
သန္တာရွှေရဲ့ ခင်ပွန်း ကောင်စစ်ဝန် ဦးဖြိုးဇော်ဝင်း (ဓါတ်ပုံ-ဒီမိုဝေယံ)
ပို့စ်အပြည့်အစုံ အဲ့မှာဖတ်ပါ။ယူနန်ပြည်နယ် ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ရုံး မြင်ကွင်းနဲ့ ပဟေဠိ အဖြေမရှိတဲ့ အီတလီလုပ် ပြိုင်ကားတစ်စီး..http://www.demowaiyan.co.cc/2011/11/blog-post_8963.html
Tuesday, November 8, 2011
ဧရာဝတီမြစ်တရုတ်မှာမြစ်ဖျားခံတယ်လို့နအဖကတရုတ်ကိုဖေါ်လန်ဖား
ကမ္ဘာ့ငွေကြေး အချို့ရဲ့ ဒေါ်လာတောင်တက် ခရီးကြမ်း
Face book စာမျက်နှာမှတဆင့်ရယူဖေါ်ပြပါသည်။
တရုတ်ပြည်မက ဧရာမကုန် တိုက်ကြီးတစ်ခု ဟောင်ကောင်မှာလာ ဖွင့်ထားတယ်။ ဟောင်ကောင်သားတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး ပြည်မ မသွားရဘဲနဲ့ ပြည်မရဲ့ ပစ္စည်း အစုံအလင်ကို အဲဒီကုန်တိုက်ကြီးမှာ ဝယ်ခြမ်းလို့ရတယ်။ ထူးခြားချက်တစ်ခုကတော့ ဈေးဝယ်သူတွေအနေနဲ့ အဲဒီကုန် တိုက်ကြီးမှာ ယွမ်-yuan နဲ့ ဝယ်လို့ ရတယ်။ ကုန်တိုက်ကြီးဘေးမှာ ငွေ လဲကောင်တာတစ်ခုရှိတယ်။ တစ် ယွမ်ကို ဟောင်ကောင်ဒေါ်လာ-H$ ၁.၁ နဲ့ လဲလှယ်ပေးတယ်။ ဟောင် ကောင်ကိုလာလည်ကြတဲ့ ပြည်မ သားတွေတောင် အဲဒီကုန်တိုက်ကြီး မှာ သူတို့အိတ်ကပ်ထဲပါလာတဲ့ ယွမ် ငွေတွေနဲ့ အဆင်ပြေပြေ ဝယ်နိုင်ကြ ပါသတဲ့။ အဲဒီကုန်တိုက်ဖွင့်ခဲ့တာ မကြာ သေးပါဘူး။ ဒါဟာ ယွမ်ငွေကြေး အနေနဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေး -International Currency ဖြစ် လာရေးအတွက် ပထမဆုံး ခြေလှမ်း လှမ်းလိုက်တာပါပဲ။ ယွမ်ငွေကြေး တွေဟာ ဟောင်ကောင်ကို လာလည် တဲ့ ပြည်မက ဧည့်သည်တွေရဲ့ ပိုက် ဆံအိတ်တွေကတစ်ဆင့် မသိမသာ ဝင်လာခဲ့ကြတယ်။ ဒါပေမယ့် မနှစ်ကတော့ ဟောင် ကောင်ကို ယွမ်ငွေတွေ ဒလဟော စီးဝင်လာခဲ့တော့တယ်။ ဘာကြောင့် လဲဆိုတော့ တရုတ်အစိုးရက တရုတ် လုပ်ငန်းရှင်တွေကို သူတို့ရဲ့ ပို့ကုန် သွင်းကုန်တွေအတွက် ယွမ်နဲ့ ငွေ ပေးချေနိုင်တယ်လို့ တံခါးဖွင့်ပေးခဲ့ တဲ့အတွက်ကြောင့်ဖြစ်တယ်။ အဲဒီနှစ် မှာပဲ တရုတ်အစိုးရက ပြည်မအပြင် ဘက်မှာ ယွမ်ကို လွတ်လွတ်လပ် လပ် အသုံးပြုခွင့်ပေးခဲ့ပြန်တယ်။ ဒီလိုနဲ့ တရုတ်အစိုးရဟာ ယွမ် အသုံးပြုနိုင်တဲ့ နယ်ပယ်ကို တစ်စ တစ်စ တိုးချဲ့လာတယ်။ အခုအခါမှာ ပြည်မရဲ့ အပြင်ဘက်မှာ ယွမ်ကို ဘဏ်တွေအကြား လွှဲပြောင်းပေးလို့ ရတယ်။ ငွေချေးယူလို့ရတယ်။ ငွေချေးငှားလို့ရတယ်။ ရင်းနှီးမြှုပ်နှံ လို့ရတယ်။ အခြားသော ငွေကြေး တွေနဲ့ ဘာမှ မခြားလုပ်လို့ ကိုင်လို့ရ တယ်။ ပြည်မရဲ့ အပြင်ဘက်ရောက်နေ တဲ့ ယွမ်ကို ငွေကြေးလောကမှာ Offshore Yuan လို့ခေါ်ကြတယ်။ ကမ်းလွန်ယွမ်ငွေကြေးလို့ ဘာသာ ပြန်ရမလားတော့ မသိဘူး။ အဲဒီ ကမ်းလွန်ယွမ်တွေကို တရုတ်အစိုး ရက စမ်းသပ်အသုံးပြုနေမှုဟာ တ ကယ်တော့ ယွမ်ကို အမေရိကန်ဒေါ် လာလို၊ ယူရိုလို ကမ္ဘာသုံးအရန်ငွေ ကြေး-Reserve Currency ဖြစ်လာ အောင် စမ်းသပ်ပွဲထုတ်နေခြင်းပါပဲ။ ဒါပေမယ့် တရုတ်နိုင်ငံ မူဝါဒ ရေးဆွဲသူတွေဟာ စိတ်ထဲမှာဒွိဟဖြစ် နေကြတယ်။ မတင်မကျဖြစ်နေကြ တယ်။ ဒါမှမဟုတ် မဝံ့မရဲဖြစ်နေ ကြတယ်။ ဘာကြောင့်လဲဆိုတော့ ယွမ်ကို အရန်ငွေကြေးဖြစ်စေချင်ရင် တရုတ်ဘဏ္ဍာရေး တစ်ခုလုံးကို အချုပ်အချယ်မရှိ လွတ်လပ်ခွင့်ပေး ဖို့လိုတယ်။ တစ်စိတ်တစ်ပိုင်းကို လွတ်လပ်ခွင့်ပေး၊ တစ်စိတ်တစ်ပိုင်း ကို ထိန်းချုပ် အဲသလို လုပ်လို့မရ ဘူး။ လောလောဆယ် တရုတ်နိုင်ငံမှာ ငွေစီးဝင်မှုနဲ့ ငွေပြန်ထွက်မှုတွေကို အစိုးရက ချုပ်ကိုင်ထားတယ်။ တစ် နည်းပြောရရင်တော့ တရုတ်ပြည် ရဲ့ ဘဏ်လုပ်ငန်းစနစ်ကို အကာ အကွယ်ပေးထားတယ်။ ဘာကြောင့် လဲဆိုတော့ တရုတ်ပြည်ရဲ့ ဘဏ် လုပ်ငန်းတွေဟာ ပီပီပြင်ပြင် မရှိသေး ဘူး။ အစိုးရရဲ့အုပ်ထိန်းမှုအောက်မှာ ပဲ ရပ်တည်ရှင်သန်နေကြတာဖြစ် တယ်။ ချက်ချင်းကြီး လွတ်လပ်ခွင့် မပေးရဲဘူး။ ၁၉၈ဝ ပြည့်လွန်နှစ်များ က ဂျပန်နိုင်ငံဟာ သူ့ရဲ့ yen ငွေကို အပြည်ပြည်သုံး ငွေကြေးဖြစ်အောင် လွှတ်ပေးဖူးတယ်။ ဒါပေမယ့် ဟန် မကျခဲ့ဘူး။ အိမ်ရာမြေ ပူဖောင်းကြီး ဖြစ်ပေါ်လာပြီး ဒုက္ခရောက်သွားခဲ့ တယ်။ ထိန်းချုပ်ထားတဲ့ ငွေကြေး ကို ရုတ်တရက် လွှတ်ပေးလိုက်ရင် ဒေါင်ချာစိုင်းသွားနိုင်တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ဒီကနေ့ တရုတ်နိုင်ငံအနေနဲ့ ကြုံတွေ့နေရတဲ့ အဖြစ်က ဆုပ်လဲစူး စားလဲရူးဆိုတာ မျိုးဖြစ်နေတယ်။ ယွမ်ကို ကမ္ဘာသုံး ဖြစ်အောင် ဗြုန်းစားကြီးလုပ်လို့မဖြစ်။ အမေရိကန်ဒေါ်လာကိုလဲ အော့နှလုံး နာ။ တရုတ်ကြီးဟာ ဟိုမရောက် ဒီမရောက်နဲ့ ဘဝင်မကျဖြစ်နေတယ်။ အမေရိကန်ဗဟိုဘဏ်- Federal Reserve ကလဲ ငွေကြေးမူဝါဒကို အထိန်းအကျောင်းမရှိ ဇက်ကုန်လွှတ် ထားတယ်။ ပြီးတော့ အမေရိကန် အစိုးရရဲ့ြေ<ွကးမြီကလဲ မိုးထိအောင် ထောင်တက်နေတယ်။ တရုတ်အစိုးရအနေနဲ့ စိုးရိမ်တာ တစ်ခုရှိတယ်။ အမေရိကန်စီးပွားရေး ပြန်လည်နိုးထရှင်သန်လာအောင် ဆို ပြီး ဒေါ်လာတွေကို တောင်ပုံရာပုံ ပုံနှိပ်ထုတ်ဝေနေမှုဟာ တစ်နေ့ကျရင် ငွေဖောင်းပွမှု အကြီးအကျယ်ဖြစ် ပေါ်လာပြီး အမေရိကန်ဒေါ်လာ တန် ဖိုးအရမ်းကြီးထိုးစိုက်ကျဆင်းသွား မှာ စိုးရိမ်တယ်။ ဒီလိုဖြစ်လာရင် အမေရိကန်အစိုးရရဲ့ ငွေတိုက်စာချုပ် တွေ-Bonds အများအပြား လက်ထဲ ကိုင်ထားတဲ့ တရုတ်အစိုးရအတွက် မဟာပြဿနာကြီးဖြစ်လာနိုင်တယ်။ တရုတ်အစိုးရမှာ အရန်ငွေ -Reserves အမေရိကန်ဒေါ်လာ ၃.၂ ထရီလီယံရှိတယ်။ အဲဒီအထဲက နှစ် ထရီလီယံလောက်ဟာ အမေရိကန် ဒေါ်လာတွေဖြစ်တယ်။ အထူးသဖြင့် ကတော့ အမေရိကန် ငွေတိုက်စာချုပ် စာတမ်းတွေ ဝယ်ယူထားတဲ့ ငွေဖြစ် တယ်။ သြဂုတ်လ ၅ ရက်နေ့က Standard and Poor's က အမေရိ ကန်ရဲ့ြေ<ွကးမြီပြန်ဆပ်နိုင်စွမ်းကို အေသုံးလုံးအဆင့်ကနေပြီး တစ်ဆင့် လျှော့ချပစ်ခဲ့တယ်။ ချက်ချင်းပဲ တရုတ်ဆင်ဟွာသတင်းစာက အမေ ရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေ ကြေးသစ်တစ်ခုနဲ့ အစားထိုးဖို့လှုံ့ ဆော်ခဲ့တယ်။ အမေရိကန်ဒေါ်လာအတွက် တော့ဒါမျိုးတွေကရိုးနေပါပြီ။ အသစ် အဆန်းမဟုတ်တော့ပါဘူး။ ဒေါ်လာ တန်ဖိုးကျတိုင်း ကမ္ဘာက ဒီလိုပဲ အော်ဟစ်တောင်းဆိုခဲ့ကြတာပါ။ အမေရိကန်နိုင်ငံအနေနဲ့ ဒါမျိုးအဖြစ် အပျက်ကို ၁၉၇ဝ နှစ်များရဲ့ နှောင်း ပိုင်းကာလမှာ တစ်ကြိမ်၊ ၁၉၉ဝ နှစ် များရဲ့ အလယ်လောက်မှာ တစ်ကြိမ် ကြုံတွေ့ဖူးတယ်။ ဒါပေမယ့် အမေ ရိကန်ဒေါ်လာဟာ ကမ္ဘာ့ငွေကြေး စနစ်ထဲမှာ မဗေဒါလိုပန်းပန်းလျက် ပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးချိန် ကစပြီး အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ငွေကြေးလောကမှာ ထိပ်တန်း ကပဲရှိနေခဲ့တယ်။ ဒီကနေ့ကမ္ဘာမှာ အမေရိကန်ဒေါ်လာကို စိန်ခေါ်နိုင်တဲ့ ငွေကြေးမရှိသေးဘူး။ အခြားသော ငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် အမေရိ ကန်ဒေါ်လာဟာ တန်ဖိုးကျနေပေမယ့် ကမ္ဘာ့အရန်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉.၇ ထရီလီယံထဲမှာ အမေ ရိကန်ဒေါ်လာ ၆ဝ.၇ ရာခိုင်နှုန်း နေ ရာယူထားတယ်။ ဒေါ်လာရဲ့ အနီး ကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ယူရိုး-euro တောင်မှ ကမ္ဘာ့အရန်ငွေရဲ့ ၂၆.၆ ရာခိုင်နှုန်းပဲရှိတယ်။ ငွေကြေးတစ်ခုက ဘာကြောင့် ဒီလိုလွှမ်းမိုးနိုင်သလဲ။ ကျောင်းသုံး ဘောဂဗေဒ စာအုပ်တွေထဲမှာတော့ အချက်သုံးချက်ထုတ်ပြတယ်။ ပြည်တွင်းသုံးငွေကြေး-Domestic Money တစ်ရပ်ဟာ ၁ ။ ။ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကို တိုင်းတာနိုင်တဲ့ တန်ဖိုးတွက်ယူနစ် - Unit of Account ဖြစ်ရမယ်။ ၂ ။ ။ လဲလှယ်မှုမဏ္ဍိုင်-Medium of Exchange ဖြစ်ရမယ်။ ၃ ။ ။ ကံမကောင်းတဲ့အချိန်မှာ သုံးစွဲနိုင်ဖို့အတွက် တန်ဖိုးသိုကိရိယာ -Store of Value ဖြစ်ဖို့လိုတယ်။ သာဓကအဖြစ် တောင်ကိုရီး ယားရဲ့ ဝမ်-Won ငွေကြေးဟာ တောင်ကိုရီးယားပြည်တွင်းမှာ ဒီ အချက်သုံးချက်နဲ့ အံဝင်ခွင်ကျဖြစ် တယ်။ ယွမ်ငွေကြေးကလဲ တရုတ် ပြည်တွင်းမှာ ဒီအချက်တွေနဲ့ ဘောင် ဝင်တယ်။ အမေရိကန်ဒေါ်လာကျ တော့ အမေရိကန်ပြည်တွင်းမှာရော အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွေ မှာပါ အဲဒီအချက်သုံးချက်ကို ဖြည့် ဆည်းပေးတယ်။ ဒါကြောင့် အမေ ရိကန်ဒေါ်လာဟာ ကမ္ဘာ့ငွေကြေး လောကကို လွှမ်းခြုံစိုးမိုးထားနိုင် တယ်။ သာဓက ပြစရာတွေက အများ သား။ ကမ္ဘာ့ရေနံဈေးကွက်မှာ ဈေး နှုန်းတွေကို အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ကြတယ်။ ကုန်ပို့လွှာ Inovoice တွေကို အမေရိကန် ဒေါ် လာနဲ့ ဖော်ပြကြတယ်။ နယ်စပ်ဖြတ် ကျော် စာရင်းရှင်းကြတဲ့အခါ အမေရိ ကန်ဒေါ်လာ အသုံးပြုကြတယ်။ နိုင်ငံ အတော်များများဟာ နိုင်ငံခြားမှ ပစ္စည်းအလွယ်တကူ ဝယ်နိုင်အောင် အမေရိကန်ဒေါ်လာကို အရန်ဆောင် ထားကြတယ်။ အမေရိကန်ဒေါ်လာကို ကောင်း ရောင်းကောင်းဝယ်လုပ်ကြသူတွေက သာ အသုံးပြုကြတာမဟုတ်ဘူး။ ဘိန်းရာဇာတို့၊ မာဖီးယားဂိုဏ်းတို့၊ မှောင်ခိုဂိုဏ်းတို့ကလဲ အသုံးပြုကြ တယ်။ သူတို့ကလဲ အမေရိကန်ဒေါ် လာနဲ့ပဲ အရောင်းအဝယ်လုပ်ကြ တယ်။ သူတို့မှာလဲ တန်ဖိုးတွက် ယူ နစ်၊ လဲလှယ်မှုမဏ္ဍိုင်အပြင် တန်ဖိုး သိုကိရိယာလိုအပ်တာပဲမဟုတ်လား။ ဒါနဲ့ အပြောင်အပြက်ပြောနေ ကြတဲ့ စကားတစ်ခုရှိတယ်။ တကယ်လို့ ဒီလို မောင်ခိုဂိုဏ်းတွေက ယွမ်ငွေနဲ့ ငွေပေးချေရမယ်လို့ တောင်းဆိုလာပြီ ဆိုရင် ယွမ်ငွေဟာကမ္ဘာသုံးငွေ အမှန် စ င်စစ်ဖြစ်လာပါပြီတဲ့။ ကမ္ဘာသုံးငွေကြေး ထုတ်ဝေတဲ့ နိုင်ငံတွေမှာ အားသာချက်တွေ တစ်ပုံ တစ်ခေါင်းရှိတယ်။ သာဓက တစ်ခု လောက်ပဲ တင်ပြပါ့မယ်။ ဗီယက်နမ် နိုင်ငံက ပို့ကုန်တင်ပို့သူဟာ တရုတ် နိုင်ငံကို ရောင်းရင် ငွေလဲနှုန်း Exchange -rate အန္တရာယ် ရှိတယ်။ သူက သူ့အလုပ်သမားတွေကို ပြည် တွင်းသုံးငွေ ဒေါင်-Dong နဲ့ ပေး တယ်။ ဒါပေမယ့် တရုတ်ဆီက ငွေရ ရင် အမေရိကန်ဒေါ်လာနဲ့ရတယ်။ တကယ်လို့ ဒေါ်လာတန်ဖိုးကျရင် သူ့ ဝင်ငွေလဲ ကျဆင်းသွားတယ်။ ဒါပေ မယ့် လုပ်ခကတော့ မပြောင်းလဲဘူး။ ဒီတော့ပို့ကုန်သမားတွေအတွက် နစ် နာတယ်။ အမေရိကန်တင်ပို့ကုန် တင်ပို့ သူမှာ ဒီပြဿနာ မရှိဘူး။ သူက လုပ်သားတွေကို အမေရိကန်ဒေါ်လာ နဲ့ လုပ်ခပေးတယ်။ တင်ပို့တဲ့ကုန် စည်အတွက် ငွေပြန်ရတဲ့အခါမှာလဲ အမေရိကန်ဒေါ်လာနဲ့ ရတယ်။ ဒါကြောင့် ငွေလဲနှုန်း အန္တရာယ်မရှိ ဘူး။ ပြည်တွင်းကုန်ကျစရိတ်နဲ့ ပို့ ကုန်ကရတဲ့ဝင်ငွေဟာ အမေရိကန် ဒေါ်လာပဲ ဖြစ်နေတဲ့အတွက်ဖြစ် တယ်။ အမေရိကန်နိုင်ငံအနေနဲ့ တခြား နိုင်ငံတွေလို အရန်ငွေလဲ ထားစရာ မလိုဘူး။ အခြားနိုင်ငံတွေက နိုင်ငံခြား မှာ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့ အရန်ငွေမရှိရင် ငွေချေးကြရတယ်။ အမေရိကန်နိုင်ငံအတွက် အမေရိကန် ဒေါ်လာက အရန်ငွေဖြစ်ပြီးသား။ လိုအပ်ရင် လိုအပ်သလောက် စက်တင် ပုံနှိပ်လို့ရတယ်။ သိပ် ကောင်းတဲ့ မဟာအခွင့်အရေးတစ်ရပ် ပဲလို့ အရင်က ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးဖြစ်ခဲ့ဖူးတဲ့ Valery Giscard d'Estaing က ငေါ့တော့တော့ ဝေဖန် ခဲ့ဖူးတယ်။ အရန်ငွေဟာ ပေါ့သေးသေး မဟုတ်ဘူး။ အင်မတန် အရေးကြီး တယ်။ ၁၉၉၇-၉၈ အရှေ့အာရှ ပြဿနာ-East Asia Crisis ဟာ အရန်ငွေ အလုံအလောက်မထားနိုင်ခဲ့ တာကြောင့်ဖြစ်ပေါ်ခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာ အာရှနိုင်ငံတိုင်းလိုလို ဟာ ဖြစ်နိုင်ရင် အရန်နိုင်ငံခြားငွေ- Foreign Exchange Reserves တွေကို လုံလုံလောက်လောက် စု ဆောင်းထားရှိလာခဲ့ကြတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ ကမ္ဘာ့အရန်ငွေ အမေရိ ကန်ဒေါ်လာ ၁.၉ ထရီလီယံထား ရှိရာက ၂ဝ၁ဝ ပြည့်နှစ်မှာ အမေရိ ကန် ဒေါ်လာ ၉.၃ ထရီလီယံအထိ တိုးမြင့်သွားခဲ့တယ်။ တိုးတက်မှုရဲ့ အများစုကတော့ တရုတ်ပြည်ရဲ့ စု ဆောင်းထား ရှိမှုဖြစ်တယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်း ငွေကြေးဟာ ကမ္ဘာသုံးငွေကြေး ဖြစ်လာတဲ့အတွက် မဟာအခွင့်အရေး တွေ ရနိုင်တယ်ဆိုပေမယ့် ဘောဂ ဗေဒပညာရှင်-Robert Triffin ရဲ့ အမြင်မှာ ဒါဟာ ကျိန်စာသင့်တာပဲ လို့မြင်တယ်။ အဲဒီနိုင်ငံဟာ လိုအပ် ရင်လိုအပ်သလို ငွေစက္ကူတွေ မဆင် မခြင် ရိုက်နှိပ်အသုံးပြုတဲ့အတွက် တဖြည်းဖြည်းနဲ့ြေ<ွကးပိလာတတ် တယ်။ သာဓကကောင်းတစ်ခုက တော့ ဒီကနေ့ အမေရိကန်နိုင်ငံပါပဲ။ အခုအခါ အမေရိကန်ဒေါ်လာ ဟာ အားနည်းလျက်ရှိတယ်။ အပြစ် အနာအဆာတွေလဲများလာတယ်။ ဒါပေမယ့် အမေရိကန်ဒေါ်လာနဲ့ ယှဉ် ပြိုင်လိုကြတဲ့ အခြားငွေကြေးတွေမှာ လဲ အပြစ်နဲ့ မကင်းကြဘူး။ ပမာ အားဖြင့် ယူရိုငွေကြေးရဲ့ နောက် ကွယ်မှာ မားမားမတ်မတ်ရပ်တည်နေ တဲ့ အာဏာပိုင်တစ်ဦးတစ်ဖွဲ့ရယ်လို့ မရှိသေးဘူး။ နောင်တစ်ချိန်မှာ European Financial Stability Facility-EFSF ဟာ ဒီလို အာဏာပိုင် အဖွဲ့အစည်းမျိုး ဖြစ်လာလေမလား မပြောတတ်ဘူး။ လောလောဆယ် ဥရောပ တစ် ခွင်မှာ ဂရိမှစတင်ခဲ့တဲ့ ကြေွးမြီ ပြဿနာကြောင့် ဗရုတ်ဗရက်ဖြစ်နေ ပေမယ့် ယူရိုရဲ့ တန်ဖိုးဟာ ကျမသွား ဘူး။ အမေရိကန်ဒေါ်လာထက် တောင် တန်ဖိုးတက်နေသေးတယ်။ ကမ္ဘာ့အရန်ငွေထဲမှာ ယူရိုငွေက လေး ပုံတစ်ပုံလောက်ရှိတယ်။ တစ်နည်း ပြောရင် ယူရိုငွေဟာ တောင့်တင်းခိုင် မာနေဆဲ။ မကြာသေးမီက ထုတ်ဝေခဲ့တဲ့ Exorbitant Privilege စာအုပ်ရေးသားခဲ့သူ Mr.Eichengreen က အမေရိကန်ဒေါ်လာရဲ့ ကမ္ဘာ့အရန် ငွေကြေးအဖြစ် တက်လှမ်းလာတဲ့ အဖြစ်ကိုကြည့်ပြီး ယွမ်ငွေဟာ ၂ဝ၂ဝ ပြည့်နှစ်မှာ အပြည်ပြည်ဆိုင်ရာ အရန် ငွေကြေးဖြစ်လာနိုင်တယ်လို့ ထောက် ပြခဲ့တယ်။ ၁၉၁၃ ခုနှစ်မှာ အမေရိ ကန်ဗဟိုဘဏ်ကို တည်ထောင်ခဲ့ပြီး နောက် ဆယ်စုနှစ်တစ်ခုအတွင်းမှာ အမေရိကန်ဒေါ်လာဟာ ဗြိတိန်ရဲ့ ပေါင်စတာလင်ငွေကြးကို ဖြတ်ကျော် တက်ပြီး ကမ္ဘာသုံးငွေဖြစ်လာခဲ့ ကြောင်း သူကဆိုတယ်။ အမေရိကန် ဒေါ်လာကို ကုန်သွယ်ရေးနယ်ပယ် မှာ တွင်တွင်ကျယ်ကျယ် အသုံးပြု နိုင်အောင်လို့ ငွေဖြစ်လွယ်တဲ့ ဈေး ကွက် Liquid Market ကို ဖန်ဆင်း ပုံဖော်ခဲ့တယ်။ အမေရိကန်ဒေါ်လာ စိုးမိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ ဘွန်းတွေကိုထုတ်လုပ်ခဲ့တယ်။ အမေ ရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေအဖြစ် အခိုင်အမာ ရပ်တည်လာနိုင်ခဲ့တယ်။ ကမ္ဘာသုံးငွေ ဖြစ်ဖို့အတွက် ယွမ် ငွေအနေနဲ့ အခက်အခဲအချို့ရှိတယ်။ ယွမ်ငွေကို အပြည့်အဝလဲလှယ်နိုင်ခွင့် ရှိဖို့လိုတယ်။ ပြီးတော့ တရုတ်ပြည် ရဲ့ နိုင်ငံရေးအခင်းအကျင်းကို ပိုမို ထင်သာမြင်သာရှိအောင် ပွင့်လင်းမှုရှိ ဖို့လိုတယ်။ တရုတ်ပြည်ရဲ့ ဝါဒစနစ် ကို အယုံအကြည်ရှိတော့မှ ယွမ်ကို ရင်းနှီးမြှုပ်နှံသူတွေက စိတ်ချလက်ချ သုံးစွဲရဲကြမှာဖြစ်တယ်။ လောလောဆယ်မှာ အရင်းအနှီး တွေဟာ တရုတ်ပြည်မထဲကို ဝင်ချင် တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရ သေးဘူး။ အကန့်အသတ်ရှိတယ်။ ကုန်ပို့လွှာကို ယွမ်နဲ့ပြုလုပ်လို့ရ တယ်။ ယွမ်ငွေလက်ခံလို့ရတယ်။ နယ်စပ်ဖြစ်ကျော် စာရင်းရှင်းလင်းတဲ့ နေရာမှာ ယွမ်ငွေနဲ့ ရှင်းလင်းလို့ရ တယ်။ ဒါပေမယ့် ဒါတွေအားလုံး ကမ်းလွန်ဈေးကွက်ဖြစ်တဲ့ ဟောင် ကောင်နဲ့ ဆက်သွယ်ဆောင်ရွက်ကြရ မယ်။ ပြည်မနဲ့ တိုက်ရိုက်လုပ်လို့မရ သေးဘူး။ နိုင်ငံခြားသားတွေအနေနဲ့ တရုတ်ပြည်ထဲကို အရင်းအနှီးတွေ တင်သွင်းလာမယ်ဆိုရင် ဧရာမ အတားအဆီးတွေနဲ့ ထိပ်တိုက်ရင် ဆိုင်ရနိုင်တယ်။ ဘာကြောင့်လဲဆို တော့ ပြည်ပကယူဆောင်လာတဲ့ ငွေ လုံးငွေရင်းကြောင့် ပြည်တွင်းက ယွမ် ငွေရဲ့တန်ဖိုးကို ကမောက်ကမဖြစ်စေ နိုင်တယ်။ အစိုးရက ယွမ်တန်ဖိုးကို တည်ငြိမ်အောင်လုပ်ဖို့ ခက်ခဲလာနိုင် တယ်။ ဒါပေမယ့် ပြည်မက ကုမ္ပဏီ တစ်ခုက နိုင်ငံခြားက ကုမ္ပဏီတစ်ခု ကို ဝယ်ယူသိမ်းပိုက်လိုတယ်ဆိုရင် ပြည်တွင်းမှ ငွေအရင်းအနှီးကို ပြည်ပ သို့ယူဆောင်ခွင့်ပြုတယ်။ ဒီလိုခွင့်ပြု တာဟာ တစ်ဘက်သတ် လုပ်ဆောင် ချက်ဖြစ်နေတယ်။ အခြားတစ်ဘက် မှာလဲ ယွမ်ငွေနဲ့ ကုန်သွယ်မှုဟာ အလျင်အမြန် တိုးတက်လာတယ်။ ၂ဝ၁၁ ခုနှစ် ဒုတိယ သုံးလပတ် အတွင်း ယွမ်ငွေတန်ဖိုး ဘီလီယံ ၆ဝဝ လောက်ရှိခဲ့တယ်လို့ People's Bank of China က စာရင်းထုတ်ပြန် ခဲ့တယ်။ အဲသလို ယွမ်ငွေနဲ့ ကုန်သွယ် မှုကလဲ တစ်ဘက်သတ်ကြီးဖြစ်နေ ပြန်တယ်။ အများအားဖြင့် သွင်းကုန် အတွက်ပဲခွင့်ပြုတယ်။ ဆိုလိုတာက တရုတ်ကုန်သည်တွေဟာ သွင်းကုန် အတွက် နိုင်ငံခြားသားတွေကို ငွေပေး ချေတဲ့နေရာမှာ ယွမ်နဲ့ပေးချေတယ်။ တရုတ်ပို့ကုန်တင်ပို့သူတွေက နိုင်ငံ ခြားဖောက်သည်တွေဆီက ယွမ်ငွေ တောင်းခံတာ မရှိသလောက်ဖြစ် တယ်။ တကယ်လို့ တရုတ်ပို့ကုန် တင်ပို့သူတွေက နိုင်ငံခြားဖောက်သည် တွေဆီက ယွမ်ငွေတောင်းခံခဲ့ရင် သူ တို့က ယွမ်ငွေပေးဖို့ အဆင်သင့်ပဲ။ ဘာကြောင့်လဲဆိုတော့ တရုတ် ဗဟိုဘဏ်ဟာ တရုတ်နဲ့ကုန်သွယ် ဘက် နိုင်ငံအတော်များများက ဗဟို ဘဏ်တွေနဲ့ ငွေကြေးအလဲအလှယ် လုပ်နိုင်ဖို့ သဘောတူညီမှုတွေ လုပ် ထားတယ်။ တရုတ်က သူ့ရဲ့ဖောက် သည်တွေကို ယွမ်ထုတ်ပေးဖို့ စီစဉ်မှာ ကြားထားတယ်။ ဇူလိုင်လကုန်အထိ ဟောင်ကောင်ဘဏ်တွေမှာ စုဆောင်း အပ်နှံထားကြတဲ့ ယွမ်ငွေပမာဏဟာ ၅၇၂ ဘီလီယံဖိုးလောက်ရှိပြီး ယွမ် ငွေနဲ့ ထုတ်ဝေထားတဲ့ ဘွန်းတွေက ဇူလိုင်လကုန်မှာ ၁၅၅ ဘီလီယံဖိုးရှိ ကြောင်း IMF ကဆိုတယ်။ သူတို့ဆီ မှာ ယွမ်ငွေနဲ့ ထုတ်ဝေထားတဲ့ ဘွန်း တွေကို dim sum ဘွန်းလို့ အမည် တပ်ထားကြတယ်။ တကယ်တော့ ကုန်သွယ်ရေး အတွက် ငွေလဲလှယ်ရာမှာ အသုံးပြု တဲ့ ကမ္ဘာ့ငွေကြေးပမာဏဟာ အင် မတန်နည်းတယ်။ အမေရိကန်ဒေါ် လာ ၄.ဝ ထရီလီယံလောက်ပဲရှိ တယ်။ ဒါပေမယ့် ငွေကြေးဈေးကွက် တွေထဲမှာ စတော့၊ ဘွန်းနဲ့ အက် ဆက်တွေဝယ်ယူဖို့ အလဲအပြောင်း လုပ်ဖို့အသုံးပြုကြတဲ့ ငွေကြေးပမာဏ ကသိပ်များတယ်။ အဲဒီဈေးကွက်တွေ မှာ အမေရိကန်ဒေါ်လာရဲ့ ပါဝင်မှုက ၈၅ ရာခိုင်နှုန်းရှိပြီး၊ ယွမ်ငွေကြေး၏ အခန်းကဏ္ဍက ဝ.၃ ရာခိုင်နှုန်းပဲရှိ တယ်။ မိုးနဲ့မြေလိုကွာခြားတယ်။ ဘာပဲပြောပြော အမေရိကန်စီး ပွားရေးတိုးတက်မှုဟာ အခုလို လေး တွဲ့နေမယ်ဆိုရင် အရှိန်အဟုန်ပြင်း ပြင်းနဲ့ တိုးတက်လာတဲ့ တရုတ်နိုင်ငံ က အမေရိကန်နိုင်ငံကို ဖြတ်ကျော် တက်ပြီး တစ်ချိန်မှာ တရုတ်ယွမ်ငွေ ကြေးဟာ ကမ္ဘာသုံးငွေဖြစ်လာနိုင် တယ်။ ဘယ်တော့လဲလို့သာ အတိ အကျပြောဖို့ခက်တယ်။ ဒါပေမယ့် အဲဒီနေ့ အဲဒီအချိန် မရောက်သေးတဲ့ အခိုက်အတန့်မှာ ယွမ်ငွေကတော့ဖြင့် ဒေါ်လာတောင် တန်းကြီးကို ဖက်တွယ်တက်နေရဦး မှာပါပဲ။
......................
မင်းရွှေမောင်
Ref: The Economist, Sept 24,2011.
FB မှာ ဖတ်မိ ဖတ်ရာ.........။ ( ၂၀၁၁လူသားဖွံ့ဖြိုးမှုညွန်းကိန်း အစီရင်ခံစာ၊ HDI နဲ့ မြန်မာ )
by Zay Latt on Tuesday, November 8, 2011 at 11:56am
"ခုတလော Facebook ဖွင့်လိုက်ရင် စိတ်ထိခိုက်စရာ၊ ရင်လေးစရာ သတင်းတွေ အကြောင်းအရာတွေပဲမို့ ကျမ ဘုရားရှစ်ခိုးပြီး၊ မေတ္တာပို့ပြီး၊ စိတ်တည်ငြိမ်မှပဲ Facebook ဖွင့်ရဲပါတော့တယ်" လို့တောင် မမေသင်္ကြန်ဟိန်က ညည်းနေတော့ ကိုယ့်မိတ်ဆွေတွေကို ပြောပြချင်တာတွေတောင် တွန့်သွားတယ်။ သူငယ်ချင်းတစ်ယောက်လဲ ကျွန်တော့်ကိုပြောသဗျ။ မင်းတို့မလဲ ဟိုအရေးပြီး ဒီအရေး ဟိုအကြောင်းပြီး ဒီအကြောင်းနဲ့ နည်းနည်းပါးပါးလေးများ အေးအေးနေပါဦးလားတဲ့။ တိုင်းပြည်ကမှ မငြိမ်းချမ်းနိုင်သေးတာ ဘယ်လိုလုပ်အေးအေးနေနိုင်မှာလဲ လို့ဘဲ ပြန်ပြောလိုက်တယ်။ အိမ့်ရှေ့ပူအိမ်နောက်မချမ်းသာဆိုသလိုပါပဲ။ နေချင်သပါ့ဗျာ အလုပ်ကပြန်လာ ရေမိုးချိုး စားသောက်ပြီး TV ရှေ့ထိုင် ရုပ်ရှင်ကြည့် ဘောပွဲကြည့် နေသာသပါ့ လေညှာကပေါ့။ သို့ပေမဲ့လဲ တာဝန်မရှိပေမဲ့ တာဝန်သိနေတော့လဲ ခက်သား။
အလုပ်တွေရှုပ်နေလို့ စာမရေးနိုင် မဖက်နိုင်ဖြစ်နေတာ မနေ့က မောက္ခမဂ္ဂဇင်းက ဆရာဝင့်ထန်းရေးတဲ့၂၀၁၁လူသားဖွံ့ဖြိုးမှုညွန်းကိန်း အစီရင်ခံစာ၊ကိုဖက်ပြီး မနေနိုင်မထိုင်နိုင်ရေးဖြစ်တာ။ ရေးချင်နေတာကတော့ ဆရာမင်းဇော် ဟောပြောပွဲပြီးကထဲကပဲ။
ကုလသမဂ္ဂက ၂၀၁၁ ခုနှစ် လူ့သားဖွံ့ဖြိုးမှုအစီရင်ခံစာ(Human Development Report)ကို နိုင်ဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။ HDI(Human Development Index) လို့ခေါ်တဲ့ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ကိုတွက်ချက်ရာမှာ နိုင်ငံသားတွေရဲ့ တစ်ဦးချင်းပျမ်းမျှသက်တမ်း၊ ပညာရေးပြီးမြောက်မှု၊ ၀င်ငွေနဲ့ လူနေမှုအဆင့်အတန်း စတဲ့ စာရင်းအင်း (statistic) တို့ကနေ အခြေခံပြီး တွက်ချက်တာပါဗျ။ နားလည်တက်ကျွမ်းတဲ့ ပညာရှင်တွေ ပြုစုထားတာပါ။
HDI အဆင့်အတန်းကို အကောင်းဆုံး နော်ဝေကနေ၊ အညံ့ဖျင်းဆုံး ကွန်ဂိုအထိ နိုင်ငံပေါင်း ၁၈၇နိုင်ငံကို အစဉ်လိုက်စီထားပါတယ်။ မနေနိုင်မထိုင်နိုင် ကိုယ့်မြန်မာပြည်ရဲ့ အဆင့်ကိုရှာကြည့်မိသဗျ။ ပထမဆုံး Very high human development ဆိုတဲ့နိုင်ငံစာရင်း(ပြောရရင်တော့ မပါမှန်းတော့သိပါရဲ့ မုဒိတာပွါးရအောင် ကြည့်မိတာပါ) မှာ မတွေ့ဘူးဗျ။ ဒုတိယ High human development နိုင်ငံစာရင်း ( မထင်ပါဘူး ဗဟုသုတရအောင်ပါ) ထဲလဲမပါပါဘူး။
ကဲဒီတစ်ခါတော့ Medium human developmentနိုင်ငံစာရင်း..။ တွေ့လိုတွေ့ငြား မျှော်လင့်မိသဗျ။တီဗွီထဲသတင်းစာတွေထဲ
တွေ့တွေ့နေရတယ်မဟုတ်လား ဘယ်ခေတ်နဲ့မှမတူအောင်ကိုဖွံ့ဖြိုးတိုးတက်လာပြီတို့၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့တို့ ဆိုတာမျိုးတွေကြောင့်ပါဗျာ။အဲ..သို့ပေမဲ့ပေါ့ဗျာ နိုင်ငံသာကုန်သွားရောမတွေ့။လာအို၊ဗီယက်နမ်၊ကမ္ဗောဒီးယားတို့လို နိုင်ငံတွေတောင်
အောက်နားကကပ်ပါသေးတယ်။သုဒ္ဒေါတို့များ နောက်ကျော ကတောင်မပါဘူးဆို သလို။ ဦးလှဝင်း ဘောပွဲကြေညာတဲ့လေသံနဲ့ပြောရင် ကျွန်တော် ကြည့်ရင်းကြည့်ရင်းကို စိတ်ပျက်ပါတယ်ခင်ဗျ။
နောက်ဆုံး Low human development နိုင်ငံစာရင်း ( အော်... ခေါင်းစဉ်ပဲဖက်ရသေးတယ် မျက်ရည်တောင်လည်ချင်တယ်) တွေ့ပါပြီဗျာ ကျွန်တော်တို့ မြန်မာ နံပါတ် ၁၄၉ ။ ကပ်ဘေးဆိုက်နေတယ်ဆိုတဲ့ ဘင်္ဂလားနဲ့ မနေ့တစ်နေ့က တီမောက ကိုယ့်အထက်မှာ။
ကျွန်တော်တို့ တိုင်းပြည်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ တိုင်းပြည်တွေ အာဆီယံနိုင်ငံတွေ ရဲ့ HDI အဆင့်တွေဘယ်လောက်ရှိသလဲဆိုတာကို ကြည့်ကြရအောင်ဗျာ။
Very high human development
၁။ စင်္ကာပူ ( ၂၆ )
၂။ ဘရူနိုင်း ( ၃၃ )
high human development
၃။ မလေးရှား ( ၆၁)
Medium human development
၎။ တရုတ် ( ၁၀၁)
၅။ ထိုင်း (၁၀၃)
၆။ ဖိလစ်ပိုင် (၁၁၂)
၇။ အင်ဒိုနီးရှား (၁၂၄)
၈။ ဗီယက်နမ် (၁၂၈)
၉။ အိန္ဒိယ (၁၃၄)
၁၀။ လာအို (၁၃၈)
၁၁။ ကမ္ဗောဒီးယား (၁၃၉)
Low human development
၁၂။ ဘင်္ဂလားဒေ့ရှ် (၁၄၆)
၁၃။ တီမော (၁၄၇)
၁၄။ မြန်မာ (၁၄၉)
........................................................။
ဖက်နေတဲ့ မိတ်ဆွေတွေတော့ဘယ်လိုနေသလဲ မသိဘူး ကျွန်တော်ကတော့ ရေးနေရင်းကို ၀မ်းနည်းလာတယ်။ ခု ကိုယ့်တိုင်းပြည် ဒီအဆင့်ရောက်နေတာကို ၀မ်းသာအားရ ရေးပြနေတာမဟုတ်ဘူး ။ခံပြင်းလွန်းလို့ သိအောင်ပြောပြနေတာ။ မဖြစ်သင့်တာတွေ ဖြစ်နေလို့။ တိုင်းပြည်မှာ သယံဇာတတွေ ကြွယ်ဝသလောက် ဘာကြောင့်ပြည်သူတွေ ဆင်းရဲတွင်းနက်နေရတာလဲ။ သမိုင်းအစဉ်အလာ ကြီးမားတဲ့ တိုင်းပြည်ကသူတွေ ခုမှ ကမ္ဘာ့အလယ်မှာ သနားတဲ့မျက်လုံးတွေနဲ့ အထင်သေးတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံနေရတာလဲ။
တိုင်းပြည်တပြည်ရဲ့ တိုးတက်မှု နိမ့်ကျမှုဆို အဲဒီတိုင်းပြည် ခေါင်းဆောင်ရဲ့ အရည်အချင်းနဲ့ ကျင့်သုံးတဲ့ မူဝါဒပေါ်မှာ မူတည်ပါတယ်။ ကိုလံဘီယာက သားရေလုပ်ငန်း မအောင်မြင်ရတာ ကိုလံဘီယာက နွားတွေ အသုံးမကျလို့ဆိုတဲ့ အကြောင်းပြချက်လို မျိုးတော့ လာမပေးနဲ့။
ဇေလတ်။
၈.၁၁.၁၁။
World map by quartiles of Human Development Index in 2011. Very High High Medium Low Data unavailable
ဟောဒီလို နိုင်ငံက ဘာကြောင့် Low human development နိုင်ငံများ စာရင်းထဲ ပါနေရတာလဲ????
ရွေးကောက်ပွဲတနှစ်ပြည့်ပြီးနောက် မြန်မာပြည်နိုင်ငံရေး (စကားဝိုင်း-၁)
Published on November 8, 2011 by နေသွင်
ရွေးကောက်ပွဲတနှစ်ပြည့်မြောက်ပြီးနောက် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တဦးလည်းဖြစ်၊ လောလောဆယ် ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာလည်းဖြစ်တဲ့ ဆရာမောင်ဝံသ၊ ဒီဗွီဘီအယ်ဒီတာ ဦးခင်မောင်စိုးတို့နဲ့ စီစဉ်သူ ကိုနေသွင်က ဆွေးနွေးထားပါတယ်။
ရွေးကောက်ပွဲကနေ တနှစ်ပြည့်လာတဲ့အချိန်မှာ နိုင်ငံရေး အဖြစ်အပျက်တွေ တချို့အပြောင်းအလဲဆိုတာကို သဘောတူချင်မှတူမယ်။ ရွေးကောက်ပွဲအလွန် တနှစ်မှာ နိုင်ငံရေးအခြေအနေက ဘယ်အခြေအနေမှာ ရှိနေပါသလဲ။
ဒီဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဆရာမောင်ဝံသကို ပထမဆုံး မေးချင်ပါတယ်။ ဒီတနှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေးထဲမှာ သိသာတဲ့ တိုးတက်မှုဆိုရင် ဆရာ့အနေနဲ့ ဘာတွေပြောမလဲ။
“မနှစ်က နိုဝင်ဘာလ ၇ ရက်နေ့မှာ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးတော့ ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့တယ်။ အနှစ် ၂၀ တွင်းမှာ ပထမဆုံး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အခုဆိုရင် တနှစ်ပြည့်သွားတော့ ဒီတနှစ်တာကာလအတွင်းမှာ ပထမရွေးကောက်ပွဲ ကျင်းပပြီးတော့ ထုံးတမ်းစဉ်လာအရ ၂ လလောက်ဆိုရင် လွှတ်တော်တွေ ကျင်းပပါတယ်။ နိုင်ငံတကာမှာကော၊ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်မှာကောပဲ။ ဒါပေမယ့် ကျနော်တို့ဆီမှာ ရွေးကောက်ပွဲ ကျင်းပပြီးတော့ ၂ လ ကြာတော့လည်း လွှတ်တော်မကျင်းပဘူး၊ ၃ လကြာလည်း မကျင်းပဘူး။ ၄ လလောက်ကျမှ ၂၀၁၁ ခုနှစ် မတ်လလောက်မှ လွှတ်တော်ကျင်းပပါတယ်။ ကျနော်တို့ တော်တော်စိတ်ပူခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ရွေးကောက်ပွဲကျင်းပပြီးတော့ လွှတ်တော်မပေါ်ခဲ့ဘူး။ အဲဒီအချိန်က ကျနော်ကိုယ်တိုင်လည်း ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်အမတ် တယောက်ဖြစ်ပါတယ်။ တချို့ဆိုရင် လွှတ်တော်ဆိုတဲ့ အနေအထားကိုတောင် မမြင်ဘူးသလို၊ မကြားဘူးသလို ဖြစ်ကုန်တယ်။ အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်က ၂၀၁၁ ခု မတ်လကျတော့ လွှတ်တော်ပေါ်လာတယ်။ ဝမ်းသာပါတယ်။ ဘာပဲပြောပြော နိုင်ငံရေး အနေအထားတခု ဖြစ်ပေါ်လာတယ်လို့ ပြောလာနိုင်တယ်။ မတ်လ ၃၀ ရက်မှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောတယ်။ အဲဒီမိန့်ခွန်းကလည်း အင်မတန်မှ တိုင်းပြည်က စိတ်ဝင်စားပါတယ်။ ထူးထူးခြားခြား ပျော့ပျောင်းမှုရှိတယ်။ စေတနာပါတယ်။ တိုင်းပြည်အတွက် ရည်မှန်းချက်တွေ ဖြစ်စေချင်တဲ့ စေတနာတွေ ပြောသွားတယ်လို့ ကျနော်တို့ ကိုယ်တိုင်လည်း အဲလိုသဘောပေါက်ပြီးတော့ ဝိုင်းဝန်းကြိုဆိုကြပါတယ်။ မီဒီယာတွေကလည်း ကြိုဆိုကြတယ်။ နိုင်ငံတကာက ကုလသမဂ္ဂက အစ ကြိုဆိုကြတယ်။ အဲဒီအချိန်မှာတော့ ကျနော်တို့ သုံးနှုန်းတာတော့ သတိထားပြီး ကြိုဆိုကြပါဆိုတဲ့ သဘောထားမျိုး ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ သမ္မတရဲ့ မိန့်ခွန်းနောက်ကနေ ပါလာတာက စတုတ္ထမဏ္ဍိုင်ဆိုပြီး သတင်းမီဒီယာတွေကို ကျနော်တို့ရဲ့ အခန်းကဏ္ဍကို အလေးထားဖို့၊ စတုတ္ထမဏ္ဍိုင်ရဲ့ ဝေဖန်ထောက်ပြတာတွေကို လေးလေးစားစားနဲ့ စောင့်ကြည့်ပြီးတော့ ဒီပေါ်မှာ ပြန်ပြီးတော့ အပြုသဘောတုံ့ပြန်ကြဖို့၊ ပြန်လည်ဆန်းစစ်ဖို့တွေ တွေ့ရပါတယ်။ နောက်တခါ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးပြောတယ်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ပတ်သက်ပြီး ပြောတယ်။ ဒါမျိုးတွေဖြစ်ပေါ်လာတဲ့အတွက် ပွဲဦးထွက် ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်ပေါ်လာတယ်။ လွှတ်တော်ကနေ ပေါ်လာတဲ့ အစိုးရ သမ္မတ အစိုးရပေါ့။ အဲဒီ သူ့ရဲ့ ဖြစ်ပေါ်မှုကို ကျနော်တို့ စိတ်ဝင်စားစရာ ဖြစ်လာတယ်။ ကျနော်တို့ အားလုံးစောင့်ကြည့်နေတာ ဖြစ်ပါတယ်။ အဲဒီကနေ ရက်ပေါင်း တစ်ရာ၊ ရက်ပေါင်း နှစ်ရာပေါ့လေ။ ရက်ပေါင်း နှစ်ရာကနေ သုံးရာအတွင်း ကျနော်တို့ကိုယ်တိုင်ဆိုရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တဲ့ အလားအလာတွေ တွက်ဆပြီးတော့ ညှိနှိုင်းဆွေးနွေးကြပါတယ်။ ကျနော်တို့ ရေးနိုင်တာ ရေးကြပါတယ်။ အဲလိုအလားအလာတွေ ရှိပါတယ်။
“အဲဒီလို တနှစ်တာ ကာလအတွင်း ထူးထူးခြားခြား ဖြစ်ပေါ်တိုးတက်မှုတွေ ပြောမယ်ဆိုရင်တော့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရကနေ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် လေးကြိမ်တွေ့ခဲ့ပြီးပြီ။ ဒါတွေကလည်း ထူးခြားပါတယ်။ ဒါတင်မကဘူး ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ၊ အမေရိကန် သမ္မတရဲ့ အထူးကိုယ်စားလှယ်တွေ၊ ဥရောပ သမဂ္ဂတို့၊ ဥရောပက မြန်မာ့မိတ်ဆွေနိုင်ငံတွေ သူတို့ဆီကလာတယ်။ အဝင်အထွက်တွေ များလာတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဖြစ်ပေါ်မှုမှာ လာပြီးတော့ လေ့လာကြတယ်၊ သုံးသပ်ကြတယ်၊ တိုက်တွန်းကြတယ်။ အဲဒါမျိုးတွေ တွေ့ရတယ်။ နောက် ပြည်ထောင်စုအတွင်းမှာ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ကိစ္စတွေကိုလည်း အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ ကြိုးစားနေတာ တွေ့ရတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတဲ့ တိုက်တွန်းချက်တွေ တောင်းဆိုမှုတွေကလည်း ရှိတယ်။ အဲဒီအပေါ်မှာလည်း အထိုက်အလျောက် ရာနှုန်းပြည့်မဟုတ်တာတောင် ၅၀ ရာခိုင်နှုန်းလောက် ထောက်ခံကြိုဆိုစရာ ဖြစ်တဲ့အနေအထားမျိုးလို နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုး ရှိပါတယ်။ လောလောဆယ် မှတ်တမ်းမှတ်ရာ မကိုင်ဘဲနဲ့ ပြောလို့ရသမျှ ဖြစ်ပေါ်မှုတွေကတော့ ဒီလောက်ပါပဲ။”
လွန်ခဲ့တဲ့ တနှစ်က ရွေးကောက်ပွဲပြီးပြီးချင်းမှာ မြန်မာနိုင်ငံမှာ တချို့ကလည်း အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက အရမ်းမြန်လွန်းအားကြီးတယ်။ အပြောင်းအလဲတွေက မြန်နေတယ်လို့ ပြောတယ်။ ဆရာတို့ အပြောင်းအလဲပေါ်မှာ ဒီလောက်မျှော်လင့်ခဲ့သလားဆရာ။ ဆရာနိုင်ငံရေး သမားတယောက်လည်း ဖြစ်တယ်။ ဂျာနယ်လစ်တယောက်လည်း ဖြစ်တယ်။ မြန်တယ်လို့ကော ဆရာယူဆပါသလား။
“နှေးတယ်၊ မြန်တယ်လို့တော့ သိပ်အတိအကျ မပြောလိုဘူး။ ဒါပေမယ့် ဖြစ်ပေါ်မှုကိုကြည်မယ်ဆိုရင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားဖို့တာဆူနေတယ်။ အဲဒီအတွက် ဆုံးဖြတ်ထားတဲ့ အနေအထားကို တွေ့ရပါတယ်။ အဲဒီ ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့ လမ်းကြောင်းတည့်ဖို့ကို အခင်းအကျင်းတွေ လုပ်နေတယ်လို့ မြင်ပါတယ်။”
ဆရာမောင်ဝံသရဲ့ ဆွေးနွေးချက်မှာ ဆရာဦးခင်မောင်စိုးအနေနဲ့ ဘာတွေများ ဖြည့်စွက်ဆွေးနွေးချင်ပါသလဲ။
“ကျနော်တို့ကဒီလောက်ကို ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ နဂိုကတည်းက သိပ်မမျှော်လင့်ခဲ့ဘူး။ အရင်ပုံစံကို နည်းနည်းလေး ပြောင်းမယ်ဆိုတာမျိုး ကျနော်တို့ကိုယ်တိုင် ပြောခဲ့တာတွေ ရှိပါတယ်။ သူတို့ အရပ်ဝတ်ပြောင်းသွားတယ်လို့ ကျနော်တို့ အင်တာဗျူးတခုမှာ အရပ်ဝတ်တဲ့ အစိုးရလို့ ကျနော်သုံးခဲ့ပါတယ်။ အရပ်ဝတ်ထားတဲ့ စစ်အစိုးရပဲ သွားလေမလားလို့ စိုးရိမ်ချက်တွေတော့ ရှိခဲ့တယ်။ အဲဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်ပြီးပြောခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကတော့ သတ်သတ် သွားနေတဲ့ပုံစံရှိတယ်။ အရပ်သား အစိုးရကလည်း စစ်တပ်ရဲ့ ဩဇာကို သိပ်ခံနေတဲ့ပုံမဟုတ်ဘဲနဲ့ ဆရာမောင်ဝံသ ပြောသလို ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နိုင်ဖို့ခင်းကျင်းတဲ့ အခင်းအကျင်း တခုကိုတော့ သူတို့လုပ်နေတယ်လို့ မြင်ရတယ်။ အဲတော့ ထူးထူးခြားခြား အဖြစ်အပျက်ဆိုရင် ကျနော်တို့ ဒီမြစ်ဆုံကိစ္စမှာ ပြည်သူလူထုကနေ မြစ်ဆုံကြီးကို ရပ်ပေးပါ။ မြစ်ဆုံကိစ္စကတော့ တိုင်းပြည်အတွက် နစ်နာမယ်လို့ ပြောလိုက်တဲ့အခါမှာ သူတို့ပြည်သူ့အသံကို နားထောင်တဲ့အနေနဲ့ သမ္မတကပဲ သူတို့ရဲ့ သက်တမ်း ၅ နှစ်အတွင်းမှာ ဒါကိုမလုပ်တော့ပါဘူးလို့ ပြောတာပဲ။ ဒါဆိုရင် ပြည်သူ့ရဲ့ အသံကို နားထောင်လိုက်တယ်လို့ မြင်ရတယ်။ ဆရာမောင်ဝံသ ခုနပြောသလို ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့ အတိုက်အခံရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ ကျနော်တို့စိတ်ထဲမှာ အရင်ကထင်ခဲ့တာက ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီကတော့ ဖျက်သိမ်းခံရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တဖြည်းဖြည်း မှိန်သွားအောင် သူတို့လုပ်မယ်လို့ ထင်ပေမယ့်လို့ အဲလိုမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတကိုယ်တိုင်က တွေ့ဆုံလိုက်တာဟာ ကျနော်တို့ တော်တော်အံ့ဩရတဲ့ အဖြစ်အပျက်တခုလို့ ပြောရမယ်။ အဲတော့ အလားအလာတွေကို ကြည့်မယ်ဆိုရင် ဒီအရှိန်နှုန်းနဲ့ ဒီလိုပြုပြင်ပြောင်းလဲမှုတွေနဲ့ သွားမယ်ဆိုရင် ကျနော်တို့ မျှော်လင့်ထားတဲ့ ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူး။ ခုနပြောသလို မီဒီယာတွေ လွတ်လပ်ခွင့်ဆိုတာတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အင်မတန်အရေးကြီးတယ်။ ဒါလည်းပဲ သူတို့ဥပဒေတွေဘာတွေနဲ့ လုပ်နေတာဆိုတော့ အလားအလာ ကျနော်တို့ မျှော်လင့်သလောက် မဖြစ်ပေမယ့် တဖြည်းဖြည်း လုပ်သာကိုင်သာ အနေအထားတော့ ရှိသွားမှာဖြစ်တယ်ဆိုတာကို အခုတနှစ်အတွင်းမှာကို ဒါက ကောင်းတဲ့အလားအလာတွေ မြင်နေရတယ်။ ဒီအတိုင်းပဲ ဆက်သွားမလား ဆက်မသွားဘူးလားဆိုတာလည်း ဆက်သွားမယ်ဆိုတဲ့ ဘက်ကို ကျနော်တို့ နည်းနည်းပိုယုံကြည်ချင်တယ်။”
အဲတော့ ဆရာက ဆက်သွားမလား၊ ဆက်မသွားဘူးလားဆိုတာ နှစ်ဖက်ဖြစ်နေတယ်။ ဆက်မသွားနိုင်လောက်တဲ့ အခြေအနေတွေ ဆရာစဉ်းစားမိတာ ရှိလား။
“ဆက်မသွားနိုင်ဘူးဆိုတာက ကျနော်တို့ သတင်းတွေထွက်နေတာက ဥပမာ တင်းမာတဲ့ အဖွဲ့တွေ၊ တင်းမာတဲ့လူတွေကလည်း ရှိနေသေးတယ်လို့ ကျနော်တို့က သုံးသပ်တာ။ နောက်တခါ ပျော့ပျောင်းတယ်ဆိုတဲ့ လူတွေကလည်း အခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်နားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်တွဲလုပ်နိုင်ဖို့အတွက် နီးနီးစပ်စပ် ရှိနေတဲ့သူတွေကတော့ ဒါပျော့ပျောင်းတယ်ဆိုတာမျိုးကို မြင်နေရတယ်။ ကျနော်တို့သိရသလောက် ဒေါ်အောင်ဆန်းစုကြည်ကတော့ မာကျောတယ်တို့၊ ပျော့ပျောင်းတယ်တို့ သူမသုံးဘဲနဲ့ အလယ်အလတ်ကျတယ်ဆိုတဲ့ အသုံးမျိုးလေးပေါ့။ အလယ်အလတ်ကျတယ်ဆိုတဲ့ သူတွေလည်း တွေ့နေရတယ်ဆိုတော့ အဲဒီအစုတွေကနေပြီးတော့ လောလောဆယ်မှာ နေရာရနေတယ်။ ပိုပြီးတော့လည်း ပူးတွဲလုပ်နေတာတွေ့ရတယ်။ နောက်စစ်တပ်က သိသိသာသာ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ ပုံစံမျိုး ကျနော်တို့ မတွေ့ရဘူးဆိုတော့ ကျနော်က ဒီအပြောင်းအလဲတခုက ရှေ့ဆက်သွားမယ်လို့ ယုံကြည်တယ်။”
ဆရာမောင်ဝံသက အထဲမှာလည်း နေနေပြီး မြန်မာ့နိုင်ငံရေးမှာလည်း အကြာကြီးဖြတ်ဖူးတော့ ဆရာ့ကို မေးချင်တာက အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ အပြောင်းအလဲတွေက ရေရှည်ခံတဲ့ အပြောင်းအလဲတွေလား။ နောက်ပြန်မလှည့်တဲ့ အပြောင်းအလဲတွေဖြစ်အောင် နိုင်ငံရေး အင်အားစုတွေအနေနဲ့ ဘယ်လိုချဉ်းကပ်မှုကို လုပ်သင့်တယ်လို့ ယူဆပါသလဲ။ ဥပမာ လွှတ်တော်ပြင်ပအုပ်စုတွေရှိမယ်။ တိုင်းရင်းသားအုပ်စုတွေ ရှိမယ်။
“ချဉ်းကပ်မှုဆိုတာမှာ အစိုးရကနေ ဒီမိုကရေစီ နိုင်ငံရေးပါတီတွေ အပေါ်မှာ ချဉ်းကပ်မှု၊ နောက်တခါ ဒီမိုကရေစီ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကနေ အစိုးရအပေါ်မှာ ချဉ်းကပ်မှု။ အဲလို နှစ်ဖက်ရှိမယ်။ အဲတော့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရဘက်က ချဉ်းကပ်မှုမှာတော့ သမ္မတကြီးရဲ့ မိန့်ခွန်းမှာလည်း ပါတယ်။ တိုင်းပြည်ရဲ့ အရှိတရားတွေကို ပြောသွားတယ်။ လက်ခံတယ်ဆိုတာကို ပြောသွားတယ်။ ဥပမာ ကျနော်တို့ တိုင်းပြည်က အရင်တုန်းက ကိုယ့်နောက်က တိုင်းပြည်တွေထက် ခေတ်နောက်ကျပြီးတော့ ကိုယ်က အနောက်ကို ပြန်ရောက်နေတယ်။ ကျနော်တို့ တိုင်းပြည်က ဆင်းရဲနွမ်းပါးနေတယ်။ ဒီလိုအနေအထားတွေကို သူကိုယ်တိုင်ရဲ့ မိန့်ခွန်းထဲမှာ ထုတ်ဖော်ပြောသွားတယ်။ အဲဒီတော့ ဒါက အရှိတရားတခုပဲ။ ကျနော်တို့ တိုင်းပြည်က ချမ်းသာတဲ့တိုင်းပြည်မဟုတ်ဘူး။ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်ဖြစ်တယ်။ အောက်တမ်းနောက်တမ်း ကျနေတဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတာ ဒါက အရှိတရားအနေနဲ့ သူလက်ခံတယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးချင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပါမှုကို ဒီမိုကရေစီ ခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာက အသိအမှတ်ပြုထားတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရထားတယ်။ နောက်တခါ သူကိုယ်တိုင်က အင်မတန်မှ ပြည်သူလူထုရဲ့ ထောက်ခံမှုရထားတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုတဲ့ အရှိတရားပေါ့။ အဲဒီအရှိတရားကိုလည်း လက်ရှိအစိုးရက အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောရှိတယ်။ အသိအမှတ်ပြုတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးကလည်း တွေ့ဆုံတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း တွေ့ဆုံတယ်။ ဆွေးနွေးတယ်။ ပြီးတော့ ပူးပေါင်းပြီးတော့ အပြုသဘော ဆောင်ရွက်သွားကြမယ်။ တိုင်းသူပြည်သားတွေ ကိုယ်စိတ်နှဖြာ ချမ်းသာအောင် ဆောင်ရွက်သွားကြမယ်လို့ ဒီလိုစကားမျိုး ပြောတာက အရှိတရားကို လက်ခံလို့ပြောသွားတာ။ နောက်တခါ မကြာသေးခင်ကဘဲ အမျိုးသားလွှတ်တော် နာယကကြီး ဦးခင်အောင်မြင့်က ဂျာနယ်တစောင်နဲ့ အင်တာဗျူးမှာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပါတယ်လို့ ပြောတယ်။ အဲဒီတော့ ဒါကလည်း အရှိတရားပဲ။ ဒီစကား၊ ဒီဖြစ်ရပ်တွေ မတိုင်ခင်က အင်မတန်မှ စိတ်မချမ်းမသာဖြစ်ရတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ တကယ်ရှိခဲ့တယ်။ အဲဒီမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးကလည်း ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာရှိတယ်။ အဲဒါတွေကို မျက်ကွယ်ပြုပြီးတော့ ဒါတွေအပေါ်မှာ လုံးဝထည့်မစဉ်းစားပဲ အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် ဒါကလိုအပ်ချက်ဖြစ်တယ်ဆိုတာကို ထည့်မစဉ်းစားဘဲနဲ့ ကျင့်သုံးခဲ့တဲ့ အနေအထားတွေ အများကြီးရှိခဲ့တယ်။ အဲဒီကနေ ပြောင်းလဲပြီးတော့ သူတို့အရှိတရားတွေ လက်ခံလာတယ်။ တိုင်းပြည်ရဲ့ ပကတိ ရှိနေတဲ့ အရှိတရားကို ခုနက ကျနော်တင်ပြခဲ့သလို တိုင်းပြည်က ဆင်းရဲနွမ်းပါးနေတယ်။ အများကြီး အောက်ကျနောက်ကျ ဖြစ်နေတယ်။ ဒီအရှိတရားကိုလည်း လက်ခံတယ်။ အဲတော့ ဒီအပေါ်မှာ လက်ခံပြီ၊ သဘောပေါက်နေပြီဆိုရင် ဘာဆက်လုပ်သင့်တယ်ဆိုတာကို အစိုးရဘက်က ဆုံးဖြတ်ပြီးတော့ သူတို့ဘက်က ချဉ်းကပ်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးတယ်။ စစ်မက်ဖြစ်နေတာတွေကို ရပ်တန့်အောင်ကြိုးစားတယ်။ ဒါမျိုးတွေတွေ့ရတယ်။
“တဖက်က ကျနော်တို့ကြည့်ရင် နိုင်ငံရေး အင်အားစုတွေဘက်က ဆိုရင် နှစ်ပိုင်းပေါ့။ ပထမတပိုင်းက ၂၀၁၀ ရွေးကောက်ပွဲကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ရွေးကောက်ပွဲ ရှိတဲ့အတွက် ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ဆုံးဖြတ်တဲ့ ဒီမိုကရေစီ နိုင်ငံရေးပါတီတွေ ရှိတယ်။ သူတို့ဘက်ကဆိုရင် ရွေးကောက်ပွဲကို ဝင်မယ်။ လွှတ်တော်ထဲကို ဝင်မယ်။ ပြီးတော့မှ လွှတ်တော်ထဲက စကားပြောကြမယ်။ နောက် ဥပဒေပြင်စရာရှိတာကို ပြင်မယ်ဆိုပြီးတော့ ယူဆပြီး ဝင်ကြတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ အခြေခံ ဥပဒေကို လက်မခံနိုင်လို့ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး။ ဒါကြောင့် မဝင်ဘဲနေခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေထဲမှာပဲ နှစ်ပိုင်းပေါ့။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တင်မက ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ ၉၀ ရွေးကောက်ပွဲမှာ အဓိက အနိုင်ရတဲ့ ပါတီတွေက ၂၀၁၀ ရွေးကောက်ပွဲကို မျက်ကွယ်ပြုခဲ့တာ။ အဲလိုအနေအထားကနေပြီးတော့ အခုဆိုရင် မကြာခင်ရက်ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင် ဥပဒေ ကျေနပ်လောက်တဲ့ထိ ပြုပြင်မယ်၊ ပြင်ဆင်မယ်ဆိုရင် စဉ်းစားမယ်ဆိုပြီးတော့ ပြောတဲ့အနေအထားရှိလာတယ်။ ပါတီမှတ်ပုံတင်မယ့် အလားအလာရှိလာပြီ။ မှတ်ပုံတင်ပြီးရင်တော့ မှတ်ပုံတင်ပြီးတဲ့ ပါတီတရပ်အနေနဲ့ သူ့မှာ လူထုစည်းရုံးရေး လုပ်မယ်။ တချိန်တည်းမှာပဲ ပေါ်လာတဲ့ရွေးကောက်ပွဲမှာ ဝင်ဖို့ပဲ ရှိပါတယ်။ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ မဝင်ရင်တော့ နည်းနည်း ထူးဆန်းတာပေါ့။ အဲလိုတော့ မဖြစ်ဘူးလို့ ထင်ပါတယ်။ သူ့ဘက်ကလည်း ပြန်ချဉ်းကပ်မှုက ဒီသွားနေတဲ့ နိုင်ငံရေးရဲ့ လမ်းကြောင်းကြီးထဲမှာ ဝင်လှုပ်ရှားမယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်။”
အပိုင်း (၂) မှာတော့ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေးမဝင်ရေး၊ မြန်မာပြည်နိုင်ငံရေးရဲ့ စိုးရိမ်ချက်တွေအပေါ် ဆွေးနွေးထားပါတယ်။
http://burmese.dvb.no/archives/17513
မြန်မာပြည်၏ ထိပ်သီးခရိုနီတဦး အကြောင်း တစေ့တစောင်း (တတိယပိုင်း-ဇာတ်သိမ်း)
by FNG on November 9, 2011
၎င်း၏ကုမ္ပဏီများအား အနောက်မဟာမိတ် နိုင်ငံများမှ ပိတ်ဆို့ခဲ့သောကြောင့် ကနဦးပိုင်းတွင်ဦးတေဇမှ အတော်ပင် ပေါက်ကွဲ ခဲ့၏။ ဦးတေဇမှ မဟုတ်ပါ။ ယနေ့ကမ္ဘာ တွင် စီးပွားရေး
အင်အားကြီး ဖြစ်ပြီး အခြေခံတန်ဖိုးများ တူညီကြပြီး ညီညွတ်မှုရှိကြသော အနောက်ဒီမိုကရေစီ
နိုင်ငံများနှင့် ဆန့်ကျင်ဘက် အနေအထား တွင် ရှိနေသူ များအတွက်လှုပ်ရှား နိုင်သော ဂွင်မှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာလေ၏။
သို့သော်လည်း မြန်မာ စစ်အာဏာရှင် များနှင့် ပူးပေါင်း၍ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ မပြု
လုပ်နိုင်စေရန် အနောက်မဟာမိတ်နိုင်ငံများ၏ ပိတ်ဆို့မှုများသည် ၄င်းကို ပို၍အားကောင်း
လာစေခဲ့ ပြီး အခြားသော လုပ်ငန်းရှင်များ အား ဈေးကွက်တွင်းသို့ ဝင်ရောက်လာရန်မှာ
ပိုမိုခက်ခဲလာသည် ဟု ဦးတေဇမှ သူ၏အမြင်ကိုပြောသည်။ “ ဒီလိုမျိုး အနောက်တိုင်း
ပိတ်ဆို့မှု တွေကြောင့် ကျနော် တို့ပိုတောင်မှ ချမ်းသာလာသေးတယ် ဟု ဦးတေဇမှ
ဆိုသည်။

ပြည့်ဖြိုးတေဇ၊ ရေချယ်လ်တေဇ၊ ထက်တေဇ နှင့် ဦးတေဇ
လက်သင့်ရာ စားတော်ခေါ်သော မြန်မာစစ်ဗိုလ်ချုပ် များ၏ အလေ့အထအရ ဦးတေဇ၏
စကားသည် ဟုတ်သလိုရှိနေ၏။ သို့သော်လည်း ထိုအနေအထားများသည် အမြဲတစေ
ပြောင်းလဲနေသည်။ အနောက်မဟာမိတ်များ၏ ပိတ်ဆို့မှုများကြောင့် ဦးတေဇအနေနှင့်
ပြည်ပအရင်းအနှီးများ နှင့် ချိတ်ဆက်နိုင်စွမ်း နည်းသွားခဲ့ရပြီး မြန်မာနိုင်ငံတွင်း ဖက်စပ်
ရင်းနှီးမြှုပ် နှံလိုသူ လုပ်ငန်းရှင်များအတွက် ၄င်းသည် ရှောင်ကြဉ်အပ်သူ ဖြစ်လာခဲ့သည်။
ဦးတေဇအနေနှင့် သူ၏ဂုဏ်သတင်းအား ပြန်လည်တည်ဆောက်ရန် လိုအပ်နေပြီး ၄င်း၏
အနေအထားသည် သုညအဆင့် (Zero Level) တွင်တောင်မှမဟုတ်ပဲ အနှုတ်လက္ခဏ
အဆင့် (Negative Level) တွင် ကျဆင်းနေသည်ဟု နိုင်ငံစုံလုပ်ငန်းကြီးများ
(Multinational Firms) အတွက် လုပ်ကိုင်နေသော အကြံပေးပညာရှင် တဦးမှဆိုသည်။
ဦးတေဇအနေနှင့် မြန်မာနိုင်ငံတွင်းရှိ ကမ္ဘာလှည့်ခရီးသွား များ လာရောက်လေ့ရှိသော
အချက်အချာ ကျသော နေရာများတွင် ရှိနေသည့် ထူးလုပ်ငန်းစုပိုင် ဟိုတယ် (၁၇) ခုအား
နိုင်ငံတကာ စီမံခန့်ခွဲမှုကုမ္ပဏီတခု အား အသွင်သစ်ဖြင့် လုပ်ကိုင်စေလိုသော်လည်း ၄င်း
လိုလားသော အဆင့်ရှိသည့် အကျိုးတူလုပ်ငန်းရှင် များအား မရနိုင်ခဲ့သော ကြောင့် ၄င်း
အနေနှင့် အနောက်မဟာမိတ်များ၏ ပိတ်ဆို့မှုများကို အပြစ်တင်ရုံမှ လွဲပြီး ဘာမှမတတ်နိုင်
ခဲ့ချေ။ သူ့အနေနှင့် ထိုင်းဟိုတယ်လုပ်ငန်းစု တခုမှ ကမ်းလှမ်းလာမှု ရရှိခဲ့သော် လည်း
ငြင်းပယ်ခဲ့သည်။အငယ်စား ဟိုတယ် လုပ်ငန်းစု များအား စိတ်မဝင်စားပဲ နိုင်ငံတကာတွင်
နာမည်ရပြီးသားလုပ်ငန်းစု များကိုသာ လိုလားသည်ဟု ဦးတေဇမှဆိုသည်။
ကြပ်ပြေးရှိ နေပြည်တော်မြို့ အား ပို၍တန်ဆာ ဆင်နေသော ပညာရေး အားနည်းပြီး မသိသား
ဆိုးဝါးလှသည့် လူမိုက်များဖြစ်ကြသော မြန်မာ စစ်ဗိုလ်ချုပ် များကြောင့် စီးပွားရေး အရ
မဟာဗျူဟာ ကျသည့် ပင်လယ်နှင့် နီးစပ်သော နေရာတွင်ရှိသော်လည်း ချောင်ထိုးခြင်း
ခံရ၍ ရန်ကုန်မြို့တွင် ဦးတေဇ၏ နေအိမ်သည် ထိုအရပ်ရှိ အထင်ကရ အဆောက်အဦ
ပင်ဖြစ်လေသည်။ သူ၏နေအိမ်သည် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၊ အမေရိကန်
သံရုံးတို့ နှင့် သိပ်မဝေးလှပေ။
စစ်အုပ်စု၏ လက်ချက်ကြောင့် စီးပွားရေး ချွတ်ခြုံကျပြီး လူအများစု မှာ ဆင်းရဲမွဲတေ၍
ဆင်ခြေဖုံး အရပ်များတွင် ထမင်းပင် ဝယ်မစားနိုင်ပဲ ထမင်းရည်သာ သောက် နေကြရ
သူများရှိနေပြီး လူအများ ဆင်းရဲ ဒုက္ခရောက် နေကြချိန်တွင် ဦးတေဇ ဝယ်ယူစုဆောင်း
ထားသော ဖာရာရီ၊ ရိုးလ်စ်ရွိုက်စ် အစရှိသည့် တန်ဖိုးကြီး ဇိမ်ခံကား များမှာ ကား
လမ်းပေါ်မှ ပင် မြင်နိုင်ပေသည်။ ကြီးကျယ်ခန်းနား လှသည့် ဦးတေဇ၏ နေအိမ်အား
လမ်းပေါ်မှ ဖြတ်သွားသော တက္ကစီဒရိုင်ဘာ များမှ ၄င်းတို့၏ ခရီးသည်များကို လက်
ညှိုးထိုးပြ သွားခဲ့ကြသည်။

ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု
သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ် (Macquarie University) မှ မြန်မာစီးပွားရေး နှင့်
ပတ်သက်သော ကျွမ်းကျင်သူ ပညာရှင် ရှောင်တာနယ်လ် (Sean Turnell) မှမူ ပါးနပ်သော
မျက်လုံးများနှင့် ဦးတေဇသည် ကလေးများအတွက် ပုံပြင်များထဲတွင် ပါလေ့ရှိသော ဗီလိန်
လူကြမ်း တဦးကဲ့သို့ ဖြစ်လုနီးနီး အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။
မြန်မာစစ်အရာရှိများကမူ ဦးတေဇ၏ ထူးကုမ္ပဏီ ၏ပေါက်ရောက်နေမှုကို ရည်ညွှန်းသည့်အနေဖြင့်
ထူးကုမ္ပဏီ အား (ကက-တေ) ဟုဆိုကြသည်။ စီးပွားရေးသမားများကမူ ၄င်းအား မြန်မာစစ်တပ်မှ
တတိယဗိုလ်ချုပ်မှူးကြီး ဖြစ်သည်ဟု ဆိုကြသည်။ (ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏အောက်
ကပ်လျက်တွင်ရှိသည်ဟု ဆိုခြင်းဖြစ်သည်) ၄င်းအား ခရိုနီ (စစ်အုပ်စုနှင့်ပလဲနံပသင့်သူ) အဖြစ်
ဆိုကြခြင်းကို မူဦးတေ ဇ အနေနှင့် ဘဝင်ကျပုံ မရပေ။ “ မြန်မာ တွေဟာ ဒါကြောင့် မချမ်းသာကြ
တာဗျ၊ လူတယောက် တိုးတက်ရင် သူတို့တွေက မနာလိုကြဘူး၊ နည်းမျိုးစုံနဲ့တိုက်ခိုက် နေပြီး
အဲလိုပဲ လျှောက်ဖွနေ တော့တာပဲဗျာ..” ဦးတေဇမှ ငြီးငြူလေသည်။
ဦးတေဇအနေနှင့် ဒေါ်လာသန်းဆယ် နှင့်ချီ၍ ရှိသော အခွန်ကြွေးကျန် များကို ပေးဆောင်ရန်
ငွေတောင်းခံလွှာ အားရရှိထား ပြီးဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ၄င်းပိုင် ထူးလုပ်
ငန်းစုအောက်ရှိ မည်သည့် ကုမ္ပဏီမှ အခွန်အများဆုံး ဆောင်ရသော ထိပ်တန်း ကော်ပိုရိတ်
လုပ်ငန်း (၁၀) ခုထဲတွင် မပါပေ။ ကမ္ဘောဇ ဘဏ်သည် ပထမနေရာတွင် ရှိသည်။ ၄င်းမှ
အခွန်ရှောင်သည်ဟု ဆိုကြခြင်းများအား ဦးတေဇမှ ငြင်းဆိုခဲ့ပြီး၊ သူ့အနေနှင့် အခွန်ဆောင်
သူတဦး ဖြစ်သည်ဟု ဆိုသည်။ လတ်တလော ပေးဆောင်ထားသော အခွန်ပြေစာ များနှင့်
ပတ်သက်၍မူ သူ့အနေနှင့် (၂၀၁၁) စက်တင်ဘာလ အစပိုင်းတွင် အမေရိကန်ဒေါ်လာ (၂)
သန်းရှိ သော အခွန်ငွေ ပမာဏ အား ပေးဆောင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ဦးတေဇမှဆိုသည်။

Aureum Palace ဟိုတယ်တခု
ထူးလုပ်ငန်းစု ၏ ကုမ္ပဏီခွဲများအနက် သစ်လုပ်ငန်း၊ အိမ်ခြံမြေ နှင့် ကုန်သွယ်မှု လုပ်ငန်း
အချို့တို့မှသာ အကျိုးအမြတ် ရရှိခဲ့ပြီး သူ့အနေနှင့် အလုပ်အကိုင်များ ပိုမိုဖန်တီးနိုင်သည့်
လုပ်ငန်းများဖြစ်သော ခရီးသွားလုပ်ငန်း (Tourism) နှင့် ပစ္စည်း မျိုးစုံထုတ်လုပ်သော
မြန်မာပြည်၏ လူသုံးကုန်ပစ္စည်း အခြေခံသော စီးပွားရေး လုပ်ငန်းများ ကို လုပ်ကိုင်ရခြင်း
အား ပို၍ နှစ်သက်သည်ဟု ဦးတေဇ မှဆိုသည်။ ဦးတေဇသည် ရက်ရောသော လုပ်ရှင်တဦး
ဖြစ်သည်ဟူသော အများအမြင် ကိုရရှိထားသူ ဖြစ်ကာ ၄င်း၏ အမြဲတမ်း ဝန်ထမ်းပေါင်း
လေးသောင်းကျော်၏ သစ္စာစောင့်သိမှုကို ရရှိထားသူ ဖြစ်လေသည်။ မြန်မာနိုင်ငံ၏
ပထမဆုံးသော အမျိုးသမီးလေယာဉ် မှူး အပါအဝင် ထောင်ဂဏန်းခန့် ရှိသော သူ၏
ဝန်ထမ်းများအား နိုင်ငံရပ်ခြားသို့ သင်တန်းများ တက်ရောက်ရန် စေလွှတ်ခဲ့ပြီး၊ အပို
ဆုကြေးနှင့် ခံစားခွင့်များ ပေးအပ်သောကြောင့် အလုပ်ကြိုးစားသော မန်နေဂျာများ
လည်း အရေအတွက် တိုးတက်လာခဲ့၏။ ဦးတေဇသည် သူလုပ်သမျှတွင် အခြားသူများ
အား လည်း ရှယ်ယာဝေစု များခွဲဝေ ပေးတတ်သူ ဖြစ်ပြီး မျှတသူ တဦးဖြစ်သည်ဟု ပြည်
တွင်း ရင်းနှီးမြှုပ်နှံသူ စင်ပြိုင် လုပ်ငန်းရှင် တဦးမှဆိုသည်။
ဘောလုံးဝါသနာအိုး နှင့် ကလပ်အသင်း ပိုင်ရှင်တဦးလည်း ဖြစ်သော ဦးတေဇသည် ၄င်းပိုင်
ကလပ်၏ လေ့ကျင့်ရေးကွင်းတွင် သူ၏ဝန်ထမ်းများနှင့် ဘောလုံးကစား လေ့ရှိကာ၊ မြန်မာ
တေးဂီတ အား ပံ့ပိုးမှုများ ပေးလေ့ရှိသူလည်း ဖြစ်သည်။ FORBES ASIA သတင်းထောက်နှင့်
အတူ နေ့လယ်စာ စားပြီးသောအခါ ဦးတေဇသည် သူပိုင်ဂစ်တာ အား ဆွဲထုတ်ကာ ၄င်း၏
အမှုဆောင်အရာရှိများကို ခေါ်တော့သည်။ “ ခင်ဗျားတို့ကို ဒီသံစဉ်လေး ကြားဖူးစေချင်လို့ဗျာ ”
ဟုဆို၍ ဓါတ်ပြားတချပ်ကိုဖွင့်၍ ဂီတတွင် ဝင်စားကာ တေးသံစဉ်တခုကို လိုက်ပါတီးခတ်ပြခဲ့
သည်။ Wikileaks မှ ထွက်ပေါ်လာသော အမေရိကန် သံတမန် ကြေးနန်းစာ များအရ ဦးတေဇ
သည် ယခင့်ယခင်က ၄င်းကျရှုံးနိုင်မည့် အခြေအနေ များကို ကျော်လွှားလာနိုင်ခဲ့သည်ဟု
ဖေါ်ပြထားသည်။ “ ဦးတေဇ ဒေဝါလီခံရ ပြီဟု မိမိတို့၏ စီးပွားရေးအဆက်အသွယ် မြောက်
များစွာတို့မှ ယုံကြည်ကြသည်” ဟု(၂၀၀၉) မတ်လတွင် အမေရိကန် အစိုးရထံသို့ ပေးပို့ခဲ့သော
အမေရိကန်သံရုံး၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ (၂၀၁၀) တွင်မှ လုပ်ငန်းရှင် အသိုင်း
အဝိုင်း အတွင်း ၌ ဦးတေဇ ဂိန်သွား ပြီ၊ ၄င်းနေရာ အား စင်ပြိုင်နှင့် နောက်တက် ခရိုနီ များမှ
ဝင်ယူနေကြပြီ ဆိုသော သတင်းများ ပျံ့နှံ့ နေခဲ့သည်ဟု ဆိုကြသည်။ ဦးတေဇ ကွယ်လွန်သွား
ခဲ့ပြီဆိုသော ချဲ့ကားထားသော သတင်းများမှာ ၄င်း၏ ရဟတ်ယာဉ် ပျက်မကျမီကပင်
ပေါ်ထွက်နေခဲ့သည်။ ဦးတေဇကတော့ တိတ်တခိုး ကြိတ်ရယ် နေကောင်း ရယ်နေလိမ့်မည် ဖြစ်၏။
ဦးတေဇ ပိုင်ဆိုင်သောအဓိကလုပ်ငန်းများ
၁။ အဲပုဂံ (Air Bagan)
မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေကြောင်းလိုင်း ဖြစ်ပြီး ATR42-320, ATR72-500 နှင့် FOKKER-100 လေယာဉ်များ အပါအဝင် လေယာဉ် (၁၂) စင်းပါဝင်သည်။ ပြန်လည်ရောင်း ချမည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅) သန်းမှ သန်း (၃၀) အကြားတွင် ရရှိ နိုင်သည်ဟု ခန့်မှန်းရသည်။
ရန်ကုန်မြို့ရှိ အေးရှားဂရီးန် ဘဏ်ခွဲတခု
၂။ အေးရှားဂရီးန် ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank)
နေပြည်တော် ဇဗ္ဗူသီရိမြို့သစ်ရှိ နေပြည်တော်ဘဏ်ရပ်ဝန်း၌ (၂၀၁၀) သြဂုတ်လ ၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။
Aureum Palace ဟိုတယ်တခု
