Friday, February 28, 2014

ဥပဒေသည် ပြည်သူကိုဆော်ရန် တုတ်ကြီးတစ်ခုဟူ၍ခံယူနေသည့် အတွေးအခေါ်ကိုဖျောက်ပစ်ရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဓါတ်ပုံ Sun Ny


Yangon Media Group
မောင်ပိုင် ၊ နေပြည်တော် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၉)

မြန်မာနိုင်ငံတွင် ဥပဒေကို ပြည်သူတို့အားဆော်ရန်ဖန်တီးထားသော တုတ်ကြီးတစ်ခုဟူသည့်အတွေးအမြင်မျိုးကို ဖျောက်ပစ်ရန်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၅ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အ စည်းအဝေးခေတ္တအနားပေးချိန်တွင် လွှတ် တော်သို့လာရောက်လေ့လာသောဒဂုံတက္က သိုလ်မှ ဥပဒေကျောင်းသားများနှင့်တွေ့ဆုံ စဉ် ကျောင်းသား၊ ကျောင်းသူများအား ယင်း သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီနိုင်ငံမှာဆိုရင် ဥပဒေဆိုရင် လူတွေ က ကြိုက်ကိုမကြိုက်ချင်ဘူး။ ဘာလို့လဲဆို ရင် လူတွေက ဥပဒေဆိုတာ ငါတို့ကိုဆော် ဖို့တုတ်ကြီးလို့ အဲ့လိုခံယူထားတယ်။ အဲ့ဒီ အတွေးအခေါ်ကိုဖျောက်ဖို့ဆိုရင် အားလုံး ဝိုင်းကြိုးစားရမယ်''ဟု ပြောကြားသွားသည်။

ယင်းအပြင် မည်သည့်ဥပဒေပြဋ္ဌာန်း စေကာမူ အဆိုပါဥပဒေများထိရောက်ရန် ဆိုပါက အုပ်ချုပ်ရေးပိုင်းက လုပ်ရမည်ဖြစ် ကြောင်း၊ အားလုံးပြုပြင်ပြီး နိုင်ငံတွင် တရား ဥပဒေစိုးမိုးရေးရှိမှသာလျှင် အမှန်တကယ် ဥပဒေကို လူများကလေးစားတန်ဖိုးထား မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

''အခု ပြည်သူပြည်သားအများစုက ဥပဒေဆိုတာ လူတွေကိုချုပ်နှောင်ဖို့၊ ချုပ် ချယ်ဖို့၊ ကန့်သတ်ဖို့ ဒီလိုပဲမြင်တယ်။ အဲ့ဒါ လည်း မမှားဘူး၊ မမှားဘူးဆိုတာ ဒီလိုပဲဖြစ် ခဲ့တာကို၊ ဒီလိုပဲ ဆယ်စုနှစ်နဲ့ချီပြီးတော့ ဥပ ဒေဟာ ပြည်သူတွေကိုဘယ်လိုချုပ်ချယ်ရမယ်၊ ပြည်သူတွေကို အစိုးရလုပ်သူတွေရဲ့ အောက်မှာ ပြားပြားဝပ်နေအောင် ဘယ် လိုထားရမယ်ဆိုတာ အဲ့လိုအသုံးချခဲ့ရတဲ့ အနေအထားမှာ ဥပဒေကရှိနေခဲ့တယ်။ ဒါ ကြောင့် ဒို့ခေတ်ရောက်လို့ရှိရင် ပြန်ပြင်ရ မယ်။ ဖြစ်ပြီးသားဟာတွေ ဖြစ်ပြီးသွားပြီ။ နောင်ဆက်မဖြစ်ဖို့ ကိုယ်ချင်းစာရမယ်''ဟု ပြောသည်။

0 အကြံပြုခြင်း: