ယမန်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်အတွင်း မြန်မာအစိုးရ ၀န်ကြီး ဦးအောင်ကြည် ရုတ်တရက် နှလုံးအောင့်သော ဝေဒနာ ဖြစ်ပေါ်ခံစားရကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ "အတွင်းအား" ကို မခံနိုင်သောကြောင့် ယခုကဲ့သို့ ဦးအောင်ကြည် ရင်ဘတ် အောင့်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ဝေဒနာ ပြင်းထန် လွန်းသောကြောင့် ၀န်ကြီး ဦးအောင်ကြည်မှာ ရင်ဘတ်ကို လက်ဖြင့် ဖိထားရပြီး မျက်နှာမှာလည်း ရှုံ့မဲ့နေသည်။
"ဒေါ်စုရဲ့ အတွင်းအားက အတော်ပြင်းတယ်ဗျ။ ကျွန်တော့် ပါဝါလောက်နဲ့ မခံနိုင်ဘူး။ ရင်ဘတ်တော်တော် အောင့်သွားတယ်။ စူးပြီး အောင့်တာ" ဟု တွေ့ဆုံမှု အပြီးတွင် သတင်းထောက်များကို ဦးအောင်ကြည်က ပြောသည်။ "ဒီပုံစံ အတိုင်းဆိုရင် နှလုံးစက် တပ်ထားတဲ့ သမ္မတကြီး အနေနဲ့ တွေ့ဖို့ အဆင်သင့် ဖြစ်ဦးမယ် မထင်ဘူး" ဟု ၄င်းက ဆက်လက် ပြောကြားသွားသည်။
Shin Goun Gwep (face book) မှ...
Tuesday, July 26, 2011
ဝန်ကြီး ဦးအောင်ကြည် နှလုံးအောင့်ခြင်း ဝေဒနာ ခံစားရ
အာဇာနည်တွေကိုကန်တော့တဲ့အမေစု...
Canada re-establishes diplomatic links with Burma
Economic sanctions remain as limited progress on human rights motivates renewed dialogue
The Canadian Press
Posted: Jul 25, 2011 9:53 AM ET
Foreign Affairs Minister John Baird, third from right in front row, met with Burmese Foreign Minister Wunna Maung Lwin, second from left in top row, at the ASEAN foreign ministers meeting in Bali, Indonesia, July 23, 2011. (Saul Loeb, Associated Press/Pool) Beginning of Story Content
Canada has begun a strategic engagement with Burma, also known as Myanmar, that includes an exchange of ambassadors, but Ottawa has no plans to lift the economic sanctions imposed against the country anytime soon, Foreign Affairs Minister John Baird said Saturday.Baird, speaking from Bali, Indonesia, where he attended a regional security forum this week, said the "limited engagement" was focused exclusively on human rights.
He said he raised the issue during a meeting with the Burmese foreign minister in Bali and that he had urged the government to release thousands of political prisoners from jail.
Canada imposed economic sanctions against Burma, also known as Myanmar, in 2007 because of its complete disregard for human rights.
Myanmar held elections late last year, officially handing power to a civilian administration after a half-century of military rule.
Pro-democracy leader Aung San Suu Kyi was released from house arrest. But many see the changes as cosmetic and believe the army will continue to hold sway.
"I underlined the significance concern that the government of Canada and Canadians have with Aung San Suu Kyi's ability to be mobile in the country and highlighted the ongoing concerns about her safety and her security," Baird said.
The minister also held talks with his Australian and New Zealand counterparts.
The three foreign ministers reaffirmed the long-standing relations between their countries and committed to enhanced co-operation across the full range of international challenges.
"I raised the human rights situations in Burma and North Korea with my counterparts," Baird said.
"We also looked at human smuggling and illegal migration and reaffirmed that we remain committed to combatting these and other abuses of our respective immigration systems."
http://www.cbc.ca/news/politics/story/2011/07/25/pol-myanmar-baird.html#.Ti7VsOoqtmE.facebook
“ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး” ဆိုတဲ့ လက်သီးဆုပ်"
သူငယ်ချင်းထံ ပေးစာ
ဘူးသီးထောင်အကျဉ်းထောင်
ရခိုင်ပြည်နယ်
၂၆၊ ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်။
သူငယ်ချင်းမောင်ဌေးကြွယ်
မနေ့  နေ့ လည်ခင်းက ရန်ကုန်မြို့ ၊ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  အစိုးရရဲ့ 
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့  တွေ့ ဆုံစကားပြောကြတယ်သူငယ်ချင်း။ သူတို့ နှစ်ယောက် လူသိ
ရှင်ကြား တွေ့ ကြတော့မယ်လို့  သိရတဲ့အခါ မင်းကို ပြေးသတိရမိတယ်ကွာ။ မင်း ယောက်ဖတော်
ဖြိုးမင်းသိန်းနဲ့  ဘူးသီးတောင်အကျဉ်းစခန်းကနေ ပါးလိုက်တဲ့ သူငယ်ချင်းရဲ့  သ၀ဏ်လွှာကိုလည်း ဧရာဝတီ
သတင်းက တစ်ဆင့် လွန်ခဲ့တဲ့ (၆)လ ကျော်လောက်တုန်းက ငါတို့ တွေ သိခွင့်ရခဲ့တာလေးကို ပြန်တွေးဖြစ်မိ
တယ်ချစ်တီးရေ။
“ဆန်စင်ရာ ကျည်ပွေ့ လိုက်နေလို့  မဖြစ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံဆွေးနွေးမှုကို မလွဲမသွေ
လုပ်ရမယ်၊ ဒေါ်စုကို ၀န်းရံကြရမယ်” လို့  မင်းပြောခဲ့တယ်လေ။ မြန်မာ့နိုင်ငံရေး စိတ်ဝမ်းကွဲမှုတွေကို ရိုးသားစွာ
ချုပ်ငြိမ်းလိုတဲ့ ဆန္ဒရှိကြတဲ့သူတိုင်းရဲ့  အနှစ်ချုပ်ပန်းတိုင်ကတော့ မင်းပြောတဲ့ စကားတွေပါဘဲ။
သူငယ်ချင်းရေ...
ခက်သားကလားကွာ။ တို့ နိုင်ငံအနှံ့  ဗုံးတွေ ခပ်စိတ်စိတ် ပေါက်ကွဲကြတုန်းက မိတ်ဆွေတစ်ဦးရဲ့  သုံးသပ်
ချက်လေးကို မင်းကို ပြောပြချင်ပါတယ်။ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ က သူတို့ လုပ်တာလို့  ၀န်ခံ
ရင်တောင် ပြည်သူတွေက ယုံမှ ယုံကြပါ့မလားတဲ့” ။ ဘယ်လိုလုပ်မလဲချစ်တီး။ ပြည်သူလူထုကြီးရဲ့  ယုံကြည်မှု၊
မယုံကြည်မှုကိစ္စဆိုတာ ကျောသပ်ရင်သပ် လုပ်လို့ မရသလို၊ ဆူးခက်နဲ့ နာနာရိုက်လို့ လည်း ရတာမှ မဟုတ်
တာကွာ။ ဖြတ်သန်းမှုဘ၀တွေနဲ့ ရင်းရတယ်၊ ပြီးတော့ ထိုက်သင့်သလောက် အချိန်ယူရတယ်။ လွယ်လွယ်နဲ့ 
စံပယ်တွေ ပွင့်ရိုးထုံးစံမရှိပါဘူး။
ည အိပ်ခါနီးတိုင်း၊ မနက် မျက်စိနှစ်လုံးဖွင့်လိုက်တိုင်း ထောင်ထဲရောက်နေကြတဲ့ မင်းတို့ လို နိုင်ငံရေး
အကျဉ်းသမားတွေကို ငါ အမြဲသတိရတယ်။ တစ်ခါတစ်ရံ မင်းကို အိပ်မက်မက်တယ်။ အဲဒီ အိပ်မက်ဟာ
ဆူးတစ်ချောင်းဆိုရင် တို့ နိုင်ငံရဲ့ အတွင်းနက်နက်ကို ထိုးစိုက်နေတဲ့ ဆူးတစ်ချောင်းဘဲသူငယ်ချင်း။ တို့ နိုင်ငံဟာ
ဆူးပေါင်းမြောက်မြားစွာ စူးနေရှာတဲ့ ဝေဒနာသည်နိုင်ငံကြီးပါကွာ။ လက်ထိပ်ခြေထိပ်မှာ ဆူးသေးသေးလေး
စိုက်ဝင်နေရင်တောင် ခန္ဓာကိုယ်တစ်ခုလုံး နေရထိုင်ရပျက်နေသလို ခံစားရတယ်မဟုတ်လား။ မင်းတို့ လို
အရွယ်ကောင်းလူတော်တွေ မြန်မာ့လူ့ အဖွဲ့ အစည်းနဲ့  ဝေးရာကို အပို့ ခံထားရလေသမျှ တည်ငြိမ်အေးချမ်းမှုနဲ့ 
တရားဥပဒေဆိုတာကို ငါတို့  စိတ်ဒုံးဒုံးချ မယုံနိုင်သေးဘူး။ ဘယ်လိုတွေ့ ဆုံဆွေးနွေးခြင်းကိုမှ အမြင်မကြည်လင်
နိုင်သေးဘူးဆိုခဲ့ရင် ငါတို့ ကို အဆိုးမြင်ဝါဒီလို့  တံဆိပ်ကပ်လည်း သေတဖန်သက်တဆုံးသာ ရှုမြင်လိုက်ကြ
ရုံပေါ့ကွာ။ မင်းတို့  လွတ်မှ ဖြစ်မယ်။ အကျဉ်းထောင်နဲ့  မင်းတို့ နဲ့  ဘာဆိုင်လို့ လဲ။
ချစ်တီးရေ...
ရှစ်လေးလုံး နှစ်ပတ်လည်နေ့ လည်း တစ်ကျော့ပြန် နီးလာပါပြီ။ ငါတို့ အုပ်စုကို “မြန်မာနိုင်ငံတွင်းမှ သစ္စာ
ဖောက် ပုဆိန်ရိုးများ”လို့  အခု ဖမ်းဆီးခံထားရတဲ့ ထောက်လှန်းရေးတပ်မှူးဟောင်းဦးခင်ညွန့် က ပယ်ပယ်နယ်
နယ် ဝေဖန်ခဲ့တာ ဒီကနေ့ တိုင် မမေ့နိုင်သေးဘူး။ ပေါ်ဦးတို့ အုပ်စုကိုတော့ “ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ 
မြေပေါ်မြေအောက်လှုပ်ရှားမှု” ခေါင်းစဉ်အောက်မှာ သွတ်သွင်းထားတာလည်း ဦးခင်ညွန့် ဘဲ။ မင်းတို့ ရော
ဦးခင်ညွန့် ရော အခု ကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းသားတွေအဖြစ် ဘ၀တူနေကြပေမယ့် တချိန်ကျရင် “ပုဆိန်ရိုး၊
ကွန်မြူနစ်” ကိစ္စတွေလည်း ရှင်းလင်းဖြည်ထုတ်ဖို့  မဖြစ်မနေလုပ်ကြရဦးမယ်။ ဒါသည်လည်း စူးတစ်ချောင်း
ဘဲလို့  ငါတို့ တွေ ယူဆထားပြီးသားပါ။
၈၈ လူထုအုံကြွမှုကြီးကို “ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး တောင်းဆိုကြခြင်း” ဆိုတဲ့ မြင့်မြတ်တဲ့ အခန်း
ကဏ္ဍထဲက ဖယ်ရှားမောင်းထုတ်ချင်နေကြတဲ့၊ “ပုဆိန်ရိုး ကွန်မြူနစ်” ခေါင်းစဉ်ထဲ ဆွဲသွင်းထားချင်နေကြတဲ့
လူတစ်စု အခုထိ ရှိနေသေးတယ်ဆိုရင်တော့ ဧရာမအမှားဘဲလို့  ပြောလိုက်ပါရစေ။ မပြေလည်မှုတွေ၊ စိတ်
ဝမ်းကွဲမှုတွေဟာ အဲဒီက စီးဆင်းလာတာဘဲသူငယ်ချင်း။ နိဂုံးချုပ်သွားလို့ လား၊ အဆုံးသတ်နိုင်ခဲ့လို့ လား။
“ပုဆိန်ရိုး ကွန်မြူနစ် တွေဟေ့၊ ရှောင်ကြရှားကြ” လို့  ဦးခင်ညွန့် ရိုက်နှိပ်ပေးခဲ့တဲ့  တံဆိပ်တွေကို ငါတို့ 
ပြည်သူလူထုကြီးက ယုံကြည်လက်ခံခဲ့ကြလို့ လား။ ပြောခြင်းပြောရရင် ပုဆိန်ရိုး ကွန်မြူနစ်တွေသာ ပိုတိုးတိုး
လာတယ်လို့  ဆိုရမလားဘဲနော်။ ရှစ်လေးလုံးလှုပ်ရှားမှုကြီးဟာ ဘယ်တော့မှ နွံမနစ်ဘူး။ ရာသီတွေပြောင်းပေ
မယ့် ငါတို့ သမိုင်း မနွမ်းဘူ၊ တည်စေခန့် စေရမယ်။
မောင်ဌေးကြွယ်ရေ...
ဘီဘီစီသတင်းထောက်ကြီးခရစ်တိုဖာဂါးနက်ကို သတိရတယ်ကွာ။ ၆- ၈- ၁၉၈၈ ရက်နေ့ က ဘီဘီစီ
မြန်မာပိုင်းရဲ့  ညဘက်ထုတ်လွှင့်ချက်ကို သတိရတယ်ကွာ။ အဲဒီနေ့ က အင်တာဗျူးမှာ ပါဝင်ခဲ့ကြတဲ့သူတွေ
အားလုံးကို ဒီရက်ပိုင်းတွေ ရောက်လာရင် နင့်နင့်သီးသီး လွမ်းဆွတ်မိပါတယ်။ မင်းတစ်ယောက်ထဲသာ
ကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းစခန်းမှာ အချုပ်အနှောင်ခံထားရပြီး အများစုက နိုင်ငံခြားမှာ၊ ကျန်တဲ့ သုံးယောက်ဘဲ
ပြည်တွင်းမှာ ရှိပါတော့တယ်။ မင်းကဖြင့် အလံတွေ လွှင့်တုန်း၊ လူးလွန့် နာကျင်တုန်း၊ တကယ့် သံမဏိ
စိတ်ဓာတ်နဲ့  ခရီးရှည်ထွက်နေတုန်း။
ဘယ်လိုတွေ ခံရမယ်၊ ဘာတွေ ပေးဆပ်ရမယ်ဆိုတာ လုံးလုံးမစဉ်းစားဘဲ ငါတို့ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့
နဲ့  အရိုးရှင်းဆုံးလုပ်ခဲ့ကြတဲ့သမိုင်းကို နှစ်(၂၀) ကြာလာတဲ့အချိန်မှာ ချောင်ထိုးအရောင်ဆိုးပြီး ပုံဖျက်ချင်ကြ
တဲ့ သမိုင်းဆရာဆိုး လူ့ အန္ဓတွေကိုတော့ ငါတို့ အနေနဲ့  တာဝန်အရ ဆက်လက်ရင်ဆိုင်သွားဦးမှာဘဲ။
၈၈ သမိုင်းကို နေရာမှန် မရောက်သေးသရွေ့ ဆက်ပြီး တွန်းရွှေ့ သွားနေရဦးမှာဘဲ။ မြန်မာ့လူ့ ဘောင်က
ထမ်းတင်ပေးလိုက်တဲ့  ၈၈ မျိုးဆက်တွေရဲ့  မပြီးပြတ်သေးတဲ့ တာဝန်တွေပါဘဲ။
လက်ရှိအစိုးရအနေနဲ့ လည်း ၈၈၈၈ သမိုင်းအပေါ် မဟုတ်မမှန်ဝါဒဖြန့် မှုတွေကို ပြည်ဖုံးကားချသင့်ပြီလို့ 
ငါတော့ ယူဆမိတယ်သူငယ်ချင်း။ ငါတို့ နိုင်ငံရှေ့ ခရီးအတွက် ဘယ်လိုအပေါင်းလက္ခဏာမှ ထွက်မလာနိုင်တဲ့
အပြင် အညှိုးအတေးတွေသာ ဆင့်ဆင့် ပုံလာဖို့ ရှိပြီး နိုင်ငံရေးစိတ်ဝမ်းကွဲမှု အက်ကြောင်းသာ ကြီးထွားလာ
လိမ့်မယ်မဟုတ်လား။ ကိုယ့်ဘက်ကို ကြည်ကြည်ပျပျမြင်စေချင်ရင် အဦးဆုံး ကိုယ်ကလည်း သူများဘက်ကို
စိတ်ဖြောင့်အူရှင်း သဘောထားနိုင်ဖို့  လိုအပ်ပါတယ်။
ကုလားရေ...
ဒေါ်အောင်ဆန်းစုကြည်နဲ့  အစိုးရတာဝန်ရှိဝန်ကြီးတစ်ယောက်နဲ့  တွေ့ ဆုံတဲ့အပေါ် မင်းအနေနဲ့  ဘယ်လို
မှတ်ချက်ပေးချင်သလဲလို့  မေးခွင့်ရရင် မေးချင်ပါတယ်။ မင်းမှ မဟုတ်ပါဘူး။ မြန်မာပြည်က ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေအားလုံးရဲ့  အသံကိုလည်း ကြားချင်ပါသေးတယ်။ ထို့ အတူ
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘယ်သူနဲ့ တွေ့ တွေ့ ၊ ဘာတွေ လုပ်လုပ်၊ ဘာစကား ပြောပြော “ထောင်ထဲက
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး” ဆိုတဲ့ လက်သီးဆုပ်ကို ဖြန့် မချ လိုက်ပါစေနဲ့ လို့  ငါတော့
အမှာစကား ပါးလိုက်ချင်တယ်ကွာ။
ကိုသန်းတင်ကြီး ဆေးရုံတင်ထားရတယ်သူငယ်ချင်း။
သူငယ်ချင်းအာနိုး
(အောင်မျိုးထွန်း)
FREE BURMA CAMPAIN ( Korea ) ၏ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား
https://picasaweb.google.com/flyingpeacockkorea/July262011#
လေးစားစွာဖြင့်
http://www.flyingpeacock.blogspot.com/
၂၆.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

26 July 2011 Yeyintnge's diary.odt
117K Download

26 July 2011 Yeyintnge's diary.pdf
265K View Download
တရားဥပဒေစိုးမိုးရေး NLD ကြေငြာချက်ထုတ်ပြန်
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.
Nld Statement





