ဒေါက်တာသိန်းဝင်း
လေးစားရတဲ့သောတရှင်များရှင်
ဒီလိုအချိန်ဆိုရင် မန္တလေးမုံရွာလမ်းတလျှောက် တမာပန်းရနံ့တွေ သင်းပျံ့နေရော့မယ်။ တမာနဲ့ အညာဆိုတာ ခွဲမရပါဘူး။ လူတဖက်စာရှိတဲ့ တမာပင်က တမာပန်းတွေမွှေးပုံက စူးစူးရဲရဲလဲမဟုတ်ဘူး။ အညတရပန်းပေမယ့် သင်းသင်းပျံ့ပျံ့နဲ့ လူကိုအမောပြေအောင် လုပ်ထားတဲ့ သင်းရနံ့မျိုး။ အဲ့ဒီတမာပန်းတွေလို မထင်မရှားနဲ့ လောကကောင်းကျိုး သယ်ပိုးတဲ့ နိုင်ငံရေးသမားတွေနဲ့ တူတယ်လို့ ကျမခံစားမိတယ်။ ဒါကြောင့် တမာပန်းရဲ့ ဘ၀လမ်းဆိုပြီး ၀ထ္တုတစ်ပုဒ်ကျမရေးခဲ့တာပါ။
ကျမတို့ ကလေးအကျဉ်းကျ မိသားစုတွေကို တမာပန်းတွေလို ဘ၀အမောတွေပြေအောင် ကူညီစောင့်ရှောက်ပေးတဲ့ ကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း ကွယ်လွန်တာ မတ်လ ၁၅ ရက်နေ့ဆိုရင် သုံးနှစ်ပြည့်ပါပြီ။ ကျမတို့အားလုံးက ဒေါက်တာသိန်းဝင်းကို ဆရာလို့ခေါ်ပါတယ်။ ၁၉၉၈ မှာ ကျမ ကလေးမြို့ကို ရောက်တဲ့အချိန် ဆရာ သူ့အိမ်မှာ မရှိပါဘူး။ ထောက်လှမ်းရေးမှာ ခေါ်ယူထိမ်းသိမ်းထားတဲ့အချိန်ပါ။ အဖွဲ့ချုပ် မြို့နယ်စည်း အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်အားလုံးကို ရန်ကုန်မြို့မှာဆို ရဲမွန်ကို ခေါ်ယူထိမ်းသိမ်းထားချိန်ပါ။
ဆရာမရှိပေမယ့် ဆရာ့ဇနီး ဒေါ်ကြည်ကြည်မြင့်က ကျမတို့ကို သူတို့အိမ်ကနေ တည်းခိုနေထိုင်စားသောက်ပြီးမှ ထောင်ဝင်စာတွေ့ဖို့ပြောပါတယ်။ ကျမတို့ကို ဒီလို လိုလိုလားလား ၀မ်းမြောက်ဝမ်းသာ ခေါ်ယူစောင့်ရှောက်တဲ့ ဆရာနဲ့ ဒေါ်ကြည်ကြည်မြင့်ကို အထူး ကျေးဇူးတင်ရပါတယ်။ အဲဒီအချိန် ICRC မရှိသေးပါဘူး။ တည်းခိုခန်းခ၊ နေ့စဉ်စားစရိတ် မပူရတော့ဘဲ ရန်ကုန်ကလေးလမ်းစရိတ်ပဲ ပူရတယ်။ ကျမတို့ဘ၀လုံခြုံမှူကလည်း သိပ်ကို အရေးကြီးပါတယ်။ ပြည်သူလူထုကမှ ကိုယ့်ကို အကာအကွယ်ပေးတာဆိုတဲ့ အဘွားဒေါ်ကြည်ကြည်ရဲ့ စကားသိပ်ကိုမှန်ပါတယ်။ ကျမတို့ကလေးအကျဉ်းကျမိသားစုကို ကလေးမြို့ပြည်သူလူထုက စောင့်ရှောက်ခဲ့ပါတယ်။
ဆရာအဖမ်းခံရတဲ့အချိန်မှာ ဆရာတို့မှီခိုနေရတဲ့ဆေးခန်းကို ပိတ်ထားရပါတယ်။ ဒေါ်ကြည်ကြည်မြင့်က ထီရောင်းပြီး အိမ်စရိတ်ရှာခဲ့ရပါတယ်။ ဒေါ်ကြည်ကြည်မြင့်ဖခင်က ဆရာလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အချိန်မှာ ကြည်ကြည် နင့်ယောက်ျား နိုင်ငံရေးလောကထဲကို ရောက်သွားပြီ၊ ကိုယ့်ဖာသာ ရှာဖွေစားသောက်နိုင်အောင်လုပ်ဆိုပြီး ထီဆိုင်ထောင်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါကြောင့်လည်း ဆရာ ခဏခဏအဖမ်းခံရတိုင်း ဒေါ်ကြည်ကြည်မြင့် တယောက် အိုးမကွာ အိမ်မကွာ စီးပွားရှာနိုင်ခဲ့ပါတယ်။ ကျမတို့ အကျဉ်းကျ မိသားစု ဘယ်နှစ်ဦးတည်းတည်း မငြိုမငြင် ချစ်ချစ်ခင်ခင် ကြိုဆိုပါတယ်။ ဆရာလွတ်လာတော့ ကျမကို ဆရာက သတင်းစကားပါးပါတယ်။ သတင်းစာထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အဖွဲ့တွေ အဖွဲ့ချုပ်မြို့နယ်စည်းတွေ၊ အဖွဲ့ဝင်တွေ နုတ်ထွက်တဲ့ စာရင်းတွေပါနေချိန်လည်းဖြစ်ပါတယ်။ ကျနော်တို့ခေါင်းဆောင်တွေနဲ့ မိတ်ဆွေရဲဘော်တွေကိုပြောလိုက်ပါ။ ကျနော်သူများလို ရှေ့ကမပြေးနိုင်ပေမယ့် ရှိတဲ့နေရာမှာတော့ မြဲအောင်ရပ်ပါ့မယ်တဲ့။
ဆရာ့ကို ထောက်လှမ်းရေးတပ်ထဲမှာ နှစ်ချီးပြီး ဖမ်းထာပါတယ်။ နည်းအမျိုးမျိုး နဲ့စည်းရုံးပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ဖို့ ဖိအားပေးခံရပါတယ်။ ဆရာကတော့ သူ့ယုံကြည့်ချက်ကို မစွန့်လွှတ်ပဲ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ နောက်ဆုံးအချိန်အထိ ရပ်တည်သွားခဲ့ပါတယ်။ ဆရာကပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ ကလေးတွေကို ချစ်ခင်တယ်။ အမှန်တရားကို မြတ်နိုးပြီး လူတွေကို တန်ဖိုးထားသူပါ။ သူ့ကို ဘယ်အချိန်ဆေးကုဖို့လာခေါ်ခေါ် တောရွာတွေ အထိ လိုက်သွားပါတယ်။ ဆေးဖို့မရှိလို့ နောက်မှ ပေးပါရစေဆိုလည်း ဆရာက လက်ကာပြတယ်။ လူနာကို သက်သာအောင် အရင်ဆေးကုတယ်။ စကားအပိုမပြောပဲ လူနာကို စေတနာထားပါတယ်။ ထောက်လှမ်းရေးမိသားစုက ကလေးတွေ နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းမသွားနိုင်ရင် ဆရာက ဆေးကုသပေးပါတယ်။ ဒါကြောင့် ငွေကြေးချို့တဲ့တဲ့ထောက်လှမ်းရေးမိသားစုက ဆရာ့ကို ကျေးဇူးတင်ကြတယ်။ အထက်လူကြီးက ဆရာ့ကို ဖမ်းခိုင်းလို့လာဖမ်းရရင် ဆရာရယ် ကျနော်တို့မျက်နှာပူပါတယ်၊ ခွင့်လွတ်ပါလို့ပြောရင် ဆရာက သူ့ဟန်အတိုင်း ပြုံးပြုံးလေးနဲ့ပြန်ပြောတယ်။ တာဝန်အရလုပ်ပါ ကျနော့ကိုအားမနာနဲ့တဲ့။ ဒီအတွက် ဆရာက ခံစားရပုံမပေါ်ပါဘူး။
ကျမကိုလည်း ဆရာက အမြဲအမှတ်ရစေမယ့် စကားမျိုးပြောဖူးတယ်။ မသန္တာ ကိုယ်ကကူညီတဲ့အခါမှာ ဘာမှမမျှော်လင့်နဲ့တဲ့။ ဒီတော့ ကိုယ့်ကို ဘယ်လိုပဲ တုန့်ပြန်တုန့်ပြန် ကိုယ်မခံစားရတော့ဘူးတဲ့။ ဆရာ့မှာ အမှတ်ရစရာတွေအများကြီးပါ။ ကလေးမြို့အကျဉ်းထောင်ထဲမှာ ကိုခင်အောင်မြင့်ဆုံးတော့ ဆရာအရင်ဆုံးသိရပါတယ်။ ဆရာ့မိတ်ဆွေက လူမမာမေး ဆေးရုံသွားရင်းနဲ့ ဆေးရုံဂိတ်ဝဒ်မှာ နိုင်ငံရေးသမား ကိုခင်အောင်မြင့် ခုလေးတင်ဆုံးသွားတယ်ကြားလို့ ခုလေးတင်လာပြောတာပါတဲ့။. ထောင်ကို ဖုန်းဆက်တော့ ထောင်က ဘာမှ မတုန့်ပြန်ပါဘူး။ ဆေးရုံကို ကျမတို့သွားတော့ ကိုခင်မောင်မြင့် သေဆုံးကစ အတိုင်းပဲ တွေ့ရပါသေးတယ်။ ကျမကို ဆရာက သူ့မိသားစုကို ဘယ်လိုအကြောင်းကြားမလဲလို့မေးပါတယ်။ ကျမက ကိုခင်မောင်မြင့်အတွက် ထောင်ဝင်စာကို သူ့အိမ်မှာ သွားယူပေးနေကျပါ။ နောက်ပြီး ကျမမောင် အငယ်ဆုံးကိုလည်း ယူခိုင်းတတ်တာမို့ အိမ်သိနေပြီ။ ဒါကြောင့် ကလေးမြို့ကနေ ကျမမောင်လေးကို ဖုန်းဆက်ပြီး ခုည ချက်ချင်း ကိုခင်မောင်မြင့်အိမ်သွား၊ ကိုခင်မောင်မြင့် ဆုံးတဲ့အကြောင်းပြော၊ မနက်ဖြန်လေယာဉ်လက်မှတ် ၀ယ်နိုင်အောင်လုပ်၊ နောက်ရက်လေယာဉ်မရှိဘူး။ လေယာဉ်လက်မှတ်ရအောင်ကြိုးစားဆိုပြီး ချက်ချင်းလိုက်ခဲ့လို့ပြောလို့ အသာမှာ ရှိတဲ့ ကိုခင်မောင်မြင့်အိမ်ကို သွားပြောခိုင်းပါတယ်။
ကလေးမြို့ထောက်လှမ်းရေးက ရန်ကုန်ကို အကြောင်းမကြားသေးခင် ကိုခင်မောင်မြင့် မိသားစုက အဖွဲ့ချုပ်ရုံးကို အကြောင်းကြား။ ထောက်လှမ်းရေးကို အကြောင်းကြား။ လေယာဉ်လက်မှတ်ရဖို့ ကြိုးစားပြီး သူတို့ကိုယ်တိုင် သဂြိုလ်ချင်တဲ့အကြောင်း အတိုက်အခံပြောကြပါတယ်။ မိသားစုမျက်ကွယ်၊ လူမသိ သူမသိ သဂြိုလ်လိုက်ဖို့ မဖြစ်နိုင်တော့ ထောက်လှမ်းရေးက မျက်မာန်ရှ ငြိုငြင်ကြပါတော့တယ်။ ဒီတော့ ကလေးမြို့ထောက်လှမ်းရေးက ဒီသတင်းကို ကျမပို့တာလို့ တထစ်ချ ယုံကြည်ထားတာမို့ ဆရားအိမ်ကိုလာပြီး မသန္တာကို မေးစရာရှိလို့လို့ပြောပါတယ်။ ကလေးမြို့ထောက်လှမ်းရေး ဗိုလ်ကြီးဌေးဦးကိုတိုင်လာခဲ့တာပါ။ မသန္တာ ခင်များ ကိုခင်မောင်မြင့် သတင်းကို ရန်ကုန်ပို့လိုက်တာမဟုတ်လား၊ မှန်မှန်ဖြေလို့ စစ်ကြောရေးဝင်လိုက်တယ်။ ကိုခင်မောင်မြင့် မိသားစုကို အကြောင်းကြားတာကျနော်ပဲ။ ကျနော်က ကလေးမြို့လွှတ်တော်ကိုယ်စားလှယ်။ ဒါကြောင့် ကျနော့်မှာ တာဝန်ရှိတယ်လို့ ၀င်ရောက်ဖြေရှင်းလိုက်ပါတယ်။
သောတရှင်များရှင်
ကျမတို့လူ့အဖွဲ့အစည်းမှာ အယူသည်းမှူများရှိပါတယ်။ ဒီထဲကမှ နာရေးဆိုရင် ဝေးဝေးက ရှောင်ချင်ကြပါတယ်။ ဆရာကတော့ လူတယောက်ရဲ့ ဒုက္ခကိုမြင်ရင် ကြင်နာသနားတတ်တဲ့ လူတယောက်မို့ ဧည့်သည်နာရေးကို အိမ်ရှင်အဖြစ် သူ့အိမ်မှာ လုပ်လိုက်ပါတော့တယ်။ ဆရာက တကယ့်ကို တရားသဘောနဲ့ နိုင်ငံရေးအသိနဲ့ ကိုခင်မောင်မြင့် ဈာပနကို တင့်တင့်တယ်တယ် ဖြစ်အောင်ဆောင်ရွက်ပေးပါတယ်။
ထို့အတူပါပဲ။ ကိုခင်မောင်မြင့် ဈာပနကို ကြေးစည်မတည်းရ။ စပီကာ မဖွင့်ရ။ လိုက်မပို့ရလို့ ထောက်လှမ်းရေးက အမိန့်ထုတ်ထားတဲ့ကြားထဲက ကလေးမြို့ လူထုက သနားဂရုနာစိတ်ဖြင့် လိုက်ပို့ပါတယ်။ အသုဘကိုတောင် ဖိနှိပ်ချုပ်ချယ်ရလားဆိုတဲ့ ကိုခင်မောင်မြင့် ဈာပနက ကလေးမြို့ရဲ့ ဓလေ့ထုံးစံကို ပထမဆုံး ချိုးဖောက်ခံခဲ့ရတာပါပဲ။ ထောက်လှမ်းရေးက အသုဘပို့သူတွေကို ဓာတ်ပုံရိုက်ပြီး ခြိမ်းခြောက်ပါတယ်။ ဆရာကတော့ ထောက်လှမ်းရေးတွေ တားစီးနေတဲ့ကြားထဲကပဲ မြေချ၊ သပိတ်သွတ် အစအဆုံးသူ့အိမ်မှာပဲ လုပ်သွားပါတယ်။ ကျမတို့ အကျဉ်းကျ မိသားစုတွေကို အာဏာပိုင်ရဲ့ ရန်ပြုခြိမ်းခြောက်မှူတွေရှိရင် သူတတ်နိုင်သလောက်ကာကွယ်တယ်။ စောင့်ရှောက်ပါတယ်။ သူတတ်နိုင်သမျှ ပံ့ပိုးပေးတယ်။ ကျမတို့ ကလေးအကျဉ်းကျ မိသားစုတွေအတွက် ဆရာတို့ မိသားစုက ကလေးမြို့ရဲ့ ICRC ပါပဲ။
၂၀၀၅ ခု ဇူလိုင် ၆ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားတော်တော်များများ ထောင်က ထောင်က လွတ်မြောက်ခဲ့ပါတယ်။ ကလေးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၇ ဦးလွတ်မြောက်လာတော့ ဆရာနဲ့အတူ အဖွဲ့ချုပ်အစည်းအဝေး၀င်တွေ ကြိုဆိုဖို့သွားရောက် ပေမယ့် အာဏာပိုင်က ခွင့်မပြုခဲ့ပါဘူး… လမ်းစရိတ်မပေးပဲ ၀ရမ်းသာပေးလိုက်တဲ့ အာဏာပိုင်များကို ဆရာက ကျနော်တို့ လမ်းစရိတ်ပေးချင်တယ်။ ဒါကိုတော့ ခွင့်ပြုရမယ်လို့ အတိုက်အခံပြောခဲ့ပါတယ်။ ကလေး၊ ကလေးဝ၊ တမူး လမ်းခွဲဖြစ်တဲ့ ကျီကုန်းရွာက စောင့်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို လမ်းစရိတ်၊ စားစရိတ်ထောက်ပံ့ပေးခဲ့ပါတယ်။
၂၀၀၆ မတ်လမှာ ဆရာ့သည်းခြေအိတ်ကင်ဆာဖြစ်တော့ ကလေးမြို့ကနေ ရန်ကုန်ဆေးရုံကြီးကို ဆေးကိုသဖို့ ဆရာရောက်လာခဲ့ပါတယ်။ ကျမတို့ရဲဘောအားလုံး ဆရာ့ကို ပြုစုစောင့်ရှောက်ဖို့ အလှည့်ကျတာဝန်ယူကြပါတယ်။ ခွဲခန်းဝင်မယ့်နေ့က မှတ်မှတ်ရရတွေ့ဆုံရတဲ့ အတိုက်အခံအကြာင်းလည်းပြောပြချင်ပါတယ်။ ဆရာ့အတွက်သွေးကို တောင်ဥက္ကလာ ဘုန်းကြီးကျောင်းက သံဃာတော်တွေ လှူပြီး သွေးလှူဘဏ်မှာ အပ်ထားရပါတယ်။ ခွဲမယ့်နေ့မနက်မှ သွေးလာယူဖို့ပြောပါတယ်။ ဒီတော့ ခွဲမယ့်နေ့မနက်မှာ ကျမတို့သွေးလှူဘဏ်ကို သွေးသွားယူပါတယ်။ ဆေးရုံကြီးတစ်ခုလုံး အစောင့်အကြပ်တွေနဲ့ ဘယ်သူမှ ဖြတ်သန်းသွားလာလို့မရဘူးလို့ စစ်ဗိုလ်တွေကပြောပါတယ်။ ကျမတို့ကလည်း ခွဲစိတ်ခန်းဝင်မယ့်လူနာအတွက် သွေးယူဖို့အရေးကြီးလို့ပါလို့ပြောပေမယ့် ခွင့်မပေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့လာမှာမို့ လုံခြုံရေးယူထားတယ်လို့ပြောပါတယ်။ သူတို့သားကားတိုက်မှူ ဖြစ်လို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်က သူတို့အသက်လောက်ပဲ အသက်ထင်ပြီး ကျန်တဲ့ထောင်ပေါင်းများစွာသော လူနာတွေရဲ့ အသက်ကို မငဲ့ကွက်မှူ က ခံပြင်းနာကြည်းစရာပါ။
ဆရာ့ကို ခွဲစိတ်တာ မအောင်မြင်ခဲ့ပါဘူး။ ဆရာက ဆေးရုံပေါ်မှာ သူ့ရဲ့နောက်ဆုံးအချိန်ကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားပါတယ်။ ကျမကို သူပြောတဲ့ စကားတွေထဲမှာ သူ့ရဲ့ ဆရာဝန် သက်တမ်းတလျောက် အကြမ်းဖျင်းတွက်ကြည့်ရင် လူနာ သုံးသိန်းလောက် သူကုနိုင်ခဲ့တယ်။ ဒီအတွက်သူကျေနပ်တယ်။ လောကကြီးမှာ နာမှာ၊ သေမှာ၊ ဆင်းရဲမှာ လူတိုင်းကြောက်ကြပေမယ့် မရှောင်မလွှဲသာ လူတိုင်းရင်ဆိုင်ရမှာပဲ။ ဘယ်လိုရင်ဆိုင်ရမလဲ။ တချို့က ဘာသာရေးနဲ့ ရင်ဆိုင်တယ်။ တချို့က သူတို့ယုံကြည်တဲ့ အတွေးအခေါ်နဲ့ ရင်ဆိုင်ကြတယ်လို့ ပြောပါတယ်။ ဆရာကတော့ သူ့နောက်ဆုံးထွက်သက်အထိ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားခဲ့တာကို ကျမတို့ကြေကွဲစွာနဲ့ တသသပြောမဆုံး ဖြစ်ခဲ့ရပါတယ်။ အမှန်တရားအတွက်ကောင်းတာကို လုပ်ခဲ့တဲ့သူတွေဟာ သေရမှာကို မကြောက်ဘူးဆိုတာ ထပ်မံမော်ကွန်းထိုးလိုက်တာပါ။
ဆရာဆုံးတဲ့နေ့က မတ်လ ၁၅ ရက် နေ့။ တိုက်တိုက်ဆိုင်ဆိုင် သခင်ဇင့်နှစ်ပတ်လည်နေ့နဲ့ တိုက်နေပါတယ်။ သခင်ဇင့် နှစ်ပတ်လည်ကနေ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အားလုံး ဂျပန်ဆေးရုံကိုရောက်တဲ့အချိန်မှာ ဆရာ့ရဲ့နောက်ဆုံးထွက်သက်ကို မီရုံလေးပါ။ ဆရာဆုံးတော့ နေ့လည် ၂ နာရီ။ ဆရာ့ရုပ်ကလပ်ကို ဂျပန်ဆေးရုံ အအေးခန်းမှာ ထားဖို့ အအေးခန်းက ကျမတို့ လက်မှတ်ထိုး ငွေပေးပြီးတဲ့အချိန်။ ညနေလေးနာရီမှာ အာဏာပိုင်က ထားခွင့်မပြုနိုင်ဘူး၊ ရေဝေးကို ပို့ဖို့လာပြောတယ်။ နာရေးကူညီမှူအသင်းလည်း ရုံးပိတ်သွားပြီမို့ ဒီတည ထားခွင့်ပြုပါ။ ကျမတို့နောက်နေ့ရေဝေးကို ပို့ပါ့မယ်လို့ ဘယ်လိုပဲပြောပြော မရဘူးဖြစ်နေတယ်။ ဒီတော့ ကိုမင်းကိုနိုင်က ကိစ္စမရှိဘူး။ ဂျပန်ဆေးရုံကနေ လမ်းလျှောက်ပြီး ကျနော်တို့ တယောက်တလှည့် ပုခုံးနဲ့ထမ်းပြီး ရေဝေးပို့မယ့်လို့ပြောမှ အာဏာပိုင်က ကျမနဲ့အတူ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကို ဆေးရုံအုပ်ကြီး ရုံးခန်းကိုခေါ်တွေ့ပါတယ်။ ဒီတရက်ထားခွင့်ပြုမယ်။ မနက်ဖြန်ရေဝေးကို ပို့ရမယ်လို့ပြောပါတယ်။ ဆရာ့ဈာပနအခမ်းအနားလုပ်ဖို့၊ အသုဘအိမ်လုပ်ဖို့ ရဲရဲဝံ့ဝံ့ လက်ခံတဲ့ အိမ်ရှင်ကတော့ ဆရာကြီး ဦးတင့်လွင်နဲ့ အန်တီစန်းပါ။ ၂၀၀၆ ခုနှစ်မှာ NLD နဲ့ ၈၈ မျိုးဆက်တို့ ပူးပေါင်းလုပ်ဆောင်သွားခဲ့တာ ဆရာ့ဈာပနမှာ ပထမဆုံးပါပဲ ဒီလို စုပေါင်းစည်းလုံးတာကို စစ်အာဏာရှင်က မလိုလားပါဘူး။ ဆရာ့ဈာပန အပြီးမှာ ပြန်ဖို့ ကားပေါ်တက်ဖို့ပြင်တဲ့ ကိုမင်းကိုနိုင်ကို အာဏာပိုင်ဘက်ကလူတယောက် ၀င်ထိုးလိုက်ပါတယ်။ ဒါကိုမြင်လို့ပြေးလာကြတဲ့သူတွေကို ကိုမင်းကိုနိုင်က သက်သက်ပွဲပျက်အောင်လုပ်တာ၊ မဆူဆူအောင်ရန်စတာ၊ ဘာမှ ပြန်မလုပ်ကြပါနဲ့လို့တောင်း ပန်လိုက်တယ်။
ဆရာ့ဈာပနအတွက် လက်ကမ်းစာဆောင်လုပ်တော့ ကိုမင်းကိုနိုင်က ဆရာ့ပုံဆွဲပြီး ကဗျာတပုဒ်ရေးပါတယ်။ အဲ့ဒီကဗျာထဲမှာ မြို့ကလေးတော့ အဖမဲ့သွားပြီတဲ့။ ဟုတ်ကဲ့ပါ။ အမှန်တရားကို မြတ်နိုးတဲ့ ပြည်သူလူထုနဲ့ မိမိဒေသခဲ့ ပြည်သူတွေကို ချစ်ခင်လေးစား စောင့်ရှောက်တဲ့ ဆရာတယောက် ကလေးမြို့မှာ မရှိတော့ပါဘူး။ ကျမတို့ နက်နက်ရှိုင်းရှိုင်း ကြေကွဲဝမ်းနည်းခဲ့ရတယ်။
သောတရှင်များရှင်
လူတယောက်ဟာ သူဘာတွေလုပ်ခဲ့တယ်။ သူဘယ်လိုလူလဲဆိုတာ ဘ၀နိဂုံးအဆုံးသတ်တဲ့ အချိန်မှာ တကယ့်ရုပ်ပုံကို အမှန်အတိုင်း ကျန်တဲ့သူတွေက မြင်ရတာပါ။
မျှဝေခံစားနိုင်ကြပါစေ။
Wednesday, August 3, 2011
မြို့ကလေးတော့ အဖမဲ့သွားပြီတဲ့။ - ဒေါက်တာသိန်းဝင်း (အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်:ပြည်)
Ivanhoe received US $103 million from Burma's copper mines
Information release of Canadian Friends of Burma (CFOB) – August 3, 2011
OTTAWA - Vancouver-based Ivanhoe Mines has announced early today in its press release that it received US$103 million from Burma asset it held through Monywa Trust.
Ivanhoe owned a 50% operating interest in a joint venture with Burma's state-owned company and transferred its asset to a third party Monywa Trust in 2007. However, Ivanhoe still keeps tight-lip on revealing the name of company that acquired its asset in Burma.
According to the mouthpiece of Burma's regime The New Light of Myanmar, Chinese arm-manufacturing company Norinco reached a "Production Sharing Contract" with the state-owned Union of Myanmar Economic Holdings Ltd (UMEH) that covers the mining rights for Monywa copper mine.
CFOB is disturbed by reports of Norinco's involvement in the Monywa mine and recently urged Canada to immediately investigate the present status of Ivanhoe's Burmese assets and take punitive action against Ivanhoe if sanctions have been violated. Please see the relevant press release.
-30-
Media contact at 613-279-6835
----------------------------------------------------------------------
The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org
၃.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 August 2011 Yeyintnge's diary.doc
587K View Download

3 August 2011 Yeyintnge's diary.odt
278K Download

3 August 2011 Yeyintnge's diary.pdf
324K View Download
http://www.mediafire.com/file/v6l7nkf0xtnktii/3%20August%202011%20Yeyintnge%27s%20diary.pdf
3 August 2011 Yeyintnge's Diary
အဖွဲ့ချုပ် တရားဝင်ရပ်တည်ခွင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတင်တော့မည်
Published on August 3, 2011 by အံ့ဘုန်းမြတ်
ဒီသီတင်းပတ်ထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ တရားဝင် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ပေးပို့ဖို့ ပြင်ဆင်နေတာပါ။
ဗိုလ်ချုပ်များ ရာထူးဘာကြောင့် ပြုတ်

လက်ရှိ ရန်ကုန်မြို့တော်ဝန် သံအမတ်ကြီးဟောင်း ဗိုလ်မှူးချုပ်ဟောင်း ဦးလှမြင့်က မြို့တော်ဝန်အဖြစ် စတင် အာဏာ လွှဲယူချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စာရင်းဇယားများနှင့် ဘဏ္ဍာရေး ရှင်းတမ်းများအား စစ်ဆေး ခဲ့ကြောင်း၊ ထိုသို့စစ်ဆေးခဲ့ရာတွင် စာရင်းကွာဟမှုများနှင့် နိုင်ငံတော်ပိုင် မြေကွက်များကို အာဏာအလွဲသုံးစားပြု၍ ရောင်းစား ခဲ့သည်များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းကြောင့်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေထံ အကြောင်းကြားခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ရန် တင်ပြခဲ့ကြောင်း သိရသည်။
အထက်ပါ အမှုများကို စတင်စစ်ဆေးပြီးနောက် ပထမဦးဆုံးအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးအောင်သန်းဝင်းကို ရာထူးမှ အနားပေးလိုက်ပြီး အဆိုပါ မသမာမှုများတွင် ဗိုလ်ချုပ် တင်ငွေနှင့် ဗိုလ်မှူးချုပ်ထွန်းသန်းတို့လည်း ပါဝင်ပတ်သက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဦးမြင့်ဆွေက သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြရာ ဇွန်လတွင် ဗိုလ်မှူးချုပ်ထွန်းသန်း၊ ဇူလိုင်လတွင် ဗိုလ်ချုပ်တင်ငွေတို့ အသီးသီး ရာထူးမှ အနားပေးခံ ခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက ပြောသည်။
“မြို့တော်ဝန်သစ်က ဦးအောင်သိန်းလင်း လက်ထက်က ငွေအလွဲသုံးစားမှုတွေ စစ်ရင်းနဲ့ တနွယ်ငင် တစင်ပါဆိုသလို ဗိုလ်ချုပ် တင်ငွေနဲ့ ဗိုလ်မှူးချုပ်ထွန်းသန်းတို့ပါ ပတ်သက်နေတယ် ဆိုတာကို ထပ်တွေ့တယ်။ အဲဒီမှာ ဦးမြင့်ဆွေကလည်း ဒီပြဿနာကို သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီ တင်တယ်” ဟု သူက ဆိုသည်။
