

BBC Burmese
10 hours ago
နုတ်ထွက်သွားပြီလို့
သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတဲ့ ဒုတိယ သမ္မတ သီဟသူရ
ဦးတင်အောင်မြင့်ဦး နေရာကို သူ့တကိုယ်ရေ အနေနဲ့ မလိုချင်ပါဘူးလို့ သူရ
ဦးရွှေမန်းက ဘီဘီစီကို ပြောပါတယ်။
— in London, United Kingdom.
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်တင်ထားဆွေတို့ တွေ့ဆုံမေးမြန်း (မေ ၁၈၊ ၂၀၁၂)။
— in London, United Kingdom.
Monday, May 21, 2012
တကိုယ်ရေ အနေနဲ့ မလိုချင်တဲ့အဘမန်း
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြားချက်။
The Voice Weekly's status update.
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြားချက်။
----------------------------------------------------------------------------------
ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။
အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။
"လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။
ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူမရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့
ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။
ဟဲ့..ဟဲ့..အောက်ကမြိုက်နေတယ်..ပူဒယ်..ပူဒယ်...
ကိုမင်းကိုနိုင်လှိုင်သာယာ ဆန္ဒပြအလုပ်သမားတွေကိုတွေ့ဆုံ
DVB TV News
လှိုင်သာယာက ဆန္ဒပြနေတဲ့ စက်ရုံအလုပ်သမားတွေကို မေလ ၂၁ ရက်နေ့ က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကိုသက်
တရုတ်သံရုံးဖယောင်းတိုင်တိုက်ပွဲ
စည်ပင်သာယာ အကြမ်းဖက်ပြန်ပြီ
Published on May 20, 2012 by BurmaVJMedia
မေလ ၁၅
ရက်နေ့က ၊ လသာမြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ၊ ရန်ကုန်ဆေးရုံကြီး
ရှေ့ ထမင်းဟင်းရောင်းနေတဲ့ဆိုင်ကို လသာမြို့နယ်
စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့က စားသောက်ကုန်တွေ
ပစ္စည်းပစ္စယ တွေကို အတင်းအဓမ္မ လုယက် ဖျက်စီးခဲ့သလို ဈေးသည်ကိုပါ
ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး ဈေးသည်တွေက ရဲစခန်းကိုတိုင်ကြားခဲ့တဲ့အပြင်
မီဒီယာပေါ်ကိုလည်း တင်လိုက်ပြီးနောက်ပိုင်း မေလ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်မှာ
စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းအယောက် ၁၀၀ လောက်ဟာ ဆေးရုံရှေ့မှာ
ထမင်းဟင်းရောင်းနေကြတဲ့ ဈေးသည်တွေရဲ့ စားသောက်ကုန်တွေ ပစ္စည်း ပစ္စယတွေကို
လုယက် သိမ်းဆည်းသွားသောကြောင့် ဈေးသည်တွေ အလုပ်လက်မဲ့ဖြစ်ပြီး
အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
မဖြူဖြူသင်းအကြောင်း ဘဝရုပ်ပုံလွှာကို စာပေစိစစ်ရေးက ခွင့်မပြု
Published on May 21, 2012 by နေသွင်
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်ကနေ ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ်ဒေါ်ဖြူဖြူသင်းရဲ့ ဘဝရုပ်ပုံလွှာ ဆောင်းပါးကို စာပေစိစစ်ရေးက ခွင့်မပြုတာကြောင့် ဂျာနယ်မှာ ဖော်ပြခွင့်မရဘူးလို့ သိရပါတယ်။
ဒေါ်ဖြူဖြူသင်း
ဆောင်းပါးရှင် မောင်ကိုကို (အမရပူရ)က ရေးသားတဲ့ ဆောင်းပါးကို First Weekly ဂျာနယ်မှာ ဖော်ပြဖို့ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကတည်း စီစဉ်ခဲ့ပေမယ့် စိစစ်ရေးက ခွင့်မပြုခဲ့ကြောင်း ဂျာနယ်တာဝန်ခံ ကိုအောင်စိုးသူက ပြောပါတယ်။
“အဲဒီစာမူကို ခေတ္တဆိုင်းထားပါဆိုတဲ့ ညွှန်ကြားချက်ပေါ့။ ဆရာ ဦးကိုကို (အမရပူရ) ကလည်း ခပ်စွာစွာလေးရေးထားတာ ဆိုတော့ သူက ဒါကို ခဏ ဆိုင်းထားပါဦး ဆိုပြီးတော့ ညွှန်ကြားချက်လာတာပဲဗျ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်ဖြူဖြူသင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ကိုင်နေစဉ် အာဏာပိုင်တွေရဲ့ အနှောင့်အယှက်မျိုးစုံကို ကြုံခဲ့ရသလို၊ ကာလတခု ဖမ်းဆီးချုပ်နှောင်ခံရတာတွေ၊ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဆောင်းပါးရှင် မောင်ကိုကို (အမရပူရ)ကတော့ သူ့ဆောင်းပါးကို စိစစ်ရေးက ခွင့်မပြုတာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
“အော်ပီကျယ်၊ ကေအေတီ၊ ဆရာမောင်ပေါ်ထွန်း၊ ကိုနေဝင်း၊ ကိုရဲလွင်၊ ခင်မောင်ရင်၊ ကိုနေမျိုးစေသဖြင့် profile တွေပဲ ကိုင်တာ။ အနုပညာရှင်တွေကတော့ ပြဿနာမရှိဘူး။ နိုင်ငံရေးမှာ ဒေါ်ဖြူဖြူသင်းကို စပြီးကိုင်ကြည့်တာ။ ကျနော်ရေးတာက ပြည့်စုံအောင် ရေးလိုက်တာ ဆိုင်းငံဆိုပြီး လုပ်ပစ်လိုက်တယ်။ နိုင်ငံရေးအရ နာမည်ကြီးတဲ့သူတွေ ကျနော်တို့က လုပ်ဖို့ ရှိတာကို။ ရှေ့ဆက်ပြီး ဆက်လုပ်ဖို့ နည်းနည်း ခက်သွားတာပေါ့။ ကျနော်တို့ရေးတာက ဘဝတွေကို ပြည့်စုံအောင် ရေးရတာကို။ ကိုမင်းကိုနိုင်တို့ စသဖြင့်ပေါ့ ကျနော်က ရေးဖို့ အစီအစဉ်ရှိတယ်လေ။”
သောကြာနေ့တိုင်း တပတ်တခါထုတ်နေတဲ့ First Weekly ဂျာနယ်မှာ အရင်တုန်းကလည်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီရဲ့ စစ်ကြောရေးကာလ အတွေ့အကြုံ အကြောင်းပါဝင်တဲ့ ကျနော်နှင့် နိုင်ငံရေး အခန်းဆက် ဆောင်းပါးကို စိစစ်ရေးက ခွင့်မပြုတာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကိုဂျင်မီကိုယ်တိုင် စာပေ စစ်စစ်ရေး ဒု – ညွှန်ချုပ် ဦးတင့်ဆွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ အခုနောက်ဆုံးထုတ် ဂျာနယ်မှာ ပြန်လည်ဖော်ပြခွင့် ပြုလိုက်တယ်လို့ ကိုဂျင်မီက ပြောပြပါတယ်။
“စစ်ကြောရေးကာလမှာ ကျနော် ကြုံရတဲ့ အခြေအနေလေးတခု လွတ်လပ်မှု ဆိုတဲ့ဟာက ချုပ်နှောင်ခံရတဲ့သူကမှ ပိုနားလည်တာဗျ။ အလင်းတဲ့ တန်ဖိုးကို မျက်စိကန်းဖူးတဲ့သူကမှ ပိုနားလည်တယ်ဗျ။ အဲဒီတော့ ကျနော် စစ်ကြောရေး ရောက်တဲ့ကာလမှာ ကျနော့်ကို လက်ထိပ်နောက်ပြန်ခတ်တယ်။ မျက်စိကို ပိတ်စည်းထားတယ်။ အမှောင်ခန်းထဲကို ထည့်ထားတယ်။ အဲဒီနောက် လက်ထိတ်နောက်ပြန်ကနေ ရှေ့ကိုခတ်တဲ့ အခြေအနေရောက်တယ်။ အဲဒီလို အတွေ့အကြုံမှာ ကျနော်ရဲ့ စိတ်ခံစားချက်လေးတွေပေါ့။ ကျနော့်မှာ ဘာအာဃာတမှ မထားဘူး။ သင်ခန်းစာယူနိုင်အောင် တချိန်က ဆိုးခဲ့တဲ့ အတိတ်တွေဟာ ဒီခေတ်မှာတော့ တဖြည်းဖြည်း လျော့ပါးလာပြီ။ နောက်ဆိုရင် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ရမယ့် အခြေအနေပေါ့။ အဲဒီကာလတွေတုန်းက လွတ်လပ်ခြင်းဆိုတာကို ဘယ်လို သတ်မှတ်ခဲ့ရတယ်ပေါ့။ အဲဒါမျိုးပါပဲ။ အဲတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စာစစ်မှူးတွေကလည်း ပထမဆုံး အတွေ့အကြုံဆိုတော့ ဒါကို ခွင့်မပြုတာလား မသိဘူး။ သေချာပြန်ဖတ်ကြည့်မှ တော်တော်ပြေပြစ်ပါတယ်။ ပေးမယ်ဆို ပေးလို့ရပါတယ်။ ဒါကတော့ အဆင့်လည်း ကွာမှာပေါ့နော်။”
ဒေါ်ဖြူဖြူသင်းရဲ့ ဘဝကောက်ကြောင်း ဆောင်းပါးကိုတော့ ဖော်ပြခွင့်ရအောင် နောက်တကြိမ် ထပ်ကြိုးစားဦးမယ်လို့ First Weekly ဂျာနယ် တာဝန်ခံ ကိုအောင်စိုးသူက ပြောပါတယ်။
ဒီအတောအတွင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကတော့ လာမယ့် ဇွန်လက စတင်ပြီး စာပေအမျိုးအစားအားလုံး စာပေစိစစ်ရေးကနေ ကင်းလွတ်ခွင့် ပေးတော့မှာ ဖြစ်တဲ့အကြောင်း တရားဝင် ပြောဆိုထားပါတယ်။
http://burmese.dvb.no/archives/25654
အလုပ်သမားတွေကို ကူညီပေးကြရအောင်ပါ
by May Thingyan Hein on Monday, May 21, 2012 at 12:10am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
မေ ၂၀၊ ရန်ကုန်မြို့။
ုပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး အလုပ်သမား ဆန္ဒပြပွဲ သတင်းတွေကို နေ့စဉ်ရက်ဆက် ကြားခဲ့ရပါတယ်။
လှိုင်သာယာ
စက်မှုဇုံက High Art ဆံပင်တုစက်ရုံက စလိုက်တဲ့ လုပ်အားခ တိုးမြှင့်ရေး
ဆန္ဒပြပွဲတွေဟာ အထည်ချုပ်စက်ရုံတွေအထိ ပြန့်နှံ့ကုန်ပါတယ်။
အခြေခံလစာ ငွေကျပ် ၈၀၀၀ (ရှစ်ထောင်)သာ ရတဲ့ အလုပ်သမားတွေ...။
အခြေခံလစာငွေတောင်
မပေးဘဲ နေ့တွက်ကြေး တရက် ကျပ် ၅၀၀ နှုန်းနဲ့ တွက်ပြီး လုပ်ခရှင်းပေးတဲ့
စက်ရုံတွေနဲ့ အလုပ်ရှင်တွေ သတင်းက နေ့စဉ်
မရိုးနိုင်အောင်ကြားခဲ့ကြရပါတယ်။
ကျမတို့မြစ်မခ
သတင်းအေဂျင်စီကနေ သတင်းသွားယူတဲ့သတင်းထောက်တွေကိုလည်း သေချာမှာကြားမိတယ်။
အလုပ်သမားတွေကို မေးရင် အလုပ်ရှင်တွေရဲ့ အသံကိုလည်း မေးပါ။ တဖက်သတ်
သတင်းရေးတာမျိုး မဖြစ်ပါစေနဲ့လို့ မှာရပါတယ်။
အယ်ဒီတာတွေကိုလည်း
မှာရပါတယ်။ သတင်းတွေမှာ တဖက်သတ်ဖြစ်နေရင် နှစ်ဖက်စလုံးက အသံပါအောင်
ပြန်မေးခိုင်းပါ၊အလုပ်သမားတွေကပဲ ပြောတာမျိုး မဖြစ်ပါစေနဲ့လို့
မှာထားရပါတယ်။
ရိုက်လာတဲ့ ဓါတ်ပုံတွေနဲ့
ယူလာတဲ့သတင်းတွေမှာတော့မြင်ကွင်းကျယ် ရုပ်ရှင်ကြည့်နေသလို
မြင်နေတွေ့နေရတာတွေက တကယ်တော့ စိတ်မသက်သာစရာတွေချည်းပါပဲ။
အခြေခံလစာ
နည်းပါးပြီး မစားလောက်လို့ပါ ဆိုတဲ့ ဆန္ဒပြကြတဲ့အမျိုးသမီးတွေက
အသက်ငယ်ငယ်ရွယ်ရွယ် နွမ်းနွမ်းပါးပါးလေးတွေပါ။ သူတို့လေးတွေ
တက်တက်ကြွကြွနဲ့ ဆန္ဒပြနေကြတာကို မြင်ရတော့ သတ္တိရှိလာပြီ၊ကိုယ့်ဆန္ဒကိုယ်
ဖော်ထုတ်ရကောင်း
မှန်းသိလာပြီလို့ တမျိုးတွေးပြီး ကျေနပ်မိပါတယ်။
ဒါပေမဲ့ စနစ်တကျ တောင်းဆိုဖို့နဲ့ဥပဒေနဲ့အညီဖြစ်သော တောင်းဆိုမှုမျိုးဖြစ်ဖို့ကတော့ လိုအပ်နေသေးတာကိုလည်း တွေ့ရပါတယ်။
အလုပ်သမားခေါင်းဆောင်တွေလို့
ပြောကြတဲ့ စက်ရုံအသီးသီးက အမျိုသမီးငယ်လေးတွေဟာ အလုပ်သမားဥပဒေနဲ့
အလုပ်သမားရပိုင်ခွင့်တွေကို လေ့လာခဲ့မိဟန်မတူတာလည်း တွေ့ရပါတယ်။
သူတို့တွေရဲ့ တောင်းဆိုမှုတွေမှာ အားနည်ချက်တွေ ရှိပါတယ်။ အလုပ်ရှင်က
ဥပဒေကို ကိုင်ပြီး ငြင်းဆန်လို့ရနေတောတွေလည်း တွေ့ရတော့ သူတို့တွေကို
မျှမျှတတဖြစ်စေဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကျမ မြင်မိတယ်။
အလုပ်သမားတွေနဲ့
အလုပ်ရှင်တွေကြားကနေ အလုပ်သမားဝန်ကြီးဋ္ဌာနက ၀င်ရောက်ပြီး
ညှိုနှိုင်းပေးတာတွေ့ရတော့လည်း အော် အရင်လိုတော့ မဟုတ်တော့ဘူး၊
အလုပ်သမားဝန်ကြီးဋ္ဌာနက အလုပ်သမားတွေအတွက် ဖြေရှင်းပေးလာတာကို တွေ့ရတော့လည်း
ဝမ်းသာကျေနပ်မိပါတယ်။
အရင်ကဆို အလုပ်သမားဘက်ကနေ
အလုပ်ရှင်နဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ၊ တိုင်တန်းလိုမှုတွေ ရှိရင်တောင်မှ
အရာရာကို ငုံ့ခံကြရတဲ့ အနေအထားမျိုးပါ။ အလုပ်ရှင်က အလုပ်သမားတွေကို
ဥပဒေမဲ့စွာ အလုပ်ထုတ်ပစ်တာမျိုးကိုလည်း ကြုံတွေ့ခဲ့ကြရတာပါပဲ။
အလုပ်သမားဘက်က လူမသိ သူမသိ နစ်နာခြင်းတွေနဲ့ပဲ နစ်နာခြင်းမဆုံးအောင်
ကြုံကြရတာပါ။
ခုလို အလုပ်သမားဝန်ကြီးဋ္ဌာနက အလုပ်ရှင်နဲ့
အလုပ်သမားကြားဝင်ရောက်ညှိုနှိုင်းပေးတာဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့
တခုတော့ ရှိပါတယ် အလုပ်ရှင်နဲ့ အလုပ်သမားကြား တရားမျှတမှုရှိအောင်
ညှိုနှိုင်းပေးဖို့တော့ လိုအပ်ပါတယ်။
လိမ္မာပါးနပ်တဲ့
အလုပ်ရှင်အချို့ကတော့ အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေထဲက အချို့ကို
လိုက်လျောပေးကြပါတယ်။ အချို့ကလည်း အလုပ်ရဲ့ဝင်ငွေနဲ့ ပေးရမဲ့ လစာ
မမျှတတဲ့အတွက် လုပ်ခပိုင်းတိုးမပေးနိုင်းတဲ့အကြောင်း ပြန်ဆိုထားတာတွေလည်း
ကြားရပါတယ်။ ဒါကတော့ သက်ဆိုင်ရာ အလုပ်ရှင်နဲ့ အလုပ်သမား အဆင်ပြေစေမဲ့
နည်းလမ်းတခုကို ပူးပေါင်း ရှာဖွေကြရမယ်လို့ မြင်မိပါတယ်။
အချို့
အလုပ်ရှင်တွေကြတော့လည်း တသက်လုံး ခေါင်းငုံ့ခံလာတဲ့ အလုပ်သမားတွေ ခုလို
ဆန္ဒပြနေတာတွေ အတိုက်အခံလုပ်နေတာတွေကို တွေ့ရတော့ ဒေါသနဲ့ တုန့်ပြန်ကြတာကို
လည်း တွေ့ရပါတယ်။
အလုပ်သမားဝန်ကြီးဋ္ဌာနက
ဝင်ရောက်ညှိုနှိုင်းပေးတာကိုတောင်မှ လမ်းကြုံလို့ ၀င်ရှင်းပေးတာ
ဂရုစိုက်စရာမလိုဘူးလို့ တုန့်ပြန်တဲ့ အလုပ်ရှင်တွေ ရှိနေတယ်လို့ လည်း
ကြားနေရပါတယ်။
လာမဲ့ တနင်္လာနေ့မှာတော့ အလုပ်ရှင်ဘက်ကနေ
အခြေခံတောင်းဆိုချက်ဖြစ်တဲ့ လစာတိုးမြှင့်ရေးကိစ္စတွေကို အလုပ်သမားနဲ့
အဆင်ပြေစွာ ညှိုနှိုင်းမှု မပြီးစီးသေးဘဲနဲ့တဖက်သတ်
ကြေငြာချက်ထုတ်လာတာတွေကိုလည်း တွေ့ရပါတယ်။
အလုပ်သမားတွေကို
တနင်္လာနေ့မှာ ရုံးပြန်မတက်ရင် ကိုယ့်သဘောနဲ့ကိုယ်အလုပ်ထွက်တယ်လို့ ယူဆပြီး
ဖြစ်ကြောင်း ကြေငြာချက်တွေ ထုတ်လာကြတာကိုလည်း ကြားနေရပါတယ်။
အလုပ်သမားတွေဘက်ကနေ ခုချိန်ထိ နစ်နာနေကြတာလည်း တွေ့ရပါတယ်။ အလုပ်သမားတွေကို
ဥပဒေအရ အကာကွယ်ပေးဖို့ လိုအပ်နေတာကိုလည်း တွေ့မြင်ရပါတယ်။
တကယ်နစ်နာနေတဲ့
အလုပ်သမားတွေဘက်ကနေ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနနဲ့ အစိုးရက
မားမားမတ်မတ်ရပ်တည်ပေးကြပါစေလို့လည်း ဆုတောင်းမိပါတယ်။နစ်နာနေတဲ့
အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေရရှိကြစေချင်ပါတယ်။
တောင်သူလယ်သမားပြီးရင်
အလုပ်သမားများလှတဲ့ ကျမတို့ တိုင်းပြည်အတွက် အလုပ်သမား
အရေးဟာအရေးကြီးလှတဲ့ ကဏ္ဍမှာပါဝင်ပါတယ်၊ အလုပ်သမားတွေရဲ့
ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တိုင်းပြည်ရဲ့ အင်အားကောင်းစေတဲ့
အခြေခံအုတ်မြစ်တွေ ဖြစ်လာမှာပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အားတရပ်ကို ယူဆောင်ရာမှာ အလုပ်သမားတွေရဲ့ အားကိုလည်း
ထည့်မစဉ်းစားလို့မရပါဘူး။
နောက်ပိုင်းမှာလည်း
အလုပ်သမားများတွေအနေနဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေနဲ့ အလုပ်သမားဥပဒေတွေကို
နားလည်အောင် ကြိုးစားလေ့လာသင့်ပါတယ်။ ၀န်ကြီးဋ္ဌာနအနေနဲ့လည်း
အလုပ်သမားတွေကို
ဥပဒေကို နားလည်အောင် ပညာပေးတာမျိုး၊
အလုပ်သမားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး နားလည်အောင် ပညာပေးတာမျိုးတွေလည်း
အလုပ်သမားဝန်ကြီးဋ္ဌာနအနေနဲ့
ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ပါစေလို့လည်း ဆက်လျက် ဆုတောင်းပါတယ်။
တဖက်ကလည်း
ကျမတို့ တိုင်းပြည်မှာ လူတယောက်ရဲ့ တနေ့ လုပ်အားခဟာ ထမင်းတနပ်စာတောင်
မရှိပါလားလို့တွေးမိတော့ စိတ်မကောင်းခြင်းကြီးစွာနဲ့ စိတ်ထဲ တနှံ့နှံ့နဲ့
နုန်းချိရပါတယ်။
စီးပွားရေးပိတ်ဆို့မှုတွေကို
ရုတ်သိမ်းလိုက်တဲ့အတွက် မကြာမီဝင်ရောက်လာကြမဲ့
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေမှာ ကိုယ့်နိုင်ငံသား အလုပ်သမားတွေ
မနစ်နာစေဖို့အတွက် အလုပ်ရှင်အလုပ်သမား မျှတသော ခိုင်မာသော ဥပဒေတွေလည်း
သေချာပြင်ဆင်ရေးဆွဲထားဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။
ခုလိုအခြေအနေမှာ
လှိုင်သာယာစက်မှုဇုံမှာ ရှိတဲ့ စက်ရုံပေါင်း ၈၀၀ ကျော်မှာ
နိုင်ငံသားအမည်ခံခိုင်းထားပြီး တရုတ်လူမျိုး၊
ကိုရီးယားလူမျိုးတွေပိုင်ဆိုင်နေတဲ့ စက်ရုံတွေ ဘယ်နှစ်ရုံလောက်ရှိနေမလဲ
ဆိုတာကိုလည်း တွေးကြည့်နေမိတယ်။


ကျွဲနှစ်ကောင်ကြားက မြေစာပင်
မြန်မာ့နိုင်ငံရေးလောကမှာ ကြံ့ခိုင်ရေးနဲ့ NLD ဆိုပြီးပါတီ(၂)ခုကလွှမ်းမိုးထားပါတယ်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအင်အားစုရဲ့ ထောက်ခံမှုကို ရရှိ ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် အစရှိတဲ့ အနောက်နိုင်ငံများမှ ထိပ်တန်းအရာရှိတွေလာရောက်ခဲ့ပါတယ်။ အနောက်နိုင်ငံများမှမြန်မာ့ဒီမိုကရေစီအပြောင်းအလဲများကို လေ့လာပြီး၊ စီးပွားရေးပိတ်ဆို့မှုများအပါအ၀င် ကြွေးမြီလျော်ပေးခြင်း၊ ငွေကြေးအထောက်အပံ့များပေးခြင်း များကိုဆောင်ရွက်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာမြန်မာ့နိုင်ငံရေးလောကကိုဝင်ရောက်ချယ်လှယ်ဖို့ ကြိုးစားနေတဲ့အတွက်ကြောင့် NLD ပါတီကိုထောက်ခံနေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက တရုတ် ထိန်းချုပ်ရေးမူဝါဒအရ မြန်မာနိုင်ငံကိုချဉ်းကပ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုနိုင်ငံရေးသြဇာခံအဖြစ် သွတ်သွင်းပြီးစိတ်တိုင်းကျချယ်လှယ်မှာဖြစ်ပါတယ်။ အမေရိကန်က၀င်ရောက်ချယ်လှယ်လို့ကိုယ့်နိုင်ငံကို ကိုယ်တိုင်မအုပ်ချုပ်နိုင်တဲ့နိုင်ငံတွေအများကြီးပါ။ ငွေကြေး၊ နည်းပညာတွေအကူအညီပေးပေမယ့်အချုပ် အခြာအာဏာဆုံးရှုံးသွားရတဲ့နိုင်ငံတွေဟာသက်သေခံနေပါတယ်။

ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ အနောက်နိုင်ငံနဲ့ဆက်ဆံမှုနည်းပါးပြီး တရုတ်နိုင်ငံနဲ့ပိုမိုကောင်း မွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ယခုလည်း တရုတ်ကွန်မျူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ၀န်ဂမ်ခေါင်းဆောင်တဲ့အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး ဦးဌေးဦးတို့ နေပြည်တော်တွင်တွေ့ ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွင် မစ္စတာဝန်ဂမ်မှ မြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲကိုကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအတွက်လိုအပ်တဲ့အကူအညီကိုပေးဖို့အသင့်ရှိကြောင်းပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံသည် ယခင်အစိုးရလက်ထက် ကတည်းက ကောင်းမွန်သောဆက်ဆံရေးကိုတည် ဆောက်နိုင်ခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့ထားသောနှစ်(၂၀)ကျော်ကာလအတွင်း တရုတ်နိုင်ငံမှ စီးပွားရေး ရင်းနှီးမြှပ်နှံမှုများကိုပြုလုပ်ခဲ့တဲ့အပြင် စွမ်းအင်အတွက်လည်းမြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကိုဝယ်ယူသုံး စွဲနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံကိုအနောက်ဘက်ကုန်စည်စီးဆင်းမယ့်ပင်လယ်ထွက် ပေါက်အဖြစ်အသုံးချဖို့ရည်ရွယ်ထားကြောင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ရိုးမဖြတ်ကျော်ရထား လမ်းများအထင်အရှားပါဘဲ။ အမေရိကန်ရဲ့မဟာဗျူဟာကိုသိရှိထားတဲ့တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ဆက် ဆံရေးကိုတိုးမြှင့်ဖို့ရည်ရွယ်လုပ်ဆောင်လာတာကိုတွေ့ရမှာပါ။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ယခင်က တရုတ်ရဲ့အထောက်အပံ့နဲ့ ဖြိုးစေတနာဆိုတဲ့ ဆေးခန်းတွေကိုဖွင့်လှစ်ပေးခဲ့ပါတယ်။
ယခုလက်ရှိအခြေအနေက မြန်မာနိုင်ငံရေးလောကမှာအဓိကပါတီကြီး ၂ ခုကို ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံက ကိုယ်ကျိုးအတွက်စည်းရုံးနေတယ်။ မြန်မာနိုင်ငံရေးလမ်းကြောင်းမပြောင်းလဲဖို့တော့ပါတီတွေ မှာတာဝန်ရှိပါတယ်။ မြန်မာနိုင်ငံဆိုတာ ကိုယ့်ထီးကိုယ့်နန်းနဲ့ နှစ်ပေါင်းများစွာသူများလွှမ်းမိုးတာမခံရပဲ နေလာခဲ့တာ။မြန်မာနိုင်ငံသားတွေကလွတ်လပ်မှုကိုမြတ်နိုးခဲ့တယ်ဆိုတာ သမိုင်းသက်သေတွေရှိပါတယ်။ ဒါကြောင့် အင်အားကြီး ၂ နိုင်ငံရဲ့ နိုင်ငံရေးမဟာဗျူဟာကြားမှာ မလူးသာမလွန့်သာအခြေအနေကိုရောက် ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံရေးကစားကွက်တစ်ခုမှာမှားသွားတာနဲ့ သူများနိုင်ငံရဲ့သြဇာခံဘ၀ကိုရောက် လိမ့်မယ်လို့ ၀ါရင့်နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းဦးက ပြောကြားခဲ့ပါတယ်။
Motr@King
ကျောင်းလခ တလ ၃သိန်း
Published on May 20, 2012 by zayyar20283
sky net မှကူးယူဖော်ပြပေးတာပါ...
အဆင့် မြင့် လာတဲ့  မြန်မာပညာရေး အကြောင်း ကို sky net uptodate အစီအစဉ်ကလွင့် သွား တာကို အားရ ပါးရ ကြည့် ပြီး မြန်မာနိုင်ငံ အ တွက် ပီတိဖြစ်နေတာ
ကျောင်းလခ တလ ၃သိန်းဆိုတော မှ .......သြ..ချရပါတယ်
အဘမန်း.. ဘာလဲ!!! အဘမန်း.. ဘယ်လဲ !!! ( အပိုင်း-၂)
http://www.scribd.com/doc/94290312/Thuya-Shwe-Man-2
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ရဲ့ (၆) ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ‘‘ကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ စရိတ်၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ၀န်ထမ်းများနဲ့ အောက်ခြေအုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ လစာနဲ့ စရိတ်တွေကို လုံလောက်စွာ ချီးမြှင့်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြတဲ့ လိုအပ်ရင်နိုင်ငံနဲ့နိုင်ငံသားတွေ အတွက် အသက်ပေး စွန့်လွှတ်နေကြတဲ့ တပ်မတော်သားတွေရဲ့ ရိက္ခာ၊ စရိတ်၊ စစ်ဝတ်နဲ့ အသုံးအဆောင်စရိတ်တွေ အပါအ၀င် အခြားစရိတ်တွေ ကိုလည်း အနည်းဆုံး ၁၉၅၉-၁၉၆၀ ခုနှစ်က ရရှိထားတဲ့ စရိတ်တွေရဲ့ တန်ဖိုးအတိုင်း ရရှိအောင် ခွင့်ပြုပေးသင့်ကြောင်း’’ ကို ပြောကြားခဲ့ ပါတယ်။
ဦးရွှေမန်းရဲ့ တင်ပြချက်ကို နိုင်ငံတော် သမ္မတကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ လစာတိုးမြှင့်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုကုန်ကျလာမည့် လစာနှင့် အခြားအသုံးစရိတ်တွေ များပြားလာမှာဖြစ်လို့ နိုင်ငံတော် ဘတ်ဂျတ်မှာ အခက်အခဲတွေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကို ငဲ့ညှာထောက်ထားသောအားဖြင့် ၄င်းတို့ရဲ့ ဒေသစရိတ်နှုန်းထားများ ကို ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပါတယ်။
၂၀၁၂ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သော နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းတွင် “ကျွန်တော်တို့အစိုးရအဖွဲ့ဟာ စတင်တာဝန် လွှဲပြောင်း ရယူချိန်ကစပြီး မြင့်မားတဲ့ လစာနှုန်းထားတွေကို ရယူ ခံစားခြင်း မပြုဘဲ ယခင်အစိုးရ လက်ထက်က နှုန်းထားအတိုင်း ရယူ ခံစားနေကြသူတွေ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရ၀န်ထမ်း အရေအတွက် စုစုပေါင်းဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ (၃.၃%)ခန့်ရှိတဲ့ အတွက် ကျွန်တော်တို့ဟာ ပြည်သူအစိုးရဖြစ်တာနဲ့အညီ အစိုးရ ၀န်ထမ်း မဟုတ်သော သာမန်လက်လုပ်လက်စား ပြည်သူ (၉၆.၇%) ကိုလည်း ပြန်လည်ငဲ့ကွက်ဖို့လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးပေးမှုတွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိ ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လစာသို့မဟုတ် ထောက်ပံ့ကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။
ဦးရွှေမန်းအနေနဲ့ သမ္မတထံ တောင်းဆိုချက်နဲ့ ပတ်သတ်ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံကာ ၀န်ထမ်းများလစာတိုးရေး ကိစ္စကို အဓိကထား ဆွေးနွေးသွားပါတယ်။ ဒီလိုဆွေးနွေးခဲ့ရာတွင် နိုင်ငံသားများ အနေနဲ့ ရဲရဲရင့်ရင့် သတ္တိရှိရှိဖြင့် ပြောဆိုရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ ပြောကြားချက်အကြောင်းကို မီဒီယာတွေကနေတဆင့် ပျံ့နှံ့ပြီးတဲ့နောက် ရန်ကုန်တွင် တိုင်ရီစက်ရုံမှ အလုပ်သမားများ အခွင့်အရေးတောင်းဆိုမှုများမှစတင်ပြီး စက်ရုံများတွင် အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာရပါတယ်။
လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများက ဦးရွှေမန်း ပြောခဲ့တဲ့ ရဲရဲရင့်ရင့် သတ္တိရှိရှိဖြင့်ပြောဆိုရမှာ ဖြစ်တယ်ဆိုတဲ့ အချက်ပေါ်မှာမူတည်ပြီး စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များ ထံမှ အခွင့်အရေးများတောင်းဆိုနေပါတယ်။ ဒီလိုတောင်းဆိုမှုတွေကို လိုက်လျောပေးနိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေ ရှိသလို မလိုက်လျောနိုင်တဲ့အလယ်အလတ်တန်းစားလုပ်ငန်းရှင်တွေလည်းရှိလို့ မလိုက်လျောနိုင်တဲ့စက်ရုံ၊ အလုပ်ရုံ တွေလည်း ပိတ်ရမလို ဖြစ်နေပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေကို ပိတ်ရမယ်ဆိုရင် ၀န်ထမ်းတွေ အလုပ်အကိုင်မဲ့ဖြစ်ပြီး လူလတ်တန်းစား စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေ စက်ရုံပိတ်ရလို့ စီးပွားရေးလုပ်ငန်းတွေပျက်စီးပြီး တိုင်းပြည်ရဲ့ စီးပွားရေး မတည်ငြိမ်ဖြစ်ကာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
လွှတ်တော်မှာ ၀န်ထမ်းတွေ လစာ တိုးပေးရေး ကိစ္စကို တင်သွင်းစဉ်ကလည်း ဦးရွှေမန်းရဲ့သား တိုးနိုင်မန်း မှတဆင့် မီဒီယာများသို့ ပိုမိုပြန့်ပွားအောင် ဆောင်ရွက်ခဲ့စေပါတယ်။ ဦးရွှေမန်းအနေနဲ့ ၀န်ထမ်းများ လစာတိုးရေး ကိစ္စကို အကြောင်းပြပြီးတော့ အစိုးရကို ဖိအားတွေ တောက်လျှောက်ပေးလာခဲ့ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို သမ္မတမှလွှတ်တော်သို့ တင်ပြအတည်ပြုချက်မယူဘဲ သမ္မတလုပ်ပိုင်ခွင့်အတွင်းမှ ရပ်တန့်ပေးခဲ့တာ ကိုလည်း ဦးရွှေမန်းမှ အမြင်မကြည်လင်ခဲ့ပါဘူး ဆိုတာ လွှတ်တော်တွင်းမှာ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။
ယခင် စစ်အစိုးရ လက်ထက်က ကုန်ဈေးနှုန်း ကြီးမြင့်မှုကို လက်တလော ပြေလည်စေဖို့ ၀န်ထမ်းတွေကို လစာတိုး ပေးခြင်းနဲ့ ဖြေရှင်းခဲ့ပါတယ်။ ၁၉၈၉ခုနှစ်မှာတစ်ကြိမ်၊၁၉၉၃ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၀ပြည့်နှစ်မှာတစ်ကြိမ်၊ ၂၀၀၆ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၀ပြည့်နှစ် ဇန်န၀ါရီလတွင်တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်တိတိလစာတွေ တိုးပေး ခဲ့ပါတယ်။၂၀၀၂ခုနှစ်မှာ ရွှေတစ်ကျပ်သားကို ၁၁၀၀၀၀ ကျပ်ကျော် လောက် ပေးရပေမဲ့ ၂၀၁၂ ခုနှစ် ယနေ့ကာလမှာတော့ ၇၀၀၀၀၀ ကျပ်ခန့် ပေးရပါတယ်။ ဆန်ဆိုရင်လည်း ၂၀၀၂ခုနှစ်မှာ တစ်ပြည် ၂၈၀ ကျပ်သာ ပေးရပေမဲ့ ခုအချိန်မှာတော့ တစ်ပြည်ကို ၁၅၀၀ ကျပ်တောင်ပေးရလို့ ငွေကြေးဖောင်းပွမှုဟာ ခြောက်ဆလောက်အထိ ထိုးတက်လာတာကိုတွေ့ရမှာပါ။ ဒီလိုလုပ်ဆောင်ခဲ့တာဟာ စစ်အစိုးရရဲ့ ငါးပွက်ရာငါးစာချ လုပ်ဆောင်မှုကြောင့် နိုင်ငံတော်အနေနဲ့ ငွေကြေးဖောင်းပွနှုန်း မြင့်တက်ခဲ့ပြီးတော့ အခြေခံလူတန်းစားတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုခံခဲ့ရပါတယ်။ လစာတိုးလာပေမယ့် ကုန်ဈေးနှုန်းက လိုက်ပါ မြင့်တတ်ခဲ့လို့ ဂျာအေးသူ့အမေရိုက်ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ ၀န်ထမ်းတွေရဲ့ အခက်အခဲကို လစာတိုးပေး လိုက်ရုံဖြင့် မဖြေရှင်းနိုင်ဘဲ ငွေကြေး ဖောင်းပွမှုသာ မြင့်တတ်လာခဲ့ပါတယ်။
ပြည်သူတွေရဲ့လိုလားချက်က လစာတိုးဖို့ မဟုတ်ပါဘူး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ကျဆင်းဖို့ပါပဲ။
လစာသာတိုးလာပြီး ကျန်တဲ့ကုန်ဈေးနှုန်းတွေတက်လို့ ၀န်ထမ်းတွေပဲ ခဏတာ အဆင်ပြေပြီး ကျန် ၅၈ သန်းကျော် ပြည်သူတွေက ကုန်ဈေးနှုန်းဒဏ်ကို ခံရပါတယ်။ ၀န်ထမ်းတွေကလည်း လစာတိုးတာ နာမည်သာ ရှိပေမယ့် တကယ်တန်းကျတော့ ကုန်ဈေးနှုန်းတတ်တာနဲ့ ယှဉ်လိုက်ရင် မူလအတိုင်းပဲ မလောက်မငှ ပြန်ဖြစ်တာ ပါပဲ။ ဒါကြောင့် ဦးရွှေမန်းပြောတဲ့ လစာတိုးပေးဖို့ဆိုတာက ၀န်ထမ်းတွေကို အပေါစား စည်းရုံးလိုက်တာပဲ ဖြစ်ပါ တယ်။ လစာတိုးပေးမယ်။ ဒါပေမယ့် နိုင်ငံတော်က ကုန်ဈေးနှုန်းကို ဘယ်လိုတွေထိန်းချုပ်ပေးမယ်ဆိုတာတွေ မပါပဲ လစာတိုးပေးမယ်ဆိုတာချည်းပဲပြောနေတော့ ပြည်သူ ၅၈ သန်းကျော်ကို ဒုက္ခရောက်အောင် လုပ်နေသလိုပါပဲ။ တကယ်စေတနာထားတာမဟုတ်ဘဲ စီးပွာရေး ကမောက်ကမဖြစ်အောင် လုပ်နေတာလို့ ပြည်သူတွေက ပြောကြားခဲ့ ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း တောင်းဆိုတဲ့ ၀န်ထမ်းများ လစာတိုးမြှင့်ပေးရေးကို လိုက်လျောခြင်း မရှိပေမဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၀န်ထမ်းတွေ အားလုံးကို ထောက်ပံ့ကြေးငွေ အဖြစ် တစ်လလျှင် ၃၀၀၀၀ ကျပ်စီ ၂၀၁၂ ဧပြီလက စတင်ပြီးတော့ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီလို ထောက်ပံ့ပေးဖို့အတွက် နေပြည်တော် ကောင်စီရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ မြန်မာနိုင်ငံစက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဘတ်ဂျက်တွေအပြင် အခြားဝန်ကြီးဌာန တွေရဲ့ ဘတ်ဂျက်အချို့ကိုလျှော့ချပေးခဲ့ရပါတယ်။
ဒါ့အပြင် မတ်လ (၂၄)ရက် ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ဦးရွှေမန်းက ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုနဲ့ ပတ်သတ်ပြီးတော့ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သ၀ဏ်လွှာထဲမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ အငြိမ်းစားလစာတွေကို တိုးမြှင့်ပေးခြင်းနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။
အဲဒီသ၀ဏ်လွှာပါ အချက်တွေနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ဧပြီလ (၉) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့ပါတယ်။ အဲဒီသ၀ဏ်လွှာမှာပါဝင်တဲ့ဖော်ပြချက် တွေကတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ လစဉ်ချီးမြှင့်ငွေကိုသာ လျော့ပေါ့ခံစားခြင်းဖြစ်ကြောင်း၊ ပင်စင် လစာကို တိုးမြှင့်ပေးခြင်းကလည်း နိုင်ငံတော်သမ္မတရဲ့ အခွင့်အာဏာအတွင်းကပဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းမှာ အုပ်ချုပ်မှုအာဏာအရဆောင်ရွက်ခြင်းဖြစ်ကြောင်းကို ပြန်လည် ရှင်းလင်းထားတဲ့ အချက်တွေပါဝင်ပါတယ်။
နိုင်ငံတော်သမ္မတကြီးကရရှိမယ့် အခွင့်အရေးကိုတောင် အပြည့်အ၀မယူပဲ လစာကို လျော့ယူတာ ပြည်သူတွေနဲ့ နိုင်ငံတော်အပေါ်မှာ စေတနာထားတာပါ။ သမ္မတတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀မယူပဲ နိုင်ငံတော်အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ၀န်ထမ်းတွေရဲ့ အငြိမ်းစားလစာ တိုးမြှင့်ပေးတာကလည်း အငြိမ်းစားယူသွားတဲ့ ၀န်ထမ်းတွေကို လက်ရှိကုန်ဈေးနှုန်းနဲ့ ချင့်ချိန်ပြီး မတောင့်မတနေရအောင် စေတနာထား ဆောင်ရွက်ပေးတာပါ။
ဦးရွှေမန်းလို သားတွေကကုမ္ပဏီထောင် အဖေကလုပ်ပိုင်ခွင့်တွေပေး စတဲ့အလုပ်တွေနဲ့ ချမ်းသာနေတော့ ဒီပင်စင်လစာကို ဘယ်မက်မောပါ့မလဲ။ ဒါပေမယ့် အငြိမ်းစားဝန်ထမ်းအများစုကတော့ ဘ၀ရဲ့ နေ၀င်ချိန်တွေမှာ မတောင့်မတ မကြောင့်မကြ နေနိုင်အောင် ဆောင်ရွက်ပေးတဲ့ သမ္မတကြီးကို ကျေးဇူး တင်နေ ကြပါတယ်။ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းပေးတာကလည်း လူသားချင်းစာနာထောက်ထားမှုအတွက် ဖွဲ့စည်း ပေးထားတာပါ။ ပြည်သူတွေ ခံစားနေရတဲ့ မတရားမှုတွေကို ဖြေရှင်းပေးမယ့် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်း ပေးထားတာ ဖြစ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြည်သူတွေ အပေါ်ထားတဲ့ စေတနာကို ထင်ဟပ်စေပါတယ်။ ဒါပေမယ့် ဦးရွှေမန်း ကတော့ မြစ်ဆုံအရေးကတည်းက မကျေလည်မှုတွေကို အရင်းပြုပြီး ဥပဒေတွေ၊ မူတွေနဲ့ သမ္မတရဲ့ လုပ်ဆောင် ချက်တွေကို ဥပဒေနဲ့မညီကြောင်း ပြောကြားခဲ့မှုအပေါ် ပြည်သူတွေက မကျေနပ်ကျပါဘူး။ ပြည်သူ့အကျိုးကို ဆောင်ရွက်တဲ့နေရာမှာ လူတွေ၊ မူတွေမလိုပါဘူး။ တကယ်အကျိုးရှိအောင် လုပ်ပေးချင်စိတ် အပေါ်မှာပဲ မူတည် နေတာပါ။
နိုင်ငံတော်သမ္မတအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို တည်ငြိမ်အောင် ဆောင်ရွက်ပြီးတော့ တစ်ဘက်ကလည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ ဒီလိုဆောင်ရွက်နေတာကို ပြည်သူ့လွှတ်တော်ဥက္ကဌ တစ်ဦးအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲနဲ့ ဒီမိုကရေစီ ဘက်တော်သား အမည်ကောင်း ခံယူပြီးတော့ အစိုးရအဖွဲ့ကို ဖိအားပေးနေတာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ DSA (၁၁) က ဖြစ်ပြီးတော့ ၁၉၈၈ အရေးအခင်းမှာ ဗိုလ်မှူး အဆင့်ပဲရှိတယ်လို့ သိရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး နောက်ဆုံး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို ရရှိခဲ့ပါတယ်။
ဧရာဝတီတိုင်း တိုင်းမှူး ဘ၀က သူ့သား အောင်သက်မန်း ပိုင်ဆိုင်တဲ့ ဧရာ-ရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တစ်တိုင်းလုံးရဲ့ ဓာတ်မြေသြဇာ ရောင်းချခွင့်ကို တစ်ဦးတည်း မူပိုင်ရရှိခဲ့ပါတယ်။ ခုတော့ အောင်သက်မန်းဟာ ဧရာ-ရွှေဝါ ကုမ္ပဏီနာမည်နဲ့ လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေပါတယ်။ ကြားရတဲ့ သတင်းတွေအရ လက်နက်ကလွဲလို့ ကျန်တာ အကုန်လုပ်တယ်လို့ သိရပါတယ်။
သားတစ်ဦးဖြစ်တဲ့ တိုးနိုင်မန်းဟာ စစ်တက္ကသိုလ် အမှတ်စဉ် (၄၁) မှကျောင်းဆင်းခဲ့ပြီး ဗိုလ်ကြီး ဘ၀နဲ့ တပ်မှထွက်ခဲ့သူ ဖြစ်ပါတယ်။ ဗထူးမှာ တပ်စုမှူးသင်တန်း တက်စဉ်ကလည်း သီဟသူရဦးတင်အောင်မြင့်ဦး ရဲ့သားဖြစ်တဲ့ တေဇစောဦးနဲ့ ကားပြိုင်မောင်းပြီး သစ်ပင်ကြီးကို ၀င်တိုက်ခဲ့လို့ ကားထဲမှာပါလာတဲ့ အရာရှိ (၂)ဦး ဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ တိုးနိုင်မန်းကတော့ တရားခံအစားထိုးလို့ အမှုကလွတ်ခဲ့တာပါ။ ပြန်စစ်ရင်အမှုမှန် ပေါ်ပါလိမ့်မယ်။ သူကိုယ်တိုင်လည်း ၄င်းကားတိုက်မှုကြောင့် ခါးနာတဲ့ဝေဒနာကို ခံစားနေရဆဲ ဖြစ်ပါတယ်။ တိုးနိုင်မန်းဟာ အဖေရဲ့အရှိန်အ၀ါနဲ့ Red Link ဆိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ ယောက္ခမဖြစ်တဲ့ ဦးခင်ရွှေ (ဇေကမ္ဘာ) ရဲ့ စီးပွားရေးလုပ်ငန်းများကိုလည်း နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေ ပါတယ်။ ဖခင်ဖြစ်သူ ဦးရွှေမန်းရဲ့ လွှတ်တော်မှာ ပြောဆိုတဲ့ လစာတိုးပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေ ကနေတဆင့် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သလို လွှတ်တော်တွင်း ဆွေးနွေးတဲ့ လျှို့ဝှက်ချက်တွေကို ပြင်ပမီဒီယာများ သိရှိအောင် ဆောင်ရွက်နိုင်ပေးနိုင်တဲ့ အခွင့်အရေးရသူလည်း ဖြစ်ပါတယ်။။ တိုးနိုင်မန်းရဲ့ အဖေဟာ ကြံ့ခိုင်ရေးပါတီမှာ ဒုတိယဥက္ကဌ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်တွေမှာ သွားလာရေး လွယ်ကူဖို့ နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးခဲ့တဲ့အပြင် ရွေးကောက်ပွဲ အောင်နိုင်ရေး ရန်ပုံငွေများကိုလည်း တစ်ဖက်လှည့်နဲ့ ထည့်ဝင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေဖို့ ဒက္ခိဏ သီရိမှာ အိမ်ငှားတဲ့နေရာမှာလည်း ပါဝင်ကူညီပေး ခဲ့ပါတယ်။
ဦးရွှေမန်းဟာ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD ပါတီကနေ၀င်ရောက်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ ပြောနေကြပါတယ်။ ခပ်ရိုင်းရိုင်းပြောရရင် အာဏာသာရရှိမယ်ဆိုရင် ထမိန်နားခိုပြီး လိုက်မယ့်သူ မျိုးပါ။ ဒါ့အပြင်ဒီလိုမျိုး အဖေ့အရှိန်နဲ့ လွှတ်တော်ကော်မရှင်မှာ နေရာပေးထားတဲ့ တိုးနိုင်မန်းဟာ အသက် ငယ်ရွယ်လို့ လွှတ်တော် အမတ်အချို့က မကျေနပ်ပါဘူး။
အဖေက သမ္မတ၊ ဒုသမ္မတ မလုပ်ရလို့ အစိုးရအပေါ်နာကျည်းချက်နဲ့ လွှတ်တော်အတွင်းသတင်းတွေကို အပြင်ရောက်အောင် NLD နဲ့ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဦးရွှေမန်းတို့သားအဖတွေ လုပ်တဲ့ နိုင်ငံရေးကတော့ အာဏာရဖို့ပါပဲ။ တိုင်းပြည် ကောင်းစားဖို့ မဟုတ်ပါဘူး။ တိုးနိုင်မန်းလို အတွေ့အကြုံ မရှိ၊ ငယ်ရွယ်တဲ့လူငယ် တစ်ယောက်ကို လွှတ်တော်ကော်မရှင်မှာ နေရာပေးသင့်/မပေးသင့် ဆိုတာ အလွန်စဉ်းစား ဆင်ခြင်ရမယ့်ကိစ္စ ဖြစ်ပြီးတော့ နေရာပေးထားတာကလည်း အလွန်မိုက်မဲတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ အလေးထား စဉ်းစားရမှာပဲဖြစ်တယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး ကွယ်လွန်ပြီးနောက် သူ့သား ကင်ဂျုံအန်ဟာ ခေါင်းဆောင် ဖြစ်လာပါတယ်။ ဒါကြောင့် အဖေသေရင် သား ဆက်လက် တာဝန်ထမ်းဆောင်မှာလား၊ အဖေ့ခြေရာနင်းတဲ့ သား တစ်ဦးဖြစ်လာမလား ဆိုတဲ့ မေးခွန်းတွေကလည်း ပြည်သူ့ လွှတ်တော် အတွင်းမှာ တီးတိုးပျံ့နှံ့ခဲ့ပါတယ်။
ဦးရွှေမန်းဟာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နဲ့လည်း မကျေလည်မှုတွေရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေ မူကြမ်းကို နိုင်ငံတော်ခုံရုံးသို့ တင်ပြဖို့ဆုံးဖြတ်ချက်ကို ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်က ကန့်ကွက် ခဲ့ပါတယ်။ဒီလိုကန့်ကွက်ခဲ့လို့ ပြည်ထောင်စုလွှတ်တော်ဥက္ကဌအဖြစ်တာဝန်ယူရတဲ့ ဦးခင်အောင်မြင့်ရဲ့ ဆုံးဖြတ်ချက် ကိုပယ်ပျက်စေပြီး ဂုဏ်သိက္ခာညှိးနွမ်းအောင် လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပြောကြားခဲ့ပါတယ်။
ဦးရွှေမန်းဟာ တပ်မတော်မှာ အဆင့်(၃)လုပ်ခဲ့တဲ့ အရှိန်အ၀ါနဲ့ တပည့်ဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ထဲက တပ်တွေကို သူ့ဘက်ပါအောင် စည်းရုံးဆောင်ရွက်နေတယ်လို့ ကြားသိရပါတယ်။ တပ်မတော် ဆိုတာ နိုင်ငံတော်ကို ကာကွယ်ဖို့ဆောင်ရွက်ရတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ တပ်ချုပ်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက် မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီနေ့အထိ ကာကွယ်ရေးဦးစီးချုပ်ရဲ့လုပ်ဆောင်ချက် တွေဟာ နိုင်ငံတော်အတွက် လုပ်နေတယ်ဆိုတာ လမ်းစတွေတွေ့နေရပါတယ်။ သူလည်း သူ့အလုပ်တွေ၊ ဦးရွှေမန်းတို့ ထားခဲ့တဲ့ အရှုပ်တွေနဲ့ လက်မလည်ကြောင်းလည်း ကြားနေရပါတယ်။
ဦးရွှေမန်းဟာ စစ်အစိုးရလက်ထက်က ထိပ်တန်းတာဝန်ကို ထမ်းဆောင်ခဲ့ပေမဲ့ အခုအခါမှာ ဒီမိုကရေစီ အရေးကိုအကြောင်းပြပြီး လွှတ်တော်အတွင်းမှာ အာဏာကို တည်ဆောက်နေပါတယ်။ အစိုးရရဲ့ အတိုက်အခံ အင်အားစုတွေနဲ့ အလွမ်းသင့်ပြီး ကြံ့ခိုင်ရေးပါတီကို ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ထိရောက်တဲ့ ကြီးကြပ် ကွပ်ကဲမှုမလုပ်ခဲ့လို့ပါတီဟာလည်းရှုံးနိမ့်ခဲ့ရကြောင်း၊ ဒီလိုရှုံးနိမ့်မှုအပေါ်မှာပါတီဝင်အချင်းချင်းကလည်းမကျေနပ်မှု တွေရှိလာပြီး ပါတီအတွင်းနဲ့ လွှတ်တော်အတွင်းမှာ ဦးရွှေမန်းကို နှုတ်ထွက်ပေးဖို့ ဖိအားတွေများပြားလာတယ်လို့ တီးတိုး ဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။ ဦးရွှေမန်းသာ နှုတ်ထွက်သွားပါက သူ့သားတွေပိုင်ဆိုင်တဲ့ ဧရာရွှေဝါ ကုမ္ပဏီ၊ Red Link ကုမ္ပဏီ တွေအပြင် ဦးခင်ရွှေ (ဇေကမ္ဘာ) ရဲ့ လုပ်ငန်းတွေပါ ထိခိုက်လာနိုင်ပါတယ်။
ဦးရွှေမန်းအနေနဲ့ အခုအချိန်မှာ အနောက်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ဘယ်လ်ဂျီယန်၊ နော်ဝေ၊ ဗြိတိန် စတဲ့ နိုင်ငံတွေကို သွားရောက်ပြီး လွှတ်တော်ဥက္ကဌများနဲ့ တွေ့ဆုံကာ ဒီမိုကရေစီကျင့်သုံးနေမှုကို လေ့လာနေပါတယ်။ ဒီလေ့လာချက် တွေနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံအတွက် ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်မလဲ..? လက်ရှိကြုံတွေ့နေရတဲ့ ဖိအားတွေကို ဦးရွှေမန်းအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲ..? လွှတ်တော်ထဲဝင်ရောက်လာတဲ့ အတိုက်အခံပါတီ NLD နဲ့ ပူးပေါင်းဆောင်ရွက်မှာလား..? ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်ကပဲရပ်တည်ဆောင်ရွက် သွားမှာလား..? နိုင်ငံရေးအမြတ်ထွက်အောင် ဘယ်လိုဆောင်ရွက်မလဲ..? အဘမန်း..ဘာလဲ!!! အဘမန်း..ဘယ်လဲ!!! ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမယ်လို့ အစိုးရအဖွဲ့ကြားမှာ သတင်းတွေပျံ့နှံ့နေပါတယ်.........
မှတ်ချက်။ ဝေဖန်အကြံပြုချက်များကို ဖိတ်ခေါ်ပါတယ်။
လေးစားစွာဖြင့်
မိုးမင်းသားကြီး
'''စာရေးသူ၏အာဘော်သာဖြစ်သည်'''













