Wednesday, February 26, 2014

ဖွတ်ပါတီကအတော်ဆုံးဆိုတဲ့ ၅ ယောက်လောက်ဘဲဆွဲထုတ်ပြစမ်းပါအတုယူချင်လို့




NLDမှာဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှသောက်သုံးမကျဘူး၊ ၂၀၁၅မှာလည်း ကျွန်တော် ဒီ/ရှုပ် ပါတီကဦးမဲပါ၊ ကြံ့ဖွံ့က ဘူးလက်လှဆွေနဲ့ ပြိုင်ပါတယ်ဆိုပြီး ပုံကိုပြပြီးပြိုင်ပါ၊ ဗိုလ်ချုပ်အောင်ဆန်းပုံဗီနိုင်းချိတ်ပြီးပြိုင်တာသတ်္တိမရှိလို့ဘဲ

hotnews


သမ္မတဦးသိန်းစိန်တက်လာပြီးတဲ့နောက်ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပြင်းအထန်ကြိုးစားခဲ့ပြီး ပြည် တွင်းသွေးထွက်သံယိုမှုတွေကို အများကြီးလျှော့ချ နိုင်ခဲ့တယ်။ ဒီနောက်ပိုင်းအပြန်အလှန်ဆွေးနွေးမှုတွေ ကနေ တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်ကိုပုံဖော်ဖို့နဲ့ သူတို့ရဲ့အခွင့်အရေးပိုင်းတွေကို တောင်းဆိုလာတယ်။ သူတို့ဘက်က တောင်းဆိုမှုတွေအပေါ် ဗိုလ်မှူးကြီး ဘယ်လို သုံးသပ်ပါသလဲ။

ဆေးမတိုးတော့တဲ့ တီဘီရောဂါဆိုတာရှိတယ်။ တီဘီရောဂါဆိုတာ ဆေးမှန်မှန်သောက်မှ ပျောက်မှာ။ ကမ်္ဘာပေါ်မှာ ဒီရောဂါ အရမ်းဆိုးတယ်။ အဲဒီတော့ ဒါလုပ်ပေးမယ်။ ဒါလုပ်ပေးမယ်ဆိုပြီး ငြိမ်းချမ်းရေး အတွက် လုပ်လာတာ။ ဒီထိရောက်လာပြီ။ ဒါလည်း လာဘ်က မပြည့်နိုင်သေးဘူး။ လက်နက်ကိုင် အဖွဲ့ အစည်းတွေက ဘယ်လိုပြောရမလဲဆိုတော့ ငြိမ်းချမ်း ရေး ဆိုတာအကုန်လိုက်လျောပြီး နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာပါ ထိပါးလာနိုင်တာမျိုးဆိုရင် ဘယ်လို လိုက်လျောလို့ရမလဲ။ ကျွန်တော် ထင်တယ်။ ငြိမ်းချမ်း ရေးဆိုတာ ခြံစည်းရိုးနာနာခတ်မှရမှာဗျ။ တစ်ယောက်  နဲ့ ခင်မင်မှု တာရှည်ချင်တယ်ဆိုရင်ခြံစည်းရိုးနာနာ ခတ်ရမယ်။ ကိုယ့်အိမ်အမြဲလာတဲ့ မိတ်ဆွေနဲ့ အမြဲ ခင်ချင်ရင်အိမ်ကမီးခံ သေတ္တာကို သော့ခတ်ထားရမှာ ပေါ့။ ခုတိုင်းရင်းသားတွေ၊ တိုင်းရင်းသားတွေလို့ ပြော နေကြတယ်။ ဗမာလည်းတိုင်းရင်းသားပဲလေ။ ဗမာက ရော ပြောခွင့်မရှိဘူးလား။ ကျွန်တော်ဗုဒ်္ဓဘာသာ ဗမာ တစ်ယောက်အနေနဲ့ ပြောမယ်။ ကျွန်တော်တို့မှာ ငြိမ်းချမ်းရေးကို ပျက်စီးစေလိုတဲ့ ဆန္ဒဘာမှမရှိဘူး။ ခKIAက မိုးမောက်မှာ သာသနိက အဆောက်အအုံ တွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးလိုက်တယ်။  ဗုဒ္ဓရုပ်ပွားတော်တွေဆို ခေါင်းတွေပြတ်၊ ခါးတွေပြတ်နဲ့ ခေါင်းတွေမြေခနဲ့ဒီဖိုင်တွေ ကျွန်တော့်ဆီကို ဟိုက ဒေသခံသံဃာတော်တွေ ပို့ပေးထားတယ်။ ကျွန်တော် တို့ကတော့ ပြဿနာမဖြစ်ချင်ဘူး။ ငြိမ်းချမ်းရေးဆိုတာ ခိုင်ခိုင်မာမာနဲ့ မြန်မြန်ရလေလေ ကောင်းလေလေပဲ။

ခု ဦးအောင်မင်းတို့ဦးဆောင်ပြီး ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုတွေ လုပ်နေတာပဲ။ နောက်ပြီး တော့ Power Sharing အတွက်လည်းလုပ် နေတာပဲ။ နှစ်ဖက် အပြောအရတော့ Peace Process တွေ တော်တော်အောင်မြင်နေပြီဆိုတယ်။ ဒီအပေါ်ဗိုလ်မှူး ကြီး ဘယ်လိုသုံးသပ်ပါသလဲ။

ပြောရရင် ခုဦးအောင်မင်းတို့သွားနေတဲ့ ငြိမ်းချမ်း ရေးလမ်းကြောင်းက အကုန်လိုက်လျောပေးမယ်ဆိုတဲ့ သဘောမျိုးဆိုရင် ဖြစ်ပါ့မလား။ ဒီအပေါ်ကျွန်တော် သံသယရှိတယ်။ အကုန်လုံး လိုက်လျောမယ်။ သယံ  ဇာတဝေခြမ်းရေး၊ အာဏာဝေခြမ်းအသုံးချရေးဆိုတာ ပြောနေတယ်။ ဆွေးနွေးနေတယ်။ အဲဒါတွေကရနေ ပြီဗျ။ ကချင်မှာ ၁၀ပေပတ်လည်ကျင်းတစ်ကျင်းတူးရင်KIA ကို နှစ်သောင်းပေးရတယ်။ လူတစ်ယောက်လာ တူးရင် ငါးထောင်ပေးရတယ်။   ဘာဖက်ဒရယ်တွေ၊ Power Sharing တွေ ပြောနေစရာ မလိုဘူး။ ဟိုမှာ ဖက်ဒရယ် အကုန်ရနေပြီ။ သူ့ဟာသူ အုပ်ချုပ်နေပြီ လေ။  ဟိုမှာ  ဖက်ဒရယ်က ရနေပြီလေဗျာ။

ခုလိုမျိုး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်တဲ့အခါ ပြည်ထောင်စုတပ်မတော်၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းနိုင်ဖို့ဆိုတဲ့ အချက်လည်း ပါနေတယ်။ ဒီတော့ တိုင်းရင်းသားအားလုံး စုပေါင်းပါဝင်တဲ့ ဖက်ဒရယ် တပ်မတော်တစ်ခုဖြစ်လာဖို့အပေါ် ဗိုလ်မှူးကြီးရဲ့Per-sonal အမြင်လေးပြောပြပေးပါဦး။

ဟိုးအရင်တုန်းက  ဗိုလ်မှူးချုပ် တီကလစ်တို့၊ ဗိုလ်ချုပ်ကြီး စောမစ်ဒွန်းတို့ စသဖြင့်  ကရင်တွေ ကာ ကွယ်ရေးဦးစီးချုပ်လိုတာဝန်ကြီးတွေ ထမ်းဆောင်ခဲ့ တယ်။ အဲဒီချိန် မှာပKNDOက အင်းစိန်ကိုဝင်တိုက် တယ်။ ဒီတော့ ဗမာ့တပ်မတော် အနေနဲ့ တိုင်းရင်းသား တွေကိုမယုံခဲ့ဘူး။ နောက်ပိုင်းမှာ အဲဒါတွေပေါ်မူတည် ပြီး တိုင်းရင်းသားတွေကို နေရာကောင်းကောင်း၊Com-ander နေရာတွေ မပေးတော့ဘူး။  ဗိုလ်ချုပ်အယ်လ် ကွန်ဖန်ဆိုလည်း ကချင်ပဲ။ သူဒီရာထူးရခဲ့တယ်။ သူလို ပုဂ်္ဂိုလ်မျိုး ဆက်တည်မြဲနေရင်တော့ ကောင်းမယ်။ ဒါပေမKIAကလည်း သူ့ကိုသတ်လိုက်သေးတယ်။ ဆိုလိုတာက ပြေးဖို့ကြံစည်ခဲ့သော်လည်းKIA က လာ သတ်တယ်။ ပြီးတော့ တိုင်းမှူးတစ်ယောက်ကိုလုပ်ကြံ  ပြီးတော့ သူတို့အိမ်သူတို့မီးရှို့ပြီးထွက်ပြေးသွားတယ်။ ဗိုလ်ချုပ်အယ်လ်ကွန်ဖန်ပြီးတော့ ဗိုလ်ချုပ်ကြီးကျော်ဘ တက်လာတာပဲ။ နောက်ပိုင်းတိုင်းရင်းသားတွေထဲက  တပ်မတော်မှာ မေဂျာလောက်နဲ့ နားသွားရရှာတယ်။ အင်မတန်တော်တဲ့ကချင်တွေ၊  ကရင်တွေလည်း ရှိပါ တယ်။ တပ်မတော်မှာ ရာထူးကြီးရမှ အပြင်ဌာန တွေမှာ  နေရာကောင်း ပြန်ရတာလေ။ ဒါကိုအားလုံး သိပါတယ်။ ပြောရရင်စီပိုးလို့ခေါ်တာပေါ့ဗျာ။ ခရစ် ယာန်၊ ချင်း၊ ကချင်စသဖြင့်ပေါ့ဗျာ။

တစ်ချိန်က တိုင်းပြည်ရဲ့အခြေ အနေအရပ်ရပ် ကြောင့် ဒီလိုမူဝါဒတွေဖြစ်ခဲ့တယ်ဆိုရင်လည်း လက်ရှိ ပွင့်လင်းလာတဲ့ခေတ်၊ ဒီမိုကရေစီကို ဦးတည်လျှောက်  လှမ်းနေတဲ့ ခေတ်မှာ ဒါတွေကိုဘယ်လို ဖြေလျှော့မလဲ သိပါရစေ။

ခုခေတ်မှာတော့ ဒါတွေကို ဖြေလျှော့မယ်။ ဖြေ လျှော့ပြီးရင် ခုတပ်ထဲမှာ ကချင်၊ ကယား၊ ကရင်၊ ချင်းစသဖြင့် တိုင်းရင်းသားတွေ အကုန်ရှိတယ်။ အရင် တုန်းကဆိုရင်တော့ ရခိုင်သွေးချင်းတွေ တော်တော် များတယ်။ ခုကျတော့ ရခိုင်တွေ၊ ချင်းတွေက တပ်ထဲ မ၀င်တော့ဘူး။ မလေးရှားပဲသွားကြတော့တယ်။ သူတို့ နယ်မြေတွေမှာလုပ်ရကိုင်ရတာ ခက်လို့ဆိုပြီး ချင်းမှာ ဆိုဘာမှ မထွက်ဘူး။ တောင်ဇလပ်ပင်တော့ ထွက် တယ်။ ဒါကလည်း ကွေ့ကောက်ပြီးပေါက်တာ။ ဘာ ပရိဘောဂမှလည်း လုပ်လို့မရဘူး။ ဒါဆို ဒါတွေကို Tourist Lineအနေနဲ့ နိုင်ငံခြားသားတွေ စိတ်ဝင်စား အောင် ဘယ်လိုပြမလဲ။  ဒါတွေလည်းမသိဘူး။ ဒါတွေ ခေတ်မစားတော့  မလေးလိုနေရာမျိုးမှာ  ချင်းတွေ အများကြီးပဲ။

လက်ရှိမှာ ငြိမ်းချမ်းရေးတွေလုပ်နေတယ်ဆိုသော် ငြားလည်း အချို့သော အောက်ခြေမှာ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားဖြစ်ပွားတဲ့ တိုက်ပွဲအချို့အပေါ် မူတည်ပြီး သမ်္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အပေါ် သြဇာမညောင်းဘူးလို့ ဝေဖန်မှုတွေရှိနေပါ တယ်။ ဒီလို ဝေဖန်မှုတွေအပေါ် ဘာများပြောချင်ပါ သလဲ။

ဒါကို ကျွန်တော် လုံးဝ အယုံအကြည် မရှိဘူး။ ဘာကြောင့်လဲဆိုရင်ယနေ့လွှတ်တော်ထဲမှာသမ္မတကြီး က ပြောလိုက်တဲ့အဆို၊ ပြင်ဆင်ချက်ဆိုရင် တပ်မ တော်သားတွေအကုန်လုံးထောက်ခံတယ်။ ဒါမကောင်း ဘူးဆိုပြီး လွှတ်တော်က ပြောလည်းမရဘူး။ သမ်္မတ ကြီး ရဲ့သဘောထားဆိုတာနဲ့ တပ်မတော်သားတွေ အကုန်လုံးက ထောက်ခံတယ်။ ဒါနဲ့ပတ်သက်ပြီးတော့  လွှတ်တော်ကိုကြည့်ရင် သိနိုင်ပါတယ်။ လွှတ်တော်နဲ့ အခင်းအကျင်းကို မကြည့်တတ်တဲ့ သူတွေ၊  နား မလည်တဲ့သူတွေဘဲ လျှောက်ပြောနေကြတာ။ တပ်မ တော် ဟာ သမ္မတကြီးဘက်မှာ အပြည့်အ၀ရှိ တယ်။ ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ သမ္မတတိုင်းကို သစ္စာ ခံရမယ်ဆိုတာရှိပြီးသားပဲလေ။ သမ္မတက တပ်မတော် အပေါ်သြဇာမရှိရင် လွှတ်တော်ထဲမှာ သမ္မတရဲ့အဆို ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး ပြင်နေရမှာပေါ့။ ခု တပ်မတော် သားတွေက သမ္မတကြီးနဲ့ သဘောထား  ဆိုရင်မျက်စိမှိတ်ပြီးကို ထောက်ခံကြတာ။

တစ်ခါတုန်းက ဗိုလ်မှူးကြီးပြောခဲ့တဲ့ ငြိမ်းချမ်း ရေးမှာ ရွှေလက်နဲ့ခေါ်လို့ မလာရင် ဘူးလက်လွှတ်မယ် ဆိုတာက ပြည်တွင်းမှာ တော်တော် ဝေဖန်ခံလိုက်ရပါ  တယ်နော်။ ဒီစကားကဘာကိုများဦးတည် ရည်ရွယ်ပြီး ဆိုလိုချင်တာလဲ ပြည့်စုံစွာ ပြောပြပေးပါဦး။

ကျွန်တော်ပြောတာက ရွှေလက်နဲ့  ခေါ်တုန်းမှာ လာဖို့ကောင်းတယ်။   ကျွန်တော်စကားက ကျွန်တော် ရမ်းပြောတာ မဟုတ်ဘူးနော်။ ဒါမှန်တယ်ဆိုတာကို ထောက်ခံသူတွေ အများကြီးရှိတယ်။ ကျွန်တော်ပြော တာကရွှေလက်နဲ့ ခေါ်တုန်းလာပါ။ ဘူးလက်လွှတ်တာ မလိုချင်ပါနဲ့။  ဘူးလက်လွှတ်မယ်လို့ဆိုလိုတာ မဟုတ် ဘူးနော်။ နောက်ပြီး ဂျာနယ်တစ်ခုမှာ ရေးထားတယ်။ ကျွန်တော်က လိုင်ဇာကိုသိမ်းပြီးမှ ငြိမ်းချမ်းရေးဆွေး နွေးမယ်တဲ့။ ကျွန်တော်အဲဒီလို လုံးဝမပြောထားဘူး။ ပြောချင်တာက လက်နက်ကိုင်  အဖွဲ့အစည်းတွေ မြို့ပေါ်ရောက်ကုန်ပြီ။ မြို့မှာ အခြေချနေကြပြီ။ ဒါကို မြင်တော့ဝမ်းသာပါတယ်။

လက်ရှိငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးမှာ အစိုးရနဲ့အတူပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေအများကြီးပဲ။ ဒီထဲမှာဗိုလ်မှူးကြီးရဲ့ သဘော ထားအရ၊ အမြင်အရနမူနာ အယူသင့်ဆုံးနဲ့ စံပြအဖြစ် ဆုံး တိုင်းရင်းသားအဖွဲ့က ဘယ်အဖွဲ့လို့မြင်ပါသလဲ။

ပြောရရငKNUကို နမူနာယူသင့်တယ်။ KNUဟာ တကယ့်ကို အားလုံးက လက်မှတ်ထိုးချိန်မှာ သူမထိုးခဲ့ဘူး။ ပြောရရင် န.၀.တ/န.ယ.က အစိုးရ လက်ထက်မှာ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လုပ် ပြီးသားဗျ။ အဲဒီလို ရှိပြီးသား သဘောတူညီချက်ကိုပြန် ပြီး ဖောက်ဖျက်တာ၊  ချိုးဖောက်ခဲ့တာဘယ်သူလဲ။KIAပဲလေ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက် မှတ် ထိုးမယ်ဆိုတာထိုးစရာမလိုဘူး။ KIAနဲ့ပဲ ထိုးရ မှာ။ ကျန်အဖွဲ့တွေ အားလုံးကထိုးပြီးသားပဲ။ ပြန်ထိုးရမှာKIAနဲ့တဲ့။ဒီ Agreementက ပျက်ပြယ် တာမျိုးမရှိဘူး။ ခုမီးကျိုး မောင်းပျက်ဖြစ်နေတဲ့CNFတို့ ဘာတို့ကို လာကြပါ။ ဆရာကြီးတို့ဆိုပြီးလုပ်နေရ တယ်။ CNF ကိုလက်မခံတဲ့ ချင်းတွေအများကြီးပဲ။ ဦးအောင်မင်းတို့ကလည်း နည်းနည်းဆို ငါတို့က အဖွဲ့ တွေအများကြီးနဲ့လုပ်တာဆိုပြီး။ Peace Prize လေးများ ရမလားဆို ပြီးထင်ပါရဲ့ဗျာ။ ဒီလိုမျိုးလုပ်တာတွေတော့  မကောင်း ဘူး။ ဥပမာ ပအိုဝ့်ထဲက ဦးခွန်ဥက္ကာဆိုရင်UNFCညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီမှာ အတွင်းရေးမှူးတဲ့။ UNFCကို ကျွန်တော်တို့ကတော့ ကုလသမဂ်္ဂဘောလုံး အသင်းလို့ပဲ သိတယ်။ ဦးခွန်ဥက္ကာက အတွင်းရေးမှူးလို့ ပြောတယ်။ သူကပအိုဝ့်နီလား၊ ပအိုဝ့်ဖြူလား။ သူ့ကို ပအိုဝ့်နီကလည်း လက်မခံဘူး။ ပအိုဝ့်ဖြူကလည်း လက်မခံဘူး။ ဒါဆိုပအိုဝ့်ကြောင်ကျားပေါ့။ အဲဒီ ပအိုဝ့် ကြောင်ကျားက အဲဒီမှာ အတွင်းရေးမှူးလုပ်နေတယ်။ သူတို့နဲ့ လက်မှတ်ထိုးမယ်ပြောတော့ ကျွန်တော် ပြော တယ်။  ဒါ မလိုဘူး။ ယခင် န.၀.တ/န.ယ.က  ခေတ်ကတည်းက လက်မှတ်ထိုးပြီးသားပဲ။ အဲဒါ မပျက်ပြယ်ဘူးလေ။ အဲဒီလို မပျက်ပြယ်တာကို ပြန်ထိုး မယ်ဆိုတာကိုက အဓိပ်္ပာယ်လုံးဝမရှိဘူး။ ဒါကို ပြန် ချိုးဖောက်တာKIA ပဲ၊ ဒါကြောင့်သူနဲ့ပဲ ပြန်ထိုးရမှာ။ ဥပမာ အလင်း ၀င်တဲ့သူတွေအကုန်ပြန်လာခဲ့။ ငါတို့နဲ့ လက်မှတ်ပြန်ထိုးကြရအောင်။ လူအများကြီးနဲ့ထိုးတာ ဆိုပြီး မရှိတော့တဲ့ သူတွေနဲ့ လက်မှတ်လိုက်ထိုးပြီး ကျားသေကို ပြန်အသက်သွင်းနေကြတယ်။ အဓိကKIA  ပဲ။ မကျေနပ်ရင် ကျွန်တော့်ကိုလာရှင်း။ မသိ အောင် လက်သီးပုန်းတော့ ချောင်းမရိုက်နဲ့။ မြစ်ဆုံ ကိစ်္စမှာဆိုလည်း ဝေခွဲမတည့်လိKIA က စတီဗင် လောတို့ စက်ရုံကို ဗုံးခွဲခဲ့တာပဲလေ။ သူတို့မရလို့ဆိုတဲ့ သဘောနဲ့လုပ်နေတယ်။ ကျွန်တော်လျှောက်ပြော နေတာ မဟုတ်ဘူး။ သက်သေအထောက်အထား အကုန်ရှိတယ်။

