Friday, February 10, 2012

အရှင်ဂမ္ဘီရ ကို အာဏာစက်ဖြင့် ပင့်ဆောင်သွား

Uploaded by BurmaVJMedia on Feb 10, 2012

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက် လင်းအားကြီးချိန်လောက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းသာသနာရေးဦးစီးဌာနနဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့က အရပ်ဝတ်ဝန်ထမ်းတွေ စုစုပေါင်း ကား သုံးစီးနဲ့ လာရောက် ပင့်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ဓမ္မစက်ဖြင့် ဆုံးမသြဝါဒပေးမည့် နေ့ရက်တွေမှာ အရှင်ဂမ္ဘီရ မလာရောက်နိုင်ခဲ့သည့်အတွက် အာဏာစက်ဖြင့် အခုလို ပင့်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ မဂ္ဂင်ကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးဣဿရိယ (ခေါ်) ဦးဇင်းဂျောင်းဂျောင်းက ပြောဆိုလိုက်ပါတယ်။

0 အကြံပြုခြင်း: