Burma VJ Media Network
သရက်ထောင်မှလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာတဲ့ ဆရာတော် ဦးကောဝိဒ၏ သိက္ခာတော်ထပ်ပွဲဖိတ်စာ


Thursday, October 27, 2011
ဆရာတော် ဦးကောဝိဒ၏ သိက္ခာတော်ထပ်ပွဲဖိတ်စာ
ချိန်ညှိ၍ မရသော အဖြေသိ ပညာရေး ပုစ္ဆာတစ်ပုဒ်
ချိန်ညှိ၍ မရသော အဖြေသိ ပညာရေး ပုစ္ဆာတစ်ပုဒ် (သို့) ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ ပေါလာခြင်း၏ နောက်ဝယ်
Posted by မင်းတွယ်တာ on အောက်တိုဘာ 27, 2011 at 9:26am
ယနေ့ခေတ် အစိုးရ စာသင်ကျောင်းများရဲ့ အထက်တန်းအဆင့် စာသင်ခန်း (အထူးသဖြင့် တက္ကသိုလ်ဝင်တန်း) များဟာ ပုဂ္ဂလိက ဝန်ဆောင်မှု လုပ်ငန်းလို့ အမည်ပေးထားတဲ့ ဘော်ဒါများရဲ့ စားကျက်လုကွင်းများ ဖြစ်လာနေပါတယ်။ အစိုးရကျောင်းများရဲ့ ဖေဖော်ဝါရီလ ဒုတိယ နှစ်ဝက် စာမေးပွဲတောင် မပြီးသေးဘူး။ ဘော်ဒါတွေ မဲဆွယ်လုပ်ငန်း စနေပါပြီ။ ဘော်ဒါထွက် ကျောင်းသားဟောင်းများမှ တစ်ဆင့်၊ ကျောင်းသား မိဘများမှ တစ်ဆင့်၊ ပွဲစား အမျိုးမျိုးကနေ တစ်ဆင့်၊ မက်လုံး၊ ဆွယ်လုံး၊ ကြွားလုံးတွေ လွှင့်နေကြပါပြီ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဖြေပြီးလို့ ပြန်လာကြတဲ့ ကျောင်းသားတွေရဲ့ လက်ထဲမှာ ဘော်ဒါ ကြော်ငြာ စာရွက်စာတမ်းတွေ ပလူပျံပြီး ပါလာကြပါတယ်။
လမ်းဆုံ၊ လမ်းခွ၊ ခြံစည်းရိုး၊ အုတ်နံရံ၊ လမ်းဘေးဈေးဆိုင် မကျန် သစ်ပင်များက အစ ဒဏ်ခံကြရတဲ့ ကြော်ငြာတကာ့ ကြော်ငြာကြားမှာ ဘော်ဒါဟောင်း၊ ဘော်ဒါ အသစ်များရဲ့ ကြော်ငြာဆိုင်းဘုတ် အကြီးအသေး ဆိုက်စုံ၊ အသွေးစုံ အရောင်စုံခြယ်လို့ ဟိတ်ဟန်ကြီးမား ဝင့်ထည်လှစွာ နေရာတကာ နေရာယူလာတာ တစ်နှစ်ထက် တစ်နှစ် အပြိုင်အဆိုင်ပါပဲ။ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံလောက် ဘော်ဒါ ကြော်ငြာပေါတဲ့ နိုင်ငံ မရှိလောက်ဘူးလို့ ဘယ်နိုင်ငံမှ မရောက်ဖူးပေမယ့် တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နိုင်ငံခြားသားတွေ လာရောက်ကြတဲ့အခါ နိုင်ငံရဲ့ ပညာရေးဟာ ဘယ်လောက် အဆင့်ရှိတယ် ဆိုတာ လမ်းဘေး ဘော်ဒါကြော်ငြာတွေ မြင်ရုံနဲ့ သိနိုင်မယ် ထင်ပါတယ်။
နိုင်ငံ တစ်နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပေးမယ့် ပညာရေးဟာ ဆိုင်းဘုတ်၊ ပိုစတာ၊ ဂျာနယ်၊ လက်ကမ်းစာစောင် အမျိုးမျိုးနဲ့ ကြော်ငြာအား ကောင်းကောင်းသုံးပြီး ကျောင်းသားတွေကို ဘော်ဒါ စာသင်ခန်းတွေမှာ ဘယ်လို သင်ရိုး မာတိကာ၊ ဘာသင်နည်း မှတ်စု၊ ဘယ်လို သင်ကြားနည်း၊ ဘယ်လို သင်နည်းထောက်ကူတွေများ သုံးပြီး သင်နေတာများပါလဲ။ ကောင်းလိုက်တဲ့ အောင်ချက်၊ တိုးလာတဲ့ ဘော်ဒါဦးရေ ဈေးကွက်စီးပွားရေးကနေ ဈေးကွက်ပညာရေး ပြောင်းသလား အောက်မေ့မိပါတယ်။ မြို့နဲ့ဝေးတဲ့ ရွာကျောင်းတွေမှာ ဘော်ဒါရောဂါ ဝင်ရောက်မှု နည်းပေမယ့် မြို့နဲ့နီးတဲ့ ရွာတွေမှာရော၊ စီးပွားရေး အတော်အတန် ကောင်းတဲ့ ရွာတွေမှာပါ အထက်တန်း ကျောင်းသား အားလုံးနီးပါး ဘော်ဒါ ရောက်ကုန်ပါတယ်။ အကြောင်းအမျိုးမျိုး ပြပြီး ဘော်ဒါနဲ့ နီးတဲ့ မြို့ကျောင်းတွေကို ကျောင်းပြောင်းဖို့ ကျောင်းထွက်လက်မှတ် လာယူကြပါတယ်။ အနည်းအကျဉ်းလောက်ပဲ ရှိမှာပါလို့ စဉ်းစားရင်းနဲ့ ပြောင်းမယ့် လူစာရင်း ယူပါတယ်။ ကျောင်းဖွင့်လို့ ကျောင်းသားတွေ မြို့ဘော်ဒါကနေ သုံးဘီး ဆိုင်ကယ်လေးတွေနဲ့ တန်းစီးပြီး ကျောင်းလာတက်ကြပါတယ်။ သုံးဘီး တက်စီလေးတွေမှာ ဘော်ဒါ ပေါင်းစုံရဲ့ Vinyl ကြော်ငြာမျိုးစုံ အခန့်သားနဲ့ ကျောင်းဝင်းထဲမှာ အပြိုင်အဆိုင်ပေါ့။
ဘော်ဒါနား မသီနိုင်တဲ့ ဆင်းရဲသား ကျောင်းသား အနည်းစုမှာတော့ အားကျမှုများနဲ့ ငေးကြည့်နေကြတယ်။ ဘော်ဒါရောက်တော့ အလှပြင်တာ၊ ဝတ်စားဆင်ယင်တာ၊ ရှိုးထုတ်တာတွေ ပြိုင်တတ်လာတယ်။ ဆရာ့သြဇာ နာခံမှု နည်းလာတယ်။ ကျောင်းက ဆရာ စာသင်စဉ်မှာ မကိုင်ချင့် ကိုင်ချင် ကိုင်ရတဲ့ Text Book များဟာ စာမေးပွဲ ဖြေချိန် စာသင်ခန်း ရှင်းရင် ဘာသာရပ်အလိုက် ပုံနေတာနဲ့ သိမ်းယူသွားပြီး ကြော်ငြာပါတယ်။ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ လာယူကြလို့ တော်ရုံနဲ့ လာမယူကြပါဘူး။ “သယ်ရတောင် သက်သာသေး” တဲ့။ Text Book နဲ့ သင်နည်းဟာ Out နေပြီတဲ့။ Text Book ဟာ သာသာရပ်တိုင်းရဲ့ “စံ” မဟုတ်ပါလား။ “အမှတ်ပေး စည်းမျဉ်းမှာ သဘောကွဲလွဲပါက Text Book အတိုင်း ယူရမယ်” လို့ စာစစ်ဥပဒေ ရှိတယ်လို့ နားလည်ထားတာ ပြောင်းပြန် ဖြစ်ကုန်ပြီလား။ အဆင်သင့် ရှိပြီးသား Notes လေးတွေ ထုတ်ပြီး ထိုင်နေကြတယ်။ လိုက်မှတ်၊ လိုက်ကူး၊ လိုက်ရေး၊ လိုက်နားထောင်ရမယ့် ကျောင်းသား အလုပ်ကို လက်ကြောတင်း မလုပ်ချင်တဲ့ ရောဂါရလာတဲ့ အပြင် အရာရာကို ကိုယ်ပိုင် အစွမ်းအစ ထုတ်ပြီး ကြိုးစားလိုစိတ် အားနည်းလာတယ်။ ဆရာတွေ အပေါ်မှာ လေးစား အထင်ကြီးမှု၊ ဆရာ သင်ကြား ပြသမှုကို ခံယူလေ့လာတတ်မှု၊ ဆရာများရဲ့ ဆိုဆုံးမစကားကို ဘော်ဒါ ဆရာကို သဘောထားသလို ပေါ့ပျက်ပျက် သဘောထားမှုတွေ အများစု ဖြစ်လာပြီ။ ဒါတွေဟာ ကျောင်းနဲ့ ဆရာတွေရဲ့ စေတနာ၊ မေတ္တာကို အသိအမှတ်ပြုမှု အားနည်းလာခြင်း၊ ယုံကြည်ကိုးစားမှု နည်းလာခြင်းကို ပြပါတယ်။
နောက်တစ်ဆင့် လတိုင်း အခန်းဆုံး စာမေးပွဲများ စစ်မေးချိန်၊ Pretest များ စစ်မေးချိန်၊ ဘော်ဒါ အများစုမှာ ကျောင်းက စစ်မေးမယ့် ဘာသာရပ်အတွက် စာကျက်ချိန် မပေးလို့ မကျက်လိုက်ရဘူး ဆိုပြီး စာဖြေချိန် သုံးနာရီမှာ ငုတ်တုတ်ထိုင်နေကြပါတယ်။ အိပ်နေတာတောင် ရှိပါတယ်။ ပေါက်ကရ ဖြစ်ကတတ်ဆန်း ဖြေပါတယ်။ အဲဒီ ဘာသာ အကျများတော့ ရာနှုန်း မပြည့်လို့ဆိုပြီး ဘာသာရပ်ဆိုင်ရာ ဆရာက အမြဲ ထုချေလွှာ တင်နေရပါတယ်။ ဝန်ခံလက်မှတ် ထိုးနေကြရပါတယ်။ ဒါဟာ ကျောင်းကို မထေမဲ့မြင် သဘောထားတတ်လာတာပါပဲ။
ကျောင်းစာသင်ခန်း အတွင်းမှာ ဘော်ဒါ နေနိုင်သူ အုပ်စု၊ မနေသူ အုပ်စု ထမင်းစားတာက အစ ကွဲကုန်ပါတယ်။ ကျောင်းလုပ်ငန်းတွေ ခိုင်းရင်လည်း အုပ်စု ကွဲကုန်ပါတယ်။ ကျောင်းက Special Class တွေ၊ Night Study တွေ သင်ထားတဲ့ အုပ်စုနဲ့ အချိန်မကိုက်လို့ ဘာမှ မတတ်ရတဲ့ ဘော်ဒါ အုပ်စုကွဲပြီး စာသင်ရတာ အခက်အခဲ ရှိလာပါတယ်။ ဘော်ဒါ အချင်းချင်းတောင် မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ ပေါ်လာပါတယ်။ စာမေးပွဲ အောင်သွားတာတောင်မှ ဘော်ဒါကောင်းတွေမှာ နေခဲ့ရလို့၊ ဘော်ဒါ ဆရာတွေ အသင်အပြ ကောင်းခဲ့လို့နဲ့ ကျောင်းသားတွေရော မိဘတွေပါ တသသ ကျေးဇူးတင်လို့ မဆုံးတော့ပါဘူး။ ငွေအသပြာနဲ့ ဝယ်ရတဲ့ ပညာကမှ ပိုတန်ဖိုးထားတတ်လာတာပေါ့။ အစိုးရကျောင်းတွေမှာ သူငယ်တန်းကနေ နဝမတန်းအထိ သင်ပေးလိုက်တဲ့ အခြေခံကို ယူပြီး ဘော်ဒါများဟာ တက္ကသိုလ်ဝင်တန်းမှာ အမြိုင့်သား နာမည်ကောင်းယူ စီးပွားရှာနေကြပါတယ်။ အဌမတန်းမှာ သင်ကြားဆဲ မဟော်သဓာ ဇာတ်တော်ကြီးရဲ့ သားတရား စီရင်ခန်းကို တွေးမိပါတယ်။ ဘီလူးမနှင့် မိခင် အရင်းတို့၏ သားလုပွဲ တရားစီရင်ခန်းမှာလိုပဲ ကိုယ်မွေးထားတဲ့ သားသမီး အရင်းရဲ့ ပညာရေး တိုးတက်မှု အတွက် ကိုယ့်ကျောင်း နာမည်ကောင်း ရရေးကို ဆုံးရှုံးခံပြီး ဘော်ဒါများ နာမည်ကောင်း ရရေးအတွက် ကျောင်းသားများ မွေးထုတ်ပေးနေရပြီ ဖြစ်ပါတယ်။
ဘော်ဒါတွေဟာ သားငယ်၏ အသွေးအသားနဲ့ တူလှတဲ့ အသပြာကို မက်မောလှစွာနဲ့ စာသင်ခန်းများ အတွင်း ကျောင်းသား လုပွဲများ အပြိုင် နွှဲနေကြပါတယ်။ နိုင်ငံတော်ရဲ့ အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်ပေးရာ တက္ကသိုလ်ဝင်တန်း စာသင်ခန်းများ အတွင်း ပုံရိပ် တစ်ခွန်း တစ်စွန်းတစ်စကို ဖော်ပြလိုက်ခြင်းမျှသာ ဖြစ်ပါတယ်။ မျက်စိစုံမှိတ်ပြီး ဒီစနစ် မကောင်းဘူး ရမ်းသန်းနေခြင်း မဟုတ်ပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို မည်သည့်ဘက် အားသာနေကြောင်း မီးမောင်း ထိုးပြခြင်းမျှသာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ပညာရေး စနစ်ရဲ့ လိုအပ်ချက်အရ ဘော်ဒါပညာရေး ပေါ်ပေါက်လာတာကို လက်ခံပါတယ်။ အတိုင်းအတာကို လွန်ကဲစွာ ထိုးဖောက် နေရာယူလာနေကြောင်းကို ဆိုလိုပါတယ်။ ပုံပြင် တစ်ပုဒ် ကြားဖူးခဲ့ပါတယ်။ အိမ်ရှင် တစ်ယောက်ရဲ့ အိမ်အတွင်းသို့ ကုလားအုပ် တစ်ကောင် မိုးဝင်ခိုရင်း၊ ခေါင်းလေး တစ်လုံး၊ လက်ကလေး တစ်ဖက်၊ ခြေထောက်ကလေး တစ်ချောင်းကနေ တစ်ကိုယ်လုံး နေရာ ဝင်ယူပြီး အိမ်ရှင်ကို အပြင် မောင်းထုတ်လိုက်တဲ့ အဖြစ်လေးပါ။ ဘော်ဒါ ရေစီးကြောင်းထဲမှာ ဆရာနဲ့တကွ တပည့်အပေါင်းများစွာ ကျောင်းသားမိဘ ဆင်းရဲချမ်းသာ မကုန် မျောနိုင်သူတို့က ခေတ်မီသည်ဟု ထင်နေကြ။ မမျောနိုင်သူတို့က ကျောင်းက ဆရာနဲ့ စာသင်နေရတာကိုပင် ဂုဏ်ငယ်သည်ဟု ထင်လာနေသည့်ခေတ်။
“အထက်တန်းအဆင့် ပညာရေးဟာ နိုင်ငံ တစ်ခုကို တည်ထောင်ဖို့၊ တိုးတက် ဖွံ့ဖြိုးအောင် လုပ်ဖို့အတွက် တကယ့်ကို အသုံးဝင်တဲ့ ခေါင်းဆောင်လောင်းတွေကို သေချာ ပျိုးထောင်ရတော့မယ့် အရေးကြီးတဲ့ အဆင့် တစ်ဆင့်ပဲ ဖြစ်ပါတယ်” ဆိုတဲ့ အချက်ကို တက္ကသိုလ်ဝင်တန်း စာသင်ခန်းများရဲ့ ပုံရိပ် မြင်ကွင်းများမှ တစ်ဆင့် ခံစား ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ ဘော်ဒါ မနေနိုင်ပေမယ့် မိမိရဲ့ ကိုယ်ပိုင် အစွမ်းအစကို အားကိုးလျက် ဆရာပီသသော ဆရာများရဲ့ ရင်ခွင်အောက်မှာ ယုံကြည်စွာ သင်ကြားမှု ခံယူနေတဲ့ တပည့်များ အတွက် ငယ်စဉ် အခြေခံပညာ အထက်တန်းမှာ သင်ကြားခဲ့ရတဲ့ “မြန်မာကဗျာ လက်ရွေးစင်” မှ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာ တစ်ပိုင်းတစ်စကို ရွတ်ဆိုရင်း တိုက်ပွဲဝင်နေဆဲ ...
ပျဉ်းမငုတ်တို၊ သက်ကြားအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
မငိုက်ဦးခေါင်း၊ အားသစ်လောင်းလျက်
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင် ဆရာကောင်း တကား။
(ယောက်ျားကောင်း စာသားတွင် ဆရာကောင်း စာသားကို ထည့်လျက် ဆရာကြီး မင်းသုဝဏ်သို့ ဂုဏ်ပြုဦးညွတ် ကန်တော့ ပန်ဆင်အပ်ပါသည်။)
ပျဉ်းမငုတ်တို ဆရာတစ်ဦး
http://forverfriends.ning.com/profiles/blogs/2863689:BlogPost:6429779
ပြဿနာဟောင်းဟာ အသစ်ဖြစ်နေသေးတယ်
ဒီနေ့ မနက်၊ မြို့ ထဲဗိုလ်ချုပ်လမ်းက အိုးအိမ်ရုံးရှေ့ မှာ လယ်သမားတွေ ဆန္ဒပြတာကို
တာဝန်ရှိ ပြည်ထဲရေးဌာနရဲများက တားမြစ်လူစုခွဲတဲ့ဖြစ်စဉ်ဟာ နိုင်ငံရေးသတင်း
ဖြစ်ပါတယ်။ မနက်ဖြန်ထုတ် ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြပေးဖို့  အယ်ဒီတာမင်းများ
အနေနဲ့  ကြိုးစားစေချင်ပါတယ်။ စာပေစိစစ်ရေးဘက်ကလည်း အထိုက်အလျောက်ခွင့်ပြုပေး
ရပါလိမ့်မယ်။
ရွှေဝါရောင် (၄)နှစ်ပြည့်၊ ဆုတောင်းပွဲအခမ်းအနားနိုင်ငံရေးသတင်းတွေကိုလည်း
အဲဒီတုန်းက ဖော်ပြခွင့်မရခဲ့ပါဘူး။
ဒီတော့.. နိုင်ငံရေးသတင်းခွင့်ပြုမှုကို တိုင်းတာတဲ့ စံနှုန်းပေတံ ဆိုတာကို
ကျွန်တော်တို့ က
သံသယရှိနေတာ သဘာဝကျပါတယ်။ ဒါနဲ့ တစ်ဆက်တည်း.. ဂျာနယ်များမှာ ရေးသား
ဖတ်ရှုခွင့်ရလာခဲ့တဲ့ နိုင်ငံရေးသတင်းတွေက “နိုင်ငံရေး” ကိုပါ
အမြင်တိမ်းလာနိုင်တာတွေ
ရှိလာရပါတယ်။
ဒါ့ကြောင့်ဘဲ... ပြဿနာဟောင်းဟာ အသစ်ဖြစ်နေသေးတယ်လို့  ယူဆသူတွေ ရှိလာပြီး
သူတို့ ကို လွန်နေတယ်မှားနေတယ် သွားပြောရင် ရယ်စရာသိပ်ကောင်းပါလိမ့်မယ်။
အောင်မျိုးထွန်း
သန်းရွှေ အလွန် (၇)
Published on October 27, 2011 by မင်းလွင်
ဗိုလ်ချုပ်မှူး ကြီးသန်းရွှေဟာ ၂၀၁၁ မတ်လ ၃၀ ရက်မှာ မြန်မာ့တပ်မတော် အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံ တရားဝင် လွှဲပြောင်းခဲ့ပါတယ်။
ကာကွယ်ရေးဦး စီးချုပ်အသစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တချို့သော မြင်သာထင်သာတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို မြန်မာတပ်မတော်ထဲမှာ လုပ်နေတာနဲ့ ပတ်သက်ပြီး တင်ပြပေးသွားပါမယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပြီးတာနဲ့ မကြာခင်ဆိုသလိုပဲ အသက် ၅၅ နှစ်ရှိပြီးဖြစ်တဲ့ အရာရှိနဲ့ အခြားအဆင့်စစ်သည် တပ်မတော်သားတိုင်းဟာ စစ်တပ်ကနေ နုတ်ထွက်ခွင့် တင်နိုင်တယ်ဆိုပြီး တပ်ရင်းတပ်ဖွဲ့အသီးသီးကို တရားဝင်ကြေးနန်းနဲ့ ညွှန်ကြားခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေနဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တခုကို စတင်လုပ်ဆောင်တာလို့လည်း ပြောလို့ရပါတယ်။
အရင် အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်တို့မှာ အရာရှိအဆင့်အနေနဲ့ တပ်မတော်ကနေ အရှင်ထွက် ထွက်ခွင့်မရဘဲ အသေထွက်ပဲ ထွက်လို့ရတယ်လို့ ပြောတဲ့ ဆိုရိုးစကားရှိပါတယ်။ သဘောကတော့ တိုက်ပွဲမှာကျဆုံးတဲ့သူ၊ နောက်ပြီးတော့ ကျန်းမာရေးချို့တဲ့ပြီး စစ်မှုမထမ်းနိုင်တော့တဲ့ အရာရှိတွေကိုတော့ နုတ်ထွက်ခွင့်ပြုခဲ့ပေမယ့် ကျန်အရာရှိတွေကိုတော့ အသက် ၆၀ ကျော်အထိ တပ်မတော်ထဲမှာ အမှုထမ်းရပြီး အာဏာရှင်တွေ မျက်မုန်းကျိုးတဲ့အခါမှ တပ်ကနေ ထုတ်ပစ်တာမျိုး လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထက်ကျမှ မြန်မာတပ်မတော်မှာ အသက် ၅၅ နှစ်ကျော် အရာရှိတွေနဲ့ အခြားအဆင့် အကြပ်စစ်သည်တွေကို တပ်မတော် စစ်စည်းကမ်းနဲ့အညီ လုပ်ဆောင်နေတယ်လို့ ပြည်တွင်းပြည်ပက တပ်မတော်သား အရာရှိတွေက ပြောဆိုကြပါတယ်။
တကယ်တော့ မြန်မာ့တပ်မတော်မှာ နဂိုမူလကတည်းက တပ်မတော်ကနေပြီး နုတ်ထွက်ခွင့်နဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းပြီးသား ရှိခဲ့ပါတယ်။ အခြားအဆင့် ရဲဘော်ကနေ အရာခံဗိုလ်အထိက အသက် ၅၅ နှစ်အထိ သက်ပြည့်ပင်စင် ယူနိုင်တယ်လို့ ရှိခဲ့ပါတယ်။ အရာရှိအဆင့်ဆိုရင်တော့ ဗိုလ်ကြီးဆိုရင်လည်း အသက် ၅၅ နှစ်အထိကို သက်ပြည့်ပင်စင်ပေးတာပါ။ ဗိုလ်ကြီးအဆင့်အထက် အရာရှိတွေ ဖြစ်တဲ့ ဗိုလ်မှူးကနေ ဗိုလ်ချုပ်အထိက အသက် ၆၀ အထိ တပ်မတော်ဥပဒေ (ကပ ၇၀/ ဂင ၆၆) ဆိုပြီး တပ်မတော်ဖွဲ့စည်းပုံက ပြဋ္ဌာန်းပြီးသား ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်ကစလို့ အင်းအားပြုန်းတီးတာကို အကြောင်းပြပြီးတော့ တပ်မတော်ကနေ ဆေးခွင့်ကလွဲလို့ ဘာထွက်ခွင့်မှမပေးဘဲ ထားခဲ့တာပါ။ ဆေးခွင့်နဲ့ ကျန်းမာရေး ဆေးအဆင့်နိမ့်လိုဖြစ်တဲ့ တပ်မတော်သားတွေကိုပဲ ထွက်ခွင့်ပေးတာနဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က အခုလို သုံးသပ်ပြောဆိုပါတယ်။
“ဦးနေဝင်း ခေတ်ပေါ့။ တပ်မတော်မှာ အင်အားပြုန်းတီးမှုတွေ များတယ်ဆိုပြီး ဆေးခွင့်ကလွဲပြီး အကောင်းအနေနဲ့ ထွက်လို့မရဘူး။ ဆေးကျလို့ ထွက်ချင်ထွက် ရူးလို့ ထွက်ချင်ထွက်၊ တပ်ပြေးပေါ့၊ ထောင်ကျပြီးမှ ထွက်ချင်ထွက်၊ တပ်မတော်မှာ အဲဒီလိုထွက်တာပဲ ရှိခဲ့တယ်။ တပ်ထဲမှာ ထွက်ခွင့်မပေးရဘူးဆိုတဲ့ဟာက တရားဝင်.. ဥပဒေအရ ထွက်ခွင့်ပေးရသော်ငြားလည်း ကျနော်တို့ဆိုရင် အနည်းဆုံး တပ်မတော်မှာ ၁၀ နှစ် စစ်မှုထမ်းပါ့မယ်ဆိုပြီး လက်မှတ်ထိုးရတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ထွက်ချင်တယ်ဆိုရင် ဥပဒေအရဆိုရင် ထွက်လို့ရတယ်။ အလားတူ ရဲဘောတွေ အခြားအဆင့်တွေလည်း အဲဒီအတိုင်းပါပဲ။ နောက်ပိုင်းကျတော့ လက်မှတ်ထိုးတာလည်း မရှိတော့ဘူး။ အဲဒီ ဥပဒေကလည်း မှေးမှိန်ကုန်ပြီး ဘယ်ရောက်လို့ ရောက်မှန်းမသိဘဲ ဘယ်သူ့မှ မသိကြတော့ဘူး အနေအထားမျိုးကနေ တပ်မတော်ရဲ့ နည်းဥပဒေအတိုင်း ပြန်ပြီးတော့ အကောင်အထည် ဖော်ပေးသလားဆိုတဲ့ အနေအထားပေါ့လေ အကောင်းမြင်တဲ့ဘက်ကနေ တွက်တာပါ။”
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ နောက်ပိုင်း အရပ်သားအသွင်ဆောင်တဲ့ စစ်တပ်ထောက်ခံတဲ့ အစိုးရတတ်လာပြီးတဲ့ နောက်ပိုင်းမှာ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ စစ်တပ်အုပ်ချုပ်ရေးဆိုပြီးတော့ အုပ်ချုပ်ရေးနှစ်ပိုင်း ဖြစ်လာခဲ့ပါတယ်။
တပ်မ တော်အရာရှိဟောင်းတွေနဲ့ စစ်တပ်လေ့လာသူတွေ အဆိုအရ စစ်တပ်က တိုင်းပြည်အာဏာ ချုပ်ကိုင်မှုကနေ စွန့်ခွာလာနေတာတွေကို တွေ့ရပြီးတော့ တပ်မတော်က ဗိုလ်ချုပ်ဟောင်းတွေ ပါဝင်တဲ့ အရပ်သားအစိုးရကို လုပ်ပိုင်ခွင့်တွေ ပိုပြီးပေးလာတာတွေကို တွေ့ရပါတယ်။ အဲဒီအတွက်လည်း စစ်တပ်အခြေအနေက အရင်ကလောက် လိုအပ်ချင်မှ လိုအပ်တော့မှာ ဖြစ်တဲ့အတွက် ပိုလာနိုင်တဲ့ အရာရှိဦးရေကို အသက် ကန့်သတ်ချက်နဲ့ လုပ်ငန်းတာဝန်ကနေ အနားပေးတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ထိုင်း -မြန်မာနယ်စပ်က မြန်မာစစ်တပ်နဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ ကိုကျော်ကိုကလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လုပ်ဆောင်နေတာတွေကို အခုလို ခန့်မှန်းသုံးသပ်ထားတာ ရှိပါတယ်။
“အရင် ကြားဖူးသလောက်ဆိုရင် ဝန်ကြီးချုပ် ချွန်လိပိုင် လက်ထက် ထိုင်းနိုင်ငံမှာ ကာကွယ်ရေး အသုံးစရိတ်တွေ လျှော့တဲ့အခါမှာ အရာရှိတွေကို ရာထူးတက်တာတွေနှေးအောင် အရင်တုန်းက ၄ နှစ်ဆိုရင် အခုဆိုရင် ၆ နှစ် ၇ နှစ် ဖြစ်သွားနိုင်တယ်ပေါ့။ ထိပ်ပိုင်းရောက်သွားရင်လည်း အနားပေးမှုတွေက ပိုမြန်အောင်ပေါ့။ စစ်တပ်ရဲ့ ဘတ်ဂျက်တွေလျှော့တဲ့ကာလတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ ကြားဖူးတာ ရှိတယ်။ အခု ၅၅ နှစ်ကလည်း ကျန်တဲ့ အကြောင်းအချက်တွေ အများကြီး ဖြစ်နိုင်တယ်။ အဲဒီထဲကမှ ဖြစ်နိုင်ခြေတခုကတော့ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အရပ်သား အစိုးရကို အုပ်ချုပ်ရေးအာဏာဆိုတဲ့ လမ်းကြောင်းအောက်မှာ သွားမယ်။ သူတို့ဘက်ကကျတော့ ကာကွယ်ရေး ကိစ္စအတွက် သွားမယ်ဆိုတဲ့ စည်းတခုကို သွားဖို့အတွက် စစ်တပ်အနေနဲ့ အကူးအပြောင်းတခုကို လုပ်နေတယ်။ အဲဒီအတွက် အသက် ၅၅ နှစ်မှာ အနားယူခြင်းကို လျှောက်နိုင်တယ်။ စသဖြင့်ပေါ့ ဒါမျိုးတွေလည်း ပေါ်ထွက်လာတာပေါ့။ ဒီလိုမျိုးတော့ ခန့်မှန်းကြည့်နိုင်တယ် ထင်ပါတယ်။”
ဗိုလ်ချုပ်ကြီး မင်း အောင်လှိုင်က အသက် ၅၅ နှစ်ပြည့် တပ်မတော်သားတွေကို တပ်ကထွက်ခွင့် တင်နိုင်တယ်ဆိုတာကို အကောင်းမြင်ကြတာတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တပ်ကို သန့်ရှင်းအောင် လုပ်ဖို့အတွက် စစ်တပ်ရဲ့ စစ်စည်းကမ်းကို အရင်ဦးဆုံး ကိုင်တွယ်နေတာ ဖြစ်နိုင်တယ်လို့လည်း ဗိုလ်မှူး အောင်လင်းထွဋ်က အခုလို သုံးသပ်ပါတယ်။
“တပ်တွေက မတရားကို တိုးချဲ့ထားတာဗျ။ ဒါတွေက အကုန်လုံးသိပါတယ်။ တပ်ရင်းတရင်းကို ကျနော်တို့ခေတ်တုန်းက လူ ၇၀၀ လောက် ရှိတဲ့ တပ်ရင်းက အခုက လူ ၂၀၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။ သုံးပုံနှစ်ပုံလောက်တောင် မရှိတော့ဘူး။ တဝက်အောက်ကို ကျသွားတဲ့ အနေအထားရှိတော့ အနည်းဆုံး ပြန်ပြီးတော့ အခြေအနေအရ တပ်ရဲ့အသုံးစရိတ်က အရမ်းများနေတော့ တပ်ကို ချုံ့လိုက်တဲ့သဘော၊ ဝိတ်လျော့တဲ့အနေအထားမျိုး လုပ်ကောင်းလည်း လုပ်နိုင်တယ်။ ထွက်ခိုင်းတဲ့ဟာကလည်း မနေချင်တဲ့သူ ထွက်ဆိုတဲ့ သဘောမျိုးကို။ ဒါမှ သန့်သွာမယ်ဗျာ။ တခုတော့ ရှိတယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခြေလှမ်းကတော့ တပ်ကိုတော့ စည်းကမ်းပိုင်းမှာ စကိုင်လိမ့်လို့ ကျနော်ထင်တယ်။ ရှင်းစရာ ရှိတာ ရှင်းပြီးရင် သူ ကိုင်လိမ့်မယ် ထင်တာပဲ။”
တပ်မတော်သား တွေဟာ တာဝန်ကနေ နုတ်ထွက်ခွင့်ကို အခြားဝန်ထမ်းတွေလိုမျိုး သက်ပြည့်နဲ့ လုပ်သက်ပြည့် အခွင့်အရေးတွေ ပြန်ရတော့မှာလားလို့လည်း သုံးသပ်ကြပါတယ်။ အရင်က စစ်တပ်ဟာ သူ့ဝန်ထမ်းတွေကို ပြန်ပေးဆွဲသလိုမျိုး အသက်ပြည့်ပြီး လုပ်သက်ပြည့်မီပြီးတာတောင်မှပဲ စစ်တပ်ကနေ ထွက်ခွင့်မရခဲ့တာတွေ ရှိခဲ့ပါတယ်။ စစ်တပ်ထဲမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ရာထူးမတက်တဲ့သူတွေ ရှိသလို ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင်တွေဟာ တပ်မတော်ထဲမှာ ရာထူးမတက်၊ ထွက်ခွင့်မရဘဲ ရှိနေပါတယ်။ လူမျိုးရေးအရလည်း မြန်မာမဟုတ်တဲ့ အခြား တိုင်းရင်းသားတွေကိုလည်း မြန်မာတပ်မတော်ထဲမှာ ထိပ်ပိုင်းအဆင့်အထိ မရောက်ဘဲ၊ ထွက်ခွင့်လည်းမရ ဖြစ်နေကြတာပါ။
အဲဒီလို ဘာသာရေးအတွက် သော်လည်းကောင်း၊ လူမျိုးရေးအတွက် သော်လည်းကောင်း တပ်မတော်ထဲမှာ ရာထူးမတက်၊ ထွက်ခွင့်မရခဲ့တဲ့သူတွေဟာ အများကြီး နစ်နာနေကြပါတယ်။ အခုလို ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကနေ တပ်မတော်စည်းကမ်းနဲ့အညီ နုတ်ထွက်ခွင့်ပြုမယ် ဆိုတာဟာ တပ်မတော်အတွက် ကောင်းလာနိုင်တယ်လို့လည်း ဗိုလ်မှူးစိုင်းသိန်းဝင်းက အခုလို ပြောဆို သုံးသပ်ပါတယ်။
“အနားယူသင့် တဲ့သူက မယူဘူး။ မယူသင့်တဲ့လူကိုလည်း လဲစေချင်ရင် စွတ်အတင်း ယူခိုင်း။ အဲလိုမျိုး ကျွန်းမှီးကိုင်းမှီ ဖြစ်နေတာမျိုးမြင်ရတယ်။ အခုဟာက ပိုပြီးတော့ အရင်ကထက်စာရင် ကောင်းလာတဲ့အနေအထားမျိုး ရှိလာတယ်လို့ ပြောရမှာပေါ့။ အသက် ၅၅ နှစ်ပြည့်ရင် ထွက်ခွင့် မရတဲ့သူတွေအတွက်။ ရဲဘော်တွေအတွက်တော့ ကောင်းတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။”
http://burmese.dvb.no/archives/17028
နိုင်ငံရေးပိုစတာကြောင့် အဖမ်းခံထားရသူ အစိုးရကိုမေးခွန်းထုတ်
Published on October 27, 2011 by နေသွင်
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးပိုစတာနဲ့အတူ အဖမ်းခံရပြီးနောက် ထိန်းသိမ်းခံနေရတဲ့ လူငယ်တဦးက အစိုးရရဲ့ ဒီမိုကရေစီစနစ်အပေါ်မှာ မေးခွန်းထုတ်လိုက်ပါတယ်။
ပြည်မြို့ထောင်တွင်းတရားရုံးမှာ အမှုရင်ဆိုင်နေတဲ့ ကိုဇာနည်ထွန်းက ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတယ်လို့ပြောတဲ့ အစိုးရသစ်က နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုခဲ့တဲ့ သူ့ကို ဖမ်းဆီးထားတဲ့အပေါ်မှာ မေးခွန်းထုတ်လိုက်တာပါ။
“ယုံကြည်ချက်ကြောင့် ဆန္ဒဖော်ထုတ်တဲ့အခါမှာ အဲဒီအပေါ်မှာ တစုံတရာ အပြစ်ပေးမယ်ဆိုရင် လက်ရှိနိုင်ငံရေး အခြေအနေ ပြောင်းလဲနေတဲ့ အပေါ်မှာလည်း သိပ်အယုံအကြည်မရှိဘူး။ နဂိုကတည်းကလည်း ယုံကြည်ချက်၊ ခံယူချက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးစေချင်တဲ့ စိတ်နဲ့ လုပ်တာလေ။ အဲဒီအတွက် ကျနော်တို့ကို အပြစ်ပေးမယ်ဆိုရင်လည်း ဒါက မတရားသဖြင့် အပြစ်ပေးခြင်းပေါ့။ အဲဒါဆိုရင် ဘာမှမတတ်နိုင်ဘူးပေါ့။ ကျနော်တို့ကလည်း ဒီအပေါ်မှာ ကျနော်တို့ယုံကြည်ချက် ခံယူချက်ကြောင့် ကျတဲ့အတွက် ကျရင်လည်း ကျပါစေ။”
ကိုဇာနည်ထွန်းကို ဩဂုတ်လတုန်းက ပဲခူးတိုင်း ပြည်မြို့အနီးမှာရှိတဲ့ အင်းမမြို့မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ပိုစတာနဲ့အတူ ဒေသအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
အဖမ်းခံရစဉ်က ကိုဇာနည်ထွန်းနဲ့အတူ ဆိုင်ကယ်တစီးတည်း စီးလာတဲ့ သူငယ်ချင်း ကိုဝေဖြိုးပါ အဖမ်းခဲ့ရပြီး စစ်ကြောရေးကာလ၊ အင်းမရဲစခန်းမှာ အစာနဲ့ ရေတွေမပေးဘဲ ထားခဲ့တယ်လို့ ကိုဇာနည်ထွန်းက ပြောပါတယ်။
“ကျနော်တို့ကို စစ်ကြောရေး ၂ ရက်လောက်လုပ်တယ်။ ရေလည်း မသောက်ရဘူး။ ထမင်းစားတဲ့အခါမှာ အိမ်သာရေနဲ့ ဆေးလို့ ပြောတယ်။ အင်းမရဲစခန်းက သူတို့မှာလည်း ရေသုံးစရာ မရှိဘူး၊ ရေလည်းရှားတယ်။”
သူတို့ နှစ်ဦးစလုံးကို လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းမှု၊ တရားမ၀င် ပုံနှိပ်ထုတ်ဥပဒေတို့နဲ့ စွဲချက်တင်ထားပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာ အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်ထဲက ၂၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
http://burmese.dvb.no/archives/17040
အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများ ရေဖြတ်ခံနေရ
Published on October 27, 2011 by ရွှေအောင်
အောက်တိုဘာ ၂၆ ရက်နေ့ကစပြီး အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုများလာနေပြီး ထောင်အာဏာပိုင်တွေက ဆန္ဒပြသူတွေရဲ့ အဆောင်တွေကို ရေဖြတ်ထားတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လျှော့ရက်ပိတ်ထားလို့ မကျေနပ်တဲ့အကြောင်း အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက စပြီးဆန္ဒပြခဲ့တာဖြစ်ပြီး ဒီနေ့ ဆန္ဒပြတဲ့သူ ပိုများလာတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောပါတယ်။
“ဒီနေ့နေ့လယ် ၁၂ နာရီခွဲလောက်က ထောင်မှာသွားတွေ့လာတဲ့ အကျဉ်းသား တဦးစီကနေ ရရှိတဲ့သတင်းအချက်အလက်အရတော့ နိုင်ငံရေးအကျဉ်းသားတွေက မနေ့နေ့ခင်း ၁၂ နာရီထိုးကနေစပြီး အစာငတ်ခံ ဆန္ဒပြမှုကို စတင်နေတယ်။ မနေ့က ထုတ်ပြန်ကြေညာတဲ့ ကြေညာချက်ပါအတိုင်းပဲ အစာငတ်ခံဆန္ဒပြမှုကို စတင်နေတယ်။ ဒီနေ့ ၂၇ ရက်နေ့ အခြေအနေက ပထမဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေအတွက်ကို ကျော်လွန်သွားပြီးတော့ တခြားအဆောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကပါ ပူးပေါင်းပြီးတော့ ဆန္ဒစတင်ပြနေတယ်လို့ ကြားပါတယ်။”
ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်အတိုင်းအတာထိ တိုးလာတယ်ဆိုတာ ခန့်မှန်းလို့ မရသေးဘူးလို့ ဆိုပါတယ်။
“ဒီနေ့ထောင်ကထွက်လာတဲ့ အကျဉ်းသားဆီက ကြားသိရတာတော့ အရေအတွက်ကို ခန့်မှန်းလို့မရပါဘူးတဲ့။ ဘာလို့လဲဆိုတော့ မနေ့ကစတင်ပြီးတော့ ဖြစ်တော့ တဖက်နဲ့တဖက် ဆက်သွယ်လို့မရဘဲ ဖြတ်တောက်မှုတွေ စတင် လုပ်လိုက်ပြီဖြစ်တဲ့အတွက် အရေအတွက် ကောက်လို့မရဘူး။ သို့သော်လည်း ထောင်တွင်း အခြေအနေကတော့ လုံးလုံးကို သတင်းပို့ပြီးတော့ တခြားအဆောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ ပါဝင်နေတယ် ဆိုတာတော့ သိရတယ်တဲ့။ ပထမရက်မှာ စတင်ဆန္ဒပြတဲ့ ပုဂ္ဂိုလ်များကိုတော့ ကိုညီညီထွန်း၊ ကိုဉာဏ်ထွန်းလင်းတို့ရှိတဲ့ တိုက်မှာ ရေမပေးတော့ဘူး၊ ရေဖြတ်ချလိုက်ပြီလို့ ပြောပါတယ်။”
အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုဟာ တရားနည်းလမ်းကျတာမို့ ထောက်ခံတဲ့အကြောင်း ပြည်သူအများရဲ့ လက်မှတ်တွေ စုဆောင်းထုတ်ပြန်မယ်လို့လည်း ပြောပါတယ်။
ထောင်ဒဏ် ၂၂ နှစ်ကျနေပြီး ဆန္ဒပြတဲ့ထဲပါတဲ့ ကိုဉာဏ်ထွန်းလင်းရဲ့ ဖခင်ဖြစ်သူက သားဖြစ်သူကျန်းမာရေးကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။
“စိတ်တော့မကောင်းဘူး။ သူက အစာအိမ်ရောဂါ ရှိတာ။ အစာအိမ် အပြင်မှာ အမြဲတမ်းပြနေရတာ။ အစာအိမ်ဆေးလည်း အမြဲတမ်းသောက်နေရတယ်။ ကျီးပေါင်းလည်းရှိတယ်။ လည်ပင်းမှာ ကော်လံတပ်ထားရတယ်။ ပိုဆိုးသွားမှာဆိုးလို့။”
အင်းစိန်ထောင်ထဲ ထောင်ဒဏ် ၂၂ နှစ်ကျနေတဲ့ ကိုဉာဏ်ထွန်းလင်းရဲ့ ဖခင်ဖြစ်သူ ပြောပြခဲ့တာပါ။
ဒီသတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေနဲ့ ဆက်သွယ်လို့ မရပါဘူး။
http://burmese.dvb.no/archives/17049
အရပ်သားတဦးကို ရဲတပ်သားများ ထိုးကြိတ်မှု ကော်မရှင်ထံ တိုင်ကြား
Published on October 27, 2011 by နေသွင်
ရဲတပ်ဖွဲ့ဝင်တွေက အရပ်သားတဦးကို ရဲစခန်းဝင်းထဲမှာ အုပ်စုလိုက် ထိုးကြိတ်ခဲ့တဲ့ကိစ္စကို ကာယကံရှင်က အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို စာပို့ တိုင်ကြားထားပါတယ်။
ဩဂုတ်လဆန်းပိုင်းမှာ ပဲခူးတိုင်းပြည်မြို့အမှတ် ၁ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက အရပ်သားဖြစ်တဲ့ ကိုအောင်မင်းစိုးကို သွေးထွက်သံယိုဖြစ်တဲ့အထိ အုပ်စုလိုက် ဝိုင်းဝန်း ထိုးကြိတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့က သူ့ရဲ့ အစ်ကိုတို့ ဇနီးမောင်နှံ စကားများပြီး ရဲစခန်းမှာ အမှုဖွင့်နေတာကို အမှုမဖွင့်ဖြစ်အောင် ကိုအောင်မင်းစိုးက သွားရောက် ဖျောင်းဖျခဲ့ပြီးနောက် ရဲစခန်းက ပြန်အထွက်မှာ ရဲတွေက သူ့ကို ဝိုင်းထိုးခဲ့ကြတာလို့ ပြောပါတယ်။
ကိုအောင်မင်းစိုးက “သူတို့လည်း မူးနေကြတာပဲ။ ကျနော့်ကို ဝိုင်းထိုးတာ ၁၀ ယောက်၊ ၁၅ ယောက်လောက်ရှိတယ်။ စခန်းရှေ့က ဝိုင်းထိုးတာ အချုပ်ခန်းဝ ရောက်သွားတယ်။ ရောက်သွားပြီးတော့ လက်ထိတ်ကို နောက်ပြန်ခတ်ပြီး ဝိုင်းထိုးကြတာ။ ရဲကင်းသမားတွေကော အကုန်လုံး။ မျက်နှာတွေကော၊ နံရိုးတွေကော၊ ရင်ဘတ်တွေ၊ ကျောတွေကို ဖိနပ်တွေနဲ့လည်း ကန်တယ်။ ဆေးလိပ်မီးနဲ့လည်း ခါးကိုထိုးတယ်။ လူမိုက်လာလုပ်တာလားဆိုပြီး မေးတယ်။ ထောင် ၁၀ နှစ်လောက် ကျသွားမယ်ဆိုပြီး ပြောတယ်။ မင်းအချုပ်ထဲမှာ သေသွားလည်း ငါတို့ဘာမှမဖြစ်ဘူးလို့ ပြောတယ်။ ဒဏ်ရာဒဏ်ချက်တွေကို ကုပေးဖို့ပြောတော့ ကုစရာ မလိုဘူးလို့ ပြောတယ်” လို့ ဆိုပါတယ်။
ဒဏ်ရာ အခြေနေအနေနဲ့ ပတ်သက်လို့လည်း ကိုအောင်မင်းစိုးက အခုလိုပြောပါတယ်။
“မျက်နှာတွေရယ်၊ ကျောနဲ့ရင်ဘတ်နဲ့ အောင့်နေတဲ့နေရာတွေရယ်၊ ပွန်းပဲ့နေတဲ့ဟာတွေရယ်။”
မျက်မြင်သက်သေတဦးကလည်း ရဲစခန်းအပြင်ဘက်ကနေ မြင်ခဲ့ရပုံကို အခုလို ပြောပါတယ်။
“အောင်မင်းစိုးက ဒူးထောက်လျက်ကြီး၊ အဲဒါကို ရဲ ၁၄- ၁၅ ယောက်လောက် ဝိုင်းပြီး လက်သီးတွေနဲ့ထိုး၊ အော်ကြဟစ်ကြနဲ့ အောင်မင်းစိုး အသံတော့ မကြားဘူး။ သူ့ကြည့်တော့ လူအုပ်ကြားထဲမှာ ရဲတွေက ဝိုင်းထိုးနေကြတာ။”
အဲဒီညနေမှာပဲ ရဲစခန်းအချုပ်ထဲမှာ ကိုအောင်မင်းစိုးကို သွားတွေ့ခဲ့တဲ့ ဦးမောင်ကြီးကလည်း ရဲတွေ အရက်မူးနေတယ်လို့ ပြောပါတယ်။
“ရဲကိုရိုက်လားလို့ ကျနော်ကမေးတော့ သူဘာမှမလုပ်ဘူးတဲ့။ ကျနော့်ကိုသာ ဝိုင်းပြီးလုပ်ကြတာတဲ့။ ရဲတွေက အောင်မင်းစိုးရိုက်လို့ အင်္ကျီလေးကို ပုံထားပြီး မဟုတ်တဲ့ အင်္ကျီလေးတထည်ကိုပြတယ်။ အောင်မင်းစိုး ရိုက်လို့ အင်္ကျီကြယ်သီး ပြုတ်သွားတယ်ပေါ့။ နောက်တခါ အရပ်သားထဲက ငြိမ်းချမ်းဆိုတဲ့ ရဲက ပြုတ်သွားတဲ့သူကလည်း ကျနော့်ကို အောင်မင်းစိုးက ရိုက်လို့ မေးတချက် နာသွားတယ်တဲ့။ အဲလိုမျိုး မဟုတ်တာတွေ ပြောတာပေါ့။ ရဲတွေအားလုံး မူးနေတာပါ။ ရုံးခန်းထဲမှာ အရက်သောက်နေတာ အရက်ပုလင်းခွံတွေလည်း တွေ့တယ်။ ပုလင်းထောင်ပြီး သောက်နေကြတာပေါ့။”
နောက်တနေ့မှာ ကိုအောင်မင်းစိုးကို (ပြည်) ထောင်ကြီးချုပ်မှာ ချုပ်ထားပြီး ၁၈ ရက် အကြာမှာ ငွေ ၃ သိန်းအာမခံနဲ့ ပြတ်လွှတ်ပေးလိုက်ပါတယ်။
အခုတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကိုအောင်မင်းစိုး ဘက်ကတော့ ရဲတွေကို မတရားရိုက်နှက်မှု၊ မတရားချုပ်နှောင်ခံရတဲ့အမှုနဲ့ တရားစွဲထားပြီး ရဲတွေဘက်က ဝတ္တရားနှောင့်ယှက်မှုနဲ့ ပြန်လှန်တရားစွဲထားပါတယ်။
အမှုကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြည်မြို့နယ်တွဲဖက်တရားရုံးမှာ စစ်ဆေးမှာ ဖြစ်ပြီး၊ မျက်မြင်သက်သေတွေကလည်း ရဲတွေက ကိုအောင်မင်းစိုးကို ဝိုင်းထိုးခဲ့တဲ့ အကြောင်းကို တရားရုံးမှာ သက်သေလိုက်ပေးသွားမယ်လို့ ပြောပါတယ်။
http://burmese.dvb.no/archives/17065
မပေးနိုင်ဘူးဗျာ… ဘယ်နှယ်… အနုကြမ်းစီးခံနေရသလိုပဲ…
ရွှေအိုးပေးမှ ပညာရ
Posted by admin on October 27, 2011
ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ကြေငြာချက် အမှတ် ၇/၂၀၀၈ အား ၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ရက်၊၂၀၀၈ခုနှစ်၊မေလ၂၉ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင် ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆန္ဒမဲပေးပေးခွင့်ရှိသူ (၉၈.၁၂) ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး ယင်းသို့ ဆန္ဒမဲပေးသူ များအနက် (၉၂.၄၈) ရာခိုင်နှုန်းက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ထောက် ခံကြောင်းဆန္ဒမဲပေးခြင်းဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်းကြေငြာခဲ့ပါသည်။
၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်မူ ပထမအကြိမ်လွှတ်တော်ခေါ်ယူခြင်းမှ အစပြု၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စတင် အသက်ဝင်လာခဲ့ပါသည်။ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့် ၀ိရောဓိဖြစ်ဖွယ် အခြေအနေများကို မြင်တွေ့ကြားသိနေရပါသဖြင့် စာဖတ်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သိမြင် စဉ်းစားအ ဖြေရှာနိုင်ရန် လေးစားစွာ ရေးသား တင်ပြ အပ်ပါသည်။
နိုင်ငံတော်၏ အခြေခံမူများတွင် နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အ ခန်း(၁) နိုင်ငံတော်အခြေခံမူများတွင် ဥပဒေပုဒ်မ၂၈ ပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာ ရေးစနစ်ဖော်ဆောင်မည် ဟုဆိုခဲ့သလို အစိုးရမှ ယခု စာသင်နှစ်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာမူလတန်း ကျောင်း များ၌ အခမဲ့ ကျောင်းအပ်နိုင်ကြောင်း ကြေငြာထားသော ဆိုင်းဘုတ်များအား အခြေခံပညာမူလတန်း ကျောင်းများအား လုံးလိုလိုတွင် တွေ့မြင်ခဲ့ကြရပါသည်။ ထိုသို့ စိတ်ချမ်းမြေ့ဖွယ်ရာ ပညာသင်ကြားမှု အခြေအနေပြောင်းလဲလာမှုအား ၀မ်းသာ မဆုံးခင်ပင် အချို့သော ကျောင်းများမှ ကျောင်းအပ်ခမယူသော်လည်း ဘိလပ်မြေ ဘယ်နှစ်အိတ် အလှူခံ ကြောင်း ဘိလပ်မြေအိတ်ဖိုး ဘယ်၍ဘယ်မျှကျကြောင်း နောက်ဆက်တွဲ သတင်းတွေ ကြားရပြန်တော့ ဥပဒေကိုမသိ တာလား၊ ဥပဒေအသိ မရှိတာလားလို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။

မိဘများသိစေရန်
သတင်းစာဖိုး
Report-card
စာမေးပွဲဖြေသောစာအုပ်
မေးခွန်း
သန့်ရှင်းရေး များအတွက်ပိုက်ဆံ ၁၀၀၀၀/ိ တသောင်းကျပ်တိတိ ယူလာပါရန် အသိပေးအပ်ပါသည်။
အထက်ဖော်ပြပါပုံမှာ 25.5.2011 (တနင်္လာနေ့) တွင် အ.မ.က (၁) ဗဟန်း အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမ ကြီး ဒေါ်လှဝင်းယဉ်၏ ညွှန်ကြားချက်ဖြင့် အခြေခံပညာမူလတန်း အ.မ.က(၁) ဗဟန်းမှ ဒုတိယတန်းစာသင်ခန်းများတွင် ဆရာ/ဆရာမများက စာသင်ဘုတ်ပေါ်တွင် ရေးသားပေးသည်ကို ကျောင်းသူ/ ကျောင်းသားများမှ မိဘများအားပြန် လည်ပြသရန် ကူးယူရေးသားလာခြင်း ဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့် ပက်သက်၍ အ.မ.က(၁) ဗဟန်းကျောင်းမှ ဒုတိယတန်း ကျောင်းသူ/ကျောင်းသားများ၏ မိဘအချို့မှာ အလွန်ပင် အကျပ်ရိုက်နေကြရပါသည်။
“ကျနော်က ဒီကျောင်းမှာ ကျောင်းသားသုံးယောက်ရှိတာ၊ စီးပွားရေးကလဲ သိပ်မကောင်းဆိုတော့ ဘယ်လိုလုပ်ရမှန်း မသိပါဘူးဗျာ…” ဆိုတဲ့ ကျောင်းသားဖခင် တဦးရဲ့ စကားသံမှမဆုံးသေးခင်မှာ၊ ကျောင်းသူတစ်ဦးရဲ့ မိခင်နဲ့ ဖခင်ကတော့ “မပေးနိုင်ဘူးဗျာ… ဘယ်… အနုကြမ်းစီးခံနေရသလိုပဲ… အခမဲ့ပညာရေးလဲဆိုသေး ကျောင်းအပ်တုန်းကလဲ စေတနာရှိ သလောက်လှူပါဆိုပြီး ၅၀၀၀ ထက်နည်းရင် မျက်နှာတွေကပျက်နေလို့ ၅၀၀၀ ကျပ် ထည့်ခဲ့ရတယ်။ တက်နိုင်တဲ့သူတွေ က တော့ငွေ (၄/၅) သောင်းကနေ သိန်းကဏန်းထိ ထည့်သွားကြတာပေါ့ဗျာ။ ရှင့်ကို မပြောဖြစ်တာ။ ၄.၇.၂၀၁၁ တုန်း ကလဲ ဗလာစာအုပ်နဲ့ ခဲတံဖိုးဆို ၃၀၀၀ ကျပ် တောင်းလို့ ပေးလိုက်ရ သေးတယ်။ နောက်တခါလဲ ပေးရသေး တယ်ဗျ။ ဘာဖိုးလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။
အခုတခါ ငွေတသောင်းတဲ့ဗျာ။ ဒုတိယတန်းကျောင်းသူ/ကျောင်းသားတွေ ချည်းပဲ ကောက်တယ် ထား။ ဒါလဲ ကျန် ကျောင်းသားတွေ လွတ်မယ်မထင်နဲ့နော်။ အခု လောလောဆယ် ပြောတာ။ နှစ်တန်းကျောင်းသူ/ကျောင်းသား အခန်း ချည်းကို (၅) ခန်း ရှိတယ်။ တခန်းကို ကျောင်းသူ/ကျောင်းသား ၆၀ အနည်းဆုံးရှိတယ်။ (၅) ခန်းဆိုတော့ ကျောင်းသား (၃၀၀) ပဲထား တယောက် တသောင်းဆိုတော့ အယောက် (၃၀၀) ငွေသိန်း (၃၀) ဆယ် ဘယ်နေရာမှာ ဒီလောက်ကုန် မှာမို့လဲ။ စာလေး ရေးပေးလိုက်တာ ဆရာမတွေအတွက်တော့ ဘယ်ခက်မလဲ ဆော့ပင်လေးကိုင် ၀ှိုက်ဘုတ်ပေါ်မှာ ရေး၊ ဒါပဲလေ… အဲ……အဲဒီငွေတော့ရဖို့ကတော့ ဒီမောင်တွေ ဒီမိတွေကတော့ ကုန်းတော့ ရုံးတော့ပဲဗျာ မကျေနပ်ဘူးဗျာ ကျုပ်အဖေကတော့ ပေးကိုမပေးနဲ့ ပြောတာဗျ။”
အသံတွေနဲ့ ဝေးရာထွက်သွားဖို့ ဆုံးဖြတ်ပြီးထွက်လာစဉ်မှာပဲ နားထဲကိုနှုတ်ဆက် ကြားလိုက်ရတဲ့ မိဘတဦးရဲ့ စကားသံကတော့…
“အင်း…ဖေကြီးရေ တော်မှာလဲရှာလိုက်ရတာ ကျုပ်လဲထိန်းသိမ်းတာပါပဲတော် ကလေးပညာရေးဆိုတော့လဲ အမေ့ဆေး ဖိုးထဲကပဲ လောလောဆယ် ထည့်သုံးရတော့မှာ ပါပဲရှင ပညာရွေအိုး လူမခိုးဆိုတဲ့ ဆိုရိုးသာ ကြားဖူးခဲ့တာ အခုသမီးတို့ ခေတ်ရောက်မှပဲ ရွှေအိုးပေးမှ ပညာရလို့တောင် ပြောင်းရမလိုဖြစ်နေပါပြီတော်…”
ရယ်လိုက်ရမှလား ငိုရတော့မှာလား မသိအောင် မိဘတွေရဲ့ ညည်းတွားသံတွေကြား အပြုံးစတစ်ခုနဲ့ ဆက်တွေးမိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများတွင် ဥပဒေပုဒ်မ ၂၈ အရ နိုင်ငံတော်သည်-
(ဂ) အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်မည်ဆိုတာ ကျောင်းအပ်ခကိုပဲ အခမဲ့ ဖြစ်စေမှာလား ကျောင်းသင်ယူထောက်ကူပစ္စည်းတွေနဲ့ သတင်းစာဖိုးဆိုတာတွေ၊ Report card ဖိုးတွေ၊ စာမေးပွဲဖြေသော စာအုပ်ဖိုး တွေ၊ မေးခွန်းဖိုးတွေ၊ သန့်ရှင်းရေးဖိုးဆိုတာတွေ ရောမပါဘူးလား။
ပညာရေးဖြင့် ခောတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်မဲ့ နိုင်ငံတော်သစ်မှာ ဆရာ မိဘတွေ အပြန်အလှန် နားလည်ချစ်ခင် ယုံကြည်မှုတွေရှိဖို့ ခုချိန်ခါမှာမှ မကြိုးစားနိုင်ဘူးဆိုရင်တော့ဖြင့် ပညာရွှေအိုး လူမခိုးဆိုတဲ့ ဆိုရိုးကို ရွှေအိုးပေးမှ ပညာရ လို့သာ ပြောင်းရတော့မလို ဖြစ်နေပါကြောင်းရေးသား တင်ပြအပ်ပါသည်။
သတင်းစာဖိုးအဖြစ်သတ်မှတ်ပေးထားသောစာရွက်(စုစုပေါင်းလေးရွက်)
ဝလုံး
http://www.naytthit.net/?p=21288
ရွှေဝါရောင် ဦးကောဝိဒ အနီးကပ် စောင့်ကြည့် ခံနေရ
News Date:10/27/2011
အောက်တိုဘာလ ၁၂ ရက်နေ့က သရက်ထောင်မှ လွှတ်လာသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် သံယနာယက ဥက္ကဌဟောင်း ဆရာတော် ကောဝိဒအား အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေကြောင်း သတင်း ရရှိသည်။
"သူတို့ စောင့်ကြည့်နေတာက သေချာနေပါတယ်။ မနေ့က ဆိုလို့ ရှိရင် ရဲ SB က ကျောင်းထဲကို ရောက်လာတယ်။ ဆရာတော်နဲ့တော့ မတွေ့လိုက်ရဘူး။ တခြား ဦးဇင်းတွေနဲ့ တွေ့သွားတယ်။ ဟိုတစ်နေ့ကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရောက်လာတယ်။ ထောက်လှမ်းရေးတွေလည်း ပါတယ်လို့ သိရတယ်" ဟု ဆရာတော် ဦးကောဝိဒက နိရဉ္စရာသို့ ပြောသည်။
ယခုကဲ့သို့ စောင့်ကြည့်နေသော အကြောင်းအရင်းကိုလည်း ဆရာတော်က ယခုလို ပြောသည်။
" အခု ဆရာတော်က သင်္ကန်းပြန်ဝတ်ပြီး ကျောင်းတိုက်ထဲမှာ နေနေတယ်။ ဒါကို သူတို့က သင်္ကန်း ပြန်ဝတ်တာကို စည်းကမ်းနဲ့ အညီ ဖြစ်စေလိုတယ်လို့ သိရတယ်။ ဆရာတော်က သင်္ကန်း အတင်းချွတ်ခံရတဲ့ အတွက် သင်္ကန်းကို ပြန်ဝတ်တာဟာ ၀ိနည်းတော်နဲ့ ညီတယ်။ ဒါကိုလည်း ဘုန်းကြီးတိုင်း သိပါတယ်" ဟု ဆရာတော်က ဆိုသည်။
ဆရာတော်အား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က ဆရာတော် သီတင်းသုံးရာ ဒဂုံမြို့သစ် အရှေ့ပိုင်း တက္ကသီလာ မဟာ ပဓိပဌာန်ကျောင်းတိုက်မှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ၀င်များက ကျောင်းကို ၀ိုင်းပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာရုံးသို့ အရောက်တွင် သင်္ကန်းကို အတင်းချွတ်ခိုင်းခဲ့ကြောင်း ဆရာတော်က ပြောသည်။
" ဘုန်းဘုန်းတို့က ဘာမှ အပြစ် မရှိတဲ့ အတွက် သင်္ကန်း မချွတ်နိုင်ဘူးလို့ ပြောတဲ့ အခါ သူတို့က မင်းရဲ့ အမိန့်ဆိုပြီး အတင်းချွတ်ခိုင်းတယ်။ ဆရာတော်ကလည်း ကျောင်းတိုက်မှာ ဖမ်းဆီးခံရစဉ်ကတည်းက မျက်နာကို လက်သီးနဲ့ အထိုးခံထားရတဲ့ အတွက် ငြင်းဆန်နေရင်လည်း ဘာမှ ထူးမှာ မဟုတ်တဲ့ အတွက် သင်္ကန်းချွတ်ပေးလိုက်တယ်။ ဒါကြောင့် သင်္ကန်း အတင်းချွတ်ခိုင်းလို့သာ ချွတ်ရတာ ဖြစ်တယ်။ ဒါကြောင့် ဆရာတော်ဟာ ထောင်ထဲမှာ နေခဲ့ရပေမယ့် ဘုန်းကြီး ဘ၀နဲ့ ရှိနေတုန်းဘဲ ဖြစ်ပါတယ်။"
ဆရာတော်မှာ ထောင်ကလွှတ်လာပြီးနောက်ပိုင်း ယခုအခါ ဆီးချိုရောဂါကို ခံစားနေရသဖြင့် ဆေးရုံသို့ သွားပြနေရသည့်အထဲ ယခုကဲ့သို့ အာဏာပိုင်များက ကျောင်းတိုက်ထဲ ၀င်ရောက်ပြီး စောင့်ကြည့်နေသဖြင့် စိတ်စနိုး စနှောင့် ဖြစ်နေကြောင်း သိရသည်။
ဆရာတော် ဦးကောဝိဒအား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကာ ၂၀၀၈ ခုနှစ် (၁၀) လပိုင်း ရောက်မှ အင်းစိန်ထောင် တရားရုံးက ထောင်ဒဏ် ၄ နှစ် ၃ လ ချမှတ်ခံခဲ့ရကြောင်းသိရသည်။
" ဘုန်းဘုန်းတို့ကို ဒီအတိုင်းဘဲ အင်းစိန်ထောင် ထောင်ဗူးဝ ခုံရုံးက ထောင်ဒဏ်ချမှတ်လိုက်တာ ပါဘဲ။ ရှေ့နေတွေ ဌားရမ်းခွင့်လည်း မပေးခဲ့ဘူး။ ဆွေမျိုးတွေလည်း တက်ရောက် နားထောင်ခွင့် မပေးခဲ့ဘူး။ ထောင်ချတော့လည်း အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ တနှစ်အတွက် လျော့တွက်လည်း မရခဲ့ပါဘူး" ဟု ပြောသည်။
ထောင် ၄ နှစ်နှင့် သုံးလ ချမှတ်ခံခဲ့ရပြီး ၄ နှစ်နှင့် တစ်လ အရောက်တွင် ဆရာတော်မှာ သရက်ထောင်မှ လွှတ်ငြိမ်းချမ်းသာခွင့်ကို အကြောင်းပြုပြီး ပြန်လည် လွှတ်မြောက်လာခြင်း ဖြစ်သည်။ဆရာတော် ဦးကောဝိဒမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဇာတိ ဖြစ်သည်။
http://www.narinjara.com/detailsbur.asp?id=3564
လူငယ်များ ၀တ်ထားသော ရွှေဂတ် ဆန့်ကျင်ရေး တီရှပ်များ ရဲက သိမ်းဆည်း
Date:10/27/2011
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် လူငယ်များ ၀တ်ထားသော ရခိုင်က ရွှေသဘာဝ ဓါတ်ငွေ့ ရပ်တန့်ရေး စာတန်းပါ တီရှပ် အကျီင်္များကို ရဲက အတင်ချွတ်ခိုင်းပြီးနောက် သိမ်းယူသွားကြောင်း သတင်း ရရှိသည်။
" ရွှေဂတ်စ် ရပ်တန့်ပါလို့ စာတန်းတွေ ရေးထိုးထားတဲ့ အကျီင်္တွေ ၀တ်ထားတဲ့ လူငယ်တွေကို ရဲက အတင်း အင်္ကျီတွေ ချွတ်ခိုင်းပါတယ်။ ကျွန်တော်တို့ လူငယ် တစ်စုက အကျီင်္တွေကို ၀တ်ဆင်ပြီး လူပ်ရှားမူ စတင်ခဲ့တာ ဖြစ်ပါတယ်။ ရဲက သတင်းရသွားပြီး အကျီတွေကို ချွတ်ခိုင်းပြီး သိမ်းဆည်းသွားပါတယ်" ဟု ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။
နယ်ထိန်း အဖွဲ့မှ ဒုရဲအုပ် ထွန်းသာနှင့် တပ်ကြပ် လှရွှေတို့မှ လူငယ်များ ၀တ်ထားသော အကျီ င်္များကို အတင်းချွတ်ခိုင်းကာ သိမ်းယူသွားခြင်း ဖြစ်ကြောင်း တခြား မျက်မြင် မြို့ခံ တစ်ဦးကလည်း ပြောသည်။
" လူငယ်တွေဆီက ၀တ်ထားတဲ့ ရွှေဂတ်ဆန့်ကျင်ရေး အကျီ င်္တွေကို သိမ်းယူသွားတာက နယ်ထိန်း အဖွဲ့က ဒုရဲအုပ် ထွန်းသာနှင့် တပ်ကြပ် လှရွှေတို့ ဖြစ်ပါတယ်။ လူငယ်တွေကိုလည်း ခြိမ်းခြောက် ကြိမ်းမောင်း သွားပါတယ်" ဟု ပြောသည်။
၎င်းပြင် ရဲအဖွဲ့က အကျီ င်္ဝတ်ပြီး လူပ်ရှားမူ ပြုလုပ်ခဲ့သော လူငယ်များ စာရင်းတွေကိုလည်း ယူဆောင် သွားခဲ့သည်။
" ကျွန်တော်တို့က နာမည်တွေ မေးတယ်။ စာရင်းတွေ လိုက်မှတ်တယ်။ လူငယ် တစ်ဆယ်ကျော် နာမည်ကို ယူသွားပါတယ်။ ပီးရင် ဒီရက်တွေ အတွင်းမှာ ဘယ်ကိုမှ မသွားရဘူးလို့ ပြောပါတယ်။ မြို့နယ်မှူးဆီက ခွင့်ပြုချက် မယူဘဲ ဘယ်ကိုမှ မသွားရဘူးလို့ ပြောပါတယ်။ လိုအပ်ရင် စစ်ဆေးဖို့ ပြောပါတယ်" ဟု ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ လူငယ်က ဆက်ပြောသည်။
လူငယ်များ ၀တ်ဆင်ထားသော တီရှပ် ရှေ့ဘက်တွင် "ရွှေဂတ်စ် ရပ်တန့်ပါ" ဟု စာတန်းပါရှိပြီး နောက်ကျောဘက်တွင် စာလုံးအစိမ်းရောင်ဖြင့် အမျိုးသာ သဘာဝ သယံဇာ၊ အမျိုးသား အတွက် သုံးပါဟု ပါရှိကြောင်း သူက ဆက်ပြောသည်။
၎င်းပြင် တရုတ်ပြည်သူလူထု သာယာဝပြိုးရေး အတွက် ရခိုင်ပြည် သူလူထုအနေနဲ့ သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးကို ခံသင့်ပါသလား၊ မတော်လောဘကို လျော့ခြင်းဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုးများကို ကာကွယ်ပါဆိုပြီး ရေးသားထားသော စာရွက်များကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။
"လူပ်ရှားရတဲ့ ရည်ရွယ်ချက်ကတော့ တီရှပ် အကျီ င်္တွေမှာ ရေးသားထားတဲ့ အတိုင်း ဖြစ်ပါတယ်။ ဒီရွှေဂတ်စ် ဟာ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ အတွက် ကောင်းကျိုး မရှိဘဲ ဆိုးကျိုးတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။ အခုအခါမှာ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို ရခိုင်ပြည်သူတွေ စတင်ခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူပ်ရှားမူကို ကျွန်တော်တို့ လုပ်တာ ဖြစ်ပါတယ်။ ဘယ်လောက်ဘဲ တားတား နယ်တွေမှာလည်း ဆက်လက် လူပ်ရှားသွားဖို့ စီစဉ်ထားပါတယ်" ဟု သူက ပြောသည်။
အခု လူပ်ရှားမူကို ရသေ့တောင်မြို့မှ လူငယ် (၁၀) ကျော်ခန့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်တွေနှင့် ကျောက်ဖြူတို့တွင် လည်း ပြုလုပ်ရန့်  အစီအစဉ် ရှိကြောင်း သိရသည်။
http://www.narinjara.com/burmese.asp
ရိုဟင်ဂျာ ပြဿနာ ကို ဘီဘီစီ က တစ်ပတ် အတွင်း မဖြေရှင်းပါက စာရေးဆရာ ၊ ဒါရိုက်တာ ချိုတူးဇော် က ဦးဆောင် သပိတ်မှောက် ကန့် ကွက် ပွဲ စမည်
by FNG on October 27, 2011
လန်ဒန်မြို့  ဘီဘီစီ သတင်းဌာန ၏ အင်္ဂလိပ် ပိုင်း အစီအစဉ် မှ သတင်းထောက် Anna Jones
၏ Bleak outlook for Burma’s ethnic groups အမည် ရှိ သတင်း ဆောင် ပါး နှင့် အကြောင်း
အရာ ပါ အချက် အလက် များ ဂရပ်ဖစ် ပုံ များ နှင့် ပတ်သက် သည့် အကြောင်း အရာများ ကို တစ်
ပတ် အတွင်း မဖြေရှင်း ပါက နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး လည်း ဖြစ်သည့် ဒါရိုက်တာ
နှင့် စာရေးဆရာ ချိုတူးဇော်က က ဦးဆောင် သပိတ် မှောက် ကန့် ကွက် ပွဲ လုပ် မည် ဟု
FNG မှ သတင်း ရရှိ သည်။
စာရေးဆရာ ချိုတူးဇော်သည် သူ၏ ဆန္ဒသဘောထား ကို ဘီဘီစီ မြန်မာ ပိုင်း အစီအစဉ် ဖေ့ဘွတ်
စာမျက် နှာ တွင် ရေးသား ဖော်ပြထား သည်။ ဘီဘီစီ မြန်မာ ပိုင်း ဌာန သည် ထိုသတင်း အစီအစဉ်
နှင့် ပတ်သက်ပြီး ထုတ်လုပ် ဖော်ပြ ခဲ့ခြင်း မဟုတ် သော် လည်း သူ ၏ ဖေ့ဘွတ် စာမျက် နှာတွင်
မြန်မာ နှင့် တိုင်းရင်းသား လူမျိုးများ ၏ ရင်ဖွင့် ပေါက်ကွဲ မှု များ ကို တည်းဖြတ် ခြင်း မရှိ ပဲ လက်
ခံ ထား သည်။
ရိုဟင်ဂျာ အရေး သည် မြန်မာ တစ်မျိုး သား လုံး အတွက် တရုတ် က ကချင် ပြည်နယ် တွင် မြစ်
ဆုံ ဆည် လာတည် ဆောက် သကဲ့ သို့  ပင် အရေးကြီး ကြောင်း ၊ အဖွဲ့ အစည်း အချို ၊ လူပုဂ္ဂိုလ်
တစ်ချို့ ၊ နိုင်ငံ အချို့  ၏ လုပ်ရပ် များ ကြောင့် လက်ရှိ မြန်မာအစိုး ရတွင် အမျိုး သား ရေး အစွန်း
ရောက် များ ပေါ်လာ ပြီး စစ်အာဏာရှင် စနစ် ဆီ သို့  နောက် ပြန် သွား မှု ဖြစ် နိုင် ကြောင်း ကို
လည်း Freedom News Group တည်ထောင် သူ နှင့် Cichlid Productions မှ ကို ငြိမ်းချမ်း
ငြိမ်း က သူ ၏ သဘောထား အမြင် ကို အဆိုပါ စာမျက် နှာ တွင် ပင် ရေးသား ဖော်ပြ ထား သည်။

http://freedomnewsgroup.com/2011/10/27/boycott-bbc-2/
ရခိုင်လူမျိုး များ ဗြိတိသျှ သံရုံးရှေ့ ဆန္ဒပြ ရန် လှုံဆော်
by FNG on October 26, 2011
လန်ဒန် မြို့  ဗြိတိသျှ အသံလွှင့် ဌာန (BBC) မှာ သတင်း ထောက် တစ်ဦး ဖြစ် သူ Anna Jones
သတင်း နှင့် ပတ်သက် ပြီး ရန်ကုန် မြို့ ရှိ ရခိုင် လူမျိုးများ က မကျေမနပ် ဖြစ်ကာ ဘီဘီစီ သတင်း
ဌာန ကို သပိတ်မှောက် သော အား ဖြင့် ရန် ကုန် မြို့  ကမ်းနား လမ်း ရှိ ဗြိတိသျှ သံရုံး ရှေ့ တွင်
ဆန္ဒ ပြရန် စီစဉ် ထား သည် ဟု FNG မှ သတင်း ရရှိ သည်။
အဆို ပါ သတင်း ဖော် ပြချက် နှင့် ပတ်သက် ပြီး ရခိုင် လူမျိုး များ သာ မ က မြန်မာ နှင့် အခြား
တိုင်းရင်း သားများ ပါ မကျေ မနပ် ဖြစ် ဖွယ် ရှိကြောင်း ရန်ကုန် မြို့ မှ အပတ် စဉ် ထုတ် သတင်း
ဂျာနယ် အယ်ဒီတာ တစ်ဦး က သုံးသပ် ပြောသည်။
အဆိုပါ သတင်း တွင် ဖော်ပြထား သည့် မြန်မာ နိုင်ငံ မြေပုံ ဉ် ရခိုင် ပြည် နယ် မြေပုံ ကို ရိုဟင်
ဂျာ ပိုင် နယ် ( Rohinja Territory) ဟု ဖော်ပြထား ရှိ သည်။
ရခိုင် နှင့် မြန်မာ လူမျိုး များ မကျေမနပ် ဖြစ်နေသည့် လန်ဒန် ဘီဘီစီ သတင်းဌာန မှ ထုတ်လွှင့်ချက်
သူ တို့  တွေ က ခု လို Facebook မှာ သောသောညံ ကန့် ကွက် ကြတယ်။
BBC မီဒီယာရဲ့  အမှားတွေတင်ပြတာကို ထုတ်ဖော်ပါ။ ကန့်ကွက်ပါ။
by သီရိ ဧရာဝတီ on Wednesday, October 26, 2011 at 12:20am
ဘီဘီစီ (BBC) နှင့် သတင်းထောက် Anna Jones တို့ဟာ တာဝန်မဲ့စွာ မြန်မာနိုင်ငံရဲ့ လူမျိုးစာရင်းကို
တလွဲပြုစုခဲ့ပါတယ်… ဒါတွေဟာ သမိုင်းကျောင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတဲ့အတွက် လုံးဝကို
ကန့်ကွက်ပါတယ်…… အားလုံးသော အမျိုးချစ်သူများလည်း http://www.facebook.com/bbcburmese မှာ
သွားရောက် ကန့်ကွက်ပေးကြပါလို့ တောင်းဆိုလိုပါတယ်….Anna Jones ရဲ့ မူရင်းဆောင်းပါးကိုတော့
ဒီ http://www.bbc.co.uk/news/world-asia-pacific-11595983 မှာ ဖတ်ရှုနိုင်ပါတယ်…
ဘီဘီစီလို သိက္ခာရှိ သတင်းဌာနအနေနဲ့ ဒီလို လွဲမှားနေတဲ့ သတင်းအချက်အလက်တွေကို စီစစ်မှုမရှိပဲ
ထုတ်လွှင့်တဲ့အတွက် ဖြေရှင်းမှု တစ်ခုခု ထုတ်ပြန်သင့်ပါတယ်…..
ရခိုင်လူမျိုးတွေကိုလည်း စာနာသင့်ပါတယ်…. ဘူးသီးတောင် မောင်တောမှာ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ
ကျူးလွန်နေတဲ့ လူမသိ သူမသိ ပြစ်မှုတွေကိုလည်း ဖော်ထုတ်စေချင်ပါတယ်….
ထောက်ပံ့ငွေရဖို့ မတရားနည်းလမ်းနဲ့ ပိုက်ဆံရဖို့အတွက် Monkey Business ပြလုပ်တဲ့ Anna Jone
ကိုလည်း အပြင်းအထန် ရှုံချပါတယ်…..
ရခိုင်လူမျိုးများက ဗုဒ္စဘာသာဝင်တွေပါ။ မဟာမြတ်မုနိဘုရားကိုအဲ့ဒီကနေသယ်လာကတည်းရှင်းပါတယ်။ BBC မှာလုပ်ကိုင်သွားတဲ့ မြန်မာတွေထဲမှာလည်းရခိုင်လူမျိုးတွေပါပါတယ်။ ဒီလိုကိစ္စလေးက သေးသေးလေးဆိုတဲ့
အကြောင်းချစ်ရာပေမဲ့ အခုအနေ အထားက ခေါင်းလေးဝင်ပါရစေ၊ ကိုယ်လေးဝင်ပါရစေနဲ့ ရခိုင်ပြည်နယ်ရဲ
့အနေအထားကို ချိုးနင်းလိုက်တဲ့ အပြုအမှုပါဘဲ။
ဒါကို BBC အနေနဲ့ ကျယ်ကျယ်ပြန့် ပြန့် မကြည့်ဘဲ ၊မတွက်ဘဲ သတင်း တစ်ခုအနေနဲ့ တင်ပြတဲ့အနေအထားနဲ့ဆိုအုံး
ကျွန်တော်တို့ ကန့် ကွက်ပါတယ်။
ကြီးမားသော ပြဿနာကို ထောင်ပေးသော၊ အက်ကြောင်းပေးသော အနေအထားကို လုပ်ဆောင်သည့်
သတင်းဌာနအဖြစ်ကိုတော့ မလုပ်စေချင်ပါဘူး။
ဒီရိုဟင်ဂျာကိစ္စ ထိုင်းမှာပေါ်လာကတည်း ဒီလိုပြဿနာတွေတက်လာတော့ မယ်ဆိုတာကိုသိလို့ ဝိုင်း
တားကြတဲ့သူတွေများပါတယ်။ ဒါကို အသီးသီးသော အဖွဲ့ အစည်းပေါင်းစုံက ၀ိုင်းပြီးတော့ တံဆိပ်ကပ်ကြပါတယ်။
သတင်းဌာနတွေကိုယ်တိုင် လူအခွင့်အရေးဆိုတာကိုဇောင်းပေးပြီးတော့တင်လိုက် ကြ တာနောက်ဆုံး
နိုင်ငံတာကာအစည်းဝေးတွေ၊ အာဆီယံတွေထိကိုသောသောညံ့သွားပါတယ်။
ဘာကြောင့်နဲ့ ဘယ်လိုသောအနေအထားတွေကြောင့်လုပ်ကြတယ် ဆိုတာတော့ Lobby လုပ်သူတွေ
ဘဲသိမှာပါ ၊ နိုင်ငံရေး ထိုးနှက်ချက်အကြောင်းကြီးကို ရှိနေပါတယ်။ နောက်ဆုူံး ဦးဥာဏ်ဝင်း အာဆီယံ
မှာ ဘင်္ဂလီတွေဆိုပြီး လက်ညိုး ထိုူးမှအားလုံးက
ဘင်္ဂလီဆိုတာကိုတော့ ကျယ်ကျယ်ပြန့် ပြန့် လိုက်သုံးထွက် လာရ တဲ့ အခြေအနေပါ။
ဒီအစ်ရှုးက မသေးပါဘူး။. အခုနောက်တကြိမ်ထပ်ပြီးတကျော့ပြန်ဝင်လာပါတယ်။ အကြောင်းတွေ
ဆက်စပ်ပြီးတော့ ကြည့်ရင်တော့ သိပ်မကောင်းဘူး ဆိုတော့ ပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ်က
ရခိုင်လူမျိုးတွေရဲ့  ရင်ထဲမှာဘယ်လောက် ချိလိုက်မလည်း စဉ်းစားပါ နှစ်ပေါင်း ၆၀ ကျော် နီးပါး
ကြံကြံခံပြီးတော့ ဘာသာမတူ ဘင်္ဂလားနိုင်ငံသားတွေနဲ့ သွေးမ နှောခဲ့တဲ့လူမျိုးတွေပါ၊ ဒီအတွက်
မိမိတင်ပြသော သတင်းသည် ကိုယ်ဘက်ကိုဘယ်လောက်ထိ ကြီးမားသော ရိုက်ခိုက်မှုဖြစ်လာတာကို
တွက်ဆကြည့်စေချင်ပါသည်။
မီဒီယာတွေမှာ အမှားတွေတင်ပြတာကို ထုတ်ဖော်ပါ။ ကန့်ကွက်စာတွေ သိန်းသောင်းချီအောင် ဘီဘီစီဆီပို့ပါ။
ထိရောက်တဲ့ အထက်လူကြီးတွေဆီ (အောက်က ဌာနမှုးတွေဆီ မဟုတ်ဘူး။ သူတို့က ဘာပါဝါမှ ရှိတာ
မဟုတ်ဘူး။ ခေါင်းညိမ့်ရသူတွေဘဲဖြစ်တယ်။ ဒီတော့ ဌာနအားလုံးကို ထိန်းချုပ်သူတွေ၊ ဒါရိုက်တာတွေဆီ
၊ ဗြိတိလျှနိုင်ငံခြားရေးဌာန ဝန်ကြီးဆီ) တိုက်ရိုက် ကန့်ကွက်စာတွေ ပို့ကြပါ။
ဖေ့စ်ဘွတ်က်မှာလည်းတင်ပါ။
ကန့်ကွက်စာတွေထဲမှာ လူမျိုးဘာသာထိခိုက်တာတွေတော့ ယဉ်ကျေးစွာဖြင့် မထဲ့ထားပါနဲ့။
ဒီမြေပုံဆွဲသူ အချက်အလက်ပေးသူက နှစ်ပေါင်း ထောင်ပေါင်းများစွာက နေထိုင်ခဲ့ကြတဲ့ ရခိုင်အမျိုးသားတွေကို
မထည့်ထားတာကို အဓိကထား ကွက်ကွက်ကွင်းကွင်း ထောက်ပြပါ။ ဘီဘီစီကို ချက်ခြင်းတောင်းပန်ခိုင်းပါ။
မြေပုံသုံးတဲ့ ဆောင်းပါရှင်ကော၊ နောက်ကကြိုးဆွဲသူ တမင်တကာ အချက်အလက်မှားပေးသူ မြန်မာပြည်က
လာသူတွေဆိုတဲ့ လူတွေကိုလည်း ချက်ခြင်း အလုပ်ထုတ်ပြစ်ဖို့ ပြင်းပြင်း ထန်ထန်တောင်းဆိုကြပါ။
နောင်ကို ဒီလို လက်လွတ်စပယ်လုပ်တာမျိုး သမိုင်းမှားလုပ်တာမျိုး မလုပ်အောင် လုပ်ကြပါ။
ပြည်ထဲက ရခိုင်အမျိုးသားတွေကိုလည်း ဒီမြေပုံကို ပြပါ။ ပြည်ပက လူတချို့ ဘယ်လောက် ယုတ်မာနေကြသ
လည်းဆိုတာ သိအောင်ပါ။
ရခိုင်ပြည်မှာ မျက်မှောက်ခေတ်မှာ နေနေကြတဲ့ လူမျိုးမတူတူ ဘာသာမတူတူ အချင်းချင်း ရန်ဖြစ်
အဓိကရုန်းဖြစ်အောင်တော့ မလုပ်ကြပါနဲ့။ ကိုယ်က ယဉ်ကျေးတယ်။ နိင်ငံသားကောင်း ပီသတာကိုပြပါ။
ရခိုင်ပြည်သူ ပြည်သား တွေကို သူတိ့ရဲ့ သမိုင်းကို ဒီဆောင်းပါးရှင် အနောက်နိုင်ငံသား မိန်းမလို
လူတွေ၊ မြန်မာပြည်ကလာတဲ့ ဆိုတဲ့ မီဒီယာသမားတစ်ချို့က ဘယ်လိုဖျောက်နေတာကိုဘာ အဓိကထားပြီး
အသိပေးကြပါ။
ပြီးဒီဖြစ်ပြက်ခဲ့တာကိုလည်း မကြာမကြာ ပြန်တင်ပြပါ။ မဟုတ်တရုတ် လုပ်ခဲ့သူတွေကိုလည်း သတက်လုံး
ဘယ်သူကမျှ မမေ့အောင် ဆက်လုပ်ရမယ်။ ဒါမှ နောင်ကျဉ်သွားမယ်။
လေးစားစွာဖြင့်
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့  မှတ်ပုံတင်ဋ္ဌါနက ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက ဘီဘီစီက မေးတာကို ပြောသွားတဲ့  အသံဖိုင်ပါ
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာမရှိလို့လူဝင်မှု/ချုပ် ဦးမောင်မောင်သန်းပြော by yeyint2011
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာမရှိလို့လူဝင်မှု/ချုပ် ဦးမောင်မောင်သန်းပြော by yeyint2011
Credit to - Let’s Work , James Mmt , Than Saw …

http://freedomnewsgroup.com/2011/10/26/boycott-bbc/
ပြည်တွင်း သတင်းမီဒီယာ လွတ်လပ်လာမှု ရှိမရှိ
ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ သတင်းရေးသားမှုအပါအဝင် မီဒီယာလွတ်လပ်ခွင့် အလားအလာ ဘယ်လိုရှိနေပါသလဲ။ စစ်မှန်တဲ့ မီဒီယာလွတ်လပ်ခွင့် တကယ်ပဲ ရရှိလာနိုင်မလား စတဲ့အချက်၊ အကြောင်းအရာတွေကို စာရေးဆရာ မောင်သာမည၊ ဗွီအိုအေ မြန်မာသတင်းဌာနမှ မရေးလိုက်ရသော သတင်းများကဏ္ဍကို စီစဉ်ထုတ်လွှင့်နေသူ မသင်းသီရိ တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဆရာသာမည ခင်များ ကျနော် အချက် (၃) ချက်ကို အဓိကထားပြီး တိုင်းတာပြောလိုပါတယ်။ နံပတ်တစ် က စာပေစီစစ်ရေး။ ဆရာတို့ စာရေးဆရာတွေက စာပေကင်ပေတိုင် လို့ ခေါ်ခဲ့တဲ့အဖွဲ့။ အခုလည်းပဲ ခေါ်သေးလာတော့ ကျနော်မသိဘူး။ အဲဒီ စာပေစီစစ်ရေးမှာ ထုတ်ဝေပြီးတော့မှ စီစစ်ရေးကို တင်ပြဖို့လိုအပ်တယ်ဆိုတဲ့ အဆင့်ကို ရောက်လာပြီ။ အရင်တုန်းကတော့ မထုတ်ဝေခင် ကြိုတင်ခွင့်ပြုချက်ရယူရတယ်ဆိုတဲ့ တင်ထုတ်စနစ်ကနေ ထုတ်တင်စနစ်ကို ရောက်သွားပြီလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သုံးသပ်စေချင်ပါတယ်။ ဒုတိယအချက်ကတော့ သတင်းဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက်လွတ်လွတ်လပ်လပ် ရေးသားခွင့်ရှိလာပြီလဲ။ တချို့ ကတော့ ထောက်ပြနေတယ် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံတွေပါလာပြီ ဘာညာဆိုတာ အကြမ်းဖျဉ်းပြောရရင် အဲဒီလောက်တော့ ကြားရတယ်။ အဲဒါ ဘယ်လောက်နက်နက်ရှိုင်းရှိုင်းရှိလာပြီလဲဆိုတဲ့ အချက်။ နောက်တချက်က မြန်မာအာဏာပိုင်တွေ၊ ဝန်ကြီးတွေ ပြည်ပမီဒီယာတွေကို အင်တာဗျူးပေးတယ်။ သတင်းလွတ်လပ်ခွင့်အတွက် ပေးနေတယ်ဆိုပြီး သူတို့ကိုယ်တိုင်လည်း ပြောနေကြတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့်အတွက် တိုင်းတာစရာအချက်လားဆိုတဲ့ အဲဒီ (၃) ချက် ဖြစ်ပါတယ်။ အဲဒီတော့ စာပေစီစစ်ရေး၊ သတင်းအရေးအသား နဲ့ အာဏာပိုင်တွေ အင်တာဗျူးပေးတဲ့ဆိုတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ပထမဦးဆုံး ကျနော်တို့ စာပေစီစစ်ရေးကိစ္စကို ပြောကြပါမယ်။ ဆရာသာမည ဘယ်လိုမြင်ပါသလဲ။ အခု မြန်မာနိုင်ငံမှာ စာပေစီစစ်ရေးဟာ အရင်ထက် လွတ်လပ်လာပြီလို့ ယူဆပါသလား။
မောင်သာမည ။ ။ ဒါက ကျနော်ထင်တယ် စာပေစီစစ်ရေး ရှိနေသေးတဲ့အတွက်ကြောင့် လွတ်လပ်ခွင့်ဆိုတာတော့ မရှိသေးဘူး။ သို့သော်လည်း အရင်တုန်းကဆိုရင်တော့ စာမူအဆင့်မှာပဲ သူတို့ဆီမှာ တင်ရတယ်။ သူတို့က ပုံနှိပ်ခွင့်ပြုတယ်။ ပုံနှိပ်ပြီးရင် ကျနော်တို့က ဘာလုပ်ရသလဲဆိုရင် အဲဒါကို ထုတ်ဝေဖြန့်ချီခွင့်ဆိုတာ တင်ရတယ်။ အဲဒါရပြီးမှ စာအုပ်ဆိုင်တွေကို ဖြန့်လို့ရတယ်။ အခုတော့ ထုတ်ပြီးမှ တင်တဲ့စနစ်ဆိုတော့ မြန်လာတဲ့ပုံ ရှိတာပေါ့။ ဒါပေမဲ့ အဲဒီမှာ သူတို့က စစ်မယ်ဆိုတော့ ထုတ်ရတဲ့သူအနေနဲ့ တော်တော်ကြီး ရင်းနှီးပြီးမှ သွားတင်ရတာ။ ဒီ print အနေအထားမှာ သွားတင်ရတယ်ဆိုတော့ သူတို့ဘက်က တခုခုများ တားဆီးမလား၊ ပိတ်ပင်မလား၊ ဖြတ်တောက်ခိုင်းမလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိတယ်။ သူတို့ကိုပဲ စီစစ်ရေးအကြိုက်ကို ပြန်ကြည့်ရအုန်းမယ်ဆိုတဲ့ ပုံစံလည်းရှိတယ်။ အဲဒီတော့ ပိုပြီးတော့ စိုးရိမ်စရာတောင် ရှိလာတယ်လို့ ကျနော်ကမြင်တယ်။
ဦးကျော်ဇံသာ ။ ။ ဆရာနဲ့အတူ ဆွေးနွေးမယ့်သူကတော့ မသင်းသီရိ ဖြစ်ပါတယ်။ ကျနော်တို့ဆီက မသင်း ဟာ မရေးလိုက်ရသော သတင်းများဆိုပြီး မြန်မာနိုင်ငံအတွင်းက စာနယ်ဇင်းဆရာတွေကို အများဆုံးဆက်သွယ်နေတဲ့သူ ဖြစ်ပါတယ်။ မသင်း အနေနဲ့ ဘယ်လိုတွေ့သလဲ။ စာပေလောကသားတွေ၊ မီဒီယာသမားတွေက ပြုပြင်စနစ်ကို ပြောင်းလဲလာတဲ့နဲ့ ပတ်သက်လို့။ သူတို့ဟာ ဘယ်လောက်အထိ သက်သာခွင့်ရလာသလဲလို့ မသင်း လေ့လာမိပါသလဲ။
မသင်းသီရိ ။ ။ ထုတ်ဝေပြီးမှ ထုတ်တဲ့စနစ်မှာဖြစ်ဖြစ်။ မထုတ်ဝေခင် စာပေစီစစ်ရေးကို ကြိုတင်ရတဲ့ တင်ထုတ်စနစ်မှာပဲဖြစ်ဖြစ် စာပေစီစစ်ရေးအဖွဲ့ဆိုတာ ရှိကိုရှိဖို့ လိုနေသေးတာကို တွေ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ထုတ်ဝေပြီးမှ တင်ပြရတဲ့ ထုတ်တင်စနစ်ဆိုရင်လည်း သူတို့ကလည်း နောက်မှာ ဖြစ်လာမယ့် စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ အချက်အလက်တွေက စာပေစီစစ်ရေးကပဲ ကိုင်တွယ်ထားတာကို တွေ့ရတယ်။ အခုနလို တင်ထုတ်ကတော့ တင်ပြီးမှ သူတို့ မကြိုက်ရင်ဖြတ်၊ အမျိုးမျိုး အဆင့်သုံးဆင့်လောက်ကို ကျော်ဖြတ်ပြီးမှ ထုတ်ဝေတဲ့စနစ်ပေါ့။ ဘယ်လိုစနစ် နှစ်ခုစလုံးကိုကြည့်ကြည့် စာပေစီစစ်ရေးအဖွဲ့ဆိုတာ မြန်မာနိုင်ငံမှာ ရှိနေအုန်းမယ်။ ဆက်လက်ရှိနေအုန်းမယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ မသင်း ဆက်သွယ်တဲ့အထဲမှာ နမူနာအနေနဲ့ ထုတ်တင်စနစ် ပေါ်ပေါက်လာပြီးမှ ထုတ်ဝေပြီးမှ သူတို့မကြိုက်လို့ ပြန်ဖျက်လိုက်၊ ပိတ်လိုက်ဆိုတဲ့ သတင်းတွေကို ကြားရသေးလား။
မသင်းသီရိ ။ ။ အခုနောက်ပိုင်းမှာ ရှိတယ်။ သူတို့သတ်မှတ်ထားတဲ့ ဓါတ်ပုံထက် size အကျယ်အဝန်း ဖော်ပြမိတာ။ တခါတလေကြရင် အချပ်ပို နောက်ဆုံး update ဖြစ်တဲ့ သတင်းတွေကို ရေးတဲ့ အချပ်ပိုစာမျက်နှာတွေမှာပဲဖြစ်ဖြစ် အရှေ့ ကိုတင်ပြီး ရောင်းကောင်းအောင် တင်မိတဲ့အခါမျိုးမှာ အရင်တုန်းကလို ပိတ်လိုက်တယ် မဟုတ်ဘူးဆိုပေမယ့် အရေးယူတဲ့ စနစ်အမျိုးမျိုးတော့ တွေ့ရတယ်။ ဥပမာ တပတ်ပိတ်လိုက်တာမျိုး။ နှစ်ပတ်ပိတ်လိုက်တာမျိုး အဲဒီလို အရေးယူတာမျိုးတော့ တွေ့ရတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တွေကတော့ သူ့ဟာနဲ့သူ ရှိတုန်းပါပဲ။
