Monday, March 5, 2012
ဖျာပုံမဲဆန္ဒရှင်စာရင်း မှားယွင်းမှုများစွာဖြစ်ဟု NLD ပြော
မျိုးသန့် | တနင်္လာနေ့၊ မတ်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၆ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဖျာပုံခရိုင် ကော်မရှင်မှ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အမည်စာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှု များစွာတွေ့ရှိရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဖျာပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း က ပြောသည်။
မှတ်ပုံတင်နံပါတ် တခုတည်းကို အမည်အမျိုးမျိုးဖြင့် လူ ၂ဝ ကျော် ဖြစ်နေခြင်း၊ သေဆုံးပြီးသူများ မဲဆန္ဒရှင် စာရင်း တွင် ပါဝင်နေခြင်း၊ မဲပေးခွင့်ရှိသူအချို့၏ အမည် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ခြင်း စသည့် မှားယွင်းမှုများ ဖြစ်ပေါ်
နေသည်ဟု ဆိုသည်။
မဲဆန္ဒရှင် ၇၀၀ ခန့်ရှိမည့် ဖျာပုံမြို့ အမှတ် ၁၆ ရပ်ကွက်တွင် မှတ်ပုံတင်နံပါတ် ၁၄/ဖပန (နိုင်) ၁၄၄၂၆၇ တခုတည်း ကို လူ ၂၆ ယောက် ဖြစ်နေသည့် အပြင်၊ NLD ပါတီဝင် မဲရုံမှူးများလည်း မဲစာရင်းတွင် မပါဝင်ဟု NLD ကိုယ်စားလှယ်
လောင်း ဦးသိန်းဆွေက မဇ္ဈိမကို ပြောသည်။
“တော်တော်ဆိုးဆိုးရွားရွားချည်းပါပဲ။ ဦးဖြူ မှတ်ပုံတင်နံပါတ် ဒီအတိုင်းပဲ၊ ဦးနီ မှတ်ပုံတင်နံပါတ် ဒီအတိုင်းပဲ။ မဲရုံ ကိုယ်စားလှယ်အဖြစ် ကျနော်တို့ တာဝန်ပေးခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေလည်း မဲစာရင်းမှာ မပါဘူး။ နောက်တခါ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက သေဆုံးသွားတဲ့သူတွေ ဒီမဲစာရင်းမှာပါတယ်" ဟု ပြောသည်။
ဖျာပုံခရိုင် NLD က စိစစ်ဆဲ စာရင်းများအရ အထက်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၀ တွင် အကျုံးဝင်သည့် ဖျာပုံ ခရိုင်နှင့် ဒေးဒရဲခရိုင်များရှိ မဲဆန္ဒရှင်များ စာရင်းတွင်လည်း အထက်ပါဖြစ်ရပ်မျိုး ဖြစ်ပေါ်နေသည်ဟု ဖျာပုံ NLD
ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုကျော်ဇေယျာက မဇ္ဈိမကို ပြောသည်။
“ပြောရမယ်ဆိုရင် အမှားတွေချည်းပဲ။ ဥပမာဆိုရင် သေစာရင်းတွေ ပါတယ်။ နာမည်စာရင်းတွေ လွဲမှားနေတယ်။ အိမ်ထောင်စု ဇယားရှိလျက်နဲ့ မဲပေးခွင့် စာရင်းထဲ မပါဘူး။ လူဦးရေ တထောင်ရှိရင် ၁၀၀ ကျော်လောက် အဲဒီလိုမျိုး
ဖြစ်နေပါတယ်” ဟု ကိုကျော်ဇေယျာက ပြောသည်။
အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များမှ တိကျသည့် စာရင်းများကူးယူ၍ ကော်မရှင်သို့ တင်ပြရန် ကြိုးပမ်းရာတွင်လည်း မဲစာရင်းကို ဒေသခံ အာဏာပိုင်တို့မှ ကူးယူခွင့် မပေးဟု ကိုကျော်ဇေယျာက ဆက်ပြောသည်။
“ကျနော်တို့ကို ပြဿနာ ရှာနေတာ စာရေးတွေပဲဗျ။ ကျိုက္ကဘာရွာက စာရေး ကိုခင်မောင်ဦးဆိုရင် ဘယ်လိုပြောလဲ ဆိုတော့ အကူးလည်း မခံနိုင်ဘူး၊ အခုလည်း အကူးမခံဘူး၊ နောင်လည်း အကူးမခံဘူး၊ တံတားတွေ ကျောင်းတွေကို ကြံ့ခိုင်ရေးက ပြုလုပ်ပေးထားတာ။ သူခိုးကို ဓါးရိုး မကမ်းနိုင်ဘူး” ဟု မချေမငံဆက်ဆံကြောင်း ကိုကျော်ဇေယျာက မဇ္ဈိမကို ပြန်လည် ပြောပြသည်။
ထို့အပြင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့တည်းက ခရိုင်ကော်မရှင်မှ ထုတ်ပြန်ပြီးဖြစ်သည့် မဲဆန္ဒရှင် စာရင်းကိုလည်း မတ်လ ၃ ရက်နေ့အထိ ဖျာပုံမြို့ ၁၉ ရပ်ကွက်၊ ချောင်းဝ၊ ကျောင်းကုန်း၊ သပြေကန်၊ အရှေ့ဖျား၊ ဘဝသစ်၊
ရွှေတောင်စု၊ မြစ်တန်း၊ ချောင်းတွင်း၊ အောက်ကွင်း၊ ငါးအိမ်စု၊ ဂျိုဝါကျောက်ရဲ ကျေးရွာအုပ်စု စသည့် ရွာပေါင်း ၁၉ ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားခြင်း မရှိသည့်အတွက် မဲဆန္ဒရှင် စာရင်း စိစစ်ရာတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟုလည်း သိရသည်။
ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ နာမည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခြင်းရှိ/မရှိ၊ မှားယွင်းမှု တစုံတရာရှိပါက ကော်မရှင်အဖွဲ့ခွဲများသို့ မတ်လ ၆ ရက်နေ့ နောက်ဆုံးထား အကြောင်းကြားရန် ညွှန်ကြား ထားသော်လည်း ဖျာပုံခရိုင် မင်းလှစုကျေးရွာသို့ မတ်လ ၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ရောက်ရှိမလာသေးဟု လည်း ကိုကျော်ဇေယျာက ပြောသည်။
ဤကိစ္စများနှင့် ပတ်သက်၍ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့သို့ တင်ပြ ထားပြီး၊ မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှုကိုလည်း NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များမှ ဆက်လက် စိစစ်ကာ တင်ပြသွားမည်ဟုလည်း ဦးသိန်းဆွေက ပြောသည်။
မဲဆန္ဒရှင်စာရင်း လွဲမှားမှုများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၇ ရက် ကြိုတင်၍ ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကော်မရှင် အသီးသီးသို့ တင်ပြနိုင်ပြီး တင်ပြမှု အပေါ် ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်အတည်ပြုမည် ဖြစ်သည်။
ဖျာပုံခရိုင်၏ ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုတွင် ရွာပေါင်း ၃၀၀ ကျော်ရှိပြီး ဒေးဒရဲခရိုင်တွင် ကျေးရွာအုပ်စု ၉၃ အုပ်စုတွင် ကျေးရွာပေါင်း ၁၉၀ ရှိသည်။ ဖျာပုံခရိုင်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလက မဲဆန္ဒပေးခွင့်ရှိသူ ၁၉၀,၀၀၀ ကျော်ရှိနေပြီး ဒေးဒရဲခရိုင်တွင် ၁၄၀,၀၀၀ ကျော် မဲပေးခွင့်ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်ဟုလည်း သိရသည်။
ဖျာပုံ၊ ဒေးဒရဲ အထက်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ တွင် ၂၀၁၀ ရွေးကောက်ပွဲအတွင်း ယခု ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/9073---nld-.html
ဒေါ်အောင်ဆန်းစုကြည်မန္တလေး ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တစ်လျှောက် အားပေးထောက်ခံမှု အများဆုံးရရှိ
Uploaded by BurmaVJMedia on Mar 5, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဧပြီလ ၁ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မန္တလေးမြို့ကို မဲဆွယ်စည်းရုံးရေးထွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တစ်လျှောက် အားပေးထောက်ခံမှု အများဆုံးရရှိခဲ့တဲ့ ဒီခရီးစဉ်မှာ သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
Yangon Press International
ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုနေကြတဲ့ ပြည်သူများကို နွားထိုးကြီးမြို့ က အောင်မင်္ဂလာ ဘောလုံးကွင်း တွင် တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည် တံတားဦး ကျေးရွာ လယ်ကွင်းပြင် ၌ မိန့်ခွန်းပြောကြားနေစဉ်။
ဓာတ်ပုံ - ဆိုင်းဆွတ်

ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနားရွာမကွင်း တွင် မိန့်ခွန်းပြောကြားနေစဉ်။
ဓါတ်ပုံ-ဆိုင်းဆွတ်

စစ်ကိုင်းမြို့က ဧရာဝတီသဲသောင်ပြင်ပေါ်ကွင်းပြင်ထဲတွင်စကားပြောနေစဉ်
ဓါတ်ပုံ-ဆိုင်းဆွတ်



7Day News Journal
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားခြင်းအား နားထောင်နေကြသော တံတားဦး၊ ပလိပ်မြို့နယ်များမှ လူထုကို ယနေ့နံနက် တွင် တွေ့ရစဉ်။

ဒုတိယအကြိမ် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခရီးစဉ်ရှင်းလင်းပွဲ
Uploaded by BurmaVJMedia on Mar 5, 2012
၈၈ မျိုးဆက်ကျောင်းသားများရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခရီးစဉ်ရှင်းလင်းပွဲ ဒုတိယအကြိမ် သတင်းထုတ်ပြန်မှု အတွင်း ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုတဲ့ ခေါင်းစဉ်နဲ့ နယ်ခရီးစဉ်တွေ သွားရောက်ခဲ့တဲ့အပေါ် ရရှိလာတဲ့ အတွေ့အကြုံ ရည်ရွယ်ချက်နဲ့ ရလဒ်တွေအကြောင်းကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီအခမ်းအနားကို မတ်လ ၄ ရက်နေ့က ဝေဇယန္တာလမ်းမကြီးဘေးမှာရှိတဲ့ သီရိဂုဏ်အိမ်ယာ ထောင့် အမှတ် ၂၈၄/က၊ ၈၈ ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရွေးကောက်ပွဲစည်းရုံးရေး ခရီးစဉ်
By Burma VJ Media Network



The Voice Weekly





7Day News Journal
““ဒီမြို့နယ်မှာ အထူးသဖြင့် ၀န်ထမ်းတွေများတာကြောင့် ၀န်ထမ်းတွေနဲ့ပတ်သက်လို့ ကျွန်မပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်ဖို့၊ တိုးတက်ဖို့ဆိုရင် ၀န်ထမ်းတွေအဆင့်မြင့်ဖို့၊ သိက္ခာရှိဖို့လိုတယ်။ အဆင့်မြင့်မြင့် သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတာဟာ အုပ်ချုပ်မှုစနစ်၊ ဥပဒေရေးရာစနစ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ၀န်ထမ်းတွေရဲ့ဘ၀ဟာ လုံခြုံမှုမရှိဘူး။ လုံခြုံမှုနှစ်မျိုးမရှိဘူး။ တစ်မျိုးက လစာဝင်ငွေအရ လုံခြုံမှုမရှိဘူး။ တစ်မျိုးက ဥပဒေအရ လုံခြုံမှုမရှိဘူး။ အထက်အရာရှိမကြိုက်ရင် အလုပ်ကအချိန်မရွေးပြုတ်သွားနိုင်တယ်။ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့အတွက် ဥပဒေ စိုးမိုးရေးက တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ အစိုးရဆိုတာ ပြည်သူကိုကာကွယ်ရမယ်။ ပြည်သူဘက်က ရပ်တည်ပေးရမယ်။ ပြည်သူကို လုံခြုံအောင်ထားရမယ်”” ဒေါ်အောင်ဆန်းစုကြည်က ဇဗ္ဗူသီရိမြို့နယ်လယ်ကွင်းပြင်တွင် ပြုလုပ်ခဲ့သော လူထုဟောပြောပွဲ၌ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အားနုတ်ဆက်သည့်ရဲဘော်လေးဖမ်းဆီးခံထားရ
Yangon Press International
Yesterday

ရှမ်းပြည်နယ် ကလောမြို့အောင်နိုင်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်လူထုတွေ့ဆုံပွဲပြုလုပ်သည့်နေ့က စကားပြောစင်မြင့်၏ လက်ယာဖက်တွင် စစ်ယူနီဖေါင်းနှင့်ရဲဘော်လေးတစ်ယောက်လာရောက်နားထောင်နေသည်ကိုတွေ့ခဲ့ရသည်။
ထိုရဲဘော်ကလေးက ဒေါ်အောင်ဆန်းစုကြည်အားလာရောက်နှုတ်ဆက်ခဲ့သည်ကို ရိုက်ကူးထားခဲ့သည့်ဓါတ်ပုံများသည် အင်တာနက် ဖေ့(စ)ဘွတ်စာမျက်နှာများတွင်ပြန့်နှံ့နေခဲ့ပြီး ထိုရဲဘော်လေးဖမ်းဆီးခံထားရသည်ဟူသည့်သတင်းများပြန့်နှံ့နေခဲ့သည်။
ရှမ်းပြည်နယ်ရှိ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းများအရ ဒေသခံတစ်ယောက်က YPI သို့ဆက်သွယ်ပြောကြားရာတွင် ထိုနေ့တွင်လာရောက်နားထောင်ခဲ့သော ရဲဘော်လေးသည် ကလောမြို့မှတပ်မ၅၅လက်အောက်ခံတပ်သားကျော်ဇင်ဝင်းဖြစ်ပြီး အရက်သေစာသောက်စားမှု၊ တပ်စည်းကမ်းဖေါက်ဖျက်မှုစသည့်စွဲချက်တို့ဖြင့်တပ်ချုပ်ရုံးခန်းသို့ဆင့်ခေါ်ထားခံရသည်ဟုသိရှိရပါသည်။









