Tuesday, January 31, 2012

အလုပ်ခွင်အတွင်း သေဆုံးမှုအတွက် နစ်နာကြေးပေးရန် ငြင်းဆို


by Burma VJ Media Network on Tuesday, January 31, 2012 at 3:35am
သေဆုံးသူ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြား

By ဇာဏီ ၊ ဇန္နဝါရီလ ၃၁ ရက်နေ့ ၊ ၂၀၁၂ ခုနှစ်။

ရွှေမြန်မာ (ကမ်းရိုးတန်း) ကုမ္မဏီမှ ပိုင်ဆိုင်သည့် ပဲခူးတိုင်း အနောက်ပိုင်း ပြည်ခရိုင် ဥသျှစ်ပင်မြို့မှာ ရှိတဲ့ လေးမိုင်ခုနှစ်ဖာလုံ ကျောက်ကွက်အတွင်း ကျောက်မိုင်းခွဲရာမှာ   အလုပ်လုပ်နေသည့် အလုပ်သမားတဦး ကျောက်စမှန်ပြီး သေဆုံးခဲ့မှုအတွက်  ကျောက်ကွက်တာဝန်ခံ ဦးသန်းတိုးမှ လျော်ကြေးမပေးပဲ ငြင်းဆိုခဲ့ပါတယ်။

ဇန္နဝါရီလ ၁၆ ရက်နေ့တွင် လေးမိုင် ခုနှစ်ဖာလုံ ကျောက်ကွက်မှာ ကျောက်မိုင်းထိပြီး ကျောက်တွင်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဥသျှစ်ပင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှာ  ညနေ ၄နာရီခွဲအချိန်ခန့်တွင် အလုပ်သမား ကိုအောင်မြတ်သူ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဇန္နဝါရီလ ၁၉ ရက်နေ့တွင် သေဆုံးသူ၏ ဖခင် ဦးဝင်းမှ  သားဖြစ်သူ သေဆုံးခဲ့မှုအတွက် နစ်နာကြေးပေးသင့်တယ်လို့ ပြောခဲ့ရာမှာ ကျောက်ကွက်တာဝန်ခံ ဦးသန်းတိုးက သူနှင့် မဆိုင်ပါဘူး ဟု ငြင်းဆိုခဲ့ပြီး ဦးဝင်းအား လမ်းစရိတ်အဖြစ် ငွေကျပ် ခုနှစ်သောင်းကို ပေးခဲ့ပါတယ်။

သေဆုံးသူမှာ  ကျောက်ကွက်အတွင်းမှာ အလုပ်လုပ်ကိုင်နေတာ နှစ်လကျော်ကြာပြီဖြစ်ပြီး တနေ့ကို နှစ်ထောင်ကျပ်မှ ၃ ထောင်ကျပ်အထိ ရရှိသည့် နေ့စားအလုပ်သမား တဦးဖြစ်ပါတယ်။

0 အကြံပြုခြင်း: