၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယားလက်ချက်ဖြင့် ကျဆုံးခဲ့သူတို့အား အာဇာနည်ကုန်းတွင် ငြိမ်သက်အလေးပြုနေပုံ
Tuesday, May 15, 2012
ဗိုလ်ချူပ်တို့ကိုမဟုတ်ပါ....
*ကျေးရွာအုပ်ချုပ်ရေးမှူးမှအနိုင်ထက်ပြုကျင့်
*မိတ္ထီလာမြို့***
*ပြည်သူ့အကျိုးဆောင်ကွန်ယက်***
*သတင်းထုတ်ပြန်ကြေငြာချက်***
*၁၃၇၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၉) ရက်နေ့*
*၂၀၁၂ ခုနှစ်၊ မေလ** (၁၄) ရက် *
*ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာသူကျေးရွာသားများအပေါ်
အနိုင်ထက်ပြုကျင့်နေမှု*
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာမှာ
အုပ်ချုပ်ရေးမှူးဦးအောင်မြသည် မိမိရဲ့ ကျေးရွာသူကျေးရွာသားများအပေါ်မှာ
မတရားဖိနှိပ်အုပ်ချုပ်ခြင်းကို ပြုလုပ်နေပါသည်။ ယခင် ဝမ်းတွင်း မယကဥက္ကဌ
ဦးကျော်သူလက်ထက်ကတည်းက ရပ်ကျေးဥက္ကဌရာထူးကို မယက ဥက္ကဌနှင့်
ပူးပေါင်းရယူခဲ့ပြီး ယခုအုပ်ချုပ်ရေးမှူး ရာထူးအထိ ၆ နှစ်တာသက်တမ်းတွင်
အထက်ကိုဖား အောက်ကိုဖိနှိပ်သည့် ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်ပါ
ကျွန်တော်တို့ရွာ ပင်းတလဲတွင် (နာဂသိန်) အမည်ရှိကျေးရွာစာကြည့်တိုက်တစ်
ကျေးရွာသူကျေးရွာသားများ စုပေါင်း ထည့်ဝင်ငွေများ နှင့်
အခြားသောအလှူရှင်များ၏ငွေမျာြး
အငြိမ်းစားမြန်မာစာပါမောက္ခ ဦးလှထွန်းက ငွေကျပ်သိန်း ၂၀ဘိုးရှိ စာအုပ်များ
ပီနံအိတ် ၁၂ လုံးထုတ်ပေးပို့လှူဒါန်းခဲ့ပါ
စာကြည့်တိုက်ဖွင့်ပွဲကျင်းပခြဲ့
စာကြည့်တိုက်ကိုတစ်ရက်တည်းသာဖွ
အထက်အာဏာပိုင် ကိုတိုင်ကြားခဲ့သဖြင့် တစ်နှစ်ကျော်ကြာအောင်ပိတ်ထားသော
စာကြည့်တိုက်ကို ၁၄.၁.၂၀၁၂ ရက်နေ့တွင် ပြန်ဖွင့်ပေးသောအခါ စာအုပ်ထုတ်မှာ
(၄)ထုတ်သာကျန်ရှိတော့သည်။
ငွေကြေးရှင်းတမ်းထုတ်မပေးခြင်း
စာကြည့်တိုက်ကိုတနှစ်ကျော်ပိတ်
စသည့်ပြစ်မှု များကို အုပ်ချုပ်ရေးမှူးဦးအောင်မြက ကျူးလွန်ထားခြင်းဖြစ်ပါသည်။
ဦးအောင်မြသည် ရပ်ကြေး၊ ရွာကြေး မင်္ဂလာကြေးများလည်း
အလွဲသုံးစားပြုလုပ်ထားပါသည်။ လူကြီးတစ်ဦးနှင့် တစ်ဦးအကူးအပြောင်း
ရွာဘုံထောင်ပစ္စည်းများ ပျောက်ဆုံးသွားပါ၍ ၎င်းရွာဘုံထောင်ပစ္စည်းများကို
ဦးအောင်မြလက်ဝယ် ရှိ ရွာကြေး ၄ သိန်းကျပ်ဖြင့် ပြန်လည်ထူထောင်ပေးရန်
ရွာသားများကတောင်းဆိုသော်လည်း မထူထောင်ပေးပါ။
ပင်းတလဲ မြကန် ကြီးကိုလည်း မိတ္ထီလာဆည်မြောင်းဌာနက ဘက်ဖိုးဖြင့်
မြေများကော်ပြီး ကန်ဆင့်ပေးခြင်း ဖြစ်သော်လည်း ဦးအောင်မြက မြကန် ရေသောက်လယ်ဧက
၃၀၀ ကိုငွေကောက်ခံခဲ့ပါသည်။ ကောက်ခံရရှိသောငွေ ၂၈ သိန်းကို မိမိ၏
ကိုယ်ကျိုးသုံးစွဲပြီးယနေ့အချိ
စိုက်ပျိုးရေးဘဏ်မှ တောင်သူများအပေါ် ချေးသော ချေးငွေများမှလည်း ချေးငွေ
တစ်သိန်းအပေါ်တွင် ဘဏ်တိုးအပြင် အုပ်ချုပ်ရေးမှူး ဦးအောင်မြက ၃၀၀၀ (သုံးထောင်)
နှုံးဖြတ်တောက်ခေါင်းပုံဖြတ် ယူပါသည်။
လွန်ခဲ့သောတစ်နှစ်ခွဲခန့်က မိမိကျေးရွာမှ ဝါဝါခိုင်အမည်ရှိကျေးရွာသူကို
အလေ့ကျပေါက်နေသော တောထဲမှ ဇီးဖြူသီး ၂ပြည် ခူးကောက်မိ၍ ဒါဏ်ငွေ ၄၀၀၀၀
(လေးသောင်း) ပေးဆောင်ခိုင်းရာ မဝါဝါခိုင်က ဆင်းရဲလွန်းသဖြင့်
မည်သို့မျှမပေးဆောင်နိုင်ပါ မဝါဝါခိုင်က ငိုယိုပြီးဒူးထောက်တောင်းပန်သော
ရဲနှင်ခေါ်ချုပ်မည်ဟု ခြိမ်းခြောက်သဖြင့် ကြောက်လန့်ပြီး အတိုးနှင့် ငွေယူ၍
ငွေလေးသောင်းကျပ်ပေးဆောင်ခဲ့
ဟုပြောပါသည်။
ဤမျှဆိုးရွားသော ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်မြကို ဖြုတ်ချရန်
ပင်းတလဲကျေးရွာသားများကြိုးစား
၁၁.၁၀.၂၀၁၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌါနသို့ လိပ်မူ၍တိုင်ကြားခဲ့ပါသည်။
၂၄.၁၀.၂၀၁၁ ရက်နေ့တွင် ခုံရုံးဖွဲ့၍ လာစစ်ဆေးပါသည်။
၁၇.၁၂.၂၀၁၁ နေ့တွင် မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ဒုတိယအကြိမ်
တိုင်ကြားစာကိုပို့ခဲ့ပါသည်။ ၁၁.၁.၂၀၁၁ နေ့တွင် ခုံရုံးဖွဲ့၍ လာစစ်ပါသည်။
ခုံရုံးဖွဲ့ဝန်ကြီးချုပ်ထံ တတိယအကြိမ်မြောက် တိုင်ကြားစာပို့ခဲ့ပါသည်။
၂.၂.၂၀၁၂ နှင့် ၃.၂.၂၀၁၂ ၂ရက်တိုင်တိုင် လာရောက်၍
ခုံရုံးဖွဲ့စစ်ဆေးပေးသော်လည်း ယနေ့ထိဘာအဖြေမှမထွက်ပေါ်ပါ။
မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး
တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့သည်မှာ ၃ လကျော်ကြာမြင့်ခဲ့ပါပြီ။
ရပ်ကျေးအုပ်ချုပ်ရေးမှူးကို မည်သို့မျှအရေးမယူဘဲ
ကျနော်တို့ဦးဆောင်တိုင်ကြားသူ ၁၄ ဦးကိုသာ ပုဒ်မ-၁၈၂ဖြင့် ယနေ့ဝမ်းတွင်း
တရားရုံးသို့ ဆင့်ခေါ်ခြင်း ခံနေရပါသည်။
*မိတ္ထီလာမြို့ပြည်သူ့အကျိုးဆော
*သတင်းနှင့်ပြန်ကြားရေးဆပ်ကော်
(၁၄.၅.၂၀၁၂)
*ဆက်သွယ်ရန်လိပ်စာ***
maythanmyint@gmail.com
4u.jokerman@gmail.com
freedom.of.kaungmyatlay@gmail.
dhrmp.22@gmail.com
09-2059904
09-43155796
09-444012426
သတင်းမှတ်တမ်းဗွီဒီယိုဖိုင်
လွှတ်တော်စောင့်နတ်မင်းကြီးပါမကျန်စေရ
The Voice Weekly
အီတာလျှံ
ထိုင်း ကုမ္ပဏီမှ တာဝန်ရှိသူများ ၊ မီးရထား ဒုတိယ၀န်ကြီး
ဦးသောင်းလွင်အပါအ၀င်ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်း တွင်ပါဝင်ကြသည့်
စီးပွားရေး လုပ်ငန်းရှင်အချို့သည် မေလ ၁၀ ရက်နေ့တွင် ထားဝယ်မြို့
ကြက်မင်းစေတီတွင် ကန်တော့ပွဲ ၁၀၈ ပွဲကို လာရောက် ပူဇော်ခဲ့ကြောင်း
မျက်မြင်တွေ့ရှိသူများနှင့် ကြက်မင်းဂေါပက အဖွဲ့ဝင်တစ်ဦးကဆိုသည်။
ယင်းသို့ ကန်တော့ပွဲပေးသည်ကို နံနက်ခြောက်နာရီခန့်မှ စတင်ခဲ့ကာ ကြာမြင့်ချိန် သုံးနာရီကျော်ခန့်ရှိပြီး ၊ ဘုရားကိုးဆူ ဆရာ ၊ ကန်တော့ပွဲကိုင်သူအပါအ၀င် အားလုံးဆယ်ဦးခန့်တက်ရောက်ခဲ့ြေ
စေတီတော် အထက်ပစ္စယံတွင် တင်လှုခဲ့သော ကန်တော့ပွဲများတွင် ထိုင်းနိုင်ငံ
မင်းဆက် များ အားလည်းကောင်း၊ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်မှ မင်းအပေါင်းနှင့်
ခုနှစ်ရက်သားသမီးများအားလည်းကော
ခြိမ်းခြောက်ခြင်းများ ရှိသဖြင့် ယခုတကြိမ်တွင် အလုပ်သမားကိုယ်စားလှယ် မထားရှိ
By Yangon Press International · Updated 10 hours ago
အလုပ်သမား ၀န်ကြီးဋ္ဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးသန်းနိုင် က အလုပ်သမားများ အကြား ညှိနှိုင်းပေးနေစဉ်။ ယခုတကြိမ် အလုပ်သမားကိုယ်စားလှယ်များ မရွေးချယ်ပဲ အများဆန္ဒဖြင့်သာ ဆုံးဖြတ်ကြသည်။ အခြားသော စက်ရုံများတွင် အလုပ်သမား ကိုယ်စားလှယ်များအား ညှိနှိုင်းပြေလည်သည့်နောက်တွင် အလုပ်ဖြုတ်ခြင်း ခြိမ်းခြောက်ခြင်းများ ရှိသဖြင့် ယခုတကြိမ်တွင် အလုပ်သမားကိုယ်စားလှယ် မထားရှိခြင်းဖြစ်သည်။
ယမန်နေ့က စတင်ခဲ့သည့် လှိုင်သာယာ စက်မှုဇုန် စံပယ်ပွင့် အထည်ချုပ် စက်ရုံ အလုပ်သမများ ညှိနှိုင်းရာတွင် ပြေလည်မှု မရရှိသေးသဖြင့် ယနေ့အလုပ်မဆင်းပဲ ဆန္ဒပြလျှက်ရှိကြသည့်ပြင် ယင်းပိုင်ရှင်ပိုင် အခြား အထည်ချုပ် စက်ရုံတရုံဖြစ်သည့် ပုလဲ အထည်ချုပ်စက်ရုံမှလည်း အလုပ်သမား ၈၀၀ ကျော်က ဆန္ဒပြကြရာ အလုပ်သမားဝန်ကြီးဋ္ဌာနမှ ဒုချုပ် ဦးသန်းနိုင်ကိုယ်တိုင် လာရောက်ကာ ညှိနှိုင်းပေးလျှက်ရှိသည်။ သတင်းဖေါ်ပြချိန်ထိ ညှိနှိုင်းမှု မပြေလည်သေးပေ။ တောင်းဆိုချက် ၁၃ ချက်အနက် ၁၂ ချက်ကို သဘောတူသော်လည်း အလုပ်သမားများ တောင်းဆိုသည့် ရက်မှန်ကြေး ပမာဏမရရှိသေးသဖြင့် သဘောတူညီမှု မရသေးခြင်းဖြစ်သည်။
(သတင်းဓါတ်ပုံ-သူရမျိုး YPI)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်
by Yangon Press International on Tuesday, May 15, 2012 at 7:33am ·
မေလ ၁၅ ရက်၊ ၂၀၁၂ ခုနှစ်၊
ကျော်သူရမျိုး (YPI)
နိုင်ငံရေးပါတီအားလုံးနှင့်
မေလ(၂၂)ရက် အင်္ဂါနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံရန် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ချိန်းဆိုထားကြောင်း နိုင်ငံရေးပါတီများထံမှ
သိရသည်။
“ပြည်ထောင်စုကော်မရှင်က ပါတီရဲ့ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို
ဖုန်းဆက်ပြီး ဖိတ်ထားပြီးပါပြီ။ ဖိတ်စာကိုလည်း
ဖက်စ်နဲ့ပို့ပေးလိုက်ပါပြီ”ဟု ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဋ္ဌ
ဒေါက်တာသန်းထိုက်ဦး က ပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ တွေ့ကြုံရသည်များကို နိုင်ငံရေး
ပါတီများဘက်မှ သဘောထားသုံးသပ်ချက်များကို ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်နှင့် ဆွေးနွေးညှိနှိုင်းသွားရန်အတွက် ရည်ရွယ်၍
ခေါ်ယူခြင်း ဖြစ်သည်ဟု သိရသည်။
“ပါတီဥက္ကဌနဲ့
အတွင်းရေးမှူးတွေက ဦးစားပေးတက်ရမှာပါ။ ဥက္ကဋ္ဌနဲ့ အတွင်းရေှးမှူးတွေ
မတက်နိုင်ရင် အနည်းဆုံးဗဟိုကော်မတီဝင် အဆင့်ရှိသူတွေက ဦးဆောင်ပြီးတက်ဖို့
ဖိတ်ကြားထား ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဒုဥက္ကဋ္ဌ
ဦးစိုးဝင်းကလည်း YPI သို့ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီများသည် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဖေဖော်ဝါရီလအတွင်း
နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး၊ ယခုအချိန်တွေ့ဆုံခြင်းသည် တတိယ အကြိမ်
ဖြစ်ကြောင်း နိုင်ငံရေးပါတီများ၏ ပြောဆိုချက် အရသိရှိရသည်။ ။
လီမြွန်ဘက် ကိုယ်ပိုင်လုံခြုံရေးခေါ်လာရခြင်းအကြောင်းအရင်းမှာ
Press Council အနေဖြင့် စာပေစိစစ်ရေး၏ လုပ်ငန်းတာ ၀န်များကိုလုပ်ဆောင်ရမည်
ပုံနှိပ်မီဒီယာဥပဒေသစ်မလာမီ Press Council က စာပေစိစစ်ရေး အစားလုပ်ငန်းတာဝန်အချို့ လုပ်ပေးရန် ရည်ရွယ်
by Yangon Press International on Tuesday, May 15, 2012 at 9:02am ·
မေလ ၁၅ ရက်၊ ၂၀၁၂ ခုနှစ်
ဟံသာ (YPI)
အသစ်ရေးဆွဲနေသည့်
ပုံနှိပ်သတင်းမီဒီယာဥပဒေမထွက်ပေါ်လာမီ စာပေစိစစ်ရေးဖျက်သိမ်းလိုက်ပါက Press
Council အနေဖြင့် စာပေစိစစ်ရေး၏ လုပ်ငန်းတာ ၀န်များကိုလုပ်ဆောင်ရမည့်
အနေအထားတွင် ရှိနေကြောင်း Press Council ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်
မီဒီယာအဖွဲ့အစည်းများ၏ ပြောဆိုချက် များအရသိရသည်။
"သူတို့ကစိစစ်ရေးဖျက်လိုက်မယ်လို့
ပြောတယ် ပါတဲ့အချက်အလက်တွေက Press Council က စာပေစိစစ်ရေးလုပ်ငန်းတွေ
လုပ်ပေးရမယ့် သဘောရှိတယ် "ဟု မြန်မာ စာနယ်ဇင်း သမဂဖြစ်မြောက်ရေး ကော်မတီ
MJU မှ ဦးဇော်သက်ထွေးက ပြောသည်။
Press Council
(စာနယ်ဇင်းကောင်စီ) ကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် လာမည့် ဇွန်လတွင်
ပထမဆုံးအကြိမ် ဖွဲ့စည်းမည်ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စု
ဝန်ကြီး ဦးကျော်ဆန်းက ထုတ်ဖေါ်ပြောဆိုထားသည်။
ယခုကဲ့သို့
Press Council ဖွဲ့စည်းမည့် ကိစ္စနှင့်ပတ်သတ်၍ ရိုက်တာသတင်းထောက်
ဦးသူရိန်လှိုင်ကမူ " စာနယ်ဇင်း ကောင်စီဆိုတာ ဖြန်ဖြေစေ့စပ်ပေးတာ
၊စာနယ်ဇင်းကောင်စီဆိုပြီး ခေတ်သစ်စာပေစိစစ်ရေး လုပ်ရင်တော့ အခုသွားနေတဲ့
ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ဆန့်ကျင်တာပဲဖြစ်လိမ့်မယ် "ဟုဆိုသည်။
စာနယ်ဇင်း
ကောင်စီဖွဲ့စည်းသည့်အခါ ပုံနှိပ်မီဒီယာဥပဒေသစ်မပြဌာန်းမီ စာနယ်ဇင်းများ၏
စည်းကမ်းဖောက်ဖျက်မှု များနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီမှ ဖြေရှင်း
ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများဟု ဖေါ်ပြထားသည့် စာထဲတွင်
အောက်ပါအချက်အချို့ပါရှိနေသည်ကိုတွေ့ရှိရသည်။
ယင်းတို့မှာ
"လက်ရှိပြဌာန်းထားဆဲဖြစ်သည့် ၁၉၆၂ ခုနှစ်၊ပုံနှိပ် သူများနှင့်
ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့်သတ်မှတ်ထားသော စာပေစိစစ်ရေးမူ(၁၂)
ချက်နှင့်အညီ ရေးသားပုံနှိပ်၊ ထုတ်ဝေ၊ဖြန့် ချိရေးအတွက် စာနယ်ဇင်း
မျးအားစိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန်" နှင့်
"စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ
ရေးသား၊ ပုံနှိပ်ထုတ်ဝေ ခြင်းမရှိသော စာနယ်ဇင်းများနှင့်
စာနယ်ဇင်းသမားတို့အား ကျင့်ဝတ်လိုက်နာရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်
၊စာနယ်ဇင်းနှင့် ဌာနဆိုင်ရာ အဖွဲ့ အစည်းများ အကြား အငြင်းပွားမှုများ
ညှိုနှိုင်းဆောင်ရွက်ပေးရန် နှင့် ထုတ်ဝေသူ မှတ်ပုံတင်သက်သေခံ လက်မှတ်များအား
အချိန်မှီသက်တမ်းတိုးဆောင်ရွက်ဖို့ အတွက်လည်း နှိုးဆော်ပေးရန်တို့
ပါရှိသည်။
ထို့သို့ဖွဲ့စည်းရာတွင် သတင်းမီဒီယာ လုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်လာရန်နှင့် တာဝန်ယူမှုများ ရှိစေရန် အတွက် လက်ရှိသတင်း
မီဒီယာအဖွဲ့အစည်းများဖြစ်သည့် Myanmar Journalist Network(MJN)၊ Myanmar
Journalist Association(MJA)၊ Myanmar Journalist Union (MJU) အသင်း
သုံးသင်းအား ကောင်စီဖွဲ့စည်းရာတွင် အကြံညဏ်များပေးရန်နှင့် အသင်းတသင်းစီမှ
ကိုယ်စားလှယ် ခြောက်ဦးစီ ပါဝင်ရန် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက
ဖိတ်ခေါ်ထားသည်။
ထို့အပြင် Press Council
တရားဝင်ဖွဲ့စည်းပြီးပါက ဘာသာရေးနှင့် သတင်းဦးစားပေးစာစောင်များကိုလည်း
ထုတ်တင်စနစ် (စာစောင်ထုတ်ဝေပြီးနောက် စာပေစိစစ်ရေးသို့ စိစစ်ရန်
တင်ပြခြင်းစနစ်) ဖြင့်ခွင့်ပြုသွားမည်ဟုလည်း ယမန်နေ့က အသင်းအဖွဲ့များနှင့်
တွေ့ဆုံစဉ် ၀န်ကြီးကပြောဆိုသည်။
MJN အနေဖြင့် Press Council
ထဲတွင် အဖွဲ့ဝင် ၆ ဦးပါဝင်မည် မပါဝင်မည်ကို မနက်ဖြန်တွင် အစည်းအဝေးတခု
ပြုလုပ်ပြီး အဖွဲ့ဝင်အားလုံးဧ။်သဘောထားကို တောင်းခံ၍ ဆုံးဖြတ်သွားမည်ဟု MJN
မှအမှု ဆောင်အဖွဲ့ဝင် ဦးဇော်ထိုက်ကပြောသည်။
"မီဒီယာသမားအနေနဲ့
ဒီPress Council ကို အရမ်းစိတ်ဝင်စားပါတယ် ဒါပေမဲ့ ပထမအချက်က လုပ်ဆာင်
ချက်အချို့စိစစ်ရေးနဲ့ နည်းနည်းတူနေတဲ့ အချက်ရှိမယ်၊ နောက်ဝင်လိုက်ရင်ရော
လုပ်ပိုင်ခွင့်ရှိလားမရှိလား ပေါ့ အဲဒါကိုစဉ်းစားနေတာပါ၊
ကျွန်တော်တို့မနက်ဖြန် အစည်းအဝေးလုပ်ပြီးဆုံးဖြတ်မှာပါ" ဟု ၎င်းကပြောသည်။
ဖွဲ့စည်းမည့်
မြန်မာ နိုင်ငံအမျိုးသားစာနယ်ဇင်းကောင်စီဧ။်လုပ်ပိုင်ခွင့်များတွင်
စာနယ်ဇင်း အဆင့်အတန်းမြှင့်တင်ရေး နှင့်လူသား အရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားနိုင်ငံရေးကို ရှေ့ရှုသည့် သင်တန်းများ
၊ကျောင်းများ ထူထောင်ဆောင်ရွက်ခြင်း၊နိုင်ငံတကာမှ စာနယ်ဇင်းဆိုင်ရာ
အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုသည့် ရည်ရွယ်ချက်များလည်း
ဖေါ်ပြပါရှိသည်။
စာပေစိစစ်ရေး နှင့်
ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ဋ္ဌာနကို ၁၉၆၂ ခုနှစ် တော်လှန်ရေး
ကောင်စီအာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့ကာ နှစ်ပေါင်း ၅၀ နီးပါး
မြန်မာနိုင်ငံတွင်း စာအုပ် စာစောင် ထုတ်ဝေမှုအားလုံး မှတ်ပုံတင်ဖို့
မထုတ်ဝေမီတင်ပြဖို့ ဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း
တခုဖြစ်သည်။ ။
၈၈ ကျောင်းသားခေါင်းဆောင်များ ထားဝယ်ခရီးစဉ် ဟန့်တားမှုဆက်တိုက်ကြုံ
by Yangon Press International on Tuesday, May 15, 2012 at 12:12pm ·
ထားဝယ်၊ မေလ ၁၅ ရက်၊ ၂၀၁၂ -(YPI)
ယနေ့
နံနက် ၈ နာရီခန့်က ထားဝယ်မြို့သို့ ရောက်ရှိလာသော ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များ၏ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ခရီးစဉ်အတွင်း
ကြိုဆိုရေးဆိုင်းဘုတ်များ ဖြုတ်ခိုင်းခြင်း ခရီးစဉ်များအတွက်
နေရာအခက်အခဲများကြုံရခြင်းတို့ကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရကြောင်း
ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကျော်ကျော်သက်က ပြောကြားသည်။
ထားဝယ်မြို့မှ
တဆင့် လောင်းလုံမြို့နယ်သို့ ယနေ့ နံနက်တွင် ထွက်ခွာသွားသော ၈၈
မျိုးဆက်ကျောင်းသား များ၏ ယာဉ်တန်းကို ကြိုဆိုရန် ချိတ်ဆွဲထားသည့် “၈၈
မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
ဖော်ဆောင်ရေးခရီးစဉ် “ ကို ကြိုဆိုကြောင်း ဆိုင်းဘုတ်များအား
အာဏာပိုင်များမှ ဖြုတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။
“
သူတို့ပြောတာက တရားဝင်အဖွဲ့အစည်းလဲမဟုတ်ဘူး၊ ပါတီလည်းမဟုတ်ဘူး၊ NGO
လဲမဟုတ်ဘူးဆိုတော့ ဆွေးနွေးပွဲလုပ်ရင် ပရ၀ုဏ်တစ်ခုထဲမှာပဲ လုပ်ဖို့ပြောတယ်။
ခယက ဥက္ကဌ ဆီကိုတော့ ပြန်တင်ပြထားတယ်၊ ခုထိတော့ အကြောင်း မပြန်သေးဘူး “ ဟု
၎င်းက ဆက်လက်ပြောကြားသည်။
၁၆ ရက်နေ့ ကံပေါက်ခရီးစဉ်တွင်လည်း
လူထုနှင့် တွေ့ဆုံဆွေးနွေးမည့် ကျောက်ကညာကျေးရွာ မှ ဘုန်းကြီးကျောင်း
အတွင်း ပြင်ဆင်ထားသည့် စင်ကိုလည်း ဖျက်ခိုင်းလိုက်ကြောင်း၊
ကံပေါက်ဘောလုံးကွင်းကို အသုံးပြုခွင့်မရသည့်အတွက် အခြားနေရာတစ်ခုသို့
ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ထားဝယ် ၈၈ ကျောင်းသားများအဖွဲ့မှ သိရသည်။
“
ရေဖြူ မယက ကတော့ ကံပေါက်အုပ်ချုပ်ရေးမှုးကတဆင့် ကျနော်တို့ကို ဆိုင်ကယ်နဲ့
နှစ်ယောက်လောက်ပဲ သွားကြိုစေ ချင်တဲ့ သဘောပြောတယ်။
သိုက်သိုက်ဝန်းဝန်းမဖြစ်စေချင်တဲ့ သဘောပေါ့ဗျာ “ ဟု ၈၈ ကျောင်းသားများ၏
ကံပေါက်ခရီးစဉ်အား စီစဉ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။
ကံပေါက်ရှိ
ဘောလုံးကွင်းနေရာအစား ပုဂ္ဂလိကပိုင် ခန်းမတစ်ခုကို စီစဉ်ထားပြီးဖြစ်ကာ
ကံပေါက်ဒေသရှိ လူထု၏ လက်ရှိအခြေအနေ နှင့် အခက်အခဲများအား
စာတမ်းတစ်ခုအနေဖြင့် ဖတ်ကြားဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။
“ အောက်ခြေမှာ အပြောင်းအလဲမရှိသေးဘူး ဆိုတာ ဒါတွေက သက်သေပြနေတယ် “ ဟု ထားဝယ်ဒေသခံ လူငယ်တစ်ဦး က ဝေဖန်ပြောဆိုသည်။
၈၈
မျိုးဆက်ကျောင်းသားများ၏ ထားဝယ်ခရီးစဉ်အတွင်း
ပထမနေ့ခရီးစဉ်အဖြစ်လောင်းလုံမြို့နယ်၊ ဒုတိယနေ့တွင် ကံပေါက်ဒေသ၊
တတိယနေ့တွင် နဘုလယ်ဒေသနှင့် မောင်းမကန်တို့သို့ သွားရောက်မည်ဖြစ်ကာ
ထားဝယ်ဒေသရှိ လူမှုရေး အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု ထားဝယ်
မျိုးဆက် ကျောင်းသားများအဖွဲ့မှ ထုတ်ပြန်သည့် လက်ကမ်းစာစောင်များတွင်
ဖော်ပြထားသည်။
ယခင်သီတင်းပတ်က ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာဝတီတိုင်း ပုသိမ်ခရီးစဉ်တွင်လည်း အလားတူဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရသည်။

ကိုယ်စားပြု ဖြေရှင်းမည့် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိ
အလုပ်သမား ဆန္ဒပြမှုပြဿနာ ပထမဦးဆုံးအကြိမ် အများရှေ့မှောက်ဖြေရှင်း
by Yangon Press International on Tuesday, May 15, 2012 at 1:14pm ·
ရန်ကုန် ၊ မေ ၁၅၊ ၂၀၁၂ ခုနှစ်
သူရမျိုး (YPI)
လှိုင်သာယာမြို့နယ်စက်မှုဇုံ
(၃) ဘုရားလမ်းပေါ်ရှိ ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုအား
ညှိနှိုင်းပေးရာတွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန မှ
ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ်
ဦးသန်းနိုင်တို့က အများပြည်သူရှေ့မှောက်၌ ပထမဦးဆုံးအကြိမ်အဖြစ်
ညှိနှိုင်းပေးခဲ့သည်။
ထိုသို့အများပြည်သူရှေ့မှောက်တွင်
ညှိနိုင်းရခြင်းမှာ ဆန္ဒပြ အလုပ်သမားများထဲမှ ကိုယ်စားပြု ဖြေရှင်းမည့်
ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက် ဖြစ်သည်။
မေလ
၁၅ ရက်နေ့ လှိုင်သာယာ စက်မှုဇုန်မှ ပုလဲ အထည်ချုပ်စက်ရုံ ဆန္ဒပြ
အလုပ်သမားနှင့် အများရှေ့မှောက်တွင် ညှိနိင်းနေကြစဉ် (ဓါတ်ပုံ-သူရမျိုး
YPI)
“သမီးတို့ထပြောရင် မနေနိုင်အောင်
နည်းအမျိုးမျိုးနဲ့လုပ်တယ် နောက်ဆုံးအဲဒီလူက ကိုယ်သဘောနဲ့ကိုယ်
ထွက်ကိုသွားရတာ”ဟု ဆန္ဒပြ အလုပ်သမ တစ်ဦးကပြောသည်။
အလုပ်သမားများဘက်မှ
တစ်ထည်ချုပ်ခ ပမာဏ သိရှိရန် ၊ တနင်္ဂနွေ နှင့်အစိုးရရုံးပိတ်ရက်များ
ပိတ်ရက်ရရှိရန် ၊နောက်ကျလျှင် လစာမဖြတ်ရန် ၊ခွင့်တိုင်ခွင့်ရရှိရန်၊
ရှားပါးစရိတ် သုံးသောင်းရရှိရန် တို့ပါဝင်သည့် အချက် ၁၃ ချက်
တောင်းဆိုခဲ့သည်။
ဆန္ဒပြအလုပ်သမ မသူက “လခနည်းတာရယ် တနင်္ဂနွေ
အလုပ်ဆင်းရ တာရယ်ကို ပြောတာ၊ အထည်ကြေးကို အတိအကျမသိရဘူး၊
နေထိုင်မကောင်းလို့ရှိရင်လည်း လူမှုဖူလုံရေးဆေးခွင့်နဲ့ ယူလို့ရှိရင်လည်း
ပိုက်ဆံ ဖြတ်တာပဲ ” ဟုပြောသည်။
ဆန္ဒပြသည့် အလုပ်သမများအား
အလုပ်ရှင်က တနင်္ဂနွေပိတ်ပေးရန် ၊ ရက်မှန်ကြေးငါးထောင်တိုးပေးရန်၊
အစိုးရရုံးပိတ်ရက်များ ပိတ်ပေးရန်၊ တစ်နှစ် ၆ ရက် ရရှိစေရန်၊ တစ်ထည်ကြေး
ကြေငြာပေးရန် စသည့်တောင်းဆိုထားသည့် ၁၂ ချက် သဘောတူခဲ့သော်လည်း
ရှားပါးစရိတ်သုံးသောင်း ပေးရန်ကိုမူ သဘောမတူဘဲ တစ်သောင်းသာတိုးပေးခဲ့သည်။
“ညီမတို့တောင်ဆိုတာအစ်မပေးနိုင်လို့ရှိရင်ပေးပါတယ် ။ တစ်သောင်းပေးမယ်နော်”ဟု ပုလဲအထည်ချုပ်ပိုင်ရှင် ဒေါ်စန္ဒာက ညှိနှိုင်းခဲ့သည်။
တစ်နှစ်လျှင်ကိုးလ
အလုပ်ကောင်းချိန် တွင် လစာ ၆သောင်းကျော်ခန့်ရရှိပြီး ကျန်သုံးလ
အလုပ်မကောင်းချိန်တွင် လစာ လေးသောင်းခန့်သာ ရရှိ သည့်အတွက်
အလုပ်မကောင်းချိန်တွင် အစိုးရ၀န်ထမ်း အနိမ့်ဆုံးလစာ
အတိုင်းငါးသောင်းလေးထောင်ခြောက်ရာ ပေးမည်ဟု ၎င်းက ပြောသည်။
သို့သော်
ဆန္ဒပြအလုပ်သမများ ရှားပါးစရိတ် သုံးသောင်းမပေးသည့်အပေါ်ကြေနပ်မှုမရှိကြ
အတွက် ဆက်လက်တိုင်ကြားသွားမည်ဟု ဆန္ဒပြအလုပ်သမများက ပြောသည်။
အလုပ်သမား
ရေးရာပြဿနာများညှိနှိုင်းမှုနှင့်ပတ်သက်၍
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်
ဦးသန်းနိုင်က “အလုပ်သမားရေးရာမူဝါဒနဲ့ တည်ဆဲ ဥပဒေတွေအရ လုပ်ပေးနေတယ်။
အလုပ်ရှင်နဲ့အလုပ်သမားမျှတသော ပြေလည်မှု ရရှိအောင် အလုပ်သမား ဥပဒေတွေအတိုင်း
လုပ်ပေးနေတယ် ”ဟု ပြောသည်။
လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ တိုင်ရီ
ဖိနပ်စက်ရုံ ဆန္ဒပြမှုအပြီး အလုပ်သမားဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိရာ
အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့်
အလုပ်ရှင်အလုပ်သမား ပြဿနာ ၇ ခုခန့်ဖြေရှင်းပြီးခဲ့ပြီဖြစ်သည်။
အစိုးရက
ယခုနှစ်ဆန်းတွင် အလုပ်သမား အသင်းအဖွဲ့ဖွဲ့စည်းရေး ဥပဒေကို
ပြဋ္ဌာန်းအတည်ပြုပြီးနောက် အလုပ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ရရှိလာကာ
အလုပ်သမား ခံစားခွင့်ဥပဒေကိုလည်း မကြာသေးမီက အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ။
လယ်သမားတွေ အလုပ်လက်မဲ့ဖြစ်
Burma VJ Media Network
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကျေးရွာအုပ်စု ၄ အုပ်စုက လယ်ဧက ၁၉၀၀ ကျော်ကို သိမ်းယူထားတဲ့ ဇာတိမာန်ကုမ္မဏီက အခုအဲဒီမြေနေရာတွေကို မြေဖို့ပြီးဘောင်ခတ် နေတာကြောင့် ဒေသခံ လယ်သမားတွေမှာ အခက်တွေ့နေကြပါတယ်။ လယ်သမား ၂၀၀ ကျော် လုပ်ကိုင်စားသောက်နေရတဲ့ ဒီလယ်မြေတွေကို ငါး/ပုဇွန် မွေးမြူရေးကန်လုပ်ဖို့ဆိုပြီး ဇာတိမာန် ကုမ္မဏီက ပြီးခဲ့တဲ့ ၂ လလောက်ကစတင်ပြီး လယ်မြေတွေကို မြေဖို့ပြီး ဘောင်တွေ ခတ်နေတာကြောင့် ဒေသခံ လယ်သမားတွေဟာ အလုပ်လက်မဲ့ပြဿနာ ကြုံတွေ့လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
အမေစုနှင့်လီမြွန်ဘက်
Burma VJ Media Network
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။
မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက်ခံသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောကြားခပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကိုပါ လိုအပ်ကြောင်း ပြည်သတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ် စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သတွေအနေနဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာသာရှိနေတယ်ဆိုတာကိုနားလည်ဖို့ အခုချိန်မှာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။





