Saturday, July 14, 2012

လယ်သမားများချီတက်ဆန္ဒပြ

Messenger News Journal

ဒီ...ရာဇ၀င် အရိုင်းကိုဖြင့် (မင်းကိုနိုင်)





by ပြည်သူ့ခေတ် on Saturday, July 14, 2012 at 7:59pm ·



ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။ 



ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။
          ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။
....
ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။
          ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။
          ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊
          မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ် သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။
          ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း “နိုင်ငံရေးမပါလျှင် ပြီးရော” ကျင့်စဉ်ပဲ ဖြစ်ပါသည်။
          ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။
.....
မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။
          ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။
          ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။
          စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။
          စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။
          စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။
          ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။
          နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။
          ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ)
          သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။
          စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။
          အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။
          “တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်” ဟူ၏။
          ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။
          တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။
          မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။
          တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။
          တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး  ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။
          သို့သော် မတရားလုပ်သူတို့ မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ ဟု ဖြေသာရမလို ဖြစ်နေသည်။
          စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။
          သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။
          တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ)
          မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။
          စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊
          အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။
          နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင်
          ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊

မင်းကိုနိုင်
 ၂၃ ဇွန် ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈)

ဒီမိုကရက်တစ်မြန်မာ့အသံမှ ရခိုင်ပြည်နယ်အားထပ်ဆင့်လုပ်ကြံမှုတစ်ခု

by Myo Set on Tuesday, June 26, 2012 at 9:01pm ·
DVB သတင်းဌာနအနေနဲ့ ဘင်္ဂလားရိုဟင်ဂျာတွေဖက်က လုံးဝရပ်တည်မှာဖြစ်တယ်ဆိုတာကို ဗမာတွေမဖတ်တဲ့ ဒီလိုသတင်းမှာ ဖော်ပြလိုက်ပါတယ်။

(၁) ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ သုံးသပ်ပြောဆိုမှုတွေကို လျစ်လျူရှု၊ ဘာတီးလ်လင်တနာတို့နဲ့ Jihad Watch တွေက သတင်းရင်းမြစ်တွေရယ်၊ States Department က အစီရင်ခံစာ (ဝီကီလိခ်ကေဘယ်လ်မဟုတ်) တွေကိုလျစ်လျူရှုပြီး အမေရိကန်သံရုံးရန်ကုန်ရဲ့ ဝီကီလိခ်ကေဘယ်လ်မှာဖော်ပြထားချက်တွေဟာ မြန်မာစစ်အစိုးရရဲ့ အမေရိကန်နဲ့ အကြမ်းဖက်တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်လိုခြင်းကို ပြသဟန်ရှိတယ်ဆိုတဲ့ ဟာကို အလေးအနက်ထားဖော်ပြသွားပါတယ်။

(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သက်ဆိုင်ရာကော်မစ်ရှင်နာမင်းကြီးတို့က ဝန်ခံပြောဆိုနေတပေမယ့် "ရိုဟင်ဂျာတွေဟာ အကြမ်းဖက်သမားတွေဆိုတာ သက်သေမရှိဘူး" လို့ ခပ်ပြောင်ပြောင်ပဲ ဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာနရဲ့ အောက်ပါဆောင်းပါးမှာ ခုခံကာကွယ်သွားပါတယ်။

(၃)ရခိုင်အရေးအခင်းကာလအတွင်းမှာ လူဖတ်များခဲ့တဲ့ Hmuu Zaw ရဲ့စာမျက်နှာပါဖော်ပြချက်ကိုလည်း "ရိုဟင်ဂျာတွေကိုအပြတ်ရှင်းရေးစီမံချက်" အနေနဲ့ ဖော်ပြသွားပါတယ်။ သူ့ရဲ့ သက်သေပြချက်ကတော့ RFA သတင်းဌာနပါ ရဟတ်ယာဉ်များက နတ်မြစ်ပေါ်က ရိုဟင်ဂျာများကို ပစ်ခတ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းမှာ ဘယ်ဖက်က ရဟတ်ယာဉ်မှန်းမသိကြောင်းအတိအလင်းဖော်ပြခဲ့ပေမယ့် သတင်းရေးသူ Joseph Allchin ဟာ မြန်မာဖက်က ပစ်ခတ်လိုက်ကြောင်းကို ဖော်ပြခဲ့ပါတယ်။ သက်သေအတိအကျမရှိဘဲ ဒီလိုဖော်ပြခြင်းဟာ သတင်းထောက်ကျင့်ဝတ်နဲ့ ညီညွတ်ပါသလား။

(၄) DVB သတင်းဌာနအနေနဲ့ အရှက်ကင်းမဲ့စွာ တာဝန်မဲ့ဖော်ပြမှု ကတော့ ကိုမင်းကိုနိုင်ရဲ့ ဒီအရေးအခင်းအပေါ်မှာ ပေးခဲ့တဲ့မှတ်ချက်ကို ပြန်လည်ဝေဖန်မှုပဲ ဖြစ်ပါတယ်။  ကိုမင်းကိုနိုင်က "အကြမ်းဖက်မှုတွေဖြစ်လာခဲ့ရင်တော့ ဘယ်သူ့မျက်နှာမှမထောက်ပါနဲ့။ အားလုံးဝိုင်းဝန်းတာဆီးကြရပါလိ့မယ်" လို့ပြောခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ကိုမင်းကိုနိုင်က မီဒီယာတွေကို "ဘာသာရေးပဋိပက္ခ"အသွင်မဖော်ပြဖို့ တောင်းဆိုခဲ့ပြီး အင်အားကြီးသူက အင်အားနည်းသူကို ခြိမ်းခြောက်တာမျိုးတောင် မလုပ်ဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။ ဒါကို စာရေးသူက ဒီလိုရေးပါတယ်။ ရှုစားကြည့်ပါ။

"Ko Ko Gyi’s prominent colleague Min Ko Naing, a nom de guerre which translates to ‘Conqueror of Kings’, was more measured but with no sense of irony when he said, “it is most important to prevent incitement that would cause riots.”

Min Ko Naing was incarcerated precisely for inciting riots in 1988 and 2007.


အထက်ပါအတိုင်း စာရေးသူ Joseph Allchin ကဖော်ပြခဲ့တာပါ။ သူရဲ့ အပေါ်စာကြောင်းမှာ  ၁၉၈၈ နဲ့ ၂ဝဝ၇ တော်လှန်ရေးများလို့ မသုံးဘဲ ယခုရခိုင် အေ၇းအခင်းနဲ့ ထပ်တူ ထိုဒီမိုကရေစီတော်လှန်ရေးများကို Riots (အဓိကရုန်းများ) လို့တင်စားထားတာကိုတွေ့ရမှာပါ။

အဓိကရုန်းတွေ မလုပ်ဖို့ မင်းကိုနိုင်ကပြောပေမယ့် သူကိုယ်တိုင် ၁၉၈၈ နဲ့ ၂ဝဝ၇ အဓိကရုန်းတွေကို စတင်လှုံ့ဆော်ခဲ့သူမို့ အဖမ်းခံရတာပါပဲ ဆိုပြီး စော်ကားလိုက်တာ ဖြစ်ပါတယ်။

နောက်ပြီး မွတ်စလင်မ်တွေကိုမို့ နှိပ်စက်နေပါတယ်လို့ အစဉ်တစ်စိုက်အောက်ဟစ်ခဲ့တဲ့ ဒီသတင်းဌာနဟာ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဝေနှင်းပွင့်သုန်(ဘားမားကန်ပိန်းယူကေ) ရဲ့ အဖေ မွတ်စလင်မ်နိုင်ငံရေးသမား ကိုမြအေး ရဲ့ ရခိုင်တွေအပေါ် ရိုဟင်ဂျာတွေကျုးလွန်တာကို လုံးဝ လက်မခံကြောင်းနဲ့ "ထိထိရောက်ရောက်" အရေးယူပေးဖို့ ပြောသွားတာကိုတော့ "ရည်ရွယ်ချက်ရှိရှိ" လျစ်လျူရှုသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်ပြီး နှစ်ဖက်အပြန်အလှန်မီးရှို့မှုများလို့ ဖော်ပြခဲ့ပေမယ့် ကူတောင်ကျေးရွာ၊ ရသေ့တောင်မှာ ဖြစ်ပွားခဲ့တဲ့ ၇ခိုင်ဆယ်ဦးအသတ်ခံရတဲ့အရေးအခင်းကိုတော့ "ထုံးစံအတိုင်း" မသိချင်ယောင်ဆောင်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဆင်းရဲလှတဲ့ ရိုဟင်ဂျာ ရှစ်သိန်းက မြန်မာ့အချုပ်အခြာအာဏာကို ထိပါးနိုင်မယ်လို့ထင်နေရင် ထိုင်းမှာ ဒုက္ခသည်အဖြစ်နေနေတဲ့ မြန်မာတွေက ထိုင်းနိုင်ငံကို အကြိမ်ပေါင်းများစွာ သိမ်းပိုက်လိုက်ပြီးပြီ ဆိုပြီး ဒုက္ခသည်စခန်းတွေနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းဆက်စပ်မှု၊ မူဂျာဟစ်တွေနဲ့ ဘူးသီးတောင်ဒေသလုံခြုံရေးကို မသိနားမလည်ဘဲ ၈၈မျိုးဆက်ကျောင်းသားတွေကို စော်ကားလိုက်ခြင်း၊ မြန်မာလူထုတစ်ရပ်လုံးကိုစော်ကားလိုက်ခြင်းပဲဖြစ်ပါတယ်။

ဒီဆောင်းပါးကို မြန်မာပိုင်းအစီအစဉ်မှာမတွေ့ရပါ။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက အင်္ဂလိပ်လိုဖတ်ရှုသူတွေသာ ဖတ်မိပြီး ပြည်တွင်းက ပရိသတ်တွေကို နားလှည့်ပါးရိုက်လုပ်ဖို့ ကြံစည်တာဆိုတာ သိပ်ကို ပေါ်လွင်ထင်ရှားသွားပြီဖြစ်ပါတယ်။ ယနေ့ ဟန်ယောင်ဝေ အာရပ်တွေနဲ့ လက်မှတ်ထိုးခဲ့တဲ့ DVB ခေါ် ဒီမိုကရက်တစ်မြန်မာ့အသံဟာ ရိုဟင်ဂျာဘင်္ဂလားများဖက်မှသာ တောက်လျှောက်ရပ်တည်လို့ ရခိုင်ပြည်နယ်က တိုင်းရင်းသားများကို စော်ကားလိုက်ပြီ၊ ဗမာများနဲ့ ကျန်ပြည်ထောင်စုဖွားတိုင်းရင်းသားတွေရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးနေပြီဆိုတာ ဒီဆောင်းပါးက သက်သေပြနေပြီပဲဖြစ်ပါတယ်။

အောက်ပါလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ကြပါတယ်။

www.dvb.no/analysis/the-rohingya-myths-and-misinformation/22597

အပေါ်ကလင့်ခ်ထဲက ဆောင်းပါးကို သေသေချာချာ ဖတ်ကြစေချင်ပါတယ်။ နောက်ပြီး နော်ဝေအစိုးရထံ တရားဝင်ကန့်ကွက်လွှာပို့ဖို့တောင်းဆိုချင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေက ရိုဟင်ဂျာတွေကို လက်မခံဘူးဆိုတာကို ပြောလိုက်အပြီးမှာ သူတို့ကို ပြည်ပမီဒီယာတွေက တိုက်ခိုက်လာတော့မယ်ဆိုတာကို ခန့်မှန်းကြတဲ့အတိုင်း စတင်တိုက်ခိုက်လာပြီဖြစ်ပါတယ်။

ပန်းတောင်းမှလယ်သမားများလွတ်လာသော်လည်း ရွာကိုစစ်တပ်က၀ိုင်းထား

by Yangon Press International on Saturday, July 14, 2012 at 8:45am ·
၂၀၁၂၊ ဇူလိုင် ၁၄ (YPI)

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စစ်တပ်သိမ်းထားသောမြေပေါ်ထွန်ယက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သော လယ်သမားများကို ယမန်နေ့ည ၈း၃၀ ခန့်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ကျေးရွာနှစ်ရွာကို စစ်သားများက ၀ိုင်းထားသည်ဟု နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့ကပြောသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ရွာသစ်ကုန်းနှင့် ပုတီးတောကျေးရွာ နှစ်ရွာကို အမှတ်(၃) တပ်မတော်ကာကွယ်ရေး ပစ္စည်းစက်ရုံမှ စစ်သားများက ၀ိုင်းထားပြီး `အထဲက သူတွေ အပြင်ပေးမထွက်ဘူး၊ အပြင်ကလည်း ပေးမ၀င်ဘူး´ ဟု လယ်သမားအရေး ဆောင်ရွက်ပေးနေသူ နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေးဆောင်ရွက်ရေးအဖွဲ့မှ ကိုရဲထင်ကျော်က YPI သို့ပြောသည်။


က.ပ.စ(၃) မှသိမ်းယူထားသော လယ်မြေများပေါ်တွင် ထွန်ယက်ခွင့်ရရန်ကြိုးစားနေသော လယ်သမားများ
၎င်းကျေးရွာနှစ်ရွာရှိလယ်မြေဧက ၇၀ ခန့် ကို က.ပ.စ(၃) က ၁၉၈၉ ခုနှစ်အတွင်းကသိမ်းယူခဲ့ချိန်မှစတင်ကာ ဒေသခံလယ်သမားများက နှစ်စဉ်သီးစားခပေးကာ လယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည်ဟု နိုင်ငံသားနှင့် နိုင်ငံ့အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ဇွန်လ ၈ ရက်နေ့က ၎င်းလယ်မြေများပေါ်မှ အပြီးပိုင်ထွက်ခွါပေးရန် က.ပ.စ(၃) မှတာဝန်ရှိသူများကပြောသောကြောင့် လယ်သမားများက အခက်အခဲများကို သက်ဆိုင်ရာတာဝန်ရှိသူများသို့ တင်ပြအသနားခံရန်ကြိုးစားခဲ့ကြသည်။

လယ်စိုက်ချိန်ရောက်ရှိလာသောကြောင့် ယခုလ ၁၂ ရက်နေ့က လယ်သမားများစုပေါင်းကာ စစ်တပ်သိမ်းထားသောလယ်မြေများတွင်ဝင်ရောက်ထွန်ယက်ကြသောအခါ ကပစ ၃ စစ်ရုံမှူး ဒုဗိုလ်မှူးကြီး သန်းရွှေကိုယ်တိုင် စစ်သား ၂၀ ခန့် နှင့်ရောက်လာပြီး ဗီဒီယိုမှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့သည်ဟု လယ်သမားများကပြောသည်။

ထို့နောက် သီးစားခသွင်းထားသော ပြေစာများရှိပါက မြေစာရင်းဦးစီးဌာနသို့သွားရောက်ပြီး မေးမြန်းခိုင်းသောကြောင့် နောက်တစ်နေ့တွင် မြေစာရင်းရုံးသို့အသွား လမ်းတွင် က.ပ.စ(၃) မှစစ်သားများက လယ်သမား ခုနစ်ဦးကိုဖမ်းဆီးခဲ့သည်။ ထို့နောက် လယ်စောင့်တဲများကိုလည်း ဖျက်ခိုင်းခဲ့သည်။

ယခုကိစ္စနှင့်ပတ်သတ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတဆီသို့ တင်ပြအကူအညီတောင်းခံသွားရန် အမြန်ဆုံးစီစဉ်လျှက်ရှိကြောင်း ကိုရဲထင်ကျော်ကပြောသည်။  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလယ်မြေများကိုလည်း ကုမ္ပဏီများက သိမ်းယူပြီး အဆောက်အဦများဆောက်လုပ်ရန်ကြိုးစားလာမှုကြောင့် ယခုလ ၂ ရက်က အိုးအိမ်ဦးစီးဌာနရှေ့တွင် လယ်သမားများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။    ။

ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ ......

  Min Kyaw Khine (facebook)

 စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါး

ကြိုးမိန့် ကျထားသည့် ဦးစော အတွက် ဇနီးဖြစ်သူ ဒေါ်သန်းခင်နှင့် သမီး
ဘေဘီစောတို့သည် ဒေါက်တာဘမော်နှင့် ဒေါက်တာ ဘဟန်တို့အား အယူခံရှေ့နေလိုက်ပေးရန် တောင်းပန်ပါသည်။ သို့သော် အချည်းနှီး ဖြစ်သွား ခဲ့ရသည်။(ဗမာ့ခေတ်သတင်းစာ၊ ၁-၁-၁၉၄၈)


၁၉၄၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ တွင် ဦးစော၏ဇနီးဖြစ်သူ ဒေါ်သန်းခင် သည် ရှေ့နေကြီး
မစ္စတာဟက်ဗောက်မှ တစ်ဆင့် အင်္ဂလန်ပြည်၊ လန်ဒန်မြို့ရှိ ဦးစော၏ညီဝမ်းကွဲ ဦးမောင်မောင်ကြီးထံ ထိုခေတ်ငွေ ကျပ် ၂၀ဝ၀ အကုန်ခံပြီး သံကြိုးတစ်စောင် ပို့ကာ အကူအညီ တောင်းခဲ့ပါသည်။ ထိုသံကြိုးစာတွင် ဤ အမှုသည် အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သဖြင့် ဘိလပ်ပရီဗီကောင်စီတွင် အယူခံဝင်ခွင့်ရှိကြောင်း၊ တရားဥပဒေ အားဖြင့် ညွှန်ကြားအကြံဥာဏ်ပေးနိုင် သော ဥပဒေပါရဂူများရှာဖွေပေးရန် ပါရှိ သည်။(ဗမာ့ခေတ်သတင်းစာ၊ ၁၁-၃-၁၉၄၈)
ဦးစော၏ လက်နက်မှုကြီးကို ၁၉၄၈ ခုနှစ် ဧပြီလ ၂၀ ရက်၊ နေ့လယ် ၂ နာရီ အချိန်တွင် အင်းစိန်ထောင်ကြီးထဲတွင် အင်းစိန်သတ္တမ တရားသူကြီးက စတင် စစ်ဆေးခဲ့သည်။ ဦးစောမှာ အတော်လေး ပိန်ချုံးသွားသည်။ ဦးစောက အမှုတွင် ပါဝင်သည့် ကလေးများသည် မိမိအိမ်မှ ကလေးများဖြစ်သဖြင့်သူတို့အတွက်ရှေ့နေ ငှားပေးရန်မှာ မိမိတာဝန်ဖြစ်ကြောင်း ပြောကြားသည်။ ဦးစောက တရားခံများ ကို တွေ့ဆုံရန် တောင်းဆိုသည်။ တရား သူကြီး ဦးစိုးက မိမိတွင် အာဏာမရှိ၊ အထက်အရာရှိများနှင့်သာ စကားပြောစေ လိုကြောင်း ပြောကြားခဲ့သည်။(ဟံသာဝတီသတင်းစာ၊ ၂၁-၄-၁၉၄၈)
အင်းစိန်ထောင်ကြီးထဲတွင် နိုင်ငံ တော် လုပ်ကြံမှုတရားခံ နံပါတ်တစ် တရားခံ ဦးစောထံသို့ ဇနီးဖြစ်သူ ဒေါ် သန်းခင်နှင့် သမီး ဘေဘီစောတို့ ဧပြီလ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ သည်။ ဒေါ်သန်းခင်နှင့် ဘေဘီစောတို့က ဦးစောအား ဇိနတ္ထပကာသနီကျမ်းစာအုပ် တစ်အုပ် ပေးခဲ့ကြသည်။ ဦးစောက သူ ရေးသားထားသော စာရွက်ပေါင်း ၄၀ ကျော် ၅၀ ခန့်ရှိမည့် သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာတမ်းရှည်ကြီးကို ပေးအပ် လိုက်သည်။(ဟံသာဝတီသတင်းစာ၊ ၂၁-၆-၁၉၄၈)
အင်းစိန်ထောင်မှနေပြီး ဦးစောသည် ဇနီးဖြစ်သူဒေါ်သန်းခင်ထံ စာတစ်စောင် ကို အောက်ပါအတိုင်းရေးပို့လိုက်သည်။ မာမီခင် ကျွန်တော်၏ အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍ တရား နှင့်ဖြေပါ။ သတိသံဝေဂဖြစ်ပါ။ အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူ ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။ အမျှအတန်း ဝေပါက ကုသိုလ်ရနိုင်ပါသည်။ ဤသို့ သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။(မြန်မာ့အလင်း၊ ၁-၅-၁၉၄၈)
ဦးစော သေသောအခါ ရုပ်ကလပ်ကို ဇနီးဖြစ်သူ ဒေါ်သန်းခင်က အပြင်တွင် သင်္ဂြိုဟ်ရန် တောင်းဆိုခဲ့သည်။ ဆိုင်ရာမှ ခွင့်မပြုခဲ့ပေ။ သို့သော် တရားခံများအား သရဏဂုံတင်ရန်ကိစ္စတွင် ၄င်းတို့ အလိုရှိ သည့် ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး သရဏဂုံ တင်ခွင့်ကို ဧပြီလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့များတွင် ပြုလုပ်ခွင့်များ ပေးခဲ့သည်။(မြန်မာ့အလင်း၊ ၆-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက် သည့် မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ် သို့အယူခံဝင်ရောက်ရေးအတွက်အခွင့်ထူး ပေးရန် ဝင်ရောက်ထားကြသော ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့၏အမှု ကို ဧပြီလ ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင် တရားဝန်ကြီးချုပ် ဆာဘဦး၊ တရားဝန်ကြီး ဦးအေးမောင်နှင့် တရား လွှတ်တော် တရားဝန်ကြီးချုပ် ဦးသိမ်း မောင်တို့ကကြားနာစစ်ဆေးပြီး စီရင်ချက် ချမှတ်လိုက်သည်။ ယခုအမှုတွင် မှား ယွင်းစွာဖြင့် တရားဥပဒေကြောင်းအား ဖြင့်လည်းကောင်း၊ အကြောင်းအရာအား ဖြင့်သော်လည်းကောင်း စစ်ဆေးခဲ့သည့် ခုံရုံးနှင့် တရားလွှတ်တော်တို့က မှားယွင်း စွာ ဆုံးဖြတ်ထားခြင်းမရှိသည်ကို တွေ့ရ သည့်အတွက် တရားခံတို့သည် ဤရုံး တော်သို့ အယူခံဝင်ရန် အခွင့်တောင်းခြင်း သည် မပေးသင့်ဟုဆိုကာ တရားခံတို့၏ အယူခံဝင်ရောက်ရေးခွင့်ပန်လွှာကို ပယ်ချ လိုက်သည်။ (သံတော်ဆင့်၊ ၁၈-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ် သက်သည့် ဦးစောနှင့် အပေါင်းအပါ တရားခံ ၈ ဦးအား မေလ ၈ ရက်နေ့တွင် ကွပ်မျက်ရန်၊ အထူးခုံရုံးအဖွဲ့မှ ဆိုင်ရာသို့ ၂၈-၄-၄၈ ရက်နေ့က သေဒဏ်ဝရမ်းများ ထုတ်ပေးလိုက်သည်။ ဦးစော၏ဇနီး ဒေါ် သန်းခင်သည် ၂၇-၄-၄၈ နေ့စွဲဖြင့် ゞင်း ၏ အေဒီလမ်းရှိ နေအိမ်ကို ပြန်ပေးရန်နှင့် ၄င်း၏ လင်ယောကျာ်း အဆုံးစီရင်ပြီး သောအခါ အလောင်းကို ထိုအိမ်သို့ယူ ဆောင်ကာ သင်္ဂြိုဟ်ခွင့်ပြုရန် ဆိုင်ရာသို့ တောင်းဆိုထားသည်။(သံတော်ဆင့်၊ ၂၉-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ကြိုးဒဏ်အတည်ပြုခြင်းခံရ သည့် ဦးစောသည် မေလ ၆ ရက်နေ့ ညနေအချိန်တွင် အင်းစိန်ထောင်အတွင်း ၌ မိုးညှင်းဆရာတော်ကြီးနှင့် အခြား ဆရာတော်သုံးပါးတို့၏တရားတော်တို့ကို နာယူခဲ့သည်။ ဦးစောက မိုးညှင်းဆရာ တော်ကြီးကို ငွေကျပ် ၄၅၀ဝ ရေစက်ချ လှူဒါန်းခဲ့သည်။(သံတော်ဆင့်၊ ၇-၅-၁၉၄၈)
မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်တွင် ဦးစောနှင့် အပေါင်းအပါ တရားခံများအား ကြိုးဒဏ်ပေးမည် ဖြစ် သည်။ ရန်ကုန်ထောင်ကြီးထဲတွင် ရန် ကြီးအောင်နှင့် စိန်ကြီးတို့အား လည်း ကောင်း၊ အင်းစိန်ထောင်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့အား လည်းကောင်း နှစ်ယောက်တစ်တွဲစီ တစ် နာရီခြား ကြိုးပေးမည်ဖြစ်သည်။ မောင်နီ နှင့် သုခတို့မှာ နောက်လိုက်ငယ်သားများ ဖြစ်သောကြောင့် သမ္မတကြီး၏ ဆန္ဒအရ မေလ ၆ ရက်နေ့တွင် နိုင်ငံတော် ဇီဝိတ ဒါနအဖြစ် သေဒဏ်မှ ချမ်းသာပေးကာ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲ လိုက်သည်။(သံတော်ဆင့်၊ ၈-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုတရားခံ ဦးစော အား ချုပ်နှောင်ထားသည့် ကြိုးတိုက် အမှတ် ၃ တွင် ကြိုးဒဏ်မခံရမီ တစ်နေ့ က အောက်ပါစာလေးကို ကြိုးတိုက်နံရံ တွင် ခဲဖြင့်ရေးသွားခဲ့သည်။ အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရသည်။ ဥယိဋ္ဌကကံကကပ်၍ နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းခုတား သေသည်နောက်တိုင်အောင် ကျန်ရှိလေ၏။(အိုးဝေ၊ ၂၇-၈-၁၉၄၈)
နံနက် ၅ နာရီ မိနစ် ၂၀ တွင် ရောက် ရှိကြသော ပရိသတ်များက ဦးစောထား ရာ ကြိုးတိုက်သို့သွားကြကြောင်း၊ ခဏမျှ အကြာတွင် ၄င်း၏အခန်းကို ဖွင့်ပေးလိုက် ရာ ၄င်းဆင်းမည်အပြုတွင် ကြိုးစင်တင် သောအခါ ဝတ်ရသောအင်္ကျီရှည်အဖြူကို ဝတ်ပေးမည်လုပ်ရာ ဦးစောက ဟိုပေါ် ရောက်မှဝတ်ပါလားခင်ဗျာဟု တောင်းပန် သည့်အတွက် မဝတ်ဘဲ ထောင်ပိုင်ကြီးက မူးမိုက်သွားမည်ကို စိုးရိမ်သဖြင့် လက်မောင်းမှ တွဲခေါ်လာကြောင်း၊ ထိုအချိန် သည်ကား နံနက် ၅ နာရီခွဲ တိတိပင် ဖြစ်၏။ ဦးစောမှာ ကြိုးတိုက်မှ ကြိုးစင်သို့ အရောက်တွင် လိုက်လာရာ ၄င်းကိုယ် တွင် ပိုးရှပ်အင်္ကျီအပြာလက်တိုနှင့် ပိုးရှမ်း ဘောင်းဘီကို ဝတ်ဆင်၍ ရှေ့ထိုးဖိနပ် အနက်ကို စီးလာကြောင်း။ ဦးစောမှာ နောက်ဆုံးအချိန်အထိ ဣနြေ္ဒမပျက်ဘဲ ပြုံးပြုံးရယ်ရယ်နှင့် ထောင်ပိုင်ကြီးအား(ဂွတ်ဘိုင်)ဟုပင် နှုတ် ဆက်သွားသေးသည်ဆိုကြောင်း။ ကြိုးစင်ပေါ်သို့ မတက်မီ ထောင် အရာရှိကြီးများက ၄င်းတို့ထုံးစံအတိုင်း ဘုရားကို အာရုံပြုရန် ခွင့်ပြုကြောင်း။ ဦးစော ကြိုးစင်ပေါ်သို့ရောက်သောအချိန် သည်ကား ၅ နာရီ ၃၂ မိနစ်ခန့်ရှိပြီဖြစ်ရာ ၄င်းအား အင်္ကျီရှည်ကို ထောင်မှူးကြီးက ဝတ်ပေးပြီး လက်နှင့်ခြေတို့ကို ကြိုးဖြင့် တုပ်ကာ အိတ်ဖြူစွပ်လိုက်ပြီး ကြိုးကွင်း ကို စွပ်လိုက်သည်။ တစ်ခဏမျှကြာသော အခါ ကြိုးတိုက်ဆိုင်ရာ ထောင်မှူးကြီးက ဖြုတ်လိုက်တော့ကြောင်း၊ ထိုအချိန်သည် ၅ နာရီ ၃၃ မိနစ်တိတိအချိန်ပင် ဖြစ်ရ ကား သံပြားကျသွားသော ဒိုင်းဟူသော အသံမှတစ်ပါး ဘာမှမကြားရ။ ကြိုးစင် အောက်ဘက်သို့ လှမ်းကြည့်လိုက်သော အခါ မပြောပလောက်သော လှုပ်ရှားမှု ကလေးဖြင့် မိနစ်အနည်းငယ်အတွင်း ဇီဝိန်ချုပ်သွားတော့ကြောင်း။ (သတင်းစာရေးသားချက်အတိုင်း ကူးယူဖော်ပြသည်) (သံတော်ဆင့်၊ ၈-၅-၁၉၄၈)
ဂဠုန်ဦးစောဇနီးထံမှ လျော်ကြေး ၄ သိန်းရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခြင်းခံရမှုတွင် ပါဝင် သည့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဌာန အတွင်းဝန် ဦးအုန်း မောင်၏ ကျန်ရစ်သူဇနီး ဒေါ်သိန်ြးွကယ် နှင့် သားသမီးများက တရားလွှတ်တော် တွင် တရားမကြောင်းဖြင့် တရားစွဲဆိုခဲ့ သည်။ အဆိုပါ တရားမမှုကြီးနှင့်ပတ် သက်ပြီး ဒေါ်သိန်ြးွကယ်ဘက်မှ လိုက်ပါ ဆောင်ရွက်သည့်ဝတ်လုံတော်ရမှာ ဒေါက် တာ ဘဟန် ဖြစ်သည်။ (မြန်မာ့အလင်း၊ ၂၉-၆-၁၉၅၀)

မှတ်ချက်
အချက်အလက်များကို လွတ်လပ်ရေးကြေညာပြီး ချိန် မြန်မာနိုင်ငံ၊ ၁၉၄၈-၁၉၉၈ ရွှေရတု နှစ် ငါးဆယ်ပြည့် ပြည်ထောင်စုမြန်မာနိုင်ငံသတင်းစာ မှတ်တမ်းများ၊ ပထမတွဲနှင့်ဒုတိယတွဲ၊ တက္ကသိုလ် စိန်တင် စာအုပ်များမှရယူပါသည်။
တင်ညွန့်
နောက်ဆက်တွဲ...

"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"

(ဒေါ်အောင်ဆန်းစုကြည်)

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။

သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက် ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။

“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့ အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။



မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။

ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။

“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့် စကား ပြောခဲ့ဖူး သည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း (စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ် ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့ သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘော မထားကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။

အန်ဂျီအို တစ်ချို့ နိုင်ငံတော် ဆန့်ကျင်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေဟု ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ထုတ်ဖေါ်ပြောကြား


ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အန်ဂျီအို တစ်ချို့သည် နိုင်ငံခြားမှ ငွေကြေးများဖြင့် နိုင်ငံတော်အား ဆန့်ကျင်သည့် လုပ်ငန်း တစ်ချို့တွင် ပါဝင်နေကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက တာဝန်ရှိသူ တစ်ဦးက ယမန်နေ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။
အန်ဂျီအိုများကြောင့် ဘင်္ဂလီ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလန်းများ တိုးပွားလာခဲ့သည်။
“ ဒီနိုင်ငံက အန်ဂျီအို တစ်ချို့ဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကျင့်သုံး လုပ်ဆောင်နေတာကို တွေ့နေရပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ လူမူရေး ၀န်ကြီးက Enamul Hoque Mostafa shahid မနေ့က ထုတ်ဖေါ် ပြောကြားသည်။
သို့အတွက် အန်ဂျီအို ၅၀၀၀အား မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခဲ့ရသည်ဟု ဆိုသည်။
၎င်းအန်ဂျီအိုများသည် နိုင်ငံတော်အား ဆန့်ကျင်သည့် လုပ်ရပ်များကို ဆောင်ရွက်နေ၍ မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ရသလို တစ်ချို့ အန်ဂျီအိုများမှာ ငွေအသုံးစာရင်းများကို စနစ်တကျ မတင်ပြနိုင်၍ ဖြစ်ကြောင်း သူက ပြောသည်။
ထိုအထဲမှ တချို့ အန်ဂျီအိုများကို လုံးဝ ပိတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။
သို့အတွက် လက်ရှိ အစိုးရ အနေဖြင့် အန်ဂျီအိုများအား ထိန်းကျောင်းမည့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဥပဒေ တရပ်ကို ပါလီမန်တွင် ပြဌာန်းရန် စီစဉ်နေကြောင်း သူက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ရှိ အန်ဂျီအိုများကို အစိုးရ အဖွဲ့အစည်း တစ်ခုတည်း လက်အောက်တွင် ထားရှိပြီး သူတို့၏ လုပ်ဆောင်နေမူများအား (အထူးသဖြင့် စစ်သွေးကြွများနှင့် ပူးပေါင်း ဆောင်ရွက်နေမူ)များကို စောင့်ကြည့်ရန် အစီအစဉ်များလည်း ပြုလုပ်နေကြောင်း သူက ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ကမ္ဘာပေါ်တွင် အစိုးရမဟုတ်သော အန်ဂျီအို အများဆုံး တည်ရှိသော နိုင်ငံ တစ်ခု ဖြစ်ပြီး အန်ဂျီအိုများကြောင့် ဘင်္ဂလာဒေခ်ျ့ ဖွံ့ဖြိုး တိုးတက်မူကို များစွာ အထောက်အကူ ပြုခဲ့သလို  တခြားတဘက်တွင်လည်း မူမမှန်သော အန်ဂျီအိုများ၏ နိုင်ငံတော် ဆန့်ကျင်ရေး လုပ်ငန်းများကြောင့် ထိခိုက်နစ်နာမူများ ရှိနေကြောင်း သိရသည်။
 http://www.narinjara.com/burmese/?p=1268

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လွတ်မြောက်ရေးကို လျှို့ဝှက်စွာလှုပ်ရှားနေသော အေဇက်ဂျီ


http://www.thithtoolwin.com

စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာ

အဂ္ဂမဟာ ဒီမိုဖက်တီး

သောကြာနေ့ လွတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီး ပါလာတဲ့ စာရွက်ကို ထုတ်ပြီး ပိတ်ဆို့မှု အကြောင်းကို ဆွေးနွေးသွားတာပါ။ လွတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။

ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။

-- DD85 MMCP
Scuba Som ဒါကြောင့်ပြောတာပေါ့ဗျာ..ကိုယ့်သောက်လုပ်ကို..ပီပြင်အောင်...မလုပ်ဖူး။အရေးတကြီးလုပ်ရမဲ့...ရင်းနှီးမြှုတ်နှံရေးဥပဒေက..အခုဘဲပြီးတော့မလိုလို..နောက် ၃ လ မှလိုလို..ဘာမှပီပီပြင်ပြင်မရှိသေးဘူး။ဇွတ်ကြီးခေါ်နေတယ်။ဘုန်းကြီးရူးနဲ့လှေလူးမပါဗျာ။ စကာင်္ပူက..ကမကထ လာလုပ်ပေးသွားတဲ့..စီးပွားရေးရင်းနှီးမြှုတ်နှံမှု..ဆွေးနွေးပွဲလုပ်သွားတဲ့..၂ ရက်..မှာ..လုပ်ငန်းရှင်တွေပြောသွားတာ..လိုအပ်ချက်တွေ..အများကြီး...အထူးသဖြင့်..ဥပဒေ ပီပီပြင်ပြင်...မရှိသေးတာကို..ပြောသွားတယ်။လွှတ်တော်ထဲ..သွားထိုင်ငိုက်တဲ့သူကငိုက်၊ ဒေါ်စုကို..ဂျောက်ချပြီးနိုင်ငံရေးအမြတ်ထုတ်ဖို့...ဆင်ကြံကြံတဲ့သူတွေကကြံ။၂၀၁၅ အာစီယံ နိုင်ငံတွေနဲ့...အပြိုင်ကြဲဘို့ဆို..ဒီလို..အူကြောင်ကြား..လွှတ်တော် အမတ်တွေ..ဆက်ရှိနေမယ်ဆိုရင်..မြန်မာပြည်က..အများဆုံး...အခွန်လွတ်..တင်ပို့နိုင်တာဆို..”ဖာ” တွေဘဲ အများဆုံးဖြစ်မယ်ဗျို့..။

ဆန်ရှင်ကိုသိပ်မပူပါနဲ့ နန်းဝါနုလေးကိုပြောလိုက်ပါတဲ့

Aung Thu Ra........ အဲဒီကလေးမ ကိုတွေ့ ရင်ပြောပေးပါ ပြည်ပဆန်ရှင်းကကြောက်စရာမလို ဘူး ပြည်တွင်းဆန်ရှင်းပဲကြောက်တဲ့ Policy and Managment ကို Master ယူခဲ့တဲ့ဒေါက်တာစိုးထွန်းနဲ့ ဒီနေ ညကပဲ ပြောနေတဲ့ KBZ ဒုဥက္ကဌဦးသန်းလွင် ကပြောပါသေးတယ် ဆန်ရှင်ကိုသိပ်မပူပါနဲ့ နန်းဝါနုလေးကိုပြောလိုက်ပါတဲ့လုပ်စရာ ရှိတာတွေအရင်လုပ်ပါတဲ့...

ကိုကိုကြီးပြောပြသော ဒီနေ့  ရခိုင်ပြည်နယ်...၊

ရခိုင်တိုင်းရင်းသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး မြို့လုံးကျွတ်ကော်မတီကUN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်

ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တာမဟုတ်ပါ။

Nyo Htet
ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )

မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။

ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။

နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။

ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။

ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။

မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။

ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။

ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။

( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )

ဘာသာရေးတာဝန်တွေလား.......)?????


အင်ဒိုနီးရှားရှိမြန်မာသံရုံးရှေ့တွင်အစ္စလမ်
ကာကွယ်ရေးတပ်ဦး(the Islamic Defenders Front (FPI))
ပါဝင်သော၃၀၀ထက်မနည်းသောသူများဆန္ဒပြရာ
အင်ဒိုနီးရှားရဲ၅၀ခန့်သံရုံးကိုအကာအကွယ်ပေးခဲ့ရသည်။

တကယ်လို့သံရုံးကငါတို့နဲ့မဆွေးနွေးချင်ရင်
သံရုံးထဲဝင်ပြီပြောင်းပြန်လှန်လိုက်ကြ။လို့..
အလာသည်သာအမြင့်မြတ်ဆုံးလို့အော်ဟစ်
နေသောဆန္ဒပြခေါင်းဆောင်ကတောင်းဆိုခဲ့သည်။
အစ္စလမ်ကိုးကွယ်သူတွေဆီကကျတဲ့သွေးတစက်စီ
အတွက်ပြန်ပေးရမယ်။ဘယ်အရာမှအလကားမရဖူး။
မြန်မာကိုသွားပြီးညီအကိုတွေအတွက်ဘာသာရေးတာ
ဝန်ထမ်းဆောင်ကြ....ငါတို့တပ်ဦးကထမ်းဆောင်ဖို့
အသင့်ပဲ...

(အပေါ်ကဘာသာပြန်ပြထားတာတွေက
ဘာသာရေးတာဝန်တွေလား.......)?????




http://www.thejakartaglobe.com/news/indonesian-islamic-hard-liners-vow-jihad-for-myanmars-rohingyas/530406

သူတို့ခါးပိုက်ဆောင်ဗိုလ်ချုပ်ကို ဒုသမ္မတရာထူးရဖို့အထူးကြိုးပမ်းအားထုတ်နေကြတယ်၊

Zawone Lay

အလာအရှင်ရဲ့မြေလို့အဓိပ္ပါယ်ယူထားဆဲ့ Great Father Land ကုမ္ပဏီပိုင်ရှင်တွေဟာ ဘင်ဂလီတွေပါ၊
အဲဒီအုပ်စုကအရမ်းကိုအစွမ်းထက်ပြီးလျှို့ဝှက်ပိရိတဲ့ ခရိုနီတွေပါ၊ သူတို့နောက်ကွယ်မှာ
နိုင်ငံတကာကမူဆလင်အစွန်းရောက်တွေကကျောကန်ပေးထားတယ်၊ စစ်အစိုးရထိပ်သီးပိုင်းတွေနဲ့အလွန်ရင်းနှီးပြီးတော့
ဗိုလ်ချုပ်ကြီးတွေကသူတို့ခိုင်းသမျှဖြစ်နေတယ်၊ သူတို့ဘယ်လောက်ထိလည်သလဲဆိုရင် နိုင်ငံတော်သံဃာ့မဟာနာယကဘုန်းကြီးတွေကိုပါ
လှုဒါန်းပေးကမ်းပြီးဝင်ရောထားကြပါတယ်၊ ဒီလိုနဲ့ဗုဒ္ဓဘာသာကိုပါသွေးခွဲသပ်လျှိုနေကြတယ်၊
အမြင်ကပ်တဲ့ဘုန်းကြီးတွေကိုလည်း နိုင်ငံတော်သံဃာ့မဟာနာယကနဲ့
ဗိုလ်ချုပ်ကြီးတွေကတဆင့်ပိုပိုသာသာ ခြေထိုးပေးကြတယ်၊ ရွှေဝါရောင်တော်လှန်ရေးတုန်းကလည်း ဗိုလ်ချုပ်တွေဘက်ကစိုးရိမ်သလိုနဲ့
မသိမသာ မြှောက်ပေးခဲ့တယ်လို့သိရတယ်၊ အခုရခိုင်ပြည်နယ်မှာဖြစ်သွားတဲ့ မူဆလင်အစွန်းရောက်တွေရဲ့အကြမ်းဖက်မှုတွေမှာ
သူတို့အုပ်စုတွေကပြည်ပက မူဆလင်အဖွဲ့တွေနဲ့ဆက်သွယ်ပြီး ကြံ့ဖွတ်ဗိုချုပ်တွေနဲ့ပေါင်းပြီး
ပြည်တွင်းကနေအဓိကလှုပ်ရှားခဲ့ကြတယ်၊ အဲဒါကြောင့်မနေ့ကသတင်းတစ်ခုမှာ ရခိုင်အရေးအခင်းဖြစ်နေချိန် သူတို့လုပ်တဲ့
အိမ်ရာဖွင့်ပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဗိုလ်ချုပ်မြင့်ဆွေနဲ့အတူတွေ့ရတာ၊ ဒါဟာ အခမ်းအနားဘမ်းပြပြီး လာဘ်ထိုးပြီး
သူတို့လိုချင်တာတွေကိုတောင်းဆိုခဲ့ကြတာ၊ ဒါကြောင့်ပြည်တွင်းသတင်းဂျာနယ်တွေကို ဒီဗိုလ်ချုပ်ကကြိမ်းမောင်းခဲ့တာပေါ့၊ အခုလည်း
ဒီကောင်တွေပဲပွဲစားလုပ်ပြီး သူတို့ခါးပိုက်ဆောင်ဗိုလ်ချုပ်ကို ဒုသမ္မတရာထူးရဖို့အထူးကြိုးပမ်းအားထုတ်နေကြတယ်၊ ဒါတွေကိုမဖေါ်ထုတ်
အရေးမယူဘူးဆိုရင် မြန်မာပြည် ၅ပါးမက သံဃာစင်ပါမှောက်တော့မယ်။
(မှတ်ချက်၊ ၄င်းတို့နှင့်နီးစပ်သောအသိုင်းအ၀ိုင်းမှပေးပို့သော ပြည်တွင်းခိုင်လုံသောသတင်းပါ)

ခေါ်သတိပေးလောက်စရာစကားလုံးမပါရှိ

 
 Thein Win


Yangon Press International
ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးသတင်းဖော်ပြခဲ့သော သတင်းဂျာနယ်နှစ်စောင် ခေါ်ယူသတိပေးခံရ

၂၀၁၂၊ ဇွန် ၁၂ (YPI)

ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး လေဖြတ်ပြီး စင်္ကာပူသို့ဆေးသွားကုသည့်သတင်း ဖော်ပြခဲ့သော ပြည်တွင်းဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက ယမန်နေ့က ခေါ်ယူသတိပေးခဲ့သည်။

စိစစ်ရေးက ၎င်းသတင်းကို မဖော်ပြရန်ညွှန်ကြားထားသော်လည်း ဗီးနပ်စ်နယူးစ်နှင့် ရန်ကုန်တိုင်းမ် သတင်းဂျာနယ်များက ပုံနှိပ်ဖော်ပြခဲ့သောကြောင့် ခေါ်ယူသတိပေးခံရခြင်းဖြစ်သည်

`စိစစ်ရေးကမထည့်ဖို့ပြောထားတာကို ထည့်လိုက်လို့ ခေါ်သတိပေးတဲ့သဘောပါပဲ။ စိစစ်ရေးက ညွှန်ကြားရေးမှူးကခေါ်သတိပေးတာပါ´ ဟု ရန်ကုန်တိုင်းမ်သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးလှိုင်ဘွားက အတည်ပြုပြောဆိုသည်။

ဗီးနပ်စ်ဂျာနယ်သို့ဆက်သွယ်မေးမြန်းရာ သတိပေးခံရသည်မှာဟုတ်မှန်ကြောင်းနှင့် စိစစ်ရေးနှင့် သဘောတူညီချက်ရှိသောကြောင့် အသေးစိတ်အချက်အလက်ကို မပြောပြနိုင်ကြောင်း ပြန်လည်ဖြေဆိုသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးသတင်းနှင့်ပတ်သတ်ပြီး အွန်လိုင်းတွင်ရေးသားနိုင်သော်လည်း ဂျာနယ်များတွင် ပုံနှိပ်ခွင့်ပြုမည်မဟုတ်ကြောင်း ယခင်စာပေစိစစ်ရေးညွှန်မှူးဟောင်း ဦးတင့်ဆွေက သတိပေးထားကြောင်း ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာတစ်ဦးကပြောသည်။

စာပေးစိစစ်ရေးဆိုသည်မှာ နောင်တွင်ရှိတော့မည်မဟုတ်ဟု ဦးတင့်ဆွေက ပြောခဲ့သော်လည်း ပြီးခဲ့သည့်ဇွန်လမှစတင်ကာ စိစစ်ရေးမူဝါဒများမှာ ပြန်လည်တင်းကြပ်လာခဲ့သည်။

ယခုခေါ်ယူသတိပေးခြင်းမှာ သတင်းမှားဖော်ပြခြင်းကြောင့်မဟုတ်ဘဲ စိစစ်ရေးက ဖော်ပြခွင့်မပြုသည်ကို ပုံနှိပ်ထုတ်ဝေခဲ့ခြင်းကြောင့်ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် အရေးခင်းများနှင့်ပတ်သတ်ပြီး သတင်းဓါတ်ပုံများဖော်ပြခဲ့သော လျှပ်တစ်ပြတ် သတင်းဂျာနယ် ကိုထုတ်ဝေခွင့်ပိတ်သိမ်းပြီး တရားစွဲဆိုထားသည်။ ။

ကျားတွေ အနေ အထိုင် ဆင်ခြင်ရတော့မှာလား

Thein Win

ပိုက်ပိုက်ယူတာကတဖွဲ့၊ဖမ်းတာကတဖွဲ့၊

Thein Win

အဘ လို့ ခေါ်ရင်အတိတ်ကလုပ်ထားတာတွေတွေးပြီး....

Thein Win

တိကျခိုင်မာတဲ့ ဥပဒေနဲ့ ပိတ်ဆို့မှု

Yan Aung

အခု ကိုကာကိုလာ ရောက်လာတယ်..။ ဘယ်သူနဲ့ အလုပ်ဖြစ်သွားသလဲ..။ လေ့လာကြည့်ပါ..။
မြန်မာနိုင်ငံမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေထဲက ထိပ်တန်းအခွန်ဆောင်ထားသူ ဘယ်သူရှိမလဲ..။ နောက်ကျရင် ..ကိုကာ ကိုလာကိုယ်တိုင် အခွန်ရှောင်တတ်ပြီပေါ့..။ အဲဒီလိုမျိုးကုမဏီတွေ ဘယ်နှစ်ရာလောက် ဖြစ်လာမလဲ....။. ဘယ်မလဲ နိုင်ငံတော်ဘဏ္ဍာ..။

နောက်တစ်ချက်က နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ အခုထက်ထိ ပြန်ဌာန်းပြီးပါပြီလား..။ အခု မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုပ်နှံဖို့ ရောက်လာကြတဲ့ လုပ်ငန်းကြီးတိုင်းက တိကျခိုင်မာတဲ့ ဥပဒေမရှိပဲ ကြေညာချက်တွေနဲ့လုပ်နေရလို့ နောက်ဆုတ်နေခဲ့တာကို UMFCCI ဥက္ကဌ ဦးစိုးသိန်းကိုယ်တိုင် ၀န်ခံခဲ့တာ လပိုင်းပဲရှိပါသေးတယ်..။

အဲဒါ .. ဘာ့ကြောင့်ပါလဲ..။

လက်ရှိ စီးပွားရေးပိတ်ဆို့ထားတဲ့အချိန်မှာ/ ဥပဒေခိုင်မာမှုမရှိချိန်မှာ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေတဲ့ အလုပ်သမားပြဿနာ..။ ဘဂတိလိုက်စားမှုပြဿနာ၊ အခွန်ရှောင်မှု ပြဿနာတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍက ကိန်းဂဏန်းအရက လွဲလို့ ဘယ်လောက်အထိ အကျီုးဖြစ်ထွန်းသွားသလဲ..။

အခု ပြည်တွင်းက စီးပွားရေးသမားတွေ လယ်တွေသိမ်းနေတယ်..။ အခုထက်ထိ ဥပဒေထုတ်ပြန်ပြီး မဖြေရှင်းနိုင်ကြသေးဘူး..။ စီးပွားရေးပွင့်လာရင် ပြည်ပခရိုနီတွေ ဒီထက်အဆပေါင်းများစွာ လယ်တွေကိုသိမ်းမယ်..။ ဌာနဆိုင်ရာရဲ့အဂတိလိုက်စားမှုတွေနဲ့ ခိုင်မာမှုမရှိတဲ့ ဥပဒေတွေကြောင့် အသိမ်းခံရဦးမယ်..။ ဆန္ဒပြပွဲတွေ များစွာ ထပ်ဖြစ်လာမယ်..။ ဘယ်မှာလည်း ပြည်သူ့အတွက်.. ခိုင်မာတဲ့ လယ်ယာမြေဥပဒေ....။

ဟိုတယ်တွေကိုကြည့် . ဥပဒေခိုင်ခိုင်မာမာမရှိလို့ အခုနှစ်ပေါင်းနှစ်ဆယ်လောက်ရင်းလာပြီး အရှုံးမခံနိုင်လို့ ... အခန်းခတွေ မတန်တဆတက်လာတယ်..။ အရင်ကတည်းက ဥပဒေ မရှိလို့ ကြေညာချက်နဲ့ တားယူနေရတယ်..။ ဘယ်မှာလည်း ခိုင်မာတဲ့ ခရီးသွားလုပ်ငန်း ဥပဒေ..။

ဒါ ... ဥပမာ ပါးပါးလေးပဲ.....။

စီးပွားရေးပိတ်ဆို့မှုတော့ ပွင်လာပါရဲ့ .. ဒါပေမယ့် မိုးမျှော်တိုက်တွေ၊ နိုင်ငံခြားပိုင် စီးပွားရေးအဆောက်အအုံတွေကြားထဲမှာ Rule Of Law မရှိ၊ ပြည်တွင်းငြိမ်းချမ်းမှုမရှိပဲ. ကိုယ့်တိုင်းရင်းသူတွေ ဖာတွေဖြစ်.. တိုင်းရင်းသားတွေ သူတောင်းစားတွေဖြစ်နေပြီး လူတန်းစားစုတ်ပြတ်စွာကွာဟမှုနဲ့ ခရိုနီတွေ ချမ်းသာတာကို ငုတ်တုတ်ထုင်ကြည့်ရမယ့် မခိုင်မာတဲ့... ကော်ပိုရိတ်တွေချမ်းသာ၊ ပြီး ပြည်သူဆင်းရဲတဲ့ အရင်းရှင်ပုံစံ စီးပွားရေးဖွံ့ဖြိုးမှုကို လက်ခံချင်ရင် ....

ဒေါ်နန်းဝါနု အဆိုကို ထောက်ခံကြပါ...။
 

အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေး ပါတီ တစ်ပါတီလျှင် ၅ဦး တက်ရောက် ခွင့်ရရှိ

Yangon Media Group

=========================================
အေးမြမြထွန်း
=========================================
အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေးပါတီများမှတစ်ပါတီလျှင်၅ဦးသာ တက်ရောက်ရ မည်ဖြစ် ကြောင်း သိရသည်။
ရွေးကောက် ပွဲကော်မရှင်မှ အာ ဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားပြီး ၅ဦးထက်မပိုရန် တားမြစ် ကြောင်း နိုင်ငံရေး ပါတီများထံမှသိရသည်။

''ရွေးကောက်ပွဲကော်မရှင်က အာဇာနည်နေ့အခမ်းအနားတက်ဖို့ဖိတ်ပါတယ်။ သို့သော် ၅ဦး ထက်မပိုရဘူး လို့တော့ပြောတယ်။ အန်ကယ်လ်တို့ပါတီအ နေနဲ့အာဇာနည်နေ့ အခမ်းအနား ကိုတက် ရောက်ဖို့ စာရင်း ပေးပြီးပါပြီ'' ဟုဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေး ပါတီအထွေထွေ အတွင်းရေး မှူး ဦးမျိုးညွှန့် ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်၁၁ရက်တွင်အကြောင်းကြား ခဲ့ပြီးယမန်နှစ် ကဖိတ်ကြားခြင်း မရှိသော နိုင်ငံရေးပါ တီများ ကိုပါဖိတ်ကြားသည်ဟုသိရသည်။

''မနှစ်ကမဖိတ်ဘူး။ဖိတ်စာ မ ရတာလည်းဖြစ်နိုင်ပါတယ်။အာဇာနည်နေ့ အခမ်းအနား တက်ရောက် ဖို့ဖိတ်ကြား ခံရ တာဝမ်းသာပါတယ်။ အလုပ်တွေအရမ်းရှုပ် နေလို့ အခမ်းအနား ကိုတော့ တက်ရောက် နိုင်မှာ မဟုတ်ဘူး''ဟုချင်းအမျိုးသားပါတီ ဥက္ကဋ္ဌဦးဇိုဇမ်ကပြောသည်။

အာဇာနည်နေ့အခမ်းအနား သို့နိုင်ငံရေး ပါတီတစ်ပါတီလျှင် ၅ဦးတက် ရောက်ခွင့်ရှိသော်လည်း ချင်း အမျိုး သား ပါတီမှာ အခမ်းအနား သို့တက်ရောက်နိုင် မည်မဟုတ်ကြောင်း သိရသည်။