Wednesday, February 5, 2014

ဦးအုန်းမြင့်ရဲ့ ဆဲဆို-ကြိမ်းမောင်း ညစ်ညမ်းကြမ်းတမ်းစွာပြောဆိုမှုတွေဟာ အမျိုးသမီးတွေရှေ.မှာပါ



ပြောပြချင်တဲ့ စကားတွေ။
မခင်ဦး။
( ၄၄၄)

ကျွန်မတခု ပြောချင်တယ်။

ဝန်ကြီးဦးအုန်းမြင့်နဲ့ ပတ်သက်လို့ပါ။

မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ရွာသူ၊ ရွာသား အချို့နှင့်ဝန်ကြီးဦးအုန်းမြင့်တွေ့ဆုံရာမှာ ပေါက်လွတ်ပဲစားဆန်ဆန်ဆဲဆိုကြိမ်းမောင်းပြောကြားချက်များနဲ့ ပတ်သက်ပြီး NLD ပါတီမှ လွတ်တော်အမတ် ဦးအောင်စိုးက လက်ရှိအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဘို့ တောင်းဆိုတဲ့အဆိုတင်သွင်းတာကို တွေ့ရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဦးအုန်းမြင့် အနေနဲ့ စေတနာနဲ့ ဆွေမျိုးသားချင်းတွေလို သဘောထားပြီး ရင်းရင်းနှိးနီးပြေဆိုတာ ဖြစ်တယ်လို့ ချေပပြောဆိုတယ်လို့ သိရပါတယ်။

ကျွန်မတို့အားလုံး ဦးအုန်းမြင့်နဲ့ ရွာသူရွာသားတွေ တွေ့ဆုံတဲ့ ဗီဒိယိုကို ကြည့်လိုက်ရပါတယ်။

ကျွန်မ အထူးသတိထားမိတာက ဦးအုန်းမြင့်နဲ့ တွေ့ဆုံတဲ့သူတွေထဲမှာ အထက်တန်းကျောင်းအုပ်ဆရာမကြီးလို့ ထင်တယ်။ အထက်တန်းကျောင်းရှိတယ်။ ကျောင်းအုပ်ဆရာမကြီးလားမေးပြီး နှုတ်ဆက်ပါတယ်။

ဆရာမကြီးရဲ.နောက်မှာ သူနာပြုဆရာမတယောက်ကိုလဲ မြင်နေရပါတယ်။

ပြောချင်တာက ၀န်ကြီးဦးအုန်းမြင့်ရဲ့ ဆဲဆို-ကြိမ်းမောင်း ညစ်ညမ်းကြမ်းတမ်းစွာပြောဆိုမှုတွေဟာ အမျိုးသမီးတွေရှေ.မှာပါ။

အဲဒီအမျိုးသမီးကြီးတွေဟာ ရပ်ရွာမှာ ခေါင်းဆောင်လဲဖြစ်။ အများပြည်သူအကျိုးပြု လုပ်ငန်းတွေလုပ်နေတဲ့ ပညာရေး-ကျန်းမာရေးဦးဆောင်ဝန်ထမ်းများဖြစ်ကြပါတယ်။

ဝန်ကြီးတယောက်အနေနဲ့ မဟုတ်သေးပါဘူး။ သာမာန်အားဖြင့် အမျိုးသားတယောက်အနေနဲ့တောင်မှ အမျိုးသမီးတွေရှေ.မှာ ဒီလို ရုန်ရင်းကြမ်းတမ်းတဲ့ နှုတ်ထွက်စကားတွေ မပြောသင့်ဘူးလို့ဘဲ မြင်မိတယ်။

ဒါကလဲ လူယဉ်ကျေးတယောက်ဆိုရင်တော့ ပြောလေ့ပြောထမရှိဘူးလို့ဘဲ နားလည်တယ်။

ဂုဏ်သရေရှိအမျိုးသမီးတွေရှေ.မှာ ---ညစ်ညမ်းတဲ့ စကားသုံးအနှန်းတွေ၊ ဆဲဆိုကြိမ်းမောင်းမှပြုလုပ်ရင် တရာဥပဒေအရတော့ အာမခံမရနိုင်တဲ့ ရာဇ၀တ်မှုမြောက်ပါတယ်။

ပါးရိုက်မယ်ဟု ကြိမ်းမောင်းမှု။ အမျိုးသမီးများကို ပုဆိုးလှန်ပြမယ်ဆိုတာမျိုးဟာ ရာဇ၀တ်မှု မြောက်နေတယ်။ ဒါကို ဦးအောင်ကြည် ကာကွယ်ပြောဆိုနေတာက အဓိပ္ပာယ်မဲ့နေပါတယ်။

သေချာပါတယ်။ ၀န်ကြီးဦးအုန်းမြင့်ရဲ.မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ပြောဆိုခဲ့တဲ့ နှုတ်ထွက်စကားများဟာ ရာဇ၀တ်မှုမြောက်တယ်ဆိုတာ သေချာပါတယ်။

ဒီစကားများအတွက် ၀န်ကြီးဥိးအုန်းမြင့်ဟာ တောင်းပန်တာ၊ နှုတ်ထွက်တာနဲမလုံလောက်ပါဘူး။

အမျိုးသမိးများကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု ၊ ခြိမ်းခြောက်ပြောဆိုမှုနဲ့ ထောင်တွင်း အကျဉ်းစံ သင့်ပြီဆိုတာ သေချာပါတယ်။ ဒီအမှုမျိုးက အာမခံပေးလို့ မရတဲ့ အမှုမျိုးဖြစ်ပါတယ်။

ကဲ ----၀န်ချီး---မြန်းပေတော့။ ထောင်နန်း။

( ၄-၂-၁၄)

0 အကြံပြုခြင်း: