Tuesday, February 11, 2014

ဒီသမီးကလေး ကျေးရွာကဘာဖြစ်လို့လဲ



Ma Nandar

စာသင်ကျောင်းအဆင့်အထိတောင် ရှိနေပြီဖြစ်တဲ့ လူအများ အခြေချ စုဝေးနေထိုင်ရာ နေရာကြီးတခုဟာ
အရင်က ကျေးရွာမဟုတ်လည်း အခု ကျေးရွာလိုက်ပေါ့။
အရင်က တရားမဝင်လည်း အခု တရားဝင်လိုက်ပေါ့။
အရင်က တပ်ပိုင်ဆိုလည်း အခု ပြည်သူပိုင်လိုက်ပေါ့။
ငါတို့ တိုင်းပြည်မှာ မြေ အဲ့သည့်လောက်မရှားပါဘူး။

အစိုးရနဲ့ သတိုးမြဖြစ်နေကြတဲ့ အနောက်ဖက်က ဘာသာမတူ၊ လူမျိုးမတူတာတွေကျတော့ မှတ်ပုံတင်ပေးပြီး နိုင်ငံသားအတင်းလုပ်ပြီး
ငါတို့မြေပေါ်မှာ ပြည်သူက သဘောမတူပါဘဲနဲ့ မျက်နှာပြောင်တိုက်ပြီး ထားထားတယ်။

ဘာဖြစ်လို့လဲ
ဒီသမီးကလေးကျေးရွာက ရွာသားတွေက မှတ်ပုံတင်ကဒ်ကို ပိုက်ဆံပေးမဝယ်ကြလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေး ကျေးရွာက ရွာသူရွာသားတွေက မျိုးစောင့်ဥပဒေကို လက်မှတ်မထိုးလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေးကျေးရွာက ရွာသားတွေကို နေ့စဉ်နေ့တိုင်း တအိမ်ထောင် ဆန်တပြည်ပေးနေရလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေး ကျေးရွာက ရွာသားတွေက လျပ်စစ်မီး နေ့ရောညပါ မချွေမတာ သုံးစွဲနေကြလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေးကျေးရွာက ရွာသားတွေက ဖုန်းတလုံးကို ၁၅၀၀နဲ့မရရင် ဆန္ဒပြမယ် ခြိမ်းခြောက်နေကြလို့လား။

ဘာဖြစ်လို့လဲ
ဒီသမီးကလေးကျေးရွာက ရွာသားတွေက တပ်ထောင်တာဗိုလ်ထုနဲ့ လူစုပြီး ဒေါ်စုကို ထောက်ခံနေကြလို့လား။

ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ....
တပ်ပိုင်တယ်ဆိုတာ တခုတည်းနဲ့ပဲ ဘဝများစွာ၊ အနာဂတ်များစွာကို ဒီလောက်လွယ်လွယ်လေး ဖျက်စီးဖြစ်လိုက်တာ အစိုးရလား။

အိမ်တစ်အိမ်မှာတောင် လူတယောက်(သို့) လူတစုကို ၁၀နှစ်လောက် ခေါ်ထားရင်တောင် အဲ့သည့်လူတွေ အိမ်မှာမနေစေချင်တော့ရင်
ဥပဒေအရ ဘာမှပေးစရာ မလိုပေမယ့် လူသားချင်းစာနာထောက်ထားမှုအရတော့ ထိုက်သင့်သလောက်ပေးကြရတာပဲ။
ဒါဟာ မြန်မာတွေရဲ့ လူစိတ်ရှိမှုပဲလေ။

ဒါနဲ့များ မနက်ဖြန်မှာ ပြည်ထောင်စုနေ့ အခမ်းအနားတွေဘာတွေ လုပ်ကြဦးမယ်။ လုပ်မနေပါနဲ့ အပိုတွေ။

ပြည်ထောင်တခုလုံးကို စုစည်းပြီး အေးချမ်းသာယာအောင် ထားနိုင်ဖို့ မပြောနဲ့ ကျေးရွာလေးတခုကိုတောင် လုံခြုံမှုမပေးနိုင်တဲ့ အစိုးရ။

နောင်နှစ်တွေများမှာ ပြည်ထောင်စုနေ့နီးတိုင်း ရင်နင့်စွာ မျက်ရည်ဝဲကြရမယ့် သမီးကလေးကျေးရွာသားတို့အား ကိုယ်ချင်းစာစွာဖြင့်

နန္ဒာ



စတုတ္တမဏ္ဍိုင်ဆိုသော မီဒီယာက ဖော်ထုတ်လိုက်ပါပြီ
-------------------------------------------------------------
သမီးကလေးကျေးရွာ တကယ်ရှိခဲ့ပါသည်
=====================
အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ယင်းရွာအမှန်တကယ်တည်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသော်လည်း သမီးကလေးကျေးရွာအနီးတွင်တည်ရှိသော လဂွမ်းပြင်ရေလှောင်တမံစီမံကိန်း၏ ကျောက်စာကမ္ပည်းမော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ကို သိရှိခဲ့ရသည်။
ယင်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီလက်ထက်၂ဝဝဝ ပြည့်နှစ်က တည်ဆောက် ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေလှောင်တမံစီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီးတွင် တည်ရှိနေကြောင်း၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ၂၈ရက်နေ့စွဲဖြင့် အတည့်အလင်း ရေးထိုးဖော်ပြထားသည်။
ထိုကဲ့သို့သောအချက်အလက်များအရ သမီးကလေးကျေးရွာမှာ ၂ဝ၁၃ခုနှစ်တွင်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများ ပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ဝန်းကျင်ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
အမှန်တကယ် ၁ဝ စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာတည်ရှိခဲ့သော ရွာတစ်ရွာအား ယင်းကဲ့သို့ အင်အားသုံးဖယ်ရှားမှုပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာဖြစ်နေခဲ့ပြီး တပ်မတော်၏ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့်တပ်မတော်ကြားတွင် အထင်အမြင်လွဲမှားမှုများလည်း ဖြစ်လာစေနိုင်ပါသည်။
ထို့ကြောင့်လည်းနိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အနေဖြင့်လည်း သမီးကလေးကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီးစနစ်တကျစုံစမ်းစစ်ဆေးဖြေရှင်းမှုများ ပြုလုပ်သင့်ကြောင်း ပြည်သူများအကြား တောင်းဆိုမှုများ ရှိနေသည်။
EMG.


0 အကြံပြုခြင်း: