Friday, February 21, 2014

ဦးဝင်းတင် မန္တလေးရောက်ခိုက်ဆရာတော်သံဃာတော်ကြီးများကို ဖူးတွေ့



U Naing Win

ဒီနေ့ ..... ဘဘဦးဝင်းတင် မန္တလေးရောက်ခိုက် အဖွဲ့ချုပ်ဝင်များနှင့်အတူမစိုးရိမ်တိုက်သစ်, တိုက်ဟောင်းနှင့် မဟာဝိသုဒ္ဓါရုံကျောင်းတိုက်များကို လှည်လည်ပြီး ဆရာတော်သံဃာတော်ကြီးများကို ဖူးတွေ့ သြဝါဒခံယူကြပါတယ်။

မစိုးရိမ်တိုက်ဟောင်းရောက်တော့ နာယကဆရာတော်ကြီးတစ်ပါးက မြန်မာ့သမိုင်းအစဉ်အလာအရ ရဟန်းသံဃာတော်များဟာ မိမိပြည်သူပြည်သားတို့ အကျိုးကို ရှေ့ရှု၍ နိုင်ငံ့အရေးကို ဝင်ရောက်ပြောဆို လုပ်ကိုင်ရတဲ့ ဓလေ့ရှိတဲ့အတွက် ဘုန်းကြီးတွေ နိုင်ငံရေးထဲဝင်မပါရဆိုတာကို သဘောမတူကြောင်း မိန့်ကြားပါတယ်။

ဘဘဦးဝင်းတင်က ပြန်လည်လျှောက်တင်တဲ့အခါမှာ ရဟန်းတော်များဟာ ပြည်သူပြည်သားတို့ရဲ့ အကျိုးအတွက် နိုင်ငံ့အရေး ဝင်ရောက်ဆောင်ရွက်တော်မူခဲ့ကြတာကို ပံ့သကူမထေရ်, ဒီသာပါမောက်မထေရ်တို့ကို ပုံပြုလျှောက်တင်ပြီး တိုင်းသူပြည်သားအကျိုးအတွက် ဘုန်းကြီးတွေ နိုင်ငံ့အရေးဝင်ရောက်ဆောင်ရွက်တာကို သူလည်းသဘောတူပါတယ်။

သို့သော်ငြားလည်း ပြည်သူပြည်သားများရဲ့အကျိုးသက်သက်သာ ရှေ့ရှုဆောင်ရွက်သင့်ပြီး၊လူတစ်စု, ပါတီတစ်ခု, အဖွဲ့အစည်းတစ်ရပ်ရဲ့ သြဇာသက်ရောက်မှု, သွေးထွေးလှုံ့ဆော်မှုကြောင့်တော့ ရဟန်းတော်များက နိုင်ငံရေးကို ဝင်ရောက်မလုပ်ကိုင်ကြပါရန်နှင့် အဖွဲ့ချုပ်ဝင်များကိုလည်း အစဉ်ဆုံးမထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် ဦးတင်လျှောက်ထားသွားပါကြောင်း ။

( အောက်ပုံမှာ ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓာရုံ ဆရာတော်ဘုရားကြီးကို ဘဘဦးဝင်းတင် လျှာက်တင်နေပုံပါ )

Utto Maha Aung Myay

0 အကြံပြုခြင်း: