Sunday, July 3, 2011
Aung San Suu Kyi at Human Rights Walkway in Canada
Inaugurated in September 2000 and located at Pierre Elliott Trudeau Park, the Côte Saint-Luc Human Rights Walkway is dedicated to those men and women who, by their steadfast commitment to mankind, have held high the torch of human rights and let it light the world.
Those honoured on the Human Rights Walkway include the following people:
အသက်၄၄နှစ်နှင့်ဝန်ကြီးချူပ်ဖြစ်လာသူ
21 June 1967 မှာမွေးတဲ့ president of Bangkok-based property developer SC Asset Co., Ltd.,တဦးဖြစ်သူအရင်Pheu Thai Party ခေါင်းဆောင် Thaksin Shinawatra ရဲ့ညီမအငယ်ဆုံး Yingluck Shinawatra ဟာခြောက်ပတ်လောက်ပဲနိုင်ငံရေးလုပ်ပြီးဝန်ကြီးချူပ်ဖြစ်သွားတယ်လို့ဆိုပါတယ်။
Pheu Thai Party ဟာ၅၀၀မှာ၂၉၉ထိုင်ခုံရပါတယ်။အာဏာရ Democrat party က 132 ခုံရပါတယ်။
Democrat party လက်ရှိဝန်ကြီးချူပ် Abhisit က Pheu Thai Partyအနိုင်ရတာကိုဂုဏ်ယူကြောင်းပြောကြား
ခဲ့ပါတယ်။Thaksin Shinawatra ကလည်းညီမငယ်လေးအတွက်ဝမ်းမြောက်နေပါတယ်။
သူမအကြောင်း Wikipedia မှာဒီလိုဖေါ်ပြထားပါတယ်...
Yingluck is the youngest of nine children from Mr. Lert and Mrs. Yindee Shinawatra (daughter of Princess Jantip (Na Chiangmai) Raminkwong). She graduated with a bachelor's degree from the Faculty of Political Science and Public Administration, Chiang Mai University in 1988 and earned a master's degree in Public Administration (specialization in Mgt Info Systems) from Kentucky State University, United States, in 1991.
Yingluck worked at Shinawatra Directories Co., Ltd. and was the Managing Director of Advanced Info Service PCL or AIS, a mobile phone provider formerly controlled by Thaksin, before its sale to investors. She was investigated by Thailand's Securities and Exchange Commission regarding possible insider trading after she sold shares of her AIS stock for a profit prior to the sale of the Shin Corporation to Temasek Holdings.[3]
Yingluck is also a committee member and secretary of the Thaicom Foundation. She has one son with her common-law husband, Anusorn Amornchat, Managing Director of M Link Asia Corporation PCL, which is her sister's company. Her sister is Yaowapa Wongsawat, former prime minister Somchai Wongsawat's wife.
Political career
Pheu Thai Party
After People's Power Party, a political party that had strong ties to ex-prime minister Thaksin, had been dissolved by the Constitutional Court of Thailand due to the behaviour of its executives that violated election law,[4] Thaksin decided to set up another party to be his nominee party to conduct political activity inside the nation. Since the establishment of the party, Yingluck was among Thaksin’s first choices to be the leader of the party. However, she refused to accept the position saying that she did not want to be the prime minister and only wanted to focus on doing her business. She said that she did some political activities only because the party sent an invitation letter for her to join.[5]
Conflict within Pheu Thai Party
Prior to the eve of 2011, many Pheu Thai Party members who support Mingkwan Sangsuwan travelled abroad to visit Thaksin to discuss Thaksin’s decision to choose Yingluck as a leader for MP party list candidate. They believed that pushing people who are directly related to Thaksin would be difficult because a significant percentage of Thai citizens have strong feelings against him. However, Thaksin maintained his decision since he believed that a person in his own family would never betray him.[5]
Rise to Prime Minister Candidate
The Pheu Thai Party voted on 16 May 2011 to name Yingluck as the party's top candidate under the country's party list system. The vote positions her against Democrat Party member and current Thai prime minister Abhisit Vejjajiva in the country's general election, scheduled for 3 July. Even though Yingluck's brother Thaksin won't be on the ballot in 2011, her selection again makes the former premier a major issue in discussions surrounding the future of the Thai premiership. After Yingluck's nomination, Thaksin said that if his sister becomes the next prime minister, it will effectively allow him to control Thai government even though he is currently serving a five-year political ban for electoral fraud.[6] Thaksin has also been living in self-imposed exile since 2008 to avoid a jail sentence after he was convicted of abuse of power.[7]
Campaign for reconcilation
After Yingluck was officially nominated by the Pheu Thai Party to be the party candidate, which traditionally means she is the prime minister candidate from Pheu Thai Party, she declared her vision as the new leader of the party to the public. One of her main campaign issues is reconciliation for all citizens to bring back unity to the nation.[8]
National Debate
On 15 May 2011, the Democrat Party invited Yingluck Shinawatra to a political debate with its leader, prime minister Abhisit Vejjajiva, as election campaigns are becoming heated on the eve of a general election to be held in Thailand on July 3.[9] Pheu Thai Party declined the invitation. Chalerm Ubumrung, one of Pheu Thai Party executives, declared that the national debate is not necessary for Thai politics since it is only used in presidential elections.[10]
Scandals and criticisms
Linking with Red Shirt Protestors
Funding support to the Red Shirts
Yingluck’s bank account was among 86 bank accounts that were accused of funding support for the Red Shirt protestors during their demonstrations in 2010. During this period of time, chaos occurred throughout the nation especially in the Bangkok Metropolitan area. Based on the investigation of the Department for Special Investigation, during 28 April 2009 – May 2010, around 317 million baht flowed through her account. 150 million baht was deposited while 166 million baht was withdrawn. On 28 April 2010 alone, 144 million baht was withdrawn.[11] Beginning 28 April 2010, the chaotic situation went from bad to worse. On 28 April, a fight occurred in Don Mueang District, Bangkok, and a soldier was killed. On 7–8 May, two policemen were killed during a riot in Saladang district, Bangkok. On 14 May, fights occurred in many parts of Bangkok which led to several deaths.[12]
Wealth Concealment
Yingluck was said to have helped her brother, Thaksin Shinawatra and then sister in-law conceal their wealth. Yingluck received 0.68% of Shin Corp shares out of the 46.87% that Thaksin and his then wife held in 1999. Assets Examination Committee (AEC) claimed that Yingluck had made up false transactions and that “there were no real payments for each Ample Rich Co.,Ltd shares sold” and “the transactions were made at a cost basis of par value in order to avoid income taxes, and all the dividends paid out by Shin to those people were transferred to Potjaman's bank accounts”. Now as Prime Minister of Thailand, the matter will be dropped. [13] Yingluck however claimed that “her family has been as a victim of political persecution”.[14]
လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးပါတီ၊ စီအာရ်ပီပီ နဲ့ ဒေါ်စုခရီးစဉ်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇူလိုင် ၃၊ ၂၀၁၁
ဆရာရေ ဇွန် ၂၈ ကြံ့ဖွံ့အစိုးရသစ်ရဲ့ အကြောင်းကြားစာနဲ့ ချက်ခြင်းလိုလိုပဲ အင်န်အယ်ဒီပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ ပြန်လည် ပြန်ကြားချက် ထွက်လာတယ်။ ဒါကို ဆရာတို့အနေနဲ့ ဘယ်လိုမြင်သလဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံတကာက သံတမန်တွေ၊ ဧည့်သည်တွေနဲ့ တွေ့ဆုံနေတာတွေကို ဟန့်တားတဲ့ သဘောပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေ စတင်မယ်လို့ ထုတ်ပြောထားတဲ့အတွက် အဲသည်နယ်ခရီးစဉ်တွေကို ဟန့်တားလိုက်တာပဲ။ ဒေါ်စုကို ဒါတွေ မလုပ်နဲ့လို့ ပြောလိုက်တာအပြင် ဒေါ်စုနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေ၊ ကွန်ယက်တွေကိုပါ သတိပေးလိုက်တာပဲ။ ဒေါ်စုနဲ့ လုပ်ငန်းတွေဟာ တရားမ၀င်ဘူး။ ဒါတွေကို ပတ်သက်နေရင် ဖမ်းဆီး အရေးယူနိုင်တယ်လို့ ဆိုလိုတာပဲ။ လူထုကိုလည်း တားဆီးလိုက်တာပဲ။ ဒီလိုမျိုးမြင်ပါတယ်။
အရပ်သားစစ်တပ်အစိုးရသစ် ဆိုပြီးတော့ အခုလိုမျိုး တင်းတင်းမာမာ ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်တာ ဖြစ်တော့ ဒါ အစိုးရအဖွဲ့၊ လွှတ်တော်၊ စစ်တပ်မှာ ဘယ်သူရဲ့ အာဘော်အဓိကဖြစ်မယ် ထင်သလဲ။
ဟုတ်တယ်။ အဲသည်စာရဲ့ လာရာလမ်းကြောင်းကို ပြန်ကြည့်မှ ဒီစာရဲ့ နောက်ကွယ်က သဘောထားကို မြင်နိုင်မယ်ထင်တယ်။ စာက ပြည်ထဲရေးကလာတာ ဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ကိုကို။ သူက စစ်တပ်က အနားမယူသေးဘဲနဲ့ အစိုးရ၀န်ကြီးတာဝန်ကို တိုက်ရိုက်ထမ်းဆောင်နေတာ။ အဲသည်လိုမျိုး စစ်တပ်က တိုက်ရိုက်ခန့်တဲ့ ၀န်ကြီး ၄ ဦးရှိတယ်။ ပြည်ထဲရေး၊ နယ်စပ်ဒေသ၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေ ဖြစ်တယ်။ သူတို့ဆီက လာတဲ့ အာဘော်ဟာ စစ်တပ်ရဲ့ အာဘော်ဖြစ်တယ်လို့ ဆိုနိုင်တယ်။
ဝန်ကြီးချူပ်သိန်းစိန်ကကျတော့ စစ်တပ်ကထွက်ပြီး အရပ်သားဝန်ကြီးချုပ်လို့ ပြောချင်ရတာပေါ့။ သူတို့တတွေက ပျော့ပျော့ပြောင်းပြောင်းနဲ့ ပြောဆိုနေတာတွေ ရှိနေတယ်။ သိန်းစိန်တို့က မတားမြစ်လို့ ဒေါ်စုက နိုင်ငံရေးအလုပ်တွေ ပိုပြီး လုပ်ကိုင်လာနိုင်တယ်လို့ စစ်တပ်အင်အားစုတွေဖက် တွက်လာနေပုံရတယ်။ ဒါကြောင့် ငါတို့က ၀င်ပြီး ပြောစရာရှိတာ ပြောလာတာလားလို့ တွက်စရာ ရှိတယ်။
ဒေါ်စုက နိုင်ငံတကာနဲ့ ဆက်သွယ် လှုပ်ရှားမှုတွေကို သိန်းစိန်တို့က ဘာမှဝင်ရောက် ပြောဆိုခြင်းမရှိလို့ သူတို့စစ်တပ်အင်အားစုအပိုင်းက စစ်ခေါင်းဆောင်ပိုင်းလို့ ပြောမလား၊ စစ်ခေါင်းမာပိုင်းလို့ ပြောမလား၊ သူတို့က ၀င်ပြောရတယ်လို့ ပြောလို့ ရတယ် ထင်တယ်။
သို့သော်လည်း ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီကို လူမှုရေးလုပ်ငန်းတွေလုပ်ဖို့တော့ အစိုးရပြည်ထဲရေးဝန်ကြီးက လမ်းကြောင်းထားတာလဲ ပါသေးတယ်လေဆရာ။
အင်န်အယ်ဒီဟာ အဓိက နိုင်ငံရေးလုပ်ငန်းတွေ လုပ်နေတာ ဖြစ်တယ်။ နိုင်ငံရေးလုပ်ငန်းတွေထဲမှာလည်း တိုင်းပြည်ရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကိုလည်း တပါတည်း ဖြည့်ဆည်းပေးနေရတယ်။ ရခိုင်ပြည် လေဘေး၊ ရှမ်းပြည် ငလျင်၊ နာဂစ်ဒေသ သောက်သုံးရေ ရဖို့၊ ကလေးတွေရဲ့ ပညာရေး၊ အများကြီးကို လိုက်လံ လုပ်ဆောင်ပေးနေရတယ်။ သည်တော့ သူတို့တွေတွက်မှာက အင်န်အယ်ဒီဟာ လူမှုရေးလုပ်ငန်းတွေ လုပ်နေပြီ၊ သည်တော့ အဲသည်ဖက်ကို ဇောင်းပေးပြီးတော့ လမ်းကြောင်းချပေးသလိုမျိုး ပြောလာတာ ဖြစ်တယ်။
ကျနော်တို့က လူမှုရေးလုပ်ငန်းကို လုပ်နေတာဟာ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်နေတာဖြစ်တယ်။ ၂၀၀၉ ခုနှစ် ဧပြီလ ရွှေဂုံတိုင်စာတမ်းအစည်းအဝေးမှာ ကျနော့်မိန့်ခွန်းမှာကတည်းက ပြောခဲ့ပြီး ဖြစ်တယ်။ လူထုဟာ ခိုကိုးရာမဲ့ ဆင်းရဲဒုက္ခရောက်နေရင် ကျနော်တို့တတွေဟာ လူထုဖက်က ရပ်ရမယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ လူထုကို မျက်နှာမူရမယ် လို့ သဘောထားတယ်။
လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး၊ ပြီးတော့ နိုင်ငံရေးကို အခြေခံတဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်တာဖြစ်တယ်။ သူတို့ဆိုလိုသလို လူမှုရေးလုပ်ငန်းတွေချည်း လုပ်နေတာမဟုတ်ဘူး။ အစိုးရဖက်က ပျက်ကွက်နေလို့၊ သူတို့က လူထုကို ကျောခိုင်းထားလို့ လစ်ဟင်းနေတဲ့ လူမှုရေးလိုအပ်ချက်တွေ၊ ကွက်လပ်တွေကို ကျနော်တို့က နိုင်ငံရေးအရ ၀င်ရောက် လုပ်ကိုင်နေရတာ ဖြစ်တယ်။ ဒါကို သူတို့က လူမှုရေးတွေပဲ လုပ်ကြပါလို့ ပြောလာတာဟာ နိုင်ငံရေးပျက်လုံး ဖြစ်တယ်။ ဟာသဖြစ်နေတယ်။
ဒါဆိုရင် အင်န်အယ်ဒီဟာ နိုင်ငံရေးပါတီတရပ် မဟုတ်တော့ဘူး။ ပျက်ပြယ်သွားပြီ။ ဒါကြောင့် နိုင်ငံရေးလုပ်ငန်းတွေ မလုပ်ပါနဲ့တော့လို့ ပြောဆို ဝေဖန် သတိပေးထားတာလဲ တချက်ရှိသေးတယ်လေ ဆရာ။
အခုအချိန်မှာ ပြည်တွင်း ပြည်ပမှာ အများပြည်သူလူထု အသိအမှတ်ပြုထားဆဲ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်တယ်။ ၁၉၈၈ စက်တင်ဘာ လကုန်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီးတော့ ၁၉၉၀ မေလ ရွေးကောက်ပွဲမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများဆုံးနဲ့ အနိုင်ရ ပါတီတရပ်လည်း ဖြစ်တယ်။ စစ်အစိုးရက အဲသည်တုန်းကတည်းက ရွေးကောက်ပွဲအဆုံးအဖြတ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်။
နောက် အနှစ် ၂၀ ကြာတော့မှ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတခု ထပ်ပြဋ္ဌာန်းပြီးတော့ အဲသည်မှာ မှတ်ပုံထပ်မတင်လို့ ဆိုပြီး ၂၀၁၀ စက်တင်ဘာ ၁၃ မှာ အင်န်အယ်ဒီကို ပါတီအဖြစ်က ပျက်ပြီးလို့ စစ်အုပ်စုက ပြောနေတာ ဖြစ်တယ်။ အဲသည် ရွေးကောက်ပွဲဥပဒေကို အင်န်အယ်ဒီပါတီက လက်မခံတဲ့အကြောင်းလည်း ပြောခဲ့ပြီး ဖြစ်တယ်။ ဒါတွေကို ပြန်ပြောမယ်။
ကျနော်တို့က စစ်အစိုးရ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူး။ ပထမအချက်။ နောက်တချက်က ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ပါတီက ထုတ်ပစ်ရမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲဥပဒေကို ကျနော်တို့ လက်မခံဘူး။ အင်န်အယ်ဒီပါတီဝင်တွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အဖမ်းဆီးခံထားရချိန်မှာ ပါတီက သူတို့ကို ကျောခိုင်းခြင်း မလုပ်နိုင်ဘူး။ နောက်ဆုံး တချက်ကတော့ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ရလဒ်တွေကို ပါဝင်ခဲ့တဲ့ပါတီတွေက ပျက်ပြယ်သွားပြီလို့ ၀န်ခံခိုင်းတာကိုလည်း ကျနော်တို့က လက်မခံဘူး။ အဲသည်အဓိက ၃ ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ အဲသည်က ရွေးကောက်ပွဲကို ကျနော်တို့က ငြင်းပယ်ခဲ့တယ်။
စစ်အစိုးရကိုယ်တိုင်က ပျက်ပြယ်ပြီလို့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ လက်ခံခိုင်းတာကို အင်န်အယ်ဒီပါတီက လက်မခံခဲ့ဘူး။ မပျက်ပြယ်ဘူးလို့ ရပ်တည်ခဲ့တာ ဖြစ်တဲ့အတွက် ဘယ်လိုလုပ်ပြီးတော့ အင်န်အယ်ဒီပါတီက နိုင်ငံရေးပါတီမဟုတ်တော့ဘူးလို့ ပြောလို့ရမှာလဲ။
၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်တာကိုယ်တိုင်ကိုက ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီအဖြစ် ကျနော်တို့က ဆက်လက်ရပ်တည်နေတာကို ပြသလိုက်တာဖြစ်တယ်။
ဆရာဆိုလိုတာက နိုင်ငံရေးပါတီတရပ်အဖြစ် ရပ်တည်နေပြီးဖြစ်တဲ့အတွက် နောက်ထပ် မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ နိုင်ငံရေးပါတီအဖြစ်က ဆက်လက်ပြီး တည်ရှိနေမှာပဲ လို့ ပြောလိုက်တာပေါ့။ အဲသည်မှာ ပြည်သူလူထုရဲ့ ဆက်လက် ထောက်ခံ အသိအမှတ်ပြုမှုတွေကိုကော ထည့်ပြီး ပြောလို့ ရမလား။
ပြည်သူလူထုက ဆက်လက်ထောက်ခံမှုတွေ ဘယ်လောက်ရှိတယ်၊ နိုင်ငံတကာက ဘယ်လိုမျိုး ထောက်ခံမှု အသိအမှတ်ပြုမှုတွေ ပြသနေတယ်ဆိုတာ အခုနောက်ပိုင်း အခြေအနေတွေကို အားလုံး မြင်ကြတဲ့အတိုင်းပဲပေါ့ကွာ။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့ နောက်မှာ ပါတီက ဆက်လက်ရပ်တည်မြဲ ရပ်တည်နေပြီးတော့ ဦးဆောင်မှုပေးနေတယ်။ ဒါတွေဟာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်ခံပြီးတော့ ကိုယ့်ပါတီကို ပျက်ပြယ်ပါပြီလို့ ကိုယ့်ဖာသာကိုယ် လုပ်ခဲ့မယ်သာ ဆိုရင် ဘယ်လိုတွေ ဖြစ်နေကြမလဲ၊ စဉ်းစားကြည့်ကြစေချင်တယ်။
ဆရာတို့က ပြည်ထဲရေးက အကြောင်းကြားတာနဲ့ ပတ်သက်ပြီး စကားပြောကြမယ်လို့ ကမ်းလှမ်းထားတယ် မဟုတ်လား။
ကျနော်တို့နဲ့ လက်ရှိအစိုးရနဲ့ကြားမှာ မတူညီတာတွေ ရှိမယ်၊ သို့သော် ကျနော်တို့ တူညီတာတခုကတော့ တရားဥပဒေစိုးမိုးစေချင်တယ်။ တရားမျှတမှုတွေ ရှိစေချင်တယ်။ ဒါကြောင့် ကျနော်တို့တတွေ စကားပြောကြရအောင်လို့ ကမ်းလှမ်းထားတယ်။ အခုဒါက ဆွေးနွေးကြမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ စကားပြောကြရအောင်လို့ ကမ်းလှမ်းထားတာ ဖြစ်တယ်။ ဒီအပေါ်မှာ သူတို့ဖက်က ဘယ်လိုတုန့်ပြန်မလဲဆိုတာတော့ မသိသေးဘူးပေါ့။
စီအာရ်ပီပီ ဆိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီကကော ဘယ်လိုမျိုး ဆက်လက် ရပ်တည်သွားမှာလဲ ဆရာ။ အဲသည်ပြည်သူ့လွှတ်တော်ဆိုတာက အခု ၂၀၁၀ လွှတ်တော်မဟုတ်ဘူး။ ၉၀ ခုနှစ် ရွေးကောက်ပွဲက ပေါ်ထွန်းလာရမယ့် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားပြုကော်မီတီဆိုတော့ အခုအချိန်မှာ ဒါကို ဘယ်လို သဘောထားရမှာလဲ။
ဒါတွေဟာ အခြေအနေသစ်တွေဖြစ်တယ်။ ဒါက ဘာဖြစ်လို့ ပေါ်လာရသလဲဆိုတော့ ၁၉၉၀ မေလ ပါတီစုံရွေးကောက်ပွဲကနေ ပြည်သူလူထုက တခဲနက် ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကနေ လွှတ်တော်ကြီးတရပ် ခေါ်ဆိုခွင့် ရရှိဖို့ကို စစ်အစိုးရ ငြင်းပယ်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့တတွေက စစ်အစိုးရက ပိတ်ပင်တားဆီးထားတိုင်း ပြည်သူလူထုရဲ့ ဆန္ဒတွေကို ကျောခိုင်းစွန့်လွှတ်သွားမှာ မဟုတ်ဘူးဆိုတာကို ပြသတဲ့အနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီကို အနိုင်ရပါတီတွေက ခေါင်းဆောင်တွေနဲ့ ကိုယ်စားပြုဖွဲ့စည်းခဲ့ကြတာ ဖြစ်တယ်။ လူထုက ဒါကို ထောက်ခံဝန်းရံထားတုန်းပဲဆိုတာကို ကျနော်တို့ သဘောထားတယ်။ အခုဆိုရင် လွှတ်တော်ကိုယ်စားပြုကော်မီတီ သက်တမ်းက ၁၅ နှစ်လောက် ရှိလာပြီ။
သို့သော်လည်းပဲ သက်တမ်းရှည်လာတာနဲ့အမျှ ခုနက ပြောသလို စစ်တပ်ရဲ့ ၂၀၁၀ လွှတ်တော်တရပ်ကလည်း ပေါ်လာပြီ။ ကျနော်တို့ လွှတ်တော်ကိုယ်စားပြု ကော်မီတီထဲက အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေထဲမှာ အချို့ဆိုရင် အပြင်မှာ မရှိတော့ဘူး။ ထောင်သွင်း အကျဉ်းချခံထားရတယ်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် စသည်ဖြင့်ပေါ့။ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေ ကိုယ်စားပြုသူတွေ ၁၉ ဦးလောက် ရှိခဲ့တယ်။ အင်အားတွေက လျော့ပါးကုန်တာတွေ ရှိတယ်။ အင်န်အယ်ဒီကဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသန်းထွန်း နဲ့ ဦးညွန့်ဝေ ဆိုပြီး စီအီးစီ ၆ ယောက်လောက်က အဲသည်မှာ ပါတယ်။ ကျန်တဲ့ ရခိုင်၊ ဇိုမီး ချင်း နဲ့ မွန်ပါတီတို့ ရှိသေးတယ်။
အင်အားအားဖြင့် လျော့နည်း ကန့်သတ်ခံထားရချိန်မှာ အပြင်ကအင်အားတွေက စီအာရ်ပီပီကို ဖျက်သိမ်းပါ။ မလိုတော့ပါဘူးလို့ ပြောလာတာတွေရှိတယ်။ ကျနော်တို့ကတော့ မူအားဖြင့် လက်မခံနိုင်ဘူးလို့ ပြောချင်တယ်။ ၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီ တရားဝင်ရပ်တည်နေသလိုမျိုး ၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတဲ့ မဟာမိတ်တွေရဲ့ လွှတ်တော်ကိုယ်စားပြုကော်မီတီဆိုတာဟာ ဆက်လက်ရပ်တည်နေရမှာပဲ။ လွှတ်တော်အသစ်ဆိုတာ ပေါ်တော့လည်း အဲသည်လွှတ်တော်တရပ်ကို ကျနော်တို့တွေက စောင့်ကြည့် ဝေဖန်နေဖို့ လွှတ်တော်ကိုယ်စားပြုကော်မီတီက ဆောင်ရွက်နေရမှာပဲလို့ ကျနော်တို့တွေက ဆွေးနွေးကြတယ်။
ဒါဆိုရင်လည်း ၉၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ကျယ်ပြန့်တဲ့ တိုးချဲ့တဲ့ အလုပ်တာဝန်တွေ သတ်မှတ်တော့မယ်ဆိုရင် အင်အားကိုလည်း တိုးချဲ့ဖို့ ပြင်ဆင်ဖို့ကော မစဉ်းစားကြဖူးလား ဆရာ။
ဒါတွေက ကျနော်တို့တပါတီတည်း လုပ်လို့မရဘူး။ မဟာမိတ်ပါတီတွေ၊ တသီးပုဂ္ဂလကိုယ်စားပြု ခေါင်းဆောင်တွေထံ အကြောင်းကြားပြီး ဆွေးနွေးပြီးတော့ ထောင်ကျနေတဲ့ ခေါင်းဆောင်တွေ ရှိရင်လည်း သူတို့အစား ထပ်မံဖြည့်စွက်ပေးထားဖို့ ကျနော်တို့က တင်ပြရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပြည်သူလူထုက မဲဆန္ဒပေး အတည်ပြုလိုက်တာ ဖြစ်တယ်။ ဒါကို ကိုယ်စားပြုပြီး ကျနော်တို့တွေက အဲသည်ရွေးကောက်ပွဲက ထွက်ပေါ်လာရမယ့် ပြည်သူ့လွှတ်တော်ကိုယ်စား ကိုယ်စားပြုပြီး ရပ်တည်သွားရမှာဖြစ်တယ်။ ဒါကို ကျောခိုင်းတာဟာ လူထုထောက်ခံမှုအပြည့်ရှိတဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ ပြည်သူဆန္ဒကို ကျောခိုင်းလိုက်တာဖြစ်လို့ အခု ၂၀၁၀ ရွေးကောက်ပွဲတို့ ၂၀၁၀ လွှတ်တော်တို့ ဘယ်လိုပဲ ပေါ်ပေါ်၊ ဒါတွေဟာ ပြည်သူလူထုကို ကိုယ်စားမပြုဘူးဆိုတာကို ကျနော်တို့က အခုလိုမျိုး ရပ်တည်ပြီး ရင်ဆိုင်နေရမှာ ဖြစ်တယ်လို့ ပြောချင်တယ်။
ကဲ နောက်ဆုံးအနေနဲ့ လူထုက အထူးစိတ်ဝင်စားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားရဲ့ ခရီးစဉ်ကိုလည်း နည်းနည်း ပြောပါဦး ဆရာ။
ဒါကတော့ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဖြစ်ပါတယ်။ တနလာင်္နေ့လောက်က စပြီး ပုဂံကို သွားမယ်။ မိဘနဲ့ သေကွဲ၊ ရှင်ကွဲ ကွဲနေရတဲ့ သားအနေနဲ့ ခုချိန်မှာမှ အမေနဲ့ ပြန်လည် ဆုံတွေ့ခွင့်ရတဲ့အချိန်မှာ မိသားစုအနေနဲ့ သီးသန့်အချိန် တွေ့ဆုံကြဖို့ လိုတာပေါ့။ အဲသည်မှာ မြန်မာပြည်ရဲ့ ရာဇ၀င်တွေ အထင်ကရဖြစ်တဲ့ ပုဂံကို သွားကြမယ်၊ မြန်မာရိုးရာ အစဉ်အလာတွေကို ပြသ ရှင်းပြခွင့်ရမယ့် ခရီးစဉ်ဖြစ်မယ် ထင်တယ်။ ၄ ရက်လောက် ကြာမယ်။ ကိုယ်ရေးကိုယ်တာ ခရီး ဆိုပေမယ့် ဒေါ်စုနဲ့ လူထုကတော့ ခွဲထားလို့တော့ ရမှာမဟုတ်ဘူး။ လူထုက ဘယ်လိုမျိုး ကြိုဆိုကြမလဲ၊ ဘယ်လို ထိတွေ့မှုမျိုးတွေ ဖြစ်မလဲဆိုတာကတော့ ၀ိုင်းပြီးတော့ ပြင်ဆင်စဉ်းစားနေကြတယ်လို့ ပြောရမယ် ထင်ပါတယ်။
လူထုနဲ့ တိုက်ရိုက်ထိတွေ့မှုတွေ ခရီးစဉ်မှာ မလွှဲမရှောင်သာ ရှိလာမှာ ဖြစ်တဲ့အတွက် ပါတီကိုယ်တိုင်ကလည်း ဒေါ်စုရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေလို့ ပြောလို့ရတော့ သူတို့ကကော သေသေချာချာ ပြင်ဆင်ထားပြီးပြီလား ဆရာ။
အတတ်နိုင်ဆုံးတော့ ပြင်ဆင် ဆွေးနွေးကြပါတယ်။ ဥပမာ ကျနော်ဆေးရုံတက်တုန်းက ဒေါ်စုက လာပြီး သတင်းမေးတယ်။ အပြန်ကျတော့ ဓာတ်လှေကားစောင့်နေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်လာတယ်လဲ ဆိုရော လူတွေက အတင်းဝိုင်းလာပြီး၊ ပွေ့ဖက် နှုတ်ဆက်တာတွေ လုပ်ကြတယ်။ အကုန်လုံး ရှုပ်ထွေးကုန်တာတွေ ဖြစ်ကုန်တယ်။ ဒါတွေကို အတွေ့အကြုံအဖြစ် ဒေါ်စုလည်း သင်ခန်းစာ ယူမှာ ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဆိုပေမယ့် လူထုရဲ့ ထိတွေ့မှုကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကတော့ သူလည်းပဲ စဉ်းစားမှာပဲ ဖြစ်ပါတယ်။
လေယာဉ်နဲ့ မသွားဘူးလား ဆရာ။ လမ်းခရီး အချိန် အတိုင်းအတာအရ …
ဒါကလည်း မိသားစုအမှာစကားကြောင့်လို့ ကြားတာပဲ။ ဒေါ်စုရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ် မကွယ်လွန်မီက ဒေါ်စုကို မှာဖူးတယ် ပြောတယ်။ နိုင်ငံရေးသမားဆိုတာက အန္တရာယ်တော့ ရှိတာပဲ။ သို့သော် ခရီးသွားလာလို့ရှိရင် လေယျာဉ်တော့ မစီးစေချင်ဘူးလို့ မှာဖူးတယ် ပြောတယ်။ ဒါကြောင့် ကွယ်လွန်သူ ခင်ပွန်းသည်ရဲ့ ဆန္ဒကို လိုက်နာပြီး ကုန်းလမ်းနဲ့ပဲ သွားမယ်လို့ ထင်ပါတယ်။
ဟုတ်ကဲ့ပါ ဆရာ။ ကျနော်တို့သဘောကတော့ ပါတီက ပါတီခေါင်းဆောင်တဦးရဲ့ ခရီးစဉ်တရပ်အတွက် လိုအပ်တာတွေ စီစဉ်ပေးတာ၊ ပြင်ဆင်ပေးတာတွေကိုလည်း တတ်နိုင်သလောက်လုပ်ကိုင်တာမျိုးတွေ ရှိသလို၊ ခရီးစဉ်မှာ ကြုံတွေ့ရမယ့် ပြည်သူတွေ၊ ဧည့်သည်တွေ၊ ပရိသတ်တွေကိုလည်း ဘယ်လိုမျိုး လက်ခံ ကြိုဆိုပေးပါ။ ကူညီ ဆောင်ရွက်ပေးပါ၊ ဘယ်လိုမျိုး အဆင့်ဆင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ် ဆိုတဲ့ အချက်အလက်လေးတွေကိုလည်း ကြိုတင်ပြီးတော့ ရေဒီယိုတွေ ဘာတွေကတဆင့် အသိပေး ပြောဆိုပေးထားနိုင်ရင် ကောင်းမယ်လို့ ထင်တာပဲ ဆရာရယ်။
အေးကွာ။ ဒါကတော့ ၀ိုင်းလုပ်ကြရမှာပေါ့။
ကျေးဇူးတင်ပါတယ် ဆရာ။ ။
http://moemaka.com
လူပြိန်းဆိုတာ ဗိုလ်ကျရတာကိုကြိုက်တယ်
ငယ်ငယ်တုန်းကအဖြစ်လေးတခုသွားသတိရတယ်။ကျနော်တို့ရပ်ကွက်ထဲကကိုဖိုးလုံးဆိုတာတော်တော်နံမည် ကြီးတယ် အကောင်းကြီးတာတော့မဟုတ်ဘူး ဆိုးတာ မိုက်ရိုင်း ရမ်းကားတာ ၊ လူသတ်မူ့ဖြစ်ပြီး ထောင်ကပြန်လွတ်လာတော့ မိုက်ရိုင်းရမ်းကားတာ ပိုဆိုးလာတယ်။ သူနဲ့တော်ယုံလူတွေက မယှဉ်ကြဘူး ရှောင်ကြတယ်၊ သူအရက်ဘိုးတောင်းရင်လည်း တချို့သူတွေကကြောက်ကြတော့ ပေးကြတယ်၊ ဒါကို သူကိုသဘောကျ ဂုဏ်ယူနေတာ၊ လူတွေက သူ့ကိုကြောက်နေတာကို သူက ပီတိဖြစ်နေတာ။ သူ့ဘ၀မှာ တခြားဂုဏ်ယူစရာဆိုတာလည်းမရှိလေတော့ လူတွေကို ကြောက်အောင်လုပ် အနိုင်ကျင့် ဗိုလ်ကျပြီးမှ သူ့ဘ၀ကိုရပ်တည်နေရတာ…ထောင်ဆိုတာသူ့ဘ၀အတွက်အိမ်ဦးနဲ့ကြမ်းပြင်……….လူတယောက်ကိုရိုက်လိုက်နှက်ရိုက်ရမှာကိုလည်း နည်းနည်းလေးမှ ကိုယ်ချင်းမစာတတ်သူ…..
၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့…သူ့ကို လူအုပ်ကြီးက…မဆလ အစိုးရသူလျှိုဆိုဝိုင်းဖမ်းပြီး သတ်မယ်လုပ်တယ်….အဲဒီတုန်းက မြင်ကွင်းကို အခုထိမြင်ရောင်နေတုန်းပဲ….ရိုက်နှက်ထားလိုက်တာ …တကိုယ်လုံးရစရာမရှိဘူး…ကျနော်တို့ကျောင်းသားတွေသိတော့…သူ့ကိုမသတ်ဘို့..ကျနော်တို့မေတ္တာရပ်ခံ တယ်…နောက်…ဆေးရုံကိုပို့လိုက်တယ်…..ဆေးရုံရောက်တော့…မျက်နှာဆိုတာဇီးရွက်လောက်လေးပဲရှိတယ်….သူ့ကိုကယ်ဘို့တစာစာတောင်းဆိုနေတာပဲ…..ကျနော်တို့ဝိုင်းဝန်းကူညီပါတယ်….အသက်ပြင်းတယ်လို့ပြောရမလားမသိဘူး…မသေဘူး….ဒီလိုနဲ့နှစ်တွေဝေးသွားလိုက်တာတနေ့ရိပ်သာတခုကိုရောက်သွားရင်းနဲ့က…သူနဲ့ပြန်ဆုံခွင့်ရလိုက်တယ်….အဲဒီအချိန်မှာ…သူဟာရဟန်းဝါ၁၀၀ါလောက်ရနေတဲ့သံဃာတစ်ပါးဖြစ်နေပြီ…..အတိတ်တခါကလူဆိုးလူမိုက်ကိုဖိုးလုံးဘ၀နဲ့ဆန့်ကျင်ဘက်မှတကယ့်ကိုမယုံနိုင်လာက်အောင်ပြောင်းလည်းသွားပြီ……ကျနော်တို့ ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါပြောတယ်…..
“ဦးဇင်းက….နှစ်ဘ၀ပြောင်းသွားပြီဒကာကြီး….ဟိုးတချိန်ကကိုယ့်လုပ်ရပ်တွေကိုပြန်စဉ်းစားမိတိုင်း…နောင်တရမိတယ်…တကယ်တော့..ဦးဇင်းခံခဲ့ရတာဟာ..ကိုယ်ပြုသမျှကံ..ကိုယ်ပြန်ခံရတာပါ..ဒါ့အတွက်ဦးဇင်းဖြေသာပါတယ်….ဒါပေမဲ့…ကံကောင်းတယ်ပဲပြောရမလား…ဒကာတို့ကျောင်းသားတွေကောင်းမူ့ကြောင့်..ဦးဇင်းအသက်ရှင်သန်ခွင့်ရပြီး…ဘ၀ပြောင်းသွားတာ……ပြန်ပြောရရင်လေ…သိပ်ရှက်ဘို့ကောင်းတာပဲ….ဦးဇင်းလူဝတ်ကြောင်ဘ၀တုန်းက…ပညာဆိုတာလည်းမသင်ခဲ့ရ..ဓနဥစ္စာကလည်းမရှိ…ကိုယ့်ကိုသွန်သင်ပြသပေးမဲ့သူကလည်းမရှိ ဆိုတော့…ဆိုးချင်သလောက်ဆိုး မိုက်ချင်သလောက်မိုက်ပဲ…ဒကာကြီးတို့သိပါတယ်….ဦးဇင်းက အဲဒီတုန်းက ..အဲသလို လူတွေကို အနိုင်ကျင့်ရတာကို သိပ်ပျော်တာ…..လူတယောက်ကို ထိုးလိုက်ကြိတ်လိုက်ပြီးပြီဆို သိပ်ပီတိဖြစ်တာ….အော်..တကယ်ကကိုယ်မခံရသေးလို့ဒီလိုလုပ်နိုင်တာပါ….ဦးဇင်းစဉ်းစားမိတယ်…လူပြိန်းဆို တာ…ဗိုလ်ကျရတာကို သိပ်ကြိုက်တာ ဒကာကြီးရ……….”
ဒီစကားလေးကကျနော့်ရင်ကိုတော်တော်လှုတ်ခတ်သွားတယ်…..လူပြိန်းဆိုတာ…ဗိုလ်ကျရတာကိုကြိုက်တယ်တဲ့…………ကျနော့်စိတ်ထဲမှာ စဉ်းစားစရာဖြစ်သွားတယ်….
“ဦးဇင်းခံရတဲ့အလှည့်ကျ…မခံစားနိုင်တော့ဘူး…အရမ်းကြောက်တယ်..သေရမှာကိုအရမ်းကြောက်တယ်….တုန်လူတ်တယ်……သူများကိုအနိုင်ကျင့်တယ်ဆိုတာ….ကိုယ့်ခံရတာ..ကိုယ့်အသားနာတာမှမဟုတ်တာ…လုပ်ရဲတာပေါ့…ဒုတ်နဲ့လည်းရိုက်ရဲတယ်…ဓါးနဲ့လည်း..ခုတ်ရဲတယ်….ကိုယ့်အသားကို..၀ါးခြမ်းပြားလေးလောက်နဲ့အရိုက်ခံရတာမျိုးကြတော့ .တော်တော်မခံနိုင်တာပဲ ဒကာရေ…ကိုယ်ချင်းစာတရား မဲ့တယ်ဆိုတာ..ဒါပေါ့…..နောက် ဦးဇင်းစဉ်းစားကြည့်မိတယ်…..လူတွေဟာ…လူလူချင်းဗိုလ်ကျရတာကိုကြိုက်ပုံရတယ်….အရသာခံတွင်းတွေ့ပုံ လည်းရတယ်ဗျ…..ဦးဇင်းဆရာတော်က ဘာပြောသလည်းဆိုတော့….အစိုးမရတဲ့လောကကြီးကို အစိုးရချင်တာ လူ့သဘာဝပါပဲတဲ့….”
ကျနော့်ရှေ့ကထိုင်ပြောနေသူဟာ..တချိန်ကလူဆိုးကိုဖိုးလုံးဟုတ်မှဟုတ်ပါလေစွလို့တောင်စဉ်းစားမိတယ်…..သူ့ရဲ့လက်တွေ့ဘ၀ကပေးလိုက်တဲ့သင်ခန်းစာတွေ..ဒဏ်ရာဒဏ်ချက်တွေကပေါ်ထွက်လာတဲ့..အမှန်တရားတွေ…..ဟုတ်တယ်…လူ့ရဲ့သဘောသဘာဝဆိုတာအားလုံးအတူတူပါပဲ….ကိုဖိုးလုံးမှမဟုတ်ပါဘူး……..ဗိုလ်ကျရ တာကိုအရသာတွေ့တာ..အနိုင်ယူအနိုင်ကျင့်ရတာကိုခံတွင်းလိုက်တာ….ဒီမကောင်းတဲ့ သဘောသဘာဝကြီးကို အသိဥာဏ်ရှိသူများကစာနာစိတ်တွေ၊ကိုယ်ချင်းစာတရားတွေ၊ဥာဏ်ပညာတွေနဲ့ဆင်ချင်ယူကြရတာကိုး…….ဒါကို ဒီအတိုင်းလွှတ်ထားလိုက်ရင်….သူက သာယာသွားတော့တာပဲ….ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်ဟာ..အတန်းပညာ အတတ်ပညာတတ်မြောက်ထားခြင်းတွေမထားခြင်းတွေနဲ့မသက်ဆိုင်ဘူး….ဗိုလ်ကျတယ်ဆိုတဲ့စိတ်ဟာ…မိမိရဲ့သာလွန်ချက်နဲ့ လူတွေကို အနိုင်ကျင့်တာ….အာဏာရှိသူက အာဏာနဲ့၊ငွေရှိသူကငွေနဲ့၊ပညာတတ်သူက ပညာနဲ့၊ မိုက်ရိုင်းရဲသူက မိုက်ရိုင်းရဲတဲ့အားနဲ့ လူတွေကို အနိုင်ကျင့်တာဟာ ဗိုလ်ကျတာပဲ၊ ကိုဖိုးလုံးကတော့ သူက မိုက်ရိုင်းရဲတယ်…..ထောင်ထဲတန်းထဲကို မျက်ကန်းတစ္ဆေ မကြောက်တိုးဝင်ရဲတယ်…လူအများစုက သူ့လို လိုက်မလုပ်ရဲတော့ သူကလူတွေကို အနိုင်ကျင့်တယ်…ဗိုလ်ကျတယ်……
နောက်တယောက်က…ကျနော်သရက်ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားဘ၀နဲ့ရှိနေစဉ်အချိန်ကပါ….နံမည်ကမျိုးတင့်….သူ့ကိုငှက်ရိုးလို့ပဲလူသိများကြတယ်…အဲဒီအချိန်ကသရက်ထောင်ထဲမှာရှိခဲ့တဲ့နိုင်ငံရေးအ ကျဉ်းသားအားလုံးသိကြတယ်။သူကကျနော်နေခဲ့တဲ့တိုက်အကျဉ်းဆောင်ရဲ့ရှေ့မှာတောင်ယာလာလုပ်တဲ့သူ…ကျနော်နဲ့ကတဒေသသားထဲလည်းဖြစ်ပြန်…၈၈အရေးတော်ပုံအမူ့လည်းဖြစ်ဆိုတော့တော်တော်ခင်မိတယ်…..သူ့တောင်ယာကထွက်တဲ့သီးနှံတွေဆိုလည်းကျနော်ကိုလာပေး…ကျနော်ကလိုအပ်တဲ့စားစရာလေးတွေထဲ့..သူကစားဖိုမှာသွားချက်….စားကြပေါ့….နိုင်ငံရေးထူးသတင်းထူးလေးတွေကြားလာရပြီဆိုကျနော့်ဆီအမြန်လာပြောတယ်……ဒီလိုနဲ့နေလာရာက………… ထောင်ပိုင်ကြီးဆီမှာသွားသွားနှိပ်ပေးရတဲ့အလုပ်ပေါ်လာတယ်…ဘယ်လိုကနေဘယ်လိုဖြစ်တယ်လည်းမသိ…သိပ်မကြာခင်မှာပဲထောင်ပိုင်ကသူ့ကိုတထောင်လုံးတန်းစီးဆိုခန့်လိုက်တယ်လေ(တထောင်လုံးတန်းစီးဆိုတာ..ထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေကိုအကျဉ်းသားအချင်းချင်းပြန်အုပ်ချုပ်ခိုင်းတဲ့နေရာမှာအကြီးဆုံးပေါ့)…အဲဒီအချိန်ကစလို့..ငှက်ရိုးစတိုင်ကပြောင်းသွားတယ်(အရင်ငှက်ရိုးမဟုတ်တော့ဘူး)ကျနော်ကတော့ကိုယ့်လူတ ယောက်တထောင်လုံးတန်းစီးဖြစ်သွားရင်…အကျဉ်းသားတွေအပေါ်သက်သက်ညှာညှာရှိလောက်ပါရဲ့…နိုင်ငံ ရေးအကျဉ်းသားများအခွင့်ရေးလည်းနားလည်တန်ကောင်းလောက်ပါရဲ့ဆိုထင်လိုက်တာ..ဘယ်ဟုတ်လိမ့်မ လည်း…ကိုယ့်လူက…ဇာတိပြလာတော့တာ….သူတန်းစီးဖြစ်လို့မကြာခင်..သာမန်ရာဇ၀တ်အကျဉ်းသားတွေအပေါ်အနိုင်ကျင့်တော့တာပဲ….သူ့မျက်လုံးနဲ့မတွေ့တဲ့သူဆို…ဒုတ်နဲ့ရိုက်….လူတွေကိုရိုက်နေရတာ…သူကကစား နေသလိုမျိုဲး….သူလာရင်ကျိုးနွံတဲ့ပုံစံနဲ့နေပေးရတဲ့အကျဉ်းသားတွေကိုကြည့်ပီတိဖြစ်နေတာ……ဒီလိုနဲ့နေလာ ရင်းကသူကနိုင်ငံရေးအကျဉ်းသားတွေအပေါ်တောင်ဗိုလ်ကျလာတယ်၊ကွယ်ရာမှာဆိုရာဇ၀တ်အကျဉ်းသားတွေကိုပြောရင်….မင်းတို့ထက်ပိုတဲ့….ဘယ်သူမှထိန်းလို့မရတဲ့….ငါးည(နိုင်ငံရေးအကျဉ်းသားကိုဆိုလိုတာ)တွေ တောင်သူကဘယ်လိုနိုင်အောင်ထိန်းတာ…ဘယ်လိုပြားဝပ်နေအောင်လုပ်ထားတာ…စသဖြင့်မဟုတ်တာတွေ ပြောပြီး…စကားလုံးတွေနဲ့ဗိုလ်ကျတယ်……ကုန်ကုန်ပြောရရင်လမ်းလျှောက်တာတောင်အရင်လိုမဟုတ်တော့ဘူး…သူ့ နောက်က တပည့်တပမ်းတွေနဲ့ မြောက်ကြွမြှောက်ကြွဖြစ်လာတော့တာပဲ…ကျနော့်ဆီလည်း မလာတော့ဘူး ( မလာတော့ဘူးဆိုတာထက် မတွေ့ချင်လို့ရှောင်နေတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်)၊ တစတစနဲ့ ငှက်ရိုးအခြေနေကပိုဆိုးလာတယ်….တထောင်လုံးမှာရှိတဲ့အားလုံးသောအကျဉ်းသားတွေတောင်မကဘူး…. ထောင်မူးအဆင့်အရာရှိတွေဝန်ထမ်းတွေကပါ..တော်တော်ကိုမျက်မုန်းကျိုး မုန်းတီးခံရတဲ့အဆင့်ကိုရောက်နေပြီ ဘာလို့လည်းဆိုတော့ ထောင်ပိုင်က ဘယ်ဝန်ထမ်း ဘာလုပ်သလည်း သူ့ဆီကို အကုန်သတင်းပို့ရမယ်ဆိုပြီး သူ့ကိုခိုင်းထားတော့…..မှတ်စုစာအုပ်တအုပ်နဲ့ အကုန်မှတ်တမ်းတင် သတင်းပို့နေတော့တာပဲ…..သူအမြဲ လက်သုံးပြောနေကြစကားက…..“ကျုပ်ကတာဝန်နဲ့ပတ်သက်လာရင်…ဘယ်သူ့မှမညှာဘူး…စည်းကမ်းဖောက် ဖျက်သူမှန်သမျှအကုန်အရေးယူမယ်”တဲ့….သူ့စကားကဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဘူး…ဒီစကားသုံးရအောင်…နိုင်ငံတော်ကတရားဝင်ခန့်အပ်ထားတဲ့ဝန်ထမ်းလည်းမဟုတ်…သူ့ဘ၀က…သူလိုကိုယ်လိုအကျဉ်းသားဘ၀…..တခါ ..ထောင်ပိုင်ကလည်း စစ်ဗိုလ် ( ဗိုလ်ကြီးဘ၀ ) ကနေ အသွင်ပြောင်းနဲ့ရောက်လာတာမှ မကြာသေး…ဆိုတော့….ဘုန်းကြီးရူးနဲ့ရေဒီယိုပျက်တွေ့ကြတော့တာပဲ…..အကျဉ်းထောင်လက်ဆွဲဥပဒေကို ကျော်ပြီးလုပ်ချင်ရာတွေလုပ်တော့တယ်…..နှစ်ယောက်လုံးကဗိုလ်ကျနေရတာကိုအရသာတွေ့နေကြတာ……အဆုံးမတော့ကောင်လေးတယောက်ကိုယောကျာင်္းချင်းကာမဆက်ဆံဘို့ကြိုးစားရာက…တထောင်လုံးတန်းစီးရာထူးပြုတ်…တိုက်ပိတ်…နောက်ရဲဘက်ပို့ခံရ…ရဲဘက်ရောက်တော့….သူနှိပ်စက်ထားတဲ့သူတွေက…လက်စားချေသတ်ပစ်လိုက်တယ်လို့ကြားတယ်……
ဒီဖြစ်စဉ်ကိုစဉ်းစားကြည့်တယ်…..အဲဒီကာလက..သရက်အကျဉ်းထောင်မှာဆို….နိုင်ငံရေးအကျဉ်းသားတွေကလွဲလို့…ရာဇ၀တ်အကျဉ်းသားတွေဆိုတာ…သူ့ကိုကြောက်နေလန့်နေရတာ….ငှက်ရိုးဘာမှမဟုတ်ဘူး….ဘာအဆင့်မှကိုမရှိတာကျနော်အသိဆုံး….အဲဒီ့ဘာမှအဆင့်မရှိတဲ့သူကိုလန့်နေရတယ်ဆိုတာ……သူ့လက်ထဲလုပ်ပိုင်ခွင့်ရောက်သွားတာကိုး….သူအုပ်ချုပ်နေပါတယ်ဆိုတဲ့ထောင်သားတွေထဲမှာဆရာဝန်တွေ…စစ်ဗိုလ်ပြုတ်တွေ…ပိုက်ဆံချမ်းသာသူတွေအများကြီး…….
လူပြိန်းလက်ထဲ…လုပ်ပိုင်ခွင့်ရသွားပြီဆို….ဗိုလ်ကျတတ်တာဓမ္မတာပါပဲ……သူ့မှာစဉ်းစားတွေးခေါ်နိုင်တဲ့အရည်ချင်းမှမရှိတာ….သူ့ရဲ့ဆုံးဖြတ်ချက်မှန်သမျှဟာ…သူ့အတ္တကိုအခြေခံပြီး…လာတာဆိုတော့…ဘယ်မှန်နိုင်ပါတော့မလည်း………လူပြိန်းဆိုတာ..သူသိတာအခုပဲရှိတယ်…အဲဒါ…သူ့အတ္တ..တနည်းအားဖြင့်သူ့လောဘ…….ပညာ နည်းမှလူပြိန်းဖြစ်တာမဟုတ်ဘူး…ပညာ တတ်တွေထဲမှာလည်း…လူပြိန်းတွေ အများကြီး…
ဗိုလ်ကျချင်သူဆိုတာ…..ရန်လိုမူ့ကိုလိုလားတယ်……..
တန်းတူမူ့ကိုနှစ်သက်သူဟာ…ငြိမ်းချမ်းရေးကိုလိုလားတယ်………..
လူပြိန်းဆိုတာ ဗိုလ်ကျရတာကို ကြိုက်တယ်……………………………………..
ဗိုလ်ကျချင်တဲ့သူဆိုတာ….အခုအမှန်ဟာတော်ကြာမှားရင်မှားမယ်….အခုအမှားဟာခနနေ..မှန်ရင်မှန်မယ်…..သေချာတာ တခုကတော့….သူတို့ရဲ့ အမှန်တရားဆိုတာ…သူတို့ရဲ့အတ္တပဲ…။
ယခုလက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင်များကိုပဲကြည့်ပါ…..သူတို့ တိုင်းပြည်ကို ချုပ်ကိုင်ထားတာ တခုတည်းသောပေါ်လစီပဲရှိပါတယ်…ဒါကတော့…ဗိုလ်ကျစိုးမိုးခြင်းဆိုတဲ့မူကလွဲလို့တိကျခိုင်မာတဲ့သဘောတ ရား လမ်းစဉ် ဥပဒေဆိုတာ မရှိပါဘူး ( လူရိုသေရှင်ရိုသေစာအုပ်စာတမ်းတွေနဲ့ပြုစုထားပေမဲ့ လက်တွေ့ကတော့ ဒီသဘောတရာလမ်းစဉ်တွေကိုပစ်ပယ်ပြီး လက်တန်း အမိန့်တွေနဲ့ ဗိုလ်ကျစိုးမိုးရေးတခုသာလျှင်ရှိပါတယ်)
ဗိုလ်ကျတတ်တဲ့အကျင့်ဆိုးဆိုတာဘယ်လောကမှာမှမကောင်းဘူး…..ကျနော်တို့တတွေဟာဗိုလ်ကျတတ်သူ တွေ ဟုတ်မဟုတ် ကိုယ့် ကိုယ်ကိုယ်စစ်ဆေးကြည့်ရအောင်ပါ၊
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )

လူ.docx
23K View Download

လူ.pdf
50K View Download
KIA ၊ မြန်မာ့တပ်မတော် နှင့် ဗိုလ်မှူးအောင်လင်းထွဋ်
စနေ, 02 ဇူလိုင် 2011
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး (အပိုင်း - ၁)
By ရော်နီညိမ်း
မကြာသေးခင် ဇွန်လ (၉) ရက်နေ့ကနေ စတင် ဖြစ်ပွားခဲ့တဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အစိုးရ စစ်တပ်တို့ရဲ့ တိုက်ပွဲတွေဟာ၊ ပြင်းထန်လာခဲ့ပြီးတော့၊ ဒေသခံတိုင်းရင်းသားတွေ ထောင်နဲ့ချီပြီး အိုးအိမ်စွန့် ခွာ ထွက်ပြေးနေကြရပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က (၅) ဦးပါ ငြိမ်းချမ်းမှုတည်ဆောက်ရေး အ ဖွဲ့ ဖွဲ့ပြီး၊ ဒီအဖွဲ့နဲ့ KIA နဲ့ ဇွန်လ(၃၀)ရက်နေ့က အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးခဲ့ကြရာမှာတော့၊ အစိုးရ ရဲ့ ကိုယ်စားလှယ်အဖွဲ့ထဲက နှစ်ဦးဖြစ်တဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဦးစီးမှူး (ပထမတန်း) အရာရှိ ကြီးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ တို့၊ မပါဝင်ခဲ့ကြပါဘူး။ ဒီအခြေအနေပေါ်မှာ၊ KIA နဲ့ အစိုးရစစ်တပ်တို့ ရဲ့ အပစ်အခတ်ရပ်စဲရေး အနေအထားကို၊ ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ် နဲ့ ကိုရော်နီညိမ်းက၊ မေးမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးအောင်လင်းထွဋ် ခင်ဗျား။ ဗိုလ်မှူးဟာလည်းပဲ၊ KIA နဲ့ အရင် မြန်မာစစ်အစိုး ရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အချိန်ကာလမှာ၊ တော်တော်လေးပဲ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်ခဲ့ရတယ်လို့၊ ကျနော်တို့က သိထားတဲ့အတွက်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ လက်အောက်ခံ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) နဲ့ အစိုးရစစ်တပ်တို့ အပစ်ရပ်ကြဖို့သဘောတူညီချက် ရခါနီးပြီဆိုတဲ့ အကြောင်းကို၊ ဗိုလ်မှူးကို မေးကြည့်ချင်ပါတယ်။ အစိုးရဘက်က လွှတ်လိုက်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အ ဖွဲ့မှာ စစ်ဘက်က ကိုယ်စားလှယ်ပါလာတာ မတွေ့ရဘူး။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်က ဘာ ကိုယ်စား လှယ်မှ မလွှတ်ဘူး။ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)က တာဝန်ရှိတဲ့ စစ်ဆင်ရေး စစ်ဦးစီးမှူး (ပထမတန်း) တို့၊ စစ်ဘက်ရေးရာလုံခြုံရေးက ပုဂ္ဂိုလ်တို့၊ ပါလာတာ မတွေ့ရပဲ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကချင်ပြည်နယ် ၀န်ကြီးအဖွဲ့ထဲက နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်တဲ့အဖွဲ့နဲ့၊ KIO ဘက်က ဗိုလ်မှူးချုပ် ဂွမ်မော် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ပဲ တွေ့ကြတယ်။ အဲဒါက ဘာဖြစ်လို့ အစိုးရဘက်က စစ်ဘက်က ပါလာခြင်း မရှိတာလဲ ဆိုတာကို၊ ဗိုလ်မှူး အရင် သုံးသပ်ပေးပါခင်ဗျ။ ဘာများ ၀ှက်ဖဲ ရှိပါသလဲ။
(၂၀၁၁ ဇွန် ၂၇ ရက်နေ့တွင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ငြိမ်းချမ်းမှုတည်ဆောက်ရေးအကြိုညှိနှိုင်းမှုအဖွဲ့ကို၊ (၅) ဦးပါ အဖွဲ့နှင့် ဖွဲစည်းခဲ့ပြီး၊ အဖွဲ့ခေါင်းဆောင်မှာ ကချင်ပြည်နယ်ဝန်ကြီးအဖွဲ့ထဲမှ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ အဖွဲ့ဝင်များမှာ ကချင်အမျိုးသားအတိုင်ပင်ခံဥက္ကဋ္ဌ ဦးဆင်ဝါးနော်၊စည်းလုံး ညီညွတ်ရေးနှင့်ဒီမိုကရေစီ (UDPKS) ပါတီ၏ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေး စစ်ဦးစီးမှူး (ပထမတန်း) ဗိုလ်မှူးကြီးထွန်းထွန်းအုန်း နှင့် စစ်ဘက်ရေးရာလုံခြုံရေးစစ် ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူးနိုင်လင်းတို့၊ ဖြစ်ကြပါသည်။)
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ၀ှက်ဖဲ ရှိပါတယ်ခင်ဗျ။ စစ်တပ်ရဲ့ကိုယ်စားလှယ် အခုလို မပါတဲ့သဘော က၊ စစ်တပ်အနေနဲ့ကတော့ (KIA ကို တိုက်ခိုက်ခြင်း) လုပ်ချင်လုပ်မယ်၊ မင်းတို့ဟာမင်းတို့ ဆွေးနွေးချင်ရာ ဆွေးနွေး ဆိုတဲ့ အမြင်မျိုးဖြစ်အောင်၊ ခွ check လုပ်ထားတာပါ။ တဘက်ကလည်း နိုင်ငံရေးအရ ကမ္ဘာကို ပြောမယ်၊ ပြည်တွင်းကို ပြောမယ်၊ ငြိမ်းချမ်းရေးကို သူတို့(အစိုးရ) ဘက်က သည်းညည်းခံပြီး လုပ်နေပါတယ် ဆိုတာကို၊ သူတို့က ပြောမယ်။ တဘက်ကလည်း တပ်နဲ့ ဖိမှာပါ။ အခုဟာက သူတို့ (အစိုးရတပ်တွေ)က၊ ခြေ ကုပ်တခု ရသွားပါပြီ။ တာစန်း (တရုတ်ကုမ္ပဏီ၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ရေကာတာတည် ဆောက်ရေး လုပ်နေသည့် နေရာ) တောင်ကုန်းတကုန်းကို ရသွားတဲ့အခါ၊ နောက်ထပ် တပ်တွေ ၀င်လာပါ လိမ့်မယ်။ KIA အနေနဲ့ ပြတ်ပြတ်သားသားဖြစ်ဖို့ လိုပါတယ်။ အခုလက်ရှိ ၁၉၉၄ က ချုပ်ဆိုထားတဲ့ စာချုပ်အ တိုင်း၊ စစ်တပ်က တပ်တွေ ပြန်ရုပ်သိမ်းဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့တုန်းက နှစ်ဘက်တပ်တွေ အင်အား မတိုးချဲ့ရေးဆိုတာ၊ ပါပါတယ်။ စာချုပ်ချုပ်ပြီးတဲ့ နောက်ပိုင်းမှာ၊ မသိမသာမသိမသာ KIA ကလည်း အင်အားစုသလို၊ မြန်မာ့တပ်မတော်ဘက်က တပ်ဖွဲ့တွေကလည်း၊ KIA နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ နယ်စပ်တလျှောက်မှာ၊ တပ်ရင်းပေါင်း မြောက်မြားစွာကို ဖွဲ့တဲ့အနေအထားမျိုး ရှိပါတယ်။ ၀ှက်ဖဲအနေနဲ့က တော့၊ မြန်မာ့တပ်မတော်အနေနဲ့ KIA ကို၊ ဟိုဘက်က တရုတ်နဲ့ ပေါင်းလို့ရရင်၊ ပေါင်းပြီးတော့မှ ကိုးကန့်လို လုပ်ချင်တဲ့ အနေအထားမျိုးရှိတယ်လို့၊ ကျနော် မြင်ပါတယ်။ ဒါ ၀ှက်ဖဲပဲ ဖြစ်ပါလိမ့်မယ်။ အခုကလည်း၊ နေပြည်တော်အနေနဲ့ကလည်း၊ နိုင်ငံရေးအရ အရပ်ဘက် (အစိုးရ) က၊ အရပ်ဘက်ပဲ၊ ဆိုတဲ့ ပုံစံမျိုးနဲ့၊ သူတို့ ၀င်တဲ့ သဘောပါ။ မင်းတို့ဟာ မင်းတို့ အရပ်ဘက် (အစိုးရ) က၊ ဘယ်လောက်ပဲ ဆွေးနွေး၊ ဆွေးနွေး၊ ငါတို့ စစ်တပ်က မကျေနပ်လို့ တိုက်တယ်ကွာ လုပ်တယ်ကွာ၊ ဆိုတဲ့၊ နှစ်ခွပေါ့ဗျာ၊ အဲဒီအမြင် ရစေချင်တဲ့ ပုံစံမျိုး ကို၊ သူတို့ လုပ်တာပါ။
ဦးရော်နီညိမ်း ။ ။ KIO ဘက်ကဆိုရင်၊ KIO တွဲဘက်အတွေင်းရေးမှူး ဦးလနန် ပြောကြားချက်အရ ဆိုရင်၊ အပစ်အခတ်ရပ်စဲရေးဟာ မကြာခင် လက်မှတ် ရေးထိုးကြတော့မယ်၊ သူတို့ ဇွန်လ (၃၀) ရက်နေ့က တွေ့ဆုံမှုဟာ ပဏာမတွေ့ဆုံမှုလို့၊ သူက ပြောသွားခဲ့ပါတယ်။ အဲဒီတော့၊ အပစ်အခတ်ရပ်စဲရေးရဲ့ နောက်တ ဆင့်၊ လက်မှတ်ထိုးမယ့်အခါကျရင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ပဲ ထိုးမှာလား၊ ကာကွယ်ရေးဝန်ကြီးဌာနက မပါရင်တောင်မှ၊ အဖျဉ်းဆုံး လက်အောက်ခံ စစ်တိုင်းဖြစ်တဲ့ မြောက်ပိုင်းစစ်ဌာနချုပ်ရဲ့ ကိုယ်စားလှယ်က၊ လာပြီး မထိုးတော့ဘူးလား။ အဲဒါဆိုရင်၊ ဒီအပစ်အခတ်ရပ်စဲရေးကို KIA ဘက်က၊ ဘယ်လောက်အထိ ယုံ ကြည်စိတ်ချလို့ ရမလဲဆိုတာကို၊ ဗိုလ်မှူး ခန့်မှန်း တွက်ချက်ပေးပါ။
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA ဘက်က ယုံကြည်မှုအနေနဲ့ကတော့၊ ပထမအကြိမ် ၁၉၉၄ ခုနှစ် တုန်းက၊ စစ်တိုင်းမှူးနှစ်ယောက်က (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောလွင် (OTS 27) နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးကျော် (OTS 28 - ကွယ်လွန်)၊ ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား လက်မှတ်ရေးထိုးခဲ့တာတောင်မှ၊ အခုလို ကတိက၀တ်aတွကို ဖေါက်ဖျက်ပြီး လုပ်ခဲ့သေးတာပဲဗျာ၊ KIA အနေနဲ့ သတိထားဖို့က၊ လက်မှတ်ရေးထိုးရုံတင် မဟုတ်ဘူး၊ ကတိက၀တ်ပြုတဲ့ သက်သေလူကြီးတွေ ရှေ့မှာပါ၊ အကုန်လုံးက မျှမျှတတနဲ့ ပီပီပြင်ပြင်နဲ့ ဖြစ်အောင်တော့၊ လုပ်ဖို့လိုပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ နောက်ခံကို နည်းနည်း ပြန်ကြည့်ချင်ပါတယ်။ ဘယ်တုန်းကစပြီး KIA နဲ့ ငြိမ်းချမ်း ရေးယူတဲ့ကိစ္စ ဖြစ်ပေါ်လာတယ် ဆိုာကို အကျဉ်းချုံးပြီး၊ နောက်ခံကို ရှင်းပြပေးပါ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ၁၉၉၀လောက်တုန်းက ဦးဘရန်ဆိုင်း(ကွယ်လွန်သူ KIO ဥက္ကဋ္ဌ) သက်ရှိ ထင်ရှား ရှိနေစဉ်အခါမှာ၊ ၀ါရှင်တန်က မြန်မာသံရုံးမှာ သံအမတ်ကြီး၊ တခါ ၀န်ကြီးချုပ်ရုံး ၀န်ကြီးနဲ့ အလုပ်သ မား ၀န်ကြီး လုပ်သွားခဲ့တဲ့ ဦးတင်ဝင်း (ထောက်လှမ်းရေးအရာရှိဟောင်း အငြိမ်းစားဗိုလ်မှူးကြီး တင်ဝင်း - OTS 35) ခေါင်းဆောင်တဲ့ အဖွဲ့နဲ့၊ KIA နဲ့ တွေဆုံခဲ့ကြတယ်။ ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတဲ့ အချိန်မှာ၊ KIA က ပြန်ပြီး ဆက်သွယ်လာခဲ့တယ်။ အဲဒီအချိန်မှာ အကျိုးဆောင်တွေအနေနဲ့၊ အစ္စရေးလ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးလ၀မ် (ယခု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ)၊ နောက် ခရစ် ယာန်သင်းအုပ်ဆရာ ဒေါက်တာစားပွဲဂျွန် နဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးခွန်မြတ်၊ ဒီသုံးယောက်နဲ့ (ရန်ကုန် စစ်ရုံး ချုပ်အရာရှိများ အိမ်ယာ) န၀ရတ်ရိပ်သာက ကျနော့်အိမ်မှာ စတွေ့ပြီးတော့၊ ဒါတွေကို စလာခဲ့တာပါ။
ဦးရော်နီညိမ်း ။ ။ အရင် အစိုးရအဆက်ဆက်ဟာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေး ရင်၊ လက်နက်ချဖို့ပဲ အစိုးတွေဘက်က တောင်းဆိုနေတာကြောင့်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့်တွေက ဖြစ် မလာဘူး၊ ဒါပေမဲ့ အခု လက်နက်ကိုင်ထားပြီးတော့မှ၊ ငြိမ်းချမ်းရေး အပြီးအပြည့်အစုံကိစ္စကို၊ ဖြစ်ပေါ်လာမယ့် အစိုးရနဲ့မှ ဆက်ပြီးလုပ် သွားကြမယ်ဆိုပြီးတော့၊ မြန်မာ့တပ်မတော်နဲ့ KIA နဲ့ သဘောတူညီခဲ့တယ်၊ ဒီလိုမျိုး ဗိုလ်မှူးတို့ ပထမတကြိမ် ဆွေးနွေး ခဲ့တယ်လို့၊ သိရပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတုန်းပဲလား။
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကာလ နှစ်ခုပေါ့ဗျာ။ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်မှာ၊ ခုန ကိုရော်နီပြောခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း ဗိုလ်ချုပ်ကြီးသန်းရွှေက (နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဒုတိယဥက္ကဋ္ဌ အနေနဲ့ ရှိပါတယ်။ အဲဒီ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း သွားခဲ့ ကြတယ်။ ဒါပေမဲ့၊ ၁၉၉၂ ခုနှစ် (ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖြုတ်ချပြီး) ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတဲ့ အခါမှာ၊ အဲဒီ မူဝါဒတွေကို သူ ignore (လစ်လျူရှု) မလုပ်ရဲဘူး။ မစွန့်လွှတ်ရဲဘူး။ မကြိုက်လည်း မကြိုက်ဘူး။ ဘာသွားတွေ့ရလဲဆိုတော့၊ (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို) လက်နက်ကိုင်ခွင့်ပေးထားမယ် ဆိုပေ မဲ့၊ ကျနော့်ကို ဘာပြောခိုင်းလဲ ဆိုတော့၊ “မင်းတို့ KIO ကို လက်နက်ချခိုင်းလိုက်” လို့ ပြောခိုင်းပါတယ်။ ဗိုလ် ချုပ် (ဗိုလ်မှူးချုပ်) ကျော်သိမ်း (ထိုစဉ်က ဒုဗိုလ်မှူးကြီး) မအားလို့၊ ကျနော့်ကို ပြောခိုင်းလို့၊ (နှစ်ဘက်ကြားက အကျိုးဆောင်ပုဂ္ဂိုလ်တွေကို) ကျနော့်အိမ်ကိုခေါ်ပြီး၊ ဒီစကား ကျနော် ပြောခဲ့ရပါတယ်။ ကျနော်တို့မှာ ဘယ်သူ မှ ဒီလိုစကားမျိုးကို ပြောချင်တဲ့အနေအထားမျိုး မရှိခဲ့ဘူး။
ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ ကျနော်တို့ သိချင်တာက၊ ဗိုလ်မှူးကို ဘယ်လောက်အနေအထားမျိုးနဲ့ တာဝန်ပေး အပ်ခဲ့ခြင်း ခံခဲ့ရပါသလဲ၊ KIA နဲ့ စတင် စေ့စပ်တဲ့အချိန်မှာ၊ ဗိုလ်မှူးသည် ဘယ်အခန်းကဏ္ဍကနေ ဘယ်လိုကနေ ပါဝင် ခဲ့ရတယ် ဆိုတာလေး၊ သိချင်ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော့်အဆင့်က ဗိုလ်မှူး၊ ရာထူးက G-2 (General Staff Officer – Grade 2 – Combat Intelligence Division) (တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ၊ စစ်ဦးစီးအရာရှိ - ဒုတိယတန်း) ပါ။ ကျနော်ဟာ အဲဒီ (ငြိမ်းချမ်းရေး) လုပ်ငန်းစဉ် တလျှောက်မှာ၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက staff တယောက်အနေနဲ့၊ ရန်ကုန် နောက် တန်းမှာနေပြီးတော့၊ ဒီလုပ်ငန်းတွေကို ကိုင်ရပါတယ်။ ရှေ့တန်း (ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ) ကိုတော့၊ ဗိုလ်ချုပ်ကျော်ဝင်း (OTS 38) (ထိုစဉ်က ဗိုလ်မှူးကြီး၊ တပ်မတော်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး) နဲ့ ဗိုလ်ချုပ် (ဗိုလ်မှူးချုပ်) ကျော်သိမ်း (DSA 11 ထိုစဉ်က ဒုဗိုလ်မှူးကြီး၊ တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲထောက်လှမ်းရေးဌာနခွဲ၊ စစ်ဦးစီးအရာရှိ - ပထမတန်း) တို့၊ သွား ကြပါတယ်။ ဗိုလ်ချုပ်ကျော်ဝင်း နဲ့ ဗိုလ်ချုပ်ကျော်သိမ်း တို့က (KIO နှင့်) ဆွေးနွေးချက်တွေကို၊ ကျနော့်ဆီကို ပို့ပါတယ်။ ကျနော်ကတဆင့် ဗိုလ်ချုပ်ခင်ညွန့်ဆီကို တင်ပြရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကမှ ဗိုလ်ချုပ်ကြီးသန်း ရွှေကို တင်ပြပါတယ်။ တခါ(ညွှန်ကြားချက်တွေကို) ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ် ခင်ညွန့်ဆီ၊ ဗိုလ်ချုပ်ခင်ညွန့် ကနေ ကျနော့်ဆီ၊ ကျနော်ကမှ (ရှေ့တန်းရှိ) ဗိုလ်ချုပ်ကျော်ဝင်း နဲ့ ဗိုလ်ချုပ်ကျော်သိမ်း တို့ဆီ ဆက်ပို့ ပေးခဲ့ရ ပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီအချိန်မှာ ဗိုလ်မှူးအနေနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို၊ ဘယ်လို ခန့်မှန်းလို့ရလဲ ခင်ဗျ။ သူ သည် တကယ်ပဲ ငြိမ်းချမ်းရေးလိုချင်လို့၊ လိုလိုလားလားနဲ့ လုပ်မှာလား၊ ဒါမှမဟုတ်၊ အဲဒီအချိန်မှာ ခဏ အချိုသတ်ထားပြီးတော့၊ နောင်တချိန်ကျရင်၊ အကုန်ုလုံးကို ကြိတ်ဝါးပစ်မယ်ဆိုတဲ့ အနေအထားမျိုး လား။ ဗိုလ်မှူး ဘယ်လို လေ့လာတွေ့ရှိခဲ့ပါသလဲ။
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ အဲဒီအချိန်တုန်းက၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို ကျနော် ယုံခဲ့တယ် ခင်ဗျ။ တိုင်းရင်းတွေက လက်နက်ကိုင်ထားပြီး၊ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်ကြမယ်၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရသွားတဲ့အခါ၊ ဒီလက်နက်တွေဟာ၊ တုတ်လောက်တောင်မှ တန်ဘိုးမရှိတော့ ဘူး၊ တယောက်နဲ့တယောက် ပြောကြဆိုကြမယ်၊ ငြိမ်းအေးသွားကြတဲ့အချိန်မှာ၊ နိုင်ငံရေးကိစ္စဟာလည်း တယောက်နဲ့တယောက် မညှိနှိုင်းလို့ မရစရာ အကြောင်းမရှိဘူးလို့၊ ကျနော် ယုံခဲ့တယ်။ ဒါပေမဲ့၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလမှာ၊ KNU (Karen National Union) အန်ကယ်မြ (ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြ) တို့နဲ့၊ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျနော် အယုံအကြည်မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ၊ သူ ကစားနေလို့ပဲ။ ကစားတဲ့နေရာမှာလည်း၊ ပြည်တွင်းရော ပြည်ပမှပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စကို အရုပ်(စစ်တုရင်နယ်ရုပ်) တခုလို၊ သူ ကစားခဲ့တဲ့ အနေအထားမျိုးရှိတယ်။ အဲဒီအချိန် အဲဒီအခါက၊ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို) ကို၊ သူ့အနေနဲ့ ဖြိုတဲ့ တိုက်တဲ့အခါမှာ၊ ဗိုလ်ချုပ်သန်းရွှေ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူ့ရဲ့ လက်နက်တခုလို၊ သုံးခဲ့တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၆ နောက်ပိုင်းက စပြီး၊ ကျနော်က မယုံတော့ဘူး။
ဦးရော်နီညိမ်း ။ ။ KIO က စစ်အစိုးရလုပ်ခဲ့တဲ့ (၁၉၉၃မှ ၂၀၀၇အထိ)အမျိုးသားညီလာခံကို၊ တောက် လျှောက် တက်လာခဲ့တာပဲ။ KIO က အမျိုးသားညီလာခံကို တက်နေတဲ့အချိန်မှာ၊ KIA က လက်နက်ကိုင်ထား ပြီး၊ အပစ်အခတ် ရပ်စဲထားတဲ့အနေအထားနဲ့၊ သွားနေတဲ့ အချိန်မှာ၊ KIO နဲ့ မြန်မာစစ်အစိုးရတို့ရဲ့ ဆက်ဆံ ရေးဟာ တကယ်ပဲ ကောင်းနေလားခင်ဗျ။.
ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ KIA ဟာ နိုင်ငံရေးအရ ပါးပါးနပ်နပ်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီး တခုပါ။ သည်းးညည်းခံနိုင်သလောက်၊ သူတို့ သည်းညည်းခံတာ တွေ အများကြီး ရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်နေစဉ် ကာလထဲမှာကိုက၊ တပ်ကနေ ဖမ်းပြီးသတ်တဲ့ ဆိုးဆိုးဝါး ၀ါးကိစ္စတွေ ဖြစ်ခဲ့တယ်။ နောက်ဆုံး ကျနော်မှတ်မှတ်ရရဆိုရင် အဲဒီမှာ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) စစ်တိုင်း မှူးလုပ်သွားတဲ့၊ (အပစ်အခတ်ရပ်စဲရေး) လက်မှတ်ထိုးစဉ်ကလည်းပါတဲ့ ဗိုလ်ချုပ်စောလွင် (ကြည်း ၈၆၇၇ OTS 27) ဆိုရင်၊ KIA ကို မကြားဝံ့မနာသာ လူရှေ့သူရှေ့မှာ ဆဲတာဆိုတာတွေ ရှိပါတယ်။ ဒါတွေကို KIA က သည်းညည်းခံပြီး၊ ကျနော်တို့ ထောက်လှမ်းရေးကိုပဲ၊ ဒါတွေက ဒီလိုတွေ ဖြစ်နေတယ် ဆိုတာမျိုးတွေပဲ၊ ယဉ် ယဉ်ကျေးကျေးနဲ့ လှမ်းပြီး၊ ကျနော်တို့တို့ကို တင်ပြတာတွေ ရှိခဲ့ပါတယ်။ ဒါတွေကို ကျနော်တို့ဆီက တဆင့် ဗိုလ်ချုပ်ကြီးခင်ညွန့်၊ တခါ ဗိုလ်ချုပ်ကြီးခင်ညွန့်နေ တဆင့် ထပ်ပြိးတော့ တင်ပြခဲ့တာတွေ ရှိပါတယ်။ အဲဒီ အချိန်က ငြိမ်းချမ်းရေးယူထားတာကို အပျက်ခံလို့ မရသေးတဲ့အခါကျတော့၊ ဗိုလ်ချုပ်စောလွင်ကို တိုင်းမှူးက နေ ဌာနလက်ကိုင်မရှိတဲ့ ၀န်ကြီးချုပ်ရုံးဝန်ကြီးဆိုပြီး၊ ရွှေ့ပစ်လိုက်ရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ အမျိုးသားညီလာခံ မှာ KIO ၀င်ခွင့်ရတော့လည်း၊ ဒေါက်တာတူးဂျာ (၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထောင်ခွင့် ရွေးကောက်ပွဲဝင် ခွင့်တို့ကို၊ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြချက်အစုံတရာမပေးပဲ ပယ်ချခြင်းခံရသူ၊ အမျိုး သားညီလာခံကို စစ်အစိုးရအလိုကျ (၁၄)နှစ် တက်ရောက်ခဲ့သည့် ကချင်ခေါင်းဆောင်) တို့ကို တွေ့ပါလိမ့်မယ်၊ ခေါင်းပေါင်းစ တထောင်ထောင်နဲ့၊ အစိုးရဘက်ကနေ သူ့ကို အသုံးချတာတွေ ရှိတယ်။ သူတို့က သည်းညည်း ခံပါတယ်။ ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံကို နောက်တကျော့ ပြန်စတဲ့အခါမှာ၊ တိုင်းရင်းသားအဖွဲ့တွေဟာ အချင်းချင်း စုစည်းပြီးတော့ နိုင်ငံရေးအရ သူတို့ကို အမျိုးသားညီလာခံမှာ ပြောခွင့်ပေးမယ်ဆိုတဲ့၊ သဘောတူ ညီချက်အရ သူတို့က အချက် (၁၂) ချက်လား (၁၄) ချက်လား မသိဘူး၊ (ညီလာခံကို) တင်ပြတာ ရှိပါတယ်။ ဒီလို တင်ပြတဲ့အခါမှာ၊ ဘာပြ ဿနာတက်လဲ ဆိုတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒီကောင်တွေကို၊ ဒီလို (နိုင်ငံရေးအရ) ဆွေးနွေးခွင့် မပေးနိုင်ဘူး၊ ဒီအတိုင်းပဲ ignore လုပ်ထားလိုက်ဆိုပြီး၊ အမိန့်ပေးပါတယ်။ အဲဒီ လို အမိန့်ပေးတဲ့အခါမှာ၊ (အမျိုးသားညီလာခံ) အထဲမှာ၊ ပြဿနာတွေ အများကြီး ရှိလာပါတယ်။
ဦးရော်နီညိမ်း ။ ။ ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ်ကို ဆက်သွယ်မေးမြန်း တင်ပြခဲ့တာ၊ ဖြစ်ပါတယ် ခင်ဗျာ။ “ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာ့ တပ်မတော် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး (အပိုင်း - ၂)” ကို၊ နောက်သီတင်းပတ် စနေနေ့မနက်ခင်းနဲ့ ညနေခင်း တွေမှာ၊ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com
အာဏာရှင်မျက်နှာဖုံး ဖြုတ်ခွာလိုက်သူနဲ့ စကားပြောဆိုခြင်း
တနင်္ဂနွေ, 03 ဇူလိုင် 2011
By ဦးသန်းလွင်ထွန်း
မြန်မာနိုင်ငံရဲ့  စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဟာ တကယ်တမ်း အနားယူ သွားတာမဟုတ်ဘဲ လက်ရှိနိုင်ငံရေး အခြေအနေတွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေဆဲဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  အထ္ထုပ္ပတိစာအုပ်ကို ရေးသားခဲ့သူ ဗြိတိန်နိုင်ငံသား စာရေးဆရာ Benedict Rogers က ပြောဆိုပါတယ်။ "Than Shwe: Unmasking Burma's Tyrant = မြန်မာပြည်က အာဏာရှင်ရဲ့  မျက်နှာဖုံးကို ခွါချခြင်း" ဆိုတဲ့ အမည်နဲ့ ရေးသားခဲ့တဲ့ သူ့ရဲ့  စာအုပ်ကြောင့် စာရေးဆရာ Benedict Rogers ဟာ မြန်မာနိုင်ငံကို ဒီနှစ်ဆန်းမတ်လအတွင်းက အလည်အပတ် သွားရောက်စဉ်မှာ တိုင်းပြည်ကနေ နှင်ထုတ်ခံခဲ့ရပါတယ်။ မကြာသေးခင်က ဝါရှင်တန်မြို့ တော်ကို ရောက်ရှိလာခဲ့တဲ့ Benedict Rogers ကို ဦးသန်းလွင်ထွန်း က တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီစာအုပ်မှာ အာဏာရှင်တဦးရဲ့  မျက်နှာဖုံးကို ခွာချခြင်းဆိုတော့ ဒီအာဏာရှင်ရဲ့  ဘယ်လိုအကြောင်းအချက်တွေကို ပေါ်လွင်အောင် ရေးသားထားနိုင်ခဲ့သလဲ။
Benedict Rogers ။ ။ မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံး အာဏာရှင် တဦး ဖြစ်ပေမဲ့ သူ့အကြောင်းကို လူသိနည်းပါတယ်။ ဝါရှင်တန်၊ လန်ဒန်၊ နယူးရော့ခ်မြို့ ကြီးတွေမှာ လမ်းမပေါ်က လူတွေမေးလိုက်ရင် Robert Mugabe, Kim Jong-il, Fidel Castro တို့နဲ့ တခြား အာဏာရှင်တွေကို သိကြပေမဲ့ သန်းရွှေ ဘယ်သူလဲဆိုတာကို သိသူ သိပ်မရှိကြပါဘူး။ ဒါကြောင့် ဒီစာအုပ်ဟာ သူ့အကြောင်းကို လူသိအောင်။ ဗမာပြည်မှာ ဖြစ်ပျက်နေတဲ့အကြောင်၊ မြန်မာနိုင်ငံသားတွေ ခံစားနေကြရတဲ့ ဒုက္ခတွေအကြောင်း လူတွေကျယ်ကျယ်ပြန့်ပြန့် သိလာအောင် မိတ်ဆက်ပေးတဲ့သဘောပါ။ သူ့အကြောင်း ဘာတွေဖော်ထုတ်နိုင်ခဲ့သလဲဆိုရင်တော့ သူ့ရဲ့  လုပ်ပုံကိုင်ပုံ၊ စရိုက်လက္ခဏာ၊ စစ်တပ်ထဲမှာ ဘယ်လို အဆင့်ဆင့် ရာထူးတွေ ရလာခဲ့သလဲ စတာတွေပါဝင်ပါတယ်။ စစ်တပ်ထဲမှာ သူဟာ တကယ် တိုက်ရည် ခိုက်ရည် အရည်အသွေးမြင့်တဲ့ စစ်သားတယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူဟာ အထက် လူကြီးတွေအပေါ် ရိုရိုသေသေနဲ့ သစ္စာရှိကြောင်း ပြတတ်တယ်။ ကိုယ့်ရဲ့  ရည်မှန်းချက်တွေကို သိုသိုဝှက်ဝှက် ထားတတ်တယ်။ ဒါကြောင့် လူကြီးတွေကို သူကို အန္တရာယ်ရှိသူအဖြစ် မမြင်ကြတာပေါ့။ တဖြည်းဖြည်း အထက်ကို ရောက်လာသူပါ။ နောက်ဆုံး ထိပ်ဆုံးကို ရောက်လာမှပဲ သူက အပိုင်းပိုင်း ခွဲခြားပြီး တော့ အပေါ်က အသာစီးယူ အုပ်ချုပ်မှု၊ Psych-war စိတ်ဓါတ်ရေးရာ စစ်ဆင်မှု၊ နေရာပေး အသုံးချတတ်မှုစတဲ့ သူ့ရဲ့  ကျွမ်းကျင်မှုတွေကို ပြသလာခဲ့ပါတယ်။ ဒါကြောင့် သူဟာ အရည်အချင်းပြည့်တဲ့ စစ်သားတယောက် မဟုတ်ပေမဲ့ အများထင်ထားသလောက် မညံ့တဲ့ ပါးရည်နပ်ရည်ရှိသူတဦး ဖြစ်တယ်ဆိုတာ ဖော်ပြနိုင်ခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီစာအုပ်ကို ရေးသားပြုစုနေတဲ့အချိန်က ဘယ်လောက်အထိ သုတေသနပြုဖို့ အချိန်ရခဲ့ သလဲ။ အတွင်းက အချက်အလက်တွေနဲ့ ပတ်သက်လို့ ပံ့ပိုးပေးခဲ့သူတွေ ဘယ်လောက်များရှိခဲ့ပါသလဲ။ အထူးသဖြင့်တော့ နောက်ပိုင်းမှာ စွပ်စွဲလာတာက အစိုးရပိုင်းက စွပ်စွဲလာတာက ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေက တိကျမှန်ကန်မှု မရှိဘူးလို့ ပြောနေကြတယ်။ အဲဒါလေးကို နည်းနည်းလေး ရှင်းပြပေးပါ။
Benedict Rogers ။ ။ ဒီစာအုပ်ကို ပြည့်စုံတိကျတဲ့ အထ္ထုပ္ပတိစာအုပ်လို့ မဆိုချင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းကို ပြုစုရတာ အလွန်ခက်ပါတယ်။ သူနဲ့ တွေ့ဆုံဖို့ စာရေး ခွင့်ပန်ပေမယ့် ပြန်ကြားချက် မရခဲ့ပါဘူး။ ဒါကြောင့် သူနဲ့ သူ့မိသားစုနဲ့ရော သူနဲ့လက်ရှိနီးစပ်တဲ့ လူတွေကို မေးမြန်းခွင့်မရခဲ့ပါဘူး။ ဒီစာအုပ်အတွက် ဘယ်သူတွေက ကူညီပေးခဲ့ကြသလဲဆိုရင်တော့ (၁) စစ်တပ်ထဲက ဘက်ပြောင်းလာသူတွေ။ (၂) အတိုက်အခံ အသိုင်းအဝိုင်းနဲ့ (၃) နိုင်ငံရပ်ခြား သံတမန်တွေ ဆိုပြီး သုံးမျိုးသုံးစား ပြောနိုင်ပါတယ်။ တချိန်က စစ်တပ်ထဲမှာ သူနဲ့ နီးနီးကပ်ကပ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူတွေ သူကို သိခဲ့ဘူးသူတွေနဲ့ သူအစိုးရလက်ထက်မှာ ဖိနှိပ်မှုနဲ့ ပြဿနာတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ အတိုက်အခံတွေ ပြောပြကြတဲ့ အကြောင်းအရာတွေ အများကြီးရှိသလို။ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံခြားသံတမန်တွေ၊ ကုလသမဂ္ဂဝန်ထမ်းတွေ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Razali Ismail နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် ပါမောက္ခ Yozo Yokota တို့တတွေက သူတို့ သိခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ပြောပြခဲ့ကြပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က သူ့ရဲ့ အကြောင်း ကိုယ်ရေး အချက်အလက်တွေနဲ့ ပတ်သက်လို့က သိပ်ပြီးလျှို့ ဝှက်လှတဲ့အတွက်ကြောင့်မို့ ဗမာပြည်သူတွေ အနေနဲ့ရော ပြည်ပကလူတွေအနေနဲ့ သိခွင့်မရကြတော့ ဒီအကြောင်းအချက်တွေကို ကိုးကားဖို့တော့ အတော်လေး အခက်အခဲရှိခဲ့မှာပေါ့။
Benedict Rogers ။ ။ အကြောင်းအရာတချို့ ဆိုရင် တကယ်တမ်း မှန်မမှန် စီစစ်လို့မရခဲ့ပါဘူး။ ဒါကြောင့် ဒါဟာ လူတော်တော်များများ ပြောနေကြတဲ့အကြောင်း၊ စီစစ်လို့မရသေးတဲ့ ကောလဟလ စသဖြင့် စာအုပ်ထဲမှာ ခွဲခြားပြီတော့ ဖော်ပြထားပါတယ်။ ဥပမာအားဖြင့် သူ့ရဲ့  မွေးသက္ကရာဇ်၊ မွေးရာဇာတိလိုဟာမျိုးတွေမှာပဲ အမျိုးမျိုးငြင်းခုန်နေကြတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော့်စာအုပ်ထဲက အကြောင်းအရာ အများစုဟာ အချက်အလက်တွေကို အခြေခံထားတာပါ။
ဦးသန်းလွင်ထွန်း ။ ။ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် မြန်မာနိုင်ငံ စစ်တပ်နဲ့ အစိုးရအပိုင်းကတော့ မကျေနပ်ချက်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီစာအုပ်ကြောင့်ပဲ Benedict Rogers ကိုယ်တိုင် မကြာသေးခင်ကပဲ ဗမာပြည်ကို အလည်အပတ် ရောက်ရှိနေတုန်း အထိန်းအသိမ်းခံရပြီး တိုင်းပြည်ကနေ နှင်ထုတ်ခံရတယ်ဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ အဲဒီအကြောင်းကို နည်းနည်းလေးပြောပြပါ။
Benedict Rogers ။ ။ အတော်စိတ်လှုပ်ရှားကောင်းတဲ့ အတွေ့အကြုံပါ။ မြန်မာနိုင်ငံကို ကျနော်ရောက်ပြီးတော့ တပတ်အကြာမှာ ပြန်ခါနီး နောက်ဆုံးည (၁၁) နာရီလောက်မှာ ဟော်တယ်ဘားခန်း (hotel bar) ထဲက ဂျက်စ်ဂီတတီးဝိုင်း (Jazz concert) မှာ နားထောင်နေတုန်း ထောက်လှမ်းရေးနဲ့ လုံခြုံရေး တာဝန်ရှိသူတွေ ရောက်လာကြပါတယ်။ ကျနော့်အခန်းမှာ မေးကြမြန်းကြ၊ ရှာဖွေကြလုပ်ပြီး ကျနော့်ကို နောက်နေ့မှာ ပြည်နှင်ဒဏ်ပေးဖို့ နေပြည်တော်က ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဘာအကြောင်းကြောင့်လည်းလို့ မေးတော့ သူတို့က မဖြေပါဘူး။ ဒါပေမဲ့ အဲဒီ ထောက်လှမ်းရေးတွေ ကိုင်ထားတဲ့ ဖိုင်ထဲမှာ ကျနော့် ဒီစာအုပ်ရဲ့  မျက်နှာဖုံးကော်ပီကို တွေ့ရလို့ ဘာကြောင့်လဲဆိုတာကို ကျနော် ခန့်မှန်းမိပါတယ်။ နောက်တနေ့ လေယာဉ်ကွင်းမှာ ကျနော်ကို လေယာဉ်ပေါ် မတင်ပေးခင်မှာ စကားစမြည် ပြောကြတော့မှ ထောက်လှမ်းရေးတာဝန်ရှိသူတွေက မြန်မာပြည်က အာဏာရှင်ရဲ့  မျက်နှာဖုံးကို ခွာချခြင်းဆိုတဲ့ စာအုပ်ကြောင့် တိုင်းပြည်က နှင်ထုတ်ခဲ့ဖို့ ညွှန်ကြားချက်ရခဲ့တယ်ဆိုတာကို ရှင်းပြပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ စာအုပ်ကို ရေးလို့ဆိုတဲ့ အကြောင်းပြပြီးတော့ နိုင်ငံတနိုင်ငံကနေ နှင်ထုတ်ခံရတယ်ဆိုတော့ ဒါဟာ မျှတတဲ့အကြောင်း ပြချက်လို့ ယူဆပါသလား။
Benedict Rogers ။ ။ ကျနော်အမြင်က မတရားဘူးလို့ ယူဆပါတယ်။ ဒီမိုကရေစီနဲ့ ဒီမိုကရက်တစ် လူ့ဘောင်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စာအုပ်တအုပ်ကို ရေးသားခွင့်ဆိုတာ တကယ့် အခြေခံ လွတ်လပ်ခွင့်တခု ဖြစ်တယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ ဒီစာအုပ်ကြောင့် ပြည်နှင်ဒဏ်ပေးတာလို့ သိရတော့ ချက်ချင်းပဲ အဲဒီထောက်လှမ်းရေးအရာရှိကို ပြန်မေးမိတာက စာအုပ်တအုပ်ရေးတာဟာ ရာဇဝတ်မှုလားဆိုတဲ့ မေးခွန်းပါ။ သူတို့လည်း အဲဒီမေးခွန်းကို ချက်ချင်းပြန်မဖြေနိုင်ခဲ့ပါဘူး။ ရာဇဝတှ်ု မကျူးလွန်ဘဲ အခုလို ပြည်နှင်ဒဏ်ပေးတာဟာ တရားသလားလို့ ကျနော်က ဆက်မေးတော့မှ ထောက်လှမ်းရေးအရာရှိက ဒီစာအုပ်ကို ကျနော်တို့ မဖတ်ရသေးလို့ တရားသလား၊ မတရားသလားဆိုတာကို မှတ်ချက်မပေးနိုင်သေးပါဘူး။ ကျနော်တို့လည်း အထက်က ညွှန်ကြားချက်အတိုင်း လုပ်ရတာပါလို့ ဖြေပါတယ်။ နောက်တယောက်ကတော့ စာအုပ်ကော်ပီ အပိုပါသေးလားလို့ ကျနော့်ကို မေးပါတယ်။ ကျနော်က အခုတော့ မရှိသေးဘူး။ လိုချင်ရင် စာတိုက်က ပြန်ပို့ပေးလိုက်မယ် ခင်များတို့ လိပ်စာပေးပါလို့ ဟာသနှောပြီး ပြောလိုက်ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဗမာနိုင်ငံက လူအများစုကတော့ ဒီစာအုပ်ကို ဖတ်ရသေးမယ် မဟုတ်ပါဘူး။ အထူးသဖြင့်ကတော့ ဒီစာအုပ်က အင်္ဂလိပ်လို ရေးထားတယ်။ ဗမာပြည်မှာလည်း ထုတ်ဝေခွင့်မရှိဘူးပေါ့။ အဲဒီတော့ ဒီစာအုပ်ကို နောက်ပိုင်းမှာ ဗမာလို ဘာသာပြန်ဖို့ အစီအစဉ်ရှိပါသလား။
Benedict Rogers ။ ။ လတ်တလောတော့ အစီအစဉ် အတိအကျမရှိသေးပါဘူး။ ဒါပေမဲ့ ဒီစာအုပ်ကို မြန်မာဘာသာပြန်ပြီး ထုတ်ဝေရင်ကောင်းမယ်လို့ တယောက်နှစ်ယောက်က အကြံပြုထားတာ ရှိပါတယ်။ ဖြစ်လာရင်တော့ ကောင်းပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တဆက်တည်း မေးချင်တာက အခု ဒီစာအုပ်ကိုရေးတဲ့ စာရေးဆရာအနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို သေချာလေ့လာထားတော့ အခုလက်ရှိ ဖြစ်နေတဲ့ မြန်မာပြည်ရဲ့  လက်ရှိအနေအထားအရဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရာထူးကနေ တကယ် အငြိမ်းစားယူသွားပြီလား။ ဒါမှမဟုတ်လို့ရှိရင် နောက်ကွယ်ကနေ ကြိုးကိုင်နေသလားဆိုတဲ့ မေးခွန်းရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။
Benedict Rogers ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တကယ့်ကို အငြိမ်းစားယူသွားပြီ။ အေးအေးလူလူ ဂေါက်သီးကစားနေတယ်။ မြေးထိန်းနေတယ်လို့ ကျနော်မယူဆပါဘူး။ ဒါဟာ သူ့ရဲ့  စရိုက်လက္ခဏာမဟုတ်ပါဘူး။ သူက နောက်ကွယ်က ကြိုးကိုင်နေဆဲပါပဲ။ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရထိပ်တန်းပုဂ္ဂိုလ်တွေအားလုံးကို ကြည့်ရင် သူရွေးထားတဲ့လူတွေကြီးပါ။ သူတို့ဟာ တကယ်တမ်း အာဏာမရှိသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့  အစဉ်အလာကို ထိန်းသိမ်းထားဖို့၊ သူနဲ့ သူ့မိသားစု၊ နီးစပ်သူအသိုင်းအဝိုင်း အိုးအိမ်စည်စိမ်တွေကို ကာကွယ်ဖို့ အမြဲစိုးရိမ်တကြီး ရှိနေပါတယ်။ ဒါကြောင့် သူအနားမယူနိုင်သေးပါဘူး။ ဒါအပြင် သူ့ရှေ့ က ဗိုလ်ချုပ်မှူးကြီးနေဝင်း ဘာဖြစ်သွားသလဲဆိုတာကို ကိုယ်တိုင်သိခဲ့သူ ဖြစ်တာမို့ အလားတူအဖြစ်မျိုး သူကိုယ်တိုင် မကြုံတွေ့ရအောင် သူနောက်ကွယ်ကနေ အတတ်နိုင်ဆုံး ကြိုးကိုင်နေအုန်းပါမယ်။ ဘယ်လောက်အထိ ဒီအတိုင်း ဆက်သွားမယ်ဆိုတာကို မသိနိုင်သေးပေမဲ့ လောလောဆယ်မှာတော့ သူက ကန့်လန့်ကားနောက်ကွယ်က ရုပ်သေးဆရာကြီးပါ။
ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ ဗမာပြည်မှာရောက်နေတဲ့ အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ကြိုးစားခဲ့သလား။ တွေ့ဖြစ်ခဲ့သေးသလား။
Benedict Rogers ။ ။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေထဲမှာ တခြားစိတ်ဝင်စားစရာလူတွေ အတော်များများကို တွေ့ခွင့်ရခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့ခဲ့ရပါဘူး။ မတွေ့ခဲ့ရခင် တရက်အလိုမှာပဲ ကျနော်ကို တိုင်းပြည်က နှင်ထုတ်ခံခဲ့ရတာပါ။
ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီစာအုပ်ကို ဖတ်ပြီးပြီလို့ ထင်ပါသလား။
Benedict Rogers ။ ။ ဖတ်ပြီးမပြီးတော့ ကျနော်မသိပါဘူး။ ဒါပေမဲ့ ဒီစာအုပ်အကြောင်းကိုတော့ ဒေါ်စု သိပါလိမ့်မယ်။ ကော်ပီတအုပ်တောင် ရထားပြီးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖတ်ပြီးမပြီးတော့ မသိပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရှိ အာဏာရှင်ရဲ့  မျက်နှာဖုံးကို ခွာချခြင်းအမည်ရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  အထ္ထုပ္ပတိကို ရေးသားခဲ့သူ Benedict Rogers ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com