တိုင်းရင်းသားတွေ အနေနဲ့က အစိုးရအပေါ်မှာ စောင့်ကြည့်နေရတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ အပြည့်အ၀ယုံကြည်လို့ မရသေးဘူးလို့ဆိုတယ်။ အစိုးရ ရဲ့ ဘယ်လိုအချက်မျိုးတွေ မူဝါဒမျိုးတွေက တိုင်းရင်း သားတွေအတွက် စောင့်ကြည့်စရာအနေအထားမျိုးတွေ ဖြစ်သွားစေတာလဲ။

ကျွန်တော်တို့မှာ လွှတ်တော်ရှိတယ်။  အစိုးရရှိ တယ်။ မဏ္ဍိုင်အစုံရှိတယ်။ ဒီလိုမဏ္ဍိုင်အစုံ ရှိရဲ့သားနဲ့ လွှတ်တော်ပြင်ပမှာ  စကားသွားပြောမယ်ဆိုရင်တော့ အယုံအကြည်မရှိဘူး။ လာခဲ့ပါလွှတ်တော်ထဲကို။ ၈၈ တို့ဘာတို့လည်း ဒီအတိုင်းပဲ။ ဟိုဘက်ကနေသွားမယ်။ ဒီဘက်ကနေ  သွားမယ်။ ကျွန်တော်အဲဒါတွေတစ်ခုမှ အယုံအကြည်မရှိဘူး။ ဒါတွေမှာ အလာကားပါဗျာလို့ ပြောရမှာပေါ့။ တကယ်တမ်း  သူတို့မှာဆန်္ဒမရှိပါဘူး။ တကယ်တမ်း ဆန္ဒရှိတဲ့KNU  ဆန္ဒတကယ်ရှိတယ်။ ပြန်လည်း မလုပ်တော့ဘူး။ ခုပြီးသွားပြီ။KNU က ဘယ်နည်းနဲ့မှပြန်လုပ်မှာ မဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာ သူတို့ဆန့်ကျင်ခဲ့တယ်။ ခုတော့ သူသိသွားပြီ။ တလောက ကချင်က ကျောင်းဆရာမ တစ်ယောက်က ပြောတယ်။ ကျွန်တော့်ကို ကချင် ပြည်နယ်မှာ ကျောက်စိမ်းတွေ၊ သစ်တွေအကုန်ပြောင် သွားတော့မှုဗ နဲ့ ငြိမ်းချမ်းရေးရမယ်တဲ့။ အဲဒီလို ကုန်သွားတဲ့ တစ်နေ့ပဲဖြစ်နိုင်မယ်တဲ့။

ဒါဆို အဲဒီကျောင်းဆရာမ ပြောသွားတဲ့ စကား အပေါ်မှာရော ဗိုလ်မှူးကြီးရဲ့ Personal အမြင်အရ ဘယ်လို သုံးသပ်လိုပါသလဲ။

ကျောင်းဆရာမကတော့ သူ့စိတ်ထဲရှိက ပြော သွားတာပေါ့ဗျာ။ ကျွန်တော် မြင်တာကတော့ စဉ်းစား ကြည့်ပေါ့ဗျာ။ ဘယ်လောက်ထိ၊ ဘယ်အတိုင်းအတာ ထိ လိုက်လျောကြမှာလဲဗျာ။ အခုဟာ သူတို့အနေနဲ့ ဖက်ဒရယ်ပေးပါလို့ကို တောင်းနေစရာ မလိုဘူး။ ဖက် ဒရယ်ကရ ပြီးနေပြီလေ။ ကျွန်တော့်ကို တစ်ယောက် ကလာပြောတယ်။ အစိုးရဆီက တရားဝင်ခွင့်ပြုချက်နဲ့ ကချင်မှာကျောက်တူးချင်တယ်တဲ့။ အဲဒါတစ်ယောက် ကပြန်ပြော တယ်။KIA နယ်မြေထဲမှာ အစိုးရဆီက တရားဝင်ခွင့်ပြုချက်လည်း ဘာမှအသုံးဝင်မှာ မဟုတ် ဘူးတဲ့။KIAက ၁၀ ပေပတ်လည်ကို နှစ်သောင်းယူ တယ်။ လူတစ်ယောက်   ငါးထောင်ယူတယ်။ အစိုးရ ကျတော့ တစ်ပြားမှမရဘူး။ ဖက်ဒရယ်ဆိုတာ တောင်း နေစရာမလိုဘူး။ ရပြီးနေပြီလေဗျာ။

လက်ရှိငြိမ်းချမ်းရေးနဲ့ ပြည်တွင်းလူမှုအထောက် အကူပြုပွင့်လင်းလူ့အဖွဲ့အစည်းတွေရဲ့ Peace Processတွေမှာ ပါဝင်နေမှု အခန်းကဏ္ဍကိုရော ဗိုလ်မှူးကြီး ဘယ်လို သုံးသပ်ပါသလဲ။ သူတို့ရဲ့ ပွင့်လင်းမှုကရော တိုင်းပြည်အတွက် အမှန်တကယ် အပေါင်းလက်္ခဏာ ဆောင်နေပြီလို့ ယူလို့ရနိုင်ပါမလား။

