အာဇာနည်နေ့မှာ ငါးမင်းဆွေဆန္ဒပြမည်။ နေပြည်တော်စည်ပင်ရိပ်သာရှေ့နှင့် ပြည်ခိုင်ဖြိုးရုံးရှေ့မှာ တစ်ကိုယ်တော်ဆန္ဒပြမှာဖြစ်သည်။
လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ပတ်ကြိုတင်ရမည်ဖြစ်သည့်အတွက် ဇူလိုင် ၁၁ ရက်ကပင်
သွားရောက်နေပြီဖြစ်သည်။ စည်ပင်ရိပ်သာတွင် လွှတ်တော်အမတ်များတည်းခိုကြသဖြင့် ယင်းနေရာကို ရွေးချယ်ခြင်းဟု သူကဆိုသည်။

Source; Messenger News
ဓာတ်ပုံ- ဥက္ကာကိုကို
Friday, July 13, 2012
ငါးမင်းဆွေအသစ်ထွင်ပြန်ပြီ။
၈၈ မျိုးဆက်ကျောင်းသားကျောင်းသားတွေ ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ရုပ်သံ
DVB TV News
၈၈ မျိုးဆက်ကျောင်းသားကျောင်းသားတွေ ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဘေးဒုက္ခကြုံတွေ့နေကြရတဲ့ ပြည်သူတွေ အတွက် သိန်း တစ်တထောင် တန်ဖိုး ရှိတဲ့ ဆန် ဆေးဝါး အ၀တ်အထည် တွေ လှူဒါန်း ခဲ့ပါတယ်။
ဘုန်းကြီးကျောင်းတွေအဖျက်ခံရတာဟာ အခြေခံဥပဒေနဲ့မညီ
DVB TV News
နေပြည်တော်မှာ ဖျက်သိမ်းပြောင်းရွှေ.ခံရတဲ့ ကျောင်းတွေ ကို နေရာ အစားထိုး ပြန်ပေးဖို့ သံဃာတော်တွေက ဆန္ဒ ရှိကြပီး အခုလိုကျောင်းတွေအဖျက်ခံရတာဟာ အခြေခံဥပဒေနဲ့မညီဘူးလို့ အဲ့ဒီ့မဲဆနနယ်က
ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်။
(ရိုက်ကူး/တင်ဆက်-ကျော်သက်မင်း)
လွှတ်တော် ဥက္ကဌအတည်ပြုတဲ့ရုပ်သံ
http://www.youtube.com/watch?v=HQNbkIUQ3tk&feature=youtu.be
DVB TV News
နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကို အမြန်ဆုံးရုပ်သိမ်းပေးနိုင်ရေး တိုက်တွန်းကြောင်းအဆို ကြားဖြတ် တင်သွင်း တာကို လွှတ်တော် ဥက္ကဌက အတည်ပြုလိုက်တယ်လို့  သိရပါတယ်။ ဒီအကြောင်း အပြည့် အစုံကိုတော့ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။
(ရိုက်ကူး - ခွန်ခေါင်)
အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ
by Yangon Media Group on Friday, July 13, 2012 at 9:16am ·
အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့်မိန့်ခွန်း
ဆီရမ်ရိ၊ ကမ္ဘောဒီးယား - ဇူလိုင် ၁၃
မင်္ဂလာပါ-
လေးစားအပ်ပါသော
အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ်
နှင့်တကွ ကြွရောက်လာကြသော ဧည့်သည်တော်များခင်ဗျား-
ကျွန်တော့်အနေနဲ့
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး
ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့
ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။
ဒီကနေ့
ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈
ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း
အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း(၆၀)ကျော် ရှိတဲ့
နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု
အသီးသီးနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့
နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့
တရုတ်နဲ့ အိန္ဒိယအကြားတည်ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ
မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတအရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့
နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။
ရာစုနှစ်
ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ
ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး ညင်သာတဲ့အပြောင်းအလဲနဲ့ နိုင်ငံသစ်
တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။ စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှ
ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊
ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့်
ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရရဲ့
ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့
နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊
အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ် ဆိုတာကို ကြိုတင်
မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိလည်း
စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ အားလုံးအသိဘဲ ဖြစ်ပါတယ်။
အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့ အကဲခတ်
စောင့်ကြည့်ခဲ့ကြသော်လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့
အစိုးရရဲ့ စစ်မှန်တဲ့ သဘောထား၊ မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း
အားထုတ်မှုတွေကြောင့် ထောက်ခံ အားပေးလာကြပြီ ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း
စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ်
ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့
တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ သို့သော်လည်း
ကျွန်တော်တို့အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊
စိန်ခေါ်မှုတွေကို စာနာ နားလည်ကြသူ တွေလည်း အများအပြား ရှိနေပါတယ်။
ဧည့်သည်တော်များခင်ဗျား-
အစိုးရသစ်
အပြောင်းအလဲဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို
လိုလားလျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော်
ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို
ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့
ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိ ပါတယ်။
ပထမဆုံးပြုပြင်ပြောင်းလဲမှုကတော့
ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က
ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့
ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက် နေခဲ့တဲ့
ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဘဲ
ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊
လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကဏ္ဍ ကိုလည်း ပြုပြင်ပြောင်းလဲဖို့
လိုအပ်နေအုံးမှာဖြစ်ပါတယ်။ ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့
ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်းတို့
ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့
ဗျူရိုကရေစီစနစ်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲ
ရမှာ ဖြစ်ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း
NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင်းနှီးပွင့်လင်းစွာ
တွေ့ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့
ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို
ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊
နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊
အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊
စာပေ/စာနယ်ဇင်းသမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ
ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ ပါတယ်။
နိုင်ငံရေးအကျဉ်းသား
ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက်
မျှော်မှန်းပြီး ပြန်လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ
ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိန်းချုပ်
ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ
ပြန်လာနိုင်အောင် လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး
စိစစ်မှုလုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။ မကြာခင်ကာလမှာ
လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ
လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။
နိုင်ငံရေးပါတီများ၊
လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို
ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး
ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်
စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြု
ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒုတိယပြုပြင်ပြောင်းလဲမှုကတော့
စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီ သို့ လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ
အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့
နိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော်
ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ
ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ရာမှာ
ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး
သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေ သေးတဲ့
ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော
ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ
အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
တတိယပြုပြင်ပြောင်းလဲမှုကတော့
ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး
စရိုက်လက္ခဏာများ ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင်
ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာကို ချမှတ်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်လျောညီထွေရှိမယ့် အသေးစား
ချေးငွေဆိုင်ရာ ဥပဒေများကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ်ပါတယ်။
မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက်
ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ
ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှုများ
မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးမျိုး အဖုံဖုံ ဖြစ်နေတဲ့
ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့အညီ ဖြစ်ပေါ်လာအောင်
ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့
ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ
စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့
အထူးကြိုးစားရပါတယ်။ ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ
တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့
အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ ပါတယ်။
ဒီမိုကရေစီနိုင်ငံသစ်ကို
တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့
အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ
အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့
ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ် ပညာတွေ
သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ
ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ
ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ
ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး
မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ
ပါတယ်။ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး
စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊
(၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်
စေဖို့တို့ဘဲ ဖြစ်ပါတယ်။ ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ
ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ
ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့
မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ
အကြံဉာဏ်များ ရယူဆောင်ရွက်လျက် ရှိပါတယ်။
နိဂုံးချုပ်အနေနဲ့ယနေ့
အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို
တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း
အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေများ
ထားရှိကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
အကောင်းဆုံးအနေအထားသို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာ
ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့
သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး
ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ်
ပါတယ်။ ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန်
အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက် နိုင်မယ်လို့
ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ
လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို
အထောက်အကူပြုနိုင်မှာ ဖြစ် တယ် လို့ ခံယူမိပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့
နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။
အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့်
ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ လာအောင်
ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ RICH
ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ
ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊
မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု
ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမတအဖြစ် အဆိုတင်သွင်းထားမှုကို ကန့် ကွက်
Nik Nayman
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမတအဖြစ် အဆိုတင်သွင်းထားမှုကို ကန့် ကွက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေကို
ဒုသမတအနေနဲ့  အဆိုတင်သွင်းပါသတဲ့။ အဆိုတင်သွင်းခံရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး
မြင့်ဆွေဟာ ဒုတိယသမတ ဖြစ်လို့  ရ မရကို မတင်ပြမီမှာ သူဟာ ဘယ်လို
လူစားမျိုးလည်းဆိုတာ နောက်ခံလုပ်ရပ်တွေနဲ့  ပြန်လည်တင်ပြလိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ ၂၀၀၇ ခုနှစ် သံဃာတွေရဲ့  ရွှေဝါရောင်အရေးအခင်းမှာ ငွေကြာရံဘုန်းကြီးကျောင်းကိ
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ
့တူမဖြစ်သူ ယဉ်မင်းခင်နဲ့  အကြောင်းပါခဲ့ပေမယ့် နောက်ပိုင်းမှာ
မြန်မာကျပ်ငွေ သိန်းပေါင်း ၁ သိန်းပေးကာ ကွာရှင်းခဲ့တဲ့ စီးပွားရေးသမားကြီး
မောင်ဝိတ် ဖမ်းဆီးခံရတဲ့အမှုမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေကတော့ သန်းရွှေနဲ့  လူယုံတော်ကြီးဖြစ်လို့ 
နေမြဲအတိုင်း နေနေနိုင်ခဲ့ပြီး ဖြုတ်ထုတ်သတ်ထဲက ကင်းလွတ်ခြင်းခံခဲ့ရသူ
ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ သန်းရွှေရဲ့  မိန်းမ ဒေါ်ကြိုင်ကြိုင်နဲ့ 
ဆွေမျိုးတော်တယ်လို့  နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဆိုကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ
သန်းရွှေရဲ့  ယုံကြည်မှုနဲ့  အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်သူဖြစ်ပြီး၊
မြန်မာပြည် နာဂစ်မုန်တိုင်း တိုက်ခိုက်မှုဒဏ်ခံရပြီးချိ
၂၀၀၂
ခုနှစ်တုန်းက သန်းရွှေရဲ့  အမိန့် နဲ့  ၄င်းတို့ ရဲ့  သခင်ကျေးဇူးရှင်
အာဏာရှင် နေဝင်းနဲ့ မိသားစုတွေကို ဖမ်းဆီးခဲ့တဲ့ကိစ္စတွေ၊ ၂၀၀၄ ခုနှစ်မှာ
ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေကို ဖမ်းဆီးခဲ့တဲ့ ကိစ္စတွေမှာ ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေက အဓိက တာဝန်ယူခဲ့ပါတယ်။
ဒီလိုမျိုး
အာဏာရှင် သန်းရွှေရဲ့  လူယုံတော်ကြီး၊ ကိုယ်ကျိုးအတ္တ နာမည်ယူသူ၊
ဇတ်တူသားစားဖို့  ၀န်မလေးသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ယခု
ဒုသမတအဖြစ် လျာထားတာဟာ မသေသေးတဲ့ အာဏာရှင် သန်းရွှေကနေ သိန်းစိန် ရွှေမန်းနဲ
့မင်းအောင်လှိုင်တို့ အပေါ် Power Balance အာဏာထိန်းချူပ်တဲ့ပုံစံနဲ့ 
လုပ်ဆောင်တာ ဖြစ်ပါတယ်။
ယခု ဒုသမ္မတအဖြစ်
အဆိုတင်သွင်းခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ သိန်းစိန်တို့  သတ်မှတ်ရေးဆွဲ တစ်ဘက်သတ် အတည်ပြု
ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ
“နိုင်ငံတော် သမတနှင့် ဒုတိယသမတများ၏ အရည်အချင်း” ၅၉ (စ) ဖြစ်တဲ့ မိမိ၏
တရားဝင်သားသမီးတစ်ဦးဦးသော
ညှိစွန်းရတဲ့
အကြောင်းရင်းကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး
မြင့်ဆွေရဲ့  သားမက်ဟာ သြစတြေလျနိုင်ငံမှာ သြစတြေလျနိုင်ငံသားအဖြစ်
ခံယူထားတယ်လို့  သိရှိရလို့ ဖြစ်ပါတယ်။ ဒုတိယသမတအဖြစ် လျာထားခံနေရတဲ့
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ 
သားမက် (သြစတြေလျနိုင်ငံသား ခံယူထားသူ) ဟာ Western Australia လို့ ခေါ်တဲ့
သြစတြေလျအနောက်ပိုင်းပြည်နယ
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ 
သားမက်ဟာ သြစတြေလျနိုင်ငံသား ခံယူထားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမတအဖြစ်
အဆိုတင်သွင်းထားမှုကို ကန့် ကွက်ပါတယ်။
မြန်မာနိုင်ငံမှာ ကနေဒါ သံရုံး ဖွင့်လှစ်တော့မယ်
r
RFA Burmese
ကနေဒါနိုင်ငံ အနေနဲ့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
ပေါ်ထွက်လာဖို့  မြန်မာအစိုးရကို တိုက်တွန်းနေ ဆဲမှာပဲ မြန်မာနိုင်ငံမှာ
ကနေဒါ သံရုံး ဖွင့်လှစ်တော့မယ် လို့  ကနေဒါနိုင်ငံ ခြားရေးဝန်ကြီး John
Baird က မနေ့ က ထုတ်ဖေါ် ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံ အပြီး မှာ ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး John Baird က -အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ
တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီးပြောရာမှာ Mr.John Baird က မြန်မာအစိုးရဟာ
ပြီးခဲ့ တဲ့ နှစ်အတွင်း လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီကျင့်သုံးမှု
ခြေလှမ်းသစ်တွေ စတင်လာတာကို တွေ့ မြင်ခဲ့ ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲ
မြန်မာနိုင်ငံ မှာ ဒီမိုကရေစီရေးပြုပြင်ပြောင်
မြန်မာနိုင်ငံမှာ ကနေဒါ သံရုံးကို ဘယ်တော့ ဖွင့်နိုင်မလဲဆိုတာ အတိအကျ
မသိရသေး ပေမဲ့ သံရုံးဖွင့်ရေးကိစ္စကို မြန်မာအစိုးရနဲ့  လာမဲ့ လပိုင်း
အတွင်းမှာ ဆွေးနွေးသွားမယ်လို့  ပြောပါတယ်။
ဒုဗိုလ်မှူးကြီး ဦးအောင်ကြီး ဦးဆောင်ခြစားမှုသောင်းကျန်းသူများ လွတ်မြောက်သွားဟု ဒေသခံများပြော
Written by သဇင်ဥ
Wednesday, 11 July 2012 16:16
ရခိုင်ပြည်နယ်အတွင်း
သောင်းကျန်းအကြမ်းဖက်ရာဇ၀တ်ပြစ်မှု ကျူးလွန်ခဲ့မှုများတွင်
ဦးဆောင်ပါဝင်ခဲ့သူများအား သက်ဆိုင်ရာမှ ဖမ်းပြပြီးလာဒ်ငွေများယူကာ
လွှတ်ပေးနေသည်ဟု မျက်မြင်ကိုယ့်တွေ့ ရခိုင်ပြည်သူများက ပြောသည်။
မောင်တောမြို့နယ်တွင်
ဇွန် ၈ ရက်နေ့ကစတင်ပြီးရာဇ၀တ်ပြစ်မှု ကျူးလွန်ခဲ့သူများအား လွန်ခဲ့သော ၂
ပတ်ကျော်က ဖမ်းဆီးပြခဲ့ပြီး ယခုအခါဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး
ဦးအောင်ကြီးကိုယ်တိုင် ဦးဆောင်လာဒ်ငွေများယူ၍လွှတ်ပေးနေသည်ဟု
ဒေသအာဏာပိုင်များနှင့် နီးစပ်သူက ဆိုသည်။
ဒေသခံများက “တမြို့နယ်လုံးမှာ
အကြမ်းဖက်သောင်းကျန်းမှုကိုဦးဒီလာ၊ ဦးလှမြိုင်၊ ဦးတင်မောင်ဝင်း၊
ဦးရော်ချီး၊ ဦးဟာမိ(တ်)အပြင် တခြား ဦးဆောင်သူတွေဆီကကျပ်ငွေ ဘောက်သာ
(ဂုဏ်နီအိတ်)ဖြင့် ၃ အိတ်နဲ့ ရွှေချပ် ၂ ချပ်ယူပြီး ခုချိန်ထိ
လုံခြုံရေးပေးနေတာ တွေ့ရပါတယ်၊ ရဲနဲ့ နစကတွေဖမ်းဆီးရမိတဲ့ ကုလားတွေဆီကလည်း
ငွေရရင်ရသလိုနဲ့ သူတို့လိုရာခိုင်းစေရသူတွေနဲ့အသုံးပြုလို့ ရလွယ်သူတွေကို
ပြန်လွတ်ပေးနေပါတယ်၊ ဒါပြန်ပြီး
ပြဿနာသောင်းကိုးထောင်တက်အောင်လုပ်နေတာဖြစ်တယ်။”ဟု ရှင်းပြသည်။
“ ဒုဗိုလ်မှူးကြီးဦးအောင်ကြီးက
မမှန်တရားတာတွေ လုပ်နေတာကြာပါပြီ၊ သူမမှန်မတရားတာတွေ အကြောင်းကို
နယ်ပြည်တော်သို့တိုင်ကြားခဲ့ပြီးပါပြီ၊ ဘာမှထူးခြားမလာဘဲ
အငြိုးတွေနဲ့ပိုဆိုးလာတာဘဲ ရှိပါတယ်၊ ဒီမှာဆန္ဒပြဟန်နဲ့ကျနော်တို့ကို
အကြမ်းဖက် သတ်ဖြတ်ဖို့အတွက် ကျပ် ၃၀၀၀ သိန်းလာဒ်စားပြီး နားလည်မှုပေးခဲ့တာ
ဖြစ်ပါတယ်၊ ကုလားတွေကို နိုင်ငံသားကပ်ထုတ်ပေးခဲ့တာလည်း တဦးစီက ကျပ် ၅၀၀၀၀၀
အထိပုံစံမျိုးစုံနဲ့ယူပြီးလုပ်ပေးခဲ့တာပါ။ ” ဟု အမည်မဖေါ်လိုသူ မောင်တောမြို့နယ်မှ ၀န်ထမ်းတဦးက ရှင်းခြင်းဖြစ်သည်။
မောင်တောမြို့နယ်
နစကဋ္ဌာနချုပ် ကျီးကန်းပြင်အခြေစိုက်ဒုဗိုလ်မှူးကြီး ဦးအောင်ကြီးမှာ
တခြားအစိုးရ အရာရှိများ တာဝန်ရွေ့ပြောင်း နေရသကဲ့သို့မည်သည့်အခါမျှ
ပြောင်းရွေ့ရခြင်း မရှိကြောင်းနှင့် ဦးအောင်ကြီးနှင့်
၎င်းအထက်အရာရှိများမှာအပေးအယူ ညီမျှနေမှုများကြောင်းဟု ဒေသခံလူထုအတွင်း
ဝေဖန်မှုများဖြစ်ပေါ်လာ နေကြကြောင်း သိရှိရသည်။
မောင်တောမြို့နယ်
အလယ်သံကျော် မကျဉ်းချောင်းနစကနယ်မြေ(၇) တပ်ခွဲ-စခန်း(၁၅)တွင် တာဝန်ကျနေသော
နစက ဗိုလ်ကြီး မျိုးထိုက်ဆိုသူအားသက်ဆိုင်ရာမှ အရေးယူနိုင်ရန်
နစကတပ်သားတဦးက အောက်ပါအတိုင်း ရှင်းပြတိုင်းကြားသည်။
“ နစကဗိုလ်ကြီး
မျိုးထိုက်က ရခိုင်သားပါ၊ သူလာဒ်ငွေအများအပြား ရရှိဖို့အတွက် ကုလားဘက်က
ဘက်ပေါင်းစုံက ကာကွယ်ပေးပြီး အမျိုးသားတွေ အကျိုးယုတ်ဖို့လုပ်ဆောင်နေပါတယ်၊
နေ့ကိုတော့ မမှတ်မိတော့ဘူး၊ ကျနော်တို့ရွာတွေကို မီးတိုက်ရာမှာ
ဦးဆောင်ပါတဲ့ကုလားနှစ်ဦးဆီက ကျပ် ၁၇ သိန်းယူပြီး သူကိုယ်တိုင်
လက်ခံပေးထားပါတယ်၊ တပ်စခန်း ရဲဘော်တွေရဲ့ရိက္ခာတွေကို ကုလားတွေကို
ချင်သလိုရောင်းချနေပါတယ်၊ ငွေရဖို့ဘဲသိတော့ ရဲဘော်တွေလည်း မကြေနပ်မှုတွေ
ဖြစ်လာနေကြပါပြီ။ ” ဟု အလယ်သံကျော်မှ အမည်မဖေါ်လိုသူ နစကတပ်သား တဦးက ထုတ်ဖေါ်တိုင်ကြားခြင်းဖြစ်သည်။
ဗိုလ်ကြီး
မျိုးထိုက်မှာ အလယ်သံကျော်နယ်မြေရှိပိုက်ဆိပ်၊ ရေပုံးပျံ၊ အင်းဒင်၊
ပဒေါင်းဆိပ်နှင့် အနီးအနားရှိ
ကျေးရွာဒေသများအတွင်းရှိမြန်မာဘင်္ဂလ်ီများအကြား ကျက်စားနေကြောင်းနှင့်
ပဋိပက္ခကာလမှ ယခုထိ ခြစားမှုဖြင့် နာမည်ကျော်ကြားလာသူဖြစ်ကြောင်း ဆိုသည်။
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း နစကသတ်မှတ်နယ်မြေ (၉)ခုရှိပြီး ယခုအခါ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်
နယ်စပ်များသို့ နစကနယ်မြေတိုးမြင့်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်မှုများ
ရှိနေကြောင်းနှင့် ဘူးသီးတောင်နယ်စပ်တွင် များမကြာမီကနစကစခန်း(၂၈)တခု
တိုးမြင့်ချထားကြောင်း နစကက အတည်ပြုပြောသည်။
မြန်မာဘင်္ဂလီများမှာ မောင်တောမြို့နယ်နှင့်
ဘင်္ဂလာနယ်စပ်မြို့များဖြစ်သော တာခ်နာမြို့နှင့် နီလာမြို့နယ်များမှ
ဆန်အိတ်များ အမြောက်အများဝယ်ယူစု ဆောင်းနေကြောင်း၊ တောင်ပြိုနယ်မြေမှူးက
အလယ်သံကျော်သို့ တိုက်ရိုက်ဆန်အိတ်များရာချီပြီး လွန်ခဲ့သောအပတ်က
ချရောင်းခဲ့ကြောင်းနှင့် တချို့နစကနယ်မြေမှူးများ အနေဖြင့်စခန်းတွင်း
ရိက္ခာများကိုပါဈေးကောင်းရ၍ ချရောင်းနေကြကြောင်း မောင်တောမြို့နယ်
သတင်းထောက်တဦးက ပြောသည်။
မောင်တောမြို့အ၀င်/အထွက်ဂိတ်မှ
စခန်းမှူး ဦးဆောင်ပြီးဒုတပ်ကြပ် ဦးမျိုးဇော် (နစကဟောင်း)နှင့်
ဦးသန်းဇော်မှာ ဆန်အိတ်ပေါင်း ၁၀၀၀ ကျော်နှင့်စသည့်
စခန်းရိက္ခာပေါင်းစုံများကို ယခုရက်ပိုင်းအတွင်း သောင်းကျန်းသူများအား
ရောင်းချခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း တာခ်နာနှင့် နီလာမြို့နယ်များမှဝယ်နေသူနေသည့် ဆန်အိတ် ၃၀၀၀ ကျော်အား သက်ဆိုင်ရာ BGBက လိုက်လံစစ်ဆေးပြီး ဖမ်းဆီးအရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသထုတ် သတင်းစာများကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မောင်တောမြို့နယ်မှ စတင်သည့်အကြမ်းဖက်သောင်းကျန်းမှု ပဋိပက္ခမှာ နယ်စပ်ဒေသအခြေစိုက် သက်ဆိုင်ရာ အာဏာပိုင်များ လာဒ်စားမှုများကြောင်းနှင့် NGOနှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့များ လာဒ်စားမှုများဖြင့် ဖြစ်သည်ဟု ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရှိရသည်။
ဦးအောင်ကြီး
ဦးဆောင်သည့် နစကနယ်မြေမှူးများကဘင်္ဂလီဦးရေတိုးပွားလာမှုများကို ၂၀၀၈ ခု၊ မေလက
နိုင်ငံသားကပ် ကိုင်ဆောင်ခွင့်အား ဘင်္ဂလီများမှတဦးလျှင် ကျပ် ၁၀၀၀၀၀
စီကောက်ခံပြီး လုပ်ပေးခဲ့ကြောင်းနှင့် အိမ်ထောင်စုစာရင်း စစ်ဆေးမှုများတွင်
ခေတ်သစ်ဘင်္ဂလီများမှ ကျပ် ၂၀၀၀၀၀ မှ ၅၀၀၀၀၀ အထိလာဒ်ငွေယူဆောင်ပြီး
လုပ်ပေးခဲ့ကြောင်းအာဏာပိုင်နှင့် နီးစပ်သူ များက ပြောသည်။
ဘင်္ဂလာနယ်စပ်စောင့် BGBက
မြန်မာနိုင်ငံသားများဟုစွပ်စွဲပြီး မကြာခဏ နယ်စပ်ဒေသများမှ အသုတ်လိုက်
ဘင်္ဂလီများအား တရားမ၀င် အတင်းအဓမ္မ ရခိုင်ပြည်နယ်သို့ပို့ဆောင်နေမှုမှာ
ယမန်နေ့ကအထိ ရက်ပေါင်း ၃၀ ကျော်အတွင်း ၁၈၀၀ ဦးရေခန့်ရှိနေပြီး
ဖြစ်ကြောင်းနှင့်သက်ဆိုင်ရာမှ အရေးယူစစ်ဆေးမှုများ မပြုလုပ်နိုင်ခြင်းမှာ
ဦးအောင်ကြီးနှင့် အဖွဲ့(၁)အမည်ရှိကြေးနန်းကိုင်စစ်တပ်နှင့် BGB တပ်ဖွဲ့တို့အကြား ပူးပေါင်းခြစားမှုများ ရှိနေကြောင်းမောင်တောမြို့ ခရိုင်ရုံးသတင်းရပ်ကွက်က ပြောသည်။
ယင်းအကြမ်းဖက်မှုများ
မဖြစ်ခင်က မြို့လူကြီးများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များသို့
ကြိုတင်အကြောင်းကြား တိုင်ကြားထားခဲ့ သော်လည်း
အရေးယူဆောင်ရွက်မှုများမလုပ်ခဲ့သည်မှာ ခြစားမှုများကြောင့်ဟု ဒေသခံများအတွင်း
သံသယများ ရှိနေကြောင်း သိရှိရသည်။
ဇွန်
၈ ရက်နေ့တွင် သောင်းကျန်းသူများက မောင်တောမြို့ရှိယူနိုက်တစ်၊
မြို့မဘုန်းတော်ကြီးကျောင်းနှင့် သဇင်တည်းခိုခန်းများအား
ခဲဖြင့်ကိုင်ပေါက်မီးရှီုးဖျက်ဆီးနေမှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ
သေနပ်မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲခဲ့သည်ကိုဒုဗိုလ်မှူးကြီး
ဦးအောင်ကြီးကအပြစ်တင် တားမြစ်ခဲ့ကြောင်း မောင်တောမြို့
ရဲတပ်ကြပ်တဦးကပြောသည်။
မောင်တောမြို့နယ်
ဒေသခံများက နိုင်ငံတော်အစိုးရအနေဖြင့် ယင်းအကြမ်းဖက်ကျူးကျော်
သတ်ဖြတ်မှုများ၏ ရာဇ၀တ်ကျူးလွန်ခဲ့သော တရားခံများအားဥပဒေကြောင်းအရ
ဖေါ်ထုတ်အရေးယူ ဆောင်ရွက်သင့်ကြောင်း ပြောသည်။
မောင်တောမြို့မှ
ဘင်္ဂလီတချို့အနေဖြင့် ဒေသဆိုင်ရာအာဏာပိုင်များက ပဋိပက္ခကို
အချိန်မီထိမ်းသိမ်းနိုင်မှု မရှိသောကြောင်း ယခုကဲ့သို့ ပြဿနာများကြီးမားစွာ
ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဆိုသည်။
မောင်တောမြို့ပဋိပက္ခဖြစ်စဉ်တွင်
အဓိက ဒုဗိုလ်မှူးကြီးဦးအောင်ကြီး ခြစားမှုများသာဖြစ်ကြောင်း၊ ဦးအောင်ကြီးမှာ
မောင်တော မြို့နယ်တွင် ၇ နှစ်ကျော်ကြာမြင့်နေပြီးဖြစ်ကြောင်းနှင့် လွန်ခဲ့သော စနေနေ့က စခန်းအတွင်းမှ ခရီးထွက်ခွာသွားကြောင်းနီးစပ်သူက ပြောသည်။
နစကအရာရှိတဦးနှင့်
နီးစပ်သူက မောင်တောနှင့်ဘူးသီးတောင်မြို့နယ်အတွင်း
အာဏာပိုင်များခြစားနေသည့် သတင်းရင်းမြစ်များကို
ရှာဖွေပြီးထုတ်ဖေါ်သွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာစစ်တပ်မှ
မောင်တောမြို့နယ် တောင်ပိုင်းရှိနုရုလ္လာကျေးရွာမှ ဟာဘီဘူရ်
ရော်ဟာမန်း၏သမီးနှင့် အာဇိဇူလ် ဟောက် ၏သမီးနှင့်အတူ မြန်မာဘင်္ဂလီအမျိုးသမီး၎
ဦးအား ဇူလိုင် ၃ ရက်နေ့က ဖမ်းဆီးခေါ်သွားပြီး အဓမ္မပြုကျင့်မှုများလုပ်၍
ပြန်လည် လွတ်ပေးမှုများရှိခဲ့ကြောင်းမောင်တောမြို့နယ်ရှိ သောင်းကျန်းသူများက
ဘင်္ဂလာသတင်းစာများသို့ သတင်းအမှားများ လုပ်ကြံပြောခဲ့သည်ဟု
စုံစမ်းသိရှိရသည်။
လွန်ခဲ့သော
ရက်အနည်းငယ်ခန့်က စစ်တပ်မှ ဘင်္ဂလီအမျိုးသမီး၁၅ ဦး၊ ကလေး ၂၄ ဦးနှင့်
အမျိုးသား ၅ ဦး မောင်တောမြို့နယ် တောင်ပိုင်း
နုရုလ္လာကျေးရွာနေအိမ်တအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း
သိရှိရသည်။
ရခိုင်ပြည်နယ်
အခြေစိုက်စစ်တပ်တပ်ရင်းများမှ အရှေ့ဖက်စစ်ဆင်ရေးသို့ စေလွှတ်ထားသော
စစ်တပ်များမှာ ယခုအခါ ပြန်လည်ဆုတ်ခွာလာပြီး နစကနယ်မြေများတွင်
အင်အားတိုးမြင့်တာဝန် ယူဆောင်နေကြောင်း စစ်တပ်သတင်းရပ်ကွက်က ဆိုသည်။
arakantimes.net
ကျောက်ဖြူမြို့ ပြင်ဖြူမော်ရွာမှ ကျောင်းသူတစ်ဦးအား ဘင်္ဂလီမူဆလင်များ ဗရကာရပြောဆို၍ ဖမ်းဆီးထိန်းသိမ်းထားလိုက်ရ
Written by မင်းသွီး
Friday, 13 July 2012 17:28
ကျောက်ဖြူမြို့တွင်
၆တန်းကျောင်းသူ တစ်ဦးအား ပိုက်ဆိပ်ရွာမှ ဘင်္ဂလီမူဆလင်များက
ဗရကာရပြုကျင့်ရန် ခြိမ်းခြောက်ပြောဆိုမှုကြောင့်
ယင်းကျောင်းသူမိသားစုမှတစ်ဆင့် တာဝန်ရှိသူများအား တိုင်ကြားလိုက်နိုင်၍
ယင်းဘင်္ဂလီမူဆလင်များအား ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့ ပြင်ဖြူမော်ရွာနေ ကျောက်ဖြူ အ.ထ.က(၂) ကျောင်းတွင်
ပညာသင်ကြားနေသော ၆တန်းကျောင်းသူတစ်ဦးသည် ပြင်ဖြူမော်ရွာသို့ ပြန်ရာတွင်
ဘင်္ဂလီမူဆလင် ပိုက်ဆိပ်ရွာကို ဖြတ်သန်းသွားရာ ပိုက်ဆိပ်ရွာမှ
ဘင်္ဂလီမူဆလင်၎ဦးမှ ယင်းကျောင်းသူအား ယခုကဲ့သို့ ဗရကာရပြုကျင့်ရန်
ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
"အ.ထ.က(၂)ကနေ ကျောင်းဆင်းပြီး ပြင်ဖြူမော်ကိုပြန်ရင်
ပိုက်ဆိပ်ရွာကိုဖြတ်ပြီးတော့ ပြန်ရပါတယ်။ အဲဒီကျောင်းသူက
တစ်ယောက်တည်းဖြစ်နေတော့ ပိုက်ဆိပ်ရွာက ဘင်္ဂလီမူဆလင်တွေက ထွက်လာပြီး
သူ့လက်ကိုဆွဲတယ်။ အဲဒီတော့ ကောင်မလေးကလည်း အဲဒီကုလားတွေကို ဆဲတာပေါ့နော်။
ဆဲလိုက်တော့ ဘင်္ဂလီမူဆလင်တွေက သူ့ကို ကျောက်နီမော်က
မသီတာထွေးလိုဖြစ်သွားချင်လားလို့ မေးတယ်တဲ့၊ အဲဒီတော့
အဲဒီကျောင်းသူကလည်းကြောက်ကြောက်နဲ့ အိမ်ကိုငိုယိုပြေးလာပြီး
မိဘတွေကိုပြောပြလိုက်တယ်။ မိဘတွေက တစ်ဆင့် သက်ဆိုင်ရာရဲတွေကို
အကြောင်းကြားလိုက်လို့ ရဲစခန်းက အဲဒီလိုပြောတဲ့ ဘင်္ဂလီမူဆလင်တွေကို
ဖမ်းစီးထိန်းသိမ်းထားလိုက်ပါပြီ"ဟု ကျောက်ဖြူမြို့ခံတစ်ဦးမှ ပြောသည်။
မသီတာထွေးကိုကျူးလွန်သည့် ပြစ်မှုမျိုး မကျူးလွန်ရအောင်
ယင်းဘင်္ဂလီမူဆလင်များအား ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ အရွယ်မရောက်သေးသော
၆တန်းကျောင်းသူအား ယခုကဲ့သို့ မဖွယ်မရာ လက်ဆွဲပြီး ဗရကာရပြုကျင့်ရန်
ခြိမ်းခြောက်ပြောဆိုခြင်းအပေါ် ဒေသခံများအနေဖြင့် မကျေမနပ်တစ်ချို့
ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရှိရသည်။
arakantimes.net
လယ်သမား (၇) ဦးကို စစ်တပ်က ဖမ်းဆီး
RFA Burmese
2012-07-13

ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း လယ်သမား
(၇) ဦးကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ပစ္စည်းစက်ရုံ ကပစ (၃) စစ်တပ်က
ဒီကနေ့ မနက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့
နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှားသူများအဖွဲ့က ကိုရဲထင်ကျော်က
RFA ကို အခုလို ပြောပါတယ်။
"ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို
သွားမယ်ဆိုတဲ့ လယ်သမား (၇) ယောက်ကို စစ်တပ်ကနေပြီးတော့ ဖမ်းလိုက်တယ်။
အဖမ်းခံလိုက်ရတဲ့ လူတွေရဲ့နာမည်က ဦးတင်အောင် အသက် ၆၅ နှစ်၊ ဦးအောင်ကြည်
၅၆ နှစ်၊ ဦးထွန်းဟန် ၅၆ နှစ်၊ ဦးကျော်ကျော်လွင် ၂၅ နှစ်၊ ဦးမင်းနိုင် ၃၀
နှစ်ခန့်၊ ဦးဟန်ဝင်း ၃၈ နှစ်ခန့်၊ ဦးစံမင်း ၃၀ နှစ်ခန့် အဲဒီလူ ၇
ယောက်ကို ဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ အခုညနေ ၃ နာရီလောက်မှာလည်း
လယ်တောတွေထဲမှာ နွားကျောင်းနေတဲ့ လယ်သမားတွေကို စစ်တပ်က လိုက်ဖမ်းနေတယ်လို့
ကျွန်တော်တို့ သိရတယ်"
ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု၊
ရွာသစ်ကုန်းကျေးရွာနဲ့ ပုတီးတောကျေးရွာ လယ်သိမ်းခံထားရတဲ့ လယ်သမား ၇၀ ဟာ
ကပစ (၃) စစ်တပ်က သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်မြေတွေပေါ်မှာ မနေ့က သွားရောက်
ထွန်ယက်ခဲ့ကြပါတယ်။
အဲဒီနောက် ကပစ (၃) စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်တပ် အရာရှိတွေ ရောက်လာပြီး လယ်ထွန်တာကို ရပ်တံ့ပေးဖို့နဲ့
ပြောဆိုခဲ့တာကြောင့် လယ်သမားတွေနဲ့ အငြင်းပွားခဲ့ကြပါတယ်။
လယ်သမားတွေ အနေနဲ့ လယ်ယာမြေပေါ်မှာ လုပ်ကိုင် စားသောက်ချင်တယ်ဆိုရင်
ပိုင်ဆိုင်ကြောင်း အထောက်အထားပြဖို့ တောင်းဆိုခဲ့တာကြောင့် ဒီကနေ့
မနက်ပိုင်းမှာ ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို လယ်သမား (၇) ဦး
သွားရောက်ခဲ့ကြပါတယ်။
အဲဒီလယ်သမားတွေ စစ်တပ် လုံခြုံရေးဂိတ်ကို
ဖြတ်သန်းစဉ်မှာ အခုလို ဖမ်းဆီးခံရတာလို့ လယ်သမားတွေက ပြောပါတယ်။
အဖမ်းမခံရတဲ့ တောင်သူတချို့လည်း ထွက်ပြေး တိမ်းရှောင်နေကြ တယ်လို့
ပုန်းအောင်းနေတဲ့ တောင်သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"တချို့တောင်သူတွေကတော့ အပြင်ကိုရောက်နေပြီ။ ကျန်တဲ့ တောင်သူ ၇ ဦးကိုတော့
သူတို့ ဖမ်းထားတယ်ဗျ။ ကျွန်တော်တို့တော့ ရွာကို ပြန်မရောက်သေးဘူးဗျ။
ကျွန်တော်တို့ကတော့ လယ်ယာမြေကို အေးအေးချမ်းချမ်းနဲ့ ပြန်လုပ်ကိုင်စားသောက်
ချင်တာပေါ့"
အဲဒီတောင်သူတွေ ပိုင်တဲ့ လယ်မြေဧက (၈၀) ကို ၁၉၈၉
ခုနှစ်အတွင်း နယ်မြေခံ ကပစ (၃) စစ်တပ်က သိမ်းယူပြီး လယ်သမားတွေကို သီးစားချ
ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လယ်သမားတွေကို ပြီးခဲ့တဲ့
သီတင်းနှစ်ပတ်ကစလို့ သီးစားလုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
မြောက်ဦးလူထု အာဏာပိုင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်
RFA Burmese
2012-07-12
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးမောင်သန်းနဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘတင်တို့ကို
မနေ့က ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲက
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အတွက်
ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဖမ်းဆီးခံရသူ (၂) ဦးက မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်ရှိ
ဦးကျော်ဝင်း ဆန်စက်ကို သွားရောက်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့
ရခိုင်လူမျိုးတွေ ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလမို့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို
စပါးကြိတ်မပေးဖို့ ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး
ဆန်စက်ပိုင်ရှင်က စစ်တပ် အာဏာပိုင်တွေဆီ သွားတိုင်တဲ့အတွက် စစ်တပ်နဲ့ ရဲက
လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ်
ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးထွန်းလှိုင်က RFA ကို ပြောပါတယ်။
ပါတီဒု ဥက္ကဋ္ဌ
ဦးအေးမောင်သန်းနဲ့ ပါတီဝင် ဦးဘတင် တို့ကို စစ်တပ်နဲ့ ရဲက နေအိမ်ကနေ
ဖမ်းဆီးနေဆဲ ကာလမှာ မြောက်ဦးမြို့လယ်၊ တောင်ရပ်လေးခွဆုံ အနီးမှာ မြို့ခံ
လူထု ၃ - ၄ ရာ လောက်က လှုပ်ရွ အုံကြွလာခဲ့ရာ၊ စစ်သား(၂၀)လောက်
ရောက်ရှိလာပြီး သေနတ်တွေ အသင့်ပြင်တဲ့ အနေအထားမျိုး ရောက်တော့မှ လူစုကွဲ
သွားခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီနောက် မြို့ခံလူစုဟာ
မြောက်ဦးမြို့ပြင်မှာ တည်ရှိတဲ့ နာရေးကူညီမှု အသင်းရုံးအနီးမှာ
ပြန်လည်စုရုံးခဲ့ကြပြီး ဖမ်းဆီးထားသူ ၂ ဦးကို ထိန်းသိမ်းထားတဲ့ မြို့နယ်
ရဲစခန်းရှေ့ကို ဆက်လက် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဦးအေးမောင်သန်းနဲ့ ဦးဘတင်တို့ကိုတော့ ပါတီတာဝန်ရှိသူတွေ၊ မြို့ပေါ်
ရဟန်းသံဃာတွေ၊ မြို့မိမြို့ဖတွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီးနောက် ည ၈
နာရီ ၁၅ မိနစ်မှာ အာဏာပိုင်တွေက ပြန်လွှတ် ပေးခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဆီကို အရောက် ပို့ပေးကြပါ
RFA Burmese
ပိတ်ဆို့မှုရုပ်ရေး မည်သူမဆို ဆောင်ရွက်ပေးရန် လွှတ်တော်က သဘောတူ
2012-07-13
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ လွှတ်တော်နဲ့ ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့် နည်းလမ်းဖြင့်ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ရှမ်းပြည်နယ် ကွမ်ဟိန်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆိုအဖြစ် ကြားဖြတ် တင်သွင်းခဲ့ပါတယ်။
အခုလို အဆိုတင်သွင်းရတာနဲ့ ပတ်သက်ပြီးဒေါ်နန်းဝါနုက -
"ကျွန်မတို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တယ်။ ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ရမယ်။ ဒီထက်ပိုပြီး ဖွံ့ဖြိုးမှ စီးပွားရေးတိုးတက်မှ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အမြန်လုပ်နိုင်မယ်ဆိုတဲ့ အနေအထားကို ကျွန်မက စဉ်းစားမိတယ်။ နောက်ပြီးလို့ရှိရင် ဒီကိစ္စက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရော၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာရော အကျိုးသက်ရောက်မှု ရှိနိုင်သလားဆိုတဲ့ အနေအထားကို ကျွန်မက သွားပြီး စဉ်းစားမိတယ်။ ဒါက နိုင်ငံတော်အတွက်၊ ကျွန်မတို့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက်၊ နောက်တိုင်းရင်းသားများအတွက် ဒီဥစ္စာ မလုပ်ရင် မဖြစ်တော့ဘူး။ နောက်ပြီးရင် သူက မဲခွဲမှာက နောက်တပတ်ဆိုရင် ခွဲတော့မယ် ဆိုတာနဲ့ ကျွန်မက အရေးကြီးအဆိုအနေနဲ့ ချက်ခြင်းတင်သွင်းလိုက်တာရှင့်"
ဒီအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်း၊ ဦးကြည်မြင့်တို့က ပါဝင် ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၀င်ရောက်ဆွေးနွေးပြီးနောက် လွှတ်တော်က သဘောတူညီလိုက်ကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီအဆိုနဲ့ ပတ်သက်ပြီး "လွှတ်တော်က ဆုံးဖြတ်တဲ့ကိစ္စ ဖြစ်တဲ့အတွက် လွှတ်တော်က ဘယ်လို ဆက်လက် ဆောင်ရွက်မယ် ဆိုတာ စောင့်ကြည့်သွားမယ်" လို့ သတင်းထောက်တွေကို ပြောကြားကြောင်းလည်း သိရပါတယ်။

(Photo: RFA - ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ရှမ်းပြည်နယ် ကွမ်ဟိန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက သတင်းထောက်များနှင့် တွေ့ဆုံစဉ်။)
အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ အမေရိကန်တွင် ကူးသန်းရောင်းဝယ်မှု ပြုလုပ်ရန်အတွက်မူ ခွင့်မပြုသေးကြောင်းသိရသည်။
ဒေါ်နန်းဝါနု၏ အဆိုနှင့်ပတ်သက်၍ မြိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်နှင့် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦးအနက် တစ်ဦးက ယင်းအဆိုသည် ထောက်ခံဖွယ်ဖြစ်သော်လည်း ပြန်လည်ဆွေးနွေးရမည့် အဆိုဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး အခြားတစ်ဦးက အမေရိကန်မှ စီးပွားရေးပိတ်ဆို့မှုဖွင့်လိုက်ပါက အစိုးရနှင့် ခရိုနီများသာ ပိုမိုချမ်းသာသွားနိုင်ဖွယ်ရှိသဖြင့် အစိုးရက တာဝန်ယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
7Day News Journal
"ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ တွေ့ဆုံတဲ့ အကြောင်းအရင်းကတော့ ဒီနေ့ တင်သွင်းတဲ့ အရေးကြီးအဆိုက ကျွန်တော်တို့ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတယ် ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလွှတ်တော်ကို ရောက်ရှိလာတာက ပူးပေါင်းဆောင်ရွက်ဖို့ပါ ၊ နိုင်ငံရေးကစားကွက်ထဲကို လာတာမဟုတ်ပါဘူး ။ဒီလိုအရေးကြီး အဆိုအဖြစ်တင်သွင်းပြီးတော့ ပိတ်ဆို့မှုကိုထောက်ခံလား ၊ ကန့်ကွက်လား yes or no မေးခွန်းမျိုးနဲ့ နိုင်ငံရေးချောင်ပိတ်ခံ ရသလိုဖြစ်နေပါတယ်။ ဒီအဆိုက စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံလား ကန့်ကွက်လား ဆိုတဲ့ အဆို ပုံစံမျိုးနဲ့ တင်သွင်းသွားတာပါ၊ အကယ်၍ ကျွန်တော်တို့က ဒီစီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံတယ်ဆိုရင်လည်း အမျိုးသားသစ္စာဖောက်လိုဖြစ်သွားမယ်၊ စီးပွားရေး ပိတ်ဆို့တယ်ဆို တာကလည်း ပြည်သူ့လူထုရသင့်တဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခံရလို့ အာဏာရှင်စနစ်တွေကို ကျင့်သုံးခဲ့လို့ ၊ ဒီအပေါ်တွေကို ပိတ်ဆို့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ အမှန်က ဒီအခြေအနေက လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ ၊ ပြည်သူ့လူထုအကျိုးစီးပွားအတွက် ကျွန်တော်တို့လည်း ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ ဆန္ဒရှိပါတယ် ၊ ဒါပေမယ့် သူတို့ပြောနေတဲ့ ပြည်တွင်းစစ်တွေ ဖြစ်တယ်၊ ဒီမိုကရေစီ လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်တယ်ဆိုတာက စီးပွားရေး ပိတ်ဆို့မှုရည်ရွယ်ချက်နဲ့တော့ မဆိုင်ပါဘူး ၊ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေကို ဘယ်လိုကုစားဖြေရှင်းမလဲဆိုတာ ကို ကြိုးပမ်းသွားရမှာဖြစ်ပါတယ် ၊ ဒါကြောင့် ကျွန်တော်တို့က ဒီအရေးကြီး အဆိုတင်လိုက်တဲ့ အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံရေး ကစားကွက်တစ်ခုထဲကို ၀င်ရောက်သလို ခံစားရပါတယ် ၊ ဒါကြောင့် ကျွန်တော်တို့ ဥက္ကဌ ကြီးနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ ဒီအကြောင်း ကို ဆွေးနွေးဖို့ တွေ့ဆုံနေတာဖြစ်ပါတယ်"
ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းမ် နှင့် တွေ့ဆုံမေးမြန်းခြင်းမှ)
နှစ်နိုင်ငံကြား ကာရံထားသည့် သံဆူးကြိုးအနီး၈၈ မျိုးဆက်ကျောင်းသားများ
ဓာတ်ပုံ- ဖိုးသီဟ
မောင်တောမြို့ရောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ မနီလာသိန်းတို့ကို တပ်မတော်ဗိုလ်ကြီးတစ်ဦးနှင့်အတူ။

မောင်တောကယ်ဆယ်ရေးစခန်းတစ်ခုမှ မင်းကိုနိုင်ကို ဒေသခံများနှင့်အတူ...

မောင်တောကယ်ဆယ်ရေးစခန်းရောက် ကလေးချစ်သော လူပျိုကြီးနှစ်ဦး။

မောင်တောကယ်ဆယ်ရေးစခန်းတစ်ခုမှ ကပ်ထားတဲ့ ယူအန်နဲ့ အိုင်အန်ဂျီအို အလိုမရှိ စာရွက်။

ရခိုင်ပြည်နယ်သို.ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများအား ဇူလှိုင် လ ၁၃ ၇က်နေ.တွင် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး မောင်တောမြို. အောင်ဗလကျေး၇ွာအနီးရှိ နှစ်နိုင်ငံကြား ကာရံထားသည့် သံဆူးကြိုးအနီးတွင်တွေ.ရစဉ်။
ဓာတ်ပုံ- ဖိုးသီဟ