၃။ ဟိုတယ်လုပ်ငန်းများ
အော်ရီယမ်နန်းတော် (Aureum Palace) နှင့် မြန်မာ့ရတနာ (Myanmar Treasure) နာမည်နှင့် ပိုင်ဆိုင်မှုများ ပါဝင်သည်။ အခန်းပေါင်း (၁၁၀၀) ခန့် ပါဝင်သော ဟိုတယ်ပေါင်း (၁၇) ခုပါဝင်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀) မှ (၁၅၀) အတွင်းခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည်။
၎။ မိုင်းလုပ်ငန်း
နီကယ်လ်၊ ကျောက်စိမ်း၊ ထုံးကျောက်နှင့် ရွှေတူးဖေါ်ရေးလုပ်ငန်းများ
၅။ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်း
အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀) မှ (၄၀) အကြားခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသော ရန်ကုန်မြို့ရှိ အိမ်ယာ စီမံကိန်းများ ပါဝင်သည်။
၆။ ပို့ကုန်
သစ်၊ ပဲ နှင့် ဆန် များတင်ပို့သည်။
DK (Ref: Burma’s Showy Crony)
http://freedomnewsgroup.com/2011/11/09/burma-showy-crony-2/
မြန်မာပြည် ၏ ထိပ်သီးခရိုနီ တဦး အကြောင်း တစေ့တစောင်း (အပိုင်း-၁-၂)
ပန်ကြားလွှာ သို့မဟုတ် အမှောင်မှ အလင်းသို့ တောင်းပန်စာ
Ma Nii – Letter from Prison to outside World

ပန်ကြားလွှာ သို့မဟုတ် အမှောင်မှ အလင်းသို့ တောင်းပန်စာ
မဏီ (အန်အယ်လ်ဒီ ပါတီဝင်)။ ထောင်ဒဏ် နှစ်ရှည်ကျ နိုင်ငံရေး အကျဉ်းသူတဦး
နိုဝင်ဘာ ၈၊ ၂၀၁၁
[နိုင်ငံရေး အကျဉ်းကျနေသူ တဦးရဲ့ တောင်းပန်လွှာပါ။ အကျဉ်းကျနေသူတွေဟာ ယခင်ကလို ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်ပြီး ပြင်ပမှ နိုင်ငံရေး အခြေအနေကို မသိနိုင်သူ၊ လိုက်မမှီသူ ခေတ်နောက်ကျသူတွေ မဟုတ်တော့ပါဘူး။ ကွန်ပျူတာမှာ ဖေ့စ်ဘွတ်ကိုသာ မသုံးဖူးရင်ရှိမယ်။ ကမ္ဘာကြီးမှာ ဘာဖြစ်နေလဲ၊ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲ ဆိုတာကို တီဗွီ၊ စာစောင်၊ ဂျာနယ်တွေနဲ့ တချို့နေရာတွေမှာ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ ရေဒီယိုတွေကိုတောင် အခါအားလျော်စွာ နားထောင်လျက်ရှိပါတယ်။
သူတို့တွေ ပြင်ပက အပြောင်းအလဲတွေ၊ တိုးတက်မှု ဆုတ်ယုတ်မှုတွေအားလုံးကို သိရှိနေကြပါတယ်။ ယခုလတ်တလော နိုင်ငံရေး အချိုးအကွေ့တွေမှာလည်း သူတို့ရဲ့ အမြင် သဘောထားတွေကို ထုတ်ဖေါ်ပြောဆိုဖို့ ကြိုးစားနေကြပါတယ်။
ယခုစာဟာ နိုင်ငံရေး အကျဉ်းသူတဦးက သူတို့ယုံကြည်ချက်၊ အမြင် သဘောထားတွေကို ပြင်ပက နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူထုတွေ သိရှိစေဖို့ ထုတ်ဖေါ်လိုက်တာပါ။ နိုင်ငံအတွက် ၊ ပါတီအတွက် ၊ လူထုအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ သူတို့ရဲ့ အမြင် အယူအဆတွေကိုလည်း ထည့်သွင်းစဉ်းစားကြည့်နိုင်ဖို့ တင်ပြလိုက်ပါတယ်။
ယခုစာကို ရေးသားသူဟာ နိုင်ငံရေးမှုကြောင့် အကျဉ်းထောင်ထဲ နှစ်ရှည်ပြစ်ဒဏ်ပေးခြင်း ခံထားရသူတဦးပါ။ သူ့မိသားစုအရေး ၊ သူ့တကိုယ်ရေ လွတ်လပ်ခွင့်အရေး ထက် နိုင်ငံအရေးကို ဦးစားပေးတဲ့ သူ့ရဲ့စေတနာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
မိုးမခ]
တခါတရံ နိုင်ငံရေး ဆိုတဲ့စကားကို အဖြေရှာမိတယ်။ ၈၈ အရေးအခင်းကစလို့ သိလာခဲ့ရတဲ့ နိုင်ငံရေးဟာ မကျေနပ်ချက်နဲ့ လိုအပ်ချက်တွေကို ဖေါ်ထုတ်ဖို့ လောက်ဆိုတဲ့ အရွယ်မရောက်သေးတဲ့ အသိပဲရှိခဲ့ပါတယ်။
အခုအချိန်မှာ ဒါထက် မက နိုင်ငံရေး အခင်းအကျင်း အလှည့်အပြောင်း ရွေ့ဆိုတာတွေကို ပညာရှင်တွေရဲ့ ဆောင်းပါးတွေမှာ လေ့လာမိတော့မှ နိုင်ငံရေးရဲ့ ကျယ်ပြန့် နက်ရှိုင်းမှုကိုသိလာရတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ ချိုးဖောက်ခံရတဲ့ အခွင့်အရေး တွေကိုတောင်းဆိုတဲ့နေရာမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြုခြင်းဟာ နည်းတနည်း အနေနဲ့ လိုအပ်ပေမယ့် နောက်ဆုံး ပန်းတိုင်အတွက်တော့ သူချည်းသက်သက်နဲ့ မရနိုင်ဘူးလို့ ထင်မိပါတယ်။
နိုင်ငံရေး သဘောတရား သိမ်မွေ့တဲ့ အလှည့်အပြောင်း တွေကိုနားလည်ကျွမ်းကျင်စွာ ကစားနိုင်မှု ကလည်း လိုအပ်တယ်။ ၀ိုင်းဝန်း အဖြေရှာကြတဲ့နေရာမှာ နိုင်ငံရေးသမားတွေနဲ့ချည်း မလုံလောက်နိုင်တာ လေ့လာခဲ့တယ်။
အဓိက အရေးကြီးဆုံးက ပြည်သူလူထုပဲ ဖြစ်ပါတယ်။ ဒါတောင် နိုင်ငံရေးကို စိတ်ဝင်စားသူ တယောက်အနေနဲ့ “ရသင့်ရထိုက်တဲ့အခွင့်အရေး” နဲ့ “ချိုးဖောက်ခံရတဲ့အခွင့်အရေး” မတူဘူးဆိုတာ အခုနောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်နည်းနည်း ရလာမှ သိရှိရတာပါ။ သာမန်ပြည်သူလူထု အနေနဲ့ သိရှိဖို့ ဆိုတာခဲယဉ်းလှတယ်။
ယခုခေတ် နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးကျွမ်းကျင်သူတွေ၊ နိုင်ငံရေးကို စိတ်ဝင်စားသူလူငယ်တွေ ကိုတောင်းပန်ချင်တာက သာမန်ပြည်သူလူထုကို “မိမိတို့ဆန္ဒအမှန်ကို ရဲရဲဝံ့ဝံ့နဲ့ ဖေါ်ထုတ်ဖို့” နဲ့ “ရသင့်ရထိုက်တဲ့အခွင့်အရေးကို တောင်းဆိုရဲဖို့” လှုံ့ဆော်တိုက်တွန်းဖို့နဲ့ “သတ္တိရှိဖို့” ပိုပြီးလိုအပ်ပါတယ်။ “အန္တရာယ်ကင်းကင်းနဲ့ နည်းလမ်းမှန်မှန်ဖြစ်ဖို့” ခေါင်းဆောင်တွေသာမက လူငယ်တွေကပါ ဦးဆောင်ပေးပါလို့လည်း တောင်းပန်ချင်ပါတယ်။
“အန္တရာယ်ကင်းဖို့”လည်း အထူးပဲ အရေးကြီးလှပါတယ်။ အ၀င်လွယ် အထွက်ခက်တဲ့ အကျဉ်းကျသူတယောက် အနေနဲ့ အချိန်လည်း ကုန်ပါတယ်။ သူ့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းအားလည်း ဆုံးရှုံးပါတယ်။ ဒါကြောင့် အန္တရာယ်ကို အထူးဂရုစိုက်ကြပါလို့လည်း တောင်းပန်ချင်ပါတယ်။ ဒါဟာ အကြောက်တရား နဲ့ မဆိုင်လှပါဘူး။ နိုင်ငံရေးပါးနပ်မှုနဲ့ပဲ ဆိုင်ပါတယ်။ အဓိကကတော့စည်းလုံး ညီညွတ်မှုက ပိုပြီးအရေးကြီးပါတယ်။ ပန်းတိုင်တူပေမယ့် နည်းနာကွဲပြားနေရင် ရလာမယ့် ခွန်အား လည်းလျော့နည်းတတ်ပါတယ်။
လောလောဆယ် “အလုပ်မရှိ၊ အေးအေးဆေးဆေးနေနေရတဲ့” လူတယောက်အနေနဲ့ ယုံကြည်ပါတယ်။ အားကိုးပါတယ်လို့ မှာချင်ပါတယ်။ အရေးကြီးတဲ့အချိန်မှာ “ဘေးမှာထွက်ထိုင်နေရတဲ့ အတွက်” ပြည်သူလူထုကို ရော မိတ်ဆွေတွေကိုပါ ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ်။
လေးစားအားကျလျက်
မဏီ။ ထောင်ဒဏ် နှစ်ရှည်ကျ နိုင်ငံရေး အကျဉ်းသူတဦး
နိုဝင်ဘာ ၂ နေ့စွဲနဲ့ ထောင်ထဲကနေ ရေးထုတ်လိုက်တဲ့စာ
http://moemaka.com/2011/11/ma-nii-letter-from-prison-to-outside-world/
မြစ်ကြီးနား -ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်းသို့ မြန်မာအစိုးရတပ် စစ်ကြောင်းထိုး
by Jade Land on Tuesday, November 8, 2011 at 2:10am
နိုဝင်ဘာ 8 ,2011

ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းမှ စစ်ကြောင်းထိုးတက်လာနေသော မြန်မာစစ်ကြောင်း
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ အား စစ်ရေးအရအနိုင်ယူတိုက်ခိုက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာအစိုးရ စစ်တပ်တို့ သည် စစ်မျက်နှာပေါင်းစုံဖွင့်လျက် ကေအိုင်အေ တပ်မတော်အားအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေရာ ယခုအခါ ဆဒုံး ( Sadung ) ကန်ပိုက်တီ ( KamPai Ti ) လဖိုင်( Lahpai ) လမ်းးပိုင်း ဘက်မှထိုးစစ်ဆင်တိုက်ခိုက်ရန်ပြင်ဆင်သည့်အနေဖြင့် အဆိုပါဒေသသို့ စစ်အင်အားအလုံးအရင်းပို့ ဆောင်လျက်ရှိနေပါသည်။


လွန်ခဲ့သော တနင်္ဂနွေနေ့ ည ( ၉)နာရီခန့် က ၀ိုင်းမော်မြို့ ခလရ(၅၈)တပ်ရင်းတွင် ရောက်ရှိနေသော တပ်မ(၈၈)မှတပ်ဖွဲ့ ဝင်အင်အား ( ၁၅၀-၂၀၀)ခန့် သည် ညအမှောင်ကို အကာအကွယ်ယူကာ ဆဒုံး-ကန်ပိုက်တီဒေသ သို့ စစ်ကြောင်းထိုး ချီတက်သွားကာ တနလာင်္မနက်ပိုင်းတွင်လည်း ထပ်မံ၍ နောက်ထပ် စစ်အင်အား အယောက် ( ၃၅၀-၄၀၀)ခန့် အဆိုပါဒေသသို့ ထပ်မံချီတက်သွားကြောင်းသိရှိရသည်။ စစ်ကြောင်းနှင့်အတူ ရိက္ခာ လက်နက်ခဲယမ်း သယ်ဆောင်သော စစ်ကားတန်းများ၊ ၀န်တင်သော မြင်း ၊ လား များ အကောင် (၅၀)ခန့် ပါရှိကြောင်းသိရှိရသည်။
အဆိုပါ စစ်ကြောင်းထိုးတက်သွားပြီး နောက် စစ်ကြောင်းချီတက်ရာလမ်းကြောင်းပေါ်ရှိ ၀ါးရှောင်- ဂေါ်ဆက်ယန် ကျေးရွာ အထက်ဘက်ရှိ ဘွမ်တောမ် ( Bum Tawng) ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာ နိုဝင်ဘာ(၆-၇)နှစ်ရက်ဆက်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရသည်။ ၄င်းတိုက်ပွဲ အသေးစိတ်သတင်းအား မသိရှိရသေးပါ.။

ထို့ အပြင် ယခုအခါ မြစ်ကြီးနား-ကန်ပိုက်တီ ကားလမ်းကို လည်းပိတ်ပစ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်းသိရှိရသည်။ှအရပ်သား တစ်ဦးအားလည်း အဆိုပါစစ်ကြောင်းမှ ကေအိုင်အေ သူပုန်အဖြစ်စွပ်စွဲကာ သုံ့ ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းထပ်မံသိရှိရသည်။
Source ( Jinghpawkasa )
မငြိမ်းသေးသော အငြိမ်းစားတို့ရဲ့ ဘဝ
စိုင်းဇွမ်ဆိုင်း on November 8, 2011 2:49 pm
အင်တာနက် လူမှု ကွန်ရက်တခုဖြစ်သည့် facebook တွင် မကြာသေးမီက တစုံတဦး တင်ထားပေးသော သတင်းစာ ကြော်ငြာဖြတ်ပိုင်းငယ် တခုကိုယင်းကွန်ရက် အသုံးပြုသူ မြန်မာပြည်သားတိုင်း သတိထားမိကြပေလိမ့်မည်။

အငြိမ်းစား ဝန်ထမ်းများ ပင်စင်လစာ ထုတ်ယူနေသည့်မြင်ကွင်း (ဓာတ်ပုံ - Voice Of Myanmar)
“မည်သည့်ဒေသတွင် မဆို ခြံစောင့်အဖြစ် သော်လည်းကောင်း၊ ထမင်းချက် အဖြစ်သော်လည်းကောင်း အလုပ်လုပ် လိုသည်” ဆိုသည့် အငြိမ်းစား ကျောင်းအုပ်ကြီးနှင့် ဇနီးတို့၏ အလုပ်ရှာသည့် ကြော်ငြာဖြစ်သည်။
ထိုကြော်ငြာအောက်တွင် ဖတ်ရှုပြီးသူအများစု၏ ကရုဏာသက်သော မှတ်ချက်များကို မြင်တွေ့နိုင်ပါသည်။ လုပ်ကြံဖန်တီး ထားခြင်းမဟုတ်သော ထိုကြော်ငြာပါ စာသားများက မြန်မာပြည်တဝန်းရှိ အငြိမ်းစားများ၏ ဘဝကို ထင်ဟပ်ပြသ နေသကဲ့ သို့ပင်။
“ကျောင်းအုပ်ဆိုတော့လည်း ဂုဏ်တွေဒြပ်တွေနဲ့ နေခဲ့တာပေါ့ဗျာ။ ဒါပေမယ့် အခုချိန်ကျတော့ အဲဒါတွေကိုစွန့်ပြီး ကျနော့် ရဲ့ ညစောင့်အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်နေရတာပေါ့” ဟု မန္တလေးမြို့ရှိ စင်တင် တေးဂီတနှင့် ဘီယာဆိုင် တဆိုင်တွင် ညစောင့်အဖြစ် အလုပ်လုပ်နေသည့် အငြိမ်းစား မူလတန်း ကျောင်းအုပ်ကြီး ဦးအောင်ဝင်း (နာမည်ရင်း မဟုတ်) က ဧရာဝတီကို ပြောသည်။
မန္တလေးဇာတိဖြစ်သူ ဦးအောင်ဝင်းသည် ၁၉၆၁ ခုနှစ်မှစ၍ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့၌ ကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး သက်ပြည့်ပင်စင် ယူချိန်တွင် မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
မန္တလေးမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ရွာတရွာတွင် ဇနီးဖြစ်သူနှင့် လက်ရှိ နေထိုင်လျက်ရှိပြီး သားနှင့် သမီး ၂ ဦး ရှိကြောင်း လည်း ဦးအောင်ဝင်းကဆိုသည်။ အငြိမ်းစား ဝန်ထမ်းတဦးဖြစ်သည့် အလျောက် စီးပွားရေးကိစ္စများကိုလည်း နားမလည် သဖြင့် လက်ရှိ ခံစားခွင့် ရနေဆဲဖြစ်သည့် ပင်စင်လစာများကို ကြိုတင်ငွေထုတ် စနစ်ဖြင့် ပွဲစားများထံ ပေါင်နှံခဲ့ရ ကြောင်း သူက ဆက်ပြောသည်။
“အရင်က ရတာတော့ ကျနော့်ပင်စင်လစာက ကျပ် ၂ သောင်းပါ၊ နောက်ပိုင်း ၁ သောင်း ထပ်တိုးလာတော့ စုစုပေါင်း ၃ သောင်းရတယ်။ ဒါပေမယ့် ကျနော်လည်း ဘာစီးပွားရေးမှ မလုပ်တတ်တော့ ရှိတာတွေပဲ ထုခွဲစားသောက်ရတယ်။ မလောက်တော့တဲ့ အဆုံးတော့ အဲဒီပင်စင်ကိုပါ နှစ်ဆယ်တိုးနဲ့ ပေါင်ခဲ့ရတာပါ။ အခုကျတော့ ပေါင်လို့ ရတဲ့ပိုက်ဆံလည်း ကုန်ပြီ၊ နေတဲ့အိမ်ကိုလည်း အမိုးတောင် ပြန်မမိုးနိုင်တော့ သူများတွေ ပေးကမ်းထားတဲ့ တာလပတ် အဟောင်းလေးနဲ့ပဲ ပြန်မိုးထားနေရတယ်။ ဆိုတော့ ရတဲ့အလုပ်ပဲ ထွက်ရှာရတော့တာပေါ့ဗျာ” ဟု ဦးအောင်ဝင်းက ဆိုသည်။
ဦးအောင်ဝင်း အလုပ်လုပ်နေသည့် ဘီယာဆိုင်ရှိ စားပွဲထိုးများ၏ ပြောပြချက်အရ လူပုံ ပိန်ပိန်ပါးပါး၊ မျက်မှန်အမြဲ တပ်ရသည်ဆိုသည့် အသက် ၆၁ နှစ်အရွယ် ဦးအောင်ဝင်းသည် မကြာသေးမီကမှ ၎င်းဆိုင်တွင် ညစောင့်အလုပ်ကို ရခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဘီယာဆိုင်မှ စားပွဲထိုးများနှင့် အလုပ်သမားများက ၎င်းကို ညစောင့်တဦးအဖြစ် နှိမ့်ချ ဆက်ဆံခြင်း မရှိသော်လည်း ၎င်း၏ သား၊ မြေးအရွယ် လူငယ်များ ဘီယာဆိုင်သို့ လာရောက်၍ မူးယစ်သောက်စားကာ ရန်ဖြစ် ထိုးကြိတ်မှုများကို စိတ်ပျက် မိကြောင်း ဦးအောင်ဝင်းက ဆိုသည်။
“လူငယ်တွေ ကလေးတွေကို မြေတောင်မြှောက်ပေးချင်ခဲ့တာ။ ဒါကြောင့်မို့လို့ပဲ ကျောင်းဆရာအလုပ်ကို ကျနော် ရွေးချယ် ခဲ့တာပါ။ ခေတ်ကြီးပြောင်းလာတာကိုပဲ အပြစ်ပြောရမလားတော့မသိဘူး၊ လူငယ်တွေ မူးပြီး ရန်ဖြစ်နေကြတာကိုပဲ ကျနော့်မှာ လောလောဆယ် ဖြေရှင်းပေးနေရတယ်။ ကိုယ့်အသက် အန္တရာယ် မဖြစ်အောင်လည်း အရမ်းသတိထား နေရတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ အငြိမ်းစား အစိုးရဝန်ထမ်းအချို့သည် အငြိမ်းစားဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြသော်လည်း စီးပွားရေး မလုပ်တတ်သူ၊ သားသမီး ကျောထောက်နောက်ခံ မရှိသော သူများအတွက် အလွန်ပင် ဒုက္ခရောက်ကြရပြီး ရရှိနေသည့် ပင်စင်လစာတခုတည်းနှင့် အသက်ရှင် ရပ်တည်ရန်မလွယ်ကူကြပေ။
မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်း များ၏ ပင်စင် လစာကို တိုးမြှင့်ပေးရန် ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်ခဲ့ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးလှထွန်းက ထုတ်ပြန် ကြေညာခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ခဲ့ ရသည့် အငြိမ်းစား ဝန်ထမ်းများကိုလည်း နိုင်ငံရေးပင်စင်လစာကို ခံစားခွင့်ပြုကြောင်း၊ သို့သော် ၎င်းတို့ရရှိနေသည့် နိုင်ငံရေး ပင်စင်လစာသည် ကျပ် ၁၁၀၀၀၀ ထက် ပိုများနေပါက လက်ရှိအတိုင်းသာ ခံစားသွားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၏ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပါရှိသည်။
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နေ အငြိမ်းစား ပညာရေးမှူးတဦးက အငြိမ်းစားများ၏ ပင်စင်လစာ တိုးမြှင့်မှု ရှိသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် ထူးခြားမှု ရှိနိုင်မည် မဟုတ်ကြောင်း၊ အစိုးရ၏ စီးပွားရေးဈေးကွက်အပေါ် ထိန်းချုပ်မှုသည်သာ အဓိကကျကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ပင်စင်တွေကို တိုးပေးလိုက်ပါပြီပဲ ထားပါတော့။ ဈေးကွက်စီးပွားရေးနဲ့ ငွေကြေးတန်ဖိုးကို အစိုးရက ထိန်းချုပ်နိုင်မှု မရှိဘူးဆိုရင် ကျနော်တို့အတွက်က အိတ်ပေါက်နဲ့ ဖားကောက်နေရသလိုပဲ ဖြစ်ဦးမှာပဲ။ မပြေလည်မှုတွေကလည်း ဆက်ရှိ နေဦးမှာပဲ။ တချို့ အငြိမ်းစားကြီးတွေဆိုရင် သူတို့ရှိတဲ့ ဂုဏ်သိက္ခာတွေကို ငဲ့ပြီး ဘိုးဘွားရိပ်သာတွေ၊ လူအိုရုံတွေ မသွား ချင်ကြတာ အများကြီးပဲ” ဟု ဆိုသည်။
အငြိမ်းစားဝန်ထမ်း များသာမက အငြိမ်းစားယူခါနီး လက်ရှိတာဝန်ထမ်းဆောင် နေသော ရန်ကုန်မြို့မှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်အေးအေးသန်းကလည်း မိသားစု ကျောထောက်နောက်ခံ မရှိသဖြင့် ပင်စင်ယူရမည့် အရေးကို တွေးပူနေကြောင်း ပြောပြသည်။
“မိဘတွေ ထားခဲ့တဲ့ အိမ်နဲ့ ခြံတော့ ရှိပါတယ်။ ဒါပေမယ့် ရလာမယ့် ပင်စင်လစာနဲ့ နေလို့လောက်မှာ မဟုတ်ဘူးဆိုတော့ အဲဒီအိမ်ကိုပဲ အရင်းလုပ်ပြီး ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေတယ်” ဟု ဒေါ်အေးအေးသန်းက ဆိုသည်။
တာဝန်ထမ်းဆောင်နေဆဲ ကျောင်းဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအပါအဝင် အငြိမ်းစား ပညာရေးဝန်ထမ်းများ ၏ လူမှုစီးပွားရေး ပြေလည်စေရန်အတွက် ကျောင်းဆရာများ အသင်းချုပ်နှင့် ဆရာများသမဂ္ဂ ဖွဲ့စည်းခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလက လွှတ်တော်အတွင်း တင်ပြတောင်းဆိုခဲ့ရာ ၎င်းအဆိုကို ပယ်ချခဲ့သည်။
ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ပညာရေး ဝန်ကြီးဌာနတွင် ဌာနများနှင့် ကျောင်းများ၊ တက္ကသိုလ်များ အား စနစ်ကျနစွာ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ရာထူးအဆင့်အလိုက် ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများလည်း အခါအားလျော်စွာ နှီးနှောဖလှယ်ပွဲများတွင် တွေ့ဆုံနိုင်ကြောင်း၊ ၎င်းတို့၏ လိုအပ်ချက်များကိုလည်း အဆိုပါ တွေ့ဆုံပွဲများ မှတဆင့် ဖြေရှင်းပေးနေကြောင်း၊ တိုင်ကြားစာများကိုလည်း အလေးထားစိစစ် ဆောက်ရွက်နေကြောင်း၊ ထို့ကြောင့် ကျောင်းဆရာအသင်းချုပ် ကဲ့သို့သော အဖွဲ့အစည်းမျိုး ထပ်မံ ဖွဲ့စည်းရန် မလိုအပ်သေးကြောင်း ဖြေကြားခဲ့သည်။
အငြိမ်းစား ပညာရေးဝန်ထမ်းများသာမကဘဲ သားသမီး ကျောထောက်နောက်ခံမရှိသည့်၊ စီးပွားရေးလုပ်ငန်းများကို မလုပ်တတ် မကိုင်တတ်သည့် အငြိမ်းစား ဝန်ထမ်းများလည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
ဦးကျော်အေးသည် ရန်ကုန်မြို့မှ အငြိမ်းစား ဆောက်လုပ်ရေးဝန်ထမ်းတဦးဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်နေစဉ်က နေထိုင်ခဲ့သော ဝန်ထမ်းလိုင်းခန်းတွင် နားလည်မှုဖြင့် ဆက်လက်နေထိုင်၍ ဆောက်လုပ်ရေးရုံး၏ သန့်ရှင်းရေး အစရှိသည့် တောက်တိုမယ်ရ အလုပ်များကို လုပ်ကိုင်နေရသည်ဟု ဆိုသည်။
“အလုပ်အသစ်လည်း မရှာနိုင်၊ ကျနော့်ရွာကို ပြန်နေဖို့တောင်မှ ဒီမိသားစုအတွက် လမ်းစရိတ်မရှိသေးဘူး။ ဟိုတလောက ရထားဝန်ထမ်းဟောင်း တွေကို လိုင်းခန်းတွေကနေ နှင်ချတယ်လို့ကြားတော့ ကျနော်တို့လည်း မျက်ခုံး ခပ်လှုပ်လှုပ်ပဲ” ဟု ဦးကျော်အေးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရန်ကုန်တိုင်းအတွင်းရှိ မီးရထားဝန်ထမ်း မိသားစုပေါင်း ၃၀၀၀ ကျော်ကို ၎င်းတို့ နေထိုင်ရာ အိမ်ခန်းများမှ ဖယ်ရှားခဲ့သည်။ ဝန်ထမ်းအိမ်ယာများတွင် လူပေါင်းစုံ လာရောက်နေထိုင်ကာ ရာဇဝတ်မှု မျိုးစုံ ဖြစ်ပွား နေသည့်အတွက် ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံးတွင် ပင်စင်စားဦးရေ ၉ သိန်းကျော်ရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက ထုတ်ဝေခဲ့သည့် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။ ပင်စင်စားများအတွက် ကျပ် ၆၀၀ ထက်မပိုသော ပင်စင်လစာ ခံစားခွင့်စနစ်ကို ၁၉၈၉ တွင်ပယ်ဖျက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပင်စင်စားများ၏ လစာနှုန်းထားကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သည်။
၁၉၉၄ ခုနှစ်တွင် မိသားစု ပင်စင်လစာကို တဝက်မှ ၄ ပုံ ၃ ပုံ အထိ တိုးမြှင့်ခံစားခွင့် ပေးခဲ့ပြန်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ပင်စင်လစာကို ၂ ဆ တိုးမြှင့်ပေးသည်။ သို့ရာတွင် ထိုသို့ တိုးမြှင့် ပေးခဲ့ခြင်းများမှာ ၎င်းနှစ်များနှင့် အကျုံးဝင်သော ပင်စင်စားများအတွက်သာ ဖြစ်ပြီး ထိုနှစ်များ၏ အရှေ့တွင် ပင်စင် ယူခဲ့သူများ မပါဝင်ပေ။
ပင်စင်စားများအတွက် နောက်ဆုံးအကြိမ် ခံစားခွင့် တိုးမြှင့်ရာတွင် ကျပ် ရာဂဏန်း၊ ထောင်ဂဏန်း ရရှိခံစားနေရာမှ သောင်း ဂဏန်း အထိ တိုးမြှင့်သွားမှုကြောင့် ယေဘုယျအားဖြင့် များပြားသည်ဟုဆိုနိုင်သော်လည်း ၎င်းပင်စင်လစာကိုသာ မီခိုနေရသူများ အဖို့ လုံလောက်စွာ ထောက်ပံ့မှု ပေးနိုင်မည်မဟုတ်ကြောင်း ဦးအောင်ဝင်း၊ ဒေါ်အေးအေးသန်းနှင့် ဦးအေးကျော် တို့၏ ပြောဆိုချက်များအရ သိရှိနိုင်ကြ ပေလိမ့်မည်။
http://burma.irrawaddy.org/archives/2043
တရားမဝင်ကားကိစ္စ လာဘ်ယူသူများ စစ်ဆေးတွေ့ရှိ
ဧရာဝတီ on November 8, 2011 11:31 am
ရန်ကုန်ဆိပ်ကမ်းများမှ တရားမ၀င် ကားတင်သွင်းမှုများနှင့် စပ်လျဉ်းပြီး အစိုးရက အထူးစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အကောက်ခွန် အရာရှိများ အပါအ၀င်အစိုးရ၀န်ထမ်း ခြောက်ဆယ်ကျော်တို့ အကြီးအကျယ် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆိပ်ကမ်းများမှ တရားမဝင်တင်သွင်းထားသော ဂျပန်တပတ်ရစ်ကားများ (ဓာတ်ပုံ - ဧရာဝတီ)
“ဆိပ်ကမ်းကနေ တရားမ၀င် ကားသွင်းတာတွေနဲ့ ဆက်စပ်ပြီး စစ်ဆေးတွေ့ရှိချက်တွေ အကုန်လုံးကို သက်ဆိုင်ရာ ၀န်ကြီးတွေ၊ ဌာနဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေကို အစီရင်ခံထားတယ်။ အရေးယူမလား၊ အရေးမယူဘူးလား ဆိုတာက လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်မှာပါတယ်” ဟု နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နီးစပ်သူ ဌာနဆိုင်ရာ အရာရှိကြီးတဦးက ပြောသည်။
အစိုးရ၀န်ထမ်းများက ငွေကျပ်သိန်း ထောင်ချီ၍ လာဘ်ငွေရယူကာ လိုင်စင်မဲ့ ဂျပန်ကားများကို ဆိပ်ကမ်းများမှ တဆင့် ပြည်တွင်းသို့ တရားမ၀င်တင်သွင်း ခွင့်ပြုခဲ့ကြောင်း၊ ဌာနဆိုင်ရာအလိုက် လာဘ်ပေးလာဘ်ယူမှုများ အဆင့်ဆင့်ဖြစ်ပေါ်ခဲ့ ကြောင်း ရန်ကုန် လှိုင်သာယာမြို့နယ်မှ စက်မှုဇုန်ကား ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တဦးက ဆိုသည်။
ဆက်လက်၍ ၎င်းက အုပ်ချုပ်ရေးယန္တရား၏ ထိပ်ပိုင်းဖြစ်သော အစိုးရ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်မှအစ သာမန် အောက်ခြေ စာရေးအဆင့်အထိ ပုံစံအမျိုးမျိုးနှင့် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့ကြသော်လည်း အစိုးရ၀န်ထမ်းများသည် တရားမ၀င် မှောင်ခို စီးပွားရေးသမားများ၏ ခိုးသွင်းမှုကြောင့် လိုင်စင်မဲ့ကားများ ပြည်တွင်းဈေးကွက်အတွင်း ရောက်ရှိလာရသည်ဟု ပြောဆို အပြစ်တင်ကြကြောင်း ရှင်းပြသည်။
“ကားသွင်းတဲ့ သူတွေဘက်ကလည်း လာဘ်ငွေပေးပြီး လိုင်စင်မဲ့ကားသွင်းတယ်၊ ၀န်ထမ်းတွေဘက်ကလည်း ဒီလာဘ်ငွေကို မက်လို့ယူပြီး ဥပဒေနဲ့မညီတဲ့ ခွင့်ပြုချက်တွေ ထုတ်ပေးတယ်။ နှစ်ဦးနှစ်ဘက် သဘောတူလုပ်ခဲ့ကြပြီး ပြဿနာ တက်လာတဲ့ အခါကျတော့မှ မှောင်ခိုသွင်းတဲ့သူတွေ၊ ဇုန်တွေကသာ လိုင်စင်မဲ့ကားတွေ ခိုးသွင်းတာဆိုပြီး အပြစ်တင်တယ်၊ ဒဏ်ရိုက် တယ်” ဟု သူကက ဆိုသည်။
လိုင်စင်မဲ့ဂျပန်ကားများကို အသွင်ပြောင်းပြီး စက်မှုဇုန်ထုတ် Super Custom ကားအဖြစ် ပုံစံပြောင်း ထုတ်ဝေမှုအတွက် စက်မှု ၂ ၀န်ကြီးဌာနက Super Custom ဇုန်ကားတစီးလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ရိုက်ခဲ့သည်။
သမ္မတဦးသိန်းစိန်က သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား ဖြစ်ပေါ်ရေး ဆောင်ရွက်နေသည်ဟု ပြောဆိုသော်လည်း ယခုအချိန်အထိ အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်း လာဘ်ပေးလာဘ်ယူမှုများမှာ အကြီးအကျယ် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကို စံပြနမူနာအနေဖြင့် ထိရောက်စွာ အရေးယူအပြစ်ပေးမှုများ ပြုလုပ်မှသာလျှင် အကျင့်ပျက်ခြစားမှုများကို အမှန်တကယ် တိုက်ဖျက်ရာရောက်မည်ဖြစ်ကြောင်း ၀ါရင့်သတင်းစာဆရာ တဦးက ပြောသည်။
“ဦးသိန်းစိန် အစိုးရတက်လာတာ ၈ လထဲ ၀င်လာပြီ။ သန့်ရှင်းတဲ့အစိုးရ ဖြစ်စေရမယ်လို့ ပြောပေမယ့် အကျင့်ပျက် ခြစားတဲ့ အစိုးရ၀န်ထမ်းတွေကို စံပြနမူနာအဖြစ် တိုင်းသိပြည်သိ အပြစ်ပေးအရေးယူတာမျိုး မရှိဘူး။ ဒါကြောင့်မို့လို့ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့က အရမ်းကို အလှမ်းဝေး နေပါသေးတယ်” ဟု ၎င်းက ဆိုသည်။
၂၀၀၆ ခုနှစ်ကလည်း အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးနှင့် အကောက်ခွန် ၀န်ထမ်း ၆၀၀ ကျော်ကို အကျင့်ပျက်ခြစားသည်ဟု ဆိုကာ ထောင်ဒဏ်ချမှတ်အရေးယူခြင်း၊ ရာထူး တာဝန်များမှ ရပ်စဲခြင်းများ စစ်အစိုးရက ပြုလုပ်ခဲ့သည်။
http://burma.irrawaddy.org/archives/2025
နစ်နာကြေးထဲမှ တဝက်ပေးရမည်ဟု ကျောက်ဖြူအာဏာပိုင်များ အကျပ်ကိုင်
ခင်ဦးသာ on November 8, 2011 6:32 pm
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာ ကြေးအဖြစ် ပေးသော ငွေထဲမှတ၀က်ကို ပေးမှသာ လယ်မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက် လက်မှတ်ထိုးပေးမည်ဟု အာဏာပိုင်များက တောင်သူများအား အကျပ်ကိုင်နေကြောင်း သိရသည်။

ကျောက်ဖြူ၊ ကူမင်း ရေနံ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း မြင်ကွင်း (ဓာတ်ပုံ - 3kachin.blogspot.com)
“လယ်တဧကအတွက် ကျပ် သိန်း ၃၀ ရတယ်ဆိုရင် ၁၅ သိန်း၊ သိန်း ၅၀ ဆိုရင် ၂၅ သိန်းပေးမှ လက်မှတ်ထိုး ထောက်ခံ ပေးမယ်လို့ မြေစာရင်းဌာနနဲ့ ကျောက်ခမောင်းရွာ ဥက္ကဋ္ဌက တောင်းတာပါ။ ပိုင်ဆိုင်ကြောင်းအထောက်အထား မပါတော့ လျော်ကြေးတွေ မရဘူး ဖြစ်နေကြတယ်” ဟု ဒေသခံ လယ်သမားတဦးက ဆိုသည်။
ထိုကိစ္စအားဖြေရှင်းပေးရန်အတွက် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောက်ခမောင်းကျေးရွာ အုပ်စု၊ ကပ်သပြေ၊ စည်မောင်း၊ ဦးကင်း စသည့်ကျေးရွာများမှ လယ်သမားများ လက်မှတ်ရေးထိုး၍ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ များ ဖြစ်ကြသော သူရ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ထံ နိုဝင်ဘာလ ၂ ရက်နေ့က တိုင်ကြားထားကြောင်း သိရသည်။
“တိုင်ကြားထားတဲ့ အမှုတွေအများကြီးပါ။ ဒါတွေကို ၀န်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာလည်း တင်ပြ ထားပါတယ်။ ဘယ်လို ဖြေရှင်းပေးမယ်ဆိုတာတော့ သေချာမသိသေးပါဘူး” ဟု ကျောက်ဖြူမြို့နယ်မှ RNDP ပါတီ၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဖေက ပြောသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရေနံသိုလှောင်ရုံ စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံစီမံကိန်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းစသည့် စီမံကိန်း များအား တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခုဖြစ်သော (China National Petroleum Corporation – CNPC) နှင့်တရုတ်ကုမ္ပဏီများ၊ ကိုးရီးယားပိုင် ဒေ၀ူး၊ ဟွန်ဒိုင်းနှင့် အန္ဒိယ၊ မလေးရှား စသည့် နိုင်ငံများမှ ကုမ္ပဏီများက စီမံကိန်းအလိုက် တာဝန်ယူ တည်ဆောက်နေကြသည်။
မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ သန္တာနဂါး၊ မြန်မာ့ရွှေသရဖူ၊ 7-Star, PSC, Myint and Association စသည့် ကုမ္ပဏီများလည်း
တည်ဆောက်ရေး လုပ်ငန်းတချို့တွင် လုပ်ဆောင်နေကြသည်။
ထိုစံမံကိန်းများသည် တရုတ်နိုင်ငံ၏ စွမ်းအင်လောင်စာ ရရှိရေးနှင့် တရုတ်အကျိုးစီးပွားအတွက် များစွာအရေးပါသည့် စီမံကိန်းဖြစ်၍ အမြန်ဆုံးပြီးစီးရေးကို အလေးထား လုပ်ဆောင်နေကြောင်း၊ မဒေးကျွန်းပေါ်၌ ဓာတ်ငွေ့ ပိုက်လိုင်းတချို့ စတင်နေရာ ချထားနေပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းအား ပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရန် သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် လအတွင်း ဆုံးဖြတ်ခဲ့ပြီးနောက် ကျောက်ဖြူ စီမံကိန်းများကို အရှိန်မြှင့် တည်ဆောက်နေသည်ဟု ကျောက်ဖြူ ဒေသခံများက ပြောသည်။
ထိုစီမံကိန်းများ ပြီးစီးပါက ရခိုင်ကမ်းလွန်မှ ထွက်သော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံက နှစ်ပေါင်း ၃၀ အထိ ထုတ်ယူ မည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသက တင်သွင်းမည့် ရေနံစိမ်းများကိုလည်း ကျောက်ဖြူ ဆိပ်ကမ်း ကြားခံထားကာ တရုတ်
နိုင်ငံသို့ တင်သွင်းမည် ဖြစ်သည်။ စီမံကိန်းများကို ၂၀၀၉ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အပြီးသတ်တည်ဆောက် မည်ဟု အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
ဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်မည်ဖြစ်ပြီး ကီလို မီတာ ၂၈၀၀ ၀န်းကျင် ရှည်သည်။ ဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်း၊ မီးရထားလမ်း၊ မော်တော်ကား လမ်းတို့ ပါဝင်မည်ဟု သိရသည်။
ထိုစီမံကိန်းများကြောင့် ကျေးရွာများ ပြောင်းရွှေ့ခံရမှု၊ ဥယာဉ်ခြံမြေများနှင့်လယ်မြေများအား အဓမ္မ သိမ်းယူမှု၊ လုပ်အားခ ခေါင်းပုံဖြတ်မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား သက်ဆိုင်ရာ အာဏာပိုင်တို့ထံ တိုင်ကြားသော်လည်း ထိရောက် စွာ အရေးယူမှုမရှိ၍ RNDP ပါတီ၊ သမ္မတနှင့် ဗဟို အစိုးရအဖွဲ့တို့ထံ တိုင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဖြေရှင်းပေးရေးအဆိုကို RNDP ပါတီမှ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးဘရှိန်က စက်တင်ဘာလ ၂၇ ရက်နေ့လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ၎င်းကပင် ရခိုင်ကမ်းလွန်ဒေသရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော စွမ်းအင်အသုံးပြု၍ ဒေသခံပြည်သူများအတွက် လျှပ်စစ်ဓာတ်အားပေးရန် မေးမြန်းခဲ့ရာ ပြည်ထောင်စုအဆင့် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက တရုတ်နိုင်ငံသို့ အပြီးအပိုင် ရောင်းချထားပြီး ဖြစ်ကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။
ဦးသန်းဌေး၏ ပြောဆိုမှုသည် တာဝန်မဲ့သော စကားဟုဆိုကာ ရခိုင်ပြည်သူများ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ကန့်ကွက်ခဲ့ကြသည်။ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ထွက်သော လျှပ်စစ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီးပေးရန် တောင်းဆိုထား သည့် ပိုစတာ တချို့ကို ရခိုင်ဒေသရှိ မြို့နယ်၊ ကျေးရွာ တချို့၌ ချိတ်ဆွဲထားသည်ဟု ဒေသခံများက ပြောသည်။
ထိုကိစ္စများ ဖြစ်ပေါ်ပြီးနောက် အစိုးရ တာဝန်ရှိသူ တချို့က ကျောက်ဖြူ ဒေသခံများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်ပေးမည်ဟု RNDP ပါတီ၏ ကိုယ်စားလှယ် တချို့ထံ အကြောင်းကြားလာကြောင်း သိရသည်။
“ကျောက်ဖြူဒေသခံတွေ လျှပ်စစ်မီးရရှိဖို့အတွက် စီမံဆောင်ရွက်ပေးမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အကြောင်းကြားပါတယ်။ ဒါပေမယ့် ဘယ်လိုဆောင်ရွက်ပေးမယ်၊ ဘယ်တော့ပေးမယ် ဆိုတာတော့ သေချာမပြောသေးပါဘူး” ဟု ဦးဘရှိန် က ရှင်းပြသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်၌ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံသိုလှောင်ရုံ စီမံကိန်း၊ ရွှေသဘာဝ ဓာတ်ငွေ့ပိုက် လိုင်းနှင့်ဆက်စပ်သော စီမံကိန်းများကြောင့် ကျွန်းပေါ်ရှိ ကျေးရွာ ၆ ရွာ၊ ဒေသခံပြည်သူ ၂၄၀၀ ခန့်တို့၏ နေအိမ်များ ပြောင်းရွှေ့ခံခဲ့ရပြီး ဒေသတ၀ိုက် ငါးဖမ်းခွင့်လည်း မရတော့ကြောင်း ဒေသခံများက ပြောသည်။
http://burma.irrawaddy.org/archives/2077
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကနေဒါ အလုပ်သမားသမဂ္ဂ တောင်းဆို
2011-11-07
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ကနေဒါ ပြည်သူ့ဝန်ထမ်း အလုပ်သမား သမဂ္ဂအဖွဲ့ ကိုယ်စားလှယ် ၄၀၀ ကျော်က နိုဝင်ဘာ ၇ ရက် မနေ့က တောင်းဆိုလိုက်ကြပါတယ်။
ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ ကျင်းပတဲ့ ကနေဒါနိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂ အဖွဲ့တစ်ခု ဖြစ်တဲ့ CUPE ရဲ့ ညီလာခံမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တောင်းဆိုချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ CFOB တာဝန်ခံ ဦးတင်မောင်ထူးက အာရ်အက်ဖ်အေကို ပြောပါတယ်။
ဒါ့အပြင် မြို့နယ် အသီးသီးက အလုပ်သမား အဖွဲ့ဝင်တွေဆီက ထောက်ခံချက် ထပ်မံရရှိဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကိုယ်စားလှယ်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုကို CUPE အဖွဲ့၊ ကနေဒါ အခြေစိုက် CUSO-VSO လို့ခေါ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆောင်ရွက်ရေး အဖွဲ့နဲ့ ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ CFOB တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အခုရရှိတဲ့ လက်မှတ်တွေကို မကြာခင် ရက်ပိုင်း အတွင်း ကနေဒါနိုင်ငံရှိ မြန်မာသံရုံးကို ပေးပို့မယ်လို့ သိရပါတယ်။
http://www.rfa.org/burmese
မြန်မာသံအမတ်ကြီးရဲ့နောက်ကြောင်း စုံစမ်းပေးဖို့ တောင်အာဖရိက အတိုက်အခံအဖွဲ့ တောင်းဆို
2011-11-08
တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအသစ် ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နောက်ကြောင်းတွေ စုံစမ်းဖော်ထုတ်ပေးဖို့ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားကို အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်ပါတီက တောင်းဆိုလိုက်ပါတယ်။
(Photo: AFP)
သံဃာနှင့် လူထု လှုပ်ရှားမှုကို လုံခြုံရေးတပ်ဖွဲ့များက စက်တင်ဘာ ၂၇ရက်နေ့တွင် အကြမ်းဖက် နှိမ်နင်းဖြိုခွဲနေပုံ ဖြစ်ပါသည်။ ပုံတွင် လဲကျနေသူမှာ ဂျပန် ဗီဒီယို သတင်းထောက် ကင်းဂျိ နာဂါအိ ဖြစ်ပါသည်။ (Photo: AFP)
သံအမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်နှိမ်နင်းခဲ့သူ ဖြစ်တယ်လို့ တောင်အာဖရိက အခြေစိုက် Mail and Guardian သတင်းစာက ဖော်ပြပါတယ်။ မြန်မာ့စစ်ရေး လေ့လာသူ ဦးဌေးအောင်ကလည်း ရွှေဝါရောင်တော်လှန်ရေးမှာ သံအမတ်ကြီး ဦးမြင့်နောင် ပတ်သက်ခဲ့ပုံကို အခုလို ပြောပြပါတယ်။ “၂၀၀၇ ခုနှစ်တုန်းက ရန်ကုန် ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာ သံဃာတော်တွေကို မီးလောင်ဗုံးတွေ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲနှိမ်နင်းတဲ့နေရာမှာ ဦးစီးကွပ်ကဲခဲ့တဲ့ တပ်မဟာ ၇၇ က ဗျူဟာမှူးအဆင့် တာဝန်ရှိသူ တစ်ဦးလို့ သိပါတယ်” တောင်အာဖရိက သမ္မတ အနေနဲ့ ဗီယင်နာ သဘောတူညီချက်အရ လုံခြုံရေးကို အကြောင်းပြုပြီး သံတမန် အဖွဲ့ဝင်တွေကို ငြင်းပယ်ခွင့် ရှိကြောင်း၊ သမ္မတ အာဏာကို အသုံးပြုပြီး ဦးမြင့်နောင်ရဲ့ သံအမတ် ခန့်အပ်လွှာကို ရုပ်သိမ်းသင့်ကြောင်း အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး Kenneth Mubu က ပြောပါတယ်။ ဒါ့အပြင် အာဏာရှင်တွေ လူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ ဆက်ဆံမှုကို တောင်အာဖရိက အစိုးရအနေနဲ့ ရပ်တန့်သင့်ပြီလို့လည်း အတိုက်အခံဝန်ကြီး Mubu က ပြောဆိုလိုက်ပါတယ်။
http://www.rfa.org/burmese/news
အင်အယ်လ်ဒီ မှတ်ပုံတင်ရေး ၁၈ ရက်နေ့ ဆုံးဖြတ်မယ်
2011-11-08
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့ လာမဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဗဟိုဦးစီးအဖွဲ့  အစည်းအဝေး ခေါ်ယူမှာဖြစ်ကြောင်း သိရပါတယ်။
နိုဝင်လာလ ၈ ရက် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်း ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ဖွဲ့  အစည်းအဝေးကနေ ခုလို ဆုံးဖြတ်ခဲ့တာလို့ အင်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။
လောလောဆယ်မှာ တည်ဆဲ ဗဟိုဦးစီးအဖွဲ့ဝင် တစ်ရာနဲ့ ခြောက်ဦး ရှိပါတယ်။ ဗဟိုဦးစီး အဖွဲ့ဝင်တွေကို ၂၀၁၀ နှစ်ဦးပိုင်းက ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်း ခေါင်းဆောင်တွေ ညှိနှိုင်းရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့် စတဲ့ ပုဂ္ဂိုလ်တွေတက်ရောက်ကြတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese
ပါတီမှတ်ပုံတင်ရေး ဆွေးနွေးရန် NLD ရက်သတ်မှတ်
By featured, မြတ်မိုး on November 8, 2011 6:28 pm in သတင်း / 1 comment, , Hits: 4,298
ပါတီ တရားဝင် မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်ကို ယခုလ ၁၈ ရက်နေ့တွင် ချမှတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ယနေ့ ပြောလိုက်သည်။
ပြီးခဲ့သည့်လက အခမ်းအနားတခုတွင် တွေ့ရသော NLD ခေါင်းဆောင်များ (ဓာတ်ပုံ - ဧရာဝတီ)
ယနေ့ နံနက် ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်သော NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး အပြီးတွင် ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးအုန်းကြိုင်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၈ ရက်နေ့ NLD ရုံးချုပ်၌ ပြုလုပ်မည့် အစည်းအဝေးတွင် မကြာသေးမီက ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ ပါတီ မှတ်ပုံတင်ရေး ကိစ္စကိုလည်း တိကျသည့် အဖြေတခု ရှိသည်အထိ ဆွေးနွေးမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
ထိုအစည်းအဝေးသို့ မြန်မာတနိုင်ငံလုံးရှိ NLD ဗဟိုဦးစီးအဖွဲဝင်ပေါင်း ၁၂၀ ကျော် တက်ရောက်မည်ဟု သိရသည်။
NLD သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ထိုရလဒ်မှာ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။
အနှစ် ၂၀ အကြာတွင် အာဏာပိုင်တို့က ရွေးကောက်ပွဲ ထပ်မံပြုလုပ်ရန် ကော်မရှင်တခုကို ဖွဲ့စည်းလိုက်ပြီး ထိုကော်မရှင်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်း မှတ်ပုံတင်ကြရန် ဖိတ်ခေါ်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမည်မဟုတ်ဟု ယူဆပြီး သပိတ်မှောက်ခဲ့သည့် NLD သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်များကို လက်မခံနိုင်ဟု ဆိုကာ ပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပေ။
၂၀၁၀ စက်တင်ဘာလတွင် ရွေးကောက်ပွဲကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ထိုသို့ဖျက်သိမ်းခြင်းမှာ တရားမ၀င်ဟု NLD က တုံ့ပြန်ပြီး ပါတီ တရားဝင် ရပ်တည်ခွင့်အတွက် ဥပဒေကြောင်းအရ တရားရုံး အဆင့်ဆင့်ကို လျှောက်ထားသော်လည်း အာဏာပိုင်တို့က ပယ်ချခဲ့သည်။
ဤအတောအတွင်း ဗိုလ်ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထားသည့် လက်ရှိ အစိုးရနှင့် NLD တို့ ဆက်ဆံရေး ကောင်းမွန်လာသည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ တတိယအကြိမ်မြောက်တွေ့ဆုံအပြီးတွင် NLD က ကန့်ကွက်ခဲ့သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ရေး အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
NLD က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖွယ်ရှိပြီး မကြာမီပေါ်ပေါက်လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု အကဲခတ်အများအပြားက ယူဆနေကြသည်။
NLD ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း NLD က ပါတီမှတ်ပုံတင်ရန် အလားအလာရှိသည်ဟု သတင်းဌာနများကို မကြာသေးမီက ပြောသည်။
ယနေ့ နံနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် NLD ခေါင်းဆောင်များ ဆွေးနွေး တိုင်ပင်နေစဉ် နော်အုန်းလှ ဦးဆောင်သော တက်ကြွ လှုပ်ရှားသူတချို့က ပါတီ မှတ်ပုံတင်ရေးကို ကန့်ကွက်ကြောင်း ရေးသားထားသည့် စာရွက်စာတမ်းများ ရန်ကုန်မြို့ နေရာတချို့တွင် ဖြန့်ဝေခဲ့ကြသည်။
http://burma.irrawaddy.org/archives/2073
အင်္ဂါ, 08 နိုဝင်ဘာ 2011
ပါတီမှတ်ပုံတင်ရေး NLD နဲ့ တိုင်းရင်းသားတွေ ဆွေးနွေးမည်
By နန္ဒာချမ်း
အီးမေးလ်
ပုံနှိပ်ရန်
မြန်မာအစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြင်ဆင်အပြီးမှာပဲ နိုင်ငံရေး ပါတီတွေအဖြစ် မှတ်ပုံတင်သင့်-မသင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မ၀င်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်းတွေ ဆွေးနွေးတိုင်ပင်တာတွေ လုပ်နေပါတယ်။ ဒီကနေ့မှာ ဆိုရင်လည်း NLD ပါတီ၊ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေ ဒီကိစ္စကို ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း အပြီးသတ် ဆုံးဖြတ်ချက်တွေတော့ မချနိုင်သေးပဲ ဖြစ်နေတုန်းပါပဲ။ အခြေအနေတွေ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း ကတင်ပြပေးထားပါတယ်။
ဒီနေ့မနက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအတွင်း NLD မှတ်ပုံတင်ခြင်း - မတင်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဒီအစည်းအဝေးကို ကျန်းမာရေး သိပ်မကောင်းတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကလွဲရင် - အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ပြီး - ဒီကနေ့ အစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့ တာနဲ့ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် က ဗွီအိုအေ ကို ပြောပါတယ်။
“ကျနော်တို့ မနက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာရှိတဲ့ အစည်းအဝေးခန်းမမှာ မနက် ၁၀ နာရီကနေပြီးတော့ ၁၂ နာရီအထိ ကျင်းပပြီးစီးသွားပါပြီ။ အဲ့ဒီ အစည်းအဝေးကနေပြီးတော့ အမျိုးသား ဒီိမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေး - မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး - မ၀င်ရေး ကိစ္စကို ဆွေးနွေးဆုံးဖြတ်ဖို့အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ တည်ဆဲ ဗဟိုအဖွဲ့ဝင်များ အစည်းအဝေးကို ခေါ်ယူကျင်းပဖို့ ဆုံးဖြတ်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို အဖွဲ့ချုပ်ဌာနချုပ်ရုံး ဗဟိုဦးစီးခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ် ခင်ဗျ။”
ဒါကြောင့် နိုဝင်ဘာလ ၁၈ ရက်နေ့ကျရင် - တည်ဆဲဗဟိုအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း ၁၀၆ ဦး စလုံးနဲ့ အရံဗဟိုကော်မတီဝင်တွေကိုပါ သက်ဆိုင်ရာ တိုင်းဥက္ကဋ္ဌတွေကနေတဆင့် ဒီကနေ့ကစပြီး ဖိတ်ကြားနေပြီဖြစ်တယ်လို့ ဦးအုန်းကြိုင် က ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း - NLD မှတ်ပုံတင်ခြင်း - မတင်ခြင်းကိစ္စ ဆုံးဖြတ်ချက် မချခင် - တိုင်းရင်းသားအဖွဲ့တွေကိုလည်း တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ် က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ လိုပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျနော်တို့နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ လောလောဆယ် ဆွေးနွေးဖို့ကို ရက်အတိအကျ မသတ်မှတ်ရသေးဘူး။ အဲ့ဒီနောက်ပိုင်းမှပဲ ကျနော်တို့ ပြောလို့ရပါမယ်။ သူတို့ရဲ့ စီအီးစီ အစည်းအဝေး ခေါ်ထားတာ ၁၈ ရက်နေ့လေ၊ အဲ့ဒီ ၁၈ ရက်နေ့ မတိုင်ခင်မှာ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးကြဖို့ရှိပါတယ်။”
NLD ပါတီဟာ - ၂၀၀၈ ဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ ထောင်ဒဏ်ကျခံနေရသူဟာ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ကြောင့် - မနှစ်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပါတီမှတ်ပုံတင်ရမယ်ဆိုတာကို ငြင်းဆန်ခဲ့တာပါ။ ဒါကြောင့် အစိုးရကနေ NLD အပါအ၀င် မှတ်ပုံတင်ခြင်း မရှိတဲ့ နိုင်ငံရေးပါတီ တော်တော်များများကို တရားဝင်နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်တချို့ကို အစိုးရက ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၄ ရက်နေ့မှာပဲ သမ္မတ ဦးသိန်းစိန် က အတည်ပြုကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့မှာပဲ - UNA ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကလည်း ပဏာမအကြိုအစည်းအဝေးတခု ပြုလုပ်ခဲ့ပြီးတော့ နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံတင်သင့် - မတင်သင့်ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်အားလုံး မစုံသေးတဲ့အတွက် ဆုံးဖြတ်ချက် အတိအကျတော့ မချနိုင်သေးဘူးလို့ UNA အဖွဲ့ဝင်ပါတီတခုဖြစ်တဲ့ SNLD မှ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ဆက်ပြောပါတယ်။
“ဒီနေ့အစည်းအဝေးကတော့ ဦးနိုင်ငွေသိန်းရယ်၊ နောက် SNLD က အတွင်းရေးမှူး စိုင်းရွှေကြူးရယ်၊ နောက် UNLD က ဦးသာဘန်းပေါ့နော်။ ဒီ ၃ ယောက်ပဲပါတယ်။ ဆိုတော့ အဖွဲ့ဝင်တွေ မစုံသေးတဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်တော့ မချရသေးဘူး။ ပဏာမ ဆွေးနွေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အလားအလာကတော့ အင်မတန်မှ နဲပါသေးတယ်ခင်ဗျ။ UNA တဖွဲ့လုံးအနေနဲ့ စုပေါင်းပြီး မှတ်ပုံဆက်တင်ဖို့ ဆိုတာမျိုးကတော့ မရှိပါဘူး။ တဖွဲ့ချင်းအနေနဲ့ တင်ချင်တဲ့ အနေအထားမျိုးရှိတယ်ဆိုရင်တောင်မှ UNA နဲ့ မဆိုင်ဘူးပေါ့နော်”
UNA အဖွဲ့ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက လူထုထောက်ခံအားပေးမှုကို ရခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၃ ခုနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ကတော့ ခေါင်းဆောင်တွေ မလွတ်မြောက်သေးတဲ့အတွက် ပါတီ မှတ်ပုံတင်ဖို့ စဉ်းစားမှာမဟုတ်ကြောင်းနဲ့ NLD ပါတီ မှတ်ပုံတင်ခြင်း - မတင်ခြင်းကိစ္စပေါ် SNLD ရဲ့ သဘောထားကို အခုလို ပြောခဲ့ပါတယ်။
“ကျနော်တို့ကတော့ တင်ဖို့ မစဉ်းစားပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဌ ခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်က အကျဉ်းကျနေဆဲမို့လို့ သူတို့တွေ လွတ်မြောက်လာခြင်းမရှိသေးပဲနဲ့ မှတ်ပုံတင်ဖို့ကစ္စကို ကျနော်တို့ စဉ်းစားဦးမှာမဟုတ်ပါဘူး။ ကျနော်တို့ SNLD တခုတည်းရဲ့ သဘောထားဆိုရင်တော့ - NLD ရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ ၀င်ရောက် ပြီး ဝေဖန်ချက် မပေးလိုပါဘူး။ ထိုက်သင့်သလို သူတို့လမ်းကြောင်းနဲ့ သူတို့ သွားမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ တူတာရှိရင် ပေါင်းလုပ်မယ်။ မတူတာရှိရင် ခွဲလုပ်မယ်ဆိုတဲ့ အနေအထားပဲရှိပါတယ်”
SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ် ဖြစ်ပါတယ်။ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကတော့ ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ကျခံ နေရပြီး အတွင်းရေးမှူး စိုင်းညွန့်လွင်ကိုလည်း ထောင်ဒဏ် ၈၃ နှစ်ချမှတ်ခံထားရတာပါ။ ဒါကြောင့် ဒီခေါင်းဆောင်တွေရဲ့ အမှုကို ပြန်လည်သုံးသပ်စစ်ဆေးပြီး သူတို့ လွတ်မြောက်ရေး မိသားစုဝင်တွေကနေ - မကြာသေးခင်ကပဲ - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို လက်မှတ်ရေးထိုး တောင်းဆိုထားတာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/--11_08_11_my-news-burma----133428108.html
NLD ပါတီနောင်ရေး ၁၈ ရက်မှာ စည်းဝေးမည်
ကိုဝိုင်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီမှတ်ပုံတင်ရေးမတင်ရေးအတွက် ကယားပြည်နယ်မှလွဲ၍ တိုင်းနှင့်ပြည်နယ် ၁၃ ခုရှိ ပါတီဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အစည်းအဝေးခေါ်ယူ ဆုံးဖြတ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်- NLD က ပြောသည်။
“ကျနော်တို့ CC ခေါ်ဖို့ ဆုံးဖြတ်ပါတယ်။ CC ကို ၁၈ ရက်နေ့ မနက် ၁ဝ နာရီခေါ်ပါ့မယ်။ ” ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောသည်။
အင်္ဂါနေ့မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် နှစ်နာရီကြာ ကျင်းပသည့် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်ကြသည်။
အစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၄ ဦး ကျန်ရှိသည့် အနက် ကျန်းမာရေး မကောင်းကြသော ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေတို့ တက်ရောက်နိုင်ခြင်း မရှိပါ။
nlsheadquater
ပါတီမှတ်ပုံတင်ရေး မတင်ရေးအတွက် ပါတီဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အစည်းအဝေးခေါ်ယူ ဆုံးဖြတ်မည် (ဓါတ်ပုံ မဇ္ဈိမ)
နိုဝင်ဘာလဆန်းကမူ NLD ပါတီ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသန်းဝင်းနှင့် ဦးဒေးဗစ်လှမြင့်တို့ အပါအဝင် ပါတီဝင် (၃၂) ဦးက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ လက်မှတ်ထိုး ကန့်ကွက်စာ ပေးပို့ခဲ့သည်။ ရွှေပြည်သာ၊ ဒဂုံ၊ ဒလနှင့် ခရမ်းမြို့နယ်တို့မှ အဖွဲ့ဝင်များပါဝင်သည်ဟု ကန့်ကွက်သူ ရွှေပြည်သာမြို့နယ် NLD အမျိုးသမီးလုပ်ငန်း အဖွဲ့ဝင် မခင်ဝင်းကြည်က ပြောသည်။
“၂ဝဝ၈ (ဖွဲ့စည်းပုံ အခြေခံဥပဒေ) ကို ကျမတို့က လက်မခံဘူးလို့ ကြေညာပြီးခါမှ ခုမှ ရွေးကောက်ပွဲဝင်မယ်၊ မှတ်ပုံတင်မယ် ဆိုရင် ၂၀၀၈ ခုဖွဲ့စည်းပုံကြီးကို လက်ခံသလို ဖြစ်သွားမယ်။ အဲဒီအတွက်ကို ကျမတို့က ကန့်ကွက်မှာပဲ။” ဟု ပြောသည်။
အဓိက အတိုက်အခံ ပါတီ NLD အတွက် ဦးတည်သည်ဟု ယုံကြည်ရသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်မှုကို နိုဝင်ဘာလ ၄ ရက်တွင် သမ္မတ ဦးသိန်းစိန်မှ လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို “ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် စကားရပ်အစား “လေးစား လိုက်နာရေး” ဆိုသည့်စကားရပ်ဖြင့် အစားထိုးခြင်း၊ အကျဉ်းကျနေသူများလည်း ပါတီဝင် ဖြစ်နိုင်ခြင်း၊ မကြာမီကျင်းပဖွယ် ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်းတို့ ပြောင်းလဲ သွားသဖြင့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်တို့က အပြုသဘောဆောင်သည်ဟု သတင်းဌာနများသို့ ပြောဆိုထားသည်။
ပါတီမှတ်ပုံတင်ခြင်းအားဖြင့် NLD ပါတီ၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် မည်သို့ အပြောင်းအလဲ ဖြစ်နိုင်သည်ကိုမူ ဗဟိုဦးစီး အဖွဲ့ဝင်များကသာ ဝိုင်းဆွေးနွေးကြမည် ဖြစ်သဖြင့် ကြိုတင်ပြောရန် မသင့်ကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောသည်။
“ကျနော်က ကြိုပြောလို့ မဖြစ်ပါဘူး။ သူတို့ ဆွေးနွေးချင်တာကို ပိတ်ထားသလို ဖြစ်နိုင်ပါတယ်။ မြှောက်ပေးသလို လည်း ဖြစ်နိုင်တယ်။” ဟု သူကပြောသည်။
NLD က အဖွဲ့ဝင်အဖြစ် ပါဝင်သည့် လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်ကမူ အစိုးရနှင့် NLD အကြား ရှေ့ဆက်ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရန် NLD အနေဖြင့် မှတ်ပုံပြန်တင်သင့်သည်ဟု ယူဆသည်။
“မှတ်ပုံတင်သင့်တယ်လို့ ထင်ပါတယ်။ ဦးသိန်းစိန် အပါအဝင် တွေ့ဆုံ ဆွေးနွေးပွဲတွေက နားလည်မှု၊ ယုံကြည်မှု၊ ဒီတော့ မှတ်ပုံတင်ဖို့ ကိစ္စတွေလည်း ပါဝင်တယ်လေ။ ရှေ့ဆက်ပြီးတော့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပိုကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု သူက ပြောသည်။
ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ALD အတွင်းရေးမှူးလည်းဖြစ်သူ ဦးအေးသာအောင်က သူတို့ ပါတီ မှတ်ပုံပြန်တင်ရေး မတင်ရေးကိုမူ ပါတီမှတ်ပုံတင်ရေး ဥပဒေ ပြင်ဆင်မှုထက် နိုင်ငံရေး အခင်းအကျင်းတခုလုံးကို စဉ်းစားသုံးသပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နောက်ပိုင်းတွင် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်မည်ဟု ဆိုသည်။
CRPP အဖွဲ့ဝင် ဖြစ်သော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ MNDF မှ ရေးမြို့နယ် ၁၉၉၀ လွှတ်တော်အမတ်
ဒေါက်တာမင်းစိုးလင်းကမူ ဖွဲ့စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်းစောင့်ရှောက်ရေး” နှင့် “လေးစားလိုက်နာရေး” ဆိုသည်မှာ ကွာခြားမှုမရှိကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံ မူ ၆ ချက်တွင် တပ်မတော်က နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုသည့် အချက်အား လက်မခံနိုင်သဖြင့် မှတ်ပုံတင်မည် မဟုတ်ကြောင်း ပြည်ပအခြေစိုက် ကာဝါ မွန်သတင်းဌာနကို တနင်္လာနေ့က ပြောသည်။
ဦးအေးသာအောင်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်၊ ဦးသိန်းစိန်တို့အကြား ဆွေးနွေးမှုများ ဆက်တိုက်ကျင်းပပြီး ယုံကြည်မှု၊ အပေးအယူ တို့မှတဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်နိုင်မည်ဟု ယုံကြည်သည်။ သို့သော် နိုင်ငံရေး အကျဉ်းသားများလွှတ် ပေးရန်လိုနေသေးပြီး တတိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိနေသေးကြောင်း ပြောသည်။
၁၉၉ဝ ခု ရွေးကောက်ပွဲ ရလဒ်အဖြစ် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော်မပေါ်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်ရန် ရည်ရွယ်၍ ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် ပါတီများဖြင့် စုဖွဲ့ထားသည့် CRPP အစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး NLD ပါတီ မှတ်ပုံတင်ရေး ကိစ္စလည်း ဆွေးနွေးမည်ဟု သိရသည်။
၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့က ရွေးကောက်ပွဲမဝင်ရန်၊ ပါတီမှတ်ပုံတင် ထပ်မံ မတင်ရန်ကို NLD တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ခန့်နှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ရန်ကုန် ပါတီရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် မှတ်ပုံမတင်ရန် အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးတို့မှာလည်း နေအိမ်အချုပ် ကျခံနေရချိန် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8605-nld----.html
ရုပ်ရှင်ကားအတွက် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
2011-11-08
The Lady ရုပ်ရှင်ဇာတ်ကားကြောင့် မြန်မာနိုင်ငံအကြောင်းကို ပိုမို နားလည်လာကြမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ လုဘင်ဆင် (Luc Benson) ကို ပြောဆိုလိုက်ပါတယ်။
Toronto International Film Festival
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနှင့် နိုင်ငံရေး လှုပ်ရှားမှုအကြောင်း ပြင်သစ်လူမျိုးဒါရိုက်တာ Luc Basson ရိုက်ကူးသည့် The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မင်းသမီး Michelle Yeoh ။ (Toronto International Film Festival)
ဒေါ်အောင်ဆန်းစုကြည်ကို စာတစ်စောင် ရေးသားပေးပို့ခဲ့တဲ့ ဒါရိုက်တာ Luc Benson က ဒီကနေ့ ပြင်သစ်တက္ကသိုလ် ကျောင်းသားတစ်စုနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်ကြားချက်ကို အခုလို ပြောပြခဲ့တာပါ။ ဒါ့အပြင် ဒီရုပ်ရှင်ဇာတ်ကား မိတ္တူကို သူ့ဆီ ပို့နိုင်မပို့နိုင် ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တယ်လို့လည်း ဆိုပါတယ်။ The Lady ရုပ်ရှင် ရိုက်ကူးခဲ့ပုံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ Luc Benson က ပြန်ပြောပြရာမှာ ဒီရုပ်ရှင်အတွက် နောက်ခံ ဇာတ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံတွင်းမှာ ခရီးဆောင် ကင်မရာအသေးစား တစ်ခုနဲ့ ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ စုစုပေါင်း ၁၇ နာရီကြာ လျှို့ဝှက် ရိုက်ကူးခဲ့ပြီး တစ်ကြိမ်မှာဆိုရင် မြန်မာစစ်သား တစ်ယောက်နဲ့ ၁ဝ ပေလောက် အကွာကနေ ရိုက်ကူးခဲ့တယ် လို့လည်း ပြောပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပုံအကြောင်း၊ ခင်ပွန်းသည် မိုက်ကယ်အဲရစ် ကွယ်လွန်ပုံ အကြောင်း ရိုက်ကူးထားတဲ့ အခန်းတွေကို သူ့အနေနဲ့ အတော် အားတင်း ကြိုးစား ကြည့်ရှုရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့လည်း ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်အနက် တစ်ယောက်ကတော့ ဒီရုပ်ရှင်ကို ကြည့်ပြီး အလွန် စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။
http://www.rfa.org/burmese/news/lady-11082011113612.html