by Yangon Press International on Saturday, February 25, 2012 at 11:25am ·
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက
ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။
ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။
အဲဒါတွေက
၁- KIA က ဘာလို့ဖြစ်လာတာလဲ
၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။
ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ်
နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊
ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။
ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊
ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊
ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊
ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။
ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ
မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊
၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့
အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊
အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။
၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။
ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က
ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊
ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊
အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။
အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ် ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊
ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။
အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။
ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။
အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ
“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့
“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။
YPI
ညစာစားပွဲတွင် ဒေါ်အင်ဖန်ဂျာရာနှင့် စကားပြောဆိုလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-YPI)
Saturday, February 25, 2012
ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ
NLD ပါတီအား အမြစ်ပြတ် ခြေမှုန်းပစ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၇
ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၂

စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရ NLD ပါတီဝင်များကို အပြစ်ရှာ နှိမ်နင်းခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတပ်ဖွဲ့တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို မကြာသေးမီက ပြောလိုက်သည်။
၁၉၈၈ နှင့် ၂၀၁၀ အတွင်း နိုင်ငံရေးသမားများ ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်ကွပ်ခံရပုံကို စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ်တိုင် မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး” ဟု ဦးအောင်လင်းထွဋ်က ပြောဆိုကြောင်း VOA သတင်းဌာန ၀က်ဆိုက်တွင် ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ဖော်ပြထားသည်။
၁၉၉၆ နောက်ပိုင်းတွင် ထိုသို့ နှိမ်နင်းရန် အမိန့်ရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရမယ် ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။
ထိုသို့ ချေမှုန်းခံရသော်လည်း NLD ပါတီဝင်များ၊ နိုင်ငံရေးသမား အများအပြား ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။
ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆက်လက် ပြောကြားရာ မြန်မာပြည်တွင် စစ်သားများက အနိုင်ကျင့်တတ်သည့် စရိုက်ရှိသည်ဟု ဆိုသည်။
“စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင်တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ” ဟု သူက ရှင်းပြသည်။
သို့သော်လည်း စစ်တပ်တွင် တိုးတက်ဖြစ်ထွန်းမှုတခုရှိကြောင်း သူက ထောက်ပြသည်။
“ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ” ဟု သူက ပြောသည်။
“တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်” ဟုလည်း သူက ပြောပြသည်။
ဦးအောင်လင်းထွဋ်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။
ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် သံတမန်တစ်ဦးအဖြစ် ဦးအောင်လင်းထွဋ် တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးအရာရှိများကို မြန်မာပြည်တွင် ဖမ်းဆီးအကျဉ်းချသည့် ၂၀၀၅ ခုနှစ်တွင် ဦးအောင်လင်းထွဋ်က အမေရိကန်တွင် ခိုလှုံခွင့် တောင်းလိုက်သည်။
ဇနီး၊ သား တစ်ဦး၊ သမီး နှစ်ဦး၊ နှမ (သို့မဟုတ် အစ်မ) တဦး တို့နှင့် အတူ ခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ သူ၏ အတိတ်ကာလ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများကြောင့် ခိုလှုံခွင့် ငြင်းပယ်ခံထားရကြောင်း၊ သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပြုထားကြောင်း Asia-Pacific Defense Forum စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
http://moemaka.com/2012/02/than-shwe-ordered-to-destroy-nld/
လူ့အခွင့်အရေး နဲ့ ဗမာအစိုးရ
သောကြာ, 24 ဖေဖော်ဝါရီ 2012
By ဦးအောင်ခင် & မညိုညိုလွင်
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ဟိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့  (၅) ကြိမ်မြောက် မြန်မာပြည်ခရီး ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ပြီးဆုံးသွားပါတယ်။ မစ္စတာ ကင်တားနားရဲ့  ထုတ်ပြန်ချက်ကိုကြည့်ရင် အစိုးရသစ်ရဲ့  ပြုပြင်ရေးလုပ်ငန်းမှာ အားရစရာရှိသလို စိတ်ပျက်စရာလည်း ရှိနေတာတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ လွှတ်တော်မှာ ဥပဒေသစ်တွေ ပြုစုပြဌာန်းနေတာကို အားရစရာကောင်းတယ်လို့ ပြောပေမယ့် ဥပဒေတွေဘယ်လိုပဲ ပြဌာန်းပြဌာန်း တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးအတွက် သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့ စွမ်းရည်ထက်မြက်တဲ့ တရားစီရင်ရေးဌာနရှိဖို့ လိုအပ်နေတာကို မစ္စတာ ကင်တားနား က ထောက်ပြထားပါတယ်။
ဒီမိုကရေစီအသွင်း ကူးပြောင်းတဲ့ကာလမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးဌာနတွေကို ထိန်းကြပ်နိုင်ဖို့အတွက် တရားစီရင်ရေးဌာနဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်တယ်လို့ ဆိုပါတယ်။ တရားစီရင်ရေးမှာ လွတ်လပ်ဖို့နဲ့ ဘက်မလိုက်ဖို့ အလွန်အရေးကြီးကြောင်း တရားသူကြီးချုပ်နဲ့ လွှတ်တော်ချုပ်တရားသူကြီးတွေကို ပြောပြပေမယ့် အသိအမှတ်မပြုတဲ့အပြင် မစ္စတာကင်တားနား တင်ပြတာကို ဂရုမစိုက်ဘူးလို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ အတတ်ပညာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေဆီမှာ အကူအညီတောင်းဖို့ တရားစီရင်ရေးဌာနကို တိုက်တွန်းထားပါတယ်။
မစ္စတာကင်တားနား ၂၀၀၈ မှာ ပထမအကြိမ် မြန်မာပြည်သွားတုန်းကလည်း တရားစီရင်ရေးဌာနရဲ့  အားနည်းချက်နဲ့ ချွတ်ယွင်းချက်ကို ထောက်ပြခဲ့ပါတယ်။ အခုတခါ (၅) ကြိမ်မြောက်သွားပြန်တော့လည်း အရင်က တင်ပြခဲ့တာတွေကိုပဲ ထပ်မံတင်ပြနေရပါတယ်။ နိုင်ငံရေးအကျဉ်းသားကို အပြစ်ပေးရာမှာ အစိုးရအသုံးပြုနေတဲ့ ဥပဒေတွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖျက်နေကြောင်း အစိုးရရှေ့ နေချုပ်ကို ပြောခဲ့တယ်လို့ မစ္စတာ ကင်တားနား က ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်က သမ္မတအမိန့်နဲ့ တည်ထောင်လိုက်တဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်ဟာ လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အကျဉ်းထောင်ကို စစ်ဆေးနိုင်ဖို့ လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဆီက ခွင့်ပြုချက်တောင်းနေရတဲ့ အဆင့်မှာရောက်နေပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ ရှုရာမှာ တရားမျှတရေး၊ တာဝန်ယူရေး နဲ့ အမှန်တရား ဖော်ထုတ်ရေးဟာ အခြေခံကျတယ်လို့ မစ္စတာကင်တားနားက ယုံကြည်ပါတယ်။ ဒီတာဝန်ကို အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထမ်းဆောင်နိုင်မလားလို့ သုံးသပ်မိပါတယ်။ ဒီနေရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူကိုပါ တာဝန်ပေးသင့်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေ ခံစားခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။ Truth and Reconciliation Commission အမှန်တရား ထုတ်ဖော်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင် သဘောမျိုး လိုအပ်နေတာကို မစ္စတာကင်တားနား က ရည်ညွှန်းပုံရပါတယ်။ သူနဲ့တွေ့ခဲ့သူတွေဟာ ရှေ့ ဆက်သွားဖို့ကိုသာ ပြောဆိုနေပေမယ့် ရှေ့ ဆက်သွားရုံနဲ့ အတိတ်ကို မေ့သွားမှာ မဟုတ်ဘူးလို့ မစ္စတာကင်တားနားက ဆိုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နစ်နာသွားသူတွေကို ကူညီဖို့တာဝန်ယူတာဟာ ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်မှာ အရေးကြီးပါတယ်။ အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွားတဲ့နိုင်ငံတွေ ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ အပြန်အလှန်ယုံကြည်မှုရရှိဖို့ အမှန်တရား ထုတ်ဖော်ရေးကော်မရှင် ဖွဲ့စည်းပြီး ကြားနာပွဲတွေ ကျင်းပပါတယ်။ ကုလသမဂ္ဂတည်ထောင်တဲ့ ကော်မရှင်၊ အန်ဂျီအို တသီးပုဂ္ဂလအဖွဲ့ တည်ထောင်တဲ့ ကော်မရှင်၊ အစိုးရတည်ထောင်တဲ့ ကော်မရှင် စသဖြင့်အားလုံး (၂၀) လောက် ရှိပါတယ်။ လူ့အခွင့်အရေးချိုးဖျက်မှုနဲ့ မတရားမှုတွေကို ကြားနာစစ်ဆေးပြီး အသိအမှတ်ပြုနိုင်ရင် ဒီလိုအဖြစ်ဆိုးကို နောက်ထပ်မကြုံတွေ့နိုင်တော့ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ကြိုးပမ်းကြပါတယ်။ ဒီနေရာမှာ တခြားတိုင်းပြည်တွေရဲ့  အတွေ့အကြုံကို သင်ခန်းစာယူသင့်တယ်လို့ ဆိုပါတယ်။
အမှန်တရား ထုတ်ဖော်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင်တွေကို တောင်အမေရိကတိုက်နဲ့ အာဖရိနိုင်ငံတွေမှာ အများဆုံး ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ ဒီအထဲမှာ တောင်အာဖရိကနိုင်ငံဟာ ထင်ရှားပါတယ်။ အာရှမှာတော့ ဖိလစ်ပိုင်နဲ့ အရှေ့ တီမောမှာသာ ကော်မရှင်ဖွဲ့စည်းပါတယ်။ နိုင်ငံကိုလိုက်ပြီး လုပ်ပုံကိုင်ပုံ ကွဲပြားခြားနားကြပါတယ်။ အမှန်တရား ထုတ်ဖော်ရေး ကြားနာပွဲတွေလုပ်ပြီး နစ်နာသူကို ကူညီစောင့်ရှောက်ဖို့နဲ့ အပြစ်ရှိသူကို ခွင့်လွှတ်ဖို့ ကြိုးပမ်းကြပါတယ်။ တချို့ ကလည်း တရားမျှတရေးအတွက် လူ့အခွင့်အရေး ချိုးဖျက်သူကို စစ်ဆေးအပြစ်ပေးလိုကြပါတယ်။
မြန်မာပြည်မှာတော့ ဒီလိုမလုပ်နိုင်အောင် အခြေခံဥပဒေက ပြဌာန်းထားပါတယ်။ အနှစ် (၂၀) ကျော် အုပ်စိုးခဲ့တဲ့ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နဲ့ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက အဖွဲ့ဝင်တွေကို တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ အခြေခံဥပဒေ ပုဒ်မ (၄၄၅) က ဆိုပါတယ်။
အမှန်တရားထုတ်ဖော်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင်ဟာ အပြစ်ပေးတဲ့ အဖွဲ့မဟုတ်ပါဘူး။ လူ့အခွင့်အရေးချိုးဖျက်မှုဆိုတဲ့ အမှန်တရားကို ထုတ်ဖော်ရေး၊ ချိုးဖျက်သူက ဝန်ခံရေး ခံရသူတွေက ခွင့်လွှတ်ရေး ခံရသူကို တာဝန်သိစွာ ကူညီရေး စတာတွေကို ကော်မရှင်က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ မတရားလုပ်တာကို ဖော်ထုတ်ဖို့ကိစ္စ အခက်ခဲဆုံး ဖြစ်နေပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ဟိုဟေး
http://www.voanews.com/burmese/news/news-analysis/news_analysis_02-24-2012-140379473.html
ပြည်သူကိုကျွန်ဇတ်သွင်းမည့်ကြံ့ဖွတ်ပါတီ
မကွေးတိုင်း ပဲစိုက်ခင်းများ ရွှေဂက်စ်ပိုက်လိုင်းကြောင့် ပျက်
Uploaded by BurmaVJMedia on Feb 24, 2012
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို သယ်ယူနိုင်ရန်အတွက် ဓာတ်ငွေ့လိုင်းနဲ့ ရေနံပိုက်လိုင်းတွေ ချဖို့ မကွေးတိုင်း စကုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေရဲ့ စိုက်ခင်းတွေပေါ်မှာ မြောင်းတွေ ဖောက်လုပ်နေတဲ့အတွက် ယာမြေတွေနဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီ စီမံကိန်းမှာ ပါဝင်နေတဲ့ ယာမြေတွေအတွက် လျော်ကြေးပေးမယ် ဆိုပေမဲ့ ဆုံးရှုံးတဲ့ ပမာဏနဲ့ ပေးလျော်တဲ့ ငွေကြေး မမျှတတာကြောင့် တောင်သူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ အခု ဓာတ်ငွေ့ပိုက်လိုင်းတွေ ချနေတဲ့ ယာမြေတွေမှာ ပဲသီးနှံတွေ ရိတ်သိမ်းဖို့ ရက်ပိုင်းသာ လိုတော့တာ ဖြစ်ပါတယ်။
ကျပ်ငွေ ၁၃၂၄ ဘီလီယံကျော်ကို နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းအတွက် ခွင့်ပြု
by 7Day News Journal on Saturday, February 25, 2012 at 4:36am ·
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၅
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အစိုးရဌာနအားလုံးအတွက် ကျပ်သန်းပေါင်း ၁၃၂၄၃၉၃ ဒသမ ၆၀၈ (ကျပ်ငွေ ၁၃၂၄ ဘီလီယံကျော်)ကို အစိုးရဌာနများ နောက်ထပ်သုံးစွဲရန် ခွင့်ပြုသော `နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ´အား နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်လိုက်သည်။
ခွင့်ပြုလိုက်သည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းသည် ၂၀၁၁ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ (ဘတ်ဂျက် ဥပဒေ)အရ ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းအပြင် နောက်ထပ် သုံးစွဲခြင်းဖြစ်ကြောင်း ဥပဒေကို အသေးစိတ်ဖော် ပြထားသော ဖေဖော်ဝါရီ ၂၅ ရက်ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရန်အတွက် ခွင့်ပြုလိုက်သော ဌာနများတွင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု အစိုးရ အဖွဲ့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ထောင်စုအဆင့်ဌာနနှင့် အဖွဲ့အစည်းများဖြစ်သော ၀န်ကြီးဌာန ၂၆ ခု၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ၁၄ ဖွဲ့သို့ ပေးအပ်သော ထောက်ပံ့ငွေများအားလုံး ပါဝင် သည်။ အထက်ပါဌာနများ အားလုံးအတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၁၃၂၄၃၉၃ ဒသမ ၆၀၈ (ကျပ်ငွေ ၁၃၂၄ ဘီလီယံကျော်)ကို နောက်ထပ် အသုံးစရိတ် များအတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ မန္တလေးသို့ ရောက်ရှိ
By 7Day News Journal
ယနေ့ညနေ(ဖေဖော်ဝါရီ ၂၅) ၄ နာရီခွဲတွင် တံတားဥိီးလေဆိပ်သို့ ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများရာက်ရှိလာသည်။ ၎င်းတို့ထုတ်ဝေခဲ့သော စာအုပ်နှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ရက် နေ့လည် ၁ နာရီတွင် ရာပြည့်မန္တလေးစာအုပ်တိုက်၌ လက်မှတ်ရေးထိုးပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ သို့သော် ကြားရက်များ၏ အစီအစဉ် အသေးစိတ်ကိုမူ မသိရှိရသေးပေ။ ကျောင်းသားခေါင်းဆောင်များမှာ တံတားဦးလေဆိပ်မှ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ဦးစွာသွားရောက်ပြီးမှ မြို့ထဲသို့ ဆက်လက်သွားမည်ဖြစ်ကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။



မွန်ပြည်သစ် ပါတီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသဘောတူညီချက်များ
Burma VJ Media Network
At Strand Hotel , မော်လမြိုင်မြို့
မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီမှ ဖွဲ့စည်းပေးသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပါသည်။


အမေစု လုံခြုံေ၇းအတွက်မနောမြေက ဒေါင်းမေတွေ
အမေစု လုံခြုံေ၇းအတွက် သူတို့ အသိစိတ်နဲ့ တာဝန်ယူထားတဲ့ အမျိုးသမီးတွေ....ကား၇ပ်တာနဲ့ 
ပြေးဆင်း အမေစုနားဝန်း၇ံ ကားထွက်၇င် ကမန်းကတန်းကားပေါ်ပြေးတက်ေ၇ာက်တဲ့နေ၇ာ
တိုင်း အဲ့လိုပဲ ပြေးဆင်းပြေးတက်နဲ့ မမောနိုင်ပါဘူး..သူတို့ စိတ်ထဲမှာ အမေစုဘေးကင်းဖို့ သာ
ခေါင်းထဲစွဲနေပါတယ်...ချီးကျုးလိုက်ပါတယ် မနောမြေက ဒေါင်းမေတွေ...........

photo...Yangon Press International








