Wednesday, February 19, 2014

ဦးနေဝင်းနှင့် ဦးခင်ညွန့်တို့ နှစ်ယောက် တိုင်ပင်ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဦးသန်းရွှေမှပြောကြား


Hawdeka Khalaylay

၁၉၉၀ ရွေးကောက်ပွဲရလာဒ်များကို အသိအမှတ်မပြုခြင်းနှင့် စစ်တပ်မှ အာဏာဆက်လက်ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ
ဦးနေဝင်းနှင့် ဦးခင်ညွန့်တို့ နှစ်ယောက် တိုင်ပင်ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဦးသန်းရွှေမှပြောကြား

(နေပြည်တော် အထူးသတင်း)

၁၉၉၀ ရွေးကောက်ပွဲရလာဒ်များကို အသိအမှတ်မပြုခြင်းနှင့် စစ်တပ်မှ အာဏာဆက်လက်ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ
 ဦးနေဝင်းနှင့် ဦးခင်ညွန့်တို့ နှစ်ယောက် တိုင်ပင်ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်ဟု ဦးသန်းရွှေမှပြောကြားလိုက်ကြောင်း နေပြည်တော်

သတင်းရပ်ဝန်းမှ အထူးသတင်းအဖြစ် ပေးပို့လာပါသည် ၊

အေးလေ မင်းတို့လဲ အားလုံးသိနေတာပဲလေ ၊ ၉၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်ခဲ့တာ ငါပါလို့လား
၊ အဲဒါ ဦးနေဝင်းနဲ့ သူ့တပည့် ခင်ညွန့်တို့ ကြိတ်လုပ်ခဲ့ကြတာလေ ၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားဆိုတာ ဒါမျိုးကိုခေါ်တာပေါ့ ၊

မင်းတို့မျက်စိရှေ့တင်ပဲလေ ၊ တလျှောက်လုံး ငါ အရုပ်တစ်ရုပ်လို နေခဲ့တာမဟုတ်လား ၊ ဇာတ်သိမ်းမလှတော့ဘူးဆိုကာနီးမှ
 ငါကလူကြမ်းဝင်လုပ်ရတာလေ ၊ အဲဒါကိုများ ငါနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းချင်သလေး ဘာလေးနဲ့ ၊ အဲ ကောင်ခင်ညွန့်ကို ပြောလိုက်စမ်းပါ ၊

လူကြားကောင်းအောင် လျှောက်ပြောမနေပါနဲ့လို့ ၊ သတ္တိတကယ်ရှိရင် အကုန်ဖွင့်ချလိုက်လို့ရတယ် ၊
ငါ့ကို ဘာမှလာပြီး ထိသလို ရိသလို ပြောနေစရာမလိုဘူးကွ ၊ ခွေးလှေးခုန်လို့ ဖုန်မထဘူး ၊ ခင်ညွန့်ကို ၂၀၁၅ အကုန်အထိ
ထမင်းဝအောင် စားခွင့်ပေးထားတယ်လို့ပြောလိုက် ၊ ၂၀၁၆ ရောက်တာနဲ့ ငါ ဘာကောင်လဲဆိုတာ အားလုံးသိစေရမယ်ကွ ၊

ဦးသန်းရွှေတစ်ယောက် စိတ်ဆိုးနေပုံရသည် ၊ သူ့ထိုင်ခုံရှေ့တွင် သူ့လက်ရင်းတပည့်များရှိနေသည် ၊ အချို့မှာ ယူနီဖောင်းများနှင့်ဖြစ်သည် ၊
 ရှေ့ဆုံးမှာထိုင်နေတာကတော့ ဦးအောင်သောင်း နှင့် ဦးတင်အေးတို့ဖြစ်သည် ၊

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည် ၊

0 အကြံပြုခြင်း: