Monday, February 24, 2014

တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် တမလန်းကား(၃)စီး အင်းတော်မြို့နယ်တွင် ဖမ်းဆီးရမိ..




(ဟာဂျူလီ-ကသာ)
*************
၂၄၊၂၊၁၄ရက်နေ့ နံနက်(၆)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်အပိုင် နားရခေါင်ကျေးရွာအနီး အင်းတော်-ကသာကားလမ်းမပေါ်တွင် တမလန်းများတင်ဆောင်လာသည့် ကား(၃)စီးအား ကသာခရိုင်အုပ်ချုပ်ချုပ်ရေးမှူးဦးသက်လွင်
ဦးဆောင်သော အဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်၊ ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ခရိုင်အုပ်ချုပ်ချုပ်ရေးမှူးဦးသက်လွင်အား ဆက်သွယ်မေးမြန်းခဲ့ရာ
" ဟုတ်တယ်၊ဒီမနက်(၆)နာရီက သတင်းအရ ကျွန်တော်နဲ့ ၀န်းသိုမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိုက်ဝေဖြိုးတို့ သွားဖမ်းခဲ့တာပါ၊တစ်စီးကို တမလန်း(၁၃)တန်ပါ ပါတယ်၊စုစုပေါင်း ကား(၃)စီးဖြစ်ပြီး ပိုင်ရှင်က ဦးစိုင်းအောင်လို့ သိရပါတယ်၊ဗန်းမောက်မြို့နယ် မြသီလာက စသယ်
လာတာဖြစ်ပြီး ပါဝင်ပါတ်သက်သူတွေကို ဖေါ်ထုတ်နိုင်ဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်၊ စဖမ်းကတည်းက ပိုင်ရှင်ရဲ့ ထွက်ဆိုချက်တွေကို အသံဖိုင်နဲ့ ရယူထားပြီးဖြစ်ပါတယ်၊ ဒီကားတွေဟာ ဘလိုင်းကြီး ဖြတ်တာ မဟုတ်ဘဲ အပေးအကမ်းတွေနဲ့ဖြတ်တာဖြစ်လို့ ပါဝင်ပါတ်သက်သူတွေ
အားလုံးကို ဖေါ်ထုတ်အရေးယူသွားမှာဖြစ်ပါတယ်"..ဟု ရှင်းလင်းပြောပြခဲ့ပါသည်၊
တရုတ်နိုင်ငံနှင့် နီးစပ်လျှက်ရှိသော မြို့ရွာများတွင် ယခုလို ပြည်ပသို့ ပို့ဆောင်မည့် တမလန်းသစ်များ ပို့ဆောင်မှု အတင့်ရဲလာခြင်းမှာ တရားဥပဒေအရ ပြစ်ဒါဏ်များ နည်းပါး၍ဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦးက ....
"ပြောရရင် အခုလို ပြည်ပပို့ဆောင်မယ် တမလန်းတွေ မိရင် သွင်းကုန်ထုတ်ကုန်လို ပုဒ်မမျိုး မတပ်ဘဲ သစ်တောအက်လောက်နဲ့ အရေးယူတာကြောင့် ဒီလုပ်ငန်းလုပ်ဆောင်သူတွေဟာ ပိုအတင့်ရဲလာတာဖြစ်ပါတယ်၊ သစ်တောအက်အရ တမလန်းကားတွေ မိရင် ပစ္စည်းသိမ်းပြီး
ဒါဏ်ငွေလေး သောင်းဂဏန်းလောက်နဲ့ ပြီးသွားကြပါတယ်၊ တမလန်းဟာ သစ်မာအုပ်စုဖြစ်လို့ ကျွန်းသစ်လိုမျိုး သယ်ဆောင်လာတဲ့ ယာဉ်ကို နိုင်ငံပိုင်သိမ်းတာမျိုး အမိန့်ချလို့ မရဘူးဖြစ်နေပါတယ်၊ဒါတွေကို မပြင်နိုင်မချင်းကတော့ လွတ်ခဲ့ရင် အမြတ်ဆိုပြီး ဆက်လုပ်နေကြဦးမှာပါပဲ"
ဟုပြောကြားသွားခဲ့ပါသည်၊

0 အကြံပြုခြင်း: