http://www.cnn.com/2012/05/29/world/asia/suu-kyi-bangkok-trip/index.html
Tuesday, May 29, 2012
ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော
by Yangon Press International on Tuesday, May 29, 2012 at 3:59am ·
မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)
ရိုဟင်ဂျာဆိုသည်မှာ
မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက မေ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊
ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ
အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား
ပြန်လည်ဖြေကြားလိုက်သည်။
“ ကျွန်တော်တို့ဆီမှာ
ရိုဟင်ဂျာဆိုတာမရှိဘူး ကျွန်တော်တို့တိုင်းရင်းသား လူမျိုးစုထဲမှာ
ရိုဟင်ဂျာဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့တိုင်းရင်းသားလည်း မဟုတ်ဘူး ”
ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ(တိုက်ပုံနှင့် မေးထောက်ထားသူ) ကိုရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်
ရိုဟင်ဂျာဆိုသည်မှာ
အင်္ဂလိပ်မြန်မာပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံအနောက်ခြမ်းမှ
အင်္ဂလိပ်များနှင့်အတူ ၀င်ရောက်လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ်
အင်္ဂလိပ်များ ဆုတ်ခွာသွားသည့်အခါ လက်နက်ကိုင်တော်လှန်ရေးအတွက်
ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု
ကြေငြာခြင်းဖြစ်ကြောင်း ပြန်ထောင်စုဝန်ကြီးဦးခင်ရီ ကပြောကြားသည်။
ရိုဟင်ဂျာသည်
မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီနေထိုင်လာခဲ့သော
မေ့လျော့ခံမြန်မာလူမျိုးစုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနမှ သတင်းထောက်
မိုက်သွန်မဆင်က ၂၀၀၆ ခုနှစ်မတ်လ က ရေးသားခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးWilliam Hague မြန်မာပြည်လာရောက်စဉ်အတွင်း
ဗြိတိန်သံရုံးတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာများအား
တိုင်းရင်းသား အနေဖြင့် အခွင့်အရေးများ ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးခင်ရီက
၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃ အရ ၁၈၂၃ ရှေ့ပိုင်း
မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းမှသာ
မွေးရာပါနိုင်ငံသားအဖြစ်သတ်မှတ်ကြောင်းပြောသည်။ ။
ကျောက်ဆည်မြို့နယ်သံရွာအထက်တန်းကျောင်းက ကျောင်းဆရာမတစ်ဦး အသတ်ခံရမှု
ကျောက်ဆည်မြို့၊ လွန်ကျော်အမှတ်(၁)စိုက်ပျိုးရေးခြံမှာနေထိုင်တဲ့ ကျောင်းဆရာမဒေါ်နန်းနွံ(ခေါ်)ဒေါ်မြမြစိန် အား ၂၀၁၂ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ ည(၁၂)နာရီမိနစ်(၂၀)အချိန်ခန့်မှာ အိမ်တွင်းဖောက်ထွင်းဝင်ရောက်နေသူတစ်ဦး က လည်ပင်းကို ဓားနဲ့ထိုးသတ်တဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဆရာမဒေါ်မြမြစိန်ဟာခင်ပွန်းဖြစ်သူဦးခင်မောင်တင့် (စိုက်ပျိုးရေးခြံလုပ်သားမှူး)နဲ့သားဖြစ်သူ တို့နဲ့အတူ အိမ်ခန်းထဲမှာ အိပ်နေစဉ် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ သတ်တဲ့သူ ဟာ အိမ်သားတွေ မရှိခိုက်အိမ်ထဲဝင်ပုန်းနေတာဖြစ်ပါတယ်။ ညဖက်အိမ်သားတွေအိပ်ပျော်နေချိန်မှာ ဆရာမရဲ့ လည်ပင်းကဆွဲကြိုးကို ဖြုတ်နေစဉ်မှာ ဆရာမဒေါ်မြမြစိန် လန့်နိုးသွားပြီး အော်ဟစ်အကူအညီတောင်းတဲ့အတွက် ဓားနဲ့ လည်ပင်းကို ထိုးပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားခံကိုဖမ်းဆီးရမိဖို့ ကြိုးစားလုပ်ဆောင်ခြင်းမရှိခဲ့ပါဘူး။ သံရွာ အထက်တန်းကျောင်းက ကျောင်းဆရာမတစ်ဦးဖြစ်တဲ့အတွက် ရွာသားတွေက ရဲစခန်းကို အတင်းအကျပ်ဖိအားပေး တောင်းဆိုမှသာ တရားခံကိုရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရွာသားတွေရဲ့ သတင်းပေးချက်နဲ့ ဆက်စပ်သတင်းတွေ အရ သတ်တဲ့တရားခံကို နှစ်ပတ်အတွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ လူသတ် တရားခံကတော့ ကျော်မောင်း(ခေါ်) အေးမင်းဝင်း အသက်(၂၃)နှစ်၊အဘဦးသန်းဝင်း (နေ့စားအလုပ်သမား)ဖြစ်ပါတယ်။ လူသတ်သမား ကျော်မောင်း (ခေါ်)အေးမင်းဝင်းဟာထောင်ဖောက်ဝရမ်းပြေးတစ်ဦးဖြစ်တယ်လို့လဲ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေအနေနဲ့ တစ်ခြားသို့ သတင်းမပေါက်ကြားဖို့ ဖုံးမိထားတဲ့ အတွက် ဒီလောက်ကြီးကျယ်တဲ့လူသတ်မှုဟာ သတင်းစာတွေ၊ဂျာနယ်တွေမှာ ဖော်ပြတာမတွေ့ရဘူးလို့ သံရွာအထက် တန်းကျောင်းက ဆရာတစ်ဦးပြောပြပါတယ်။ အသတ်ခံရတဲ့ဆရာမဟာ သိပ္ပံလက်ထောက် အလယ်တန်းပြတစ်ဦးဖြစ် ပြီး အခုလို ရက်ရက်စက်စက်အသတ်ခံရလို့ အလွန်ပဲစိတ်မကောင်းဖြစ်မိတယ်လို့ အဆိုပါကျောင်းဆရာက ပြောပြ ပါတယ်။ ခုချိန်မှာတော့ လူသတ်တရားခံနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကဆောင်ရွက်မှုတွေ ထင်ထင်ရှားရှားမတွေ့ရသေးဖူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တရားခံဆီက ငွေသိန်းချီတောင်းပြီး တရားခံကို ထွက်ပြေးခိုင်းလိုက် ပြီလားလို့လဲ လွန်ကျော်စိုက်ပျိုးရေးခြံ ၀န်ထမ်းတွေကထင်မြင်နေကြပါတယ်။
ရဲအရာရှိတွေအနေနဲ့ သူတို့ရဲ့နယ်မြေမှာ လူသတ်မှုဖြစ်ပွားရင် အထက်ကအရေးယူအပြစ်ပေးတာခံရမှာ စိုးရိမ် ကြောက်လန့်နေကြပါတယ်။ ဒါကြောင့် ဒီလိုမျိုးမိုက်မိုက်ရိုင်းရိုင်းသတ်ဖြတ်မှုမျိုးကို လူသတ်မှုလို့ အမှန်အတိုင်းအထက် လူကြီးတွေဆီ အစီရင်ခံသလား၊မခံသလားဆိုတာ အသတ်ခံရတဲ့ ဆရာမဒေါ်နန်းနွံ(ခေါ်)ဒေါ်မြမြစိန်ရဲ့ ဆွေမျိုးအသိုင်း အ၀ိုင်းက သိချင်နေကြပါတယ်။ တရားခံကို ဖမ်းဆီးရမိထားပြီဆိုတဲ့ သတင်းစကားတစ်ခုကလွှဲလို့ တစ်ခြားထွေထွေ ထူးထူးမသိရတဲ့အတွက် သူတို့မိသားစုတွေရဲ့ထင်မြင်ယူဆချက်ဟာ မမှားနိုင်ဘူးလို့လဲ ပြောဆိုနေကြပါတယ်။ ။
motraking
ဘယ်လိုပြောရမလဲ
ကျွန်တော်ဒီရက်ထဲမှာကျွန်တော်ရဲ့အသိတောကမိတ်ဆွေတွေအလည်လာရင်းသွေးစစ်ကြည့်လိုက်တော့HIVဖြစ်နေတာကိုတွေ့ရတယ်အဲဒါနဲံပဲQC
Centerမှာသွေးစစ်ပြီးတော့သဇင်ဆေးခန်းမှာသွားပြတော့ဆေးကုပေးကြတာပေါ့ဗျာ။ပြသနာကတော့ဘာဖြစ်လဲဆိုတော့သူမိန်းမကကိုယ်ဝန်ကြီး
မပေါ့မပါးနဲ့ဆိုတော့အထဲကကလေးလေးကတော့ဒုက္ခရောက်မှာဆိုးလို့ဆိုပြီးတော့သူတို့ကကလေးကိုပန်းလှိင်ဆေးရုံမှာတယ်လီးဗေးရှင်းဗါတ်မှန်
ရိုက်ပေးတယ်ဗျာပြီးတော့သွေံးတွေစစ်ပေးတယ်ဗျာဆေးတွေပေးတယ်ဒါပေမဲ့ကလေးကိုတော့အရပ်လက်သည်နဲံအိမ်မှာမမွေးပါနဲ့ဆေးရုံမှာပဲမွေး
ပါဆို့ပြီးပြောပါတယ်ဗျာ။ခက်တာကသူတို့လင်မယားမှာကရန်ကုန်မှာမွေးမယ့်စရိတ်ကိုမတတ်နိုင်ဖြစ်နေတော့အဲဒီသဇင်ဆေးခန်းကနေပြီးတော့ပဲ
သူတို့ဘက်ကလုပ်ပေးနိုင်တယ့်သွေးစစ်တာတွေဆေးတွေမွေးရင်သုံးရမယ့်ဆေးတွေထောက်ပံ့ပါမယ်ဆိုပြီးတော့ဆေးရုံကိုသွားပြခိုင်းတယ်။ဆေး
ရုံရောက်တော့ဆေးရုံကသူတို့ကသဇင်ဆေးခန်းကလုပ်ပေးတာကိုအသိအမှတ်မပြုနိုင်ပါဘူးလို့ပြောပြီးမရှိလို့လာတဲံလူနာကိုသူတို့ဆီမှာသွေးတွေ
စစ်ခိုင်းတယ်တယ်လီဗေးရှင်းဓါတ်မှန်တွေထပ်ပြီးတော့ရိုက်ခိုင်းတယ်ဗျာဒါပေမဲ့သွေးလေးတခုစစ်တာတောင်ရှစ်ထောင်တောင်းတယ်ဗျာပိုက်ဆဲံမ
ပါဘူးဆိုတော့နောက်နေ့မှလာစစ်ပါတယ်ပိုက်ဆံယူပြီးတော့။ကဲဘယ်လိုပြောရမလဲဗျာအလကားလုပ်ပေးတာကိုကျတော့အသိအမှတ်မပြုနိုင်ဘူး
သူတို့ကျတော့လဲအလကားမကူညီနိုင်ဘူးဆိုတော့ဒီလူနာကိုဘယ်လိုမျိုးမွေးရမလဲဆိုတာကိုဒါနဲံပက်သက်တဲံပုဂ္ဂိုလ်များရှိပါကလမ်းညွန်ချက်လေး
များပေးစေချင်ပါတယ်ဗျာပေးလိုပါကဖုန်းနံပါတ်၀၉၄၃၀၅၃၃၃၄ကိုဆက်သွယ်နိုင်ပါတယ်ဘယ်သူကိုဖြေရှင်းပြီးဘယ်သူကိုအကူအညီတောင်းပြီး
လောကမှာလူမဖြစ်သေးတဲ့ကလေးရဲ့ရှေ့ေ၇းကိုတွေးပူတယ်လူတွေအထူးသဖြင့်ဆရာဝန်တွေဆရာမတွေကိုပြောလိုပါတယ်။အကြံဥာဏ်ပေးစေလို
ပါတယ်။
ကိုလတ်ကြီး
ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ

ကာဝီချုံကစ်တာဝုန်
|
တနင်္လာနေ့၊ မေလ ၂၈ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၅၅ မိနစ်
မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင်
နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင်
မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင်
နေ့တနေ့ ဖြစ်လိမ့်မည်။
မည်သည့် အတိုက်အခံ ခေါင်းဆောင်မျှ
ထိုသို့သောဂုဏ်ပြုမှုမျိုးကို မရရှိခဲ့ဖူးသေး၍ ပင်ဖြစ်သည်။ လွန်ခဲ့သော
လပေါင်း အတော်များများကပင် ထိုသို့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့်
သတင်းများ ပြည်တွင်းပြည်ပ မီဒီယာ များ၌ လွှမ်းမိုးနေခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်များ မြန်မာပြည်သို့ လာရောက် လည်ပတ်ကြရာတွင်လည်း
နေပြည်တော်
ရှိ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် သတင်းထက် သူနှင့်
တွေ့ဆုံသည့် သတင်းက ပိုအရေးပါ ကာ မီဒီယာများ တွင် အသားပေး ဖော်ပြခြင်း
ခံခဲ့ရသည်။ အချို့သော ဥရောပနိုင်ငံ ခေါင်းဆောင်များဆိုလျှင် အစဉ်အလာ သံတမန်
ထုံးတမ်းများကိုပင် ဘေးချိတ်ကာ အိမ်ရှင် အစိုးရ ခေါင်းဆောင်များထက် သူ၏
အင်းယားကန် နံဘေး အိမ်တွင် ပိုမိုအချိန်ပေးကာ အသားပေး တွေ့ဆုံခဲ့ကြသည်။
သူ
လျှောက်နေသော လမ်းမှာ နိုင်ငံရေးအရ တိုက်ပွဲဝင်မှုပုံစံ မတူသော်လည်း
သူ့ရှေ့က နိုဘယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလား လျှောက်လှမ်းခဲ့သည့်
ပုံစံအတိုင်းပင် ဖြစ်သည်။
မြန်မာ့အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
မစ္စက်ကလင်တန်တို့ ရန်ကုန်မြို့၌ တွေ့ဆုံစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
သူကလည်း
ဒီမိုကရေစီပန်းတိုင်ကို အကြမ်းမဖက် လမ်းကြောင်းဖြင့် သွားလိုသည်။ နယ်လ်ဆင်
မင်ဒဲလားကလည်း လူဖြူလူမဲ ခွဲခြားမှု စနစ်ဆိုးကြီးကို ထိုသို့ပင် အကြမ်းမဖက်
ပုံစံဖြင့် သွားလိုခဲ့သည်။ ယခုလို အချိန်မျိုးတွင် သူ့အနေဖြင့် နယ်လ်ဆင်
မင်ဒဲလားလို သြဇာမျိုး၊ အောင်မြင်မှုမျိုး ရနိုင်ပါ့မလားဆိုသည်မှာမူ
ပြောဘို့ရန် စောပါသေးသည်။
ငြင်း၍ မရသည့် အချက်မှာ ကမ္ဘာနှင့် အာဖရိကတိုက်တွင် တောင်အာဖရိကနိုင်ငံ၏ အရေးပါမှုနှင့် သူ့နိုင်ငံရေးစန်း၊
စေ့စပ်ကြေအေးလိုသည့်
စိတ်ဓါတ်တို့က နယ်လ်ဆင် မင်ဒဲလားကို ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်
အဆင့်အတန်းသို့ တွန်းတင်ပေးခဲ့သည်။ ပရီတိုးရီးယားရှိ အစိုးရကလည်း မင်ဒဲလား၏
စန်းနှင့် ကမ္ဘာ့ထောက်ခံမှုကို အမြော်အမြင်ရှိရှိ အသုံးချကာ နယ်ပယ်စုံတွင်
ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးနှင့် အမျိုးသား
ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အသုံးချနိုင်ခဲ့သည်။ ၂ဝ၁ဝ ကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲတွင် သာမက ဂျီ ၂ဝ အုပ်စု အစည်းအဝေးတွင်လည်း တောင်အာဖရိက
နိုင်ငံ ထည်ထည်ဝါဝါ ရပ်တည်နိုင်ရေးနှင့် ဘရစ်(BRICS)ဟု ခေါ်သော ဘရာဇီး၊
ရုရှ၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက
နိုင်ငံတို့ ပါဝင်သည့် ကမ္ဘာ့အင်အားစုကြီး တရပ် ပေါ်ထွက်လာရေးတို့တွင်လည်း မင်ဒဲလားက အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။
အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး တိုက်ပွဲများနှင့် ခွင့်လွှတ် ကြေအေးလိုသော သဘောထား တို့ကြောင့် ပထမဆုံး
တောင်အာဖရိက
လူမဲသမ္မတကြီးသည် ကမ္ဘာ့ ရောက်လေရာ နေရာတိုင်း၌ ချီးကျူးဂုဏ်ပြုမှုကို
ခံယူခဲ့ရသည်။ တိုင်းပြည်အတွက် နိုင်ငံတကာ၏ စာနာထောက်ခံမှုကို အရယူ
ပေးနိုင်ခဲ့သည်။
ထိုအတိုင်းပင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါသည်လည်း တက်လာနေပါသည်။ သူသည်လည်း
ရွေးကောက်ခံ
လွှတ်တော် ကိုယ်စားလှယ်တဦးအနေဖြင့် သူ၏ စန်း၊ သူ၏ ငြိမ်းငြိမ်း ချမ်းချမ်း
ဒီမိုကရေစီတိုက်ပွဲဝင်ရေး လမ်းစဉ်တို့ကို သယ်ဆောင်ကာ ၂၄ နှစ်အတွင်း
ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်း၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေ နှင့်
အိုင်ယာလန်နိုင်ငံများသို့ ခရီး လှည့်လည်ပါလိမ့်မည်။
သူ၏
ထိုင်းခရီးစဉ်မှာ အလွန်နက်ရှိုင်းသော အဓိပ္ပါယ်များ ရှိနေပါသည်။
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံမှာ ကီလိုမီတာ ၂,၄ဝဝ ရှည်လျားသည့်
နယ်နိမိတ်ချင်း ထိစပ်နေပြီး အတိုက်အခံ တိုင်းရင်းသားအဖွဲ့များ အခြေစိုက်ရာ
နေရာလည်း ဖြစ်နေပါ သည်။ လူနည်းစု လူမျိုးစုများနှင့် အောင်မြင်သည့်
ရင်ကြားစေ့ရေး အစီအစဉ်တရပ် ပေါ်ပေါက်ရေးတွင် ထိုင်းနိုင်ငံ၏
ထောက်ခံမှုကို လိုအပ်ပါလိမ့်မည်။
ဗြိတိန်ဝန်ကြီးချုပ်
ဒေးဗစ် ကင်မရွန်းအား ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခြံဝင်းအတွင်း
လိုက်လံပြသနေသည်ကို ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)
ထို့ပြင် ဂုဏ်သိက္ခာကြီးမားသော ကမ္ဘာ့စီးပွါးရေးဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့
နှစ်ဦးလုံး တက်ရောက်လာခြင်းကလည်း မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအပေါ်
နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို တိုး၍ ရရှိစေပါလိမ့်မည်။
သူတို့
နှစ်ဦးအကြား တဦးနှင့်တဦး ယုံကြည်မှု ရှိနေသမျှ တချိန်က
အစွန့်ပယ်ခံနိုင်ငံအပေါ် စိတ်စေတနာကောင်း ထားမှုများကို မပျက်သွားရအောင်
ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ တိုင်းရင်းသား အဖွဲ့အစည်းများနှင့်
လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ
ဖြစ်သော်ငြားလည်း ထိုပုဂ္ဂိုလ်နှစ်ဦးက မြန်မာနိုင်ငံကို
ဒေသတွင်းနှင့် ကမ္ဘာ့ အသိုင်းအဝိုင်း အကြား ဝင်ဆံ့အောင် လုပ်နိုင်ခဲ့ကြပါသည်။
ဘန်ကောက်
ခရီးစဉ်အပြီးတွင် သူ ဥရောပခရီးစဉ် ဆက်လက်ထွက်ခွါသွားပါလိမ့်မည်။ သူ့အတွက်
နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ထင်ရှားမှုကို ပိုမိုရရှိစေပါလိမ့်မည်။
ဂျီနီဗာရှိ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၌ မိန့်ခွန်းပြောခြင်း အပြင် ဇွန်လ ၁၆
ရက်နေ့၌ နိုဘယ်ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီက အော်စလိုတွင် ပြုလုပ်မည့်
ဆုပေးပွဲ အခမ်းအနားသို့လည်း သူ တက်ရောက်ပါလိမ့်မည်။ ၁၉၉၁ နှစ်က ထိုဆုကို
ရရှိအပြီး ၂၁ နှစ်ကြာမှ ထိုအခမ်းအနားသို့
တက်ရောက်နိုင်ခြင်းဖြစ်ပါလိမ့်မည်။
ထိုအချိန်က သူသည်
နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်ပြီး နိုင်ငံခြားသို့ ခရီးထွက်ခွင့်
မရှိခဲ့ပါ။ နော်ဝေပွဲ အပြီး၌ သူသည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောပြီး
အိုင်ယာလန် နိုင်ငံသို့ ရက်တိုခရီးစဉ် ဆက်လက် ထွက်ခွါမည် ဖြစ်ပါ သည်။
ပထမဆုံး အာဆီယံနိုင်ငံ တနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်တဦး
အနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အထူးတလည် လိုအပ်နေသော ဒီမိုကရေစီ
ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်မျှော်မှန်းချက်များကို ရရှိရေးအတွက်
စွမ်းဆောင်
ပေးနိုင်ပါလိမ့်မည်။ အဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံလိုပင်
တချိန်က ဒီမိုကရေစီရေး၌ အနိမ့်ကျဆုံး ဖြစ်ခဲ့ရာမှ အဖွဲ့ကြီး၏ အဓိက
မောင်းနှင်အား ဖြစ်ခဲ့သလိုပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာနိုင်ငံ၏
အနေအထားကို အာဆီယံအ ဖွဲ့ကြီး အတွင်းသာမက နိုင်ငံတကာ
အသိုင်းအဝိုင်းကြား၌လည်း ဂုဏ်သတင်း မွှေးပျံ့အောင် စွမ်းဆောင်ပေးနိုင်
ပါလိမ့်မည်။
အကောင်းဆုံးရလဒ် ထွက်ပေါ်လာရေးအတွက်ဆိုလျှင်
အာဆီယံအဖွဲ့ကြီး၏ လက်သုံးစကားကို ငှါးရမ်းသုံးစွဲရမည် ဆိုပါက
ဒေသတွင်းနိုင်ငံများနှင့် သန်းပေါင်း ၆ဝဝ မျှသော ထိုနိုင်ငံသားများနှင့်
“ဆက်သွယ်မှု”ကို သူ ကြိုးစား တည်ဆောက်ရပါဦးမည်။ ယခု လောလောဆယ်တွင်တော့
သူသည် အနောက်နိုင်ငံများ၏ စံသတ်မှတ်ချက် ထုံးတမ်း စဉ်လာများနှင့်သာ
အသားကျနေပါသေးသည်။ အချိန် ကြာလာသည်နှင့်အမျှ တချိန်က သူ့ကို
စွန့်ပစ်ထားခဲ့သော
ဒေသတွင်း နိုင်ငံများနှင့် ပိုမိုနီးစပ် လာပါလိမ့်မည်။
တဘက်တွင်
ရီစရာကောင်းသည်မှာ အာဆီယံအဖွဲ့ကြီးသည် တချိန်တွင် ဒေါ်အောင်ဆန်းစုကြည်
ပုံသွင်းပုံဖော်နိုင်မည့် အဖွဲ့အစည်း အမျိုးအစားတခု ဖြစ်နေခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူရသည့်အခါ
နေပြည်တော်ရှိ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အနေဖြင့်
သူတို့သာဆန္ဒရှိလျှင် အာဆီယံ၏ ပေါင်းစည်းမှုနှင့် ပွင့်လင်းမှု တို့အတွက်
တာဝန်ကို ထမ်းဆောင်ပေးနိုင်ပါလိမ့်မည်။ သူ၏ နိုင်ငံရေး အနာဂါတ် ယခုအတိုင်း
ဆက်လက် ပွင့်လန်းနေဦးမည် ဆိုလျှင် နိုင်ငံ၏ အနာဂါတ် ခေါင်းဆောင်တဦးလည်း
ဖြစ်လာနိုင် ပါသေးသည်။ ထိုသို့ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ ရှေ့လုပ်ငန်းစဉ်များကို သူကိုယ်တိုင် ချမှတ်လာနိုင် ပါလိမ့်မည်။
သူသည် တဖြေးဖြေးနှင့် အာဆီယံ၏ လူကြိုက်အများဆုံး အထင်ရှားဆုံး နိုင်ငံရေး သမားတဦး ဖြစ်လာနေပါသည်။
အီတလီနိုင်ငံခြားရေး
ဝန်ကြီး မစ္စတာ Giulio Terzi နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်
တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၆ ရက် ၂ဝ၁၂ ခုနှစ်
နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)
လွန်ခဲ့သောနှစ်
သြဂုတ်လ သမ္မတ ဦးသိန်းစိန်နှင့် သူတွေ့ဆုံပွဲ အပြီးကတည်းက အာဆီယံ
အဖွဲ့ကြီးသည် သူ၏ ဒီမိုကရေစီရေး တိုက်ပွဲကို ပိုမိုထောက်ခံလာခဲ့ပါသည်။
၁၉၉ဝ နှင့် ၂ဝ၁၁ အကြား ကာလတွင် သူနှင့် အာဆီယံ
ခေါင်းဆောင်များ အကြား
ဆက်ဆံရေးမှာ အတော် ဆိုးရွားခဲ့ပါသည်။ ရန်ကုန် အခြေစိုက်
အာဆီယံနိုင်င်ငံများမှ သံတမန်များနှင့် သူ တွေ့ဆုံရန် စီစဉ်ထားခဲ့သော ၁၉၉၅
ဂျူလိုင်ပွဲ ပျက်သွားပြီးကတည်းက နှစ်ဘက်လုံးက မတွေ့ဘဲ ရှောင်နေခဲ့ကြသည်။
ထိုအချိန်က အာဆီယံ အဖွဲ့ကြီးသည် မြန်မာအစိုးရ၏ ဖိအားကြောင့် အထီးကျန်
အတိုက်အခံခေါင်းဆောင်နှင့် တွေ့မည့် အစီအစဉ်ကို အစိုးရအလိုကျ
ဖျက်သိမ်းခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလကျမှ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် နှင့် တွေ့ဆုံကာ နှစ်ဘက်အကြား
အေးခဲနေခဲ့သော ဆက်ဆံရေးကို ပထမဆုံး အကြိမ်အဖြစ် ပြန်လည် နွေးထွေးလာအောင် လုပ်နိုင်ခဲ့သည်။ ဒေါ်စုနှင့်
တွေ့ပြီးကတည်းက ဒေါက်တာ ဆူရင် တယောက်ကတော့ ဒေါ်စု၏ အခန်းကဏ္ဍအပေါ် ချီးကျူးခန်း ဖွင့်နေခဲ့သည်။
“သူသည်
မြန်မာတနိုင်ငံလုံး လူထုကို နိုးကြွလာအောင် လုပ်နိုင်သည့်သူဖြစ်ပြီး
အာဆီယံ အဖွဲ့ကြီး အတွင်းရှိ ပြည်သူ များ၊ အထူးသဖြင့် အပယ်ခံ
အောက်ဆုံးအလွှာအတွက် မျှော်လင့်ချက်လည်း ဖြစ်ပါသည်။”
ထိုအချိန်ကတည်းက စ၍ ဒေါ်စုကလည်း အာဆီယံနှင့်စပ်လျဉ်းပြီး မိမိ၏အမြင်သဘောထားများကို ထုတ်ဖော် ပြောဆို
နေခဲ့ပါသည်။
အာဆီယံ အခြေစိုက် ထိပ်တန်း စီးပွါးရေးသမားများနှင့် ဖေဖော်ဝါရီလ အတွင်း
တွေ့ဆုံစဉ်က သူ၏ “ရိုးရှင်းသော ရည်မှန်းချက်” ဖြစ်သော မြန်မာနိုင်ငံ
ထပ်မံဖွံ့ဖြိုး တိုးတက်လာပြီး နောက် ၁ဝ နှစ်အတွင်း အာဆီယံ
နိုင်ငံအချို့ကို ကျော်တက် သွားသည်ကို မြင်လိုကြောင်း ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ လက်ရှိ
ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများ နောက်ပြန်မလှည့်ဘူး ဆိုလျှင်၊ လက်ရှိ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း အတိုင်း ဆက်သွားနေမည်ဆိုလျှင်
အနောက်နိုင်ငံက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ထိထိရောက်
ရောက် ပြန်လည် ရုပ်သိမ်းလိုက်မည်ဆှိုလျှင် ဒေါ်အောင်ဆန်း စုကြည်၏ အိပ်မက် အမှန်တကယ် အကောင်အထည်
ပေါ်လာပါလိမ့်မည်။
နောက်ကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုလျှင် အာဆီယံခေါင်းဆောင်အချို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို
ပြန်လည်တောင်းပန်ဘို့
လိုပါသည်။ ယခုလက်ရှိ သူ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို ထောက်ထားလျှင် သူ
အကျယ်ချုပ်ကျနေစဉ် သူ့အပေါ် တချိန်က ပြောဆိုခဲ့သော ခြိမ်းခြောက်သည့်
သဘောဆောင်သည့် မှတ်ချက်များ အတွက် တောင်းပန်ရန် လိုအပ်ပါသည်။ သူ
မလွတ်မီကဆိုလျှင် အာဆီယံ ခေါင်းဆောင်များသည် သူနှင့်တွေ့ဆုံရန် ကိစ္စကို
ရှောင်ရှားခဲ့ကြပါသည်။ ဝန်ကြီးချုပ် ချွမ်လိပိုင် တဦးတည်းသာလျှင် သူ၏
ဝန်ကြီးချုပ်သက်တမ်း ၁၉၉၇ မှ ၂ဝဝဝ ခုနှစ်အတွင်း သူ့ကို ဒေါ်စုနှင့်
တွေ့ခွင့်မပြုသည့် အတွက်ဆိုကာ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန်
ငြင်းဆန်ခဲ့သည့် တဦးတည်းသော ထိုင်းဝန်ကြီးချုပ် ဖြစ်ပါသည်။ ၁၂ နှစ် ကြာပြီးမှသာ ချွမ်လိပိုင်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ်မှ ရန်ကုန်တွင် တွေ့ဆုံနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံသို့
အလည်အပတ်ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ် William
Hague နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် တို့ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်
သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)။
အခက်အခဲနှင့် ပြဿနာများ ရှိနေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပင်ကိုယ် အားဖြင့် သူသည် အသွင်
ပြောင်းလဲရေးအတွက်
လုပ်ဆောင်နိုင်သော ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ ဥပဒေ စည်းကမ်းအတိုင်းသာ
လုပ်တတ် သူတဦးဖြစ်ကြောင်း၊ ရန်ဘက်များအပေါ် ရန်မလိုဘဲ စေ့စပ် ကြေအေးလို
စိတ်သာရှိသူဖြစ်ကြောင်း ပြသနိုင်ခဲ့ပါသည်။ သူသည် အခြား အာဏာ ဆာလောင်
မွတ်သိပ်နေသော အာဆီယံခေါင်းများနှင့်မတူ တမူခြားနားသူ ဖြစ်ပါသည်။
ထိုခေါင်းဆောင်များက မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊
ဒီမိုကရေစီအခွင့်အလမ်း ပိတ်ပင်မှုများ ပြုလုပ်
လေ့ ရှိကြပြီး မိမိတို့
တင်းတင်းကြပ် ကြပ်ချုပ်ကိုင်ထားသော အာဏာကို စီးပွါးရေးဖွံ့ဖြိုးမှုဖြင့်
ကာကွယ် ထိန်းသိမ်းထား လိုသူများ ဖြစ်ကြပါသည်။
အာဆီယံ အဖွဲ့ကြီး၏
ဦးစီးပဲ့ကိုင် ခေါင်းဆောင်တဦးကို ဒေသတွင်းနိုင်ငံများ မြင်တွေ့ခွင့် ရမရ
ဆိုသည်မှာမူအခြေအနေ များကို သူဘယ်လောက် လေ့လာနိုင်စွမ်းရှိသည် သူ၏
အခန်းကဏ္ဍကို နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်၍ တည်ဆောက် ထားနိုင်
မနိုင်ဆိုသည့် အချက်များပေါ်တွင် မူတည်နေပါသည်။
မည်သို့ပင်ဖြစ်စေ
အတိုက်အခံ ခေါင်းဆောင်တဦးအနေဖြင့် သူ့ အဓိက လုပ်ကိုင်ရမည်မှာ အမျိုးသား
ရင်ကြားစေ့ရေး လုပ်ငန်းကို တကယ် လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ကြောင်း
ပြသနိုင်ရမည်ဖြစ်ပြီး သူ၏ နိုင်ငံသားများအတွက်လည်း စားဝတ်နေရေး ဖူလုံမှုကို
ဆောင်ကြဉ်းပေးနိုင်ရမည် ဖြစ်ပါသည်။
ထိုမှတဆင့်တက်၍သာ ဒေသတွင်း နိုင်ငံများနှင့် ပြည်သူများအတွက် သူ စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်ပါသည်။ ။
ကာဝီ ချုံကစ်တာဝုန် သည် အာရှရေးရာနှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဖြစ်သည်။
http://www.mizzimaburmese.com/edop/songpa/9392-2012-05-28-16-32-03.html
ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောမည်
အင်္ဂါ, 29 မေ 2012
By ကျော်ကျော်သိန်း
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့
အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း
အိန္ဒိယ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အနေ နဲ့
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင် လုပ်ဆောင်နိုင် တာတွေ
ရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာမယ့် အလားအလာအပေါ်
ဝမ်းသာမိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ပါ တယ်။
သူတို့နှစ်ဦး ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေး အပြီး
ပြောဆိုခဲ့တာတွေ ကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်း က
သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်
(Manmohan Singh) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့မနက်ပိုင်းက
ရန်ကုန်မြို့၊ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်
တွေကို အသီးသီး စကားပြောဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘတွေအပါအ၀င် သူကိုယ်တိုင်နဲ့ ကာလရှည်ကြာကတည်းက
ရင်းနှီး ကျွမ်းဝင် မှု ရှိခဲ့တဲ့အပေါ် အိန္ဒိယ နိုင်ငံအနေနဲ့ အင်မတန်
ဂုဏ်ယူပါတယ်လို့ ၀န်ကြီးချုပ် ဆင်းဂ်က ဆိုပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
အခန်းကဏ္ဍနဲ့ပတ်သက်တဲ့ သူ့ရဲ့ ယုံကြည် မျှော်လင့်ချက်ကို ပြောဆိုခဲ့ပါတယ်။
“သမ္မတဦးသိန်းစိန် စတင်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ
ပါဝင်လိမ့်မယ်လို့ ကျနော်တို့ ရိုးရိုးသားသားပဲ ယုံကြည်ပါ တယ်” ဆိုပြီး
အိန္ဒိယ၀န်ကြီးချုပ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံဆီ ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်လာရောက်ဖို့နဲ့
အထူးထင်ရှားတဲ့ ကွယ်လွန်သူ အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟာလာ နေရူး
အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် နှစ်စဉ် နိုဝင်ဘာလမှာ ကျင်းပတဲ့
အခမ်းအနားမှာ မိန့်ခွန်း ပြောကြား ပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိန္ဒိယနိုင်ငံဆီ မကြာခင် အလည်အပတ် လာရောက်
နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ နောက်တကြိမ်ကျင်းပမယ့် ဂျဝါဟာလာ
နေရူး အောက်မေ့ဖွယ်အထိမ်းအမှတ် အခမ်းအနားမှာ မိန့်ခွန်းလာပြောပေးဖို့
ဖိတ်ကြားစာကို ကျနော် ပေးအပ်ထားပါတယ်။ ဒီမိန့်ခွန်းဟာ အထူး အရေးပါ
ထင်ရှားတဲ့ မိန့်ခွန်းဖြစ်ပြီး မစ္စစ် ဆိုနီယာဂန္ဒီ ကိုယ်တိုင် ဖိတ်ကြားစာကို
ရေးပေးခဲ့တာပါ။ အိန္ဒိယနိုင်ငံ မှာ အဲဒီ မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည်
လာပြောမယ်ဆိုရင်ဖြင့် ကျနော်တို့အတွက် အင်မတန် ဂုဏ်ယူရမှာဖြစ်ပါတယ်” လို့
မစ္စတာဆင်းဂ် က ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံက ၁၉၈၈ ခုနှစ် ၈ လေးလုံး
ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်း မှာ မြန်မာ့ဒီမိုကရေစီရေးကို
ကာလအတန်ကြာ ထောက်ခံအားပေးခဲ့ပြီး မြန်မာနိုင်ငံကနေ ရောက်လာတဲ့
ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း လက်ခံခဲ့တဲ့ နိုင်ငံပါ။ ဒါပေမဲ့လည်း
မြန်မာစစ်အစိုးရ အဆက်ဆက် က တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့ပြီး
နောက်ပိုင်းမှာ အရှေ့မျှော်ဝါဒ ဆိုတာကို ကျင့်သုံးပြီး မြန်မာ စစ်အစိုးရနဲ့
ပြန်ပြီး ဆက်ဆံခဲ့ပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့
စွမ်းအင်အရင်းအမြစ်တွေကို တရုတ်နဲ့ အပြိုင် ရယူဖို့ ကြိုးစားခဲ့တာပါပဲ။
အခုတော့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲနေတာကို
အခွင့်ကောင်းယူပြီး ၂၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယ၀န်ကြီးချုပ်
မြန်မာနိုင်ငံဆီ လာရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း
တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့
အကောင်းမြင်ပုံရပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ ပထ၀ီအနေအထားအရ
နီးကပ်နေရုံသာမက နှစ်ပေါင်းများစွာ နီးကပ်တဲ့ ဆက်ဆံရေးနဲ့
ရင်းနှီးချစ်ကြည်မှုရှိခဲ့တဲ့နိုင်ငံတွေဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က
မီးမောင်း ထိုး ပြောခဲ့ ပါတယ်။
“အိန္ဒိယနိုင်ငံနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံရေး ရှိလာမယ့် အလားအလာအပေါ်
ကျမ အင်မတန် ၀မ်းသာ မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျမတို့မှာ အပြန်အလှန်
လေ့လာ သင်ယူကြရမယ့် ကိစ္စရပ်တွေရှိပြီး ဒီဒေသမှာ ငြိမ်းချမ်းရေးနဲ့
တည်ငြိမ်ရေးအတွက် ကျမတို့တွေ ပါဝင်လုပ်ဆောင်နိုင်တာတွေ ရှိကြလို့ပါပဲ။”
လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ပါတယ်။
မကြာခင်သီတင်းပတ်တွေမှာ ပြည်ပခရီးတွေ ဆက်တိုက်ထွက်ဖို့ စီစဉ်ထားတဲ့
ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံဆီလာဖို့ ၀န်ကြီးချုပ်ရဲ့
ဖိတ်ကြားချက်ကိုလည်း လက်ခံခဲ့ပါတယ်။
“ဂျဝါဟာလာနေရူး အောက်မေ့ဖွယ် အထိမ်းအမှတ် မိန့်ခွန်းပြောကြားဖို့
ဖိတ်ကြားစာကို လက်ခံရရှိတဲ့ အတွက် ကျမ အင်မတန် ၀မ်းသာပါတယ်။ အချိန်
သိပ်အများကြီးမကြာခင်မှာ ဒီဖိတ်ကြားချက်ကို ကျမ လုပ်ဆောင်နိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်ဟာ သုံးရက်ကြာ ခရီးစဉ်အဖြစ်
မြန်မာနိုင်ငံမှာ ရောက်နေတာပါ။ တနင်္လာနေ့က နေပြည်တော်မှာ
သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အတိုး
သက်သက်သာသာနဲ့ ချေးမယ့် အစီအစဉ်တရပ်အပါအ၀င် နှစ်နိုင်ငံကြား သဘောတူညီချက်
အများအပြားကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီ
လာရောက်ဖို့ ကနဦး စီစဉ် ထားခဲ့တာဖြစ်ပေမဲ့ အိန္ဒိယ၀န်ကြီးချုပ်နဲ့
ဒီကနေ့မနက်ပိုင်း တွေ့မယ့် အစီအစဉ်ကြောင့် ဘန်ကောက်ခရီးစဉ် ကို
ရွှေ့ဆိုင်းထားတာပါ။ မေလ ၂၉ ရက်၊ ဒီကနေ့ ညမှာမှ ဒေါ်အောင်ဆန်းစုကြည်
ထိုင်းနိုင်ငံဆီ ထွက်ခွာ မှာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/--05-29-12-india-pm-dassk-meet--155349365.html