Monday, February 10, 2014

မန်းလေးမှာစန်းဝေဟွာလို့ ခေါ်တဲ့ တရုတ်ဆီက ဖော့စ်ပရပ်ဂရိန်း အမိုနီယမ်နိုက်ထရိတ် အိတ်တွေ တန်ထောင်နဲ့ချီဖမ်းမိ




“မန္တလေးတစ်မြို့လုံးကို မီးလောင်တိုက် သွင်းကြတော့မည်လော…?”
=====================================

ခွန် ဒီးယမ်

မန္တလေးခရိုင် တရားရုံးတော်မှာ ဦးအောင်နိုင်ဦးနှင့် သူ့မိန်းမတို့ ကြားမှာ ဖြစ်ခဲ့တဲ့ အမွေမှုမှာ ဦးအောင်နိုင်ဦးက နိုင်သွားပါတယ်။ တရားနိုင်သွားတဲ့ ဦးအောင်နိုင်ဦးက သူ့မိန်းမဆီက တဆင့် မြေဝယ်ထားတဲ့ စန်းဝေဟွာလို့ ခေါ်တဲ့ တရုတ်ကို သူ ပိုင်ဆိုင်ခွင့်ရတဲ့ အိမ်နဲ့မြေပေါ်ကနေ မြေအပ်ဝရမ်းနှင့် ခရိုင်တရားရုံးတော်က နှင်ထုတ်တော့ အောက်မှာဓာတ်ပုံနှင့်တကွ ဖော်ပြထားတဲ့ ဖော့စ်ပရပ်ဂရိန်း အမိုနီယနှိုက်ထရိတ် အိတ်တွေ တန်ထောင်နဲ့ချီအောင် ပေါ်လာခဲ့တယ်။
တရားရှုံး စန်းဝေဟွာရဲ့ ကိုယ်စားလှယ်ကတော့ တန်(၂ဝဝ)ပဲ ရှိတယ်လို့ ပြောပေမယ့် မျက်မြင်မှာတော့ အလျား အနံ ပေ ၁ဝဝ×၂ဝဝ အမြင့် ပေ ၂ဝ ခေါင်မိုးထိတဲ့အထိ အဲဒီအိတ်တွေ အပြည့်ပါ။

အလွန်အန္တရယ်ကြီးတဲ့ ဖော့စ်ပရပ်ဂရိန်း အမိုနီယနှိုက်ထရိတ် အိတ်တွေကို ပြည်သူတွေရဲ့ လက်ဝယ်မှာ ထားရှိခွင့် မရှိပါဘူး။ ရေနှင့်ထိလျှင် မီးလောင်ပေါက်ကွဲစေတတ်တယ်လို့ သိရပါတယ်။ ဒဂုံဆိပ်ကမ်း မီးလောင်စဉ်က ပေါက်ကွဲမှုအား ကြီးကြီးမားမား ဖြစ်လာတယ်ဆိုတာကလည်း ဒီလိုဒြပ်ပေါင်းတွေကြောင့် ဖြစ်မှာပါ။ ဒီလိုပစ္စည်းမျိုး ဒီလောက်များများ ဘယ်လိုလုပ်ပြီး ဒီတရုတ်လက်ထဲရောက်နေမှန်း စဉ်းစားလို့ကို မရတော့ပါဘူးဗျာ။

မြေအပ်ဝရမ်းလုပ်တုန်းက လိုက်သွားတဲ့ ပြည်ကြီးတံခွန်ရဲစခန်းက စခန်းမှူးတွေ ရဲအရာရှိတွေကလည်း ဒီအိတ်တွေကို မြင်ရပါလျှက်နဲ့ အရေးယူမှု လုံးဝ မရှိပါ။ အခုအခါမှာ ဒီအိတ်တွေကို သယ်ပြီး ဘယ်နေရာကို ပြောင်းသိမ်းတယ်ဆိုတာကိုတော့ မသိရပါဘူး။ အပျောက်ဖျောက်နေပါတယ်။ မ.ရ.က ၊ ခ.ယ.က ၊ ယ.ရ.ကနှင့် နယ်မြေခံ ရဲတွေကလည်း ဒီကိစ္စကို ဖုံးဖိပြီး၊ သတ်သေခံပစ္စည်းတွေ ဖော့စ်ပရပ်ဂရိန်း အမိုနီယနှိုက်ထရိတ် အိတ်တွေကို ပြောင်းရွှေ့ပြီး၊ အပျောက်ဖျောက်နေတာကို မသိချင်ယောင် ဆောင်နေပါတယ်။ ဝန်ကြီးချုပ်ကြီး သိပါစေ…..။ ဓာတ်ပုံနှင့်တကွ တင်ပေးလိုက်ပါတယ်။

(တာဝန်သိ ပြည်သူတစ်ဦး ရေးပို့သည်။)

0 အကြံပြုခြင်း: