Friday, February 24, 2012

မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနား

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းအတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တန်ဖဲရွာ၌ ပြုလုပ်သော ' မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ ' မိတ်ဆုံစားပွဲ
The Voice Weekly






Eleven Media Group
 
ဦးအုန်းအား ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားတွင်တွေ့ရစဉ်

 
ကိုမင်းကိုနိုင်အား ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားတွင်တွေ့ရစဉ်

 
 
 ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်

 
 ဆရာအော်ပီကျယ်အား ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားတွင်တွေ့ရစဉ်

 
သမိုင်းမှတ်တမ်းဓါတ်ပုံ

 
ကျွန်တော်တို့ ဗမာလို ပြောရင် တစ်ချို့တိုင်းရင်းသားတွေ နားမလည်မှာ စိုးတယ်။ ဘာသာပြန်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ဟိုး အဝေးကြီးက လာပြီးတော့ စကား ပြောတဲ့အခါ ဘာပြောတာမှန်း မသိပဲ ပြန်သွားရင် အများကြီး နစ်နာပါတယ်။ အခု ကျွန်တော်တို့ လာခဲ့တာ ဟိုး မြန်မာပြည် အောက်ပိုင်း၊ အလယ်ပိုင်းက ဆိုပေမယ့် ကျွန်တော်တို့ကို ၈၈ ကျောင်းသားတွေလို့ ...ခေါ်ပါတယ်။ ၁၉၈၈ တုန်းက ကျောင်းသားလှုပ်ရှားမှုကို စခဲ့လို့ အဲဒီလို ခေါ်တာပါ။ အဲဒီတုန်းက ကျွန်တော်တို့တွေ အားလုံး ဆင်တူ ၀တ်စုံ ကချင်ပုဆိုးလေးတွေ ၀တ်ပြီး စခဲ့တာပါ။ အခုလည်း ကျွန်တော်တို့တွေက ကချင်ဝတ်စုံလေးတွေ ၀တ်ပြီး လာပါတယ်။ ကျွန်တော်တို့ အားလုံးက မိန်းကလေးတွေကအစ ကချင်လို ၀တ်ရတာမှ ပိုလှတယ် ထင်ပါတယ်။ ဒီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ အပါအ၀င် အားလုံး ရုန်းကန်နေရတဲ့ အချိန်မှာ ကျွန်တော်တို့အားလုံးက ထောင်ထဲမှာပါ။ ဒါ ကချင် ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စ၊ ငါတို့နဲ့ မဆိုင်ဘူးလို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ခေါင်းပိုင်းလို့ ခေါ်ပါတယ်။ ခေါင်းကို ထိရင် ရင်ဘတ်ထဲမှာ နာပါတယ်။ အဲဒီတုန်းက ထောင်ထဲက လူတစ်ယောက်က အပြင်က လူတွေလို မလုပ်နိုင်ပါဘူး။ ဘာလုပ်နိုင်လဲဆိုတော့ ထောင်ထဲမှာ မြစ်ဆုံနဲ့ ဧရာဝတီ ရှင်သန်ဖို့ အတွက် သီချင်း ရေးနိုင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာ လုပ်ခဲ့ပါတယ်။ အဲတာကို သိပေးပါ။ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ခဲ့ပါတယ်။ ဧရာဝတီ ဆက်ပြီး စီးဆင်းရေး မြစ်ဆုံဒေသ အလှတွေ မပျက်ရေး ဒီက တိုင်းရင်းသားတွေရဲ့ ဘ၀တွေ မပျောက်ရေး သီချင်းစပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သီချင်းတွေ စပ်ပြီး ဆိုနေတဲ့ အချိန်မှာ ကချင်မှာ ဟောဒီပြည်သူတွေ အောင်ပွဲခံနေတာကို ကြားရတဲ့ အချိန်မှာ ၀မ်းသာရပါတယ်။ - မင်းကိုနိုင် (မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနား၌ ပြောကြားခဲ့သည်များမှ ကောက်နုတ်ချက်)

0 အကြံပြုခြင်း: