တိုင်းရင်းသား လက်နက်ကိုင်များအရေး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးအရာကိစ္စများနှင့် ပတ်သက်၍ လက်ရှိ အစိုးရအဖွဲ့အတွင်း သဘောထား ပျော့ပြောင်းသော သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်း တို့အုပ်စု ၊ သဘောထားတင်းမာသော ဒုသမ္မတ သီဟသူရဦးတင်အောင်မြင်ဦး၊ ဦးခင်အောင်မြင့် တို့အုပ်စု ၊ ကြားနေ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နှင့်တပ်မတော်အုပ်စု ၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ချေမှုန်းလိုသော လူယုံ ဦးအောင်သောင်းနှင့် ကြံ့ဖွံ့ပါတီ အုပ်စု ဆိုပြီး မတူညီသော အုပ်စုများ ရှိနေကြပါသည်။
-
လက်ရှိအစိုးရအဖွဲ့အတွက် DKBA နှင့် ဦးပန်ဖ ဦးစီးသော SSA တပ်မဟာ (၁) တို့သည် စစ်ရေးသက်သက် သဘောမျိုးအဆင့်သာ ရှိသဖြင့် ကိုင်တွယ်ရ မခက်ခဲခဲ့သော်လည်း KIA အဖွဲ့သည် စစ်ရေးရော နိုင်ငံရေးကို ထိထိရောက်ရောက် ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းကြောင့် အစိုးရအဖွဲ့အတွင်း သဘောထားကြီးမားစွာ ကွဲခဲ့ကြပါသည်။ KIA ကိစ္စတွင် အစိုးရဘက်မှ ပြည်တွင်းပြည်ပ စစ်ရေးရော နိုင်ငံရေးပါ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဒုသမ္မတ သီဟသူရဦးတင်အောင်မြင်ဦး အား အပြစ်တင်ခဲ့သလို စစ်တပ် အကျအဆုံးများမှုကြောင့်လဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အဖွဲ့ ဒေါသူပုန်ထကာ စစ်အင်အား အလုံးအရင်း အသုံးပြုချေမှုန်းရေး ခွင့်ပြုချက် တောင်းနေသည်ဟု သိရပါသည်။
-
ထို့ကြောင့် နည်းဗျူဟာပြောင်း၍ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ လူယုံတော် ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့ (၂) ဦးကို ကချင်ပြည်နယ်စေလွှတ်ပြီး ယာယီအပစ်ခတ်ရပ်စဲရေး ဆွေးနွေးရန် ညွှန်ကြားခဲ့ပါသည်။ တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက်၍ ယခုအချိန်ထိ တိကျသော သဘောထားချမှတ်ထားခြင်း မရှိသေးဘဲ အခြေအနေကြည့်လုပ်ဆိုသည့် အဆင့်သာ ရှိနေသေးပါသည်။ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး အသင့်ပြင်ထားရန် အမိန့်ပေးထားကြောင်း သိရပါသည်။
ပြည်တွင်းနိုင်ငံရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အရေးသည် အရေးကြီးသလို ပြည်ပနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးသည် အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် လျော့တွက်ခဲ့ပြီး ယခင်ကလောက် ထောက်ခံမှု အင်အားမရနိုင် ဟု တွက်ချက်ခဲ့ကြပါသည်။ သို့သော် ကမ္ဘာကြီး၏ ပြောင်းလဲနေသော ခေတ်မှီ ဆက်သွယ်ရေး စံနစ်ကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်သည် Media များ ပံ့ပိုးမှုဖြင့် ပြည်တွင်း ပြည်ပ၌ အသုံးချနိုင်ခဲ့မှုကြောင့် ထောက်ခံမှုများ ယခင်ကထက် ရခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည်လည်း ပါတီမှတ်ပုံမတင်ဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး တစ်စစ အင်အားကောင်းလာခဲ့ပါသည။
-
ယနေ့ အာရပ်ကမ္ဘာတွင် ဖြစ်ပျက်နေခဲ့သော လူထု လှုပ်ရှားမှုဖြင့် အာဏာရှင်အစိုးရများကို ဖြုတ်ချနေသည့်အချိန်လဲ ဖြစ်နေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို သတိကြီးကြီးနှင့် အစိုးရအနေဖြင့် ကိုင်တွယ်နေသည်ဟု သိရပါသည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များအရေး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးအရာကိစ္စများနှင့် ပတ်သက်၍ သရေကွင်းပေါ်လစီ (Rubber Ring Policy) တင်းလျင်လျော့ပေး လျော့ပြီးမေ့လောက်မှပြန်တင်း ဆိုသည့် ပေါ်လစီကိုကျင့်သုံးလျက်ရှိ နေသည်ကို တွေ့နေရပါသည်။
အစိုးရအာဏာပိုင် အဖွဲ့စည်းများအတွင်း၌လည်း အာဏာများပြန့်ကြဲသွားမှုကြောင့် စစ်တပ်နှင့် အရပ်ဘက် စစ်ဝတ်ချွတ် ဗိုလ်ချုပ်များအကြား ပြဿနာများ ရှိလာနေပြီ ဖြစ်ပါသည်။ စစ်ဘက်တွင် ဖြစ်တောင့်ဖြစ်ခဲ ကာကွယ်ရေးဝန်ကြီး လျာထားခံရသူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင် ၊ ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး တိုင်းချုပ် ဟုခေါ်သော ဗိုလ်ချုပ်တင်ငွေ ၊ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းတို့ ဖြုတ်ချမှုများ ဖြစ်ခဲ့ပါသည်။
-
ကရင်ပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွင် တပ်မတော်ဘက်မှ အကျအဆုံး များနေမှုကြောင့် တိုက်ခိုက်ရေး တပ်ရင်းများအကြား ၊ အမိန့် နာခံရန် ငြင်းဆန်မှုရှိနေကြောင်း တပ်ရင်းဌာနချုပ်များတွင်လည်း မိသားစု စားဝတ်နေရေး ပြဿနာများ ကြီးထွားလာမှုကြောင့်၊ စစ်ခေါင်းဆောင်များ အကြားတပ်မတော်အတွင်း ပုန်ကန်မှု များပေါ်ပေါက်လာမည်ကို အထူးစိုးရိမ်ကြောင့်ကျလျက် ရှိနေကြပါသည်။ အငယ်ပိုင်းဗိုလ်ချုပ်များ အနေဖြင့် လက်ရှိပြဿနာအပေါ် ဖြေရှင်းလိုကြသော်လည်း ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများအနေဖြင့် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ကွပ်ကဲမှုအောက်တွင်သာ ရှိနေသေးသဖြင့် အားမလိုအားမရ ဖြစ်နေကြကြောင်း သိရပါသည်။
-
သုံးသပ်ချက်
-
တိုင်းရင်းသားလက်နက်ကိုင်များအရေး ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေး ၊ တပ်မတော်အတွင်း တည်ငြိမ်မှုရှိရေးတို့သည် တစ်ခုနှင့် တစ်ခု ဆက်စပ်မှုများ ရှိနေပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များ ကိစ္စကို လက်နက်ဖြင့် ဖြေရှင်းမည်ဆိုပါက လုံးဝ မအောင်မြင်နိုင်သည့်အပြင် မိမိတပ်မတော် အတွင်းတည်ငြိမ်မှုကိုလည်း ထိခိုက်လာနိုင်ပါသည်။ ထို့ပြင် ယခင်က ပိတ်ပင်ထားခဲ့သော တိုင်းရင်းသား လက်နက်ကိုင် များသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ်ထောက်ခံမှုများ ဖြစ်လာနိုင်ပါသည်။
-
ထို့အပြင် နိုင်ငံတကာ၏ ကြင်နာမှု ထောက်ခံမှု များရလာနိုင်ပါသည်။ အကယ်၍ အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ယခင်ကကဲ့သို့ ဖမ်းဆီးချေမှုန်းမည် ဆိုပါက ပြည်တွင်းပြည်ပ၏ ဖိအားကို ယခင်ကနှင့်မတူ အပြင်းအထန် ဖိအားပေးမှု ခံရမည်ဖြစ်ပါသည်။ တစ်ပြိုင်တည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ လှုပ်ရှားမှု ပိုမိုများလာနိုင်ပြီး တပ်မတော်အတွင်း မိသားစု စားဝတ်နေရေးကို အကြောင်းပြုပြီး အာခံမှုများ ဖြစ်လာနိုင်ပါသည်။
-
ထို့ကြောင့် လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်ရေး ဆွေးနွေးမည်ဟု အကြောင်းပြကာ ပုစ္ဆာတစ်ခုပေးထားပြီး လက်ရှိဖိအားများကို ပြေလျော့သွားရေး အချိန်ဆွဲထားမည် ဖြစ်ပါသည်။ တစ်ဖက်မှလည်း စစ်အင်အားပြကာ ခြောက်လှန့်ထားမည့် နည်းဗျူဟာကို ကျင့်သုံးနိုင်ပါသည်။ နိုင်ငံတကာနှင့် ပြည်တွင်း မြန်မာနိုင်ငံ လူထုအား ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေသည်ကို အကြောင်းပြ၍ ၂၀၀၈ဖွဲ့စည်းပုံ နှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိရှိ အသိအမှတ် အပြုခံရရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်ရှိ အစိုးရ အနေဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို လှည့်ပတ် ရှောင်ရှားနိုင်ရန် နည်းဗျူဟာမျိုးစုံဖြင့် ကြံစည်ဆောင်ရွက်မည် ဖြစ်ပါသည်။ နောက်ဆုံး စစ်တပ်ကို အာဏာ သိမ်းခိုင်းသည့် ပုံစံမျိုးထိ ထိပ်ပိုင်း ခေါင်းဆောင်များ အနေဖြင့် စဉ်စားထားကြောင်း သိရပါသည်။
-
မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လက်ရှိအစိုးရအား ပြန်လည် တန်ပြန်နိုင်ရေး ပီပီပြင်ပြင် မဟာဗျူဟာရေးဆွဲပြိး နည်းလမ်း နည်းဗျူဟာ များအလိုက် အသီးသီး ကိုယ့်တာဝန်ကိုယ်ယူကာ ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့လိုပါမည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကိုခံယူပြီး မြန်မာနိုင်ငံသားအားလုံး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
ဗိုလ်မှူးအောင်လင်းထွဋ်
(မေးလ်မှလက်ခံရရှိသောဆောင်းပါးတပုဒ်ဖြစ်ပါသည်။)
Saturday, August 6, 2011
လက်ရှိမြန်မာအစိုးရအပေါ်ထောက်လှမ်းရေးမှန်းခြေ
မန်းတလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံးမှ စည်ပင်သာယာရေး ၀န်ကြီး ဖုန်းဇော်ဟန် ယာယီ ထိန်းသိမ်းခံရ
4.8.2011 ညပိုင်း 113း0 မိနစ်
မန်းတလေးတိုင်းဒေသကြီး အစိုးရရုံး မှ မြို့တော်ဝန် ဖုန်းဇော်ဟန်
(ယခင် ဗိုလ်မှူးချူပ်ဟောင်း ) ညည် ယာယီ ထိန်းသိမ်း ခံထားရကြောင်း
စည်ပင်သာယာ ရုံးမှ နီးစပ်သူတစ်ဦး၏ အပြောစကား အရ သိရသည်...
" ဖမ်းတာမျိုး ဘာမျိုးတော့ မဟုတ်ဘူး ပေါ့ဗျာ...ယာယီလေး အကျယ်ချုပ်
သဘောမျိုး ပါပဲ
သူက လည်းမဟုတ်တာလုပ်တာတွေ များနေတယ် လေ ..ဘယ်လိုဖြစ်မလဲ ဆိုတာက တော့
စောင့်ကြည့် ရမှာပေါ့ဗျာ " ဟု ထိုသူက ပင် ဆက်လက်ပြော ဆိုသွားသည်....
"မန်းတလေး မြို့တွင်းမှာ လည်း သူ့အိမ်တွေက များသားဗျ
..တိုက်ပေါင်း အလုံး 100 နီးပါး
လောက်ရှိမယ် ထင်တာပဲ .အခုဟာ ကလည်း သက်သေတွေ ဘာတွေ ပြည့်စုံ သွားလို့
ယာယီ ထိန်းသိမ်း ခံထားရတာ ဖြစ်လောက်တယ် " ဟု ကျွမ်းကျင်သူ တစ်ဦးက
သုံးသပ်ပြောဆိုသွားသည်
မြို့တော်ဝန် ဦးဖုန်းဇော်ဟန် သည် မကြာသေးမီ ကာလ အတွင်းက
လည်းပစ်စာ တစ်စောင်ကြောင့် အဖွဲ့ အစည်း/ အသင်းအဖွဲ့ တစ်ခု မှ
တာဝန်ရှိသူများ အားလုံးကို ၄င်းနှင့် မသက်ဆိုင်ဘဲ စစ်ဆေးခဲ့ သေး သည် ဟု
အဆို ပါ စည်ပင်အခွန်ငှာန မှ အတွင်းလူ တစ်ဦး ၏ ပြောစကား အရ
သိရှိရသည်......
" ဘယ်လိုဖြစ်တာလဲတော့ ကျနော်လဲ တိတိကျကျ မသိဘူးဗျ... ငှာနက
ငှာနမှူးတွေက တော့
ပျာယာခတ်ပြီး စစ်ဆေးမေးမြန်းနေတာ ကိုတွေ့ရတာပဲ စုံခုံ သဘောမျိုးပဲ ဗျ
.....နည်းနည်း သိနိုင်တဲ့
လူကို စုံစမ်းကြည့်တော့ ပစ်စာလို့ သိရတယ် ဗျ .....သူ(မြို့တော်ဝန်) က
စစ်ဆိုလို့ စစ်ဆေးမေးမြန်း
ရတယ်လို့ ပြောတာပါပဲ ဗျာ " အဆိုပါ အတွင်းလူမှ ပြောဆိုသွားပါသည်..။.
နှစ်စဉ် နှစ်တိုင်း (သင်္ကြန်က လတွင်) Bonus သဘောမျိုး စည်ပင်သာယာ
မှ ငှာနမှူး များသည် တစ်နှစ် လျှင် 15 သိန်း နှင့် သိန်း 30 ကြား ရရှိကြ
သည်ဟု သိရှိရသည်...........
" ခုလောလော ဆယ် တော့ ဘယ်လိုဖြစ်တာလဲ ဆိုတာ
စောင့်ကြည့်ရဦးမှာပဲ ဗျ အချက်အလက်/
သက်သေ အထောက်အထား ပြည့်စုံတယ်ဆိုရင် တော့ ဂျောင်း.......ဂျောင်း
ဂျာလကိဂျောင်း ပေါ့ဗျာ ...
သက်သေ အထောက်အထား မပြနိုင်ရင်တော့ သတိပေးတဲ့ အဆင့်ပေါ့ဗျာ....ကြားသိရတာတစ်ခုက တော့
ခိုင်မာတယ် ဗျ ..အဲဒါဘာလဲဆိုတော့ ....သူနဲ့ ဗိုလ်ချုပ်တင်ငွေ (ယခုရာထူးမှ
အနားပေးခံရသူ) က ပူးပေါင်း
ပြီးလုပ်ကြတာလို့ သူတို့နဲ့ ပတ်သက်နေတဲ့ စီးပွါးရေး လုပ်ငန်းရှင်တစ်ဦးက
ပြောသွားခဲ့တာဗျ " ဟု အစိုးရ
ရုံးမှ အတွင်းလူ တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်..........
မန်းကိုကိုကျော်...မန်းတလေးသား.........
အချက်ပေးသံချောင်း
ခုတလော ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးဆိုတဲ့ အသံတစ်ခု နဲနဲ ထွက်လာနေပါတယ်..
သမ္မတကြီးဦးသိန်းစိန်ကစလိုက်ြ့ပီး ဒေါက်တာဦးမြင့် တို့ ပညာရှင်တွေစာတမ်းတွေဖတ်လိုက်ကြပါတယ်.. ကမ္ဘာမှာတော့ ဒီ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ဆိုတဲ့ခေါင်းစဉ်က နဲနဲတောင်ကြာနေပါပြီ.. Micro Finance စလုပ်ပြလိုက်တဲ့ မိုဟာမက်ယူနွစ် တို့ အကြီးအကျယ်အောင်မြင် ကမ္ဘာကျော်သွားပါတယ်.. ကိုယ်တိုင် ဘောဂဗေဒပညာရှင်.. တကယ်လည်း ဘ၀နှစ်ပြီး စိတ်ပါလက်ပါ အားထည့်လုပ်ခဲ့တာဖြစ်လို့ပါ.. ကျနော်တို့ဆီမှာတော့ သမ္မတကြီးက တစ်ချက်ပြောလိုက်တယ်.. ဘာမှန်းညာမှန်းမသိဘဲ စွတ်လုပ်တဲ့ အကျင့်ကစွဲနေတော့.. ဟိုတလောက ကြက်ဆူပင်စိုက်လို့ အပေါ်ကပြောလိုက်တာနဲ့..ဖားပြီး တစ်တိုင်းပြည်လုံးဝိုင်းလုပ်ကြ.. ငွေတွေကောက်ကြ.. လုပ်လိုက်ကြတာ.. ခုတော့ ဘယ်မလဲ..ကြက်ဆူပင်စိုက်ခင်းလိုက်စစ်တဲ့ ဗိုလ်ချုပ်ကြီးတွေ.. တိုင်းမှူးတွေ..ကစထမှူးတွေ... ကြက်ပျောက်ငှက်ပျောက်ပဲမို့လား... ကုန်လိုက်တဲ့ငွေတွေ.. လုပ်အားတွေ..မြေနေရာတွေ.. တန်ဘိုးရှိတဲ့ အပင်စိုက်လို့ရတဲ့မြေတွေ..ဘာမဟုတ်တဲ့ ကြက်ဆူပင်တွေ မင်းမူနေတာ..တစ်တိုင်းပြည်လုံးအနှံ့ပါ.. မှားသလားမှန်သလား..ခု နှစ်အနဲငယ်ကြာတဲ့အခါ..မှတ်ကျောက်တင်နိုင်ပါပြီ.. အာဏာရှင်များ.. ....ခုလဲ အဲဒီလိုပါပဲ.. ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလို့ အပေါ်ကတစ်ချက်အော်လိုက်တာနဲ့.. အောက်ခြေမှာ စွတ်တင်တဲ့ဇာတ်လမ်းတော့စလာပါပြီ .. ဘယ်လိုလဲဆိုတော့ သတ္တုတွင်း ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းထိုက် ကစတာပါ..သူတက်လာတဲ့ မဲဆန္ဒနယ်တွေမှာ.. မြို့နယ်တွေ စက်မှုဇုန်တွေ လူစုခိုင်း.. တစ်နေရာကို သိန်း၂၀၀၀-၃၀၀၀ ထည့်ခိုင်းတာပါ.. သူ့အပြောကတော့ သူက ၀န်ကြီးဆိုတော့ ကျောက်မျက်သမားတွေ.. mining သမားတွေကငွေပေါတယ်ပေါ့လေ.. ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက်..သူစည်းရုံးလိုက်တော့.. ရန်ကုန် မဲဆန္ဒနယ်က သိန်း ၁၀၀၀ ကောက်လို့ရရင် ဒီ ကျောက်မျက်သမားတွေက သိန်း၃၀၀၀ ထည့်ပေးမယ်ပေါ့.. ရတဲ့ငွေတွေကို ဆင်းရဲသားတွေ အတိုးနဲနဲနဲ့ ချေးမယ်ပေါ့.. အစကတော့ အပေါ်ကမူဝါဒပိုင်းအရ လုပ်နေတာပဲလို့ထင်မိပါတယ်..နောက် သေချာမေးကြည့်တော့..အခြားဘယ်ဝန် ကြီးမှ သူ့လိုမလုပ်ဘူး..သူတစ်ယောက်ထဲ Hero လုပ်ပြီးထလုပ်နေတာ တွေ့ရပါတယ်.. အပေါ်က အစိုးရအဖွဲ့တို့ လွှတ်တော်တို့ ဘာတစ်ခုမှ .. approve မလုပ်ရသေးဘဲ..စွတ် တင်နေတာပါ.. အောက်ခြေက မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ခရိုင်တို့ကလည်း .. သူခိုင်းတာမဖြစ်ရင်..ချက်ခြင်းထွက်ကြ..အိပ်ယာလိပ်ပြင်ဆိုတဲ့..တစ်ချက်လွှတ်အမိန့်ကြောင့်..ကြောက်ပြီး သူရှာခိုင်းတဲ့ ငွေအမြောက်အများကို ရအောင်.. နည်းမျိုးစုံနဲ့ ချော့လိုက်..ခြောက်လိုက်လုပ်ပြီး.. ရှာနေကြတယ်လို့သိရပါတယ်.. သေချာမေးကြည့်တော့..ဒီငွေတွေ ရတော့..ဘယ်လို plan တွေ project တွေဆွဲပြီး ..လုပ်မှာလည်းဆိုတာလည်း ရေရေရာရာ ဘာမှ မရှိပါဘူး.. မြို့နယ်..ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် .. ဆင်းရဲသားတွေကို ( ဘာ သတ်မှတ်ချက်..ဘာ စည်းကမ်းချက်ရယ် မပြော ဘဲ) ထုတ်ချေးမယ်ဆိုပါတယ်.. အားလုံး ကတော့ ဒီငွေတွေ.. အောက်ခြေမှာ ချဲထိုး ဘောလုံးပွဲလောင်း အရက်သောက် စတာတွေနဲ့ပဲ ..ေ၇ထဲလွှင့်ပစ်တာကမှ ..အသံမြည်အုံးမယ်လို့ မှတ်ချက်ချနေကြတာပါ.. ကျနော်မေးချင်တာက.. ဒီခေတ်မှာ ၀န်ကြီးတစ်ယောက်က ခုလို..ခေါင်းစဉ်တစ်ခုတင်ပြီး ငွေသိန်းပေါင်းများစွာ ကောက်ခိုင်းတာ..လုပ်ချင်တိုင်းလုပ်နေတာ..အားလုံးကထိုင်ကြည့်နြေ ကသလား..( မြို့နယ်အတော်များများမှာ ငွေတွေကောက်ပြီးနေပါပြီ.. ) ဒီမဲဆန္ဒနယ် ဒဂုံဆိပ်ကမ်းမြီု့နယ်က အခြားလွှတ်တော်ကိုယ်စားလှယ် ဒါမှမဟုတ်.. မဲဆန္ဒရှင်တွေ ဒီတိုင်းငုံ့ခံနေကြမလားဆိုတာပါ.. ဒီ ခေါင်းစဉ် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ဆိုတာ.. အာဏာနဲ့ ငွေကောက်ပြီး ဘာ အစီအမံ အကွပ်အကဲ planning မပါဘဲ .. ကြက်ဆူပင်စိုက်သလို လူကြားကောင်းယုံ လုပ်လို့ရတာမဟုတ်ပါ.. ဒါမျိုးကို နှစ်ပေါင်းများစွာ ဇောက်ချလုပ်လာတဲ့ NGO တွေ INGO တွေတောင်.. မနဲချိန်ဆပြီး .. လုပ်ကြရတာပါ.. ဒီဗိုလ်ချုပ်တစ်ယောက်အရူးထတာကို ကြောက်ပြီး ..လူတွေလိုက်မယောင်ကြဘို့.. အချိန်မီတားလို့ရသေးရင် ..တားကြဘို့ ဟန့်ကြဘို့.. အချက်ပေးသံချောင်းခေါက်လိုက်ကြောင်းပါ...
မြန်မာပြည်သူအားလုံး..အကြောက်တရားကင်းဝေးနိုင်ကြပါစေ..
စောနောင်
၆.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

6 August 2011 Yeyintnge's diary.doc
182K View Download

6 August 2011 Yeyintnge's diary.odt
78K Download

6 August 2011 Yeyintnge's diary.pdf
123K View Download
http://www.mediafire.com/file/f69e1dtesebcumb/6%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/owiee7ope4xmcrp/6%20August%202011%20Yeyintnge%27s%20diary.pdf
6 August 2011 Yeyintnge's Diary