Thursday, February 27, 2014

မြန်မာ ဆက်သွယ်ရေး ရဲ့  ထူးခြားတဲ့ ၀န်ဆောင်မှု တစ်ခု




လွန်ခဲ့ တဲ့  (၁၀) နှစ်လောက်က ဦးလေး (ညွန်ကြားရေးမှူး) တစ်ဦးက
ဂျီအက်စ်အမ် ဟန်းဖုန်း တစ်လုံး ရ လို့  ပြန်ရောင်းမယ်
ဆိုတော့ အမေလုပ်တဲ့ လူ က ၀ယ်လိုက်တယ်၊
အားလုံးပေါင်း (၃၂) သိန်း လောက်ကုန်သွားတယ်၊ ပြီးတော့
တစ်လကို ၅-သောင်းလောက်နဲ့  ပွဲစားက တဆင့် ငှားစားလိုက်တယ်။
တနှစ်လောက် ကြာတော့  ဆက်သွယ်ရေးက စာနဲ့  အကြောင်းကြားတာက
လူကြီးမင်းရဲ့  ဖုန်းကို လိုင်း ပိတ်လိုက်ကြောင်း သိရလို့ 
ဘာ့ကြောင့် အရေးယူသလဲ စုံစမ်းတော့ သုံးစွဲမှု့  အလွန်များလို့ ပါတဲ့၊
ပွဲစားက တဆင့် ငှားသွားတဲ့ လူက လည်း
ဖုန်းကို ဘယ်လောက်တောင် သုံးသလဲဆိုရင်
မူဆယ် နဲ့  ရန်ကုန် ပြောထားတဲ့ ဖုန်းဘေလ် တွေက လစဉ် သိန်းကျော်တယ်၊
(၃၂) သိန်း နဲ့  ၀ယ်ထားရတဲ့ ဖုန်းဆိုတော့ အဆုံးမခံခြင်တာနဲ့ 
ဖုန်းဘေလ် တွေ ကျသလောက် အကုန်ဆောင်ပါမယ်
(စုစုပေါင်း ဖုန်းဘေလ်က ၈ - သိန်းနီးပါး လို့  သိရသည်)
လိုင်းပြန်ဖွင့် ပေးပါဆိုတာ  ဘူးဆို ဖရုံ မသီးတော့တဲ့  မြန်မာဆက်သွယ်ရေးက
ဘယ်လို မှ တောင်းပန် လို့ မရဘဲ အပြီး အပိုင် လိုင်းပိတ်လိုက်တာ ခံလိုက်ရပါတယ်၊
စာရင်းချုပ်လိုက်တော့ အမေ့ မှာ ၃၂-သိန်း ပလုံသွားပါတယ်၊
ဒီဇာတ်လမ်း ကို ဒီမှာ ရပ်ပြီး မေ့ ထားခဲ့တာ ကြာပါပြီ။
နောက်ထပ်လည်း ဖုန်းတွေ မ၀ယ်ရဲတော့ပါဘူး။

အခု မြန်မာပြည်မှာ ဟန်းဖုန်းတွေ ကျပ် ၁၅၀၀ နဲ့  ရနေပြီ၊
သိပ်မကြာခင် နော်ဝေ က တယ်လီနော နဲ့  ကာတာ က အူရဒူး တို့ 
ကလည်း ဖုန်းတွေ စရောင်းတော့မယ်
ဆိုတော့မှ ဇာတ်လမ်း ပြန်စလာတယ်၊ ဆက်ဖတ်ကြည့်ပါ၊
ဘယ်လောက် ချစ်စရာကောင်းပြီး ၀န်ဆောင်မှု့ ကောင်း တဲ့
မြန်မာ့ ဆက်သွယ်ရေး ဆိုတာ သိရအောင်လို့ ပါ၊

လွန်ခဲ့တဲ့ တပါတ်လောက်က ဆက်သွယ်ရေးက ပို့ လိုက်တဲ့ စာရောက်လာပြန်တယ်၊
အထဲမှာ ရေးထားတာက ပေးဆောင်ရန် ကျန်နေတဲ့ ဖုန်းဘေလ် ၈-သိန်း ကိုဆောင်ရင်
အဲဒီ လိုင်းပိတ်ထားတဲ့ ဖုန်းကို ပြန်ပေးမယ်လို့  ဆိုထားပါတယ်။
ဒီနေ ရာမှာ ထပြီး ဖြည့်စွက် ပြောခြင်တာက တော့
ဖုန်းနာမည်ပေါက်တဲ့ ဦးလေး လည်း ကွယ်လွန်သွားပါပြီ၊
သူ့ ဆီက နေ တဆင့် ၀ယ်တဲ့ အမေ လည်း ကွယ်လွန်သွားပါပြီ။

ကျနော် ပြောခြင်တာလည်း ဒါပါဘဲဗျာ
ကိုင်း - ခင်ဗျား သာ ကျနော့ နေရာမှာ ဆိုရင် ဘာလုပ်မလဲ

မှတ်ချက်။ စာလေးနေမည် စိုးသဖြင့် ဖုန်းဘေလ်တွေ သိန်းချီ အောင်
ဘာကြောင့် ဘာတွေ ဖြစ်ကြသည် ဆိုတာ ကို ချန်ထားခဲ့ပါသည်။
သို့ သော် ဖုန်းများများ ဆက်ခြင်းသည် အမှားကျူးလွန်သည်ဟု မထင်ပါ၊
နိုင်ငံခြား တွင် ဖုန်းများများ ခေါ်ပါက လက်ဆောင်များပင် ပေးကြပါသည်၊
များများ ဖုန်းပြောလေ ပိုကြိုက်လေ ဖြစ်ရမှာကို  မြန်မာပြည်မှာတော့
ဖုန်း အပြော များလို့  လိုင်းပိတ် တာ ခံရပါကြောင်း ဝေမျှလိုက်ရပါသည်၊

တကယ်လို့  ဖုန်းဘေလ် များများမခေါ်စေခြင်ရင်လည်း
တစ်လအတွက် ဖုန်းခေါ်ချိန် မိနစ်ပေါင်း ဘယ်လောက်ဆိုပြီး
သတ်မှတ်၊ ဒီထက်ပို ခေါ်လာ ရင် လူကြီးမင်း ဒီလအတွက်
အချိန်ပြည့်သွားပြီ နောက်လမှ ခေါ်ပါ ဆိုရင်လည်း ပြီးတာမဟုတ်လား၊
ဘာကိစ္စ - ဖုန်းလိုင်း ကို အပြီး ပိတ်ရမှာလဲ၊

1 အကြံပြုခြင်း:

Anonymous said...

It might be result of monopoly. At that time, no need to care about customers if it was the only telco. Now, need to care customers (care about revenue).