ယင်းအမှု၏ နောက်ဆက်တွဲအဖြစ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်သည် မြေယာဌာနမှူး အပါအ၀င် အရေးပါသော ဌာနမှူးနေရာ အများအပြားကို အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီး တချို့စည်ပင်ဌာနမှူးများကို ရာထူးမှ အနားပေးခဲ့သည်ဟု သိရသည်။
အမှတ် ၅ ကစထမှူး ဗိုလ်ချုပ်တင်ငွေနှင့် ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်း တို့သည် စည်ပင်ပိုင် မြေကွက် ၄၀ ထက် မနည်း ရောင်းချသော အမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ရောင်းချခဲ့သော မြေကွက်များ အားလုံးကို နိုင်ငံတော်ပိုင်အဖြစ် ပြန်လည်သိမ်းယူခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဆိုသည်။
ထို့အပြင် ဗိုလ်ချုပ်တင်ငွေသည် အလယ်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ယူစဉ်က ကျပ်သိန်း ထောင်ချီတန်သည့် မြေကွက်များအား ရောင်းစားခဲ့သည်ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရပြီး ဗိုလ်မှူးချုပ်ထွန်းသန်းသည်လည်း စစ်တပ်ရန်ပုံငွေများကို အလွဲသုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ရာထူးမရှိတော့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တွင် ရန်ကုန်တိုင်း တာဝန်ခံအဖြစ် တာဝန် ထမ်းဆောင်နေသော တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို ခေါ်ယူစစ်ဆေးမှုတချို့ ရှိခဲ့သော်လည်း တစုံတရာ အရေးယူခဲ့ခြင်း မရှိပေ။
ဦးအောင်သိန်းလင်းသည် ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော သူ၏တပည့် ဦးအောင်သန်းဝင်းကို ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပါတီတွင် ရာထူးတနေရာ ပေးပြီး ပြန်လည် ခေါ်ယူခဲ့သည်။
ယခုအခါ ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဗိုလ်မှူးချုပ်ဆန်းဦးသည် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ၏ သားတပည့်တဦး ဖြစ်သည်ဟု သိရှိရသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မြင့်စိုး၊ ဗိုလ်ချုပ်ခင်ဇော်ဦး၊ ဗိုလ်ချုပ်ကျော်ဖြိုး၊ ဗိုလ်မှူးချုပ်သန်းထွန်းဦး၊ ဗိုလ်မှူးချုပ်ခင်မောင်ဌေးတို့ကိုလည်း အာဏာအလွဲသုံးစားမှုနှင့် လာဘ်ပေးလာဘ်ယူ မှုများ ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိ ခေါ်ယူစစ်ဆေးလျက်ပြီး စစ်တပ်အတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့ ထပ်မံ အနားပေးခံရဖွယ် ရှိကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်တွင် ပြောဆိုနေသည်။
http://www.irrawaddy.org/bur/index.php/news/6979-2011-08-03-06-32-03