Myo Set
------------------------------
မေ။ ။ ကိုမြအေးရဲ့ သမီးဖြစ်တဲ့ Burma Campaign U.K က
မဝေနှင်းပွင့်သုံနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေဘက်က အခွင့်အရေး
တောင်းဆိုတဲ့သူပါဆိုပြီး ဝေဖန်ကြတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကောင်းပါတယ်။ ဒီမေးခွန်းကို ကျနော်ဖြေချင်နေတာကြာပါပြီ။ ကျနော်ထောင်က
ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်တယ်ဗျ။ လွတ်တဲ့အခါမှာ ကျနော့်ရဲ့
မိတ်ဆွေစစ်မိတ်ဆွေမှန်တွေက ကျနော့်ဆီ သမီးနဲ့ပတ်သက်ပြီး ဒီလို
ဒီလိုပဲဆိုပြီး ပြောကြပါတယ်။ ကိုမြအေးရေ ထိန်းပေးပါပေါ့။ ကျနော့်သမီးနဲ့
ကျနော် ဖုန်းချက်ချင်း ဆက်ပါတယ်။ ကျနော်ပြောပြမယ်ဗျာ။ ကျနော့်သမီးဟာ ၁၀
တန်းအောင်ပြီး နိုင်ငံခြားကို ထွက်သွားရတယ်။ ကျနော်က ကျနော့်သမီး ဘက်က
လိုက်ပြီးပြောတယ်၊ ဘက်လိုက်ပြီးပြောတယ်လို့ ပြောကြမယ်ဗျာ။
ကျနော်ဘက်မလိုက်ပါဘူး။ ကျနော် ကျနော့်သမီးကို သမီး နားလည်သလား။
တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး နားလည်တယ်ဆိုရင် ပြော၊ နားမလည်ဘူးဆိုရင်
သူများရဲ့ အသုံးချခံဘ၀ကိုတော့ မရောက်စေပါနဲ့၊ အဲဒီဟာကို မလုပ်ဖို့
မကိုင်ဖို့ဆိုတာကို ကျနော်ပြောတယ်။
နောက် Burma Campaign U.K က
တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တွေ့တဲ့ အခါမှာ ခင်ဗျားတို့ အဲဒီကိစ္စကို လုံးဝ
မလုပ်ပါနဲ့ဆိုတာကို တိတိလင်းလင်းကျနော် ပြောကြားခဲ့တယ်။ ကျနော်ပြောတဲ့
အချိန်ကစပြီး သမီးကလည်း သူ့ကိုယ်သူ ဆင်ဆင်ခြင်ခြင်နဲ့ နေထိုင်လုပ်ကိုင်နေတာ
ခင်ဗျားတို့ နောက်ပိုင်းကြားမှာပါ။ ကျနော့်သမီးနဲ့ပတ်သက်ပြီး ကျနော်
တာဝန်ယူတယ်။ သူလုပ်တာ မဟုတ်ဘူးဗျ။ ကလေးဆိုတော့၊ လူငယ်ဆိုတော့ သူ့အနေနဲ့က
လုပ်ချင်ကိုင်ချင်စိတ်က များတယ်။ ကျနော်တို့လိုတော့ နိုင်ငံရေးကို
ဘယ်နားလည်နိုင်သေးမလဲဗျာ။ ကျနော် မေတ္တာရပ်ခံပါတယ်။ ရိုဟင်ဂျာကိစ္စ
ဆန္ဒပြတာမှာ သမီးဟာ ယောင်ပြီးတော့ ပါသွားမိတယ်လို့ ကျနော်နားလည်တယ်။
နောက်လုပ်စရာ အကြောင်းအရင်းလည်း မရှိသလို နောက်ထပ်မဖြစ်တော့ဘူးဆိုတာ ကျနော်
အာမခံတယ်။ ။
Saturday, June 9, 2012
ကိုမြအေး၏ ပွင့်လင်းသောအဖြေ
ရခိုင်ပြည်နယ်က စိုးရိမ်စရာအခြေအနေများကတော့ ဒီအတိုင်းပါပဲ(ထိပ်လန့်သူမကြည့်ရ)
မောင်တောဖြစ်စဉ် (ဇွန်လ ၈ ရက်)၊ ထပ်မံရရှိသောဓါတ်ပုံများ(2)
by Hmuu Zaw
ဇွန်လ ၈ ရက်နေ့ မောင်တောမြို့နယ် မှတ်တမ်းဓါတ်ပုံများ
about an hour ago

စစ်တွေ ပဋိပက္ခ အသွင်ဆောင်မှု သေနတ်ပစ်ဖောက် ဟန့်တား
လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခမှုများ ဆက်တိုက်ဖြစ်ပွါးနေသော
ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် ယနေ့ညနေ ၅နာရီခန့်က ဘုမေ ရွှာမှ
အစ္စလာမ်ဘာသာဝင် ၃၀၀ခန့် ရခိုင်တိုင်းရင်းသားများနေထိုင်>သော
ဓည၀တီ ရပ်ကွက်များဘက်သို့ ၀င်ရောက်လာ၍ ရပ်ကွက် ဒေသခံများ တားဆီးစဉ်
နှစ်ဦးနှစ်ဘက် ပဋိပက္ခ အသွင်ဆောင်လာသောကြောင့် ရဲတပ်ဖွဲ့ဝင်များ
ကားငါးစီးဖြင့် ရောက်ရှိလာကာ သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရကြောင်း ဒေသခံများထံ
ဆက်သွယ် မေးမြန်း ချက်အရ သိရှိရသည်။
မောင်တောဖြစ်စဉ် (ဇွန်လ ၈ ရက်)၊ ထပ်မံရရှိသောဓါတ်ပုံများ
မောင်တောအရေးနှင့် ပတ်သက်ပြီး NLD သဘောထားကြေညာချက် ထုတ်ပြန်

နေ့လည် ၂ နာရီ ၂၂ မိနစ်၊
ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI)
မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က
ယနေ့အစည်းအဝေးကျင်းပကာ သဘောထားကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင် ပြည်သူများ၏ အိုးအိမ်ပစည်းများ ဖျက်ဆီးခံရခြင်း၊ အသက်ပေါင်းများ စွာ သေကြေပျက်စီးခြင်း၊ ဒဏ်ရာရရှိခြင်းတို့အတွက် ၄င်းတို့အနေနှင့် ထပ်တူထပ်မျှ ခံစားရပါကြောင်း NLD နှင့် မဟာမိတ်တိုင်းရင်းသားခေါင်းဆောင
သက်ဆိုင်ရာအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို မျှတစွာဖြင့်
ထိရောက်လျင်မြန်သည့် အရေးယူမှုများ ပြုလုပ်ပေးရန်နှင့် ပြည်သူများ၏
အသက်အိုးအိမ်များကို တရားဥပဒေနှင့် အညီ ကာကွယ်ပေးရန်ကိုလည်း
တိုက်တွန်းထားသည်။
အကြမ်းဖက်မှုများကို လှုံ့ဆောင်နေသူများနှင့်
ပါဝင်ပတ်သက်နေ သူများကိုလည်း ချက်ချင်းရပ်ပေးပါရန် မေတ္တာရပ်ခံထားသည်ကိုလည်း
အဆိုပါကြေညာချက်တွင် တွေ့ရသည်။
သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ရှေ့ဆောင်ရှေ့ရွက်ပြုနေသူများအေ
ရုပ်မြင်သံကြားမှ တစ်ဆင့် နိုင်ငံတော် သမ္မတ က ပြည်သူများသို့ ပြောကြားမည့် အစီအစဉ် မရှိ
the Voice Weekly>
ရခိုင်ပြည်နယ် အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကို အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ အခြေအနေ များ မူလ အတိုင်း ပြန်လည် တည်ငြိမ်အေး ချမ်းနေပြီ ဖြစ်ပါသည်။
ယင်းသို့ တည်ငြိမ်အေးချမ်း မှုနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေကောင်းများကို ဆက် လက် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အတွက် ပြည်သူများအားလုံးက ပူးပေါင်း ပါဝင်ကြရန် လိုအပ်မည် ဖြစ်ပါသည်။ အလားတူ ဆင်ခြင်တုံတရား လက်ကိုင်ထား၍ မလိုလားအပ်သော လက်စားချေမှုများ၊ အမုန်းတရားနှင့် အာဃာတများကို သတိပြု ရှောင်ကြဉ်ကြရန်လည်း လိုအပ်မည် ဖြစ်ပါသည်။
လက်ရှိအနေအထားတွင် အားလုံးကို စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ပြီ ဖြစ်သဖြင့် လည်းကောင်း၊ တစ်နိုင်လုံးနှင့်သက်ဆိုင်သော အရေးပေါ် အခြေအနေမျိုး ၌သာ ပြည်သူလူထုအား တိုက်ရိုက်ပန်ကြားလေ့ရှိသည့် အတွက်ကြောင့် လည်းကောင်း ယခုအခါ သတင်းများ ပြန့်နှံ့နေသည် ရုပ်မြင်သံကြားမှ တစ်ဆင့် နိုင်ငံတော် သမ္မတ က ပြည်သူများသို့ ပြောကြားမည့် အစီအစဉ် မရှိ ပါကြောင်း အသိပေးအပ်ပါသည်။
( နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိ တစ်ဦး၏ facebook စာမျက်နှာတွင်ယနေ့ ဖော်ပြထားသည်။)
ဘင်္ဂါလီ UPDATE (1)
Eleven Media Group
ဇွန်လ ၉ ရက်နေ့ နံနက် မောင်တောမြို့တွင်း လက်ရှိအခြေအနေမှာ ငြိမ်သက်နေပြီး
မြို့တွင်းသို့ ပေးဝေနေသည့်ရေကို စည်ပင်သာယာက ရပ်တန့်လိုက်ကြောင်း
မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရပ်တန့်လိုက်ရခြင်းမှာ
ရေပေးဝေနေသည့် ကန်တော်ကြီးကန်ကို ဘင်္ဂါလီများက အဆိပ်ခပ်လိုက်သောကြောင့်
ဖြစ်ကြောင်း မောင်တောမြို့ခံများက ဆိုပါသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍
အတည်ပြုနိုင်ရန် ဆက်သွယ်စုံစမ်းနေပြီဖြစ်ပါသည်။ ထို့ပြင်
မောင်တောမြို့ဝန်းကျင်ရှိ ခရေကုန်းဘောင်ရွာမှ ဓားဒဏ်ရာများဖြင့် အသတ်ခံရသော
ကျောင်းဆရာမ နှစ်ဦး၏ အလောင်းများ မောင်တောဆေးရုံသို့ ယနေ့နံနက်
ရောက်ရှိလာကြောင်း သိရသည်။ စစ်တပ်အနေဖြင့် မောင်တောမြို့တွင်းသို့
ဘင်္ဂါလီများ ၀င်ရောက်လာမှု မရှိရန် မြို့ပြင်
မှနေ၍ တားဆီးကာကွယ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး သတင်းကြေငြာချက်တစ်ရပ်ကို နောက်နာရီပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီက ထုတ်ပြန်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်
က 7 Day News သို့ပြောသည်။
မောင်တောမြို့သို့ ကာကွယ်ရေးဝန်ကြီးရောက်ရှိနေကြော
အုပ်ချုပ်ရေးမှူးက 7DayNews သို့ပြောသည်။
by Thuriya Myo
ရိုဟင်ဂျာအရေးတောင်းဆိုသူများသည
ဖြစ်အောင်ပြုလုပ်ခြင်း၊ ထိုအချိန်နှင့်တိုက်ဆိုင်စွာ ခရီးထွက်လာမည့်
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာသတင်းထောက်များမှ ထိုကိစ္စအား
မေးမြန်းဖြစ်အောင် အကွက်ဆင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင်းအရေးနှင့်ပတ်သက်လာလျှင
ခံရမှု၊ ဘာသာရေးအရခွဲခြားဖိနှိပ်ခံရမှုတို့ကို ရုပ်လုံးဖော် ရှေ့တန်းတင်ကာ
မေးခွန်းများဖြင့်ပိတ်ဆို့တိုက်
ဖြစ်နိုင်လျှင်ဒေါ်အောင်ဆန်းစုကြ
လူဝေးဖြင့် ဆန္ဒပြခြင်းများလည်း လုပ်ထားဖွယ်ရာရှိပါသည်။ တဖက်တွင်လည်း
ဒေါ်စုသွားရောက်မည်ဆိုသည့် ဘီဘီစီအသံလွှင့်ဋ္ဌာနတွင်လည်း ထိုမေးခွန်း
များအား ရည်ရွယ်ချက်ရှိရှိမေးမြန်းကြရန်
သို့သော် ရိုဟင်ဂျာများသည် အယ်လ်ခိုင်ဒါကဲ့သို့အကြမ်းဖက်အဖ
နှင့် အဆက်အစပ်ရှိခြင်းအား အမေရိကန်အပါအ၀င် ကမ္ဘာကသိထားခြင်း
သည် ၎င်းတို့၏၀ါဒဖြန့်ချိရေးအတွက် ကြီးစွာသောအားနည်းချက်ဖြစ်သည်။
Yangon Press International
ရန်ကုန်မြို့မှ ရခိုင်အမျိုးသားများ စုဝေးကာ တောင်းဆိုချက် ထုတ်ပြန်
ယနေ့နေ့လည် ၁နာရီကျော်မှစတင်၍ ရန်ကုန်မြို့ ရေတာရှည်လမ်းဟောင်းရှိ
ဓည၀တီကျောင်းတွင် ရခိုင်အမျိုးသားများ စုဝေး၍ ရခိုင်တွင်ဖြစ်ပျက်နေသည့်
အဖြစ်အပျက်များနှင့် ပတ်သက်၍ တောင်းဆိုချက် ၆ ချက်ကို ထုတ်ပြန်လိုက်သည်။
ယင်းတောင်းဆိုချက်များမှာ ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖြစ်ပွားနေသည့်
မီးရှို့မှုများ လုယက်မှုများ အမြန်ဆုံးထိန်းသိမ်းပေးရန်၊ ကျောက်ဖြူတွင်
ဖြစ်ပျက်သည့် မုဒိမ်း၊ လူသတ် ပစ္စည်းယူသည့် အမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို
အများပြည်သူရှေ့တွင် အပြစ်ပေးရန်၊ ရန်ကုန်နှင့် အခြားမြို့များတွင်ရှိသည့်
တရားမ၀င် ၀င်ရောက်လျှက်ရှိသည့် ဘင်္ဂါလီများကို ဖေါ်ထုတ် စစ်ဆေးရန်၊
စစ်တွေဆူပူမှုကို အမြန်ဆုံး ထိန်းသိမ်းပေးရန် စသည်တို့ ပါဝင်သည်ဟု ဆိုသည်။
ရခိုင်အမျိုးသား ၅၀၀ ကျော်ပါဝင်သည့် လူထုစည်းပေးပွဲတွင် ၎င်းတို့၏ အမြင်များ၊ ခံစားချက်များကို ဖေါ်ထုတ်ခဲ့ကြသည်။
လူထုစည်းဝေးပွဲအပြီး ခေါင်းစည်းအဖြူများ ပတ်ကာ ၂ ယောက်တတွဲ ဓည၀တီကျောင်းမှ
အပြင်သို့ထွက်ခွာရန် ပြင်ဆင်နေကြသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။
the Voice Weekly
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသော အခြေအနေများကို
ဖြေရှင်းပေးရန် နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
မောင်တောမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေး
ပါတီနှင့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက ပြောကြား
The Voice Weekly
ရွှေတိဂုံဘုရား တောင်ဘက်မုခ်နှင့် အရှေ့ဘက်မုခ်ကြားရှိ ဓည၀တီ ရခိုင်
ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၉ ရက်နေ့မွန်းလွဲပိုင်းက
ရခိုင်တိုင်းရင်းသား ၃၀၀ ကျော်ပါဝင်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲမှ
ထုတ်ပြန်လိုက်သော ရခိုင် တစ်မျိုးသားလုံး ဆန္ဒ သဘောထား ကြေညာချက်
၁။ မောင်တော၊ ဘူးသီးတောင်သို့ တစ်ဖက်နိုင်ငံက တရားမ၀င် ခိုးဝင်လာသော
မွတ်ဆလင် ဘင်္ဂါလီ ကုလားလေး သိန်းသည် ဌာနီ ရခိုင်တိုင်းရင်းသုံးသောင်းခန့်
၂။ လှုံ့ဆော်သူ၊ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးပါ။
၃။ မုဒိမ်းကျင့် ပစ္စည်းလု၊ လူသားမဆန်စွာ သတ်ဖြတ်သူ၊ လှုံ့ဆော်ခဲ့သော ကုလားများကို အများပြည် သူရှေ့တွင် ထိရောက်စွာ အပြစ်ပေးပါ။
၎။ ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံ အနှံ့ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂါလီများအား စီမံချက်ချ၍ စစ်ဆေး အရေးယူပေးပါ။
၅။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဟူသော လ.၀.က
ဆောင်ပုဒ် အတိုင်း မြန်မာနှင့် တိုင်းရင်းသားများ ပူးပေါင်း
ဆောင်ရွက်ပေးကြပါ။
၆။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို ထိန်းသိမ်းပေးပါ။
၇။ ဘင်္ဂါလီ ကုလားတစ်ယောက် အောင်မိုး ရပ်ကွက်အတွင်း သေနတ်ဖြင့်
ပစ်ခတ်ခဲ့ပြီး ဘင်္ဂလားဒေရှ့် ထွက်ပြေး သွားသော ကုလားများကို ဘင်္ဂလားဒေရှ့်
အစိုးရထံမှ တောင်းခံပေးရန်။
၈။ ရခိုင်ပြည်တွင် တရားမ၀င် ၀င်ရောက်နေထိုင်သော ဘင်္ဂါလီကုလားများ ရခိုင်ပြည်နယ်မှ အပြီးအပိုင် ထွက်ခွာသွားရန် ဆောင်ရွက်ပေးပါ။
၉။ ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားရခိုင်လူမျိုးများ
အဆိုပါ ရခိုင်အမျိုးသား စုပေါင်း တောင်းဆိုချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ
(အသုံးအနှုန်းများမှာ မူရင်း ထုတ်ပြန်ချက် အတိုင်းဖြစ်ပါသည်)
By: ပြည်သူ့ခေတ်
“အကြမ်းဖက်ခံရခိုင်အမျိုးသားညီအ
Messenger
ဓည၀တီကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် လူကြီးများက ဓည၀တီကျောင်း
မှ ရွှေတိဂုံဘုရားသို့ ချီတက်ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေသော ရခိုင်
တိုင်းရင်းသား လူငယ်များကို ချီတက်ဆန္ဒထုတ်ဖော်မှုမပြုရန် ဖျောင်းဖျနေ
ကြောင်း Messenger သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly
ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှု ကို တွေ့ကြုံနေရသော ရခိုင်ပြည်နယ်တွင်
အခြေအနေအား ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် အထူးလုံခြုံရေး
တပ်ဖွဲ့ဝင်အင်အား တစ်ရာ ခန့်သည် ယနေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်တွင်
မြန်မာ့လေကြောင်းပိုင် ATR 72 လေယာဉ်ဖြင့် မင်္ဂလာဒုံလေဆိပ်မှ
ထွက်ခွာသွားကြောင်း The Voice Weekly သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ
သိရသည်။
The Voice Weekly
about an hour ago
အစ္စလာမ်
ဘာသာဝင် ဘင်္ဂါလီ လူမျိုးအချို့၏ အကြမ်းဖက်မှု ဒဏ်ကို ခံစားခဲ့ရသော ရခိုင်
တိုင်ရင်းသားများအတွက် ရွှေတိဂုံဘုရား တောင်ဘက်မုခ်နှင့်
အရှေ့ဘက်မုခ်ကြားရှိ ဓညဝတီ ရခိုင် ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၉ ရက်နေ့
မွန်းလွဲပိုင်းက ရခိုင် တိုင်းရင်းသား ၃၀၀ ကျော် ပါဝင်ခဲ့သော
ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။
>
စစ်တွေအနီး ကျေးရွာသုံးရွာမှ တုတ် ဓါးကိုင်လူအုပ်အား လုံထိန်းများက စစ်တွေမြို့ဘက်မရောက်စေရန် ထိန်းထား
by Yangon Press International on Saturday, June 9, 2012 at 6:48am ·
ညနေ ၅နာရီ၊ ဇွန် ၉၊ ၂၀၁၂၊ YPI
ညနေ ၄နာရီ ၁၅ ၀န်းကျင်တွင် စစ်တွေလေယာဉ်ကွင်း အနီးရှိ တပိုင်၊ ဘုမယ်နှင့် သဲချောင်းကျေးရွာများမှ ဘင်္ဂါလီလူမျိုး အယောက် ၁၀၀၀ ခန့်က တုတ်၊ ဓါးများကိုင်ဆောင်၍ စစ်တွေမြို့ဘက်သို့ ဦးတည်လာရာ လုံထိန်းရဲများက သေနတ်ထောင်ဖေါက်ကာ နောက်ဆုတ်စေခဲ့သည်။
ယခုလောလောဆယ် အနေအထားတွင် ရထားလမ်း တဖက်မှ ယင်းလူအုပ်က လမ်းတဘက်တွင်ရှိသည့် လုံထိန်းရဲများအား ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသည်ဟု စစ်တွေမြို့ ရခိုင်အမျိုးသား စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
စစ်တွေမြို့ခံများအနေဖြင့် ယခုအနေအထားတွင် လုံထိန်းများက တားဆီးလိုက်နိုင်သော်လည်း ညဘက်တွင် ယင်းတုတ် ဓါးကိုင်စွဲသူ လူစုလူဝေးက စစ်တွေမြို့ရပ်ကွက်များကို အန္တရာယ်ပြုလာမည့် အရေးစိုးရိမ်လျှက်ရှိသည်ဟု ဆိုသည်။
ယင်းကျေးရွာ ၃ ရွာမှာ ပင်လယ်ထွက်ပေါက်နှင့်နီးစပ်သည့် ကျေးရွာများဖြစ်သည်။