ဒါနဲ့ပတ်သက်လို့  ပြောရရင်  ပွင့်လင်းလူ့အဖွဲ့ အစည်း လို့ဆိုနေတဲ့ သူတွေတောင်မှ မပွင့်လင်းဘူး။ သူတို့ကိုယ်တိုင်ပါးစပ်ကသာ ပွင့်လင်းနေတာ။ မင်းကို နိုင်သူ့စာအုပ်ထုတ်တယ်။ ကြည်ဖြူသျှင်က အကုန်ဝယ်  သွားတယ်။ သိန်းဘယ်လောက်ဖိုးရောင်းရသလဲ၊ မင်း ကိုနိုင် ဘယ်သူ့မှမပြောဘူးလေ။ ပြောရင်အခွန်ဆောင် ရမယ်လေ။ သူတို့ကိုယ်သူတို့ ပွင့်လင်းလူ့အဖွဲ့ အစည်း ဆိုရင် ဗြောင်ပြောပေါ့ဗျာ။ ဥပမာ အနေနဲ့ပေါ့နော်။ သူတို့ကို ဂျော့ဆိုးရောစ် ငွေဘယ်လောက်ပံ့ပိုး ထား တယ်ဆိုတာသူတို့မပြောဘူး။ ပွင့်လင်း လူ့အဖွဲ့အစည်း ဆိုတာ ဂျော့ဆိုးရောစ်ရဲ့ နာမည်ပဲ။ သူတို့ကိုယ်တိုင် လည်း ပွင့်လင်းဖို့လိုသေးတယ်လေ။

၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးအတွက် လွှတ်တော်ကနေ ကော်မရှင်ဖွဲ့ပြီးလည်း ဆောင်ရွက်နေပြီ။ ဒီတော့ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်း စုကြည်အတွက် ကန့်သတ်ထားတယ်လို့ အများက ဝေဖန်နေတဲ့ ပုဒ်မ ၅၉ (စ) ပြင်ရေး၊ မပြင်ရေးစသဖြင့် ဗိုလ်မှူးကြီးနဲ့ သဘောထားအမြင်ကိုလည်း သိပါရစေ။

၅၉ (စ) က  ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတာဆိုရင် ဒါစွပ်စွဲတာပဲ။ ကျွန်တော့် အမြင်ကတော့  ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်တော်တို့ရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီးဖြစ်တယ်။NLD မှာလည်း  ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူးဆိုတာလည်းသိတယ်။  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်ဆိုရင်လည်း  လက်ခံတယ်။ ဒီတော့ သူ့ကိုသမ္မတဖြစ်အောင်ဘယ်လို နည်းနဲ့ ဖြေလျှော့ပေးမလဲပေါ့နော်။ သူ့မှာ ခင်ပွန်းက လည်းသေသွားပြီ။ နိုင်ငံခြားက သူ့သားနှစ်ယောက်   မြန်မာနိုင်ငံသား ခံယူလိုက်ရင်ပြီးရော၊ ချွေးမတွေ ဘာတွေဆိုရင်လည်း ကင်းလွတ်စေဆိုပြီး ဖြေလျှော့ ပေးလို့ရတယ်ပေါ့နော်။  အဲဒီမှာ ဦးကိုနီက ဘာထ ဖြစ်သလဲဆိုရင် ဦးလှဆွေ ပြောတာမဟုတ်ဘူး။ ၁၈ နှစ်ပြည့်ပြီးသား သားနှစ်ယောက်ကို ဘယ်နိုင်ငံသား ခံယူပါ၊  ဒီနိုင်ငံသားခံယူပါလို့  ပြောခွင့်မရှိဘူးတဲ့။ ကျွန်တော် ဆိုလိုချင်တာက သားနှစ်ယောက်လို ပြော လို့မရရင် သန်းခြောက်ဆယ်သော ပြည်သူတွေကို ဘယ်လိုပြောမလဲ။ ကျွန်တော်ပြောတာ မဟုတ်ဘူး လား။ ကျွန်တော် တို့တတ်နိုင်သမျှ ဖြေလျှော့ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အရည်အချင်းရှိတဲ့ အမျိုးသမီးတစ် ယောက်ပါ။ သူ့ကို ပုဂ်္ဂလိက အမြင် ကပ်တာမျိုး လုံးဝမရှိပါဘူး။

ဗိုလ်မှူးကြီးခုနကပြောသလိNLD မှာဒေါ်အောင် ဆန်းစုကြည်ကလွဲပြီး ကျန်တဲ့သူတွေမှာ အရည်အချင်း မရှိဘူးဆိုရင်NLD အနေနဲ့ အင်အားစုတစ်ခုအနေနဲ့ ပတ်သက်လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး ရဲ့ နိုင်ငံရေး အခင်းအကျင်းပေါ်မှာရော ဘယ်လိုမြင် သလဲ။ ဘာလို့ဆိုတော့ အစိုးရတစ်ရပ် ဖွဲ့နိုင်ဖို့ သူ့ရဲ့ အင်အားစုတွေဟာ ရွေးကောက်ပွဲမှာမှတ်ကျောက်တင် ခံကြရတာ ဖြစ်လို့ပါ။

ကျွန်တော်ပြောမယ်။ ၂၀၁၅မှာ NLD က ဘယ် လိုပွဲထွက်လာမလဲဆိုတော့ ကိုယ့်ပုံကိုယ် မပြရဲတဲ့သူ တွေပဲ။ လာလိမ့်မယ်။ ကျွန်တော်တို့ကတော့ ကျွန် တော်တို့ပုံ ကျွန်တော်တို့ ပြရဲတယ်။ ဥပမာအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုပဲကြည့်။  ကြံ့ခိုင်ရေးက ဦးဖြူနဲNLD က ဦးမဲတို့ပြိုင်ကြတယ်ပေါ့နော်။ အဲဒီမှာ ကြံ့ခိုင်ရေးဦးဖြူက သူ့ဓာတ်ပုံကြီး ချိတ်ပြီးပြတယ်။  ဗီနိုင်းနဲ့ထုတ်ပြီးကားနဲ့ လှည့်တယ်။NLDကဦးမဲက တော့ ဗိုလ်ချုပ်အောင်ဆန်း ဘိလတ်သွားတုန်း အင်္ကျီ ထဲ လက်နှိုက်ထားတဲ့ ပုံကိုချိတ်ပြီးလာတာ။ နောက် ဒေါ်အောင်ဆန်းစုကြည်ပုဝါကြီးနဲ့ပုံကို ပုံကြီးချဲ့ ချိတ် ထားတယ်။

