Thursday, February 20, 2014

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဒေါ်စုတောင်းဆိုမှုကြောင့် အီးယူလေ့ကျင့်ပေး



Posted by Kamayut Media on February 20, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အဓိကရုဏ်းတွေကို ကိုင်တွယ်ဆောင်ရွက်ပုံ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ တောင်းဆိုမှုကြောင့် ဥရောပသမဂ္ဂက လေ့ကျင့်သင်တန်းပေးနေတာလို့ ဆိုပါတယ်။

လူအုပ်တွေကို ထိန်းသိမ်းကိုင်တွယ်ရတာ အရမ်းကိုရှုပ်ထွေးပြီး ခက်ခဲတာကြောင့် မြန်မာရဲတွေကို သင်တန်းပေးတဲ့အခါ ပြည်သူတွေရဲ့အခွင့်အရေးကို လေးစားပြီး စိတ်ရှည်ဖို့နဲ့ အကြမ်းဖက်နေတဲ့လူအုပ်ကို အတတ်နိုင်ဆုံး အင်အားအနည်းဆုံးနဲ့ ကာကွယ်ရပ်တန့်တဲ့ သင်ခန်းစာတွေကို စာတွေ့လက်တွေ့ ပို့ချနေတာလို့ ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ဆိုပါတယ်။

မင်္ဂလာဒုံက ရဲတပ်ရင်း ၈မှာ ကျင်းပတဲ့ အဓိကရုဏ်းကို စနစ်တကျထိန်းသိမ်းရေး သရုပ်ပြပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂ဝရက်နေ့က ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ အန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာ ဒိုင်းလွှားပါတဲ့ ကာကွယ်ရေးစနစ်၊ ဖယ်ရှားထိန်းသိမ်း ရှာဖွေခြင်းနည်းလမ်းတွေကို လူ့အခွင့်အရေးလေးစားလိုက်နာပြီး အသုံးပြုတဲ့ သရုပ်ပြမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းချိန်ကနေ အခုထိ နိုင်ငံတကာအဆင့်မီ နည်းပညာတွေ။ ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားရတာ သမိုင်းမှာ ပထမဆုံးနဲ့ အကြီးကျယ်ဆုံးဖြစ်တယ်လို့ ရဲမှူးချုပ် သူရဗိုလ်နီက ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဥရောပသမဂ္ဂက ၂ဝ၁၃ စက်တင်ဘာကတည်းက စပြီး ၁၈လအတွင်း ရဲအင်အား ၄ထောင်ကို စာတွေ့လက်တွေ့ သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်။
http://bcove.me/1khx6vhp

0 အကြံပြုခြင်း: