Friday, February 21, 2014

အသက် ၂၀ အရွယ် အစ္စလာမ်ဘာသာဝင်တစ်ဦးက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို ရိုက်နှက်မှုလူစုလူဝေး ဖြစ်ပေါ်



 ဖေဖော်ဝါရီ ၁၉ ရက်ညက တောင်ဒဂုံ ၂၀ ရပ်ကွက်တွင် လူငယ်တစ်ဦးက အသက် ၆၀ ကျော်အရွယ် အဘိုးအိုတစ်ဦးကို ရိုက်နှက်ရာမှ လူ ၂၀၀ ခန့် လူစုလူဝေး ဖြစ်ပွား
EMG
ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီဝန်းကျင်က တောင်ဒဂုံ ၂၀ ရပ်ကွက်တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက အသက် ၆၀ ကျော်အရွယ် အဘိုးအိုတစ်ဦးကို ရိုက်နှက်ရာမှ ရိုက်နှက်သူ အမျိုးသား၏ အိမ်ရှေ့တွင် လူဦးရေ ၂၀၀ ခန့် လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခန့် က တောင်ဒဂုံ ၂၀ ရပ်ကွက်၊ ရတနာလမ်းတွင် ယင်းရပ်ကွက်၏ ရာအိမ်မှူးဖြစ်သူ ရိုက်နှက်ခံရသည့် ဦးခင်အေးသည် ရိုက်နှက်သူ ကိုထွန်းထွန်းလင်း၏ အိမ်နံဘေး၌ တည်ရှိသော တက်နေလင်းကဖီးတွင် ထိုင်နေစဉ် ကိုထွန်းထွန်းလင်းမှ ရန်စသောကြောင့် ယင်းဆိုင်မှ ထွက်လာခဲ့သည်။ ယင်းကဲ့သို့ ထွက်လာပြီးနောက် ဆိုင်ရှေ့အရောက်တွင် ကိုထွန်းထွန်းလင်းမှ ဦးခင်အေးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်ပြီး ထိုးကြိတ်မှုကြောင့် ဦးခင်အေး၏ ၀ဲဘက်မျက်ခုံးနှင့် နှာခေါင်းတို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ထိုးကြိတ်မှုအပေါ် ရပ်ကွက်နေ ပြည်သူလူထုက ကိုထွန်းထွန်းလင်းအား မကျေနပ်၍ ၎င်းနေထိုင်ရာ အိမ်ရှေ့တွင် အော်ဟစ်ကြရာမှ လူဦးရေ ၂၀၀ ခန့် လူစုလူဝေး ပေါ်ပေါက်ခဲ့ရပြီး ည ၁၂ နာရီခန့် တွင် ရဲလုံခြုံရေးများ ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁ နာရီခန့်တွင် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်။

“ရပ်ကွက်ရာအိမ်မှူးကို ထိုးကြိတ်တဲ့သူကတော့ ထွက်ပြေးသွားတယ်။ သူ့ကိုဖမ်းမိဖို့ ကျွန်တော်တို့လုပ်နေတယ်။ အခုလောလောဆယ်တော့ သူတို့အိမ်က ဧည့်သည် အပါအ၀င် မိသားစု ခုနစ်ယောက်ကို အခြေအနေတွေ တည်ငြိမ်အောင်ရုံးမှာ ခဏခေါ်ထားပေးပါတယ်။ အခုလောလောဆယ်တော့ ဘာမှမဖြစ်တော့ပါဘူး။ ရပ်ကွက်နေ ပြည်သူကလည်း ယဉ်ကျေးကြလို့ ဘာမှဒီလောက်ထိ မဖြစ်တာပါ။ လိုအပ်ရင်တော့ အဲဒီအနီးတစ်ဝိုက် လုံခြုံရေးထပ်ချသွားရမှာပေါ့”ဟု တောင်ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဆန်းဦးက ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၃ နာရီခန့်တွင် ပြောကြားသည်။

“ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်တုန်းက အဲဒီလူ (ကိုထွန်းထွန်းလင်း) က အရက်သောက်ထားပါတယ်။ သူက ကျွန်တော့်ကို အရင်တုန်းကလည်း ဒီလိုရန်စခဲ့ဖူးပါတယ်။ ရန်ငြိုးရန်စတော့ မရှိပါဘူး။ သူမူးယစ်ရမ်းကားမှုနဲ့ အချုပ်ကျခဲ့ဖူးတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုရော ကျွန်တော့်ကိုရော မကျေနပ်လို့ အခုလိုလုပ်တာလို့ ထင်ပါတယ်။သူကသာ ဆက်တိုက်ထိုးတာပါ။ ကျွန်တော်တစ်ချက်မှ မခုခံလိုက်ရပါဘူး”ဟု တောင်ဒဂုံ ၂၀ ရပ်ကွက် ရာအိမ်မှူး ဦးခင်အေးကဆိုသည်။

အသက် ၂၀ အရွယ် အစ္စလာမ်ဘာသာဝင်တစ်ဦးက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို ရိုက်နှက်မှုကြောင့် ယခုကဲ့သို့ လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ၏ ထိန်းသိမ်းနိုင်မှုကြောင့် ရိုက်နှက်မှုတစ်ခုအဖြစ်ဖြင့်သာ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ ထို့ပြင်ရိုက်နှက်သူ ကိုထွန်းထွန်းလင်းမှာ ရဲစခန်းတွင် ယခင်ပြစ်ချက်ဟောင်းများ ရှိခဲ့ဖူးသူဖြစ်ပြီး ရပ်ကွက်တွင်း နေထိုင်သူများနှင့်လည်း ကတောက်ကဆဖြစ်မှုများရှိခဲ့ကြောင်း ယင်းရပ်ကွက်နေပြည်သူများ၊ ရဲစခန်းမှူးနှင့် အရိုက်ခံရသူ ရာအိမ်မှူး ဦးခင်အေးတို့၏ ပြောပြချက်များအရ စုံစမ်းသိရသည်။

1 အကြံပြုခြင်း:

Anonymous said...

အရက်သောက်တဲ့ အစ္စလာမ် ဘာသာဝင်တဲ့။ အရက်သောက်မှတော့ အစ္စလာမ် ဘာသာဝင်
မဟုတ်တော့ပါဘူး။ မူးလာရင် စပြီးလိမ်ညာတဲ့ "မူးစလိမ်"ကုလားဖြစ်သွားပြီ။ ဒါကြောင့်လည်း ကိုယ့်အဖေအရွယ် အရပ်လူကြီးကို စော်ကားချင်တဲ့ "မူးစလိမ်"ကုလားကျင့် "မူးစလိမ်"ကုလားကြံတွေပေါ်လာတော့တာပေါ့။