ဒီနေ့ ရန်ကုန်လေယာဉ်ကွင်းမှာ နှင်းတွေ အရမ်းကြနေပါတယ်။ အမေစု၏ မြစ်ကြီးနားခရီးစဉ်ကို စတင်ဖို့ ၂၃-၂-၂၀၁၂နေ့ နံက် ၆း၂၈ မှာဘဲ အမေစု ရန်ကုန်လေဆိပ်သို့ရောက်ရှိလာပါပြီ။




Yangon Press International
ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ်အား ကြိုဆိုရန် မြစ်ကြီးနားမြို့ အန်အယ်လ်ဒီရုံး တွင်ပြင်ဆင်ထားသည်ကို ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ယခုကဲ့သို့ တွေ့မြင်ရသည်။


Yangon Press International
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် အသေးစိတ်
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)
မနက်ဖြန်တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ် အချိန်ဇယား
၁ ၊ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ မြစ်ကြီးနားမြို့ရောက်ရှိမည်၊ မိုးကောင်းသို့ သွားရာတွင် နမ္မတီး ကျေးရွာတွင် ၄၅ မိနစ်ခန့် နားမည်ဖြစ်သည်။
၂။ ထို့နောက် မိုးကောင်းသို့ ထွက်ခွာမည်ဖြစ်ကာ အိုးတန်း ဘောလုံးကွင်တွင် ဟောပြောကာ နေ့လည်စာစားမည်ဖြစ်သည်။
၃။ ယင်းနေ့ည ၇ နာရီတွင် မနောကွင်း မဂျွယ် ခန်းမတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ နှင့် ညစာစားမည်ဖြစ်သည်။
၎။ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် မနောကွင်း၌ လူထုဟောပြောပွဲ ဟောပြောမည်ဖြစ်ကာ ယင်းနေ့ညနေတွင် ဗန်းမော်သို့ ထွက်ခွာမည်ဖြစ်သည်။
အစီအစဉ်ထဲတွင် အချိန်မရေးသားထားသော်လည်း မြစ်ကြီးနားတွင် ရှိစဉ် အကျဉ်းထောင်တွင်းရှိ အမျိုးသမီး နှင့် ကလေးများအား လက်ဆောင်ပေးရန် ရှိသည်ဟု မြစ်ကြီးနား အန်အယ်လဒီရုံးမှ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ယခု မြစ်ကြီးနား ခရီးစဉ်သည် ၁၉၈၈ နောက်ပိုင်း တတိယမြောက် ခရီးစဉ်ဖြစ်သည်။ ဒုတိယခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က သွားရောက်ခဲ့ခြင်း ဖြစ်သည်။
0 အကြံပြုခြင်း:
Post a Comment