦးဆောင်ပါတီဖြစ်ဖို့အနီးဆုံး ၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေးကို စွမ်းစွမ်းတမံ ကြိုးပမ်းဆောင် ရွက်ပါမည်။ ပြည်ခိုင်ဖြိုးပါတီအောင်မည်ဟု ကျွန်မယုံကြည်ပါသည်။



Chit Ko Ko
ဟိ ဟိ သူများရေးပေးတာ လာဖတ်ပြနေတယ် နည်းနည်း ပါးပါးတောင် စကားလို မပြောတတ်ဘူး စာလိုဘဲ ဖတ်ပြနေတယ် အနှစ်မဲ့တဲ့ ကျီးအာသီးလိုဘဲ

Yiyimyint Myint
ဒီလိုစာဖတ် နေတဲ့ပုံကြီး ဘာလို့ ရှယ်တာလဲ။

အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး
မပြောင်းဘူးကွယ် အနှစ် နှစ်ဆယ်

Kyaw Soe Win
သနားစရာကောင်းလိုက်တဲ့ ခလေးမ။ သူဘာပြောနေမှန်းတောင် သူသိပုံမရဘူး။ စဉ်းစားစရာတခုပေါ်လာတာက သူ ဦးနှောက်အထုတ်ခံရပြီးမှ ဘွဲ့ရတာလား။ ဘွဲ့ရပြီးမှ ဦးနှောက်အထုတ်ခံရတာလားဆိုတာပါ

Zaw Naing Linn
ကျွန်မဟာ သမိုင်းဘာသာနဲ့တစ်နှစ်တစ်နှစ်ကို၁၀ရက်တည်းနဲ့ကျောင်းတက်ပြီး ဘွဲ့ရပြီး ဖြစ်ပေမဲ့အခုမိသားစုစားဝတ်နေရေးကြောင့်နေ့တွက်၆၀၀၀/ကျပ် နဲ့သူများရေးပေးထားတဲ့ဘာမှန်းမသိတဲ့ရူးကြောင်ကြောင်အမှန်တခုမှမပါတဲ့စာကိုလာဖတ်ပေးနေရတာ နားလည်ပေးပါရှင် မကြာခင်ဒုတိယအသုတ်မှာ တရုတ်ပြည်ကို အိမ်ဖော်အလုပ်ရမယ်ဆိုလို့ဖတ်ပေးရတာနားလည်ပေးပါရှင်။အိမ်ဖော်အလုပ်ပေးမဲ့ပါတီကိုကျေးဇူးဆပ်တာပါ။

Lin Aung
သမီးကြည့်ရတာ ဂျာနယ်မဖတ်ဘူး။ သတင်းစာဖတ်တယ်။
INTERNET မလေ့လာဘူး ဘပြောင်TVပဲကြည့်တယ်။
ရန်ကုန်မရောက်ဖူးဘူး နေပြည်တော်ပဲ လေ့လာတယ်။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာသိချင်မှသိမယ်
တစ်နပ်စား ဗိုလ်ချုပ်တွေကိုတော့ သူရဲကောင်းသဖွယ်အားကျနေမယ်ထင်မိတယ်။
ငယ်တဲ့သူဆိုတော့ ဦးလည်း ဆက်မရေးချင်တော့ဘူးသမီးရယ်။

Mary Noi
 အော်......အ၀တ်အစားနဲ့ အခေါ်အဝေါ်ဘဲ ပြောင်းသွားတာ - အရင် က လမ်းစဉ်လူငယ် အတိုင်းပါဘဲလား ...။ ပြောခိုင်းတာဘဲ ဖတ်နေရတယ်။ လုပ်ထုံးလုပ်နည်းတွေ ကွဲလွဲမှု မဖြစ်သေးဘူး။ မသေခင် အပြောင်းအလဲ မြင်ချင်ပြီဗျို့ .......။

0 အကြံပြုခြင်း: