Saturday, February 11, 2012
ပြည်ခိုင်ဖြိုးပါတီဝင်အချို့ NLDပါတီသို့ ကူးပြောင်းဝင်ရောက်
by Ko Ye on Saturday, February 11, 2012 at 6:59am ·
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်အချို့တွင် နေထိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်အချို့ သည် NLD အမျိုးသားဒီမိုကေ၇စီအဖွဲ့ချုပ်ပါတီသို့ ကူးပြောင်းဝင်ရောက်နေကြကြောင်းသိရသည်။
NLD ပါတီ တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်အပြီး ပါတီဝင်အသစ်များ လက္ခံလာချိန်တွင် လူအများအပြား ပါတီဝင်အဖြစ် လျှောက်လွှာတင် ၀င်ရောက်နေကြပြီး ၊ ထိုအထဲတွင် ယခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များသည်လည်း လျှောက်လွှာတင်၍ ၀င်ရောက်နေကြခြင်းဖြစ်သည်။
“ဒီလိုပဲ လျှောက်လွှာတင်ပြီးတော့ ၀င်လိုက်တာပဲ၊ကြံ့ဖွံ့ပါတီကိုတော့ ဘာမှ အကြောင်းမကြားနေတာ့ဘူး၊ဒီပါတီနဲ့ပါတ်သတ်ပြီး ဘယ်အစည်းအဝေးမှလည်းမတက်တော့ဘူး” ဟု NLD သို့ ပါတီဝင်အသစ်အဖြစ်ဝင်ရောက်လိုသူ ကြံ့ဖွံ့ပါတီဝင်ဟောင်းမှပြောကြားသည်။
“ အစကတဲက ၀င်ချင်လို့မှ မဟုတ်ပဲ၊မ၀င်ရင် ရပ်ကွက်ထဲကလမ်းတွေ ကွန်ကရစ်လမ်းမခင်းပေးဘူးဆိုလို့ ၀င်လိုက်တာ၊ပိုက်ဆံကောက်ပြီး လမ်းလည်းမခင်းပေးဘူး၊ဟိုဘက်နှစ် ကတဲက ပိုက်ဆံကောက်ထားတာ၊
နောက် ၄ ၊၅ လလောက်ဆိုရင် မိုးတွင်းပြန်ရောက်လာတော့မယ်။ မိုးတွင်းရောက်ရင် ဟိုးအရင်နှစ်တွေကလိုပဲ ရွှံ့တွေ၊ ဗွက်တွေထဲကနေပဲ ပြန်သွားရဦးမှာပဲ”
ကြံ့ဖွံ့ပါတီဝင်အချို့သည် ပါတီအတွင်း ပါတီဝင် အဆင့်ဆင့်၏ ခေါင်းပုံဖြတ်မှုများကြောင့် ပါတီကို စိတ်ကုန်လျက်ရှိနေကြသည်။
ပါတီမှ အတိုးနည်းချေးငွေများ ချေးပေးနေသော်လည်း ရရှိရမည့် ကိုယ်တာ အပြည့်အ၀ရရှိခြင်း မရှိပဲ ပါတီစည်းရုံးရေးမှူး စသူတို့မှ ခေါင်းပုံဖြတ်မှုများရှိနေကြောင်းသိရသည်။
“၃သောင်းချေးပေးမယ်ပြောတယ်။ချေးငွေ ရတော့ ရုံးအတွက်ငွေ၊ တာဝန်ခံအတွက်ငွေ ဆိုပြီး ၃ထောင် ဖြတ်တယ်။ပြန်ဆပ်တော့ ၃သောင်းစာ အတွက်အတိုးပေးပြီးပြန်ဆပ်ရတယ်” ဟု….ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့ပါတီဝင် ဟောင်း ဒေါ်တင်တင်ဝင်း…မှ ပြောကြားပါသည်။
ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီဝင်အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီသို့ ကူးပြောင်းနေကြသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ေ၇ွးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာလုံးဝင်ပြိုင်မည်ဟု သိရသည်။
“ကျနော်တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်/ မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ”ဟု ပြည်ထေင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြည်ပအခြေစိုက် သတင်းဌာနသို့ပြောကြားသွားခဲ့သည်။
ယခု NLD ပါတီသို့ ၀င်ရောက်နေကြသူများထဲတွင် ယခင်က အကြောင်းအမျိုးမျိုးကြောင့် NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်သွားကြသူများပင် ပြန်လည်ဝင်ရောက်နေကြကြောင်းသိရသည်။ NLD ပါတီသည် ယခုအခါ အနယ်နယ်အရပ်ရပ်တွင် ပါတီဝင်အသစ်များအားလက္ခံလျက်ရှိပြီး ပါတီဝင်လျှောက်လွှာများအား မြို့နယ် NLD ပါတီရုံးခွဲများတွင် တစ်စောင်လျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပေးနေပါသည်။
Subscribe to:
Post Comments (Atom)
0 အကြံပြုခြင်း:
Post a Comment