ကြံ့ခိုင်ရေးက ဦးဖြူက လူဖော်ပြီးNLD က ဦးမဲက ပုန်းနေတယ်ဆိုတော့ သူကဘာတုန်း။သူတို့က ကျွန် တော်တို့ ကြံခိုင်ရေးတွေကို မိုးကျရွှေကိုယ်လို့ ပြော ကြတယ်။ သူတို့ကကျတော့ မြေလျှိုးပြီးလာတာဗျ။ ရောက်လာတာဗျ။ ပြောချင်တာက ၂၀၁၅ ရွေး ကောက်ပွဲမှာ ပြိုင်မယ်NLD က အမတ်တွေ ကိုယ့်ပုံ ကိုယ်ဖော်ပြီးပြိုင်ပါ။ ဓာတ်ပုံကြီးနဲ့လာပါ။ ကျွန်တော် ကတော့ ဒီရှုပ်ပါတီက မောင်မဲဖြစ်ပါတယ်။ ကြံ့ဖွံ့ က ဘူးလက်လှဆွေနဲ့ ပြိုင်ပါမယ်ဆိုပြီး သတိ္တရှိရှိပြိုင် ပါ။ ခုဟာက သူတို့ပုံလည်းမဖော်၊ လွှတ်တော်ထဲ ရောက်တော့လည်း ဘာမှမပြောရဲဘူး။ လွှတ်တော် ထဲမှာနင်လား၊ ငါလား အစိုးရကို အတိုက်အခံလုပ် တာ ကြံ့ခိုင်ရေးက အမတ်တွေပဲ။ ဒီချုပ်လား၊ ဒီရှုပ် လားတော့  မသိဘူး။ လွှတ်တော်ထဲမှာလည်းဘာမှ မပြော။ စည်းရုံးရေးဆင်းတော့လည်းသူ့ ပုံသူမဖော်။ဗိုလ်ချုပ်အောင်ဆန်း ပုံကြီးနဲ့ဆိုတော့ ဗိုလ်ချုပ် အောင်ဆန်းကဘယ်တုန်းကများNLD  ပါတီဝင် သွားလည်းမသိဘူး။ ဗိုလ်ချုပ်ပုံကြီးကိုသုံးပြီး စည်းရုံး ရေးဆင်းမယ်ဆိုရင်တော့ ကျွန်တော်တို့  ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့ဆိုတာက ပြည်သူတွေနဲ့အမြင်မှာ နံ့သာဆီနဲ့ လက်ပံတုံးလိုပဲ။ ကျွန်တော်ယှဉ်ရင် ရှုံးမှာပဲ။ စန်္ဒာမင်းပဲ လာလာ၊ ဇေယျာသော်ပဲလာလာ။ ဘူးလက်လှဆွေနဲ့ပြိုင်မယ်။ စန္ဒာမင်းဆိုလည်း စန်္ဒာမင်းပုံကိုဖော်ပြီးပြိုင်၊ ဇေယျာ သော်ဆိုလည်း သူ့ပုံကိုသူဖော်ပြီးတော့ပြိုင်၊ ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဖော်ပြပြီးတော့ သူတို့ပုံကို  သူတို့မဖော်ဘဲ ရွေး ကောက်ပွဲဝင်ပြိုင်ရင်တော့သတ်္တိမရှိလို့ပဲ၊ ကျွန်တော် ကတော့ ဒီလိုပဲမြင်တယ်။ ဒီလိုပဲ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ဆိုလည်း ဘယ်လိုမှ  မယှဉ်နိုင်ပါဘူး။ လာမယ့် ၂၀၁၅   ပွဲထွက်တဲ့အခါNLD  အနေနဲ့ သတိ္တရှိကြပါ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အသက်လည်းရလာပြီ။ ချင်းတောင်လို ရေခဲတဲ့နေရာတွေ သွားမနေပါနဲ့။ ကျန်းမာရေး ထိမှာစိုးလို့ပါဗျာ။ အဲဒီချင်းတောင်လိုနေရာတွေမှာ တိုင်းရင်းသားတွေကိုပဲပေးလိုက်ပါ။ သတိ္တဆိုတာက  ဒါငါ့ပုံ ဒီပုံချိတ်ထားပြီး ရွေးကောက်ပွဲဝင် အရွေးခံ မယ်။ ဒါဆိုပြည်သူက အကဲခတ်ပြီး ရွေးသင့်မရွေး သင့် စဉ်းစားလို့ရပြီလေ။ ခုဟာက ဗိုလ်ချုပ်ပုံပဲ သုံးနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာမြန်မာပြည်သူ တွေရဲ့ နှိုင်းမရတဲ့ ဖခင်။NLD  ပါတီရဲ့ ခေါင်း ဆောင်လည်းမဟုတ်ဘူး။ ပါတီဝင်လည်း မဟုတ်ဘူး။

ပြီးခဲ့တဲ့ ၁၅ရက်နေ့ကDVBဦးဆောင် ပြီးလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကို ဗိုလ်မှူးကြီး တက်ရောက်ခဲ့တယ်လို့လည်း သိရပါ တယ်။ အဲဒီလိုတက်ရောက်ခဲ့တဲ့ရလဒ်တွေက ဘာတွေ များရခဲ့သလဲ။ အဲဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေကရော အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လောက် အထိ အကျိုးရှိစေခဲ့ပါသလဲ။

DVB ကလုပ်တဲ့အခြေခံဥပဒေအပေါ်သဘော ထားအမြင်ဆွေးနွေးပွဲကိုတက်တဲ့အခါမှာ ဦးကိုနီတို့၊ ကိုမြအေးတို့ကSpeaker  အနေနဲ့ပြောပြီး  NLD က ဦးတင်ဦးလည်းပါတယ်။ အမှန်တကယ်တော့ ကျွန် တော်က Live  လွှင့်နေတယ်ထင်ပြီး ကျွန်တော် ရဲ့အမြင်ကိုပြောလိုက်တာ။DVB ကNLDVB ဖြစ် သွားတယ်။NLD  ကိုပဲ ဇောင်းပေးပြီးလွှင့်ကြတယ်။NLD ကိုပဲ ဇောင်းပေးပြီး ဖော်ပြကြတယ်။ အရင် တုန်းက ဦးတင်ဦးတို့၊ ဦးကိုနီတို့ကိုအရမ်းအထင်ကြီး ခဲ့တယ်။ ဒီပွဲရောက်မှ ဒီလူတွေဟာ အလကား လူ တွေမှန်းကျွန်တော်သိလိုက်ရတယ်။ အဲဒီမှာ ဦးတင်ဦး က တပ်မတော်ကိုပြောတယ်။ တပ်မတော် ကြီးဟာ ပြည်သူ့ချဉ်ဖတ်လို့ ပြောတယ်။ ဦးကိုနီက လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝပြောင်းပစ်ရမယ်တဲ့။NLD ကတော့ ပြုပြင်ဖို့ပြောတာပါတဲ့။ ကျွန်တော့် အယူအဆကတော့ ပြောင်းပစ်မယ်တဲ့။ ဒီလိုဆို ကိုယ်တက်လာတဲ့ သစ်ကိုင်းကိုကိုယ်ပြန်ခုတ်သလိုပဲ။DVB က လုပ်တဲ့သဘောထားဖလှယ်ပွဲ ဖြစ်လာတာ ဟာ အခြေခံဥပဒေကြောင့် ဖြစ်လာတာဗျ။ အမှန် တကယ်ဆDVB ကအော်စလိုလိုနေရာမျိုးမှာပုန်းလျှိုး ကွယ်လျှိုးနဲ့ နေနေရမှာ။ ဒီမှာ လာလုပ်နိုင်တာ အခြေခံဥပဒေကြောင့်။ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော် ရဲ့ အမြင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးပွဲ မဟုတ်ဘဲနဲ့ တပ်မတော် ရှုတ်ချရေး ပွဲဖြစ်နေတယ်။ အဲဒီမှာ ကျွန်တော် ပြောခဲ့တဲ့ဟာ တွေလည်း တစ်ခုမှမပါဘူး။ နေ့လယ် ၁၁နာရီ ကနေ ၁၂ နာရီအထိ လွှင့်တယ်။NLD  ကို အသားပေး ထုတ်လွှင့်မှုပုံစံလို ဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ဦးတင်ဦးကတပ်မတော်ကို ပြည်သူ့ချဉ်ဖတ်၊ ပြည်သူ့ချဉ်ဖတ်လို့သာပြောနေတယ်။ သူသာရာထူး ဆက်ရနေမယ်ဆိုရင် သူဒီစကားမျိုးပြောမှာမဟုတ် ဘူး။ သူအထုတ်ခံရလို့ ဒီစကားမျိုး ပြောတာ။ သူအထုတ်ခံရတဲ့နောက်ပိုင်းကစပြီး ဒီအဘိုးကြီးက အားလုံးကို ကိုးလိုးကန့်လန့်တိုက်လာတာ။ ကိုးလိုး ကန့်လန့်တွေ ပြောလာတာ။ ဆိုလိုရရင်NLD က ဦးတင်ဦးပြောတာကိုလည်း ကျွန်တော် သိတယ်။DVB က လုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအမြင် ဆွေးနွေးပွဲဟာတပ်မတော်ရှုတ်ချရေးလိုဖြစ်နေတယ်။ တပ်မတော်ကို ရှုတ်ချတဲ့သူကလည်း တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်လာတဲ့ ဗိုလ်ချုပ်ကြီးအထိ တာဝန်ထမ်းဆောင်လာတဲ့ ဦးတင်ဦးက လုပ်နေ တယ်။ ဒီဦးတင်ဦး ပြောခဲ့တဲ့စကားတွေကို ကြည့် မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာ ဘာ ပြောခဲ့တယ် ဆိုတာချည်းပဲပါတယ်။ ဒီအဘိုးကြီးက ဒေါ်စုနားခိုကပ်နေတဲ့အဘိုးကြီးလို့ပဲမြင်မိသွားတယ်။ ရှေ့နေ မောင်ကိုနီဆိုရင်လည်း ဥပဒေပုဒ်ထီး၊ ပုဒ်မ တွေ  အကုန်လုံးကို အရည်ကျိုသောက်ထားတဲ့ ပညာရှင်တစ်ယောက်လို့ လေးစားခဲ့တာ။ ဒါပေမဲ့ ဒီလူကြီးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဟာ ဘာမှ သုံးစားလို့မရတဲ့ ပုံစံမျိုးပြောနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သုံးစားလို့ရတာတွေ အများကြီး ရှိပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ဦးတင်ဦး တို့လို၊ ဦးကိုနီတို့လို လူတွေရှိနေလို့ မြန်မာပြည် ကြီးဟာ ရှေ့ဆက်လို့မရတာဗျ။

ဗိုလ်မှူးကြီးခင်ဗျာ။ တပ်မတော်မှာ ကာကွယ် ရေးဦးစီးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးတင်ဦးလို  ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး အနေနဲ့ လက်ရှိ တပ်မတော်အပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိတယ်ဆိုတော့ သူက ဘယ်အချက်တွေ ပေါ်မူတည်ပြီး ဝေဖန်တယ်လို့ယူဆလို့ရပါသလဲ။

ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကိုဖမ်းခဲ့တာ ခြေလျင်စစ် သားတွေ တစ်ယောက်မှမပါဘူး။ ဖမ်းခဲ့တာထောက် လှမ်းရေးကကောင်တွေပဲ။ လက်ရှိကျွန်တော်တို့ တပ်မတော်ကဘာကြောင့်အပြောအဆိုခံနေရသလဲ။ ဘာကြောင့်ဝေဖန်ခံနေရသလဲဆိုရင် ထောက်လှမ်း ရေးကြောင့်ပဲ။ ကျွန်တော်တို့ ခြေလျင်စစ်သားတွေ ဘာမှ သိရှာတာ မဟုတ်ဘူး။ ခြေလျင်စစ်သားတွေ သေနတ်ကိုင်ပြီး ကာကွယ်နေချိန်မှာ ထောက်လှမ်း ရေးက တပ်ကြပ်အဆင့်က ခွေးချည်တဲ့ကြိုးလောက် ရှိတဲ့ ဆွဲကြိုးကြီးတွေစွဲပြီး နေကြတယ်။ ထောက် လှမ်းရေးကြောင့် ကျွန်တော်တို့ တပ်မတော်သိက္ခာ ကျရတာ။ ကျွန်တော်တို့ ခြေလျင်တပ်သားတွေ ခက်ခက်ခဲခဲနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်နေချိန် မှာ ထောက်လှမ်းရေးကကောင်တွေက ခွေးချည်တဲ့ ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီးတွေဆွဲပြီး အငြိမ့်စား နေနိုင်တယ်။ ဒီလိုမျိုးနေနိုင်တာကိုလည်း သူ့အထက် က လူကြီးတွေက ပြုံးပြုံးကြီး ကြည့်နေကြတယ်။ လက်ရှိကာလမှာတပ်မတော်ကဘာမှသိတာ မဟုတ် ဘူး။ ဘာမှအပြစ်ရှိတာ မဟုတ်ဘူး။ တကယ်ကို အပြစ်ရှိပြီး တကယ်ကိုလုပ်ခဲ့တဲ့၊ နိုင်ငံရေးအကျဉ်း သားတွေကို နှိပ်စက်ခဲ့တဲ့ထောက်လှမ်းရေးကို မပြော ဘဲနဲ့ ကျွန်တော်တို့ တပ်မတော်ကို ပြောနေတာ အဓိပ်္ပာယ်မရှိဘူး။ အဲဒီပွဲမှာ အဲဒါကို ထည့်ပြောခဲ့ တယ်။ သူတို့ဆီကလွှင့်တဲ့အခါမှာ ကျွန်တော်ထည့် ပြောခဲ့တာ တစ်ခုမှ မပါဘူး။ ဒီမိုကရက်တစ်မြန်မာ့ အသံဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ ဒီမိုကရေစီ ကိုကိုယ်စားပြုတဲ့ အသံတွေပဲ ထုတ်လွှင့်ပေးရမှာပဲ။ ဖြစ်လာတာကျတော့NLD   က အသံတွေပဲ ထုတ် လွှင့်ပေးတာဖြစ်တဲ့အတွက် ဒီမိုကရက်တစ် မြန်မာ့ အသံလို့မမြင်ဘူး။NLDVB လို့ပဲ ကျွန်တော်က တော့ မြင်တယ်။

ဟုတ်ကဲ့ခုလို ဖြေကြားပေးတဲ့အတွက် ဗိုလ် မှူးကြီးကို ကျေးဇူးတင်ပါတယ်။

Thiha Thwe

Hot news မှာ ပါတဲ့ Bullet လှဆွေ ရဲ့ NLD, ၈၈ ပွင့်လင်း နဲ့ အခြား နိုင်ငံရေး အင်အား စုတွေ အပေါ်ပြော ကြားချက် ကို ကျွန်တော့ အမြင် ကတော့ ကွင်းထဲ မှာ ကစား သမား တစ်ဦး က တစ်ဖက်အသင်းပေါ် ခပ် ကြမ်းကြမ်း လေး ကစား လိုက်တဲ့ သဘော လို့ ပဲ မြင်ပါတယ်။ လွှတ်တော် ထဲ က ပြိုင်ဖက် နိုင်ငံရေးသမား အချင်းချင်း ဒီလောက်ပြောတာ မှုစရာ မရှိပါ ဖူး၊ ကိုယ်လည်းပဲ တွယ်စရာရှိ တွယ် ခဲ့ ကြ၊ တွယ်ကြ အုန်းမှာပါပဲ ။ ဦးလှဆွေ က အတိုက်အခံ ဖက် ကိုမှ မဟုတ်ပါဘူး သူ့ USDP နဲ့ အစိုးရ အဖွဲ့ ကို လည်း ဒီ Tone အတိုင်း တုတ်စရာ ရှိ တုတ်နေတာပါဘဲ။
ရှင်းရှင်း ပြော ရရင် NLD အဖွဲ့ ရဲ့ capacity အပေါ် ထိကပါးရိကပါး လုပ်တာ၊ ကျေးဇူးတောင်တင် ရအုန်း မှာပါ။ ကိုယ့်ဖက် က အဲ့ဒိ အပိုင်းကို ဖိလုပ်ပေါ့။ နိုင်ငံရေးကြိုး ဝိုင်းဆိုတာ ဒီ လိုပဲ တစ်ဖက် ကို ဒေါသ ဖြစ်အောင်ဆွ ပြီး အငိုက်ဖမ်းပြီးကစားရတာပဲ။ ဒေါသဖြစ်တဲ့လူရှုံး ပေါ့။ ကြည့်ပါလား သမ္မတ အသင်း က လူတွေ နောက်ပိုင်း ပွဲစဉ်တွေ မှာ အပြတ်အသပ် အလဲ အကွဲပါ၊ ကျွန်တော့ခံယူချက် ကတော့၊ နိုင်ငံရေး နဲ့ ပါတ်သပ်လို့ အမှားရှိ ရင်၊ အားနည်းချက်ရှိရင် ကိုယ့်လူ မှို့ ၊ ကိုယ့်ဖက်သားမှို့ လို့ ဆိုပြီး ညှာလို့ ၊ ညာလို့ မရပါဖူး။ နိုင်ငံရေး ဆိုတာ ပြည်သူ့ အရေးပါ ။ကိုယ့်လူမှို့ လိုညှာရင် ပြည်သူနာမယ်၊ ကိုယ့်လူမှို့ လို့ ညာပေးရင် ပြည်သူကိုပါ ညာ သလိုဖြစ်မယ် ။ Bulletလှဆွေ ရဲ့ အမြင်မျိုး ကို ကိုယ် ကသူ့ လို ပြိုင်ဖက်မဟုတ် လို့ သူပြောသလိုရင့်ရင်သီးသီး တွေ မပါပေမယ့်ကျွန်တော်ကိုယ်တိုင်လည်း အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ကို အဲဒီ လိုပဲမြင်တာတွေ၊ပြောတာတွေရှိပါတယ်။ မီဒီယာသမားအနေ နဲ့ ဘဲဖြစ်ဖြစ် ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေးစိတ်ဝင်စား သူတစ်ယောက်အနေ နဲ့ ဖြစ်ဖြစ် ဒီ ကိစ္စကို ဖေါ့ပြီးပြောရင် နိုင်ငံရေး ခေါက်ဆွဲ စားသလို ရှက်စရာကောင်းတယ် လို့ ကျွန်တော်ခံစားမိပါတယ်။
ဒီနေ့ power နိုင်ငံရေး အကြောင်းပြောရရင် အတိုက် အခံကို တစ်သင်းထဲကစားမယ်ဆိုပြီး ဆွဲ စိ ပြီး တကယ်ကစားတော့ line-up ထဲ မထည့် ၊ ထည့်ကစားပြန်တော့လည်း ဘောလုံးပေး မကစားပဲ ခု တခါ အသင်းထဲ ကနေ အနီကပ်ပြပြီး အထုတ်ခံ ရအောင် ဂွင်ဆင်နေ လို့ အာဏာရပါတီ ကို လူလိမ်တွေ၊တကယ်တိုင်း ပြည်မျက်နှာမကြည့်တဲ့ သူတွေလို့ မြင်တယ်။ အတိုက်အခံ ကိုလည်း ချိုမိုင်မိုင် တွေ များပြီး လူထု ကို နိုင်ငံရေး အမြင်အားကောင်းပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်လျော့ မသွားအောင် ဖိအားပေး နိုင်တဲ့ ရေချိန် ကိုရောက်အောင်ဆွဲ မတင်နိုင် လို့ အားမရဖူး၊ ဝေလေလေတွေ၊ နိုင်ငံရေး performance တွေသာများပြီး၊ လူထု က အားကိုးအားထား ပြုရမယ့်ရုပ်မပေါက်ဖူး ၊ ဟိုလူတွေ မစွံလို့ ဒီလူတွေကိုတစ်လှည့် အားကိုး ကြည့်အုန်းမယ်ဆိုတဲ့ မရှိ သုံး နိုင်ငံရေး ဘဝ က မတက်ဖူး ။ ဆောရီးပါ ကျွန်တော်လည်း ဒီ လို ဘေးထိုင်ဘုပြော ဘဝ ကမကျွတ်ဖူး ။ သေရော ။

1 အကြံပြုခြင်း:

Anonymous said...

This Thug,Thief & Crook talks shit.
Why don't you show photo of your Thugs,Thieves & Crooks Gang(USDP) founder "Cunning shit than shwe".
If your gang dares to compete on the fair ground ,don't bark around , just show your gang founder photo against General Aung San & Daw Aung San Suu Kyi from other parties.
SEE HOW PEOPLE REACT.