Wednesday, February 26, 2014

လွှတ်တော်ထဲမှာမူးယစ်ရာဇာ ၆ ဦးက အမတ်ဖြစ်နေ



By Khin Nyein Thit

မနေ့က တအာင်းအမျိုးသမီးအဖွဲ့ပွဲကိုသွားတော့ မူးယစ်ဆေးဝါးကိစ္စတွေကို သိလာရတယ်။ မူးယစ်ရာဇာတွေကို အစိုးရတပ်က အကာအကွယ်ပေးနေတယ်။ ၂၄ ရက်နေ့က TNLA က ဘိန်းခင်းတွေကို ၀င်ဖျက်လို့ ပန်းဆေးပြည်သူ့စစ်နဲ့ တိုက်ပွဲဖြစ်တယ်။ အံသြစရာပဲ တပ်မတော်က ပန်းဆေးပြည်သူ့စစ်ဘက်ဝင်တိုက်တယ်။ ဘိန်းခင်းကို အကာအကွယ်ပေးနေတယ်။ လွတ်တော်ထဲမှာမူးယစ်ရာဇာ ၆ ဦးက အမတ်ဖြစ်နေတယ်။ ပလောင်လူငယ် ၉၁% ကမူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေတယ်။ တရုတ်နိုင်ငံသားတွေက ရှမ်းပြည်နယ်ထဲမှာ ဘိန်းလာစိုက်ကြတယ်။ ပလောင်တွေ စီးပွားပျက်အောင်လို့ တရုတ်ကနေ လက်ဘက်တွေတရားမ၀င်ဝင်လာတယ်။ အကေက်အခွန်ဌာနက ငွေယူပြီး မသိသလိုနေတယ်။ ပလောင်တွေ လေက်ဘက်ဈေးကွက်ပျက်တော့ ဘိန်းခင်းတွေမှာ အလုပ်လုပ်နေကြရတယ်။ ဘယ်လိုလဲ အစိုးရမင်းတွေရယ်။ ပြောလိုက်ရင် လေကြီးမိုးကြီူးတွေကြီးပဲ တိုင်းပြည်ကို အဖတ်မဆယ်ပဲနဲ့ ပျက်အောင်ဖျက်နေတယ်။

0 အကြံပြုခြင်း: