ဒုသမ္မတ မခန့် ခင်
အရည်အချင်း စည်းကမ်းကို ပြင်ဆင်ရန်လိုအပ်သည်
စင်စစ်အားဖြင့်
လွှတ်တော်မှာ အဓိကပြသနာက ဖွဲ့ စည်းပုံဥပဒေ ရေးဆွဲထားတာကို ပြောင်းလဲရေးလို့ 
သာမန်လူတွေတောင် နားလည်သော နိုင်ငံရေးမှာ မြန်မာနိုင်ငံရေးဖြစ်သည် ။
ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာ လူထုလူတန်းစားအသီးသီးက မဲအပြတ်အသတ်ပေးခဲ့ ကြသည် ။
ပြည်သူတွေက တော်တော် စိတ်ပင်ပမ်းညောင်းညာနေကြပြီ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သာ လွှတ်တော်ထဲဝင်သွားပြီ ဆိုလျှင် ဖွဲ
့စည်းပုံဥပဒေတွေပြန်လည်ပြင်ဆင်
အကယ်၍ ဇူလိုင်လ-၄-ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူ
့လွှတ်တော်သို့  တက်ရောက်ခဲ့ လျှင် ယခုလို ဒုသမ္မတနေရာတွင် လစ်လပ်နေခြင်းကို
မည်သို့ မည်ပုံ ခန့် ထားရေးအတွက် အကြံညာဏ်တွေ ပေးနိုင်လိမ့်မည်ထင်ရသည် ။
မည်သို့ ပင်ဆိုစေ ဇူလိုင်လ-၉-ရက်နေ့ တွင် တက်ရောက်လာသောအခါ
လွှတ်တော်ကိုယ်စားလှယ်များတွေပင် အားရ၀မ်းသာ ရှိကြသည် ။ လွှတ်တော်ဥက္ကဋ္ဌ
သူရရွှေမန်းကအစ ကြံဖွံ့ ပါတီ ဦးဋ္ဌေးဦးတို့ အထိ နုတ်ဆက်ကြ မေးမြန်းကြနှင့်
တပျော်တပါး ရှိခဲ့ ကြသေးသည် ။ ဇူလိုင်-၁၀-ရက်နေ့ တွင်မူကား ဒုသမ္မတ ရာထူးကို
တပ်မတော်ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို
အမည်စာရင်း တင်သွင်းလိုက်ပြီဟု သတင်းတွေ ထွက်ပေါ်လာသည် ။
လစ်လပ်နေသော ရာထူးအတွက် အစားထိုး ခန့် အပ်ခြင်းသည် နိုင်ငံတော်ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၏ စည်းမျှဉ်းစည်းကမ်းအတိုင်း
ဆောင်ရွက်ခြင်းဆိုပါက ဒုသမ္မတ ရာထူးအတွက် အခုလို အစားထိုးခန့် အပ်ခြင်းမှာ
လွန်စွာသင့်မြတ်သည်ဟု ပြောရပေတော့မည် ။ သဘာဝလည်းကျလှပါသည် ။ ယခုလို
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာများမှာ လိပ်ခဲတည်းလည်းဖြစ်နေမှုများ ၊
သဟဇါတ မကျ ဖြစ်နေမှုများ ၊ တိုင်းရင်းသားလူမျိုးများ ဒေသ၌
မငြိမ်းချမ်းမှုများကို အမြန်ဆုံးးဖြေရှင်းကြရန်လိုအပ်ေ
ယခု လစ်လပ်နေသော ဒုသမ္မတ နေရာအတွက် အစားထိုးခန့် အပ်ရန် အမည်စာရင်း
တင်သွင်းကြသောအခါ လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏
သဘောထားဆန္ဒမဲများကို ကောက်ယူခြင်း ရှိသည်ဟု မကြားရ ။ တပ်မတော်သား
လွှတ်တော်ကိုယစားလှယ်များကသာ ဒုသမ္မတရာထူးကို ရွေးချယ်
အမည်စာရင်းတင်သွင်းနေကြသည်ဟု သိရသည် ။ ထို့ ကြောင့် နိုင်ငံတော်ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ မှားယွင်းနေသော အချက်အလက်တချို့ ကို
ထောက်ပြဝေဖန်ပြချင်သည် ။ သမ္မတရာထူး ၊ ဒုသမ္မတ ရာထူးတာဝန်များအား
ရွေးချယ်ခန့် အပ်ရာ၌ အရည်အချင်းဆိုသည်များကို သတ်မှတ်ထားသည် ။
ယင်းအရည်အချင်းများကို ကျနော်ရေးပြရန် မလိုအပ်ဟုထင်သည် ။ သမ္မတ၏
အရည်အချင်းများတွင် စစ်ရေးအတွေ့ အကြုံရှိသူ ၊ နိုင်ငံခြားငွေ အထောက်အပံ့
မရှိသူ ၊ စသည်ဖြင့် ပါရှိဖေါ်ပြနေရာ ယင်းဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းပြီး ရေးသားခဲ့ ခြင်းဟု
ပြောစမှတ်ပြုထားကြပါသည် ။
တချိန်တည်းမှာပင် ယင်းဖွဲ့ စည်းပုံကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ကိုယ်တိုင်း စိတ်တိုင်းကျ ပြုပြင်မွမ်းမံထားရာ ၄င်းဖွဲ
့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်မှာ ရာထူးတာဝန် လက်ခံရန် အတော်
ဂွကျနေပါသည် ။ သို့ သော် ယခုအချိန်ကား ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်သူ
့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူ့ လွှတ်တော်ခန်းမ
ထဲတွင် တက်ရောက်နေပြီဖြစ်သည် ။ သည်လိုဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တို့ 
ပြန်လည်ပြင်ဆင်လိုသော နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
ပြင်ဆင်စေရန် အချိန်ကာလတခု သတ်မှတ်ပေးရန်လိုအပ်သည် ။ ခုတော့ ထိုင်ခုံမှာ
ဖင်တောင်မပူရသေးချေ ။ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ
လစ်လပ်နေသော ဒုသမ္မတရာထူး နေရာအတွက် ဘာကိုမျှ
ဝင်ရောက်ပြောဆိုနိုင်ခြင်းမရရှိ
မျှော်လင့်ထားသလို ဘာတခုမျှ ဖြစ်မလာသော အခြေအနေကို ပြည်သူတို့ 
မြင်တွေ့ ကြရပါပြီ ။ ဥရောပနိုင်ငံခရီးစဉ် သို့  သွားခဲ့ သော
ဒေါ်အောင်ဆန်းစုကြည်မှာ ကမ္ဘာ့ခေါင်းဆောင် တဦးအဖြစ် သတ်မှတ်ခံရသည် ။ ခုတော့
မြန်မာနိုင်ငံ လွှတ်တော်ထဲမှာ မည်သို့ မျှ နေရာမပေးဘဲ လုပ်လိုက်သည်ကိုတော့
လက်မခံချင် ။ ပြည်သူ့ လွှတ်တော်တွင် နိုင်ငံတော် ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခွင့် ရှိသည်ဟု အစိုးရက
တရားဝင်ပြဋ္ဌန်းထားသည် ။ ဖွဲ့ စည်းအုပ်ချုပ်ပုံ၏
အားနည်းသောအချက်အလက်များကိုလည်း ဖြည့်စွက် ပြင်ဆင်နေကြသည်များလည်း ရှိသည် ။
သို့ ဖြစ်၍ ယခုဒုသမ္မတ ရာထူးလစ်လပ်နေခြင်းကို ချက်ချင်း
အမည်စာရင်းတင်သွင်းပြီး ခန့် အပ်ရန် ကြိုးစားနေကြခြင်းမှာ
မရိုးသားမှုဖြစ်နေသည်ကို တွေ့ ရသည် ။
အဘယ့်ကြောင့်ဆိုသော် ဒုသမ္မတ ရာထူးတာဝန်ကို ခန့် အပ်ရန်အတွပ် လစ်လပ်နေသည်ဆိုလျှင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအားလံ
အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးအင်အား
တိကျစွာပြောရလျှင် သမ္မတ အရည်အချင်းဆိုသည်မှာ ပြန်လည်ပြင်ဆင်ရန်
လိုအပ်နေသော အချက်အလက်များဖြစ်သည် ။ စည်းကမ်းစဉ်းမျှဉ်းများဖြစ်သည် ။
ယင်းအချက်အလက်များသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို ရည်ရွယ်ပြီး ရေးဆွဲ ပေးထားသော
အချက်အလက်ဖြစ်သည် ။ ယင်းနိုင်ငံတော် သမ္မတ အရည်အချင်းကို
ပြန်လည်ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေးရန် တင်ပြရမည်ဖြစ်သည် ။
အခြားတဖက်မှာ သမ္မတအရည်အချင်းနှင့် ပါတ်သက်၍ ပြန်လည်ပြင်ဆင်ရန် လွှတ်တော်တွင်
ဆွေးနွေးမည်ဟုဆိုပါက ယခုအမည်စာရင်းတင်သွင်းနေခြင်းမျ
သမ္မတ တယောက်၏ အရည်အချင်းမှာ မျိုးချစ်စိတ်ရှိပြီး နိုင်ငံတော်ကို
တိုးတက်ဖွံ့ ဖြိုးသာယာစေလိုသော အမြင်ရှိသော သူများသာ ဖြစ်သင့်သည် ။
ယခုရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်မှ ဒုသမ္မတအဖြစ်
အမည်စာရင်း တသွင်းထားရာ ဒီပဲယင်းအရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို
လုပ်ကြံသူအဖြစ် အမည်ကြော်ကြားသူဖြစ်နေသည် ။ သတင်းစာ ဆရာများ ၊
စာနယ်ဇင်းများနှင့် ပဏာမစားသော သူတဦးလည်းဖြစ်နေသာ ရန်ကုန်တိုင်း
ဝန်ကြီးချုပ် ဦးမြင့်ဆွေအစား ဒေါ်အောင်ဆန်းစုကြည်ကို ခန့် အပ်မည်ဆိုပါက
မြန်မာနိုင်ငံအတွက် မည်မျှ ကောင်းကျိုး ရှိလေမည်လဲ ဆိုသည်ကို
တွက်ချက်ကြည့်ရန်လိုသည် ။ ဥပမာအားဖြင့် ဦးမြင့်ဆွေမျက်နှာကို
မျှော်ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထိုင်ကြည့်နေရမည်ဆိုလျှင်
လွှတ်တော်အနေအထားမှာ ပုံလှမည်မထင်ရပေ ။ နိုင်ငံတကာမှ မြင်ကွင်းမှာလည်း
အကြည့်ရ သက်သာလှမည် မထင် ။ ထို့ ကြောင့် နိုင်ငံတော်ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲ
ဝင်လာကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် သမ္မတရာထူး
အရည်အချင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေးရန်
အဆိုပြုချက် အဖြစ် စောစောတင်သွင်းသင့်သည်ဟု ထင်မြင်ယူဆမိသည် ။ ဒု
သမ္မတရာထူးကို မခန့် ဖြစ်သေးရန် တားဆီးရန်လိုသည် ။ သို့ မှသာ ဒူးနေရာဒူး
တော်နေရာ တော် ဖြစ်နေမည် ။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
Tuesday, July 10, 2012
ဒုသမ္မ မခန့် ခင် အရည်အချင်း ပြင်ဆင်ရန်လိုအပ်
ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီး သမ္မတကြီး ငြိမ်းပေးပါ
Tuesday, July 10, 2012
အိမ့်သံစဉ်
ဗိုလ်ချုပ်မှူးကြီး
မွှေးခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲအဖြစ် “သားသမီးနှစ်ဦးလုံးဖြစ်နေတာ ကြောင့်
အမွေတွေကို အညီအမျှ တ၀က်စီခွဲယူဖို့ဟူသော
ရန်ကုန်အနောက်ပိုင်းခရိုင်တရားသူကြီးက ဆုံးဖြတ်”ဆိုတဲ့ “မီး” တောက်က
ဆက်လက်တောက်လောင်နေပါတယ်။ ၂၀၁၂-၆-၂၂ ရက်နေ့က ဆုံးဖြတ်ချက်ချကြောင်း
၂၀၁၂-၆-၂၄ ရက်နေ့ ထုတ် အာအက်ဖ်အေသတင်းမှာ တွေ့ရပါတယ်။ ဒီမီးဟာ န၀တ၊နအဖ
ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှို့ခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲမီးတွေ
ဖြစ်တယ်လို့သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ မနာလိုမုန်းတီမှုအစ
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ အရေးအခင်းမှာပါဝင်လာတာက ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် မနာလိုမုန်းတီးမှုက စတာပါ။
ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုများ
များစွာသော
ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုတွေထဲက ဖျောက်ဖျက်ကွယ်ဝှက်
လို့မရတဲ့ သာဓက ကြီးသုံးခုကို တင်ပြ ပါမယ် ဒီသုံးခု စလုံးဟာ
စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်
ပြောပြချက်အရ သိရှိရသလို လူတိုင်းနားလည်ထားတဲ့ အတိုင်းဖြစ်ပါတယ်။ အဲဒါတွေက -
၁။
၁၉၉၆ နောက်ပိုင်းမှာ NLD ပါတီဝင်တွေကို အမြစ်ပြတ် ခြေမှုန်းဖို့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ် ခဲ့တဲ့အတွက် NLD ပါတီဝင်တွေကို
အပြစ်ရှာနှိ မ်းနင်းခဲ့တယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က
ပြောကြားကြောင်း သိရှိရပါတယ်။
(မိုးမခ၊ ၂၅-ဖေဖေါ်ဝါရီ-၂၀၁၂)
အဲဒီအမိန့်အရ NLD ပါတီဝင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီ
လှုပ်ရှားသူတွေဟာ ရေဖြတ်၊မီးဖြတ်တာကအစ အပြစ်ရှာ၊ ပြဿနာဖန်တီးပြီး
ကျူပင်ခုတ်၊ကျူငုတ်မကျန်၊ သားစဉ် မြေးဆက်
အကုန်လုံးကိုဒုက္ခပေးခံခဲ့ကြရပါတယ်။ ဒါလည်းအားလုံးသိပြီး ဖြစ်ပါတယ်။
ဒါဟာ
ဒေါ်အောင်ဆန်းစုကြည်ကို မလိုမုန်းတီးရာကစတဲ့မီးတောက်များထဲက တခုပါ။
ဒီပြဿနာတွေဟာ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် တွေ့မြင်သိရှိခဲ့ပြီးဖြစ်တဲ့
ပြဿနာတွေပါ။
၂။
၂၀၀၃-ခု မေလ-၃၀ ရက်ည၊ ဒီပဲယင်းအရပ်မှာ ဒေါ်အောင်ဆန်းဆုကြည်ကို အသေသတ်
အပြတ်ရှင်းဖို့ ကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လျှို့ဝှက်
စီစဉ်ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့
နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းထံ ၂၀၀၅-ဧပြီလ-၁ရက်နေ့စွဲပါ
နုတ်ထွက်စာတွင် အတိအလင်း ဖေါ်ပြထားသလို ဒီ လုပ်ကြံမှုကြီးဟာ
ဗိုလ်ချုပ်မှူးကြီးရဲ့ ပက်စက်တဲ့အကြံဆိုတာလည်း ပြည်သူအားလုံး သိကြပါတယ်။
ဒီလုပ်ကြံမှုကြီးကိုလည်းသမတကြီးကိုယ်တိုင်
ဒီဖြစ်စဉ်တွေကို သိရှိပြီးသားလို့ ယုံကြည်ပါတယ်။ ဒီလုပ်ကြံမှုကြီးတွင်
လက်နက်မဲ့အပြစ်မဲ့ပြည်သူ ၂၈၀ ကျော်သေဆုံးခဲ့ရပြီး အများ အပြားဒဏ်ရာရပြီး
ဖမ်းဆီးချုပ်နှောင်၊ ထောင်ချခြင်းခံခဲ့ရပါတယ်။
ဘာကြောင့်ဗိုလ်ချုပ်မှူးကြီးက ဒီလိုလုပ်တယ်ဆိုတာနဲ့ တရားမျှတမှု
မရှိဘူးဆိုတာလည်း သမ္မတကြီးကသိရှိပြီးလို့ ယုံကြည်ပါတယ်။
ဒါဟာလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဒေါသ မီးတောက်တွေထဲက တခုပါ။
၃။
လက်ရှိဒေါ်အောင်ဆန်းစုကြည်နေနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို
မွေဆိုင်မှုဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖန်တီးကြောင်းကိုလည်း
ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရေးတဲ့ စာကို ခေတ်ပြိုင် ဂျာနယ်တွင်
၂၀၀၈-၆-၂၀ရက်နေ့ ဖတ်ရပါတယ်။
စစ်ထောက်လှမ်းရေးအရာရှိဟောင်း
မပြောခင်ကတည်းက ယင်းအိမ်အမွေဆိုင်မှုဟာ ယုတ်မာ၊ ကောက်ကျစ် စဉ်းလဲတဲ့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပက်စက်သောအကြံအစည်ဖြစ်တယ် ဆိုတာ
အားလုံးသိကြပါတယ်။
ဗိုလ်မှူးဟောင်းရဲ့ ခေတ်ပြိုင်ဂျာနယ်မှာ ဖော်ပြတဲ့ စာက ဟုတ်မှန် ကြောင်း အထောက်အထား ပိုခိုင်လုံ သွားပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်က ၂၀၀၈-၆-၂၀ရက်နေ့ ခေတ်ပြိုင်ဂျာနယ်၌ ဖေါ်ပြရာမှာ-
၁-
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်မှာ မောင်နှမ ကြား ပြဿနာ တခု
ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်စုဧ။် စိတ်မရွှင်လန်း စေသည့်အပြင်
ပြည်တွင်း၊ ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်အား အဆိုး မြင်စေခြင်း။
၂-
ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦးဧ။် ဇနီး
ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား
လက်မှတ်ရေးထိုးလာစေရန် ဆွဲဆောင်ခြင်း။
၃-
မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်ဧ။်မိသားစုဝင်များအား နအဖက
စီးပွားရေးအကျိုးအမြတ်များ ဖန်တီး ပေးထားပြီး ဦးအောင်ဆန်းဦးအား
စည်းရုံးသိမ်းသွင်းစေခြင်း။
၎-
ဦးအောင်ဆန်းဦးလက်မှတ်ရေးထိုးရန်သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်
တရားစွဲမည့် စာရွက် စာတမ်း များကို မြန်မာသံရုံး
ဝါရှင်တန်မြို့သို့ပေးပို့ကာ ၄င်းမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများ
ပေးပို့ပြီး လက်မှတ်ရေးထိုး၊ ပြန်ရောက်လာသောစာကို ထိုစဉ်က သံအမတ်ကြီး
ဦးတင်ဝင်းမှ မှန်ကန်ကြောင်း ထပ်ဆင့် လက်မှတ်ရေးထိုးပြီး
ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေထံသံရုံးချောစာ (pouch) ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု
ဖေါ်ပြထားသည်။
အထက်ပါဗိုလ်မှူးအောင်လင်းထွဋ်ရဲ့စာမှာ
ဗိုလ်ချုပ်မှူးကြီးအာဏာရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက် မလို
မုန်းထားရန်ငြှိးမီးပွားနေတယ်ဆိုတာ သိလောက် ပါတယ်။ ဒါပေမယ့် ခုအခါမှာ
ဗိုလ်ချုပ်မှူး ကြီးဟာ အနားယူသွားပြီးအရင်ကလို သြဇာအာဏာ မရှိတော့၊
ဦးသိန်းစိန်သာ သြဇာအာဏာအပြည့်ရှိတဲ့ သမ္မတကြိးဖြစ်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီး
၁၉၈၈ ကစပြီး မွှေးခဲ့တဲ့မီးဟာ ဒီနေ့ထိမီးမငြိမ်းသေးဘဲ ဆက်လက်တောက်လောင်နေဆဲ
ဖြစ်တယ်ဆိုတာ ၂၀၁၂-၆-၂၄ ရက်နေ့စွဲပါ အာအက်ဖ်အေ သတင်းမှာပါတဲ့အတိုင်း
“အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးစွဲဆိုထားတဲ့ အမွေဆိုင်ကိစ္စမှာ
သားသမီးနှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲဝေယူဖို့
တရားရုံးက ဆုံးဖြတ်ချက်ချ” ဟူသော အမှုကိစ္စဟာ
တနှစ်ကျော်လောက်ငြိမ်းနေတဲ့မီးဟာ ဘယ်သူ့လက်ချက် ကြောင့်မသိ အခုပြန်ပြီး
တောက်လောင်လာပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး
မွှေးခဲ့တဲ့မီးကြောင့် လင်မယားချင်း၊ သားအမိ သားအဖချင်း၊
ညီကိုမောင်နှမချင်း၊ ဆွေမျိုးချင်း၊ သူငယ်ချင်း ချင်း၊ ရဟန်းသံဃာချင်း
စိတ်ဝမ်းတွေကွဲခဲ့ကြရတာ သမတကြီးအသိဆုံးပါ။
(ခုဦးအောင်ဆန်းဦးနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မောင်နှမအရင်း ဖြစ်ပါလျက်နဲ့
ဗိုလ်ချုပ်မှူးကြီးရဲ့ သွေးထိုးမှု ကြောင့် စိတ်ဝမ်းကွဲ ပြီး
တရားရုံးရောက်နေကြတာ သမ္မတကြီးအသိပါ။ ကျော်မကောင်း၊ ကြားမကောင်း၊
ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီ။)
ဒီအိမ်အမွေကိစ္စဟာ
ဗိုလ်မှူးအောင်လင်းထွဋ် မဖေါ်ထုတ်မီကတည်းက ဗိုလ်ချုပ်မှူး ကြီးရဲ့စနက်
ဖြစ်နိုင်တယ် ဆိုတာ လူတိုင်းစိတ်မှာ ယုံကြည်ပြီးသားပါ။
ဘာကြောင့်လဲဆိုတော့ -
၁။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗိုလ်ချုပ်အောင်ဆန်း(ကွယ်လွန်)ရဲ့အမည်နဲ့
တိုင်းပြည်အတွက် ဆောင်ရွက်ချက်များအားလုံးကို မှေးမှိန် ပျောက်ကွယ်အောင်
လုပ်ခဲ့တာရယ်
၂။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်အနစ်နာခံ၊
စွန့်လွှတ်စွန့်စားတာတွေကို အသိအမှတ် မပြုတဲ့အပြင် နေရာတိုင်း လိုက်ပြီး
ဒုက္ခပေးရုံမက လူကိုပါလုပ်ကြံသတ်ဖြတ်ခိုင်းတာရယ်
၃။
ဦးအောင်ဆန်းဦးကလည်း နေစရာမရှိစားစရာမရှိသူလည်းမဟုတ်၊ အိမ်နဲ့ခြံနဲ့
အထက်တန်းကျကျ နေနိုင်၊ စားနိုင်သူဖြစ်နေတာကြောင့် အခုအမွေဆိုင်အိမ်ကို
မက်လောက်စရာမရှိလို့ သူ့ပင်ကိုယ်အရ ဒီလောက် လောဘကြီးပုံမရတာရယ်စတဲ့
အထောက်အထားတွေကြောင့် ဖြစ်ပါတယ်။
သမ္မတကြီးဦးသိန်းစိန်ဟာ
နိုင်ငံရဲ့အထွဋ်အထိပ်ပုဂ္ဂိုလ်ကြီးဖြစ်နေတာကြောင့် အရာရာကို အဆုံးအဖြတ်
ပေးနိုင်သလို အခုအိမ်အမွေဆိုင်မှုကိုလည်း တရားဥပဒေအရ အမှန်တရားဘက်
ကနေ ဆုံးဖြတ်ပိုင်ခွင့်ရှိ ပုဂ္ဂိုလ်ကြီးဖြစ် နေပါတယ်။ ယင်းအမွေဆိုင်မီးကို
ငြှိမ်းသတ်နိုင်သော ပုဂ္ဂိုလ်မှာ သမ္မတကြီးမှတပါးအခြားမရှိပါ။
သို့ဖြစ်ပါ၍ ယခုတောက်လောင်နေဆဲဖြစ်သော အမွေဆိုင်မီးကို အချိန်မီငြိမ်းသတ် ပေးပါရန် သမ္မတကြီးအား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေပြည်စိုး
blog.irrawaddy.org
ဗိုလ်ချုပ်ကြေးရုပ် အလေးပြုခွင့်မပြု
2012-07-10
အာဇာနည်နေ့မှာ ပဲခူးမြို့ ဗိုလ်ချုပ်ကြးရုပ်ရှေ့မှာ အလေးပြု ပန်းခွေချဖို့ ပဲခူးမြို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ခွင့်ပြုချက် တောင်းခဲ့တာကို အာဏာပိုင်တွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် (၆) ရက်နေ့က မိမိတို့ တင်ပြခဲ့တာကို ဒီကနေ့ မနက်(၁၀) နာရီမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနဲ့ အတူ မြို့နယ်ရဲမှူး၊ စည်ပင်ဦးစီးမှူးနဲ့ မြို့နယ်ဥပဒေ အရာရှိတို့က NLD အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းမင်း၊ ဦးဗလ၊ ဦးမင်းသိမ်းနဲ့ မိမိ အပါအဝင် (၄) ဦးကို ခေါ်ယူပြောဆိုခဲ့ကြောင်း ပဲခူး NLD လုံခြုံရေးတာဝန်ခံ ကိုအေးမင်းဦး(ခေါ်) ကိုဂျမားက ပြောပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့ကိုတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာတဲ့ လုပ်ဖို့အတွက် ခွင့်မပြုဘူးလို့ ကျွန်တော်တို့ကို ပြောတယ်ဗျ။ ဘာကြောင့် ခွင့်မပြုဘူးဆိုတာ ဗိုလ်ချုပ်ကြေးရုပ်ကတဲ့ အမှတ်တရ ဖြစ်တယ်တဲ့၊ လွမ်းသူ့ပန်းခွေ ချခွင့်နေရာ မဟုတ်ဘူးပေါ့နော်။ ပဲခူးမြို့မှာ အာဇာနည်နေ့အတွက် အထိမ်းအမှတ် လုပ်ထားတဲ့ ကြေးရုပ်လည်းမဟုတ်ဘူးပေါ့နော်။ မြို့လည်က ကြေးရုပ်ကို ထုထားတာပဲ ရှိတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ လုပ်ထားတာမဟုတ်ဘူး။ အဲဒီအတွက် သူတို့အနေနဲ့ လွမ်းသူ့ပန်းခွေ ချခွင့်မပေးနိုင်ဘူး။ အလေးပြုခွင့် မပေးနိုင်ဘူးလို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီဗိုလ်ချုပ်ကြေးရုပ်မှာမှ ကျွန်တော်တို့က လွမ်းသူ့ပန်းခွေမချ အလေးမပြုရရင် ကျွန်တော်တို့က ဘယ်နေရာ သွားလုပ်ရမှာတုန်း။ ဒါဆိုခင်ဗျားတို့ အာဏာပိုင်က သတ်မှတ်ပေး။ ဘယ်နေရာမှာ လုပ်ပါဆို ကျွန်တော်တို့ လာလုပ်မယ်ဆိုတော့လည်း ဒါကတော့ ကိုယ့်ဘာသာ စဉ်းစားပါတဲ့”
သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ပဲခူး အန်အယ်လ်ဒီအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ်ပါတီ ရုံးမှာပဲ သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဥပဒေဘောင် အတွင်းမှ လူကုန်ကူး မှုများ ရန်ကုန် မြို့လယ်၌ပင် တွေ့နေရ
မြန်မာပို့စ်
sex_worker အရွယ်ကောင်း၊ ရုပ်ချော မိန်း ကလေး ငယ်များကို သွေးဆောင် ဖြား ယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြှူ ဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများ တွင် ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာ လျက် အသိတရား ကိုယ်ခံ အား နည်းပါး သော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေ ကြောင်း သိရသည်။
မကြာသေးမီက ကျင်းပပြီးစီး သွားခဲ့သော သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ် ၌ ဖျော်ဖြေ ရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့ သည်။ အရွေးချယ် ခံရသူ မိန်းက လေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေး ကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာ အတွင်း အစားအသောက်ပါ အခမဲ့ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ ထိုသို့ အဆိုရှင် ရွေးပွဲ ကျင်းပ ပြီးနောက် အရွေးချယ် ခံရသော မိန်း ကလေး တစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံစီစဉ် ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းကလေး ကသာ ဆန္ဒ ရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င် ပေါင်း သင်းရန် အစီအစဉ် ရှိကြောင်း ပြော ကြား ခဲ့သည် ဟုသိရသည်။
ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သော အခါ အမျိုးသမီးကြီး က လေသံ ပြောင်းကာ နောက်ဆုတ် သွားပြီး နောက်သုံးရက် နေသော နေ့ တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ် တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြား မည်ဖြစ် သဖြင့် နာမည် မရသေး သူများကို သုံး မည် မဟုတ်ကြောင်း အကြောင်းပြန် ကြား ခဲ့သည်ဆို၏။
“သမီးက သူပြောတဲ့ အစီအစဉ် ကို မလိုက်နာ နိုင်ကြောင်း ပြတ်ပြတ် သားသား ပြောခဲ့ တာပဲရှိတယ်။ ဘာ မှ မိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြော ခဲ့တာ မရှိ ပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ် ထဲမှာ တော်တော် ခံပြင်း မိတယ်။ သူ တို့က သမီးကို လူရွေးပွဲမှာ အောင် တော့ စရန် ငါးသောင်း ပေးပြီး သား။ အဲဒါကို ပြန်ပေးမယ်ဆို တော့ နေပါစေတဲ့။ အဆုံးထား လိုက် ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ် ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့၊ သူ တို့နဲ့ မျက်နှာချင်း ထပ်မဆိုင် ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်” ဟု အမည် မဖော်လို သော ဖြားယောင်းခံ မိန်း ကလေး ငယ်က မြန်မာပို့စ်သို့ ပြော သည်။
ထိုသို့ ငွေကြေး ဓန အင်အား ဖြင့် မြှူဆွယ် ဖြားယောင်း ကာ အရွယ် ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင် အတွင်း တွန်း ပို့ရန်ကြိုး ပမ်း နေသော ဖြစ်ရပ် များမှာ မြို့ကြီး များတွင် ကျယ်ပြန့် လာနေပြီ ဖြစ် ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသောမိန်းက လေးငယ် များသည် လှချင်ပချင် ၀င့် ကြွားချင် စိတ်တို့ကိုရှေ့တန်းတင် လျက် အသွေးအသား ကို ဈေးကစား မိကြ သလို ရေလိုက် လွဲမှား မှုများ ရှိနေ ကြောင်းလည်း သတိပြု မိသူတို့က ဆိုသည်။
အထက် ဖော်ပြပါ သင်္ကြန် မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်း ခံရ သော မိန်းကလေးမှာ မိဘ များက ငွေကြေး ဓန တောင့်တင်း သူများဖြစ် ခြင်း၊ သူမသည် အနုပညာ သက် သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှား မှုများ ကို အာရုံ မရောက်ခြင်း စသည် တို့ကြောင့် ဖြားယောင်း မှုကိုတွန်း လှန်နိုင် ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ(ထောက်ပံ့မှု) ပေးမည့်သူထံ မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအ ဆောင်၊ ငွေကြေး စသည် တို့ကို မက် မောကာ ခေါင်းညိတ် လိုက်ပါက ထို မိန်းကလေး ၏ဘ၀သည် လူမ သိသူ မသိနွမ်းရိ သွားမည့် အကြွေပန်းဘ၀ ရောက်သွား နိုင်မည်ဖြစ်ကြောင်း ခန့် မှန်း သိရှိနိုင်သည်။
ထို့ကြောင့် တော်ရုံ တန်ရုံအသိ ဖြင့် မရှောင်လွှဲနိုင်သာ သော မက်လုံး အမျိုးမျိုး ပြကာ မြှူဆွယ် ဖြားယောင်း ပြီး အရွယ်ကောင်း မိန်းကလေးချော ချောများ ၏ဘ၀ကို နင်းခြေ ဖျက်ဆီး လိုသည့် လူပွဲစား များကို အမျိုးသား ရေး တာဝန် တစ်ရပ်အဖြစ် ဖော်ထုတ် တားဆီး သင့်ကြောင်း အသိပေးတင် ပြ လိုက်ရပေသည်။
ကျော်ဇောလေး
အိမ်ဖော် ကလေးငယ်ကို နှိပ်စက်သူ
Published On: Tue, Jul 10th, 2012

အိမ်ရှင်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသူ အိမ်ဖော်မလေး မတင်နီလာအေး
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ဆင်တိုင်ရပ်၊ စိန်ပန်းရပ်ကွက်နေ
ဦးဝင်းမောင်+ဒေါ်ပုတို့နေအိမ်တွင် အိမ်ဖော်အလုပ် လုပ်ကိုင်နေသည့် အသက် ၁၄
နှစ် ရှိ မတင်နီလာအေးကို
အိမ်ရှင်၏ သမီးဖြစ်သူ မခင်နီလာအေး (ခ) မနီနီမှ ဇူလိုင်လ (၇) ရက်နေ့ နံနက်
၇း၀၀ နာရီ ခန့်တွင် တံမြက်စည်း လှဲတာ မပြောင်ဘူးဟု ပြောဆိုကာ ၎င်း ဝတ်ထာသော
ဒေါက်ဖိနပ်ဖြင့်
အိမ်ဖော်မလေးရဲ့ခေါင်းကို ရိုက်ခဲ့သဖြင့် အိမ်ဖော်မလေးရဲ့ ဦးခေါင်း (၇)
ချက် ချုပ်ရကြောင်း၊ ကုလားထိုင်ဖြင့် ရိုက်ခဲ့သဖြင့် ကလးငယ်၏ ဘယ်ဘက်လက်
ကျိုးသွားကြောင်း၊ ဖိနပ်ဖြင့်
ပါးရိုက်ရာ နှုတ်ခမ်း ပေါက်သွားကြောင်း၊ ဒူးခေါင်းနှင့် ပေါင်များတွင်
မီးပူဖြင့် ကပ်ခံ ခဲ့ရကြောင်း၊ အဝတ် လျှော်တာ မပြောင်လို့ဆိုပြီး
အိမ်ဖော်မလေးရဲ့လက်ကို သံပရ(က်)စ်ဖြင့် ပွတ်၍
တိုက်ခံခဲ့ရ တယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်ဖော်မလေး မတင်နီလာအေးဟာ
သူအလုပ် လုပ်နေတဲ့ အိမ်ရှင် အိမ်မှ ထွက်ပြေးခဲ့ရာ ရပ်ကွက် အတွင်းရှိ
၎င်းဈေးဝယ်နေကြ ဈေးဆိုင်မှ
အဒေါ်ကြီးတစ်ဦးမှ ရဲစခန်းသို့ ပို့ပေး ခဲ့ရသလို ရဲစခန်းမှ ဆေးရုံသို့
ဆက်လက် ပို့ဆောင် ပေးခဲ့ရကြောင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာအောင်မြေမြို့နယ်
အမှတ် (၇) ရဲစခန်း တာဝန်ရှိ
သူတွေက မခင်နီလာအေး (ခ) မနီနီအား အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။
http://www.burmavjmedia.net
မောင်တော မငြိမ်သက်မှုတွင် ကြိုးကိုင် ခဲ့ သူ တစ်ဦး ဖြစ်သည့် ဒေါ် မြနန္ဓာအောင် ကို တရားစွဲ
by FNG on July 10, 2012
မောင်တော မြို့ နယ် အခြေစိုက် ကုလ သမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာ မင်းကြီး ရုံး မှ အကြီး
တန်း အရာ ရှိ တစ်ဦး ဖြစ်သည့် ဒေါ်မြနန္ဓာအောင် နှင့် သူ မ ၏ ခင်ပွန်း ဖြစ်သူ Grand Ocean
ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့  ၀င် တစ်ဦး ဖြစ်သူ ဦးမောင်သန်း ကို မင်္ဂလာတောင်ညွန့် တရား ရုံးက
အီလက်ထရောနစ် ပုဒ်မ ၊ အရေး ပေါ် စီမံ မှု အက်ဥပဒေ ပုဒ်မ ၊ လိမ်လည် မှု ပုဒ်မ တို့ ဖြင့် တရား
စွဲ ဆိုထား သည် ဟု FNG မှ သတင်း ရရှိသည်။
ဒေါ်မြနန္ဓာအောင် အောင် ဇွန် လ ၁၀ ရက်နေ့  တွင် ရန်ကုန် သို့  ထွက် ခွာ မည့် လေယာဉ် ပေါ် တွင်
စောင့် ဆိုင်း နေခိုက် စစ်တွေ မြို့  တွင် အာဏာပိုင်များ က ဖမ်းဆီး ထိမ်းသိမ်း ခဲ့ ခြင်း ဖြစ်သည်။
သူမ ၏ ဖခင် ဖြစ်သူ ဒေါက်တာ ထွန်းအောင် နှင့် အခြား နှစ် ဦး မှာ လည်း ထိုနေ့  ညနေ တွင် ပင်
မောင်တော ဉ် တစ်ဖက် နိုင်ငံ သို့  ကူးရန် စီစဉ် နေ ချိန် တွင် ဖမ်းဆီး ခဲ့ ခြင်း ဖြစ်သည်။
ဒေါက်တာ ထွန်းအောင်သည် တောင်ကုတ် မြို့  တွင် မွတ်ဆလင် ၁၀ ဦး အသတ် ခံ ရမှု အတွက်
ဆုတောင်း ပေးရန် အာဏာပိုင်များ ထံ မှ ခွင့် ပြု ချက် ရရှိ ထား ပြီ ဖြစ်သည် ဟု ပြောဆိုကာ
ရိုဟင်ဂျာ လူငယ် များ ကို စည်းရုံး ပြီး နောက် သွေးထိုး မြှောက် ပင့် ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ဒေါက်တာ ထွန်း အောင် ၊ သမီး ဖြစ်သူ ဒေါ်မြနန္ဓာ အောင် တို့  ဆက် စပ် လေးဦး ကို ဖမ်းဆီး ရမိ
ခဲ့ ချိန် ဉ် ၎င်း တို့  ထံ တွင် အစ္စလာမ်မစ် ဘာသာဝင် နိုင်ငံ တကာ အကြမ်းဖက် ကျွမ်းကျင် သူ များ
နှင့်ဆက်သွယ် ဆောင် ရွက်မှု မှတ်တမ်း များ ကို အာဏာပိုင် များ က သိမ်းဆည်း ရမိ ခဲ့ သည် ဟု
သတင်း အချို့  တွင် ဖော်ပြ ထား သည်။
၎င်း တို့  သား အဖ ကို စစ်တွေ မြို့ မှ တစ်ဆင့် ရန်ကုန် မြို့  သို့  ဇွန် လ ၂၁ ရက်နေ့ တွင် လွှဲပြောင်း
ပေး ခဲ့ သည်။ ဒေါက်တာ ထွန်းအောင် ကို မူ မောင်တော ရဲစခန်း က တရား လို ပြု လုပ် ၍ တရား
စွဲ မည် ဟု သတင်း ထွက် ပေါ် ခဲ့ သော်လည်း စခန်း မှ တာဝန် ရှိ သူ တစ်ဦး က အမှု များ အလွန်
များ ပြား နိုင် ခြင်း ကြောင့် မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့  သို့  လွှဲ ပြောင်းထား သည် ဟု ဆိုသည်။
http://freedomnewsgroup.com/2012/07/10/rakhine-unrest-14/
အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည့်သူ့  လွှတ်တော် ဥက္ကဌ သူရ ဦး ရွှေမန်း
ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ အား ဒု သမ္မတ အဖြင့် တင်မြှောက်
၂၀၀၄ ခုနှစ် မှာ ၀န်ကြီးချုပ် နဲ့  စစ်ထောက်လှမ်းရေး ညွှန်ချုပ် ဒုတိယ ဗိုလ်
ချုပ် ကြီး ခင်ညွန့်  နဲ့  အဖွဲ့  ကို ရက်ရက် စက်စက် ရှင်းခဲ့ သူ တစ်ယောက်
လည်း ဖြစ်ပါတယ်။ တစ်ခါ နာဂစ် ဖြစ်တော့ ထိုင်း နဲ့  အီတလီ နိုင်ငံ လှုတဲ့
ပစ္စည်း တွေ မှာ အလှု ရှင် နိုင်ငံ တွေ ရဲ့  တံဆိပ် ပေါ် မှာ မြန်မာ ဗိုလ်ချုပ်
တွေ ရဲ့  နာမည် ကို ထပ် အုံး ပြီး မြန်မာ ဗိုလ်ချုပ် တွေ လှုတယ် လို့ ထင်
အောင် နာဂစ် ဒေသခံ တွေ ကို ၀ါဒ ဖြန့် ခဲ့ တဲ့ သူပါ။
ဦးမြင့်ဆွေ ဟာ ဒုဗိုလ်ချုပ်မှုးကြီး ရာထူး နေရာ ဆက်ခံ မယ့်
သူ လို့  သတင်း ထွက် ပေါ် ခဲ့ ဖူး ပါတယ်။ စစ်တပ် ထဲ မှာ
တော့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  အရေး ပေး ခံ ရဆုံး သူ တစ်
ဦး ဖြစ်ပါတယ်။
http://freedomnewsgroup.com
The Voice Daily Newsletter July 10, 2012
ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် အမည်တင်သွင်း
ရန်ကုန် ဇူလိုင် ၁၀
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းရမည့် ဒုတိယ သမ္မတနေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ပြည်ထောင်စု လွှတ်တော်ထံသို့ အမည်စာရင်း တင်သွင်း လိုက်ပြီ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တစ်ဦး နှင့် နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။
ဦးမြင့်ဆွေကို စာရင်း တင်ထားတယ်လို့ သိထားတယ်။ အစိုးရ အဖွဲ့ထဲမှာလည်း ဦးမြင့်ဆွေလို့ သတင်းထွက်နေတယ်ဟုအစိုးရ အဖွဲ့နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။
DSA အပတ်စဉ် ၁၅ ကျောင်းဆင်းတစ်ဦး ဖြစ်သော ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှာ ယခင်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးပြီး ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။
ဦးမြင့်ဆွေမှာ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး(အငြိမ်းစား) သန်းရွှေနှင့်လည်း အလွန် ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ကိုင်တွယ်ဖြေရှင်းခဲ့သူ တစ်ဦးအဖြစ်လည်း လူသိများသူ တစ်ဦးဖြစ်သည်။
ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်တွင်း မီဒီယာများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ခေါ်ယူပြီး ပုဒ်မ ၅(ည) အပါအ၀င် ပြစ်မှု ဥပဒေများအရ အစိုးရအဖွဲ့က တရားစွဲဆိုနိုင်ခြင်း အပြင် ပြန်ကြားရေး ဥပဒေအရ လည်း အရေးယူနိုင်ကြောင်း သတိပေး ပြောကြားခဲ့သူ လည်းဖြစ်သည်။
အဘ ဥက္ကာကိုကို
ဦးမြင့်ဆွေသည် ၂၀၀၂ ခုနှစ်မှစတင်ကာ ရန်ကုန်တိုင်း တိုင်းမှူးရာထူးဖြင့် တပ်မတော်အတွင်းလူသိများလာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့်အဖွဲ့ကို ရှင်းလင်းခဲ့သူအဖြစ် နာမည်ကျော်လာခဲ့ပြန်သည်။
ဦးမြင့်ဆွေသည် ကစထမှူးဟောင်း(ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး)၊ အထူးစစ်ဆင်ရေးဗြူရိုအမှတ်(၅) အဖွဲ့ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအကြီးအကဲ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။
ဦးမြင့်ဆွေသည် ၁၉၇၃ ခုနှစ် စစ်တက္ကသိုလ် အမှတ်စဉ်( DSA-15) မှ သင်တန်းဆင်းစစ်ဗိုလ်တစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရာထူးကို ဦးမြင့်ဆွေအား လွှဲပြောင်းပေးရန်ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပြောဆိုခဲ့ဖူးသည်ဟု အတွင်းသတင်းရပ်ကွက်ကဆိုခဲ့ဖူးသည်။
၂၀၁၀ ဇူလိုင်လတွင် ဦးမြင့်ဆွေဦးဆောင်သည့် ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းမည်ဟု ကောလဟာလများထွက်ပေါ်ခဲ့ဖူးသည်။ ၂၀၁၀ သြဂုတ်လတွင် ရွေးကောက်ပွဲဝင်ရန်အတွက်
ရာထူးမှ အနားပေးခံရသည်။ ၂၀၁၀ နိုဝင်ဘာတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ရွေးချယ်ခံခိုင်းခြင်းကို ငြင်းပယ်သဖြင့် စစ်ထောက်ချုပ်နှင့် စိတ်ဓာတ်စစ်ဆင်ရေးအရာရှိများက ဦးမြင့်ဆွေကို နေပြည်တော်သို့ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ဖူးသည်။ ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ထမ်း ဆောင်လျှက်ရှိသည်။
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းကွယ်လွန်ပြီးချိန်တွင် ဦးမြင့်ဆွေနှင့် ဦးဌေးဦးတို့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စိတ်ကြိုက်စစ်ခေါင်းဆောင်များ ဖြစ်လာခဲ့သည်။
ယခုအခါ အသက် ငါးဆယ်ကျော်အရွယ်ရှိ ဦးမြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် လွှတ်တော်တွင် အမည်တင်သွင်းခံထားရသည်။
ကျောက်တော် ရှမ်းရွာတွင် ရခိုင်အိမ် မီးရှို့ခံရ
July 10, 2012 at 4:11 pm
ထွန်းထွန်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်တွင် ရခိုင်အိမ်တစ်ဆောင် ယနေ့နံနက်က မီးရှို့ခံရသည် ဟု သတင်းရရှိသည်။
“ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်မိုးလင်း အာရုံမှာ မီးရှို့ခံလိုက်ရ တာဖြစ်ပါတယ်။ တအိမ် လုံး ပြာကျသွားတယ်။ အိမ်မှာတော့ လူမနေတော့ဘူး။ မိုးရွာနေတဲ့ အတွက် တစ်ခြား အိမ်တွေကိုတော့ ကူးစက် လောင်ကျွမ်းတာာ မရှိပါဘူး” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
မီးရှို့ခံရသည့် အိမ်မှာ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်ရှိ မွတ်ဆလင်များနေထိုင်သည့် နေရာနှင့် နီးကပ်စွာ တည်ရှိသော အိမ်ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်များမှာ မွတ်ဆလင် ရပ်ကွက်နှင့် နီးကပ်စွာ တည်ရှိနေသဖြင့် အဆိုပါ အိမ်တွင် မနေထိုင်ဘဲ မြို့ထဲတွင် ပြောင်းရွှေ့နေထိုင်စဉ် အိမ်မီးရှို့ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ဒီအိမ်ကို မီးရှို့တာက ဘင်္ဂလီတွေလို့တော့ မြို့မှာ ပြောနေကြပါတယ်။ အခု လုံခြုံတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမူတွေ ပြုလုပ်နေပါတယ်။ ဖမ်းတာဆီးတာတွေ မကြားရသေးဘူး”ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
မီးရှို့ခံသည့် အိမ်မှာ ဓနိမိုး ထရံကာ ဖြစ်ပြီး ကာလ ပေါက်ဈေး သုံးသိန်းကျော်ဖိုး တန်ကြောင်း သိရသည်။
ကျောက်တော်ရဲစခန်းသို့ မေးမြန်းရန်ကြိုးစားနေသော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
ကျောက်တော်မြို့ပေါ်တွင် စစ်သား အများအပြားကို လုံခြုံရေး ချထား သဖြင့် အခြေအနေ ငြိမ်သက်နေသော်လည်း ယခု မီးရှို့မူ ဖြစ်ပွားပြီးနောက် အခြေအနေ ပိုမို ဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။
http://www.narinjara.com/burmese/?p=1205
နေရာရောင်းမယ်..နေရာ
MgMan Mdy
မန္တလေးမှာ လွဲနေပြီ လုပ်ကြဦး။
စီမံကိန်းကကောင်းပေမဲ့
စီမံခန့်ခွဲမှုက အရမ်းညံ့တာပဲ
ဒီထက်ထိရောက် မြန်ဆန်
အန္တရာယ်ကင်းအောင် လုပ်တဲ့
စီမံမှုမျိုးနဲ့ဆို အဆင်ပြေလိမ့်မယ်ထင်တယ်။
အခုတော့ လူမြင်လဲမကောင်း
ဘဏ္ဌာန်ငွေရဖို့ တစ်ခုတည်းကြည့်ပြီး
လုပ်တာမဟုတ်ဘူးဆိုသော
လူကြီးမင်းများ ကြည့်လုပ်ကြဦးဗျို့