ဦးကျော်ဇံသာ ။ ။ ဆရာတို့၊ မသင်းတို့ ဆွေးနွေးတာကို လေ့လာမိသလောက် သူတို့က ခြိမ်းခြောက်နေတယ်။ သြဇာအာဏာကို ပြသနေဆဲဆိုတာ ပေါ်လွှင်နေတယ်။
မောင်သာမည ။ ။ ဟုတ်တယ် ဘာပဲလုပ်လုပ် ငါတို့တော့ ရှိနေတယ်။ ငါတို့ကို မင်းတို့ ချန်ထားလို့ မရသေးဘူး။ အဲဒီသဘောမျိုးတော့ ဖြစ်နေတယ်။ Big brother ကြီးပေါ့။
ဦးကျော်ဇံသာ ။ ။ သတင်းရေးသားခွင့်၊ နေ့စဉ်ဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြရအောင်ပါ။ သတင်းဂျာနယ်တွေသာရှိတယ် ကိုယ်ပိုင်သတင်းစာ ထုတ်ဝေခွင့်တော့ မရှိသေးဘူးလို့ ကြားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီးက လွှတ်တော်မှာလား။ မသင်း မှတ်မိလား။ သတင်းစာ လွတ်လပ်ခွင့်ပေးဖို့ အချိန်မတန်သေးဘူးလို့။
မသင်းသီရိ ။ ။ အချိန်မတန်သေးဘူးလို့ပြောတာ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ စာပေစီစစ်ရေး ညွှန်ကြားရေးမှူး တယောက်ကတော့ မကြာခင် ပေးနိုင်တယ်၊ ဘာညာပြောတာလည်း ကြားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ ရှင်းရှင်းလင်းလင်း သိပါသလဲ။ ဘာကြောင့် ဝန်ကြီးက မတန်ဘူးလို့ ပြောပါသလဲ။
မောင်သာမည ။ ။ ပြန်ကြားရေးဝန်ကြီးဟာ သူ့ရဲ့  စကားလုံးကြီးကြီးတွေနဲ့ ပြောသွားတာတွေ့ရတယ်။ စတုတ္တမဏ္ဍိုင်တို့ ဘာတို့ပေါ့။ အဲဒီတော့ စတုတ္တမဏ္ဍိုင် ကောင်းမွန်ဖို့အတွက် သူက ဘာလုပ်ရမလဲဆိုတာတွေလည်း ပြောသွားတယ်။ နောက်တခါ အစိုးရပိုင်တဲ့ မီဒီယာတွေဟာ စတုတ္ထမဏ္ဍိုင်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်နေတယ်လို့ ပြောသွားတယ်။ အဲဒီအချက်တွေကို ကြည့်လိုက်တဲ့အခါကြတော့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက စတုတ္ထမဏ္ဍိုင်ဆိုတာကို နားကိုမလည်းဘူးဆိုတာကို ကျနော် ကောက်ချက်ချမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စတုတ္ထမဏ္ဍိုင်ဆိုတာက ကျန်တဲ့မဏ္ဍိုင် (၃) ခု ကို ထိန်းကွပ်ဖို့အတွက် ပေါ်လာတဲ့ မဏ္ဍိုင်တခု။ သူက လွတ်လပ်ဖို့လိုတယ်။ ကျန်တဲ့ အုပ်ချုပ်ရေးတို့၊ ဥပဒေပြုရေးတို့ တရားစီရင်ရေးတို့ တခုခု မှားယွင်းတဲ့ဆိုရင်တောင်မှ အဲဒီ မဏ္ဍိုင်ကနေ ထုတ်ဖော်ခြင်းအားဖြင့် ထိန်းသိမ်းနိုင်တာမျိုး ဖြစ်ရမယ်။ အခု သူပြောတာက အစိုးရမီဒီယာ က စတုတ္ထမဏ္ဍိုင်မျိုး ပြောနေတယ်။ အစိုးရကိုပဲ ကောင်းကြောင်း အမြဲတမ်းပြောတယ်။ အစိုးရလုပ်တာတွေကိုပဲ ကောင်းတဲ့ဖက်က ဖော်ပြနေတာကို စတုတ္ထမဏ္ဍိုင်ဆိုတော့ ဒီ ပြန်ကြားရေးဝန်ကြီးလောက် စတုတ္ထမဏ္ဍိုင်ကို နားမလည်းတဲ့လူ ကျနော်တော့ ရှာလို့မတွေ့ဘူး။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကိုဇာဂနာပြောတဲ့ ဟာသ သတိရတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဝန်ကြီးကိုယ်တိုင်ပဲတဲ့။
မောင်သာမည ။ ။ အဲဒီလို ဖြစ်နေတယ်။ တဆက်တည်း ကျနော်ပြောချင်သေးတယ် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လုပ်ပေးမယ်။ အစိုးရကနေ သတင်းလိုချင်တဲ့ သတင်းထောက်တွေကို ဘယ်လိုခွင့်ပြုမယ်။ အဲဒီ သတင်းထောက်တွေက သူတို့ ရထားတဲ့သတင်းတွေကို ဘယ်လိုဖော်ပြခွင့်ပြုမယ်။ အဲဒါတွေ တခုမှ မပါဘူး။ စတုတ္ထမဏ္ဍိုင်အကြောင်း ပြောသွားတာ။ ဦးတင့်ဆွေ ကတော့ ပြောသွားဘူးတယ်။ စာပေစီစစ်ရေးမှူး … သူကတော့ ဒါ မရှိသင့်ဘူးလို့ သူ ပြောသွားတာမျိုးဆိုတော့ ရှင်းရှင်းပြောရရင်တော့ ဦးတင့်ဆွေ က ကျနော်ထင်တယ် နည်းနည်း မီဒီယာနဲ့ သတင်းလွတ်လပ်ခွင့် နဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကို သူ နည်းနည်းတော့ နားလည်းတဲ့ပုံမျိုး ကျနော် ကောက်ချက်ချမိတယ်။
ဦးကျော်ဇံသာ ။ ။ ဂျာနယ်တွေ တိုးထုတ်လာတယ်ဆိုတော့ အဲဒီ ဂျာနယ်တွေရဲ့  သတင်းထောက်တွေအနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် သတင်းနဲ့ ပတ်သက်ပြီး ရေးသားခွင့် ရကြတယ်လို့ ပြောကြပါသလဲ။
မသင်းသီရိ ။ ။ သတင်းသမားတွေရဲ့  စိတ်တိုင်းကျ၊ သတင်းသမားတွေရဲ့  ရေးချင်တဲ့ အတိုင်းအတာကတော့ ဘယ်သူမှ ရေးလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဥပမာ ဒေါ်အောင်ဆန်းစုကြည် သတင်းရေးခွင့်ရလာတယ်။ အန်အယ်လ်ဒီ လှုပ်ရှားမှုသတင်း ဖော်ပြခွင့် ရလာတယ်။ ဒါတွေဟာ ကြိုဆိုတယ်၊ ပွင့်လင့်တယ်၊ တိုးတက်လာပြီဆိုတဲ့ အနေအထားမျိုး ရေးလို့ရပေမယ့် တဖက်ကနေ ဒီဖက်ကပြတဲ့ တောင်းဆိုမှုတွေမျိုး၊ ပြည်သူလူထုနဲ့ နီးစပ်သွားမယ့် အရေးအသားမျိုးတွေဆိုရင် အခုအချိန်အထိ ထိန်းချုပ်ထားတာမျိုးရှိတယ်။ ဥပမာ ကချင်၊ ရှမ်းဒေသတွေမှာ ဖြစ်တဲ့ တိုက်ပွဲမျိုးသတင်းတွေ။ ဒီ သတင်းတွေကို လူထုကလည်း အကုန်လုံးသိနေပြီ။ ကချင်ဆိုရင် ဒုက္ခသည်တွေဘာတွေ။ ဒီသတင်းတွေက အမျိုးမျိုး ရေဒီယိုတွေ၊ ကျန်တဲ့နေရာတွေက ကြားနေရပြီ။ ဒါပေမဲ့ အစိုးရသတင်းစာမှာ မရေးရင် ပုဂ္ဂလိကဂျာနယ်တွေက လိုက်ရေးလို့ မရတဲ့ဟာမျိုးတွေ ကျမတို့ တွေ့ရတယ်။ Even ဒေါ်အောင်ဆန်းစုကြည်ရဲ့  သတင်းကို ရေးခွင့်ရတယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတွေဆိုရင် အခုထိ စာပေစီစစ်ရေးက ဖြတ်တောက်တာတွေ ရှိနေတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် က ဟိုတလောက ကိုမင်းကိုနိုင် မွေးနေ့မှာ ပြောသွားတယ်။ ကိုမင်းကိုနိုင် လို့ သားမျိုးကို မွေးပေးတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ အရေးအသားမျိုးတွေကို ရေးခွင့်မပေးဘူး။ တခါ ရွှေဝါရောင် နှစ်ပတ်လည်တုန်းကဆိုရင် သံဃာတွေအတွက်၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆုတောင်းပွဲတွေလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဆုတောင်းတယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ၊ ကောင်းတဲ့အလုပ်လုပ်တာ ကောင်းတယ်ဆိုတဲ့ မှတ်ချက်လိုမျိုး။ အဲဒါမျိုးတွေကို အခုအချိန်အထိ ရေးတာကို မတွေ့ရသေးဘူး။ အထူးသဖြင့် စာပေစီစစ်ရေးမှာကလည်း တိတိကျကျ မူဝါဒတခု မရှိတာကို တွေ့ရတယ်။ တချို့  ဂျာနယ်တွေမှာ ရေးခွင့်ပေးတဲ့ ဂျာနယ်ကြတော့။ တချို့  ဂျာနယ်တွေမှာ ရေးခွင့်မပေးပြန်ဘူး။ တချို့  ဂျာနယ်မှာ ဖော်ပြခွင့်ရတဲ့ ဓါတ်ပုံကြတော့ တချို့  ဂျာနယ်တွေကြတော့ မရဘူး။ သတင်းသမားတွေ၊ သတင်းထောက်တွေကလည်း စမ်းပြီးလုပ်နေတယ်။ သူတို့ကို မေးလိုက်ရင် ကျနော်တို့ စမ်းပြီး တင်ကြည့်မယ်၊ ကျနော်တို့ လုပ်ကြည့်မယ် အမ။ အဲဒီလိုမျိုးတွေနဲ့ လုပ်နေကြတယ်။ မူဝါဒ မရှိတော့ အဲဒီအပေါ်မှာ သူတို့က ကံကိုစမ်းပြီး လုပ်နေကြတဲ့ပုံစံမျိုးတွေကို တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ မသင်း ပြောတဲ့ ဒုတိယပိုင်းမှာဆိုရင် စာပေစီစစ်ရေး၊ စောစောကပြောတဲ့ စာပေစီစစ်ရေးမှူးက ပိုပြီးနားလည်းပုံ ရတယ်ဆိုပေမယ့် စာပေစီစစ်ရေးမှူးကလည်း ဂျာနယ်တခုနဲ့တခုအပေါ်မှာ သဘောထား မတူဘူးဆိုတဲ့သဘော တွေ့နေရပါလား။
မောင်သာမည ။ ။ ဟုတ်တယ်။ အဲဒါက သူတို့က အခြေအနေကိုကြည့်ပြီး မီးစင်ကြည့်ကနေရတဲ့ သဘောဗျ။ အခုက Media Law လား ပြဌာန်းဖို့ ကြိုးစားနေတယ်ဆိုတာကို ကြည့်ရမှာပေါ့။ အဲဒီ Media Law နဲ့ သူတို့ရဲ့  ဥပဒေအပေါ်မှာ ဘယ်လောက် ယုံကြည်မှုရှိသလဲအပေါ်မှာ မူတည်ပြီး ကျနော်တို့ရဲ့  သတင်းလွတ်လပ်ခွင့်တွေ၊ ရေးသားခွင့်တွေ အဲဒါတွေ ပေါ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။ မျှော်လင့်တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီ Media Law နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေတွေ ပြဌာန်းတယ်။ ဥပမာ လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်ဆိုတာလည်း ဥပဒေထွက်လာတယ်။ သူတို့မှာ ဘာပါသလဲဆိုတော့ အများပြည်သူရဲ့  အကျိုးကို မထိခိုက်လျှင် ဘာမဖြစ်လျှင်ဆိုတာမျိုး။ မထိခိုက်သလား၊ ထိခိုက်သလားဆိုတာကို သူတို့က ဘယ်စံနဲ့ တိုင်းတာသလဲ။ အဲဒါ အဓိကကိစ္စပဲ။ အဲဒါကို အဓိပ္ပါယ် ဖွင့်ရမလိုဖြစ်နေတယ်။
မောင်သာမည ။ ။ သတင်းလွတ်လပ်ခွင့်မှာလည်း ကျနော် အခုနပြောတဲ့ ဗိုလ်မှူးတင့်ဆွေ၊ ဦးတင့်ဆွေ က ဒီမိုကရေစီစနစ်မှာဆိုလို့ရှိရင်တော့ စာပေစီစစ်ရေး မရှိသင့်ဘူးပြောသလို။ တခါတုန်းက သူပြောဘူးတယ် မြန်မာနိုင်ငံမှာဆိုရင် အခြေခံဥပဒေထဲက သတင်းလွတ်လပ်ခွင့်မျိုးတော့ မပေးနိုင်လောက်သေးဘူးလို့ ပြောတယ်ဗျ။ အဲဒီတော့ အခြေခံဥပဒေထဲမှာ ပါတယ်ဆိုတာတောင်မှ ပြန်စဉ်းစားကြည့် ဒီတိုင်းပြည်ရဲ့  လုံခြုံရေး၊ အေးချမ်းသာယာရေးတို့၊ အများပြည်သူရဲ့  အကျင့်စာရိတ္တ မပျက်ပြားရေးတို့ အဲဒါတွေနဲ့ ထိခိုက်မှုမရှိရင်တော့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်။ အဲဒါတွေ ထိခိုက်ရင်တော့ လွတ်လပ်စွာ ရေးခွင့်မရှိဘူးဆိုပြီး အဲဒီလို ကန့်သတ်ထားတာမျိုးတွေ ရှိတယ်။ အဲဒီလို အကန့်အသတ်အောက်မှာတောင်မှ ရေးခွင့်သားခွင့်ဆိုတာက မလွယ်ဘူးဆိုတဲ့အခါကြတော့ အခုန မသင်း ပြောသွားတဲ့ စာပေစီစစ်ရေးကတော့ ဆက်ရှိနေမယ်။ နောက် သတင်းစာ လွတ်လပ်ခွင့်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ အထူးသဖြင့် ကျနော်တို့ တောင့်တနေတဲ့ ပုဂ္ဂလိကပိုင်တဲ့ နေ့စဉ်သတင်းစာ၊ ပုဂ္ဂလိကနေ သတင်းတွေ လွတ်လွတ်လပ်လပ် ထုတ်လုပ်ခွင့်၊ ထုတ်လွှင့်ခွင့်ရမယ့် ရေဒီယို၊ တယ်လီဗေးရှင်းတွေဆိုတာကတော့ ကျနော်ထင်တယ် ရွှေပြည်တော် မျှော်တိုင်ဝေး ဖြစ်နေအုန်းမယ် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့ ကတော့ တကယ်တမ်း ဖြစ်သင့်တာကတော့ သတင်းစာ၊ တင်ထုတ်၊ ထုတ်တင်တွေ မလိုဘဲနဲ့ ဗမာပြည်ကထင်တယ်။ မသင်းဆီမှာ စာနယ်ဇင်းတယောက်က ပြောတာတွေ့ရတယ်။ ထုတ်ဝေခွင့်က လူတဦးတယောက်ရဲ့  အကျိုးစီးပွားကို ထိခိုက်နေတယ်ဆိုရင် အဲဒီ အကျိုးစီးပွားနစ်နာတဲ့လူက liable နဲ့စွဲပေါ့။ ဖြေရှင်းလိုက်ပေါ့။ တရားရုံးက ဖြေရှင်းလို့ရတယ်လို့ အဲဒီလို ပြောနေကြပါတယ်။
မောင်သာမည ။ ။ စာပေစီစစ်ရေးကြီး မပေါ်ခင်တုန်းက အဲဒီလိုပဲ ရှိခဲ့တယ်။ ထိန်းကွပ်မှုက တရားဥပဒေနဲ့ပဲ ထိန်းကွပ်တာပဲ။ အခုဟာက စီစစ်ရေးဆိုတဲ့ အစိုးရကို ကိုယ်စားပြုတဲ့အဖွဲ့ကနေ ကွပ်ကဲနေတာဆိုတော့ တရားဥပဒေ စိုးမိုးမှုကို လက်မခံသေးဘူးဆိုတဲ့သဘောမျိုး လက်ရှိအနေအထားက ဆောင်တယ်လို့တောင် ကျနော်မြင်တယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ တိုင်းတာနေတာ (၃) ချက် - စာပေစီစစ်ရေးကိစ္စ၊ သတင်းရေးသားမှု လွတ်လပ်ခွင့် နဲ့ နောက်ဆုံးတချက်က အစိုးရအာဏာပိုင်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးတွေ ပြည်ပမီဒီယာတွေကို အင်တာဗျူးပေးတယ်။ ဆက်သွယ်မေးမြန်းခွင့် ပြုတယ်ဆိုတာနဲ့ ပတ်သက်ပြီး။ ဒါဟာ သတင်းလွတ်လပ်ခွင့်ရဲ့  ပြရုပ်တခုလို့ တိုင်းတာမလားဆိုတာကို အကြိမ်ကြိမ်စဉ်းစားပါတယ်။ ဒါပေမဲ့ ကျနော် ဘာသွားတွေ့သလဲဆိုရင် ဂဒါးဖီလည်း အင်တာဗျူး ပေးတာပဲ။ အဲဒီ နိုင်ငံမှာ လွတ်လပ်ခွင့်ရှိသလဲဆိုတာ ပြောလို့ရမလားဆိုတာ စဉ်းစားမိပါတယ်။ ဆရာ ဘယ်လိုမြင်ပါသလဲ။ ဒီ အင်တာဗျူးတွေကို ဘယ်လိုသုံးသပ်ပါသလဲ။
မောင်သာမည ။ ။ ပြောရမယ်ဆိုရင်တော့ ဝန်ကြီးတွေ ဖြေတယ်ဆိုရာမှာလည်း အကန့်အသတ်ရှိမယ်လို့ ထင်တယ်။ မေးချင်တာမေးလို့ မရဘူး။ သူတို့က လက်ခံတယ်ဆိုတာကတော့ ဒါက ဆက်ဆံရေးအရတော့ အရင်ကထက်ဆရင် ပျော့ပျောင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ အတွေ့အကြုံအရ ပြောရင်တော့ ကျနော်တို့ ဘန်ကောက်ကို လာခဲ့တဲ့ ဒုဝန်ကြီးတယောက်က ကျနော်တို့ကို အင်တာဗျူး ပေးဘူးပါတယ်။ သူတို့ပြောတဲ့ဆိုတဲ့ ပုံစံကလည်း သူတို့ကတော့ မီဒီယာတွေအပေါ်မှာ သဘောထား ပြောင်းပါတယ်ဆိုတဲ့ tone လေသံကိုတော့ ကျနော်တို့မှန်းလို့ရတယ်။ ဒါပေမဲ့ ကျနော်တို့က အဲဒီထက် ပိုပြီး သတင်းထပ်ယူလို့ ရနိုင်မလားဆိုတာကို ကျနော်တို့က ပိုလိုချင်တယ်။ ဥပမာဆိုပါစို့ အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ သမ္မတ စသဖြင့် သူတို့ရဲ့  ပိုင်ဆိုင်မှုတွေ၊ သူတို့နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကျနော်တို့ သူတို့ကို မေးမြန်းခွင့် ရမလား။ အဲဒါမျိုးတွေပေါ့။ ဘာတုန်းဆိုတော့ သမ္မတဦးသိန်းစိန် ပြောသွားတဲ့အထဲမှာ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းသောအစိုးရတို့ဆိုတာက ကျနော်တို့ မီဒီယာကပဲ အဲဒါကို သန့်ရှင်းအောင် လုပ်ပေးရမယ်လို့ထင်တယ်။ အဲဒီမှာ ဝန်ကြီးတွေရဲ့  ပိုင်ဆိုင်မှုတွေ၊ ဇယားတွေ အဲဒါတွေကို အခုထက်ထိ မေးလို့မရသေးဘူး။ အဲဒါတွေနဲ့ ပတ်သက်လို့ရှိရင် သူတို့ကလည်း ဘာမှ ထုတ်ပြန်တယ်ဆိုတာ တိတိကျကျ မရှိသေးဘူး။ အဲဒီ အနေအထားရောက်အောင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ သက်ဆိုင်ရာ အစိုးရအရာရှိကြီးတွေက မီဒီယာနဲ့ ဆက်သွယ်ပြောဆို၊ လက်ခံလာပြီဆိုရင်တော့ အခုနပြောတဲ့ သတင်းယူခွင့်ဟာ လွတ်လပ်လာပြီလို့ ကျနော်တို့ ကောက်ချက်ချရမှာပေါ့။ အဲဒီအနေအထား မရောက်သေးဘဲနဲ့ သာမန်ပြောတာဆိုတာမျိုး၊ လက်ခံပြောတာမျိုးလောက်ကတော့ ဘာပြောမလဲ အနစ်သာရမရှိသေးဘူးလို့ ပြောရလိမ့်မယ်။
http://www.voanews.com/burmese/news
ကမ္ဘာ့လူဦးရေ သန်း ၇,၀၀၀ ပြည့်မည်
ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011
By ဗီအိုအေ (မြန်မာဌာန)
လာမယ့်တနင်္လာနေ့ကျရင် ကမ္ဘာ့လူဦးရေဟာ ၇ ဘီလျံ၊ (သန်းပေါင်း ၇,၀၀၀) အထိ ရှိလာလိမ့်မယ် လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။
အနာဂတ်မှာ လူတွေ ကျန်းမာရေး ကောင်းကောင်းနဲ့ ရေရှည်ရပ်တည်နိုင်ကြမလား- ချမ်းသာကြွယ်ဝမှုတွေ ရှိလာမလား ဆိုတာတွေကတော့ သဘာဝ ပတ်ဝန်းကျင် ကျဆင်းနေတာတွေ၊ ကမ္ဘာ့စီးပွား ကျဆင်းနေတာတွေ အပေါ်မှာ လူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့လူဦးရေဆိုင်ရာ အစီရင်ခံစာထဲမှာ ရှင်သန် မွေးဖွားဖို့နဲ့ အသက်ရှည်ရှည်နေနိုင်မှုတွေကို ပိုပြီး ရှိလာနေတာတွေကို ရောင်ပြန်ဟပ်တဲ့ အပြုသဘောဆောင်တဲ့ အချက်တွေကိုလည်း မြင်ရလိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံတွေအကြားမှာတော့ တိုးပွားလာတဲ့ လူဦးရေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆီးပေးတဲ့နေရာမှာ ကွာဟမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အာရှမှာရှိနေပြီး ၁၅ ရာခိုင်နှုန်းကတော့ အာဖရိကမှာ ရှိပါတယ်။
အစိုးရတွေအနေနဲ့လည်း ကျန်းမာရေး၊ ပညာရေးနဲ့ လူငယ်တွေကို ပိုပြီးပြုစုပျိုးထောင်ပေးကြဖို့ ကိုလည်း ကုလသမဂ္ဂ အစီရင်ခံစာက တိုက်တွန်းပါတယ်။
နိုင်ငံ ၉ ခုမှာ လူဦးရေက သိသိသာသာ တိုးလာနေတဲ့အကြောင်း အဲဒီ နိုင်ငံတွေကတော့ တရုတ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဖင်လန်၊ အိန္ဒိယ၊ မက္ကစီကို၊ မိုဇမ်ဘစ်၊ နိုင်ဂျာနဲ့ မက်ဆီဒိုးနီးယားနိုင်ငံတွေပဲ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/--10-26_11_my-news-International--132665023.html
လွတ်မြောက်ရေး မီးရှူးတန်ဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရ
2011-10-27
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်မှာ အခြေစိုက်တဲ့ Freedom House အဖွဲ့ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို Freedom Award လွတ်မြောက်ရေး မီးရှူးတန်ဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။
<
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Freedom House အဖွဲ့ က ချီးမြှင့်သည့် Freedom Award လွတ်မြောက်ရေး မီးရှူးတန်ဆောင်ဆုကို USCB အဖွဲ့
မနေ့ ညက အခမ်းအနားကို အမေရိကန်အစိုးရ ဥပဒေပြု အမတ်တွေ၊ အစိုးရ ထိပ်ပိုင်း အရာရှိတွေ နဲ့  အဖွဲ့အစည်း အတော်များများက ကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုကနေတဆင့် လွတ်လပ်မှု အခွင့်အရေး နဲ့  ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုကိုတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB က ဦးအောင်ဒင်က လက်ခံ ရယူခဲ့ပါတယ်။ USCB အဖွဲ့ က ဦးအောင်ဒင်ကို ဆုနဲ့ ပတ်သက်ပြီး မေးကြည့်ရာမှာတော့ - “အဓိက အသိပေး ပြောချင်တာကတော့ဗျာ သူ့အနေနဲ့ အခုလို ဆုပေးခံရတာ ဂုဏ်ယူတယ် ဝမ်းသာတယ်။ ဒါပေမယ့် ဒီဆုဟာ သူ့တစ်ယောက်ထဲကို ရည်ရွယ်တာ မဟုတ်ဘူး။ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို တိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားပြုတာ ဖြစ်တယ် ဆိုတာကို သူပြောပါတယ်။ အခုလိုမျိုး ဆုပေးတယ်။ အဲဒီဆုကို သူကိုယ်တိုင် လက်ခံနိုင်စွမ်း မရှိဘူး။ သူ လက်မခံနိုင်ဘူး ဆိုတာက မြန်မာနိုင်ငံမှာ တော်လှန်ရေး မပြီးဆုံးမချင်း သူ ပြည်ပကို ထွက်လာဖို့ မရည်ရွယ်ဘူး။ ဒါသူ့ရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ ဆုံးခမ်းတိုင်အောင် ဆောင်ရွက်ဖို့ သူက ရည်ရွယ်ချက် ချထားတာကို” မနေ့ညက Freedom House ရဲ့ အခမ်းအနားဟာ အဖွဲ့ ရဲ့ နှစ်ပေါင်း ၇၀ ပြည့် နေ့နဲ့ တိုက်ဆိုင်ပြီး ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Condoliza Rice ကလည်း ကြိုတင် ရိုက်ကူးထားတဲ့ ဗီဒီယိုကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ ဒီအခမ်းအနားကို တက်ရောက် သတင်းယူခဲ့တဲ့ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်လက်တင်ပြတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စုရဲ့လိုအပ်ချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2011-10-27
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဟာ မုချမသွေ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ RFA ကိုဒီကနေ့ ပြောဆိုလိုက် ပါတယ်။
“ဒုတိယ ပင်လုံဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လိုအပ်ချက် တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် တခြား ဘယ်လို ကိစ္စတွေပဲ ရှိနေရှိနေ ဒီလိုအပ်ချက်ကို လက်လွှတ်စရာ မရှိပါဘူး။ လက်တွေ့ကျကျ လုပ်ပုံလုပ်နည်းတွေနဲ့ ပတ်သက်လို့ စဉ်းစားစရာတွေက အတော်များတာကြောင့်မို့လို့ နှောင့်နှေးနေတာ ဖြစ်ပါတယ်”
RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် သောတရှင်တစ်ဦးရဲ့ မေးခွန်းကို ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန် ခဲ့တာပါ။
http://www.rfa.org/burmese/news/dassk-10272011084659.html
ရန်ကုန်မြို့တွင် လယ်သမားများ ဆန္ဒပြ
By featured, မြတ်မိုး on October 27, 2011 1:14 pm
ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာနအရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၃၀ ခန့်က လယ်သမား ၅၀ ခန့်သည် သိမ်းဆည်းခံထားရသည့် ၎င်းတို့လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရန် ဆန္ဒပြ တောင်းဆိုကြသည်။

ရန်ကုန် အိုးအိမ် ဦးစီးဌာန ရုံးရှေ့တွင် ဆိုင်းဘုတ်ကိုင်၍ ဆန္ဒပြနေသည့် လယ်သမားများကိုတွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“လျော်ကြေးမလို လယ်လုပ်ခွင့်သာလို”နှင့် “လယ်စိုက်ဧက မလျော့ပါးရေး လန ၃၉ အမိန့် ဖျက်သိမ်းပေး၊ လယ်ယာမြေပြန်လည် ခွဲဝေပေး” စသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လယ်သမားများက အိုးအိမ်ဦးစီးဌာနရှေ့တွင် ၁၅မိနစ်ခန့် ဆန္ဒပြခဲ့ကြ သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ လယ်သမားများအရေး ကူညီပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောပြသည်။
ယင်း ဆန္ဒပြပွဲကို မြင်တွေ့ခဲ့သူ တဦးက“လုံထိန်းကားတွေ ရဲတွေရောက်လာပြီး မင်းတို့အခု လူစုခွဲပြီး ထွက်သွားကြ၊ နားမလည် ဘူးလား ဒါ တရားမ၀င်တဲ့ အလုပ်လို့ အော်ဟစ်ပြီး လူစုခွဲခိုင်းတယ်”ဟု ပြောသည်။
အာဏာပိုင်များက ဆန္ဒပြသူများကို မိနစ်ပိုင်းအတွင်း လူစုခွဲခိုင်းပြီး အိုးအိမ်ရုံးရှေ့တွင် လုံခြုံရေးအပြည့်ချထားကြောင်း သိရသည်။
“ဆန္ဒပြတဲ့ လူတွေနောက် မလှမ်းမကမ်းက လုံထိန်းကား ၅ စီး လိုက်နေတာတွေ့တယ်”ဟုလည်း မျက်မြင် ရန်ကုန်မြို့ခံတဦးက ဆို သည်။
ဆန္ဒပြသော လယ်သမားများသည် တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်မှ လယ်သမားများဖြစ်ပြီး ၎င်းတို့ လယ်မြေများကို သိမ်းယူလိုက်ခံရ၍ လယ်လုပ်ခွင့်များ ဆုံးရုံးနေသောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ် မှ လယ်သမားတဦးက ပြောသည်။
“အကြောက်တရားရှိပေမယ့် ငတ်တာတော့ မခံနိုင်ဘူး၊ လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်”ဟု ၎င်းက ဆိုသည်။
တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံ ဆိပ်ကမ်း စသည့် မြို့နယ်များမှ လယ်သမား ၁၀၀၀ ကျော်၏ လယ်ဧက၂၀၀၀၀ နီးပါးကို ၂၀၀၉ ခုနှစ်မှ စ၍ အာဏာပိုင်များက သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောဆိုကြသည်။
http://burma.irrawaddy.org/?p=1624
