ရန်ကုန်/ ဖေဖော်ဝါရီ ၁၀
ရန်ကုန် ဟော်တယ်တခုက၀န်ထမ်းအမျိုးသမီးကိုပါးရိုက်ခဲ့တဲ့ဂျပန်အမျိုးသားကိုအစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။
Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
Source... Amara News Agency
ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူအမျိုးသမီးငယ်၏နစ်နာမှုအတွက်တစုံတရာတုံ့ ပြန်မှုမရှိသေးပါဖူး၊
ဒီလိုသာဆိုနိုင်ငံခြားသားတွေလာလိုက်အမျိုးသမီးငယ်တွေကိုပါးရိုက်လိုက်ပြည်နှင်ဒဏ်အပေးခံလိုက်နဲ့ ဆိုခက်ရချည်ရဲ့ ..
စကာင်္ပူမှာဒါမျိုးသွားလုပ်ရင်ကြိမ်ဒါဏ်ကတော့အသာလေးပဲ...
နိုင်ငံတကာမှာဒီလိုဖြစ်ရပ်လောက်မြို့ နယ်ရဲနဲ့ မြို့ နယ်တရားရုံးနဲ့ တင်ကိစ္စပြတ်တယ်..ဘယ်လိုလုပ်ပြီးကာလုံ(အုပ်-ရှောင်)
ကပါလာရတာလဲ...ဦးသိန်းစိန်ချည်းပဲငွေရောင်ပိတ်ကားပေါ်မှာဇာတ်လိုက်ကျော်ကြီးဖြစ်နေလို့ (အုပ်-ရှောင်)ကမင်းအောင်လှိုင်
ကိုပွဲထုတ်တာလား၊နောက်မလှည့်ဖူးလို့ လူသိရှင်ကြားကတိပေးထားတယ်နော်...စားထားတာတွေလည်းပြန်မတောင်းတော့ပါဖူး။
သင်ပုန်းတင်မကကျောက်တံပါချိုးလိုက်ပါတယ်...လွတ်ရာကျွတ်ရာသွားကြပါတော့..နိုင်ငံကိုတကယ်သိနားလည်သူတွေအုပ်ချုပ် ချင်တာခွင့်ပြုလိုက်ပါတော့..မင်းကအကောင်ကြီးတယ်နှစ်ခါပြန်လျှောက်ဇတ်လမ်းလည်းပြန်မကပါနဲ့ တော့။
တယောက်တမျိုးပေါ်လစီတွေ..အမိန့် အာဏာတွေခွဲခြားပြီးရှိနေသ၍တိုင်းပြည်ကနလံကိုထူမှာမဟုတ်တော့ပါဖူး။
ဦးရွှေမန်းကြီး..လူကြီးလုပ်နေပြီးကတိတည်ပါ။ကိုယ့်လူကိုယ်နိုင်အောင်ထိန်းပါ။
နောက်မှ..
ဟယ်..ငါတကယ်မသိလိုက်လို့ ပါ...မလုပ်နဲ့ ...ဒါမျိုးတွေရိုးနေပါပြီ။
ရဲရင့်ငယ်

(ပုံ)Swe Swe Kyi facebook
0 အကြံပြုခြင်း:
Post a Comment