Thursday, February 13, 2014

ဦးသိန်းစိန်နဲ့ အမတ်ဝိုင်းတို့  လက်ဆွဲနှုတ်ဆက်ပုံကို ရုပ်သံမှာ မြင်လိုက်ရခြင်းမရှိ



Aungmyo Tun
ဒီမိုကရေစီလှုပ်ရှားမှု ကာလတလျောက် ပြည်သူလူထု ထောက်ခံမှု
ရရှိနေတဲ့ဒေါ်စုကို ရိုးတွင်းချဉ်ဆီ ထဲကနေ တူးတူးခါးခါး ဘယ်နည်းနဲ့ မှ
လက်သင့်မခံနိုင်တဲ့ စစ်ဗိုလ်ချုပ်ကြီးများရဲ့  အစွဲအလန်းရောဂါကို
 ဗမာလူမျိုးအများစု ဆတ်ဆတ်ထိ မခံနိုင်လှတဲ့ အမျိုး ဘာသာ
သာသနာ ခေါင်းစဉ်အောက်ကို ၀င်တိုးပြီး ကုသရေးစခန်း ၀င်နေကြတာဖြစ်ပါတယ်။
မနေ့ ညက ပြည်ထောင်စုနေ့ ညစာစားပွဲ နာမည်ခံပြီး စစ်အုပ်စုရဲ့ 
အောင်သေအောင်သားစား ပွဲသဘင်ကြီးကို ပျဉ်းမနား ကြပ်ကုန်းအရပ်မှာ
ဝှဲချီးတမျှ ကျင်းပခဲ့ပုံကို အစိုးရ ပြန်ကြားရေးဌာန ရုပ်သံသတင်းမှာ
ထိုင်ကြည့်နေတုန်း ဒီကနေ့  အွန်လိုင်းလောက အမျိုးသားရေးအုပ်စု
“၀ီေ၀၀ိုင်း” ဂိုဏ်းဝင် နေပြည်တော်အမတ်မကို ဦးသိန်းစိန်နှင့် အပေါင်းအပါများ
လမ်းလျှောက်လာစဉ် ကြိုဆိုနှုတ်ဆက်ဖို့  ရှေ့ ဆုံးတန်းက မတ်တပ်ရပ်
စောင့်ကြိုနေတာကို မြင်လိုက်ရတယ်။ အမတ်ဝိုင်း ကိုယ်စားပြုပါတီ (NDF)ရဲ့ 
ဥက္ကဌဖြစ်သူ (၉၀ ခုနှစ် ဒီချုပ် စမ်းချောင်းအမတ်)ကို ဒီပွဲမှာ မတွေ့ ရပေမယ့်
အခြား မြေပြန့် က ဒီမိုကရက်နာမည်ခံပါတီများရဲ့ ဥက္ကဌများကိုတော့
ကင်မရာပြချက်တွေအရ မြင်ခဲ့ရပြီး NDF ပါတီရဲ့ အခြား လူသိများတဲ့
ကျန်ခေါင်းဆောင်ဆိုသူများကိုလည်း မြင်လိုက်ရခြင်းမရှိခဲ့ပါဘူး။

လက်ရှိ လူကြိုက်များလှတဲ့ ဒီချုပ်ဥက္ကဌ ဒေါ်စုကို ၀ီေ၀၀ိုင်း ကိုယ်စားလှယ်
အမတ်ဝိုင်းရဲ့  လေးယောက်မြောက်မှာ နေရာချထားပေးတာကို တွေ့ ရတယ်။
ဦးသိန်းစိန်နဲ့ အမတ်ဝိုင်းတို့  လက်ဆွဲနှုတ်ဆက်ပုံကို ရုပ်သံမှာ မြင်လိုက်ရခြင်း
မရှိခဲ့ပေမယ့် ဒေါ်စုနဲ့  ဦးသိန်းစိန် လက်ဆွဲနှုတ်ဆက်ကြပုံကို ခပ်ကြာကြာလေး
ပြသသွားပါတယ်။ ပြန်ကြားရေးဌာနအနေနဲ့  ဘယ်အကွက်အကွင်းဟာ
သူတို့ နိုင်ငံရေးဝါဒဖြန့် ချိမှုကိစ္စမှာ ပဓာနကျတယ်ဆိုတာကို အရိုးရင့်အန်ခွ
မြေခွေးများဖြစ်တာနဲ့ အညီ ဓာတ်ပေါက်ပြီးသားဖြစ်လို့  စိန်စု ရုပ်ပုံတွေကို
ဖောဖောသီသီ ထုတ်ပြပေးခဲ့ပေမယ့် သူတို့ ပေးချင်တဲ့ မက်ဆေ့ကို တစ်ရွေးမျှ
အပျောက်အပျက်မခံဘဲ နောက်တစ်နေ့ ထုတ် အစိုးရပိုင် မြန်မာ့အလင်း
သတင်းစာရဲ့ စာမျက်နှာ (၈) အပေါ်ဆုံး ဘယ်ဘက်ထောင့်မှာ မပျက်မကွက်
ထည့်သွင်းဖော်ပြခဲ့ပါတယ်။

