Monday, January 30, 2012

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ - သို့ အိတ်ဖွင့်ပေးစာ။









၁။ ယနေ့(၃၀-၁-၂၀၁၂)ထုတ်ကြေးမုံသီတင်းစာတွင် ပူးတွဲပုံပါ သတိပေးနှိုးဆော်ချက်ကိုဖတ်ရှုခဲ့ရပါသည်။ အဆိုပါ သတိပေးချက်တွင် နိုင်ငံခြားမှတင်သွင်းလာသော နံပါတ်ပြားမကျသေးသည့်ကားများဟုရည်ညွှန်းထားသည်ဟုနားလည်ပါသည်။
၂။ လက်တွေ့တွင် နံပါတ်ပြားကျပြီး ကညနတွင် သက်တမ်းတိုးလိုင်စင်ဝင်နေဆဲ(၈ဆ/၈ဇ/၈ဈ)ကားများကိုပါဖမ်းဆီးပြီး Wheel Tax သိမ်း၊ ချလံဖြတ်ကာ ၅၁-လမ်းရုံးတွင်ဒဏ်ငွေ (၃၀၀၀၀/-)ပေးဆောင်ခိုင်းနေကြောင်းကြားသိရပါသည်။
၃။ အဆိုပါနံပါတ်ကျပြီးသက်တမ်းတိုးကားများသည် ကားလိုင်စင်သက်တမ်းတိုးရာတွင်နေပြည်တော်ကညနရုံးချုပ်သို့ ကား owner book နှင့်တကွစာရွက်စာတမ်းများကိုတွဲတင်ထားရပြီး နေပြည်တော်မှပြန်ကျမှ ထိုက်သင့်သည့်ဒဏ်ကြေးကိုဆောင်ပြီးကားသက်တမ်းတိုးခြင်း၊ RTA ထုခြင်း၊ ယာဉ်ပိုင်ရှင်အမည်ပြောင်းခြင်းများဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အချိန်အနည်းငယ်ကြာမည်ဟုသိရှိရပါသည်။
၎။ သို့ဖြစ်ပါ၍ အဆိုပါ တရားဝင်လိုင်စင်နံပါတ်ကျပြီးသက်တမ်းလွန်၍ ကညနတွင်ကားလိုင်စင်ဝင်ဆဲကားများသည် ကားသက်တမ်းတိုးလိုင်စင်ကိစ္စမပြီးပြတ်သေးသည့်ကာလတွင်လမ်းပေါ်တွင်မောင်းနှင်ခွင့်ရှိ/မရှိ၊ အဆိုပါကားများ သက်ဆိုင်ရာကညနရုံးများသို့ သက်တမ်းတိုးကိစ္စများသွားရောက်ဆောင်ရွက်နိုင်ရေးအတွက်ညွှန်ကြားချက်များမည်သို့ထုတ်ထားသည်၊ အဆိုပါသက်တမ်းတိုးကားများအားလည်း (သတိပေးချက်ပါ နိုင်ငံခြားမှတင်သွင်းလာသော နံပါတ်ပြားမကျသေးသည့်ကားများကဲ့သို့) ယာဉ်ထိန်းအဖွဲ့များအားဖမ်းဆီးရန်ညွှန်ကြားထားခြင်း ရှိ/မရှိကို ကွဲကွဲပြားပြားသိရှိလိုပါသဖြင့် နိုင်ငံသားတစ်ဦး၏ခံစားခွင့်ရှိသောအခွင့်အရေးများကို လက်ကိုင်ထား၍ အိတ်ဖွင့်ပေးစာပေးပို့အပ်ပါသည်။



By: Tint San Tun

0 အကြံပြုခြင်း: