ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ် ချက်ခြင်းလွှတ်ပါ.
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ် ချက်ခြင်းလွှတ်ပါ.
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ် ချက်ခြင်းလွှတ်ပါ.
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ညီမောင်နှမများ..သူတို့ကိုယ်တိုင်သီဆိုထားတဲ့သီချင်းလေးပါ...
၈၈မျိုးဆက်ကျောင်းသားများရဲ့ ငြိမ်းချမ်းရေးတေးသံ by Sabai
စောင့်မျှော်နေတဲ့အမေများနှင့် ညီအကိုမောင်နှမများအတွက် ကိုဂျင်မီရဲ့တေးသံ.
စောင့်မျှော်နေတဲ့အမေများနှင့် ညီအကိုမောင်နှမများအတွက် by Sabai
ကိုမင်းကိုနိုင်သီဆိုထားတဲ့သီချင်းလေးပါ. သူငယ်ချင်းများကလည်း ၀ိုင်းအားဖြည့်ထားပါတယ်...
Ko Paw's song by Sabai
Thursday, December 15, 2011
၈၈မျိုးဆက်ကျောင်းသားများရဲ့ ငြိမ်းချမ်းရေးတေးသံ
သတင်းသမားများနဲ့ မီဒီယာ ဥပဒေ
မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup on 15 Dec, 2011
မကြာခင်မှာ ကျမတို့ နိုင်ငံမှာ လွတ်တော်တွင်းမှာ Media Law ကို အဆိုတင်သွင်းပြီး အတည်ပြုမယ်ဆိုတဲ့သတင်းတွေ ဆက်တိုက်ကြားလာရပါတယ်။ လာမဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာဖြစ်နိုင်တယ်လို့လည်း ကြားရပါတယ်။
Media Law ဆိုတဲ့အတွက် ကျမအနေနဲ့ စိတ်ဝင်စားစွာ ရင်ခုန်မိပါတယ်။ မီဒီယာ ဥပဒေ ဆိုတာက ကျမတို့ မီဒီယာသမားတွေ အတွက် ကောင်းခြင်းလား၊ ဆိုးခြင်းလား။ သတင်းသမားတွေကို ကာကွယ်ပေးတာလား။ သတင်းသမားတွေကို ထိန်းချုပ်ဖို့လား..ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကျမ စဉ်းစားနေမိပါပြီ။
လွှတ်တော်တွင်းမှာ အဆိုတင်သွင်းမဲ့ မီဒီယာ ဥပဒေကို ဘယ်သူတွေ ပါဝင်ရေးဆွဲတာလဲ၊ မီဒီယာသမားတွေကော ပါဝင်ရေးဆွဲခွင့်ရမှာလား။ ပါဝင်ရေးဆွဲခွင့်ရမဲ့ မီဒီယာသမားတွေက ဘယ်သူတွေ ဖြစ်နိုင်မလဲ။ မီဒီယာ ဥပဒေကို နိုင်ငံတကာ မီဒီယာ ဥပဒေဖြစ်တဲ့ Artical 19 ကို ကြည့်ပြီး ရေးဆွဲကြမှာလား။ ဘယ်လို ရေးဆွဲကြမှာလဲ။ပြည်တွင်းက ပညာရှင်တွေနဲ့တင် လုံလောက်ပါ့မလား။ အနည်းဆုံး အာစီယံအဆင့် ပညာရှင်တွေကို ဖိတ်ခေါ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းမီ ရေးဆွဲမလား ဆိုပြီးတော့လည်း တွေးမိပါတယ်။
အဲဒီလို ကျမတို့ သတင်းသမားတွေအတွက် လိုအပ်နေတဲ့ ဥပဒေတွေ ပါဝင်လာမလား။ မီဒီယာဥပဒေဆိုတာကတော့ သိပ်ကို ကျယ်ပြန့်နေမလား။ကျမ အတွက်တော့ မေးခွန်းတွေ ချည်းပါပဲရှင်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း မီဒီယာ ဥပဒေတွေ ရှိကြပါတယ်။ မီဒီယာ ဥပဒေတွေ အများစုကတော့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လူသားတယောက်ရဲ့ အခြေခံ လူ့အခွင့်ရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်ဆိုတာကိုတော့ နိုင်ငံတိုင်းရဲ့ မီဒီယာ ဥပဒေတိုင်းမှ ပါဝင်တယ်လို့လည်း သိထားရပါတယ်။
ကျမတို့ သတင်းသမားတွေကတော့ မီဒီယာ ဥပဒေထဲမှာ နိုင်ငံသားတိုင်း ပုံနှိပ်ထုတ်ဝေခွင့် လျှောက်ထာနိုင်ဖို့ ဥပဒေ မျိုး၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ဥပဒေမျိုး၊ သတင်းသမားများပါဝင်သော သမဂ္ဂဖွဲ့စည်းခွင့်ပြုတဲ့ ဥပဒေမျိုးနဲ့ ၀န်ကြီးဌာနတွေကနေ သတင်းအချက်အလက်တွေ ရယူပိုင်ခွင့် မေးမြန်းပိုင်ခွင့်ရမဲ့ Access to information law မျိုးကိုလည်း ပါဝင်ဖို့အတွက် မျှော်လင့်မိပါတယ်။
ကျမတို့ တိုင်းပြည်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အင်ဒိုနီးရှားနဲ့ ထိုင်း နိုင်ငံ နှစ်နိုင်ငံ မီဒီယာ ဥပဒေမှာ သတင်းရယူပိုင်ခွင့်ရှိတဲ့ ဥပဒေAccess to information law ရှိတယ်။ အဲဒီ ဥပဒေကြောင့် ပြည်သူတွေ သတင်းမှန်တွေ သိခွင့်ရတယ်လို့လည်း သတင်းကြီးလှပါတယ်။ ကျမတို့ တိုင်းပြည်ရဲ့ မီဒီယာ ဥပဒေမှာလည်း မဖြစ်မနေ ပါဝင်သင့်တယ်လို့လည်း သတင်းသမားတွေက သုံးသပ်ကြတဲ့ ဥပဒေပါ။
Media law ဆိုတာ Media သမားတွေရဲ့ အကျိုး၊ ကာကွယ်ပေးဖို့ထက် ထိန်းချုပ်ဖို့ ဒုက္ခပေးဖို့ ရည်ရွယ်ထည့်သွင်းထားတဲ့ ဥပဒေတွေလည်း ပါဝင်တတ်တယ်လို့လည်း အသံတွေ ကြားနေရပါတယ်။ သေချာတာကတော့ မီဒီယာ ဥပဒေကြောင့် မီဒီယာသမားတွေရဲ့ အနေအထားပြောင်းသွားနိုင်တယ်လို့လည်း ကြားနေရပါတယ်။
ကျမကို ကျမရဲ့ဆရာတယောက်က ပြောပါတယ်။ ၈ျာနယ်လစ်တွေကို အလွယ်ဆုံးနည်းနဲ့ ဒုက္ခပေးနိုင်တာကတော့ Defamation နဲ့ပါတဲ့။ အသရေ ဖျက်မှုနဲ့ ဒုက္ခပေးကြတာ များတယ်လို့ ပြောပါတယ်။ အသရေဖျက်မှုလို ဥပဒေမျိုးကတော့ မီဒီယာ ဥပဒေထဲမှာ ထည့်သွင်းပါလာမှာလား။ ရာဇ၀တ်မှု အနေနဲ့ပါလာမလား၊ တရားမမှု အနေနဲ့ပါလာမှာလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
ထိုင်းနိုင်ငံမှာတော့ ပုဒ်မ ၃၂၆ အရ သတင်းစာ ဆရာတွေကို ရာဇ၀တ်မှုမြှောက်သော အသရေဖျက်မှုနဲ့ တရားစွဲခံကြရတယ်လို့ သိရပါတယ်။ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ် ဘတ် ၂ သောင်းလို့လည်း သတ်မှတ်ထားတယ်လို့ ထိုင်းရှေ့နေကြီးတဦးက ပြောပြပါတယ်။
သတင်းရေးသားခြင်းကြောင့် တရားစွဲခံရတဲ့ သတင်းထောက်ကို သတင်းကြောင့် သိက္ခာအကျခံရတဲ့ တရားလိုက တရားစွဲခြင်းနဲ့ပတ်သက်ပြီး ရာဇ၀တ်မှု မဖြစ်သင့်တဲ့အတွက် တရားမမှုအဖြစ် ပြောင်းလဲသင့်ပြီလို့လည်း ထိုင်းမီဒီယာလောကမှာ ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
` ဒီသတင်းတပုဒ်ကြောင့် ခင်ဗျားရဲ့ သိက္ခာကျခဲ့ရုံနဲ့ လူတယောက်ကို ထောင်ထဲ ထည့်မလို့လား၊ လျော်ကြေး ရရုံနဲ့ ပဲ ကျေနပ်သင့်တယ် လူတယောက်ကို ထောင်ထဲတော့ မပို့သင့်ပါဘူး `ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ ထိုင်းမီဒီယာလောက ကမေးမြန်းသံတွေ ထွက်ပေါ်လာတယ်လို့လည်း ကြားသိရပါတယ်။
တစုံတယောက် ဂုဏ်သိက္ခာကျဆင်းသွားတဲ့အတွက် တရားစွဲကြတဲ့ သရေဖျက်မှု Defamation ကို သတင်းစာ ဆရာတွေက ဘယ်လို ကျော်လွှားကြပါသလဲလို့ ကျမက မေးမိပါတယ်။
`အသရေဖျက်မှုနဲ့ စွဲပြီး ရေးသားတဲ့ သတင်းက မှန်ကန်တယ်၊ သတင်းရည်ရွယ်ချက်ကလည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမျိုး မဟုတ်ဘဲ အများပြည်သူအကျိုးအတွက်၊ အမှန်တရားကို ဖော်ထုတ် ရေးသားတယ်လို့ တရားရုံးမှာ သက်သေပြနိုင်ရင်တော့ အသရေဖျက်မှု မမြောက်ဘူး` လို့ ဖြေပါတယ်။
ဒီလိုသာဆို ကျမတို့သတင်းသမားတွေကတော့ သတင်းတိုင်းကို သေသေချာချာနဲ့ လိုက်ဖို့ အချက်အလက်တွေကို တိတိကျကျ ရယူဖို့ ပိုအရေးကြီးလာပြီလို့လည်း မြင်မိပါတယ်။ ကျမတို့တတွေ သတင်းတပုဒ်ကို လ်ွယလွယ်နဲ့ ဖော်ပြတာမျိုးတွေ မလုပ်ကြဘဲ သတင်းထောက်နဲ့ အယ်ဒီတာ ပူးပေါင်းပြီး သေချာ စဉ်းစား စီစစ်ပြီးမှ ဖော်ပြကြမယ်။
ကျမတို့ သတင်းထောက်အနေနဲ့ သတင်းလိုက်တဲ့အချိန်ကတည်းက သေသေချာချာရှိဖို့လိုတယ်။ သတင်းထောက်တွေရဲ့သတင်းကို အယ်ဒီတာတွေကလည်း သေချာ ဖတ်ရှု့ စီစစ်ပေးဖို့ လိုလာပါမယ်။
` ဂျာနယ်လစ်တွေအနေနဲ့ ကျင့်ဝတ်အတိုင်း ရေးမယ်၊ တိတိကျကျ သေသေချာချာ အလုပ်လုပ်မယ် နေထိုင်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်ပြီးသား ဖြစ်တယ်`လို့ တော့ သတင်းစာဆရာက အားတက်စရာ ပြောပါတယ်။
အသရေဖျက်မှု ကိစ္စကလည်း ကျမတို့သတင်းသမားတွေအတွက် ခေါင်းခဲစရာပါ။ သတင်းမှန် ဖော်ထုတ်ရေးသားတဲ့နေရာမှာ မရေးရဲအောင်၊ မဖော်ထုတ်ရဲအောင် လုပ်ချင်ကြသူတွေအတွက်တော့ အသုံးချစရာပါ။ ကျမတို့ သတင်းသမားတွေအတွက် အခြား ခေါင်းခဲစရာ ဘယ်လို ဥပဒေမျိုးတွေရှိနိုင်ပါသေးလဲ။
ကျမ သိရသလောက်ကတော့ တိုင်းပြည်တခု ၊ နိုင်ငံတနိုင်ငံ ပွင့်လင်းလွတ်လပ်မှုကို တိုင်းတာတဲ့ နေရာမှာ မီဒီယာကို ကြည့်ပြီး တိုင်းတာလို့ ရတယ်လို့ ပြောကြပါတယ်။ ကျမတို့ တိုင်းပြည်က ရေးဆွဲထုတ်ပြန်တဲ့ မီဒီယာ ဥပဒေကို ကြည့်ပြီး ကျမတို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ စံကိုလည်း ခန့်မှန်းနိုင်ကြမှာပါ။
အဲဒီတော့ ကျမတို့ တိုင်းပြည်က ဘယ်လို မီဒီယာ ဥပဒေမျိုးကို ရေးဆွဲကြမလဲ ၊ တကယ့် ဒီမိုကရေစီ နိုင်ငံဖြစ်ရဲ့လား ဆိုတာကိုလည်း အခြား အိမ်နီးချင်း နိုင်ငံတွေအပြင် ကမ္ဘာ့နိုင်ငံတွေကလည်း စောင့်ကြည့်ကြလိမ့်မယ် ထင်ပါရဲ့။
ကျမတို့ နိုင်ငံမှာ မီဒီယာ ဥပဒေ ထွက်လာပြီးရင်တော့ လက်ရှိအနေအထားထက် မီဒီယာလောကက ပိုမို ကောင်းမွန်ပွင့်လင်း လာမလား။ ပိုမို ဆိုးဝါးနိမ့်ကျသွားမလား ဆိုတာလည်း မပြောနိုင်သေးပါဘူး။
သာမန်ပြည်သူ သတင်းသမားကျမ အနေနဲ့ကတော့ ဒီကြားထဲမှာတော့ အိမ်နီးချင်း နိုင်ငံတွေရဲ့ မီဒီယာ ဥပဒေတွေနဲ့ အာစီယံနိုင်ငံတွေရဲ့ မီဒီယာ ဥပဒေတွေကိုလည်း လေ့လာကြည့်ချင်ပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံရဲ့ မီဒီယာ ဥပဒေနဲ့ ဖိလစ်ပိုင် နိုင်ငံရဲ့ မီဒီယာ ဥပဒေတွေကိုလည်း လေ့လာကြည့်ချင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျမတို့ တိုင်းပြည်ရဲ့ မီဒီယာ ဥပဒေဟာ ကောင်းကောင်း၊ ဆိုးဆိုး သတင်းသမားဖြစ်တဲ့ ကျမတို့ကတော့ ရင်ဆိုင်ကြရမှာပါ။
http://www.myitmakhamediagroup.com/detail.php?newid=439
သက်ထောင်မှာ ကာဖျူးထုတ်ပြန်ပြီ
News Date:12/15/2011
ရခိုင်တွေက သက်ထောင်လို့ လူသိများတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက စစ်တကောင်းတောင်တန်း နယ် ရကန္တာမတီမှာ သက်လူမျိုး ဒေသခံတွေနဲ့ အခြေချ နေထိုင်ရန် ရောက်လာတဲ့ ဘင်္ဂလီတွေအကြား အဓိဂရုန်း ဖြစ်ပေါ်မယ့် အခြေအနေကြောင့် အရေးပေါ် ကာဗျူး ထုတ်ထားရတယ်လို့ သိရပါတယ်။
သက်အမျိုးသမီးများက သူတို့ အခွင့်အရေးအတွက် ယခုလို မကြာခဏ ဘင်္ဂလာဒေခ်ျ့တွင် ဆန္ဒပြတောင်းဆိုကြသည်။
အခုလို ကာဗျူး ထုတ်ထားရတာကတော့ ရကန္တာမတီ ခရိုင် Baghaichari နယ်ဒေသ တစ်ခုမှာ ဘင်္ဂလီ မော်တော်ဆိုင်ကယ် မောင်းသူ တစ်ဦးကို အမည်မသိသူတွေက သတ်သွားပြီးတဲ့ နောက်ပိုင်းမှာ အဲဒီ ဒေသမှာ အခြေချနေထိုင် နေကြတဲ့ ဘင်္ဂလီတွေက ဒေသခံ သက်လူမျိုးတွေကို တိုက်ခိုက်ရာကနေ ပြဿနာ စတင် ဖြစ်ပွားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်တာကြောင့် သက်လူမျိုး အသက် (၅၀) နှစ် အရွယ် စိန်ခေါင်မီလာဟာ သေဆုံးသွားခဲ့ပြီး တခြား အများအပြားလည်း ဒဏ်ရာ ရသွားခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တခြား လမ်းသွား လမ်းလာတွေကိုလည်း ဘင်္ဂလီတွေက တိုက်ခိုက်တဲ့ အတွက် ဒက်ခိနာလ ဆေးရုံက ပြန်လာတဲ့ သက်လူမျိုးနှစ်ဦးလည်း နောက်ထပ် ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သတင်းတွေက ဖေါ်ပြပါတယ်။
အခုလို အခြေအနေတွေကြောင့် ပြဿနာ တင်းမာလာပြီး နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မူတွေကြောင့် လက်နက်ကိုင် တပ်ဖွဲ့တွေက သေနတ် (၁၅) ချက် မိုးပေါ်ကို ထောင်ပစ်ပြီး လူစု ခွဲခဲ့ရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
အခုလို တိုက်ခိုက်မူတွေကြောင့် ဒေသခံ သက်လူမျိုးတွေ ထွက်ပြေးနေကြတယ်လို့လည်း The Independent သတင်းစာက ဒီကနေ့မှာ ဖေါ်ပြပါတယ်။
တစ်ခြားနေရာတွေမှာလည်း တိုက်ခိုက်မူတွေ ဆက်ဖြစ်နေတာကြောင့် မနေ့က စပြီး Section 144 ( ပုဒ်မ ၁၄၄) အရေးပေါ် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
စစ်တကောင်းတောင်တန်းနယ်မှာ ဒေသခံ သက်၊ မာရမာ စတဲ့ လူမျိုးတွေနဲ့ အဲဒီ ဒေသကို အခြေချနေထိုင်ဖို့ ပြောင်းရွှေ့လာတဲ့ မြေပြန့်က ဘင်္ဂလီ အခြေချနေထိုင်သူတွေ အကြားမှာ များမကြာခဏ အဓိဂရုဏ်းတွေ ဖြစ်ပေါ်နေပြီး လူတွေ သေဆုံးမူလည်း ရှိနေပါတယ်။
စစ်တကောင်းတောင်တန်းနယ်မှာ နေထိုင်ကြတဲ့ အများစု ဒေသခံတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပြီး အခြေချ နေထိုင်ဖို့ ရောက်ရှိလာတဲ့ သူတွေကတော့ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။
အခြေချနေထိုင်ရန် ရောက်လာတဲ့ သူတွေဟာ အစိုးရရဲ့ စီမံကိန်းအရ စစ်တကောင်းတောင်တန်းနယ်မှာ ၁၉၈၀ ၀န်းကျင်လောက်က စပြီး ပြောင်းရွှေ့နေရာချ ခံထားကြရသူတွေ ဖြစ်ကြပြီး အခုအချိန်ထိလည်း မြေပြန့်က လူတွေ ၀င်ရောက်နေတာကြောင့် လူများစုကနေ လူနည်းစု ဘ၀ကို တဖြည်းဖြည်းနဲ့ ရောက်သွားကြရတဲ့ ဒေသခံတွေကတော့ ခုလို ၀င်ရောက်လာတဲ့ အပေါ် အထူး မကျေနပ်ကြဘူးလို့ သိရပါတယ်။
http://www.narinjara.com/detailsbur.asp?id=3662
တရုတ် တစ်နိုင်ငံ လုံး လူထု အုံကြွမှု စတင် ရန် နှိုးဆော်
by FNG on December 14, 2011
တရုတ် နိုင်ငံ တောင် ပိုင်း ဂွမ်ဒေါင် ပြည်နယ် မှာ ဆောက်လုပ်ရေး လုပ်ငန်း တွေ အတွက် မြေ
အသိမ်းခံရတဲ့ သူ တစ်ဦးက သူ့  ကို နစ်နာ ကြေး ပေး ဖို့  စောဒက တက်ရာ မှာ သူ့ ကို ဖမ်းဆီး
ပြီး နှိပ်စက်ရာ က သေဆုံး ခဲ့ တဲ့ အတွက် ၀ူကန် မြို့ ခံ တွေ ရဲ့  ဆက်တိုက် ဆန္ဒပြ မှု တွေ ဖြစ်ပွား
နေပါတယ်။
တရုတ် အစိုးရက ဆန္ဒ ပြ နေတဲ့ မြို့ ငယ် လေး ကို ပိတ်ဆို့ ဖြတ်တောက်မှု တွေ ပြုလုပ် ထား ပြီး
အစား အစာ တွေ ပါ ပေး မသွင်း တာကြောင့် တရုတ် နိုင်ငံ တလွှား က နိုင်ငံရေး တက်ကြွသူတွေ
က ဒီမြို့  က ပြည်သူ တွေ ကို ထောက်ခံ တဲ့ အနေနဲ့  ပူးပေါင်း ပါဝင်ကြ ဖို့  အင်တာနက် နဲ့  FACE
BOOK စာမျက်နှာ တွေ မှာ နှိုးဆော် ထား ပါတယ်။
တရုတ် အစိုးရ ဟာ ဆန္ဒပြရာ မြို့ တွေ မှာ အင်တာ နက် ၊ ဖုန်းလိုင်း နဲ့  လျှပ် စစ်မီး တွေ ကိုဇူ
ဖြတ် တောက် ထား တယ်လို့  လဲ ၀ါရှင်တန် ပို့  သတင်းစာ မှာ ဖော်ပြထား ပါတယ်။ လူဦးရေ နှစ်
သောင်းလောက် နေထိုင် တဲ့ တံငါ မြို့ လေး ရဲ့  လမ်းတွေ ကို ပိတ်ဆို့ ထားတာ ကြောင့် သူ တို့ 
ရဲ့  ဆွေ မျိုး သားချင်း တွေ ဟာ မိသား စု နဲ့  မိတ်ဆွေ တွေ အတွက် စားသောက် ဖွယ်ရာ ဖွယ်
ရာ တွေ ကို ရဲတပ် ဖွဲ့  တွေ မရှိ တဲ့ ခိုးယူတင်သွင်း နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက မြေသိမ်းခံရ တဲ့ သူတွေ ပါဝင်တဲ့ စက်တင်ဘာ လ ဆန္ဒပြ ပွဲ မှာ ဦးဆောင်ခဲ့
တဲ့ ဇူ ကျင်ဘို ကို ရဲက ဖမ်းဆီး စစ်မေး နေစဉ် အပြင်းအထန် နှိပ်စက်မှု ကြောင့် သေဆုံးသွား
တယ် လို့  သတင်း ထွက် ပေါ် ပြီးနောက် ဒီဆန္ဒ ပြ ပွဲ တွေ ပေါ်ပေါက် လာခဲ့ တာ ဖြစ်ပါတယ်။
တနင်္လာ နေ့ က တော့ တရုတ် အစိုးရ အာဘော်မီဒီယာ တွေ က ဇူကျင်ဘို ဟာ နှလုံးရောဂါ
နဲ့  သေဆုံး ခဲ့ တယ် လို့  ပြောပါတယ်။
ဆန္ဒပြ သူ တွေ ဟာ မြို့ တော် အုပ်ချုပ်ရေး ရုံးကို ပိတ် ဆို့  ဆန္ဒပြနေတာ တွေ ပိုမို အားကောင်း
လာတဲ့ အတွက် တရုတ် အစိုးရ က လုံခြုံရေး ၀န်ထမ်းတွေ တိုးမြှင့် ချ ထား တယ် လို့  ဟောင်
ကောင် လူ့ အခွင့် အရေး လှုပ်ရှားသူ တွေ ရဲ့  သတင်း ထုတ် ပြန်မှု တွေ ကို ကိုးကား ပြီး Fox
ရုပ်သံ အစီအစဉ်မှာ ဖော်ပြထားတပါတယ်။
တစ်ခါ ဂွမ်ဒေါင်း ပြည် နယ် လူဖန် ကမ်းရိုး တန်း မြို့ မှာ ရွှေ့ ပြောင်း အလုပ် သမားတွေ ရဲ့ 
ဆန္ဒပြမှု တွေ က ပိုမို အားကောင်း လာပြီး နောက် ဆုံးကြား သိရတဲ့ သတင်း တွေ အရ
တော့ ဒီဆန္ဒပြ မှု တွေ ကို တစ်နိုင်ငံ လုံးက ထောက်ခံ ပူးပေါင်းဖို့  ဘီဂျင်း နဲ့  ရှန်ဟိုင်း က
တက်ကြွ သူ တွေ ကလှုံ့  ဆော် နေကြပါတယ်။
တရုတ် အစိုးရဟာ ဆန္ဒပြ သူတွေ ရှိတဲ့ မြို့ ငယ်လေး ကို ပိတ် ဆို့ ထားတာ ဟာ လူ့ အခွင့်အရေး
ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် တာ ပဲ လို့  လူ့ အခွင့် အရေး လှုပ်ရှား သူတွေ က
ဝေဖန် ကြပါတယ်။
တရုတ် အစိုးရ ကတော့ ဒီဝူကန် မြို့  မှာ ဖြစ်ပွား နေတဲ့ ၀မ်းလျှော ရောဂါ တခြားမြို့ တွေ မကူး
စက်အောင် ကျန်းမာရေး စောင့်ရှောက် မှု ပေးနေတာ လို့  ဆိုပါတယ်။
http://freedomnewsgroup.com/2011/12/14/china-protests/
ဦးဝင်းတင်နှင့် တင်ရေး၊ ၀င်ရေး၊ ပြင်ရေး၊ ထူထောင်ရေး (NLD နဲ့ ၈၈ မျိုးဆက်)
Interview with U Win Tin – တင်ရေး၊ ၀င်ရေး၊ ပြင်ရေး၊ ထူထောင်ရေး (NLD နဲ့ ၈၈ မျိုးဆက်)

တင်ရေး၊ ၀င်ရေး၊ ပြင်ရေး၊ ထူထောင်ရေး (NLD နဲ့ ၈၈ မျိုးဆက်)
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၁
ဒီတပတ် ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးဖြစ်တဲ့ မေးခွန်းတွေကတော့ လက်ရှိပြည်တွင်းမှာ ရွေးကောက်ပွဲ ၀င်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ မှတ်ပုံတင်ပြီး ပါတီပြန်လည်ထူထောင်ရေး စတဲ့ ကိစ္စများအပေါ်မှာ ၈၈ မျိုးဆက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများ၊ သံဃာတော်များနဲ့ ပါတီဝင်များ၊ ပါတီထောက်ခံသူများနဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများရဲ့ အမျိုးမျိုးသော သဘောထားများ၊ လုပ်ထုံးလုပ်နည်းများ ပြောဆို ထင်မြင်ချက်များနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲဝင်ဖို့ လုပ်တယ်၊ အဲသည်အပေါ်မှာ အမျိုးမျိုးအဖုံဖုံသော သဘောထားတွေပေါ်ထွက်လာတယ်။ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါကို လက်ခံကြိုဆိုကြတယ်။ တချို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ ရဟန်းသံဃာတော် မလွတ်မြောက်သေးတဲ့အခြေအနေမှာ ဒါကို စဉ်းစားစေချင်တယ်။ တချိုကတော့လည်း ပါတီနဲ့အတူ ရွေးကောက်ပွဲဝင်ဖို့ ၈၈ မျိုးဆက်တွေ၊ ကျောင်းသားတွေအတွက် နေရာပေးပါ။ သူတို့ကို အရေအတွက်တခုပေးပြီး အတူတူ ‘တင်’ ကြ၊ ‘၀င်’ ကြပါလို့ ပြောတယ်လို့ ဆိုတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာတို့က ဘယ်လိုမြင်တွေ့နေရသလဲ။
ဖြေ။ ။ အင်န်အယ်ဒီမှာက ရွှေဂုံတိုင်ရပ်တည်ချက်ရှိတယ်။ ၂၀၀၉ ဧပြီမှာ ထုတ်ပြန်ခဲ့တာ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါ။ ခုနောက်ပိုင်းမှာ လွတ်မြောက်လာသူတွေ ရှိသော်လည်း မလွတ်မြောက်သေးတဲ့သူတွေ ရှိနေတယ်၊ ကျန်နေတယ်။ နောက်တခုက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုတာ။ အဲသည်တုန်းက အနယ်နယ်က အင်န်အယ်ဒီခေါင်းဆောင်တွေ ၁၀၀ ကျော် စည်းဝေးပြီးတော့ ဆုံးဖြတ်ထားခဲ့တာ။ ဒါက “လွှတ် / ပြင် / ၀င်” လို့ ပြောမလား။ ” ပြင် / ၀င်” လို့ ပြောမလား။ လွှတ်ပေးရမယ်၊ ပြင်ဆင်ရမယ်။ ဒါမှ ရွေးကောက်ပွဲဝင်နိုင်မယ်ပေါ့။ ဒါပေမယ့် အခုဟာက ၀င်မယ်လို့ ဆုံးဖြတ်လိုက်တော့ …”၀င် / ပြင်” ဖြစ်သွားပြီ။ ဒီတော့ ပြင်/၀င်ဖက်ကနေပြီး ၀င်/ပြင်ကို မေးခွန်းထုတ်တာတွေ၊ စကားပြောဆိုတာတွေ ရှိနေတာပေါ့လေ။ အရင်က လွှတ်တော်တွေကို သပိတ်မှောက်မယ်လို့ ဆိုတဲ့ သဘောထားတွေ ရှိကြတယ်။ နောက်တော့ လွှတ်တော်ထဲဝင်ပြီး ဆောင်ရွက်လုပ်ကိုင်ကြမယ်ဆိုတဲ့ သဘောထားတွေ ဖြစ်လာကြတယ်။ ဒါက နိုင်ငံရေးရဲ့ ဖြစ်မြဲထုံးစံပဲ။ (Process)။ နောင်ကျရင်တော့ သမိုင်းမှာ ပြေလည်ရင်လည်း ပြေလည်သွားနိုင်မယ်။ မပြေလည်ရင်လည်း ဒီကိစ္စဟာ သမိုင်းမှာ မှားတယ်၊ မှန်တယ်ဆိုတာ ဆက်ပြီး ဆွေးနွေးစရာ အရှည်သဖြင့်တခုလည်း ဖြစ်သွားနိုင်တယ်။
မေး။ ။ အဲသည်မှာ သဘောတခုက လက်ရှိနိုင်ငံရေးအခြေအနေ အကြပ်အတည်းရဲ့ ပကတိကို ကြည့်ပြီး ‘၀င်/ပြင်’ သင့်သလား၊ ‘ပြင်/၀င်’ သင့်သလားဆိုတဲ့ အချိန်ကျ မကျကို ဆွေးနွေးနေကြတာမဟုတ်လား ဆရာ။ အခုဟာက အင်န်အယ်ဒီပါတီကိုယ်တိုင်က တခဲနက်တည်း ‘၀င်/ပြင်’ ကို ရွေးချယ်ထားပြီးပြီပဲ။
ဖြေ။ ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ပြောနေကြတာက ‘၀င်/ပြင်’ ဖက်ကဆိုရင်ပေါ့ကွာ။ အခုဆိုရင် အနှစ် ၂၀ ရှိပြီ။ ဘာဖြစ်လို့ အချိန်ကို စောင့်နေကြဦးမှာလဲ။ နောက်ပြီးတော့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွတ်မြောက်နေတယ်။ ကိုယ်တိုင်ဦးဆောင်မှု ပေးနေတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ စည်းရုံးနိုင်မှု အင်အားကိုလည်း ထည့်တွက်သင့်တယ်။ ဒါမျိုးတွေ ပြောကြတယ်။ လွှတ်တော်ထဲမှာ တတိယအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ တပ်မတော်သားတွေ၊ ကြံ့ဖွံ့ပါတီဝင်တွေ၊ တစညလိုမျိုး ပါတီတွေက ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားချင်း ထပ်တူထပ်မျှဖြစ်လာပြီး ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြင်ဆင်ပြဋ္ဌာန်းမှုတွေ လုပ်ဆောင်လာနိုင်မယ်လို့ ပြောလာကြတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကို ပွားယူနိုင်တယ်လို့ ပြောဆိုကြတာတွေ ကြားရတယ်။ မူလက ၁၀၊ ၂၀ လောက်ကနေ ၁၀၀၊ ၂၀၀ အဆဆ ပွားသွားမယ်လို့ ပြောကြတယ်။
မေး။ ။ အဲဒါက ‘၀င်/ပြင်’ တွေဖက်က ပြောတာပေါ့ဆရာရယ်။ နိုင်ငံရေးအကျဉ်းသားတွေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ သံဃာ့တော်တွေ၊ သံဃာ့ခေါင်းဆောင်တွေ လွတ်မြောက်ခြင်း မရှိတဲ့အတွက် ပြည်သူတွေကို ချုပ်နှောင်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို အဓိကထား ပြင်ဆင်ဖို့ လိုအပ်တယ်။ အဲဒါပြီးမှ ရွေးကောက်ပွဲဝင်သင့်တယ်ပေါ့လေ။ ‘ပြင်/၀င်’တွေ ဖက်က ပြောဆိုတာတွေ၊ နောက်ပြီးတော့ အခုတလောမှာ ၈၈ မျိုးဆက်တွေ၊ ဗကသကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ သံဃာ့တပ်ပေါင်းစုတို့ကလည်း နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးလို့ သူတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့ ရွေးကောက်ပွဲအပေါ်သဘောထားကို မကန့်ကွက်ဘူး၊ လေးစားတယ်။ သူတို့အနေနဲ့ သူတို့နံမယ်သုံးပြီးတော့ မ၀င်ဘူးလို့ ထုတ်ပြန်တာတွေ ရှိလာတယ်လေ။ အဲဒါတွေကို ဆရာတို့ ဘယ်လိုမျိုး ရင်ဆိုင်နေရသလဲ။
ဖြေ။ ။ ၈၈မျိုးဆက်တွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ၊ ရဟန်းသံဃာတွေနဲ့ လူထုလူတန်းစားအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ စွန့်လွှတ်အနစ်နာခံသူတွေ အများအပြားဟာ ထောင်ထဲမှာ ဖမ်းချုပ်ခံထားရဆဲဖြစ်တယ်။ သူတို့တွေရဲ့ အင်အားတွေ ဆောင်ရွက်မှုတွေ အားနည်းနေချိန်မှာ ရွေးကောက်ပွဲကို အပြင်ကလူတွေ ၀င်ကြရင် ဒီမိုကရေစီအင်အားစုတွေအချင်းချင်းတွေကြားမှာ သဘောထားတွေ ကွဲကြတာ၊ ညီညွတ်မှုတွေ ထိခိုက်ကုန်တာတွေ ဖြစ်နိုင်တယ်။ လှုပ်ရှားမှုတွေ ရုန်းကန်မှုတွေမှာ အားလျော့သွားနိုင်တယ်။ အချင်းချင်းတွေကြားမှာ လမ်းခွဲကြီး တခုလို ဖြစ်သွားမယ်။ နောင်ကျရင် လွှတ်တော်ထဲက ဒီမိုကရေစီအင်အားစုတွေကို အာဏာရှင်တွေက လက်ကိုင်တုတ်သဖွယ် သုံးပြီးတော့ အပြင်ကဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားသူတွေကို တိုက်ခိုက် နှိမ်နင်းတာတွေ လုပ်လာမယ်လို့လည်း ပြောဆိုကြ၊ ထင်မြင်ချက်ပေးကြတာတွေလည်း ရှိပါတယ်။ သူတို့ပြောတာကလည်း မှားတယ်လို့ ပြောလို့မရဘူးလေ။ လက်ခံပြီး နားထောင်ပေးရပါတယ်။ ဒါကလည်း ကျနော်တို့ရဲ့ ၂၀၀၉ ရွှေဂုံတိုင်ကြေငြာချက်ထဲက ‘လွှတ်/ ပြင်/ ၀င်’ ဆိုတဲ့ သဘောမျိုးပဲလို့ ပြောရင်ရပါတယ်။
မေး။ ။ အခုထွက်ပေါ်လာတဲ့ သဘောထားတွေနဲ့အတူ ဆရာတို့ရဲ့ပါတီပြင်ပမှာ ဘယ်လိုမျိုး နိုင်ငံရေးအင်အားတွေပေါ်ပေါက်လာတယ်လို့ တွေ့ရသလဲ။
ဖြေ။ ။ ကျနော့်အမြင်ပြောရရင် “၈၈မျိုးဆက်” လို့ပြောရမယ့် နိုင်ငံရေးအင်အားစု ထွက်ပေါ်လာတယ်လို့ ပြောချင်တယ်။ ယခုထက်ထိ အကျဉ်းထောင်ထဲမှာ ဖမ်းချုပ်ခံထားရတဲ့ ၈လေးလုံးတွေ၊ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈တွေ၊ ပြီးတော့ အဲသည် ၈၈မျိုးဆက်တွေကို လိုလားတဲ့ ထောက်ခံတဲ့ အင်အားစုတွေဆိုပြီး သိသိသာသာပေါ်ထွက်လာတယ်လို့ ပြောချင်ပါတယ်။ အဲသည် ၈၈မျိုးဆက်တွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့သူတွေ ရှိလာတယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်တာကို လက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတဲ့ သဘောထားလည်း ထွက်လာတယ်။ ပြီးတော့ နောက်ဆုံးတခုကတော့ ရွေးကောက်ပွဲကို ၈၈အမည်ခံပြီး မ၀င်ဘူး၊ ရွေးကောက်ပွဲဝင်တာကိုလည်း ကန့်ကွက်ခြင်းမပြုဘူး၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီရဲ့ နိုင်ငံရေးအင်အားနဲ့ ရပ်တည်ချက်တွေကို ၀န်းရံပေးမယ်ဆိုတဲ့ သဘောထားလည်း ထွက်ပေါ်လာတယ်။
မေး။ ။ ဒါတွေ ထွက်လာတာက ဆရာကိုယ်တိုင် တွေ့ကြုံကြားသိနေရတာပေါ့။ သူများတွေ ပြောဆိုနေတာကို တဆင့်အကြားသက်သက်နဲ့ မဟုတ်ဘူးပေါ့။
ဖြေ။ ။ ကိုယ်တိုင်မြင်ရ၊ သိရတာတွေပါ။ ထောင်ထဲက သဘောထားတွေ ထွက်လာတယ်။ စာနဲ့ ပေနဲ့ ရေးသားကြတယ်။ ထောင်ပြင်က ၈၈ တွေကလည်း ပြောဆိုဆွေးနွေးကြတာတွေ လုပ်လာကြတယ်။ ဒေါ်စုကို ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာမျိုးကအစ ပြောကြ တင်ပြကြ ဆွေးနွေးကြတာတွေ ရှိတာကို မြင်တွေ့နေရတယ်။ အဲသည်မှာ နောက်ဆုံး အများစုရဲ့ သဘောထားက ဘာဖြစ်လာသလဲဆိုတော့ ၈၈မျိုးဆက်တွေအနေနဲ့က သူတို့ရဲ့ ခေါင်းဆောင်တွေ၊ အခြားတိုင်းရင်းသားတွေ၊ သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေသေးသမျှမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီနဲ့ ချိတ်တွဲပြီးတော့ ရွေးကောက်ပွဲကို မ၀င်ကြဘူးဆိုတဲ့ သဘောထား ကျသွားတယ်။ လိုင်းပြတ်သွားတယ်ပေါ့ကွာ။ ဒါ့အပြင် နောက်ထပ်ပြတ်သွားတဲ့ လိုင်းတခုကတော့ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီပါတီကိုတော့ ၀ိုင်းရံကြရမယ်ဆိုတာ အရေးကြီးတယ်။ အင်န်အယ်ဒီမှ ၀န်းရံပြီး အသွင်သဏ္ဍန်အမျိုးမျိုးရှိသော ဒီမိုကရေစီလုပ်ငန်းတွေမှာ ဆက်လက်လုပ်ဆောင်သွားကြမယ် ဆိုတာမျိုးဖြစ်လာတယ်။ တသီးပုဂ္ဂလအနေနဲ့ ပါတီနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ကြတာတွေ၊ ရွေးကောက်ပွဲဝင်ကြတာတွေကိုလည်း ဘာမှ မှတ်ချက်ပေးစရာမလိုဘူးလို့လဲ သူတို့ဖက်က ရှင်းလင်းပေးလိုက်တယ်။ ဒါကတော့ ပြည်တွင်းမှာရှိနေတဲ့ ၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးအင်အားစုရဲ့ ရပ်တည်ချက်၊ သဘောထားဖြစ်လာတာကို နောက်ဆုံးမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ပြောချင်တယ်။
မေး။ ။ ပြည်တွင်းမှာ ၈၈မျိုးဆက် နိုင်ငံရေးအင်အားစုအနေနဲ့က နောက်ဆုံးမှာ ‘၀င်/ပြင်’တွေ ‘ပြင်/၀င်’တွေ အခြားအချက်အလက်တွေ၊ ရွေးကောက်ပွဲတို့၊ ပါတီမှတ်ပုံတင်တာတို့ကို အဓိကထား ပြောဆို ဆွေးနွေးနေကြတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို အတိုက်အခံနိုင်ငံရေးအင်အားစုတခုအဖြစ် အားလုံးက ၀န်းရံမယ်ဆိုတာမျိုး ဆုံးဖြတ်ချက်ကျသွားတယ်လို့ ပြောရမှာပေါ့၊ ဟုတ်လား ဆရာ။
ဖြေ။ ။ အဲလိုမျိုး ဖြစ်ပေါ်လာတယ်လို့ ပြောရမယ် ထင်ပါတယ်။ အဲသည်လိုမျိုး အခြားသော ပြည်ပကဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ၊ နိုင်ငံရေးအင်အားစုတွေမှာလည်းပဲ အလားတူသဘောထားမျိုး၊ ရပ်တည်ချက်မျိုး လိုင်းကျသွားမယ်၊ ဆုံးဖြတ်နိုင်ကြမယ်ဆိုရင်ဖြင့် အချင်းချင်းတွေကြားထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်သွားကြမယ်။ ရှုပ်ထွေးမှုတွေ မဖြစ်ပေါ်တော့ဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျဉ်းမှာလည်း ထိရောက်မှုတခုခုဖြစ်လာတော့မယ်လို့ ယူဆပါတယ်။
မေး။ ။ ဆရာကိုယ်တိုင်လည်း ရွှေဂုံတိုင်ကြေညာချက်ကို လက်ခံသူ၊ ထောက်ခံသူတဦးဖြစ်နေရက်နဲ့ အင်န်အယ်ဒီပါတီဝင်တဦးဖြစ်နေတဲ့အတွက် အများဆုံးဖြတ်ချက်ကို လက်ခံပြီးတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ၀င်ပြီး လုပ်ကိုင်ဆောင်ရွက်နေရတယ်လို့ ပြောရင်ရမလား ဆရာ။
ဖြေ။ ။ ပြောလို့ရပါတယ်။ အခုအချိန်မှာ ကျနော်တို့လည်း ရွေးကောက်ပွဲဝင်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေးတွေ၊ ပါတီပြန်လည်ထူထောင်ရေးတွေမှာ ၀င်ရောက်လုပ်ကိုင်နေရတာကို တွေ့နိုင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ နောက်တရက်မှာတော့ ၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးအင်အားစု လို့ ဆရာသုံးနှုန်းတာကို ဆက်ပြီး မေးမြန်းပါဦးမယ်။
ဖြေ။ ။ ကောင်းပါပြီ။ တွေ့ကြသေးတာပေါ့ကွာ။
http://moemaka.com
အင်မတန်အရေးကြီးတဲ့ ခြေလှမ်းတခုကိုစပြီ
(ကိုညိုအုန်းမြင့်နှင့်မေးမြန်းချက်)
Published on December 15, 2011 by ရွှေအောင်
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ မြန်မာအတိုက်ခံ ခေါင်းဆောင်နဲ့ တရုတ် အဆင့်မြင့်အရာရှိတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။`
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ဒီလို တွေ့ဆုံတာဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဘယ်မှာ တွေ့ဆုံလဲဆိုတာကိုလည်း ပြောမသွားပါဘူး။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် သံအမတ်တို့ တွေ့ဆုံမှုကို အတည်ပြု ပြောဆိုပေမယ့် အသေးစိတ်ထုတ်ဖော်ပြောဆိုတာခြင်း မရှိပါဘူး။

ကိုညိုအုန်းမြင့်
အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သံအမတ်တို့ တွေ့ဆုံတာဟာ မြန်မာ ဒီမိုကရေစီ အပြောင်းအလဲအတွက် တွန်းအားတခု ဖြစ်လာနိုင်ပါသလားဆိုတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နိုင်ငံခြားရေးတာဝန်ခံ ကိုညိုအုန်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို တရုတ်သံအမတ်နဲ့ တွေ့တာ ဘယ်လို အကြောင်းကြောင့်လို့ ဖြစ်နိုင်လဲ။
“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက ဒီတရုတ်ပြည်အပေါ်မှာ သဘောထားကို တချိန်လုံး ဒီရေဒီယိုတွေရော၊ တွေ့ဆုံဆွေးနွေးပွဲတွေမှာပါ ထုတ်ပြောလေ့ရှိပါတယ်။ အခုဟာက ထူးခြားတာကတော့ အခု တရုတ်ဝန်ကြီးချုပ် ဝမ်းကြားပေါင် ဗမာပြည်ကို မဲခေါင်မြစ်ဝှမ်းဒေသ အစည်းအဝေးကို တက်မယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်သံအမတ် ကနေတဆင့် တရုတ်ခေါင်းဆောင်တွေကို ဗမာပြည်မှာ ဒီမိုကရေစီ ဖွံ့ဖြိုးမှုက တရုတ်ပြည်အတွက် အန္တရာယ်မရှိနိုင်ဘူးဆိုတဲ့အချက်ကို အဓိက ပေးချင်တဲ့ သတင်းစကား ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။”ဒေါ် အောင်ဆန်းစုကြည် အရင် တရုတ်နဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတာတွေကတော့ အိမ်နီးချင်း တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့် တရုတ်နဲ့ဆက်ဆံရေး ကောင်းမွန်ဖို့လည်း သူ လိုလားပါတယ်ဆိုတာမျိုးလည်း ထုတ်ပြောတယ်။ ဒါပေမယ့် တဖက်က တရုတ်ခေါင်းဆောင်တွေကတော့ ပြန်ပြီးတော့ အရိပ်အရောင်လေးတောင် ပြောတာဆိုတာ မတွေ့ရဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သံအမတ်နဲ့ တွေ့တယ်ဆိုတော့ တရုတ်ဘက်ကရော ဒီမိုကရေစီအင်အားစုတွေအပေါ် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကိုပေါ့နော် သဘောထား ဘယ်လိုရှိလဲ။
“အဓိကကတော့ တရုတ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်အထိက ပြီးခဲ့တဲ့ နအဖ အစိုးရနဲ့ပဲ ထိတွေ့ဆက်ဆံသွားမယ်ဆိုတဲ့ သဘောမျိုးကို ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အခုဒီအချိန်မှာ တရုတ်သံအမတ်ကြီး ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ သဘောတူခြင်းက ဗမာပြည်အပေါ်မှာ ထားတဲ့ တရုတ်နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရရဲ့ တချိန်တုန်းက တဖက်သတ် နအဖ အပေါ်မှာ ထောက်ခံခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသားခေါင်းဆောင် တဦးအပေါ်မှာ တရုတ်အစိုးရ အနေနဲ့လည်း ထိတွေ့ဆက်ဆံရမယ်ဆိုတာကို နားလည်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ တချိန်လုံး ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးရဲ့ အနေအထား ပြောင်းလဲမှုနဲ့ ပထဝီ နိုင်ငံရေးအနေအထား ပြောင်းလဲမှု အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို တရုတ်အစိုးရ သံအမတ်နဲ့ တွေ့ခြင်း ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။”
သိပ်မကြာ သေးခင်ကပဲ အမေရိကန်-မြန်မာအထူးသံကလည်း တရုတ်ကိုသွားပြီးတော့ မြန်မာပြည်နဲ့ သူတို့ ဆက်ဆံရေးကို ချပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကျိုးဆက်တွေနဲ့ အခုတရုတ်သံအမတ်တွေ့တာတွေနဲ့ ပေါင်းလိုက်ရင် တရုတ်အနေနဲ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပိုပြီးတော့ သိသိသာသာပေါ့ ထောက်ခံအားပေးလာမယ့် လက္ခဏာများ တွေ့ရလားဗျ။
“ကျနော့် အမြင့်ကတော့ အပေါင်းလက္ခဏာများတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေနဲ့ ကချင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိပ်ဖွင့်ပေးစာ အပေါ်မှာလည်း တရုတ်အစိုးရက အများကြီး ကျေနပ်တယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။ အဲဒီစာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုသဘော ဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေးအပေါ်မှာလည်း တရုတ်အစိုးရကနေပြီးတော့ ပြောင်ပြောင်တင်းတင်း မဟုတ်ရင်တောင်မှ တဖက်တလမ်းကနေပြီးတော့ အကူအညီပေးနေတယ်လို့ ကျနော်တို့ ယုံကြည်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရအနေနဲ့ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်သူပဲ ခေါင်းဆောင် ခေါင်းဆောင် တရုတ်အစိုးရအနေနဲ့ ဗမာပြည်မှာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလို့ သူတို့ခေါ်တဲ့ ဗမာပြည်အပေါ်မှာ ပိုပြီးတော့ လွှမ်းမိုးနိုင်တဲ့ နိုင်ငံခြားရေးမူဝါဒကို သူတို့ ထားရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရှင်းရှင်းပြောရရင် သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးတဲ့အချိန်မှာ တရုတ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့အတွက် တရုတ်ပြည်ရဲ့ ကိုယ်စားပေါ့နော် သံအမတ်ဆိုတာ တိုင်းပြည်ရဲ့ ကိုယ်စားပြုပုဂ္ဂိုလ် တဦး ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဒါဟာ အင်မတန်မှ အရေးကြီးတဲ့ ခြေလှမ်းတခုကို သူတို့ စပြီလို့ ကျနော်ထင်ပါတယ်။”
http://burmese.dvb.no/archives/18900
အရပ်သားအစိုးရ နဲ့ စစ်တပ်သြဇာအာဏာ
ဗုဒ္ဓဟူး, 14 ဒီဇင်ဘာ 2011
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ် ဦးကျော်ဇံသာ က သမ္မတဦးသိန်းစိန်အနေနဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ စစ်တပ်ကို ညွှန်ကြားခဲ့ပေမယ့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေဆဲပါ။ ဒီအတွက်ကြောင့်လည်း အရပ်သားအစိုးရအနေနဲ့ စစ်တပ်အပေါ်မှာ သြဇာရှိပါသလားဆိုတဲ့ မေးခွန်းများရှိလာခဲ့ပါတယ်။ အရပ်သားအစိုးရ နဲ့ စစ်တပ်ကြား ဆက်ဆံရေးအခြေအနေအပေါ် စစ်ရေးအကဲခတ် ဦးဌေးအောင်၊ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဦးအောင်ကျော်ဇော တို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီကနေ့ မြန်မာနိုင်ငံမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေမှာ လအတော်လေးကြာခဲ့ပါပြီ။ နိုင်ငံတကာကလည်း ဒီစစ်ပွဲတွေကို ရပ်ဆဲဖို့တောင်းဆိုနေပါတယ်။ ပြည်သူတွေကလည်း ရပ်ဆဲဖို့ တောင်းဆိုနေကြပါတယ်။ ဒီအချိန်မှာ သမ္မတဦးသိန်းစိန် က အပစ်အခတ်ရပ်ဆဲဖို့ ပြောလိုက်တယ်လို့ ကြားသိရပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေသေးတယ်။ ဆိုတော့ အဲဒါက သမ္မတရဲ့  ညွှန်ကြားချက်ကို စစ်တပ်က မလိုက်နာတာလား။ နိုင်ငံတော်အကြီးအကဲ သမ္မတတယောက်လုံးက ဒီလိုပြောတာကို စစ်တပ်က ဘာကြောင့်ဆက်လက် တိုက်နေသလဲဆိုတာကို ပထမဦးဆုံး ဦးဌေးအောင်ရဲ့  သဘောထားကို ကြားသိလိုပါတယ်။
ဦးဌေးအောင် ။ ။ ကျနော်မြင်တာကတော့ သမ္မတကိုယ်တိုင်က ညွှန်ကြားတယ်ဆိုရင် နိုင်ငံတခုမှာ အမြင့်ဆုံးအာဏာရှိတဲ့ သူက ညွှန်ကြားတယ်ဆိုရင် တပ်မတော်ဦးစီးချုပ်အနေနဲ့ ဒီလိုအမိန့်ကို လိုက်နာရမယ်။ မလိုက်နာဘူးဆိုရင် အရေးယူလို့ရတယ်။ အဲဒီတော့ အခုအချိန်မှာ ဒီညွှန်ကြားချက်ကို မလိုက်နာဘူးဆိုတာကတော့ ဒီ ညွှန်ကြားချက်က အစစ်အမှန် ညွှန်ကြားတာလား။ ဒါမှမဟုတ်လို့ နိုင်ငံတကာ ဖိအားတွေ၊ ပြည်သူလူထုရဲ့  ဖိအားတွေကို ရှောင်ဖို့ တမင်လုပ်ကြံတာလား။ ဒါကို ကျနော်တို့ ပြန်ပြီး စမ်းစစ်ဖို့လိုမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ညွှန်ကြားရာမှာ အစစ်အမှန်ညွှန်ကြားတယ်။ ‘မင်းတို့ ငါက ညွှန်ကြားလိုက်မယ်။ ဒါပေမဲ့ ဆက်တိုက်နေကွာ။’ လူကြားကောင်းအောင် ညွှန်ကြားမယ်ဆိုတဲ့ သဘောမျိုးလုပ်တယ်လို့ ဆိုလိုတာလား။ တကယ်တော့ နိုင်ငံတကာက ဖိအားပေးပေး၊ ဘာပေးပေး ညွှန်ကြားတယ်ဆိုရင် ရပ်ဆဲရမှာပေါ့။ မဟုတ်ဘူးလား။
ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ စစ်တပ်က ညွှန်ကြားတာမျိုးဆိုရင် အခုလိုမျိုး အရပ်ဖက်ကို ဒီညွှန်ကြားမှုကြီးတခုလုံးကို ထုတ်ပြီးတော့ ဖော်ပြတာမျိုးဆိုတာ အစဉ်အလာအရ မရှိပါဘူး။ နောက်တခုက သမ္မတအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားရမယ်ဆိုရင် အခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရဆိုရင် ကာလုံလို့ခေါ်တဲ့ ကော်မတီကတဆင့် ညွှန်ကြားရမယ့်သဘောလည်း ရှိပါတယ်။ အဲဒါကြောင့် အခု ညွှန်ကြားတဲ့ပုံစံက တပ်မတော်မှာ လုပ်ရိုးလုပ်စဉ် ပုံစံမျိုးမဟုတ်ဘူး။ နောက်တခုက ပြည်သူလူထုကိုလည်း အခုလို ချပြတာမျိုးက ထူးခြားတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကာလုံဆိုတာ နိုင်ငံတော်ကာကွယ်ရေး နဲ့ လုံခြံရေးကော်မတီလား။
ဦးဌေးအောင် ။ ။ ဟုတ်ပါတတ်ခင်များ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီအဖွဲ့ထဲမှာ သမ္မတက အကြီးအကဲအနေနဲ့ မပါဝင်ဘူးလား။
ဦးဌေးအောင် ။ ။ ပါပါတယ်ခင်များ။ ဒါပေမဲ့ အခုနလိုမျိုး ကာလုံမှာက တိုက်ရိုက် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကလည်း အဲဒီ အစည်းအဝေးမှာ ပါထားပြီသားဖြစ်တဲ့အတွက်ကြောင့် အခုလို စာတတန်ပေတတန်နဲ့ ညွှန်ကြားစရာမလိုဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးအောင်ကျော်ဇော သဘောထားက ဒီကိစ္စမှာ ဘယ်လိုရှိပါသလဲ။
ဦးအောင်ကျော်ဇော ။ ။ ကျနော်နဲ့ ကိုဌေးအောင် သဘောထား တူပါတယ်။ ဒီမှာဖော်ပြတာကတော့ အစစ်အမှန်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက လုပ်ရိုးလုပ်စဉ်ဆိုရင် ကာလုံအစည်းအဝေးမှာကတည်းက ကာလုံက ဆုံးဖြတ်တယ်ဆိုရင် စစ်တပ်တွေက ရပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာဇစ်မြစ်မှာက တကယ်လို့များ ဗိုလ်သိန်းစိန် က အကြောင်းကြားရဲသားနဲ့ ကိုမင်းအောင်လှိုင် က မလုပ်ဘူးဆိုလို့ရှိရင်တော့ ဒါက ဗမာပြည်မှာ အခု ၂၀၁၀ ဖွဲ့စည်းပုံရဲ့  နဂိုပြဿနာဇစ်မြစ်တွေ ပြန်ပေါ်လာတာ ဖြစ်တာပေါ့။ ဒါပေမဲ့ အခုနပြောသလို သူဟာ နိုင်ငံတကာ ဖိအားကို ကာကွယ်နိုင်ဖို့အတွက် သူကနေ ဒီလို ဒါလေး ညွှန်ကြားတယ်ကိစ္စလောက်နဲ့ ဟိုကမလုပ်ဘူးဆိုရင် သူတို့နှစ်ဘက်စလုံးမှာ အရှက်ရစေတဲ့ သဘောမျိုးဖြစ်တယ်။ တဘက်ကလုပ်ခိုင်းတယ်၊ တဘက်က မလုပ်ဘူး။ အဲဒီ သဘောမျိုးဖြစ်တယ်။ ကျနော်တို့ တခုလုံး ဒီဟာနဲ့ ပတ်သက်လို့ အခြေအနေ၊ အချက်အလက် ပြည့်ပြည့်စုံစုံ မသိသေးပေမယ့်။ ကျနော်တို့ မေးလို့ရတဲ့ အချက်အလက်အရ ပြောမယ်ဆိုရင် ဒီအခြေအနေက အခြေအနေမှန် မဟုတ်သေးဘူးလို့ ယူဆလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခြေအနေမှန် မဟုတ်သေးဘူးဆိုတော့ ဆက်လက်ပြီး တိုက်နေအုံးမယ်ဆိုတာကို ပြောတာလား။ အခြေအနေမှန် မဟုတ်ဘူးဆိုတာ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတနဲ့ ကာလုံ နဲ့ကြားမှာ ဆက်ဆံရေးဟာ အစဉ်အလာတရပ်အနေနဲ့ အခိုင်အမာ မရှိသေးဘူးဆိုတဲ့ သဘောကို ပြောတာလား။
ဦးအောင်ကျော်ဇော ။ ။ ဟုတ်ပါတယ်။ သဘောက အခုနပြောသလို အစိုးရဘက်မှာလည်း ကျနော်တို့ ကြားသိသလောက် နှစ်ပိုင်း ရှိပါတယ်။ တပိုင်းကလည်း တကယ်ကို မတိုက်ချင်တော့တဲ့လူ။ ဒါက အနည်းစု။ အများစုကတော့ တပ်က တိုက်နေတဲ့ကိစ္စကို ကြည့်နေကြတယ်။ ဘာကြောင့်လည်းဆို အစိုးရဘက်မှာ တကယ်တော့ တိုင်းပြည်မှာ လောလောလတ်လတ်ဆိုရင် အာဏာသုံးရပ်လို ဖြစ်နေတယ်။ တပိုင်းက အစိုးရ Cabinet ၊ တပိုင်းက တပ်၊ တပိုင်းက လွှတ်တော်။ အဓိက အစိုးရနဲ့ လွှတ်တော်ထဲမှာ တစုံတရာ စစ်ရပ်ချင်တဲ့ သဘောထားရှိမယ်။ တပ်က မရပ်တာကို စောစောက တွေ့ရတယ်။ စစ်ရပ်ဆဲတဲ့ကိစ္စမှာ ကျနော်ထင်တာတော့ ညီညီညွှတ်ညွှတ် မရှိပါဘူး။ မညီညွှတ်တဲ့သဘောက ရပ်ချင်တဲ့သဘောထားမျိုးကို သုံးခုလုံးမှာ မတွေ့ရဘူး။ အစိုးရပိုင်းကဆိုရင် သူဆုပ်ကိုင်ထားတဲ့ ပြန်ကြားရေးဌာနတွေမှာဆိုရင် တိုက်ပွဲသတင်းတွေ မဖော်ပြဘူး။ ဖော်ပြတဲ့အခါမှာလည်း ကေအိုင်အို ကို သောင်းကျန်းသူလို့ ရေးသားတယ်။ နောက် IDP ကိစ္စဆိုရင် ဖုံးကွယ်ထားတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း စစ်ပွဲကိစ္စ ရေးခွင့်မရှိဘူး။ ဒုတိယ လွှတ်တော်အပိုင်းမှာလည်း အခိုင်အမာ ဘယ်သူမှ ဆွေးနွေးကြတာ မတွေ့ရဘူး။ တပ်ကတော့ မပြောနဲ့တော့။ တပ်က ဦးစီးချုပ် နှစ်ယောက်ရဲ့  အုပ်ချုပ်မှုအောက်မှာ တိုက်နေတဲ့ စစ်ပွဲအသစ်ဖြစ်ရဲ့ သားနဲ့ တပွဲပြီးတပွဲ ရှုံးနေတာဖြစ်တယ်။ ဒါကြောင့်မို့ တပ်အနေနဲ့၊ ဦးစီးချုပ်တွေအနေနဲ့ အထက်အရာရှိကြီးတွေအနေနဲ့ လုံးဝ ရပ်ဆဲချင်တဲ့သဘောထား မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဦးအောင်ကျော်ဇော သုံးသပ်ချက်ကတော့ မြန်မာနိုင်ငံမှာ အခု ဖွဲ့စည်းပုံအရ အာဏာခွဲဝေမှု ပြတ်ပြတ်သားသား မရှိဘူးဆိုတာကို အဓိက တွေ့ရတယ်။ သူတို့တဖွဲ့ခြင်းရဲ့  ဆန္ဒကတမျိုး။ ဦးဌေးအောင်အနေနဲ့ အဲဒီအချက်ကို ဘယ်လိုမြင်ပါသလဲ။
ဦးဌေးအောင် ။ ။ အဲဒီအချက်ကတော့ အခုလက်ရှိ အောက်လွှတ်တော်ရဲ့  ဥက္ကဋ္ဌဖြစ်တဲ့ ဦးသူရရွှေမန်း ကိုယ်တိုင်က ဒီအချက်ကို ဝန်ခံသွားတာ ရှိပါတယ်။ ဒီဇင်ဘာလ (၁) ရက်နေ့မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူ့စကားအရ မဏ္ဍိုင်ကြီး (၃) ရပ်လို့ခေါ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေကြားမှာ အခုအပြောင်းအလဲတွေပေါ်မှာ လက်မခံနိုင်သေးတာတွေ ရှိနေတယ်။ တယောက်နဲ့တယောက်ကြား သဘောထားကွဲလွဲတာတွေ ရှိနေတယ်ဆိုပြီး သူက ထုတ်ဖော်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ရှိပါတယ်။ နောက်တခုကလည်း လွှတ်တော်ထဲမှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကြားမှာ ဒီ ဥပဒေအပေါ်မှာ အငြင်းပွါးပြီးတော့ အပြန်အလှန်၊ အခြေအတင် ပြောကြဆိုကြတဲ့ သာဓကတွေလည်း ရှိခဲ့တယ်။ အဲဒီတော့ အခုလက်ရှိ ဦးသိန်းစိန် အစိုးရကို ပြန်လေ့လာကြည့်မယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ အရင်တုန်းကတော့ စစ်တပ်ဆိုတဲ့ စစ်အာဏာရှင်အောက်မှာ အမိန့်ပေးတဲ့ပုံစံမျိုးနဲ့ အထက်အောက် သွားနေရာကနေ အခု ဖွဲ့စည်းပုံအရ ဘေးတိုက်ဖြစ်သွားတဲ့အခါမှာ တယောက်နဲ့တယောက် အမိန့်မနာခံတာတွေ။ တယောက်နဲ့တယောက် အချိတ်အဆက်မမီတာတွေ ဒါတွေကလည်း ရှိနေသေးတဲ့ သာဓကတွေကို တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တခု မေးချင်တာက ဦးအောင်ကျော်ဇော … ကျနော်ကြားဘူးတာတခုရှိတယ်။ စစ်သားတွေက ပြောဘူးတယ် ငြိမ်းချမ်းရေးလိုလားတာ ငါတို့ အလိုလားဆုံးပဲ။ သေစရာရှိရင် ငါတို့သေနေရတာ။ စစ်တပ်ဟာ ငြိမ်းချမ်းရေး အလိုလားဆုံးစကား။ မြန်မာစစ်တပ်က ဘာဖြစ်လို့ ငြိမ်းချမ်းရေး မလိုချင်တာလဲ။ နောက်တခုက သူတို့အတွက် ဒီ စစ်ပွဲကို တိုက်နေလို့ ဘာများအကျိုးရှိမလဲ။ အဲဒီ နှစ်ချက်ကို ရှင်းပြပေးပါ။
ဦးအောင်ကျော်ဇော ။ ။ ဗမာစစ်တပ်က ငြိမ်းချမ်းရေး အလိုချင်ဆုံးဆိုတဲ့ ပြဿနာကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဓိက အောက်ခြေမှာ လူထုနဲ့ ထိစပ်နေတဲ့လူတွေ။ တိုင်းတွေဒေသတွေထဲမှာ ရှိနေတဲ့ တပ်ဖွဲ့တွေ။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက စစ်တပ်က စစ်မတိုက်ရဘူးဆိုရင် သူတို့အတွက် ကောင်းတာပေါ့။ လူထုအတွက် ရိုက်စားလို့ရတယ်။ ဖားရိုက်လို့ရတယ်။ တောင်းစားလို့ရတယ်။ ငြိမ်းချမ်းတဲ့ကာလလို့ သဘောထားတဲ့အချိန်မှာ သူတို့ လုပ်ချင်တာလုပ်လို့ရတယ်။ အဲဒီတော့ သူတို့ စစ်မတိုက်ချင်တာ အမှန်ပဲ။ စစ်တိုက်ရင် သူတို့လည်း သေကြတယ်။ အခုလည်း လာတိုက်တဲ့ အောက်ခြေတပ်တွေမှာ စစ်တိုက်ချင်စိတ် မရှိဘူး။ ယနေ့ ကေအိုင်အေနဲ့ တိုက်တဲ့ပွဲတွေမှာ ဗမာစစ်တပ်က ချေမှုန်းရေးပွဲ တပွဲမှာ မရသေးပါဘူး။ မထိုးနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အခု ဆက်ပြောစေချင်တာက ဘာများအကျိုးရှိသလဲ။ ကေအိုင်အို နဲ့ တိုက်ပွဲကို ဘာဖြစ်လို့ စစ်တပ်က ဆက်တိုက်ချင်ကြသလဲ။ သူတို့ ဘာအကျိုးရှိသလဲ။ သမ္မတအမိန့်ကို ထောလောကန့်လန့် လုပ်ပြတဲ့ဆိုရုံပဲလား။
ဦးအောင်ကျော်ဇော ။ ။ အဲဒီ အခြေခံပေါ်မှာ ပြောမယ်ဆိုရင် ဗမာစစ်တပ်က ဘာဖြစ်လို့ ဆက်တိုက်နေသလဲဆိုရင် အောက်က မတိုက်ချင်ဘူး။ အခုနပြောတဲ့ ဦးစီးချုပ် နှစ်ယောက်အပါ။ နောက် အခုမှ အာဏာရထားတဲ့ သူတို့က လက်စွမ်းပြချင်တယ်။ ဒါပေမဲ့ လက်စွမ်းပြတာ လက်စွမ်းပြမရောက်ဘဲနဲ့ တိုက်ပွဲတိုင်းမှာ အရှုံးနဲ့တိုးပြီး ဆုံးရှုံးမှုတွေ ရှိနေတယ်။ ဒါကြောင့်မို့ သူတို့က မျက်နှာတခုရအောင် လုပ်ချင်တယ်။ ငြိမ်းချမ်းရေးမလုပ်ခင်မှာ။ ဆိုပါတော့ ကေအိုင်အိုရဲ့  တပ်မဟာ (၃) ဧရီယာတခုခုကို သူတို့မှာ ပြောလို့ရအောင်ကောင်းတဲ့ တခုခုလုပ်ချင်တယ်။ တပ်မဟာတခုလုံးကို ရလိုက်ပြီ။ တပ်မဟာ (၃) ကို ရလိုက်ပြီဆိုတဲ့ အဲဒါမျိုးတခုခု လုပ်ပြီးမှ စေ့စပ်ဆွေးနွေးရေး လုပ်ချင်တဲ့သဘောမျိုး မြင်နေရတယ်။
ဦးကျော်ဇံသာ ။ ။ ရှင်းပါတယ်။ ဦးဌေးအောင် သဘောထား ပြောပါ။ ဘာဖြစ်လို့ ဒီ စစ်ကို ဆက်တိုက်ချင်ရသလဲ။ စစ်တပ်အတွက် ဘာအကျိုးရှိမလဲ။
ဦးဌေးအောင် ။ ။ စစ်တပ်မှာ အကြီးအကဲတွေ ဖြစ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်တို့၊ အထူးစစ်ဆင်ရေးအဖွဲ့မှူးတို့၊ စစ်တိုင်းမှူးတို့ကတော့ စစ်ကို တိုက်ချင်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ခန့်အပ်ထားတာလည်း မကြာသေးဘူး။ လူသစ်တွေဖြစ်တယ်။ သူတို့ရဲ့  အစွမ်းအစတွေကိုလည်း ပြချင်တယ်။ နောက်ပြီးတော့ သူတို့က စစ်တိုက်မှာသာလျှင် သူတို့ရဲ့  သြဇာအာဏာကို သူတို့က တည်ဆောက်လို့ရတယ်။ အဲဒီအခါကြတော့ အပေါ်ပိုင်း ဗိုလ်ချုပ်တွေကတော့ စစ်တိုက်တာကို သူတို့အနေနဲ့ လိုလားတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့ အသေအကြေခံပြီး တိုက်နေရတဲ့ အောက်ခြေတိုက်မှူးတပ်သားတွေကတော့ ဒီစစ်ကို သူတို့တိုက်လာခဲ့ကြတာလည်း ကျနော်တို့ ဗမာပြည်စစ်သမိုင်းကို ကြည့်မယ်ဆိုရင် ဆယ်စုနှစ် (၅) ခုကျော်လောက် ရှိလာခဲ့ပြီ။ အဲဒီတော့ အောက်ခြေကတော့ စစ်ကို တကယ် ရွံမုန်းနေပါတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်ကတော့ ငြိမ်းချမ်းရေးကို လိုချင်နေမှာ အမှန်ပါ။
ဦးကျော်ဇံသာ ။ ။ အခု ကျနော်တို့က အရင်လည်း ဆွေးနွေးခဲ့ဘူးတဲ့ အကြောင်းအရာတခုကို မေးချင်ပါတယ်။ တရုတ်က သူတို့နယ်စပ်မှာဖြစ်နေတာကို လက်ပိုက်ကြည့်နေတာ ရေကာတာကိစ္စမှာ ကချင်က ကန့်ကွက်ခဲ့လို့ ကချင်ဖြစ်ချင်ရာဖြစ်ပေဆိုပြီး မျက်ကွယ်ပြုနေသလား။ ဘာဖြစ်လို့ တရုတ်က ဘာမှမပြောတာလဲ။ ဒုက္ခသည်တွေ သူတို့ဘက်ကို ဝင်သင့်သလောက် ဝင်နေတယ်။ ဦးအောင်ကျော်ဇော သဘောထားကို ပြောပါ။
ဦးအောင်ကျော်ဇော ။ ။ ဒါက နှစ်ခု ဖြစ်ပါတယ်။ တခုက ဦးကျော်ဇံသာ ပြောတဲ့ကိစ္စလည်း ပါပါတယ်။ မြစ်ဆုံကိစ္စက လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ကေအိုင်အေ က မပြတ်ပြောခဲ့တာ ဖြစ်ပါတယ်။ လူထုသိအောင်လည်း ဝါဒဖြန့်နိုင်ခဲ့တယ်။ ဒါကြောင့် ကချင်ပြည်နယ်တခုလုံးက မလိုလားဘူး။ အတိုက်အခံဖြစ်နေတာကို သူတို့ အစောကြီး သိပါတယ်။ ဒါကြောင့် ကချင်နဲ့ ပတ်သက်လို့၊ ကေအိုင်အေနဲ့ ပတ်သက်လို့ သူတို့မှာ သဘောထားတချို့  ရှိပါတယ်။ ဒုတိယအချက်ကတော့ ကေအိုင်အေမှာ UNFC ဖွဲ့တဲ့ကိစ္စမျိုး။ ကေအိုင်အေ ခေါင်းဆောင်တချို့  အမေရိကကို သွားတဲ့ကိစ္စမျိုး west ကိုသွားတဲ့ကိစ္စမျိုး တရုတ်က အတော်လေး အစားမကြေပါဘူး။ လိုတာရှိရင်ပြောပါဆိုပြီး ပြောတဲ့ကြားက သွားတယ်ဆိုတဲ့ လေသံမျိုးတောင် ထွက်လာတယ်။ တကယ်တော့ လိုတာရှိတော့လည်း မကူပါဘူး။ အဲဒီတော့ တရုတ်ပြည်ရဲ့  အခြေအနေဟာ လောလောလတ်လတ်ကတော့ on the border ပါ။ ကေအိုင်အို ကို ကူမလား။ ဗမာအစိုးရနဲ့ပေါင်းပြီး ကေအိုင်အို ကို ချေမှုန်းမလား။ အခုထိတော့ ကေအိုင်အို ကို လုံးဝချေမှုန်းလို့ မရဘူး။ ဗမာအစိုးရနဲ့ ပေါင်းပြီး ချေမှုန်းရင်လည်း သူတို့ဒေသမှာရှိတဲ့ ကချင်တွေနဲ့ ပြဿနာဖြစ်မယ်။ ဒေသထဲမှာလည်း တရုတ်ပြည်ထဲက ကချင်လူမျိုးတွေကလည်း ကေအိုင်အေရဲ့  လှုပ်ရှားမှုကို ထောက်ခံပါတယ်။ ဒါကြောင့် သူတို့ ပြဿနဖြစ်မယ်။ လောလောဆယ်တော့ လက်ပိုက်ကြည့်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် … အခု ကုလသမဂ္ဂက ကိုယ်စားလှယ်တချို့ ကို လိုင်ဇားကို ဝင်ခွင့်ပြုပါတယ်။ ဒီကနေပဲ ရောက်နေပြီးဆိုတာကို ကျနော်တို့သတင်းထောက်တွေက သတင်းပို့ပါတယ်။ ဆိုတော့ သမ္မတ ဦးသိန်းစိန်အစိုးရကတော့ နိုင်ငံတကာအဖွဲ့တွေကို လာကြည့်ခွင့်ပြုတဲ့သဘောမျိုး ရှိပါတယ်။ ဒီဟာကို ကြည့်မယ်ဆိုရင် ရှေ့  အလားအလာ ဘယ်လိုဖြစ်လာမလဲလို့ ထင်ပါသလဲ။
ဦးဌေးအောင် ။ ။ တခုတော့ ရှိပါတယ်။ ဦးသိန်းစိန် က သူ့အနေနဲ့ အရင် စစ်အစိုးရတွေနဲ့ ကွဲပြားခြားနားကြောင်း။ သူတို့မှာ ပွင့်လင်းမြင်သာမှုရှိကြောင်း။ နိုင်ငံတကာနဲ့လည်း သူတို့က နီးကပ်စွာ ဆက်ဆံလိုကြောင်း။ ဒါတွေကို ပြသဖို့အတွက် အခုလို ကုလသမဂ္ဂအဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေကို လာခွင့်ပြုကြောင်းလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလို လာခွင့်ပြခြင်းအားဖြင့် ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး လိုလားတဲ့လူနဲ့ စစ်ဆက်တိုက်ချင်တဲ့ လူကြားမှာ ဘယ်ဘက်က အင်အားသာပြီးတော့ နောက်ဆုံး ဘယ်လိုဖြစ်သွားနိုင်မလဲလို့ ထင်ပါသလဲ။ နောက်ဆုံး comment ပေးပါ။
ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ အခုလက်ရှိ ဖွဲ့စည်းပုံအရတော့ တပ်မတော်ကို သူတို့ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ကို လုပ်ပိုင်ခွင့်တွေ အပြည့်အဝပေးထားတယ်။ ကုန်ကုန်ပြောမယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ တရားဝင် အာဏာသိမ်းပိုင်ခွင့်ကိုတောင် ပေးထားတဲ့အတွက် နောက်ဆုံးမှာတော့ စစ်တပ်ရဲ့  သဘောတူညီချက် မရရင်၊ သမ္မတကလည်း ဘာမှ လုပ်ပိုင်ခွင့် ရှိမှာမဟုတ်ဘူး။ နောက်ပြီး အာဏာလည်းရှိမယ့် အနေအထားမျိုး မဟုတ်ဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးအောင်ကျော်ဇော နောက်ဆုံးမှတ်ချက် … ကချင်၊ ကေအိုင်အိုနဲ့ ဖြစ်နေတဲ့အခြေအနေဟာ ဘယ်လိုအဆုံးသတ်နိုင်မယ် ထင်ပါသလဲ။
ဦးအောင်ကျော်ဇော ။ ။ ရေရှည်လာတဲ့အခါမှာ ကျနော်အထင်တော့ ဗမာအစိုးရရဲ့  အဓိကတပ်က ပြောင်းလဲဖို့အခြေအနေ၊ သူ့ဘာသာသူ့သဘောထားနဲ့ ဖြစ်လာမှသာလျှင် ဒီတိုက်ပွဲက ရပ်သွားနိုင်ပါတယ်။ ကချင်ဘက်ကတော့ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ပါ။ သင့်တော်တဲ့ နိုင်ငံရေး solution တခု ခိုင်ခိုင်မာမာပြောပြီး ရပ်မယ်ဆိုရင် ရပ်လို့ရပါတယ်။
http://www.voanews.com/burmese/news
တရုတ်သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ
ကြာသပတေး, 15 ဒီဇင်ဘာ 2011
By မသင်းသီရိ

မြန်မာအစိုးရကို ကျောထောက်နောက်ခံ ပေးထားတယ်လို့ အများက မြင်နေကြတဲ့ တရုတ်နိုင်ငံက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ ဆက်ဆံမှုတွေ စတင်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံမှာ အစိုးရက အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးနောက် နိုင်ငံတကာ သံတမန် ဆက်ဆံရေးမှာလည်း ပြောင်းလဲလာနေတဲ့ အခြေအနေတွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာအစိုးရရဲ့ အဓိကမဟာမိတ် နိုင်ငံတခုအဖြစ် ယုံကြည်ထားကြတဲ့ တရုတ်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ခပ်ကင်းကင်း နေလာတာဖြစ်ပေမဲ့ အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး ခေါင်းဆောင်တဦးနဲ့ပါ တွေ့ဆုံလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျုံဝှာ
(Li Junhua) နဲ့ ပြီးခဲ့တဲ့ တပတ်အတွင်း ရန်ကုန်မြို့မှာ တွေ့ဆုံ ဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ဖက်က ထပ်တလဲလဲ တောင်းဆိုနေတဲ့အတွက် တွေ့ဆုံခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ လျူ ဝေမင်း (Liu Weimin) က ဒီကနေ့ပဲ ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။
"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေတာကို အခါပေါင်းများစွာ ပြောဖူးပါတယ်၊ သူ့ရဲ့ မေတ္တာရပ်ခံချက်ကို တုန့်ပြန်တဲ့ အနေနဲ့ တရုတ်သံအမတ်ကြီး သွားတွေ့ခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား အမြင်တွေကို နားထောင်ခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ၂ နိုင်ငံကြား မဟာဗျူဟာကျတဲ့ အပြည့်အ၀ ဆက်ဆံရေးမျိုး ထားရှိဖို့ သန္နိဓာန် ချထားတာဖြစ်သလို၊ မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေး တိုးတက်အောင် လူတွေဘ၀ သာယာဝပြောအောင် ကြိုးပမ်းမှုတွေဟာ အင်မတန် အရေးကြီးတာကို တရုတ်နိုင်ငံက လက်ခံထားတယ်၊ နိုင်ငံတခုရဲ့ အရေးကို ၀င်မစွက်ဖက်ရေး မူဝါဒအပေါ် အခြေခံပြီး၊ ၂ နိုင်ငံစလုံးက လူထုအတွက် ပိုမိုအကျိုးများစေဖို့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ သက်ဆိုင်ရာ လူမှု အသိုင်းအ၀န်းက အားလုံးနဲ့ တရုတ်နိုင်ငံက ထိတွေ့ဆက်ဆံနေတာ ဖြစ်ပါတယ်။"
ပြီးခဲ့တဲ့ ဒီဇင်ဘာ (၈) ရက်နေ့ က တရုပ်သံအမတ်ကြီးနဲ့ အတူ ဒုတိယ အတွင်းဝန်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည် ၃ နာရီကနေ ညနေ ၄ နာရီကျော်ထိ ၁ နာရီကျော် တွေဆုံခဲ့ပါတယ်။ ကနဦး ၂ ဦး ၂ ဖက် ဆက်ဆံရေး တွေရင်းနှီးလာစေဖို့ အတွက် အခုလို တွေ့ဆုံကြတာပါလို့လည်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်သာမြင့်ကပြောပါတယ်။
"ပထမတော့ တယောက်နဲ့တယောက် ရင်းနှီးဖို့ပါပဲ၊ တယောက်သဘော တယောက်သိဖို့ပါ။ အခုဟာက ဒီကြားထဲမှာ အနှစ် ၂၀ ကျော်က တရုပ်နဲ့ ကျနော်တို့ကြားထဲမှာ ပွင့်လင်းတဲ့ နားလည်မှု မရှိဘူးပေါ့။ အဲဒါအတွက် ပထမဆုံး အဆင့်အနေနဲ့ လာတွေ့တာပါ။ တယောက်နဲ့တယောက် နားလည်မှု အများကြီး ရပါတယ်။"
NLD ပါတီက ဦးခွန်သာမြင့်ပါ။
လာမယ့် သတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးကို တက်ဖို့ နိုင်ငံတော်ကောင်စီဝင် ဒိုင် ဘင်ဂေါင်း (Dai Bingguo) လာရောက်မှာ ဖြစ်ပါတယ်။ ဒီလို တရုတ်အဆင့်မြင့် အရာရှိတွေ မြန်မာနိုင်ငံကို လာစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ ခုချိန်ထိ မသိရသေးပေမယ့် တရုတ်ဖက်က ပြောင်းလဲလာတဲ့ ဆက်ဆံရေးတွေကြောင့်ရော လက်ရှိ အမေရိကန် မြန်မာ ဆက်ဆံရေးတွေကြောင့်ပါ တရုတ် ခေါင်းဆောင်တွေဟာ အစိုးရနဲ့ေ တွ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ခြေ ရှိနိုင်တယ်လို့လည်း မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြတာရှိပါတယ်။
တခါ ဒီကနေ့ ဗဟန်းရွေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ်မှာ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဥရေပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အကြံပေး Mr. Robert Cooper နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေရော CRPP အဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့အရေး အခြေအနေတွေ ပြောဆိုဖြစ်ခဲ့တယ်လို့ NLD ပါတီက ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
"မနက်၁၀နာရီက ကျနော်တို့အဖွဲ့ချုပ် ရွေဂုံတိုင်ရုံးမှာပါ။ CRPP အဖွဲ့တွေကလည်း သူတို့ရဲ့ အခက်အခဲ၊ သူတို့ပါတီတွေ ဘာကြောင့် မှတ်ပုံပြန်မတင်ဖြစ်သေးတယ် ဆိုတာရယ် ဘာကြောင့် ဆိုတဲ့နေရာမှာ ဥပမာ ရှမ်းဆိုရင် ခွန်ထွန်းဦးတို့၊ စိုင်းညွန့်လွင်တို့ အခုထိ မလွတ်မြောက်သေးတဲ့ အတွက် သူတို့အနေနဲ့ ခေါင်းဆောင်တွေ မရှိလို့ မှတ်ပုံမတင်ရသေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ စီးပွားရေးကိစ္စတွေ ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ IMF ကိစ္စတွေ၊ IMF တို့ဘာတို့နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေ ဆွေးနွေးတာပါ။ မစ္စတာ Cooper က အရင်လည်း တခေါက် လာဖူးပါတယ်။ သူတို့ကတော့ မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် ရွေးကောက်ပွဲကိစ္စ၊ လွတ်လပ်ဖို့နဲ့ Secret Voting နဲ့ Monitoring တွေရှိရင် ကောင်းမယ်ဆိုတဲ့ သဘောတွေ ဆွေးနွေးပါတယ်။"
NLD ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းပါ။
ဒါ့အပြင် မစ္စတာ Cooper က နိုင်ငံတော်သမ္မတနဲ့ရော အစိုးရအဖွဲ့ဝင် တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်း အရာတချို့ကို ရှင်းပြခဲ့တယ်လိုလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
တခါ လာမယ့် ဇန်န၀ါရီလဆန်းပိုင်းထဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟေ့ဂ် (William Hague) လည်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အာရှခရီးစဉ်ကို အဆုံးသတ်သွားတဲ့ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Drek Mitchell ကတော့ သူတရုတ်နိုင်ငံကိုရောက်စဉ်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ရေးတွေ၊ ဆက်ဆံရေးတွေ တိုးမြင့်လာတယ်ဆိုပေမယ့် တရုတ်နိုင်ငံကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိကြောင်းပြောခဲ့ပါတယ်။ အမေရိကန်အနေနဲ့ တရုတ် မြန်မာဆက်ဆံရေးမှာ အနှုတ်လက္ခဏာပြဖို့ မလိုလာဘူးလို့ ဘေဂျင်းမြို့တော်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/China_Meet_DASSK_Dec15_2011-135648433.html
EU ကိုယ်စားလှယ်Robert Cooper နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ငွေကြေးဆိုင်ရာကိစ္စများ ဆွေးနွေး
ကိုဝိုင်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ
ရောဘတ်ကူးပါး Robert Cooper နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြာသပတေးနေ့က တွေ့ဆုံရာတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အစည်းဝေးတက်သူများထံမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုရုံးချုပ်၌ မနက် ၁၀ နာရီမှစတင်ပြီး ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ရာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များလည်းပါဝင်ပြီး ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံတချို့ ဖလှယ်ခဲ့သည်။
“ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာတဲ့ အကြောင်းတွေ၊ စောင့်ကြည့် လေ့လာမှု
တွေ ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ World Bank နဲ့ IMF တို့ရဲ့ အကူအညီက လိုအပ်တယ် ဆိုတာ လည်း ပြောပါတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
မစ္စတာကူးပါး၏ ယခုခရီးစဉ်သည် ဒုတိယကြိမ်မြောက်ဖြစ်ပြီး

ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါး Robert Cooper
ဇွန်လ အတွင်းက အချက်အလက် ရှာဖွေရေး ခရီးစဉ် အဖြစ် မြန်မာနိုင်ငံဆိုင်ရာ EU အထူးသံ Piero Fassino နှင့်အတူ လာရောက်ခဲ့ဖူးသည်။
ယခုတွေ့ဆုံမှုအတွင်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွင် အလွန်အရေးပါကြောင်း လက်ခံထားကာ အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံတိုင်းလည်း ယင်းကိစ္စအား ထည့်သွင်းပြောဆိုလေ့ရှိသည်ဟု မစ္စတာကူးပါးက ပြောဆိုခဲ့ကြောင်းတွေ့ဆုံရာတွင်ပါဝင်သူဦးအုန်းကြိုင်က ပြန်ပြောပြသည်။
မစ္စတာကူးပါးနှင့်အတူ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာအီးယူ သံအမတ် မစ္စတာ ဒေးဗစ် ရေမွန် လစ်မန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ် Mr Thierry Mathou နှင့် EU အာရှရေးရာ
ဌာနအကြီးအကဲ Mr Ceseamus Gellespie တို့လည်း တွေ့ဆုံမှုတွင် ပါဝင်ကြသည်။
CRPP အတွင်းရေးမှူး ဦးအေးသာအောင်က တိုင်းရင်းသားအရေး ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် ပါတီများမှ ခေါင်းဆောင်များ အကျဉ်းကျဆဲဖြစ်သည့်အတွက် ပြန်လည် မှတ်ပုံမတင်ကြကြောင်း ပြောဆိုခဲ့သည်။
ဆွေးနွေးပွဲ၌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊
ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့်တို့နှင့် CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးနိုင်ငွေသိန်း၊ ဦးပူကျင့်ရှင်းထန်၊ ဦးရွှေကြူး၊ ဦးစိုးဝင်းတို့ တက်ရောက်ကြပြီး NLD ၏ လက်ရှိ နိုင်ငံရေးရပ်တည်ချက်များနှင့် ဆောင်ရွက်ချက်များ
အား ရှင်းပြခဲ့ကြသည်။
စီးပွားရေးကိစ္စနှင့် ပတ်သက်၍မူ “IMF ရဲ့ ပညာရှင်တွေရဲ့ အမြင်တွေ၊ နောက်ပြီးတော့ ငွေရေးကြေးရေးကိစ္စ၊ သုံးစွဲမှုတွေနဲ့ အခြေအနေတွေ၊ အဲဒါကို Balance လုပ်တဲ့ ကိစ္စတွေကို ပိုအလေးအနက်ထားတယ်လို့ ထင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။
မကြာသေးခင်က လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်၏ ခရီးစဉ် အတွင်းကလည်း
မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်ရန် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်အား
ပြောဆိုခဲ့ဖူးသည်။
မစ္စတာကူးပါး၏ ယခုခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပြင် နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌတို့နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သေးသည်။ ယင်းအပြင် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် လွှတ်တော်ဆိုင်ရာ
ကော်မတီဝင်တချို့နှင့် တွေ့ဆုံကာ နှစ်ဖက် ဆက်ဆံရေး တိုးမြှင့်ရန်၊ စီးပွားရေး၊ ငွေကြေးပြုပြင်ရေးနှင့် ငွေပေးချေ စနစ်၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြထားသည်။
မစ္စတာကူးပါး၏ ဇွန်လခရီးစဉ်အတွင်းကမူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်သာ တွေ့ဆုံခွင့် ရခဲ့သည်။
အသက် ၆၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား မစ္စတာကူးပါးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူတဦးဖြစ်ပြီး EU တွင် ၂၀၀၂ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့သူ ဝါရင့်သံတမန်တဦးလည်း ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ် ဝင်ထွက်မှုမှာ ဆက်တိုက် ဆိုသလို ဖြစ်လာပြီး ယင်းအနက် EU အဖွဲ့ဝင် ဂျာမနီ၊ အီတလီနှင့် ပိုလန် နိုင်ငံတို့လည်း သီးခြားစီ ပါဝင် သည်။
မြန်မာနိုင်ငံမှ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လေးကြိမ်မြောက် မဲခေါင်ဒေသ ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ရန်အတွက်လည်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စစ်ယင်လတ် ရှင်နာဝါထရာတို့လည်း လာရောက်ဦးမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8767-eu---.html
နာဂစ်တိုက်ပြီးတော့လမ်းမတွေပေါ်လဲကျနေတဲ့ သစ်ပင်တွေ အပျက်အစီးတွေကို စပြီးရှင်းပေးတာ သာဓုကန်ကျောင်းတိုက်က ရွှေညဝါဆရာတော်ကြီးနဲ့ တပည့်သံဃာတွေ...
နာဂစ်တိုက်ပြီးတော့ ကြည့်မြင်တိုင်တခွင်မှာ လမ်းမတွေပေါ်လဲကျနေတဲ့ သစ်ပင်တွေ အပျက်အစီးတွေကို
စပြီးရှင်းပေးတာ သာဓုကန်ကျောင်းတိုက်က ရွှေညဝါဆရာတော်ကြီးနဲ့ တပည့်သံဃာတွေပဲဖြစ်ပါတယ်. . .
တခြားဘယ်အစိုးရအဖွဲ့အစည်းမှ လူထုကို ကူညီဖို့ပေါ်မလာကြပါဘူး ။ ဆရာတော်ကြီးရဲ့ ကျောင်းတိုက်နဲ့
အခြားကျောင်းတိုက်တွေက သံဃာတွေရဲ့ ကောင်းမှုကြောင့်သာ လမ်းတွေပွင့်ပြီး သွားလာလို့ ရခဲ့တာဖြစ်ပါတယ် ။
ကြည့်မြင်တိုင်လူထုကတော့ ဆရာတော်ကြီးကို အတော်ပဲ ကြည်ညိုကြပါတယ် ။ဆရာတော်ကြီးဟာ
လူမှုရေးကူညီလိုစိတ် အရမ်းပြင်းပြတယ် ။ နာဂစ်ဒုက္ဓသည်တွေအတွက် နှစ်နဲ့ချီပြီး အကူအညီတွေထောက်ပံ့ခဲ့ပါတယ်



(မြန်မာမျှားနတ်မောင်ဖိုရမ်မှကောက်နုတ်တင်ပြသည်)
................................................
Burma VJ Media Network
ရွှေညဝါ ဆရာတော် မထွက်ခွာရစေရန် ရဟန်းတော်များ၊ဒကာ၊ဒကာမတွေက စုပေါင်း၍ အသနားခံ တောင်းပန်လျှောက်ထားလွှာ ထောက်ခံချက် လက်မှတ်များခေါင်းစဉ်ဖြင့်သာဓု ပရိယတ္တိစာသင်တိုက်မှာရှိတဲ့ ရဟန်းတော်၊ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ရပ်ကွက်သူ၊ရပ်ကွက်သားများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော်စုပေါင်း၍ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ အသနားခံ တောင်းပန်လျှောက်ထားလွှာ ထောက်ခံချက်စာရွက်များကို မ.ဟ.န ဆရာတော်များအပါအဝင် ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့ နှင့် သက်ဆိုင်ရာ ဌာနများကို ပေးပို့မယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ည ၁၀ နာရီခွဲတွင် လက်မှတ်ရေးထိုးတာကို ရပ်နားထားပြီး ၁၆ ရက်နေ့ မနက် ၆နာရီခွဲခန့် စတင်၍ ကောက်ခံသွားမည်ဖြစ်ပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သာဓု ပရိယတ္တိ စာသင်တိုက် ဒုတိယတိုက်အုပ်ဆရာတော် ဦးသူရိယကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
Interview to UThuRiYa about sign for ShweNyaWar Presiding Monk by Zar Ne





ရန်ကုန်မြို့လယ်တွင် နိုင်ငံခြားငွေ လဲလှယ်လိုသူများကို ပွဲစားများ အဖွဲ့လိုက်လိမ်လည်နေ
ညီသစ် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၄ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာ လမ်းထောင့်တဝိုက်ရှိ တရားမဝင် နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်သူ ပွဲစားများသည် ယခုကာလအတွင်း အဖွဲ့လိုက် ပူးပေါင်း၍ လိမ်လည်မှုများ သိသိသာသာ လုပ်လာကြကြောင်း ယခုလအတွင်း လိမ်လည် ခံခဲ့ရသူများထံမှ သိရသည်။
ဘားလမ်းဟုခေါ်သည့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်အနီးရှိ ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်း အနီးတဝိုက် ၌ ယခင်ကပင် တရားမဝင် နိုင်ငံခြားငွေ လဲလှယ်မှုများ ပြုလုပ်လေ့ရှိပြီး အဆိုပါ လိမ်လည်သူ အများစု လှုပ်ရှားတတ် သည့် နေရာလည်း ဖြစ်သည်။
ယင်းသို့သော လိမ်လည်မှုမျိုးမှာ ယခင်ကပင် ရှိခဲ့ဖူးသော်လည်း ယခုလပိုင်းအတွင်း ပေါ်ပေါ်တင်တင် ဖြစ်လာပြီး လိမ်လည်ခံရသူလည်း ပိုတိုးလျက်ရှိသည်။

ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်လိုက်သည့် သိမ်ဖြူ ငွေလဲလှယ်ရေးဌာန အဝင်ဝမြင်ကွင်းကို တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
“အဲဒီလို လိမ်တာက နှစ်ယောက်ကနေ လေး၊ ငါးယောက်လောက် စုပေါင်းလုပ်တာ။ ငွေလဲမယ့်သူ လာပြီဆိုရင် အစိုးရ ငွေလဲပေါက်ဈေးထက် ပိုပြောပြီး ရောင်းဖို့ ဝိုင်းပြောကြတယ်။ ရောင်းမယ့်သူလာတော့ အတင်းဝိုင်းညှပ်ပြီး ဘယ်လောက်လဲမှာလဲပေါ့။ ဥပမာ အစိမ်းတရာ ရောင်းမယ်ဆိုရင် အစိုးရဈေးက ၇၈၅ ဆိုရင် သူတို့က ၈ဝဝ လောက်
ပေးမယ်ပေါ့။ တကယ်တမ်းကျတော့ ရောင်းမယ်လည်းလုပ်ရော ရှစ်သောင်း မပြည့်တော့ပဲ ခုနှစ်သောင်းခွဲတို့၊ ခုနှစ်သောင်းနှစ်ထောင်တို့ ဖြစ်ကုန်တယ်။ ရဲလာပြီ ဖမ်းတော့မယ်ဆိုပြီး မြန်မြန် လက်ထဲကို ငွေထုတ်ထည့် ပြေးတာ” ဟု နိုဝင်ဘာ ဒုတိယပတ်အတွင်းက ငွေခုနှစ်ထောင်ခန့် လိမ်လည်ခံခဲ့ရသူတဦးက ပြောသည်။
လိမ်လည်သူများသည် ထိုအနီးတဝိုက်တွင် မယောင်မလည် ရှိနေတတ်ကာ ငွေလဲလှယ်လိုသည့်သူနှင့် တူသည်ဟု ယူဆပါက အုပ်စုလိုက်ရောက်လာကာ နိုင်ငံခြားငွေ အလဲအလှယ် လုပ်ဖို့ ရှိ၊ မရှိ စုပြုံ မေးမြန်းကြတက်လေ့ ရှိသည်။
ယင်းသို့ အုပ်စုဖွဲ့ လိမ်လည်ရာ၌ နိုင်ငံခြားသားများကိုပင် လိမ်လည်မှုများ ရှိပြီး လိမ်လည်ရာ၌ လက်လှည့်နည်း သုံး၍ ငွေရေပြကာ လိမ်လည်ခြင်းလည်း ဖြစ်သည်။ လိမ်လည်သူများမှာ လက်ချောင်းများ အတွင်း ခေါက်နည်းမျိုးစုံ
ဖြင့် အပြန်အလှန်ခေါက်ကာ ငွေရေတွက်ခြင်းအား ကျွင်းကျင်သူများဖြစ်ပြီး တဦးနှင့် တဦးလည်း ကူညီပေးတတ် သည်ဟု သိရသည်။
“တယောက်က ငွေရေနေပြီဆိုရင် ကျန်တဲ့သူတွေက လာရောင်းသူကို တခြားကိစ္စတွေနဲ့ အာရုံလွှဲတယ်။ ဥပမာ ဒီအရွက်က ဟောင်းနေပြီတို့၊ ဒီဟာလေးကို သူတို့မလို့ ယူတာတို့ ဘာတို့၊ ရဲဖမ်းမှာစိုးလို့ မြန်မြန်လုပ်ရတာဆိုပြီး ဝိုင်းပြောကြတော့ ရောင်းတဲ့သူအာရုံက ငွေရေနေတာကို မရောက်တော့ဘူး။ အဲဒီမှာ ငွေပါကုန်တာပဲ။ ကိုယ်လည်း
ရေနေရော သူတို့က ရဲလာပြီဆိုပြီး ပြေးကြရော” ဟု ကိုယ်တွေ့ကြုံခဲ့ရသူက ပြန်ပြောပြသည်။
ယခင်က ရန်ကုန်မြို့တွင် တရားဝင် နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ မရှိသဖြင့် ထိုနေရာများတွင်သာ
ငွေလဲလှယ်ကြလေ့ရှိပြီး အများအားဖြင့် အမေရိကန်နှင့် စင်္ကာပူဒေါ်လာများကို အများဆုံး အရောင်းအဝယ် ပြုလုပ်
လေ့ ရှိသည်။
သို့သော် ယခုအခါ တရားဝင်ငွေ လဲလှယ်ကောင်တာများ ဖွင့်လှစ်ထားသည့်အတွက် လာရောက် လဲလှယ်သူ နည်းပါးမည်ဟု ယူဆရဖွယ်ရှိသော်လည်း ငွေလဲလှယ်သူများနှင့် စည်ကားဆဲဖြစ်သည်ဟု လိမ်လည်ခံခဲ့ရသူထံမှ သိရသည်။
အစိုးရငွေလဲလှယ်ကောင်တာများ ရှိသော်လည်း နိုင်ငံခြားငွေများကို စစ်ဆေးလွန်းပြီး အစွန်းအထင်း အနည်းငယ် ပါပါက လက်မခံသည့်အတွက် လဲလှယ်လိုသူများ အခက်တွေ့ကာ ပြင်ပရှိ တရားမဝင် ငွေလဲပေးသည့် ပွဲစားများထံ
ရောက်ရှိရခြင်း ဖြစ်ကြောင်း ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်၏ အယ်ဒီတာ့ထံပေးစာ၌ တိုင်တန်းထားသည်။
ကျပ် ခုနှစ်ထောင်ခန့် လိမ်လည်ခံရသူမှာ ပမာဏာ အနည်းဆုံးဟု ဆိုနိုင်ပြီး ယင်းထက်ပိုကာ ကျပ်သောင်းနှင့်ချီ အလိမ်ခံရသူများလည်း ရှိကြောင်း ယင်းအယ်ဒီတာထံပေးစာတွင် ပါရှိသည်။
တရားဝင်ငွေ လဲလှယ်ရေး ကောင်တာများ၌ ရောင်းချလိုသူများမှာ မှတ်ပုံတင်အပြင် ယင်းငွေရရှိသည့် အထောက်အထားကိုပါ မဖြစ်မနေ ပြသရခြင်းကြောင့် ငွေလဲလှယ်သူများ အခက်အခဲတွေနေခြင်းသည် အဓိက ပြဿနာဖြစ်ကြောင်း ပုံမှန် ငွေလဲလှယ်နေသူများက မဇ္ဈိမကို ပြောသည်။
အုပ်စုဖွဲ့ လှုပ်ရှားသူများမှာ တနေ့လျှင် အနည်းဆုံး နှစ်ဦး၊ သုံးဦးခန့်အား လိမ်လည်ပြီးပါက ပျောက်ကွယ်သွားလေ့ ရှိသည့်အတွက် မှန်ကန်စွာ လုပ်ကိုင်နေသူ ငွေလဲလှယ်ရေးသမားများမှာ ထိခိုက်မှုများ ရှိနေကြသည်။
“အကောင်းဆုံးကတော့ အစိုးရကောင်တာတွေမှာ တင်းကျပ်လွန်းတဲ့ အချက်တွေကို ဖြေလျော့ပေးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုအလိမ်မခံရအောင်လည်း ပွဲစားတွေကို ထိထိရောက်ရောက် နှိမ်နင်းသင့်တယ်” ဟု ရန်ကုန်မြို့ခံဦးက ဆိုသည်။
http://www.mizzimaburmese.com/news/business/8762-2011-12-15-07-38-12.html
ဒေါက်တာမြတ်ဉာဏစိုး NLD နှင့်ပေါင်းရန် NDF မှ နုတ်ထွက်
မျိုးသန့် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခွဲထွက်များဖြင့် တည်ထောင်ထားသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF မှ အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ လက်ရှိပါတီမှ နုတ်ထွက်၍ NLD နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နုတ်ထွက်ရခြင်းမှာ ပါတီတွင်း ပြဿနာရှိ၍ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်မှုအတိုင်း
ဆောင်ရွက်လိုခြင်းကြောင့်ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပါတီသို့ နုတ်ထွက်စာ တင်ခဲ့ကာ ကြာသပတေးနေ့တွင် မိခင်ပါတီက နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။
“အန်တီစုဟာ အမျိုးသားခေါင်းဆောင် ဖြစ်နေပါတယ်။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာရော၊ အန်တီစုရဲ့ လျှောက်လှမ်း မှုတွေ၊ ဦးဆောင်မှုစွမ်းရည်တွေကြောင့် ဒီမိုကရေစီကို လိုလားတဲ့သူတွေက ဝန်းရံရမယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အန်တီစုရဲ့ လမ်းညွန်မှုကို ခံယူပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ဆုံးဖြတ်ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။” ဟု NDF ပါတီ ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက မဇ္ဈိမကို ပြောသည်။

NDF မှ အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ လက်ရှိပါတီမှ နုတ်ထွက်၍ NLD နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)
ဒေါက်တာမြတ်ဉာဏစိုးမှာ ၂၀၁၀ ရွေးကောက်ပွဲ၌ NDF ပါတီကိုယ်စားပြုအဖြစ် ရန်ကုန်တိုင်း မဲဆန္ဒနယ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရပြီး လက်ရှိတွင် အထက်လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဝင်လည်း ဖြစ်သည်။
NLD ပါတီမှ ပါတီဝင်ခွင့် လျှောက်လွှာ စတင်ထုတ်ပေးပါက ပါတီဝင်အဖြစ် လျှောက်ထားသွားမည်ဖြစ်ကာ သာမန် ပါတီဝင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒေါက်တာမြတ်ဉာဏစိုးက ဒီမိုကရက်တစ်အင်အားစု တခုတည်းသာ ရှိသင့်သည်ဟုလည်း ရှုမြင်သည်။
“NLD ကမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး NLD ဆိုတဲ့ သင်္ဘောကြီးကတော့ မြုပ်နေပြီ။ NDF ဆိုတဲ့ အသက် ကယ်လှေလေးက ထွက်လာတယ်။ အခုအချိန်မှာတော့ NLD ဟာ အန်တီစုရဲ့ ဦးဆောင်မှုနဲ့ ခုတ်မောင်း နေပါပြီ ဒီ့အတွက်ကြောင့် ကျနော်တို့ဟာ အသက်ကယ် လှေလေးကနေပြီးတော့ သင်္ဘောကြီးပေါ် ပြန်တက်တာ။” ဟု
ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။
အလားတူ အမျိုးသားဒီမိုကရေစီပါတီသစ် - NNLD ဒုဥက္ကဋ္ဌဖြစ်သူ လသာမြို့နယ် လွှတ်တော်အမတ် ဦးကြည်မြင့်မှာလည်း ယခုလ ခြောက်ရက်နေ့က ပါတီမှ နုတ်ထွက်ခဲ့ပြီး မိခင်ပါတီဟောင်းဖြစ်သည့် NLD နှင့် ပြန်လည် ပူးပေါင်း သွားမည်ဟု သိရသည်။
ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝ
ရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ယင်းနောက် NDF ပါတီတွင်း ပြဿနာများကြောင့် NNLD ပါတီသို့ ခွဲထွက်ခဲ့သူ ဖြစ်သည်။
“ကျနော်က ခြွင်းချက်မရှိ အကြွင်းမဲ့ NLD ကို ပြန်သွားချင်ပါတယ်။ အဲဒီသဘောနဲ့ မိခင် NLD ကို ပြန်လာတာပါ။ အမ
ဒေါ်အောင်ဆန်းစုကြည်က အစ အသစ်ပြန်ဝင်ကြမှာဆိုတော့ အဲဒီအချိန်ကျရင် လသာမြို့နယ်မှာ ကျနော် ပြန်ဝင်ရုံပဲ ရှိပါတယ်။” ဟု ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။
တရားဝင် မှတ်ပုံတင်ခွင့်ရပြီဖြစ်သည့် NLD မှာ လာမည့်အပတ်အတွင်း ပြည်ထောင်စု ကော်မရှင်သို့ သွားရောက်
လျှောက်ထားမည်ဖြစ်ပြီး မှတ်ပုံတင်ရပြီဆိုပါက ပါတီဝင်ဟောင်းများအပြင် ပါတီဝင်လိုသူ မည်သူမဆို ပါတီဝင် အဖြစ် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။
လျှောက်ထားသူများကိုလည်း စိစစ်လက်ခံသွားမည်ဖြစ်ကာ ပါတီဝင် ၁ဝ သိန်း လက်ခံမည်ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
NDF ပါတီ၏ မူဝါဒရေးရာကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက မိမိတို့အနေဖြင့် NLD ပါတီမှတ်ပုံတင် ခြင်းကို ကြိုဆိုကြောင်းနှင့် ပူးပေါင်းလိုပါက ငြင်းဆန်ရန်မရှိကြောင်း မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ ဖြေကြားခဲ့ဖူးသည်။
အမျိုးသားဒီမိုကရေစီပါတီသစ် NNLD အနေဖြင့် NLD နှင့် ပြန်လည်ပူးပေါင်းရေးမှာ NLD ခေါင်းဆောင်များပေါ်တွင်သာ မူတည်နေပြီး လွှတ်တော်တွင်း၊ ပြင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပူးပေါင်း ဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း သိရသည်။
“လောလောဆယ်မှာတော့ အဖွဲ့ချုပ်နဲ့ ပြန်လည်ပေါင်းစည်းရေးဟာ မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ ရေရှည် မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် လွှတ်တော်တွင်းမှာ ဖြစ်စေ၊ လွှတ်တော်
ပြင်ပမှာဖြစ်စေ တူညီသော လုပ်ငန်းများတွင် ဒီမိုကရေစီအင်အားစုအချင်းအချင်း ပူးပေါင်းညှိနှိုင်းသွားဖို့ရှိပါတယ်” ဟု NNLD ပါတီခေါင်းဆောင် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။
ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှာ ယခင်က NLD ခေါင်းဆောင်ဟောင်းတဦးဖြစ်ပြီး ၂ဝ၁ဝ တွင် NDF ပါတီကို ခွဲထွက်တည်ထောင်ခဲ့သည်။ ယင်းနောက် NNLD ပါတီကို ထပ်မံတည်ထောင်ခဲ့သူ ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8766--nld--ndf--.html
စွမ်းအင်ကဏ္ဍအတွက် ထိုင်းနှင့် မြန်မာ ဆွေးနွေးမည်
လင်းသန့် on December 15, 2011 5:51 pm
မဟာမဲခေါင် ဒေသတွင်း ဆွေးနွေးပွဲ တက်ရောက်မည့် ထိုင်းအစိုးရ အဖွဲ့ဝင်များသည် စွမ်းအင်ကဏ္ဍ ကိစ္စရပ်များကို မြန်မာနှင့် သီးခြားဆွေးနွေးသွားမည်ဟု သတင်းရရှိသည်။

ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ် (ဓာတ်ပုံ - Yingluck Shinawatra Facbook မှ)
ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နေပြည်တော်၌ ကျင်းပမည့် မဲခေါင်ဆွေးနွေးပွဲ ခရီးစဉ်သို့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်နှင့်အတူ နိုင်ငံခြားရေး ၀န်ကြီး ဆူရာပေါင်နှင့် စွမ်းအင် ၀န်ကြီး ပီချိုင်းတို့လည်း လိုက်ပါမည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။
မစ္စတာ ဆူရာပေါင်နှင့် မစ္စတာ ပီချိုင်းတို့သည် စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စများကို မဲခေါင်ဆွေးနွေးပွဲပြင်ပတွင် သက်ဆိုင်ရာ မြန်မာအာဏာပိုင်များနှင့် သီးခြားဆွေးနွေးသွားမည် ဖြစ်သည်။
ထိုင်းနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စွမ်းအင်လိုအပ်ချက်များရှိနေပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို လျှပ်စစ်စွမ်းအင်အတွက် တင်သွင်းနေရသည်။ ထိုင်း-မြန်မာနယ်စပ်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်းများ ပူးပေါင်းလုပ်နိုင်ရေး ညှိနှိုင်းသွားမည်ဟုလည်း အဆိုပါ သတင်းစာတွင်ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ တနင်္သာရီတိုင်း အထူးစီးပွားရေး ဇုန်ဖြစ်သော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးတွင်လည်း အီတလီ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီကြီးက ဦးဆောင် တာဝန်ယူဆောက်လုပ်နေသည်။
တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သော မဟာမဲခေါင် ၆ နိုင်ငံ၏ ဖွံ့ဖြိုးမူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထောက်ပံ့ကူညီထားသည်။ မဲခေါင် နိုင်ငံများသည် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ပြည်ပ ဧည့်ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံရေးတို့တွင် ပူးပေါင်းဆောင်ရွက်နေကြသည်။
ဒေသတွင်း တနိုင်ငံနှင့်တနိုင်ငံ ခရီးသွားလာ လွယ်ကူစေရန် ကုန်းလမ်းဖောက်လုပ်ရေး လုပ်ငန်းများလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြသည်။
အန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် ဒေသတို့အတွက် အရှေ့-အနောက် စီးပွားရေးဇုန်ကြီး ပိုမိုအားကောင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့သို့ပါ ဒေသတွင်း ချိတ်ဆက်မှုများကို ပိုမိုချဲ့ထွင်လာလျက်ရှိသည်။
နေပြည်တော်တွင် ကျင်းပမည့် ထိပ်သီး ဆွေးနွေးပွဲတွင် ၆ နိုင်ငံခေါင်းဆောင်များအနေဖြင့် ဒေသတွင်း ကိစ္စများအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း၊ အဆိုပါ နားလည်မူ စာချွန်လွှာ သဘောတူမှုများတွင် ဒေသတွင်း HIV/AIDS ရောဂါဖြစ်ပွားမှု လျှော့ချရေးလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မဲခေါင်ဆွေးနွေးပွဲကျင်းပမည့် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်စင်တာတွင် ယခုအချိန်မှစ၍ လုံခြုံရေး အထူးတင်းကြပ် ထားကြောင်း ဒေသခံများက ပြောသည်။
“ထုံးစံအတိုင်း ဧည့်စာရင်းစစ်တယ်။ နေပြည်တော်က အဓိက လမ်းတွေပေါ်မှာ ရဲအစောင့်တွေချထားတယ်” ဟု ပျဉ်းမနားဒေသခံတဦးက ပြောသည်။
ဘောဂသီရိကားဝင်းသို့ ည ၉ နာရီကျော်တွင် ၀င်ရောက်သည့် မည်သည့်ခရီးသည်မဆို အ၀င်ဂိတ်များတွင် မှတ်ပုံတင်နံပါတ်နှင့် သွားမည့်နေရာ၊ နေရပ်လိပ်စာများကို ရဲတပ်ဖွဲ့က တောင်ယူကြောင်း၊ ညပိုင်းဝင်ရောက်လာသည့် အဝေးပြေးကားများကိုလည်း ဂိတ်မှ မိုင်းရှာကိရိယာများဖြင့် ရှာဖွေကြောင်း သိရသည်။
http://burma.irrawaddy.org/archives/3658
NLD ရွေးကောက်ပွဲဝင်မည်ကို ကြံ့ဖွံ့စိုးရိမ်
ဧရာဝတီ on December 15, 2011 3:18 pm
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြည်ပလွှမ်းမိုးမှု ရှိသော ပါတီတခုကြောင့်မြန်မာနိုင်ငံအပေါ် ပြည်ပက လွှမ်းမိုးလာမည်ကို အထူးစိုးရိမ်သည်ဟု ပြောလိုက်ကြောင်း သတင်း ရရှိသည်။

လွှတ်တော်တက်နေသည့် တောင်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ်၊ ကြံ့ဖွံ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ - ဧရာဝတီ)
ဦးအောင်သိန်းလင်းက ရန်ကုန်အခြေစိုက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ အင်းလျားကန် မြကျွန်းသာ စားသောက်ဆိုင်တွင် တွေ့ဆုံ၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောသည်။
“သူပြောသွားတာက သူတို့က စာမဖတ်ဘူး၊ နိုင်ငံရေးအတွေ့အကြုံမရှိဘူး၊ အထက်အမိန့်ပဲ နားထောင်တတ်တဲ့ ဗိုလ်ချုပ် ဟောင်းတွေဖြစ်တယ်၊ ညွှန်ကြားတာကိုပဲ လုပ်တတ်တယ်တဲ့၊ အဲဒီတော့ သူတို့အနေနဲ့ တခြားနိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်းလိုတယ်၊ လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ပေါ့။ လောလောဆယ် မြန်မာ့နိုင်ငံရေးကို ပြည်ပက လွှမ်းမိုးမှုရှိလာမယ့် အရိပ်အရောင်တွေ မြင်နေရတယ်လို့လည်း ပြောတယ်” ဟု သူက ဆိုသည်။
ဦးအောင်သိန်းလင်း ပြောသည့် ပြည်ပလွှမ်းမိုးမှု ရှိနေသော ပါတီ ဆိုသည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံပြီး ကမ်းလမ်းမှုများ ပြုလုပ်လာခြင်းမှာ တကျော့ပြန် နိုင်ငံရေးတွင် NLD ပါဝင်လာမှုကို တန်ပြန်သည့် သဘောဖြစ်ကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်း အ၀န်းက ပြောဆိုနေကြသည်။
“ကြံ့ဖွံ့အနေနဲ့ အခုအခြေအနေမှာ ပါတီလှုပ်ရှားမှု မရှိသလောက် ဖြစ်နေတယ်။ ဂျာနယ်တွေ မှာကလည်း တနေ့ တနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သတင်းတွေကိုပဲ အဓိက ဦးစားပေးကြတော့ ဦးဌေးဦးတို့၊ ဦးအောင်သိန်းလင်းတို့ ကိုယ်တိုင်
စိတ်မသက်မသာ ဖြစ်နေတယ်ဆိုတာ သူတို့ကိုယ်တိုင် ထုတ်ဖော် ပြောခဲ့တာမျိုးရှိတယ်။ သူတို့အနေနဲ့ NLD သာ ရွေးကောက်ပွဲ ၀င်လာရင် ယှဉ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကလည်း အတော်ကြီးလာတယ်။ ဒါကြောင့် သူတို့ဘက်မှာ ခိုင်မာအောင် မဟာမိတ်ဖွဲ့ဖို့ ပါတီတွေကို စပြီး တွေ့တဲ့သဘောလို့ ထင်ပါတယ်။ NLD က ၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်၊ လူထုထောက်ခံခဲ့တယ်။ အခုလည်း ထောက်ခံမှု ရှိနေတာတွေ့နေရဆဲပဲ” ဟု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ နိုင်ငံရေးသမား တဦးက ဆိုသည်။
ပြည်တွင်း သတင်းဂျာနယ်များတွင် ကြံ့ဖွံ့ပါတီနှင့် ဒီမိုကရေစီမိတ်ဆွေပါတီများ ပူးပေါင်းမည်ဆိုသော ဦးအောင်သိန်းလင်း၏ အဆိုကို ကိုးကား ရေးသားခဲ့သော်လည်း အဆိုပါသတင်းများ မမှန်ကြောင်း၊ အလွတ်သဘော တွေ့ဆုံခြင်းသာ ဖြစ်ကြောင်း ဒီမိုကရေစီ ပါတီများက သတင်းစာ ရှင်းလင်းပွဲ ကျင်းပ၍ ပြန်လည် ရှင်းလင်း ခဲ့ကြရသည်။
ကြံ့ဖွံ့ပါတီက လာမည့်ရွေးကောက်ပွဲများတွင် တခြားသော အင်အားနည်း ပါတီများကို ငွေကြေးအရ ကူညီခြင်းများ ရှိလာနိုင်ပြီး တရားဝင် မဟာမိတ်ပုံစံဖြင့် NLD ပါတီကို ယှဉ်ပြိုင်လာနိုင်ကြောင်း သုံးသပ်မှုများကလည်း နိုင်ငံရး အသိုင်းအ၀န်းတွင်
ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိသည်။
“တချို့ပါတီတွေ ဘက်က ရုံးတွေဖွင့်ဖို့ နေရာ အကူအညီတောင်းတာမျိုး၊ ကားသွင်းခွင့်ရဖို့ တောင်းတာမျိုး တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲမှာ ပြိုင်ဖို့ ငွေရေးကြေးရေး ကူညီတာမျိုးလည်း လုပ်လာနိုင်ပါတယ်။ အင်အားနည်းတဲ့ ပါတီတွေနဲ့ ကြံ့ဖွံ့ပါတီက တရားဝင်မဟာမိတ်ဖွဲ့တာမျိုး လုပ်နိုင်ပါတယ်” ဟု ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီအဖွဲ့ဝင် နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီတို့ ပါဝင်သည်။
http://burma.irrawaddy.org/archives/3644
နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စိစစ်နေ ဒေါ်အောင်ဆန်းစုကြည် ပြော
2011-12-15
မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ အင်န်အယ်လ်ဒီ စာရင်းအရ ၆၀၀ နီးပါးရှိနေပြီး ပိုမိုတိကျအောင် ပြန်လည်စိစစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အာရ်အက်ဖ်အေက အပတ်စဉ်ထုတ်လွှင့်နေတဲ့ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေ တစ်ခုနဲ့တစ်ခု အရေအတွက် ကွဲလွဲနေတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုလိုက်တာပါ။
တစ်ဆက်တည်းမှာပဲ တခြားမေးခွန်းတစ်ခုကို ဖြေကြားရာမှာ ပါတီဝင်ဟောင်းတွေကို ဘယ်လိုမူချ ပြန်လည် စိစစ်လက်ခံမယ်ဆိုတာ အင်န်အယ်လ်ဒီက မကြာခင် ကြေညာချက် ထုတ်ပြန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
http://www.rfa.org/burmese/news/political-prisoner-nld-12152011101744.html
ရွှေည၀ါ ဆရာတော်အားအရေးယူမှု ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စာရေးမည်
2011-12-15
နိုင်ငံရေး အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိတဲ့ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်က ရွှေညဝါဆရာတော် ဦးပညာသီဟကို ကျောင်းတိုက်ကနေ ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
RFA
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက် ရွှေညဝါဆရာတော် ဦးပညာသီဟ။
ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီစာကို ၁၃ ရက် ညနေ ၆ နာရီလောက်မှာ ဆရာတော်ဆီ ပို့လိုက်တယ်လို့ ဆရာတော်ရဲ့ ဒါယကာ ဒါယိကာမ အသိုင်းအဝန်းကတစ်ဆင့် သိရပါတယ်။ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ရွှေညဝါဆရာတော် ဦးပညာသီဟ တရားဟောတဲ့ ကိစ္စကြောင့် နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယက စုံညီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ကြောင်း ရေးသားထားပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် ၃ ချက်ကို စာထဲမှာ ဖော်ပြထားပါတယ်။ ဆရာတော်ကို သာဓုကျောင်းကနေ ဖယ်ရှားဖို့၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဆုံးမညွှန်ကြားတာကို မလိုက်နာတဲ့အတွက် ဒုဗ္ဗစပုဂ္ဂိုလ် အဖြစ်သတ်မှတ်ဖို့နဲ့ နိုင်ငံတော် သံဃာ့မဟာနာယကရဲ့ ခွင့်ပြုချက်မရဘဲ သာဓုကျောင်းမှာ ဘယ်လိုသင်တန်းမှ ဖွင့်လှစ်ခွင့်မပြုဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေပါ။ ဒုဗ္ဗစပုဂ္ဂိုလ်ဆိုတာ ပြောဆိုဆုံးမလို့ခက်ခဲတဲ့ ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ဆောင်တာကြောင့် အခုလို ရွှေညဝါဆရာတော်ကို ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်သတ်မှတ်တာဟာ နိုင်ငံအကျိုး ဆောင်ရွက်နေတဲ့ ဆရာတော်နဲ့ ဘယ်လိုမှ မလျော်ကန်တဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် ဆရာတော် ဦးပညာဇောတက မိန့်ကြားပါတယ်။ ရွှေညဝါဆရာတော် ဦးပညာသီဟဟာ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒီနေ့ နေ့လယ် ၁ နာရီမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ ဆရာတော်ဟာ မိမိသီတင်းသုံးရာကျောင်းမှာ နိုင်ငံရေး အထိမ်းအမှတ်ပွဲတွေကျင်းပဖို့ လက်ခံလေ့ရှိသလို ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တရားဟောလေ့ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိခြင်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲကို ရွှေညဝါဆရာတော် သီတင်းသုံးတဲ့ သာဓုကျောင်းမှာ ကျင်းပခဲ့ပါတယ်။ မန္တလေး NLD ရုံးမှာ တရားဟောခဲ့တဲ့အတွက် သံဃာ့မဟာနာယကအဖွဲ့က အရေးယူမယ်လို့ စာရေးသား မိန့်ကြားခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သံဃာ့မဟာနာယကအဖွဲ့ထံ ပြန်လည်စဉ်းစားပေးဖို့ စာရေးသား လျှောက်ထားမယ့် အကြောင်းကို ဆရာတော်ထံ လျှောက်ထားခဲ့ပါတယ်။ အဲဒီလျှောက်ထားချက်ကို ဆရာတော် ဦးပညာသီဟက သံဃာ့နည်းလမ်းနဲ့သာ ဖြေရှင်းလိုသေးတယ်လို့ ပြန်လည် မိန့်ကြားကြောင်း အာအက်ဖ်အေကို မိန့်ပါတယ်။ ရွှေည၀ါ ဆရာတော် ဦးပညာသီဟ ထံ ဒီကနေ့ နေ့လည်ပိုင်းက အန်အယ်လ်ဒီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး နဲ့ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ ရောက်ရှိခဲ့ပြီး လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဆရာတော် ဦးပညာသီဟ ဟာ သူ့အနေနဲ့ မန္တလေး အန်အယ်လ်ဒီရုံးမှာ တရားဟောတာ မဟုတ်ကြောင်း၊ ဥပဒေကို လေးစားကြောင်း မိန့်ကြားခဲ့တယ်လို့ မိန့်ကြားပါတယ်။ ဆရာတော်ဟာ ပြီးခဲ့တဲ့နှစ်က ငါးပါးမမှောက်ကြပါစေနဲ့ ဆိုတဲ့တရား ဟောခဲ့တဲ့အတွက် တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခံထား ရတာဖြစ်ပါတယ်။ လာမယ့်နှစ် ဖေဖော်ဝါရီလ ရောက်မှသာ ပိတ်ပင်မှုကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။ ရွှေညဝါဆရာတော်ကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိင် လျှောက်ထားမေးမြန်းခဲ့တာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
NLD ပါတီနှင့် ရွှေညဝါဆရာတော် ဘုရားအပေါ် တခြားသံဃာတွေရဲ့ အမြင်တွေကို ဦးဉာဏ်ဝင်းအောင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဓာတ်ပုံ- ဒီမိုဝေယံ
ရွှေည၀ါ ဆရာတော်အားအရေးယူမှု ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စာရေးမည်
ရွှေည၀ါ ဆရာတော် သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားပေးရန် အချက်ပါဝင်သည့် နိုင်ငံတော် ဗဟို သံဃာ့နာယက အဖွဲ့မှ သတိပေးစာ ပို့ခံရသည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ယနေ့နံနက်ပိုင်းတွင် ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတော် ဗဟိုသံဃာ့နာယက အဖွဲ့ထံစာရေးမည်ဟု ဆရာတော်၏ တကာအချို့ကပြောသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ယနေ့နံနက်ပိုင်းက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များ အန်အယ်ဒီရုံးချုပ်၌ စည်းဝေးခဲ့ကြပြီး ဆရာတော် အနေဖြင့် မန္တလေးတိုင်း အန်အယ်ဒီရုံးဖွင့်ပွဲတွင် တရားဟောရာမှ ယခုကဲ့သို့ဖြစ်ပွားရသဖြင့် စိတ်မကောင်းကြောင်းနှင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာတစ်စောင် ရေးသားပေးပို့ရန် သဘောတူညီခဲ့ကြသည်ဟု မွန်းလွဲပိုင်းတွင် ဦးတင်ဦးက ဆရာတော်အား လာရောက်လျှောက်ထားခဲ့သည်။
ယခုလို ဒေါ်အောင်ဆန်းစုကြည်က စာတစောင်ရေးသားပေးပို့မည်ဖြစ် သကဲ့သို့ ဆရာတော် အနေဖြင့်လည်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ အသနားခံစာ တစောင် ပေးပို့ရန် မွန်းလွဲပိုင်းတွင် ရေးသားလျှက်ရှိသည်ဟု မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဆရာတော်အားတွေ့ဆုံမေးမြန်းခွင့် ရခဲ့စဉ် ဆရာတော်က မိန့်ကြားလိုက်သည်။
၎င်းအနေဖြင့် ယခုလို အသနားခံစာ တင်ရန် အကြောင်းမရှိသော်လည်း အားလုံးက ၀ိုင်းဝန်းတိုက်တွန်းသဖြင့် ယခုလိုစာတင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ပြီးနောက် သူတို့ဘက်က မည်သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကာ အဆိုးဆုံးတွက်လည်း ပြင်ဆင်ထားကြောင်း လည်း ဆက်လက် မိန့်ကြားသည်။
ယနေ့မွန်းလွဲ တနာရီတွင် နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့၏ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြွရောက်လာမည်ဟု သတင်းများထွက်ပေါ်ခဲ့၍ အရပ်သူ အရပ်သားများနှင့် ဆရာတော် တကာ တကာမများ ရာနှင့်ချီကာ ကျောင်းတိုက်သို့ လာရောက်စောင့်ဆိုင်းခဲ့ကြသည်။ သို့ရာတွင် ဗန်းမော်ဆရာတော် ကြွရောက်လာခြင်းမရှိပဲ မွန်းလွဲ ၂ နာရီခွဲတွင် ရွှေည၀ါ ဆရာတော်က ပရိတ်သတ်အား လူစုခွဲဖို့ မေတ္တာရပ်ခံပြီးနောက်တွင် စုဝေးနေသူများ လူစုကွဲသွားခဲ့သည်။
တိုင်းသံဃာ့နာယက အဖွဲ့မှ တဆင့် ယမန်နေ့ညနေက ပေးပို့လာသည့် စာတွင် ဆရာတော် အနေဖြင့် မန္တလေးတိုင်း အန်အယ်ဒီရုံးတွင် တရားဟောသည့် ကိစ္စကိုရည်ညွှန်းထားကာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆိုဆုံးမမှုကို မခံခြင်း တို့ကိုဖေါ်ပြပါရှိပြီး ၄၇ ပါးစုံညီ သံဃာ့နာယက အဖွဲ့ စည်းဝေးမှ ဆုံးဖြတ်ချက်အရ ဆရာတော် ကျောင်းတိုက်မှ ဖယ်ရှားပေးရန်၊ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရန်နှင့် ယင်းကျောင်းတိုက်တွင် သံဃာ့နာယက အဖွဲ့၏ ခွင့်ပြုချက်မရှိပဲ မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမရှိရန်တို့ ပါရှိသည်။
သတင်း..Yangon Press International
http://myatlayngon.blogspot.com/
ရွှေညဝါဆရာတော် ဖိအားပေးခံရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်
Published on December 15, 2011 by နေသွင် · No Comments
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ရွှေညဝါဆရာတော်ကို ကျောင်းကနေ ဖယ်ရှားပြီး ကျောင်းက သင်တန်းတွေကိုလည်း ခွင့်မပြုတော့တဲ့အကြောင်း သံဃာမဟာနာယကအဖွဲ့က ညွန်ကြားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဆရာတော်အတွက် စိုးရိမ်တဲ့ တပည့်၊ ဒကာတွေက ဒီနေ့မနက်မှာ ဆရာတော့်ကျောင်းမှာ စုရုံးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးတင်ဦးကလည်း အဖွဲ့ချုပ် ကိုယ်စား သွားရောက် ညှိနှိုင်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်းလည်း ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မှုရှိနေတဲ့အကြောင်း အကြောင်း ဦးတင်ဦးက ပြောပြပါတယ်။
ဒီသတင်းကို မနေ့ညမှာ ကြားသိရပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေ ဒီနေ့ မနက်က ဗဟိုကော်မတီအစည်းအဝေးမှာ အရေးတကြီးဆွေးနွေးခဲ့တယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်သွားဖို့ နည်းလမ်းရှာခဲ့ဖို့ သူ့ကို တာဝန်ပေးလိုက်တဲ့ အကြောင်း ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“ကျနော်တို့ သွားပြီးတော့ လျှောက်ထားချင်တာကတော့ သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗန်းမော်ဆရာတော်ဘုရားကြီးကိုလည်း လျှောက်ထားချင်တာပေါ့ဗျာ။ ဒါပေမယ့် ခက်တာက သံဃာ့မဟာနာယကအဖွဲ့နဲ့ကလည်းပဲ ကျနော်တို့အဖို့က သိပ်ပြီးတော့ မနီးစပ်ဘူးခင်ဗျ။ တခါမှလည်း ကျနော်တို့က ဆက်စပ်မှုလည်း ဆက်သွယ်မှုလည်း မရှိခဲ့တော့ ဒီလိုတော့ ရှိတာပေါ့နော်။ သို့သော်လည်းပဲ ကျနော်တို့ကတော့ သပိတ်အိုင်ဆရာတော် ဘုရားနဲ့ကတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ကတော့ အင်မတန်ကိုပဲ ဆရာဒကာလို ဖြစ်နေပြီဗျ။ အဒါကြောင့်မို့လို့ အဲဒီဟာကို ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးတယ်။ ဒီဥစ္စာကို အေးအေးချမ်းချမ်း ပြေပြေလည်လည် ဆောင်ရွက်နိုင်ဖြစ်အောင် သပိတ်အိုင် ဆရာတော်ဘုရားကြီးကိုလည်း ချည်းကပ်ပြီးတော့ပေါ့နော် လိုအပ်တာတွေ သူ့ဆီက ဩဝါဒတွေခံယူပြီးတော့ ဆောင်ရွက်နိုင်အောင် လုပ်ဖို့ ကျနော် ဒီလိုတော့လည်း စိတ်ကူးထားတယ်ခင်ဗျ။”
ရွှေညဝါဆရာတော်ကလည်း ဆရာရင်းဖြစ်တဲ့ သံဃာ့မဟာနယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီးကို တွေ့ဖို့ရှိတဲ့အကြောင်း၊ သူ့ကို မိန့်ကြားခဲ့တယ်လို့ မနက်က ဆရာတော်ကို သွားဖူးခဲ့တဲ့ ဦးတင်ဦးက ပြောပါတယ်။
တပည့်၊ ဒကာ၊ ဒကာမတွေ မပူကြဖို့ ဆရာတော်က တဆင့် မှာကြားခဲ့တဲ့အကြောင်းလည်း ဦးတင်ဦးက အခုလိုပြောပြပါတယ်။
“ဆရာတော်ဘုရားကြီးက အေးအေးချမ်းချမ်း ဆောင်ရွက်သွားမယ့်အကြောင်းပေါ့။ ပြောလိုက်လို့ရှိရင် အကုန်လုံး ပြေလည်သွား နိုင်ပါတယ်တဲ့။ အဲဒီဟာကို ပြေလည်အောင် အားလုံးက ညှိနှိုင်းဆောင်ရွက်ပြီးမှ လုပ်ဖို့ ကောင်းပါတယ်။ ဘယ်သူကမှ ဆန္ဒစောပြီးတော့ လုပ်တဲ့ ကိစ္စမျိုး ဖြစ်လို့ရှိရင် ကျောင်းမှာရှိတဲ့ သံဃာတော်အတွက်ကလည်းပဲ မကောင်းပါဘူးတဲ့။ နောက်ပြီးတော့ ကိုးကွယ်နေတဲ့ ဒကာ ဒကာမတွေအတွက်လည်း အဆင်မပြေရာ ဖြစ်မယ်တဲ့ နောက်ပြီးတော့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ကျနော်တို့ အဖွဲ့အစည်းများအနေနဲ့လည်းပဲ လုပ်ကိုင်နေတဲ့ တိုးတက်ကောင်းမွန်နေတာကိုလည်း အထစ်အငေါ့ဖြစ်မှာ စိုးတယ်ပေါ့ဗျာ။ အဲဒါကြောင့်မို့ အစစအရာရာ ပြည်လည်အောင်အတွက် ဆန္ဒမစောဘဲနဲ့ အေးအေးဆေးဆေး တိုင်တိုင်ပင်ပင်လုပ်ရင် ပြေလည်နိုင်ပါတယ်တဲ့ ကျနော့်ကိုလည်း မှာလိုက်ပါတယ်။ အပြင်မှာ ရှိနေတဲ့ ပြည်သူလူထုတွေကိုလည်းပဲ အေးအေးဆေးဆေးလေးနဲ့ ပြေလည်ရာပြေလည်ကြောင်း ဖြစ်မယ့်အကြောင်း၊ ကျနော်ကပဲ သူတို့ကို ဒါကို စိတ်ထဲမှာ ဘာမှစိုးရိမ်ပူပန်ကြောင့်ကြခြင်း မရှိအောင် နေကြပါ၊ အေးအေးဆေးဆေးပြန်ကြပါ နေကြပါဆိုတာကိုလည်းပဲ ပြောဆိုပေးခဲ့ပါဆိုလို့ ကျနော်က ပြည်သူလူထုကို မှာကြားပေးခဲ့ပါတယ်။”
မနက်ကတော့ ကြည့်မြင်တိုင် ရွှေညဝါကျောင်းတိုက်ကို သံဃာ့မဟာနယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြွရောက်လာမယ်လို့ သတင်းထွက်နေတဲ့အတွက် ရဟန်းနှင့် လူနှစ်ရာဝန်းကျင် စုရုံးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
“ကျနော့်အမြင်ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုတဲ့ အနေအထားနဲ့ နည်းနည်းလေး လွဲချော်နေသလိုပဲဗျ။ အခုအချိန်မှာ ဆန္ဒပြခွင့် ဥပဒေတောင် ပြဋ္ဌာန်းပြီးပြီဗျာ။ ဒီလိုမျိုး ဩဝါဒစကား ချီးမြှင့်လို့ အရေးယူတယ် ဆိုတာကတော့ နည်းနည်းလေး တခုခုတော့ လွှဲနေသလိုပဲပေါ့။ အဲဒါကို ပြန်စဉ်းစားသင့်တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်လည်း ဒီလောက် ဖြစ်စရာ မလိုဘူးလို့ ကျနော်ထင်တယ်ပေါ့နော်။ အခုကတော့ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ စောင့်ကြည့်နေတယ်။ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်ပြီးတော့ လုပ်နေကြမယ် အဲဒီလိုပဲ မြင်ပါတယ်ခင်ဗျ။”
ရွှေညဝါ ဆရာတော်ကို သံဃာ့မဟာနာယကပို့လိုက်တဲ့ ညွန်ကြားစာမှာ တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ဆရာတော်ဟာ နိုဝင်ဘာလအတွင်းက မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောတဲ့အတွက် အရေးယူတာလို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မန္တလေးတိုင်း အဖွဲ့ချုပ်ကို မေးမြန်းတဲ့အခါမှာတော့ ဥက္ကဋ္ဌ ဦးသိန်းတန်က အခုလိုရှင်းပြပါတယ်။
“ဆရာတော် ကျနော်တို့ဆီမှာ လာပြောတာကတော့ ဝါးပင်လေးတွေအကြောင်းကို သူပြောသွားတယ်။ ဝါးပင်များဟာ လေယူရာ ယိမ်းပေမယ့် ဘယ်လောက်ထိခိုင်မာတယ်ဆိုတဲ့အကြောင်း၊ စည်းလုံးညီညွတ်မှုရှိတဲ့အကြောင်း၊ နိုင်ငံရေး သိပ်မပါဘူးဗျ။ ပြောတဲ့ ဟောတဲ့အထဲမှာ ဘာတခုမှ ဘောင်လွတ်တာမပါဘူးဗျ။”
မနေ့ညနေပိုင်းက ဒီဗွီဘီက မေးမြန်းလျှောက်ထားတဲ့အချိန်မှာလည်း ရွှေညဝါဆရာတော်က ငြိမ်းချမ်းရေးကို လိုလားတဲ့ သံဃာတပါးအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းချင်တဲ့ ဆန္ဒရှိတယ်လို့ မိန့်ကြားခဲ့ပါတယ်။
http://burmese.dvb.no/archives/18904