Sunday, May 27, 2012
(ဒေါ်ဖြူဝင်းသက်တို့ ရက်စက်ပုံကတော့ အောချစရာ)
Ko Ye
မအေးယုအောင် ကိုယ်တိုင်က အလှူငွေလက်ခံရရှိကြောင်း စာရွက်မှာ ခုလို ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ

မီးပူနဲ့အကပ်ခံရတဲ့ ဒဏ်ရာတွေက
ကျက်နေပြီဆိုပေမဲ့ အမာရွတ်တွေ ကျန်နေပါသေးတယ်။ ဒီဒဏ်ရာတွေကတော့
သေရာပါဖြစ်နေနိုင်ပါတယ်။ နောက်ပြီး ရင်ဘတ်နဲ့ ဗိုက်မှာလဲ
ဒဏ်ရာရှိသေးကြောင်းပြောပါတယ

ခေါင်းပေါက်အောင် အခေါက်ခံထားရတဲ့ ခေါင်းကဒဏ်ရာပါ။ ဒီဒဏ်ရာကြောင့် တစ်ခါတစ်ခါမှာ
ခေါင်းတွေမူးကြောင်းပြောပါတ

ဒီလက်က ဒဏ်ရာကဓားနဲ့ အခုတ်ခံထား၇တာပါ။

ရှိတာကတော့ မောင်နှမ ၄ယောက်ပါ..။ အေးယုအောင်အောက်က တစ်ယောက်က အဆော့လွန်နေတာ ဘယ်နားလိုက်ခေါ်ရမှန်းမသိဖြစ
ပြင်ဦးလွင်တွင် ၀တ်ပြုဆုတောင်း လယ်သမားများ သော့ပိတ်တားဆီးခြင်းခံရ
Yangon Press International
မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်- ကျော်သူရမျိုး (YPI )
ယနေ့ နံနက် (၁၀)နာရီက ပြင်ဦးလွင် မြို့အ၀င် ကျောက်တော်ဘုရား၌
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ သိမ်းဆည်းခံရသည့် လယ်ယာမြေများ
ပြန်လည်ရရှိရေးအတွက် ယင်းလယ်မြေပိုင်ရှင်များက ဆုတောင်းဝတ်ပြုခဲ့ကြရာတွင်
ဘုရားဂေါပကအဖွဲ့၏ သော့ပိတ်ခြင်း ခံခဲ့ရသည် ဟု သိရသည်။
“ပိတ်မိနေတာ နာရီဝက်လောက်ကြာတော့ နည်းနည်းတော့စိုးရိမ်သွားတယ်။ ဒါပေမဲ့
တောင်သူတွေအားလုံးက ဖြစ်လာတဲ့ပြသနာတွေကို ရင်ဆိုင်ဖို့
ပြင်ဆင်ထားခဲ့ကြတယ်”ဟု ၀တ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သော
တောင်သူတစ်ဦးကပြောသည်။
အဆိုပါ လယ်သိမ်းခံ လယ်သမားများသည် “သိမ်းဆည်းမြေယာပြန်ပေးပါ”ဟူသော
“လယ်သိမ်းခံရတဲ့ တောင်သူလယ်သမားတွေ
ပူးပေါင်းပြီးဆောင်ရွက်တာပါ။ နိုင်ငံရေး အရောင်းအသွေးပါတဲ့
ဦးဆောင်အဖွဲ့မရှိပါဘူး” ဟု တောင်သူလယ်သမားအရေး လိုက်လံဆောင်ရွက်ပေးသည့်
ဦးအောင်ကျော်ဆန်းက ပြောသည်။
အဆိုပါပိတ်မိနေသောတောင်သူများသည
“ဘယ်အဖွဲ့ကဦးစီးပြီးလုပ်တာလဲ၊
ဘယ်သူတွေပါသေးလဲ၊ နိုင်ငံရေးပါတီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကော
ပါသေးလာဆိုပြီး အထူးသတင်း ရဲတပ်ဖွဲ့က မေးမြန်းခဲ့တော့ တောင်သူတွေက
မိမိဆန္ဒနဲ့ဆောင်ရွက်တာပါလို့ ပြန်ဖြေခဲ့ကြတယ်”ဟု ၎င်းက YPI သို့ ပြောသည်။
အဆိုပါဘုရားရင်ပြင်တံခါးအား မည်သည့်အကြောင်းကြောင့် သော့ပိတ်ခဲ့ရသည်ကို
တောင်သူလယ်သမား များနှင့် ပြင်ဦးလွင်မြို့ရှိ
လူ့အခွင့်အရေးလှုပ်ရှားသူများသည်
သိမ်းဆည်းမြေယာ ပြန်ပေးပါ ဟု ဘုရားပေါ်တွင်ဆုတောင်းသည့် တောင်သူ ငါးဆယ်ခန့် ဘုရားဝန်းအတွင်း ပိတ်မိနေ........................
(The Express Times) ပြင်ဦးလွင် ၊ မေ ၂၇
ပြင်ဦးလွင်မြို့နယ်ရှိ တောင်သူများ စုပေါင်းကာ ဖွဲ့စည်းထားသော တောင်သူကွန်ယက်အဖွဲ့က အကြောင်းမျိုးစုံဖြင့် အသိမ်းဆည်းခံထားရသော မြေယာများ ပြန်လည်ရရှိစေရန်အတွက် ပြင်ဦးလွင် မြို့နယ်အ၀င် ကျောက်တော်ဘုရားပေါ်သို့ ယနေ့မနက် ၁၀နာရီခန့်က ဆုတောင်းကာ ၀တ်ပြုပြီး ဘုရားမှ ပြန်ထွက်စဉ် ဘုရားဝန်းတံခါးမှာ သော့ခတ်ကာ ပိတ်ထားကြောင်း အဆိုပါ အပိတ်ခံထားရသည့် အထဲတွင် ပါဝင်သူတစ်ဦးက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။
၎င်းတို့အနေဖြင့် “ သိမ်းဆည်းမြေယာ ပြန်ပေးပါ ” ခေါင်းစဉ်ပါဝင်သည့် တီရှပ်အင်္ကျီများဝတ်ကာ ဘုရားဝတ်ပြုခြင်းဖြစ်ပြီး ယခုလို ဘုရားဝန်းအတွင်း ပိတ်ခံထားရသည်မှာ တစ်နာရီနီးပါးရှိပြီဖြစ်ပြီးး ဘုရားဝန်းအပြင်ဘက်တွင် အရပ်ဝတ် ရဲများစောင့်ကြပ်နေသည်ကို တွေ့ရှိရကြောင်း၊ အခု ဖုန်းပြောနေသည့် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် တောင်သူ ၄ ဦးကို ရဲများက စစ်ဆေးရန် ခေါ်ဆောင်သွားကြောင်း ပြောကြားသည်။
သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်
RFA Burmese
;နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။
အဆိုပါ အကြံပေးကောင်စီရဲ့လျာထားစာရင်းမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမော်သန်းက နာယက အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး၊ ဒု-ဥက္ကဋ္ဌ အဖြစ် ဒေါ်ခင်စမ်းရီ၊ အတွင်းရေးမှူးအဖြစ် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးဆက်အောင်၊ တွဲဘက်အတွင်းရေးမှုး အဖြစ် ပောာင်ကောင် စီးတီးယူနီဗာစတီမှ ဒေါက်တာကျော်ရင်လှိုင်တို့အားလည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ် MyanmarEgress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်း၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ဖွံဖြိုးရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ ဥပဒေပညာရှင် ဦးသီဟန်မျိုးဥာဏ်၊ ဒိုင်းမွန်းစတား ကုမ္မဏီ ပိုင်ရှင် ဦးကိုကိုကြီး၊ KMD ဦးသောင်းတင်၊ဦးမိုးကျော် (MMRD)၊ ဒေါက်တာသန့်မြင့်ဦး၊ ဦးသန်းလွင်(ကမ္ဘောဇဘဏ် -ဒုတိယဥက္ကဋ္ဌ)၊ ဦးခင်မောင်အေး (CB Bank) နဲ့ ပါမောက္ခ ဦးအောင်ထွန်းသက်တို့ ပါဝင်ကြောင်း သိရပါတယ်။
အကြံပေးကောင်စီ ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက တရားဝင် ထုတ်ပြန်ကြေငြာခြင်း မပြုရသေး ပေမယ့် နိုင်ငံတော် သမ္မတနဲ့ အကြံပေးအဖွဲ့ဝင်တို့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးသည့် အပြင်၊ အကြံပေး အဖွဲ့ဝင် တစ်ချို့ဟာလည်း အကြံပေးကောင်စီနဲ့ သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အကြံပေးကောင်စီကို တရားဝင် ဖွဲ့စည်းကြောင်း အမိန့်စာ ထုတ်ပြန်တဲ့ အခါမှာတော့ လက်ရှိ လျာထား စာရင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်ဦးရေဟာ လျော့သွားနိုင်တာ ရှိသလို၊ တိုးလာနိုင်တာလည်း ရှိကြောင်း ယင်းအကြံပေး အဖွဲ့လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
ကလေးတဦးကို ထိုးကြိတ်မှုအတွက် မျိုးကျော့မြိုင် တိုင်ကြားခံရ
RFA Burmese
အဆိုတော်မျိုးကျော့မြိုင်က အရွယ်မရောက်သေးတဲ့ ကလေးတဦးကို ငွေကြေးခိုးယူမှုနဲ့စွပ်စွဲ
နှိပ်စက်ခံရတဲ့ ကလေးအမည်က မောင်ဟိန်းမင်းသူ ဖြစ်ပါတယ်။ ဆေးရုံမှာ ကုသမှုခံခဲ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