NDF ပါတီ ဥက္ကဌကို ကိုယ်စားပြု တက်ရောက်လာလို့ သာ အမတ်ဝိုင်းကို
ရှေ့ ဆုံးတန်းက နိုင်ငံရေးပါတီဥက္ကဌများ နှုတ်ဆက်ခွင့်ရတဲ့နေရာမှာ
စီစဉ်ချထားပေးခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံပါ ၅၉ (စ)ဖျက်သိမ်းရေး
ဦးတည်ပစ်မှတ်ထားရာပုဂ္ဂိုလ် ဒေါ်စုနဲ့  မလှမ်းမကမ်းမှာ ၅၉ (စ) တည်တံ့ရေး
လှုပ်ရှားမှုများခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အမျိုးသားရေးဝါဒီတစ်ဦးဖြစ်သူကို
ရည်ရွယ်ချက်ရှိရှိ နေရာပေးခဲ့တာပါ။ ဒါ့အပြင် ပွဲတက်ရောက်လာသူတွေကို
ဦးသိန်းစိန်က လိုက်လံနှုတ်ဆက်တဲ့အခါ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းဟာ
သူ့ ယောင်္ကျားနောက် ထပ်ကြပ်မကွာ ခပ်ကပ်ကပ် လိုက်ပါနှုတ်ဆက်ပေမယ့်
ဒေါ်စုနား ရောက်တဲ့အချိန်မှာ ဒေါ်ခင်ခင်ဝင်းတစ်ယောက် မသိမသာ
နောက်ချန်နေခဲ့ပြီး ဦးသိန်းစိန် - ဒေါ်စု လက်ချင်းဆက်နေချိန်နဲ့ အပြိုင်
ဝီေ၀၀ိုင်း ဂိုဏ်းဝင် အမတ်ဝိုင်းကို အမိအရဖမ်းပြီး နှုတ်ဆက်နေတာဟာ
အမှတ်မဲ့ တိုက်ဆိုင်ချက်တစ်ခုလို့  မသတ်မှတ်နိုင်ပါ။ ဒီလို အပြိုင်အဆိုင်
လက်ဆွဲနေကြပုံကို မြန်မာ့အလင်း ဓာတ်ပုံသတင်းထောက်ဟာ မိမိရရ
မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆိုပါပုံကို အစိုးရပိုင် နေ့ စဉ်ထုတ်သတင်းစာမှာ
နေရာကောင်းကောင်းက ဖော်ပြခဲ့ပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနား
လာတက်တဲ့ ဒေါ်စုပုံကို လိုက်ရှာနေကြတဲ့ပရိသတ်တွေဟာ ဒီပုံကိုကြည့်ပြီး
ဒေါ်စုကို အများသူငါကြားမှာ မထင်မရှား နေရာချထားပေးတဲ့အတွက်
အစကတည်းက မကျေမချမ်း ခံစားမိနေကြတဲ့ အဆွေးဓာတ်ကို မြင့်မားအောင်
ပိုပြီး မီးထိုးပေးသလိုဖြစ်စေတယ်။

ပြည်သူလူထုဟာ အမျိုးသားရေးဝါဒီ (အစ္စလာမ်မုန်းတီးသူ)တို့ ရဲ့  ဟောပြော
လှုံ့ ဆော်ပွဲတွေကို အမျိုးမျိုး ခါးသီးကျောခိုင်းကြပေမယ့် ဦးသိန်းစိန်တို့ 
အပေါင်းအပါ အာဏာရ စစ်အုပ်စုအနေနဲ့  ၀ီေ၀၀ိုင်း ဂိုဏ်းကို ယာယီမိတ်ဆွေဖွဲ့ ၊
လက်သိပ်ထိုး ထောက်ခံမှုတွေပေးနေခြင်းဟာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို
ဒုတိယတန်းစား ရည်မှန်းချက်အဖြစ်သာ ရည်ရွယ်ပြီး ဒီမိုကရေစီလှုပ်ရှားမှု
ကာလတလျောက် ပြည်သူလူထု ထောက်ခံမှု ရရှိနေတဲ့ဒေါ်စုအပေါ်
ရိုးတွင်းချဉ်ဆီထဲကနေ တူးတူးခါးခါး ဘယ်နည်းနဲ့ မှ လက်သင့်မခံနိုင်တဲ့
စစ်ဗိုလ်ချုပ်ကြီးများရဲ့  အစွဲအလန်းရောဂါကို ဗမာလူမျိုးအများစု
ဆတ်ဆတ်ထိ မခံနိုင်လှတဲ့ အမျိုး ဘာသာ သာသနာ ခေါင်းစဉ်အောက်ဆီ
ဝင်တိုးပြီး ကုသရေးစခန်းဝင်နေကြတာဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေကြိုက်ရင်
နေရာရမယ်၊ ရာထူးပေးမယ်၊ အခွင့်အရေးကောင်းမယ်၊ ဘ၀ပြောင်းမယ်ဆိုတဲ့
မရိုးနိုင်တဲ့ နည်းလမ်းဟောင်းကို အတိုက်အခံ အင်အားစုတွေအကြား
(သံဃာ့လောကပါမချန်) ပေါ်ပေါ်ထင်ထင် အတင့်ရဲစွာ အရှိန်မြှင့်လုပ်ဆောင်နေပြီ
ဖြစ်ကြောင်း မောင်းခတ်လိုက်ပါတယ်။

0 အကြံပြုခြင်း: