အနဂ္ဂဖေ့စ်ဘုတ်ခ်ကတဆင့်ဖိုင်တွဲပါတယ်...
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

Burma and India by Aung San Suu Kyi.doc
6968K View Download

Burma and India by Aung San Suu Kyi.pdf
7019K View Download

Burma and India by Aung San Suu Kyi.rar
6689K Download
http://www.mediafire.com/file/bzju4h83kcy123c/Burma%20and%20India%20by%20Aung%20San%20Suu%20Kyi.doc
http://www.mediafire.com/file/d65ku041udq8975/Burma%20and%20India%20by%20Aung%20San%20Suu%20Kyi.pdf
Burma and India by Aung San Suu Kyi
Friday, July 1, 2011
Burma and India by Aung San Suu Kyi
မြန်မာ့နိုင်ငံရေးအတွေးအခေါ်(ဒေါက်တာအောင်ခင်)
အနဂ္ဂဖေ့စ်ဘုတ်ခ်ကတဆင့်ဖိုင်တွဲပါတယ်...
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

Burmese Political Values by Dr. Maung Maung Gyi.rar
4740K Download

Burmese Political Values by Dr. Maung Maung Gyi.doc
4872K View Download

Burmese Political Values by Dr. Maung Maung Gyi.pdf
5062K View Download
http://www.mediafire.com/file/zfwcpr4nr5qra4z/Burmese%20Political%20Values%20by%20Dr.%20Maung%20Maung%20Gyi.pdf
Burmese Political Values by Dr. Maung Maung Gyi
အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ ~
Uploaded by komyoedesign
http://www.mediafire.com/file/z8av7a7cnb4lykb/%20Arrzarni%20Naet.rar
http://ifile.it/51sj9tm/Arrzarni%20Naet.rar

02 Ah Lay Pyu Par Tel- May Hla Myaing.mp3
6195K Play Download

03 Arrzarni Naet Myaet Parr Naing.mp3
4296K Play Download

03 Arrzarni Naet- Win Oo.mp3
5400K Play Download

03 Arrzarni-Win Oo.mp3
4569K Play Download

03 Bo Aung San-Ko Mya Gyi & Group.mp3
4697K Play Download

04 Pyi Thu Myat Yay-May Hla Mying.mp3
3837K Play Download

05 See Kann.mp3
6201K Play Download
၁.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.
29nzfvt.jpg
97K View Download

1 July 2011 Yeyintnge's Diary.doc
597K View Download

1 July 2011 Yeyintnge's Diary.pdf
1434K View
http://www.mediafire.com/file/cckfilopd226p61/1%20July%202011%20Yeyintnge%27s%20Diary.pdf
1 July 2011 Yeyintnge's Diary
တပ်မတော် နည်းပညာ ကောလိပ်ကျောင်း အရေးအခင်း
တပ်မတော် နည်းပညာ ကောလိပ်ကျောင်း အရေးအခင်း (ပထမပိုင်း)
Published on July 1, 2011 by မင်းလွင် 
လွတ်လပ်မှုကို ရယူခြင်း
Posted by admin on July 1, 2011

ပို့ချချက် (၁)
လွတ်မြောက်ရေး
၂၈.၆.၂၀၁၁ ရက်နေ့ ၀၉ ၀၀ နာရီတွင် ထုတ်လွှင့်သော ဘီဘီစီ၏ ပထမဆုံးသော ရေဒီယို အသံလွှင့်ချက်
Sue Lawley ။ လန်ဒန်မြို့အသံလွှင့်ဌာနမှာရှိတဲ့ အသံလွှင့်ခန်းမကနေ ကြိုဆို နှုတ်ခွန်းဆက်သအပ်ပါတယ်။ အောင် ဆန်းစုကြည် ဟာ လွတ်လပ်မှုကို လိုလားတောင့်တတဲ့ လူသားတွေကို ကိုယ်စားပြုသူ ဖြစ်ပါတယ်။ သူမဟာ မြန်မာ ပြည်သူတွေရဲ့ လွတ်လပ်မှုကို ကာကွယ်ပေးဖို့ကြိုးပမ်းရာမှာ ဘဝကို မြှုပ်နှံ ထားခြင်းဖြင့် ကမ္ဘာတဝှမ်းလုံးရဲ့ မျှော် လင့်ချက် အထိမ်းအမှတ်လက္ခဏာတရပ် ဖြစ်လာခဲ့ပါတယ်။
ဒီကနေ့ပို့ချမဲ့ ပို့ချချက်နှစ်ပိုင်းအနက် ပထမပိုင်းကတော့ မြန်မာပြည်တွင်းမှာ လျို့ဝှက်စွာ အသံသွင်းယူပြီး ပြည်ပကို ခိုးထုတ်လာခဲ့တဲ့ တိပ်ခွေနဲ့ ပို့ချချက် ဖြစ်ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံရဲ့ သဘောသဘာဝ နှင့် မြန်မာပြည်တခုတည်းအတွက်သာမက ကမ္ဘာတဝှမ်းလုံးအတွက် အရေးပါပုံကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါ တယ်။
လွတ်လပ်မှုရယူခြင်းနှင့် လွတ်လပ်မှုအတွက် အနိုင်ရရှိရန် လူသားတို့ရဲ့ သန်နိဋ္ဌာန်စိတ်ဟာ ဘယ်အခါကမှ မရှိဘူးတဲ့ ပိုမိုအားကောင်းတဲ့အချိန်မှာ ရောက်ရှိနေပါတယ်၊ အခြားသူများရဲ့ အတိုက်အခံ ပြုလုပ်မှုကနေရလာတဲ့ အားတက်မှု တွေဟာ အာဏာရှင်အစိုးရ ဖြုတ်ချရေး ကြိုးပမ်းနေတဲ့ အရှေ့ အလယ်ပိုင်းဒေသနိုင်ငံများစွာက ပြည်သူတွေရဲ့ ဘဝ တွေထဲမှာ မောင်းနှင်နေတဲ့အရာ ဖြစ်နေပါတယ်၊ တချိန်တည်းမှာပဲ တည်ရှိဆဲ လွတ်လပ်မှုတွေကို ဖျက်ဆီးဖို့ ကြိုးပမ်း နေတဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ခိုက်ရေးဟာ ဆက်လက်ဖြစ်ပွားနေပါတယ်။
ယခုနှစ်ရဲ့ ပထမဦးဆုံး Reith Lectures အပိုင်းနှစ်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း (၅၀) နီးပါး စစ်အာ ဏာရှင်ရဲ့ အုပ်စိုးမှုခံစားနေရတဲ့ နိုင်ငံတနိုင်ငံမှာ မင်းဆိုးမင်းညစ်ကို အတိုက်အခံပြုလုပ်ခဲ့မှု ဖြစ်စဉ်ကို ပထမပိုင်းမှာ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
နောက်ထပ် တတိယပိုင်း ဟောပြောမှုကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ လုံခြုံရေးဌာ နဖြစ်တဲ့ MI5 ရဲ့ အကြီးအကဲဟောင်း Eliza Manningham-Buller က ပို့ချသွားမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာရှိတဲ့ အကြမ်းဖက်ဝါဒရဲ့ သဘောသဘာဝနှင့် စပ်လျဉ်းပြီး ရရှိထားတဲ့ သူမရဲ့အတွေ့အကြုံတွေကနေ လွတ်လပ်မှုအပေါ် နောက်ထပ်မျှော်လင့်ချက်တွေ ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်နိုင်ငံကိုပြန်သွားတဲ့ ၁၉၈၈ ခုနှစ်ကစပြီး မြန်မာစစ်အာဏာရှင်ကို အတိုက်အခံပြုရာမှ ဦးဆောင်မှုပေးလျက်ရှိပါတယ်၊ နောက် (၂)နှစ်အကြာမှာ သူမရဲ့နိုင်ငံရေးပါတီဖြစ်တဲ့ NLD ပါတီဟာ အထွေထွေရွး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲရလာဒ်ကို မသိကျိုးကျွံပြုခဲ့ကြ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ချထားခြင်းခံခဲ့ရပြီး အင်္ဂလန်နိုင်ငံမှာရှိတဲ့ မိသားစုနှင့် ကွဲကွာခဲ့ရသည့် အပြင် ဆက်လက်တိုက်ပွဲဝင်ဖို့ ကာကွယ်ဖို့အတွက် အစိုးရက နိုင်ငံပြန်လာခွင့်မပေးမှာ စိုးရိမ်တဲ့အတွက် သေအံ့ဆဲဆဲ ခင်ပွန်းသည်ဆီ မငဲ့မကွက်သွားရောက်ခြင်း မပြုခဲ့ပါဘူး၊ သူမဟာ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်အကုန်ပိုင်းမှာ သူမဟာ တတိယအကြိမ်မြောက်နှစ်ရှည် အကျဉ်းကျခံနေရမှုကနေ ပြည်လည်လွတ်မြောက် လာခဲ့ပါသည်။ ဒါကြောင့်မြန်မာနိုင်ငံမှာ “The Lady” လို့ လူများစွာရဲ့ လေးစား ကြည်ညိုခံထားရတဲ့ အမျိုးသမီးရဲ့ ဟောပြောမှုကို နားဆင်ကြရအောင်ခင်ဗျာ။ ဘီဘီစီ ရဲ့၂၀၁၁ ခုနှစ် Reith Lecture အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပို့ချက်ဖြစ်ပါတယ်ခင်ဗျာ။
ပရိတ်သတ်၏ လက်ခုပ်သြဘာသံများ …
အောင်ဆန်းစုကြည် … BBC ကနေတဆင့် သင်တို့အား စကားပြောခွင့်ရခြင်းဟာ ကျမအတွက် အထူးအဓိပ္ပါယ်သက် ရောက်စေပါတယ်၊ နောက်ထပ်ဆိုလိုတာကတော့ ကျမဟာ တရားဝင် လွတ်လပ်သူ တဦးဖြစ်ပါတယ်၊ ကျမဟာ တ ရားဝင်လွတ်လပ်မှုမရှိခဲ့တဲ့ အချိန်က ဆိုလိုတာက နေအိမ်အကျယ်ချုပ် ချထားခြင်းခံရစဉ်အခါက ကျမဟာ BBC ကို နားထောင်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီလို နားသောတဆင်ခြင်းကနေ ကျမကို လွတ်လပ်မှုတမျိုးပေးခဲ့ပါတယ်၊ အခြားသူ များရဲ့စိတ်နှင့် ဆက်သွယ်ခွင့်ရတဲ့ လွတ်လပ်မှုမျိုး ဖြစ်ပါတယ်၊ ဒါဟာ လူပုဂ္ဂိုလ်ချင်း အပြန်အလှန်ဆက်သွယ်မှုလို့ ပြောလို့မရပေမဲ့ လူအချင်းချင်း ဆက်သွယ်မှုရဲ့ပုံစံ တမျိုးဖြစ်ပါတယ်၊ အခြားလူသားများနှင့် ဆက်သွယ်မှု လွတ်လွတ် လပ်လပ် ပြုနိုင်ရန်မှာ သင်တို့အနေနဲ့ သင်တို့ရဲ့အတွေး၊ သင်တို့ရဲ့ မျှော်လင့်ချက်၊ သင်တို့ရဲ့ ပျော်ရွှင် ရယ်မောမှု၊ ပြီးတော့ အကြိမ်များစွာမှာရှိတဲ့ သင်တို့ရဲ့ ဒေါသ အမျက်ထွက်မှု၊ နာကျည်းမှုတို့ကို မျှဝေပေးဖို့ ဆန္ဒဟာ ဘယ်သော အခါကမျှ ချိုးဖောက်ခြင်းမခံရတဲ့ လွတ်လပ်ခွင့် ဖြစ်သင့်ပါတယ်၊ ဒါကြောင့် ကျမဟာ ဒီနေ့မှာ သင်တို့နှင့်အတူ တဦး ချင်းတွေ့ဆုံခွင့် မရခဲ့ဘူးဆိုရင်တောင်မှ ကျမ နားလည်ထားတဲ့ လွတ်လပ်မှုမရှိလို့ ဝမ်းနည်းဖွယ်ရာ နိုင်ငံဘဝမှာ နေ ထိုင်နေရဆဲဖြစ်တဲ့ ကမ္ဘာတဝှမ်းက သင်တို့ကို ကျမရဲ့အတွေးတွေ မျှဝေပေးခြင်းကို လူသားချင်းဆက်သွယ်ကျင့်သုံး နိုင်တဲ့ အခွင့်အရေးရနေမှုအပေါ် များစွာပဲ ကျေနပ်အားရခြင်း ဖြစ်မိပါတယ်။
ကျမဟာ ကံအားလျှော်စွာပဲလား ဒါမှမဟုတ် တိုက်ဆိုင်လို့ပဲလား ဒါမှမဟုတ် နှစ်ခုစလုံးကြောင့်လား ပထမဦးဆုံး ဖတ်ဖူးတဲ့ ကိုယ်ရေးအတ္ထုပ္ပတိစာအုပ်ကတော့ ၁၉၅၀ ခုနှစ် ဦးပိုင်းနှစ်များ အတွင်း ကွန်မြူနစ်ပါတီ သန့်စင်ရေး ကာ လမှာ မှားယွင်းတဲ့ဂိုဏ်းဖက်က ပါဝင်ခဲ့တဲ့ ဟန်ဂေရီ အမျိုးသမီး တဦးရေးခဲ့တဲ့ Seven Years Solitary ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်၊ အသက် (၁၃)နှစ် အရွယ်သာရှိတဲ့ ကျမဟာ သူမကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့စိတ် နေ့စဉ်နှင့်အမျှ လွှမ်း မိုးနေတဲ့ ယောက်ကျားတွေနဲ့သာ လူလူချင်း ဆက်ဆံမှုပြုခဲ့ရတဲ့ နှစ်ပေါင်းများစွာအတွင်း သူမရဲ့ အတွေးကို ပြတ်သား အောင် သူမရဲ့စိတ် မပျက်ပြားရလေအောင် တဦးတည်းကြံ့ကြံ့ခိုင် ထိန်းသိမ်းနိုင်ခဲ့တဲ့ အမျိုးသမီးတဦးရဲ့ စိတ်ဆုံးဖြတ် ချက် ခိုင်မာပြတ်သားမှုနှင့် ဆင်ခြင်တိုင်းထွာနိုင်တဲ့ ဉာဏ်တွေဟာ ကျမကို ညို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။
လူတယောက်ဟာ သဘောထား ကွဲလွဲမှုရှိတဲ့ အကြောင်းကိစ္စရပ်မှာ မဖြစ်မနေပါဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ဖြစ်လာ သမျှကို သည်းညည်းမခံနိုင်မှုအတွက် ကြိုတင်ပြင်ဆင်ထားရေးဟာ အခြေခံအကျဆုံးသော လိုအပ်ချက်တွေအနက် တခုအပါအဝင် ဖြစ်ပါတယ်၊ တကယ်တော့ သည်းညည်းမခံ နိုင်မှုဟာ တည်ရှိဆဲသဘောထားကွဲလွဲမှုတွေရဲ့ ကြီးမား တဲ့ အစိတ်အပိုင်းတရပ် ဖြစ်နေပါတယ်။
ဘယ်လိုလူစားမျိုးတွေဟာ ဆင်းရဲချို့တဲ့မှု လမ်းကြောင်း လျှောက်လှမ်းဖို့အတွက် တမင်သက်သက် ရွေးချယ်ကြပါသ လဲ၊ Max Weber က စိတ်ထားထက်သန်မှု၊ တာဝန်သိတက်မှုနှင့် အတိုင်းအဆ သိတတ်မှုတို့မှာ နိုင်ငံရေးသမားတွင် ရှိရမည့် အရေးပါသော အရည်အချင်း (၃) ရပ်အဖြစ် တိတိကျကျ ခွဲခြားသတ်မှတ်ခဲ့ပါတယ်၊ ပထမအချက်ဖြစ်သည့် စိတ်အားထက်သန်မှုဆိုသည့်အချက်ကို ၎င်းက အရေးကိစ္စတရပ်တွင် လုံးလုံးလျားလျား စိတ်အာရုံနှစ်မြှုပ်ထားမှုဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်၊ အဲဒီလို စိတ်အားထက်သန်မှုဟာ သဘောထားကွဲလွဲမှုရှိတဲ့ လူတွေအတွက် အလွန်တရာ မှ အရေးပါလှပါတယ်၊ အဲဒီလို စိတ်အားထက်သန်မှုမျိုးဟာ မိမိကိုယ်ကို အမွှမ်းတင်ပြောဆိုသည်ဖြစ်စေ၊ မပြောဆို သည်ဖြစ်စေ၊ ဆုံးဖြတ်ချက်ပေးရသူ၊ လူတဦးချင်းနှင့် လူတိုင်း၏ စိတ်နှလုံးမှာ ထားရှိရမည့်အရာဖြစ်ပါတယ်၊ အတိုက် အခံ နိုင်ငံရေးလောကအတွက် ပြောဆိုနေခြင်း ဖြစ်ပါတယ်။
အဲဒီ အတိုက်အခံနိုင်ငံရေးလောကမှာ ဇောက်ချလုပ်ကိုင်နေသူများက အသိအမှတ်ပြုပေးနိုင်သည့် ထူးခြားသော ပြင် ပ လက္ခဏာများ မရှိပါဘူး၊ အကျယ်အဝန်း အသင့်အတင့်ရှိပြီး ပြိုလုဆဲဆဲ တဲအိမ်နှင့် NLD ရုံးချုပ်ကို နွားတင်းကုတ် အဖြစ် တကြိမ်ထက်မက ဖော်ပြခံခဲ့ရပါတယ်၊ အဲဒီမှတ်ချက်စကားကို ဂရုဏာနှင့် အမြဲတမ်းပြုလေ့ရှိပြီး ရံဖန်ရံခါမှာ နှစ်လိုဖွယ်အပြုံးနှင့် ပြုံးပြီးဆိုကြပေမဲ့ ကျမတို့တော့ ခုခံ ချေပပြီး ပြန်ပြောခဲ့တာမရှိပါဘူး၊ အားလုံးသောအရာတွေ ထက် ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအများဆုံးရှိတဲ့ လှုပ်ရှားမှုတခုဟာ နွားတင်းကုတ်တခုကနေ အစပျိုးခဲ့တယ်ဆိုတာ ဟုတ် ပါသလား။
ဆင်းရဲနုံချာပြီး လူတွေနဲ့မချိမဆန့် ပြည့်ကြပ်နေတဲ့ရုံးခန်းမှာ သင်တို့အနေနဲ့ သာမန်လူအသွင် သဏ္ဌာန်ရှိတဲ့လူတွေကို တွေ့မြင်နေရလိမ့်မယ်ဖြစ်ပါတယ်၊ ကဗျာသမားဆန်ဆန် ဆံပင်ကို ဘိုသီဘတ်သီနှင့် လူအိုကြီးတယောက်ဟာ ဝါရင့် သတင်းထောက်တဦး ဖြစ်ပါတယ်၊ သူဟာ အတိုက်အခံသမားတို့၏ အကြီးအမှူးတဦးလည်းဖြစ်ပြီး ထောင်ထဲမှာ နှစ် (၂၀) ကြာနေခဲ့ပြီး ပြန်လွတ်လာတဲ့အခါမှာ “ဒါလားဟဲ့ ငရဲ” (Is This A Human Hell) အမည်ရှိတဲ့ သူ့ရဲ့ ကြောက် မက်ဖွယ်ရာ အတွေ့အကြုံအကြောင်း စာအုပ်တအုပ် ရေးသားခဲ့ပါတယ်၊ သူဟာ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်တယ် ဆိုတဲ့အကြောင်း အမြဲသတိပြုနှလုံးသွင်းနိုင်ရေးအတွက် အပြာရောင် ထောင်ဝတ်စုံကို အမြဲဝတ်ဆင်လေ့ရှိတယ်။
သပ်ယပ်စွာဝတ်ဆင်ထားပြီး မျက်နှာမှာ ပူပင်သောကရဲ့ အ ရေးအကြောင်းတွေမရှိဘဲ မျက်မှန်တပ်ထားတဲ့ ဒီအမျိုး သမီးဟာ ထောင်ထဲမှာ (၉) နှစ် နေခဲ့ရတဲ့ ဆရာဝန် တဦးဖြစ်ပါတယ်၊ သူမဟာ ပြီးခဲ့တဲ့ (၃) နှစ်အကြာက ထောင်က လွတ်လာပြီးကတည်းက ကျမတို့ ပါတီရဲ့ လူမှုရေးနှင့် လူသားချင်းစာနာရေးစီမံကိန်းတွေမှာ မအားမလပ်နိုင်အောင် ပါဝင်ဆောင်ရွက်လျက်ရှိသူ ဖြစ်ပါတယ်၊ အဲဒီမှာ အသက် (၈၀) အရွယ် ချစ်စဖွယ် အမျိုးသမီးအိုကြီးတွေရှိပါတယ်၊ သူတို့ဟာ ၁၉၉၇ ခုနှစ်ကစပြီး ကျမတို့ ရုံးခန်းကို ပုံမှန်လာရောက်လျှက်ရှိသူများ ဖြစ်ကြပါတယ်၊ ကျမတို့ရဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုများရဲ့ အဖွဲ့ဝင်ဦးရေများစွာတို့ဟာ အကြီးအကျယ်ဖြိုခွင်းခံရပြီး ထောင်ထဲ ရောက်ရှိသွားခဲ့ရတဲ့ အချိန် ကာလဟာ ကျမတို့အတွက် ဆူနာမီကြီး တခုလိုပါပဲ။
ကျမတို့ပါတီရဲ့ အစည်းအဝေးတခုမှာ ကျမတို့ဟာ အရှုံးပေးမှာ မဟုတ်ဘူးဆိုတာကို အစိုးရကို ပြသဖို့အတွက် ဝေးရာ အရပ်ဆီကို ပို့ဆောင်ခြင်းခံခဲ့ရတဲ့ သူတွေရဲ့ ဇနီးတွေ၊ ကလေးငယ်တွေ၊ မိဘအိုကြီးတွေကို လာရောက်စုဝေးဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ အဲဒီ ချစ်စရာကောင်းတဲ့ အမျိုးသမီးအိုကြီးတွေဟာ စံပြအဖြစ် ရွေးကောက်ခံရတဲ့ သတ္တိရှိသူတွေ ဖြစ်ကြတယ်။ သူတို့တတွေဟာ ဇွဲကောင်းသူများ ဖြစ်နေကြဆဲ ဖြစ်ပါတယ်။
သင်တို့အနေနဲ့ ကျမတို့ရဲ့ NLD ရုံးမှာ မြန်မာအနေနဲ့ ပြောရမယ်ဆိုရင် အရွယ်ကောင်းလို့ ခေါ်ဆိုနိုင်မယ့် အမျိုးသား အမျိုးသမီးတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူတို့ တတွေဟာ အသက် (၄၀) ဝန်းကျင်အ ရွယ် ရှိကြသူများဖြစ်တယ်။ သူတို့တတွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်လာကြစဉ်အခါက အသက် (၂၀) အရွယ် ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ် လွန်မြောက်ပြီးခါစများ ဖြစ်ကြတယ်။ တက်ကြွတဲ့ မျက်နှာနဲ့၊ တောက်ပ တဲ့ မျက်လုံးနဲ့၊ အရေးတော်ပုံအတွက် စိတ်အားထက်သန်ကြသူများ ဖြစ်တယ်။ ခုနေအခါမှာတော့ သူတို့တတွေဟာ ပိုပြီးတည်ငြိမ်လာပြီး ပိုပြီးရင့်ကျက်လာကာ ဆုံးဖြတ်ချက် ပိုမိုခိုင်မာပြတ်သားလာကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ စိတ်အား ထက်သန်မှု ပြင်းပြလာခဲ့ရခြင်းဟာ သူတို့ဖြတ်သန်းလာခဲ့ရတဲ့ အမှုစစ်ဆေး စီရင်ခံရမှုကနေ အစပျိုးခဲ့ ရခြင်း ဖြစ်ပါတယ်။ ရှင်တို့အနေနဲ့ သူတို့ဟာ ထောင်ထဲရောက်ဖူးရဲ့လားလို့ မေးရမဲ့အစား ထောင်ထဲကို ဘယ်နှစ်ကြိမ် ရောက်ဖူးပြီလဲလို့ မေးမြန်းရမှာဖြစ်ပါတယ်။
ပြီးတဲ့နောက် ငယ်ရွယ်တဲ့လူတွေ ဒါပေမဲ့ သိပ်အငယ်ကြီးတွေမဟုတ်တဲ့ လူငယ်တွေဟာ စစ်ကြောမေးမြန်းခြင်းနှင့် ထောင်တွင်း အကျဉ်းချခံရခြင်းတို့နှင့် ကြုံတွေ့ဖူးခြင်းရှိကြမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ မျက်နှာဟာ မျှော်လင့်ချက်ရဲ့ အ ရောင်တောက်ပနေပေမဲ့ အယူအဆအလွန်အကျွံ အစွန်းရောက်ခြင်း မရှိပါဘူး။ သူတို့က သူတို့ဖာသာသူတို့ ဘာလုပ် ရမယ်ဆိုတာကို သိကြပါတယ်။ သူတို့ဟာ အနာဂတ်အတွက် စိန်ခေါ်မှုတွေကို ကြည်လင်တဲ့ မျက်လုံးနဲ့ လက်ခံထား ကြသူတွေ ဖြစ်တယ်။ သူတို့ရဲ့ လက်နက်ဟာ သူတို့ရဲ့ ယုံကြည်ချက်ဖြစ်ပြီး သူတို့ရဲ့ ချပ်ဝတ်တန်ဆာဟာ သူတို့ရဲ့ စိတ်အားထက်သန်မှု၊ ကျမတို့ရဲ့ စိတ်အားထက်သန်မှုတွေ ဖြစ်ကြပါတယ်။
အဲဒီစိတ်အားထက်သန်မှုဟာ ဘာလဲ၊ အစဉ်အလာအရ တည်ရှိလာတဲ့ သက်တောင့်သက်သာရှိမှုကို စွန့်လွှတ်တဲ့ အ နေနဲ့ ကျမတို့က စိတ်အားထက်သန်စွာနဲ့ ရည်ရွယ်ပြုလုပ်တဲ့ အရေးတော်ပုံဆိုတာ ဘာလဲ၊ သဘောထား ကွဲလွဲသူတွေ ရဲ့ အခြေခံကျတဲ့ လုပ်ငန်းရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုထားတဲ့ Vaclav Havel အဆိုအရဆိုလျှင် ကျမတို့ဟာ လူတိုင်းရဲ့ လွပ်လပ်ခွင့်နဲ့ စစ်မှန်တဲ့ ဘဝတည်ဆောက်ခွင့်ကို အကာအကွယ်ပေးဖို့အတွက် ရည်စူးလုပ်ဆောင်နေခြင်းဖြစ်ပါ တယ်။ အခြားနည်းနဲ့ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ စိတ်အားထက်သန်မှုဟာ လွတ်လပ်မှု ရှိပါတယ်။
စိတ်အားထက်သန်မှုကို ဘာသာရေးအမြင်အရ ဒုက္ခလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ကျမအနေနဲ့ နိုင်ငံရေး စကားရပ် အနေနဲ့ အခိုင်အမာ ပြောလိုတာကတော့ စိတ်အားထက်သန်မှုဆိုတာ ခွက်တခုကို လက်လွတ်အဆုံးအရှုံးခံရတာ ထက် အမိအရ ရယူဖို့ တမင်ရည်ရွယ်ဆုံးဖြတ်လိုက်တဲ့ ရွေးချယ်မှုကြောင့် ခံစားရတဲ့ဒုက္ခလို့ သွယ်ဝိုက် ညွှန်းဆိုလိုပါ တယ်။ ဒါဟာ လွယ်လွယ်ကူကူနဲ့ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျမတို့ဟာ ဒုက္ခခံစားရမှုကို မလိုလားပါ ဘူး။ ကျမတို့ဟာ ဒုက္ခခံစားရမှုကို သာယာတတ်တဲ့ သူတွေမဟုတ်ပါဘူး။ ကျမတို့ စိတ်အားထက်သန်မှုရဲ့ အကြောင်း ပြချက်အပေါ်မှာ တန်ဖိုး မြင့်မားစွာထားခြင်းရဲ့ အကြောင်းအရင်းကတော့ တခါတရံမှာ ကျမတို့ ကိုယ်တိုင်အတွက် ထက် ဒုက္ခကို ရွေးချယ်နိုင်စွမ်း ရှိပါတယ်။
၂၀၀၃ ခုနှစ် မေလအတွင်းက မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မြို့ငယ်လေးတမြို့ဖြစ်တဲ့ ဒီပဲယင်းမြို့ကို စည်းရုံးရေး အတွက် သွားရောက်တဲ့ ခရီးစဉ်မှာ ကျမနဲ့အတူ လိုက်ပါလာတဲ့ NLD အဖွဲ့ဝင်များနှင့် ထောက်ခံသူများရဲ့ ယာဉ်တန်း တခုဟာ စစ်အစိုးရရဲ့ အမိန့်ပေးမှုနှင့် ပြုလုပ်တဲ့ အမည်မသိ ရန်ပြုသူများရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ တိုက် ခိုက်သူများရဲ့ ကံကြမ္မာကို ဒီနေ့အထိ ဘာမျှ မသိရသေးပေမဲ့ သားကောင်များဖြစ်တဲ့ ကျမတို့ဟာ ဖမ်းဆီးခြင်းခံခဲ့ရပါ တယ်။ ကျမဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး တယောက်တည်း အ ထီးကျန်စွာ ထိန်းသိမ်း ခံခဲ့ရပါတယ်။ ကျမဟာ အခြားအကျဉ်းသားများထားရှိရာ အဆောင်နဲ့ သီးသန့်ခွဲခြားဆောက် ထားတဲ့ ဘန်ဂလိုငယ်တခုထဲမှာ ကောင်းမွန်စွာထိန်းသိမ်းခံခဲ့ ရတယ်ဆိုတာကိုတော့ ဝန်ခံပြောကြားလိုပါတယ်။
တမနက်မှာ ကျမဟာ နေ့စဉ်လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်နေရင်း တန်းလန်းမှာပဲ ငါမဟုတ်သေး ပါလား၊ နိုင်ငံရေးအကျဉ်းသား တယောက်အနေနဲ့ ပထမဦးဆုံးလုပ်ရမဲ့ ဝတ်တရားတခုကတော့ မိမိ ကိုယ်ကို ကျန်းမာအောင် တတ်နိုင်သမျှ လုပ်ရမယ်ဆိုတာကို သဘောပေါက် လာခြင်းပဲဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့မှ မဟုတ်ရင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။ အိပ်ယာထဲမှာ ခွေခွေလေးလှဲနေပြီး ဒီပဲယင်းမှာ ကျမနဲ့အတူ ရှိခဲ့တဲ့လူတွေရဲ့ ကံကြမ်မာအပေါ် စိုးရိမ်ပူပန်နေလို့ မဖြစ်ဘူး။ သူတို့ထဲက လူဘယ်နှစ်ယောက် အပြင်းအ ထန် အရိုက်ခံခဲ့ရသလဲ၊ သူတို့ထဲက လူဘယ်နှစ်ယောက် ကျမမသိတဲ့နေရာဆီကို အတင်းဆွဲခေါ်ခံသွားရသလဲ၊ သူ တို့ထဲက လူဘယ်နှစ်ယောက် သေခဲ့ရသလဲ၊ ပြီးတော့ NLD အတွက် ဘာတွေဆက်ဖြစ်နေသလဲ၊ ကျမက စိုးရိမ်ပူပန်မှု နဲ့ မသေချာ မရေရာမှု ခံစားနေခဲ့ရတယ်။ ကျမ ဒီနေရာမှာ ရောက်နေရမှာ မဟုတ်ဘူး။
အဲဒီအချိန်မှာ ကျမဟာ ‘မဟုတ်သေးဘူး၊ ဒါဟာ ငါမဟုတ်ဘူး၊ ဒါဟာ တယောက်ယောက် ဖြစ်လိမ့်မယ်၊ ဖြစ်ခဲ့သမျှ အားလုံးဟာ ငါတွေ့ကြုံခဲ့တာ မဟုတ်ဘူး’ လို့ Akhmatoava ရေးသားခဲ့တဲ့ စာကြောင်းကို ပြန်ပြီးအမှတ်မရခဲ့သေးဘူး။ အချိန်များစွာ ကြာမြင့်လာသည့်အခါမှသာ ကျမရဲ့ကိုယ်ပိုင် အိမ်ဆီကို ပြန်သွားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲမှာပဲ အဲဒီစကားလုံးတွေကို ကျမပြန်ပြီး အမှတ်ရနေခဲ့ပါတယ်။ အဲဒီလို ပြန်လည်အမှတ်ရ မှုရဲ့ တခဏတာအချိန်လေးမှာပဲ ကျမဟာ ခွန်အားတွေ တိုးပွားလာခဲ့ရပါတယ်။
ကဗျာဟာ ကြီးကျယ်တဲ့ပေါင်းစပ်ဖွဲ့စည်းမှုရှိပြီး သူ့မှာ နေရာနှင့် အချိန်တို့ရဲ့ ပိုင်းခြားသတ်မှတ်မှု မရှိဘူးဆိုတာ သိထား ပါတယ်။ အပြာရောင် ထောင်ဝတ်စုံဝတ်ထားတဲ့ ဦးဝင်းတင်ဟာ စစ်ကြောမေးမြန်းခြင်း ခံနေစဉ်အချိန်မှာ Henley ရဲ့ Invictus ဆိုတဲ့ကဗျာဟာ အားကိုးအားထားပြုရာ ဖြစ်ခဲ့ပါတယ်။ အဲဒီ ကဗျာဟာ ကျမရဲ့ဖေဖေနဲ့ လွတ်လပ်ရေးအ တွက် တိုက်ပွဲဝင်စဉ်ကာလ ခေတ်ပြိုင်ပုဂ္ဂိုလ်များအတွက် လွတ်လပ်မှုရရှိရေးတိုက်ပွဲဝင်ရာမှာ လှုံ့ဆော်ပေးတဲ့အရာ ဖြစ်ခဲ့ပါတယ်။ ကြိုးစားရုန်းကန်ခြင်းနှင့် ဒုက္ခခံစားရမှု၊ သွေးချင်းချင်းနီနေပြီး ဦးမညွှတ်တဲ့ ဦးခေါင်း၊ သေဆုံးခြင်း အဲဒါ တွေအားလုံးဟာ လွတ်မြောက် ရေးအတွက် ဖော်ပြတဲ့အရာများဖြစ်ကြပါတယ်။
ကျမတို့ လိုလားတောင့်တတဲ့ လွတ်လပ်မှုဆိုတာဘာလဲ၊ ကျမတို့ရဲ့ အာသာဆန္ဒပြင်းပြတဲ့ အတိုက်အခံသမားများ လို ချင်တဲ့ လွတ်လပ်မှုဟာ ပညာရှင်များအဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ သီအိုရီနဲ့ အထူး သက်ဆိုင်ခြင်း မရှိပါဘူး။ အဲဒီစကားလုံး ရဲ့အဓိပ္ပါယ်ဘာကိုဆိုလိုသလဲဆိုတာ အတင်းအကြပ်မေးလာခဲ့ မယ်ဆိုလို့ရှိရင် သူတို့တတွေက နိုင်ငံရေးအကျဉ်းသား မရှိရေး၊ ဒါမှမဟုတ် လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းဖော်ပြခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ ဒါမှမဟုတ် မိမိတို့အလိုရှိတဲ့ အစိုးရကို ရွေးချယ်ပိုင်ခွင့်၊ မိမိ ပြုလုပ်လိုသည့်အရာကို ပြုလုပ်နိုင်ခွင့် စသည်ဖြင့် သူတို့ အလွတ်ကျက်ထားတဲ့အတိုင်း ဒိုးဒိုးဒေါက်ဒေါက် ရွတ်ပြသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ရိုးစင်းတယ်လို့ ထင်ရပေမယ့်၊ အန္တရာယ်ရှိတဲ့ ရိုးစင်းမှု ဖြစ် ကောင်း ဖြစ်နိုင်ပေမယ့်လည်း အဲဒီဖော်ပြချက်တွေဟာ လွတ်လပ်မှုရဲ့ သဘောသဘာဝကို ထင်ဟပ်ဖော်ပြလျှက် ရှိပါ တယ်။
နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးမြှင့်မှု အကြိမ်တိုင်းမှာ လွတ်မြောက်လာတဲ့အခါ ဘယ်လိုခံစားရသလဲလို့ အမေးခံရမယ်ဆိုလို့ရှိရင် ကျမရဲ့စိတ်ဟာ အမြဲတမ်းလွတ်မြောက်နေတဲ့အတွက် ထူးခြားတဲ့ခံစားချက်မရှိပါဘူးလို့ အ ချိန်မရွေး ပြန်ဖြေမှာ ဖြစ်ပါတယ်။ တဦးတယောက်ရဲ့အတွင်းစိတ် လွန်မြောက်မှုဟာ သူ့ရဲ့ ယုံကြည်ချက်နှင့် လိုက် လျောညီထွေမှုရှိတဲ့ အကြောင်းအရာရဲ့နောက် ဆက်တွဲအဖြစ်ပေါ်ထွက်လာခြင်းဖြစ်တယ်။ Isaiah Berlin က အတွင်းသဏ္ဌာန်လွတ်မြောက်မှုရဲ့ အန္တရာယ်များအပေါ် သတိပေးပြောဆိုထားခဲ့ပါတယ်။
ကိုယ်ကျင့်တရား အောင်နိုင်မှုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုကို လွတ်မြောက်မှုရဲ့ ပိုပြီးအခြေခံကျတဲ့ သ ဘောသဘာဝနဲ့ အောင်မြင်မှုရဲ့ ပိုပြီးရိုးစင်းတဲ့ သဘောသဘာဝတို့နဲ့ ခွဲခြားသိမြင် ထားရမှာဖြစ်ပါတယ်။ တနည်းအား ဖြင့်ပြောရမယ်ဆိုရင် လွတ်မြောက်မှုကိုယ်၌မှာပဲ သီအိုရီသဘောအရ ရှုပ်ထွေးမှုနှင့် လက်တွေ့ကျင့်သုံးရာမှာ မျှတမှု ရှိရေး အတင်းအကြပ် လုပ်ဆောင်မှုရဲ့ အန္တရာယ်တရပ် ရှိနေမှာ ဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုကို အခြားလွတ်မြောက်မှု အားလုံးအတွက် စိတ်ကျေနပ်စရာ အစားထိုးစရာအဖြစ် လက်ခံခြင်းဟာ ပြုသမျှကို မတုန်မလှုပ်နဲ့ သည်းခံမှုဘက်ကို ဦးတည်သွားမယ့် အန္တရာယ် အသေအချာ ရှိနေပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုဟာ ပိုပြီးအခြေခံကျတဲ့ လွတ်မြောက်မှုများအတွက် လက်တွေ့ကျတဲ့ စိတ် ဓါတ်ခွန်အားကို အားဖြည့်ပေးနိုင်ပါတယ်။ ဗုဒ္ဓဘာသာမှာ အဆုံးစွန်လွတ်မြောက်မှုဟာ အလိုဆန္ဒအားလုံးကနေ လွတ် မြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့မိန့်ဆိုမှုတွေဟာ လူအခွင့်အရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ နဲ့ဆိုင်တဲ့ လွတ်လပ်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ မကိုက်ညီဘူးလို့ ငြင်းခုံစရာ ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် ၂၀၀၇ ခုနှစ် အတွင်း မြန်မာသံဃာတော်တွေ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြခဲ့စဉ်က လောင်စာဆီဈေးနှုန်း ရုတ်တရက်မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ပြည် သူတွေ စားသုံး နိုင်ဖို့အတွက် သံဃာတော်တွေက စိတ်ပိုင်းဆိုင်ရာစွမ်းအားကို အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။ လူသား တွေ လူပီသစွာ နေထိုင်ဖို့လိုအပ်တဲ့ အခြေခံရပိုင်ခွင့်၊ လွတ်လပ်ခွင့်တွေဟာ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်နဲ့ တူညီ တယ်လို့ပြောလို့ မရပါဘူး။
ကျမအထူးတန်ဖိုးထားတဲ့ အခြေခံလူ့အခွင့်အရေးဆိုတာ ကြောက်ရွံ့မှုကနေ ကင်းဝေးမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားမှု အစပြုခဲ့ကတည်းက ကျမတို့ မြန်မာ့လူ့ဘောင်တခုလုံး အမြစ်တွယ်နေတဲ့ အကြောက်တရား ကို ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာပြည်ကို လာရောက်လည်ပတ်သူတွေက မြန်မာလူမျိုးတွေဟာ နွေးထွေးဖော်ရွကြေတယ်လို့ အလျင်အမြန် မှတ် ချက်ချလေ့ရှိပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက နိုင်ငံရေးကိစ္စရပ်တွေ ဆွေးနွေးရမှာလည်း ကြောက် တယ်လို့ မှတ်ချက်ချခံခဲ့ရပါတယ်။ လွတ်လပ်မှုအတွက် စတင်တိုက်ပွဲ ဝင်တဲ့အခါ ကြောက်ရွံ့မှုဆိုတာကို အရင်ဆုံး ကျော်လွှားရမှာ ဖြစ်ပါတယ်။ အဆုံးစွန်ထိလည်း ဒီအတိုင်း တသမတ်တည်း သွားရမှာဖြစ်ပါတယ်။ ကြောက်ရွံ့မှုလုံး လုံးကင်းဖို့တော့ မလိုပါဘူး။ ရှေ့ဆက်လုပ်ဖို့ လုံလောက်တဲ့ သတ္တိရှိရင်ပဲ ရပါပြီ။
အတိုက်အခံတွေအနေနဲ့ ၎င်းတို့တာဝန်ထမ်းဆောင်ရာတွင် ကြောက်စိတ်မရှိ ဟန်ဆောင်နေကြရပြီး ၎င်းတို့၏ ရဲဘော် ရဲဘက်များ ယင်းသို့ ဟန်ဆောင်နေကြသည်ကိုလည်း မမြင်ဟန်ဆောင်နေကြရသည်။ ဒါဟာ လိမ်လည်ဟန်ဆောင်မှု မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ အားသစ်လောင်းသွားရမယ့် ခွန်အားသတ္တိ ဖြစ်ပါတယ်။ ဒီစိတ်ဓါတ်နဲ့ လွတ်မြောက်မှုအ တွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။
Akhmatova နဲ့ Ratushinskaya တို့က ရုရှားတွေဖြစ်ပါတယ်။ Henley က အင်္ဂလိပ်လူမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုအောက်မှ ရှင်သန်ဖို့နဲ့ ကိုယ့်ကြမ်မာကိုယ်ဖန်တီးနိုင်ဖို့ တိုက်ပွဲဝင်ကြတာတော့ လူမျိုးတိုင်းမှာအတူတူပဲ ဖြစ်ပါ တယ်။ အရှေ့အလယ်ပိုင်းကစတင်လာတဲ့ လူသားတွေရဲ့လွတ်မြောက်လိုတဲ့ ဆန္ဒက မြန်မာနိုင်ငံကို ရောက်ရှိလာပါပြီ။
အခြားနိုင်ငံက လူမျိုးစုတွေလိုပဲ မြန်မာလူမျိုးတို့ စိတ်လှုပ်ရှားမှု ဖြစ်နေကြပါပြီ။ တူနီးရှားနိုင်ငံရဲ့ ၂၀၁၀ ဒီဇင်ဘာ ဆူပူ မှုနဲ့ ကျမတို့ရဲ့ ၁၉၈၈ အရေးအခင်းနဲ့ တူညီမှုတွေအများကြီးရှိပါတယ်။ အရေးမကြီးဘူးလို့ထင်ရတဲ့ သေးငယ်တဲ့ ကိစ္စ ရပ်တွေက အစပြုဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။
တူနီးရှားနိုင်ငံမှ သာမန်သစ်သီးသည်တဦးမှ အစပြုကာတော်လှန်မှုကြီးတရပ်လုံး ဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လည်း ရန်ကုန်မြို့ တက္ကသိုလ်ကျောင်းသားများနှင့် ဒေသခံများအကြား လက်ဖက်ရည်ဆိုင်တွင် စကားများရန်ဖြစ်ရာမှ အစပြု၍ ဆူပူမှုကြီးဖြစ်ပွားခဲ့ပါတယ်။
ဝန်စည်စလယ်များစွာ ထမ်းထားရသည့် ကုလားအုတ်တကောင်အဖို့ ကုန်စည်များ ထမ်းထားရစဉ်တွင် ၎င်းတတ်နိုင် သည့် ဝန်ပမာဏအတွင်း မသိသာသော်လည်း ယင်းပမာဏ ကျော်လွန်သွားချိန်တွင် ကောက်ရိုးတမျှင်ပင် ထပ်မံ၍ အတင်မခံနိုင်တော့သည့် အနေအထားမျိုး ဖြစ်ပါတယ်။
တူနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် လူငယ်နှစ်ဦး သေဆုံးမှုက ပြည်သူတို့ထမ်းထားရသည် မတရားမှုနှင့် ဖိနှိပ်မှု ဝန်ထုပ် ဝန်ပိုးကြီးကို ၎င်းတို့သည်းခံနိုင်သည့် ပမာဏထက်ကျော်လွန်နေပြီးဖြစ်ကြောင်း မီးမောင်းထိုးပြသည့် ကြေးမုံမှန်ကဲ့သို့ ဖြစ်ခဲ့ပါတယ်။ တူနီးရှားတော်လှန်ရေးတပ်ဦးမှာ လူငယ်များဖြစ်နေခြင်းမှာ ကျမတို့အတွက် အံ့သြစရာမဟုတ်ပါ။ မိမိတို့ ကိုယ်ပိုင်ရပ်တည်ချက်အတွက် ဆုံးဖြတ်ခွင့်ရရေး တောင်းဆိုကြသူများအနက် နိုင်ငံကျော်အဆိုတော်တဦးလည်း ပါဝင် ခဲ့ပါတယ်။
ယနေ့ မြန်မာနိုင်ငံတွင်လည်း Generation Wave အဖွဲ့၏ အမာခံဖြစ်သည့် လူငယ်အဆိုတော်များမှာ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် အထူးနှစ်မြှုပ် ဆောင်ရွက်နေကြပါတယ်။ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ယင်းအဖွဲ့ဝင် အချို့ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ ယနေ့တိုင် အကျဉ်းကျခံနေရသူ (၁၅) ဦးရှိပါတယ်။ ယခုအခါ အာဏာ ဖြုတ်ချခံရ သည် တူနီးရှားအစိုးရကဲ့သို့ပင် မြန်မာအာဏာပိုင်များအနေဖြင့်လည်း စိတ်ဓါတ်ပြင်းထန်သော လူငယ်များကို မနှစ် သက်ကြပါ။
အစိုးရက နိုင်ငံအပေါ် သူတို့အုပ်ချုပ်လိုတဲ့ အာဏာအပေါ် ခြိမ်းခြောက်မှု အန္တရာယ်တခုအဖြစ် လူငယ်အဆိုတော်တွေ ကို ရှုမြင်လျှက်ရှိပါတယ်။ လွတ်လပ်မှုကို ယုံကြည်တဲ့သူတွေအတွက် လူငယ်အဆိုတော်တွေဟာ ခွဲခြားဆက်ဆံမှု၊ တ ဘက်သတ်စည်းမျဉ်းတွေ၊ ဖိနှိပ်မှု၊ မတရားမှုတွေနဲ့ အုပ်ချုပ်မှုကင်းတဲ့ အနာဂတ်ကို ကိုယ်စားပြုပါတယ်။
တူနီးရှားနဲ့ မြန်မာနိုင်ငံရဲ့ တူညီချက်က လွတ်လပ်မှုကို လိုလားတောင့်တနေကြတဲ့ ကမ္ဘာတဝှမ်းက ပြည်သူတွေကို ပေါင်းစည်းစေမှု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံ (၂) ခုရဲ့ တော်လှန်ရေးရလဒ်ကတော့ ခြားနားပါတယ်။ ပထမဆုံးခြားနား ချက်တခုက မြန်မာစပ်တပ်က ပြည်သူတွေကို ပစ်ခတ်ပြီး၊ တူနီးရှားစစ်တပ်ကတော့ ၎င်းပြည်သူတွေကို ပစ်ခတ်မှုမပြု ခဲ့ပါဘူး။ ဒုတိယခြားနားချက်ဖြစ်ပြီး ရေရှည်အတွက် ပိုအရေးကြီးတဲ့အချက်ကတော့ တူနီးရှားတော်လှန်ရေးက ဆက် သွယ်ရေးကွန်ယက်ရဲ့ အကျိုးတရားတွေကို ရရှိခံစားခဲ့ ရတဲ့အချက်ဖြစ်ပါတယ်။
ဒီဆက်သွယ်ရေးကွန်ယက်ကြောင့် တူနီးရှားပြည်သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပိုမိုပေါင်းစည်းစေပြီး စည်းရုံးလှုံ့ဆော်မှုကို ပိုမိုလွယ်ကူစေခဲ့ပါတယ်။ ဒီအချက်ကပဲ တူနီးရှားနိုင်ငံအပေါ် တကမ္ဘာလုံးရဲ့ အာရုံစိုက်မှု ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ကွန်ယက်ကောင်းမွန်မှုကြောင့် သေဆုံးမှုဖြစ်စဉ် တခုချင်းသာမက ဒဏ်ရာရမှုဖြစ်စဉ် တခုချင်းကိုပါ မိနစ်ပိုင်းအတွင်း ကမ္ဘာကသိအောင် လုပ်ဆောင် နိုင်ပါတယ်။ ယခုအခါ လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတို့က တော် လှန်ရေးတွေကြောင့် သူတို့နိုင်ငံက အာဏာရှင်တွေရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေကို ကမ္ဘာကသိအောင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ ဆီးရီးယား နိုင်ငံမှာ အသက်(၁၃)နှစ်အရွယ် လူငယ်အမျိုးသားတဦးကို အသက်သေဆုံးသည်အထိ နှိပ်စက် ညှဉ်းပန်းနေတဲ့ပုံက ဒေါသမီးကို ပိုမိုတောက်လောင်စေခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေဆီက ပြစ်တင်ရှုံ့ချ သံတွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။ ဆက်သွယ်ရေးဆိုတာ ချိတ်ဆက်မိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အရှေ့အလယ်ပိုင်း တော် လှန်ရေးတွေမှာ လွတ်လပ်စွာ ချိတ်ဆက်နိုင်တဲ့ အခွင့်အလမ်းရှိခဲ့တာ တွေ့ရပါတယ်။
ကျမတို့ အနေနဲ့ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတို့ကို အားမကျဘူးလားဆိုရင် အားကျပါတယ်။ သူတို့ရဲ့ လျင်မြန်ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ခဲ့မှုကို ကျမတို့ အားကျပါတယ်။ ဒါပေမဲ့ အားကျနေရုံနဲ့ မလုံလောက်ပါဘူး။ ကျမတို့ လှုပ်ရှားမှုအ တွက် လူသိက်ခာနဲ့ လွတ်လပ်မှုကို တန်ဘိုးထားတဲ့ အမျိုးသား/ အမျိုးသမီးအားလုံးရဲ့ စည်းလုံးမှု၊ အားသစ်လောင်း ကတိကဝတ်ပြုမှု လိုအပ်ပါတယ်။ လွတ်လပ်မှုကို ရှာဖွတေဲ့နေရာမှာ ကျမတို့အနေနဲ့ လွတ်မြောက်ဖို့ လေ့လာသင်ယူ ကြပါတယ်။ ကျမတို့ရဲ့လွတ်လပ်မှု အတွက် ယုံကြည်ချက်ကို အကောင်အထည်ဖော်ရပါမယ်။ Vaclav Havel ရဲ့ “Living in Truth” (အမှန်တရားဖြင့်နေထိုင်ခြင်း) ဖြစ်ပါတယ်။ မလွတ်လပ်တဲ့နိုင်ငံအတွင်းမှာ လွတ်လပ်တဲ့ ပြည်သူ တွေ အဖြစ်နေထိုင်ဖို့ ကြိုးပမ်းရာမှာ အတားအဆီး၊ အန္တရာယ်တွေရှိနေပေမယ့် ကျမတို့ ဆန္ဒအလျှောက်တာ ဝန်ထမ်း ဆောင်နေကြတာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ မှန်ကန်တယ်လို့ ယူဆတဲ့အရာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ လွတ်လပ်မှုဟာ ပိုမိုလွတ်လပ်မှုတွေအတွက် အန္တရာယ်ကျရောက်နိုင်တယ်လို့လဲ ယူဆထားပါတယ်။
NLD ရုံးချုပ်ကိုလာရောက်ပြီး လစာမရတဲ့အလုပ်တွေကို လာရောက်လုပ်ကိုင်ပေးနေကြတဲ့ အမျိုးသမီးကြီးတွေနဲ့ လူ ငယ်များဟာ လွတ်မြောက်ခွင့်ရရေးခရီးကြမ်းအတွက် ၎င်းတို့၏ ရွေးချယ်ပိုင်ခွင့် အတိုင်း ဆောင်ရွက်နေကြတာ ဖြစ် ပါတယ်။
ယနေ့ အစီအစဉ်မှာ ပါဝင်ပြောကြားမှုဟာလည်း ကျမရဲ့ လွတ်လပ်စွာ ဆက်သွယ် ပြောဆိုပိုင်ခွင့်ကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။ အတိအကျပြောရရင် ကျမ ကို ကျမ ပိုမိုလွတ်လပ်တဲ့ လူတဦးအဖြစ် ခံစားမိစေတဲ့ အခွင့်အရေးကို ကျင့် သုံးနေတာ ဖြစ်ပါတယ်။
အတိုက်အခံလုပ်တယ် ဆိုတာ Max Weber ရဲ့ နိုင်ငံရေးအမြင်အရ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတခု ဖြစ်ပါ တယ်။ ကျမတို့အနေနဲ့ လွတ်မြောက်မှုအတွက် အတိုက်အခံလုပ်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးကို ခုံမင်မြတ်နိုး စိတ်၊ တာဝန်သိစိတ်၊ ချင့်ချိန်တတ်မှုတို့နှင့်အတူ ထပ်ခါတလဲလဲ ကြိုးပမ်းကြဖို့ ပြင်ဆင်ထားပါတယ်။ ကျမတို့ရဲ့ လွတ် မြောက်ရေး အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
ဒီနေ့ပို့ချမှုကို ကျမနှစ်သက်တဲ့ Kipling ရဲ့ သီချင်းစာသားအချို့နဲ့ အဆုံးသတ်ချင်ပါတယ်။ ဒီစာသားတွေရဖို့ ကျမကို အကူအညီပေးခဲ့တဲ့ Tim Garton-Ash ကို ကျေးဇူး အများကြီးတင်ပါတယ်။
“I’d not give room for an Emperor – I’d hold my rood for a King. To the Triple Crown I’d not bow down – but this is a different thing. I’ll not fight with the Power of Air – sentry, pass him through! Drawbridge let fall – He’s the lord of us all – the Dreamer whose dream came true!”
ပရိသတ်များမှ လက်ခုပ်တီးကြပါသည်။
………………………………………………
SUE LAWLEY – ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီသင်ခန်းစာကို မကြာသေးမီက အသံသွင်းပေးခဲ့ပြီး ရန်ကုန်မြို့က သူမရဲ့အသံကို အခုတိုက်ရိုက်ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရှင် ပရိသတ်ရဲ့ လက်ခုပ်သံကို ကြားလိုက်ပါသလား။
အောင်ဆန်းစုကြည် – ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။
SUE LAWLEY – ပရိသတ်ရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ အသင့်ဖြစ်ပါပြီလား။
အောင်ဆန်းစုကြည် – ဟုတ်ကဲ့၊ မေးခွန်းကောင်းတွေကို ဖြေကြားပေးပါမယ်။
SUE LAWLEY – ကျမနဲ့အတူ နိုင်ငံရေးနဲ့ သမိုင်းကြောင်းဆိုင်ရာ တင်ဆက်သူ Tim Garton-Ash လည်း ရှိနေပါ တယ်။ Tim အနေနဲ့ အရှေ့ဥရောပ ကွန်မြူနစ်စနစ်ကနေ ယနေ့ခေတ် မြန်မာနိုင်ငံအထိ အာဏာရှင်စနစ်နဲ့ အတိုက် အခံတွေနဲ့ ပတ်သက်ပြီး ရေးသားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျမတို့နဲ့အတူ ကုလသမဂ္ဂ နိုင်ငံ ရေးရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား Sir Kieran Prendergast လည်း ရှိနေပါတယ်။
ယခုအခါ Sir Kieran အနေနဲ့ ဂျီနီဗာအခြေစိုက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးပွဲ ဗဟိုဌာနမှာ အ ကြံပေးအရာရှိအနေနဲ့ တာဝန်ထမ်းဆောင်လျှက် ရှိပါတယ်။ ဒါ့အပြင် တရုတ်၊ အီဂျစ်၊ အီရန်၊ ဆီးရီးယားနဲ့ မြန်မာနိုင်ငံ က နိုင်ငံရေးသမားတွေ၊ အတိုက်အခံတွေ၊ အစီအစဉ် တင်ဆက်သူတွေလည်း ရောက်ရှိနေပြီး သူတို့ဆီကမေးခွန်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးမေးခွန်းမေးဖို့ Timothy Garton-Ash ကို ဖိတ်ခေါ် ပါတယ်။
Timothy Garton-Ash – ပထမဆုံးအနေနဲ့ အရမ်းပြောင်မြောက်တဲ့ သင်ခန်းစာပို့ချပေးတဲ့အတွက် ဒေါ်အောင်ဆန်းစု ကြည်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျနော်အနေနဲ့ ဒီမေးခွန်းက မေးခွန်းကောင်းတခုဖြစ်မယ်လို့ သိပ်မထင်ပါဘူး။ ဒါပေမဲ့ တူနီးရှားနိုင်ငံနဲ့ နှိုင်းယှဉ် ခဲ့တဲ့အပေါ် အနည်းငယ်မေးမြန်းလိုပါတယ်။ ၁၉၈၈ ခုနှစ်ကတည်း ကစပြီး နှစ်ပေါင်း (၂၅) နှစ် နီးပါးကြာတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အတိုက်အခံကြိုးပမ်းမှု ဘာကြောင့် ဒီ လောက်အချိန်ကြာရတယ်ဆိုတာ မေးမြန်းလိုပါတယ်။
ဒီလိုအချိန်ကြာမြင့်ရတာဟာ မြန်မာစစ်တပ်က ပြည်သူတွေကို သေဆုံးအောင် ပစ်ခတ်လို့လား၊ အကြမ်းမဖက်အတိုက် အခံပြုလုပ်မှုမှာ အချိန်ယူရန် လိုအပ်လို့လား၊ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးတော်လှန်မှု မထွန်းကားနိုင်သေးလို့လား၊ ဒါမှမဟုတ် ပထဝီနိုင်ငံရေးအရ တူနီးရှားနိုင်ငံမှာ လွတ်လပ်တဲ့ ဥရောပရှိသလို မြန်မာနိုင်ငံမှာလည်း အိမ်နီးချင်း တရုတ် နိုင်ငံရှိနေလို့လား၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အတိုက်အခံ လှုပ်ရှားမှု ဒီလောက်အချိန်ကြာမြင့်ပြီး ခက်ခဲနေရတဲ့ အ ကြောင်းအရင်းများကို သိရှိလိုပါတယ်။
အောင်ဆန်းစုကြည် – ဒါတွေအားလုံးကြောင့်လို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအကြောင်းအရင်းကို ပြောရရင် ကျမ တို့ မြန်မာစစ်တပ်က ပြည်သူတွေကို ပစ်ခတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ စစ်တပ်တခုက ဒီလိုလုပ်ဆောင်လိုက်ရင် အ ချိန်ကာလတခုအထိတော့ နောက်ထပ်လှုပ်ရှားမှုတွေ ရပ်တန့်သွားတတ်ပါတယ်။ ဒါကမြန်မာနိုင်ငံမှာတင် မဟုတ်ပါ ဘူး၊ တခြားနိုင်ငံတွေမှာလည်း ဒီလိုဖြစ်စဉ်တွေ ရှိပါတယ်။ ဟန်ဂေရီတော်လှန်ရေး နှိမ်နင်းခံရပြီးတဲ့နောက် အရှေ့ ဥ ရောပက ပြည်သူတွေအနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြဖို့ တွေဝေလာခဲ့ကြပါတယ်။ ဆက်သွယ်ရေး တော်လှန်မှုကတော့ အများကြီး အပြောင်းအလဲပြုလုပ်နိုင်ခဲ့တယ်လို့ ကျမ ထင်ပါတယ်။ အခုဆိုရင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတိုင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အခြေအနေက ပိုမိုဆိုးရွားပါတယ်။ ဒါပေမဲ့ လူတွေက ဒီအခြေအ နေကို မသိကြပါဘူး။ ပထဝီနိုင်ငံရေး အနေအထားတွေ ထည့်သွင်းစဉ်းစားရမယ်ဆိုတာလဲ မှန်ပါတယ်။ ပြည်သူတွေ ကို ပစ်ခတ်ခဲ့ခြင်းနဲ့ ကမ္ဘာတဝှမ်းလုံးကို သိရှိအောင်မပြုလုပ်နိုင်ခဲ့ခြင်းက ကျမတို့ရဲ့ လှုပ်ရှားမှုကို ကြာမြင့်စေခဲ့တာပါ။ အဲဒါကြောင့်တင်ရယ်တော့ မဟုတ်ပါဘူး။ ကျမတို့အနေနဲ့ ငြိမ်းချမ်းစွာလှုပ်ရှားလိုတာကြောင့်လည်း ပါပါတယ်။ ဘာလို့ လဲဆိုတော့ တူနီးရှားနဲ့ အီဂျစ်တို့မှာလည်း ငြိမ်းချမ်းစွာ ပြီးဆုံးသွားလို့ပါပဲ။
SUE LAWLEY – Nelson Mandela ကတော့ သူ့ကိုယ်သူ ပြောင်းလဲခဲ့တယ်နော်၊ မဟုတ်ဘူးလား
ဒေါ်အောင်ဆန်းစုကြည် အကြမ်းမဖက်တာကို နည်းဗျူဟာတရပ်အနေနဲ့သုံးတာဟာ ရေရှည်မှာ အလုပ်မဖြစ်ဘူးလို့ သူကပြောခဲ့တယ်နော်၊ အဲဒါနဲ့ပတ်သက်ပြီး ဝေဖန်စရာတစုံတခုများ ရှိနေသလား။
အောင်ဆန်းစုကြည် … အဲဒါကဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမ သင်ခန်းစာပို့ချတဲ့အထဲမှာ ပြောကြားခဲ့တဲ့ အ တိုင်း အကြမ်းမဖက်တဲ့လှုပ်ရှားမှုကို ကျင့်ဝတ်တခုအနေနဲ့ ကျမကိုင်ဆုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တွေ့ကျတဲ့ အချက်တခုအနေနဲ့ရော နိုင်ငံရေးအနေအထားတရပ် အနေနဲ့ပါ နိုင်ငံအတွက် အကောင်းဆုံးလို့ထင်ပြီး လုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။ အကြမ်းမဖက်ဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့ ဂန္ဒီတောင်မှ ပြောကြားခဲ့တဲ့အချက်တချက်ရှိပါတယ်။ အဲဒါက တော့ အကြမ်းဖက်မှုနဲ့ သတ္တိနည်းပါးမှုဟာ ကြားအခြေအနေမှာရှိပြီး အကြမ်းဖက်မှုကို သူ့အနေနဲ့ အချိန်မရွေး ရွေး ချယ်နိုင်ခဲ့ပါတယ်။
SUE LAWLEY – ကျမတို့နဲ့အတူ မြန်မာနိုင်ငံက ဒုက္ခသည်တဦးဖြစ်တဲ့ ဝေနှင်းပွင့်သုန် လည်း အတူရှိနေပါတယ်။ သူမ က အခုလန်ဒန်မှာ ကျောင်းတတ်နေပြီး သူမရဲ့ဖခင်ကတော့ မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ သူမအနေနဲ့ မေးခွန်းမေးမြန်းဖို့ ဖိတ်ကြားပါရစေ။
ဝေနှင်းပွင့်သုန် – ဟုတ်ကဲ့၊ မင်္ဂလာပါအမေ။ မြန်မာနိုင်ငံက လူငယ်တယောက်အနေနဲ့ မေးမြန်းလိုပါတယ်။ ကျမတို့ အားလုံး လှုပ်ရှားမှုမှာ ပါဝင်လိုပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ဖို့၊ ပိုမိုတိုးတက်မှုရရှိဖို့၊ လူငယ်တွေ အနေနဲ့ လုပ်ဆောင်နိုင်တဲ့ လက်တွေ့ဆန်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ဖို့ ဘယ်လိုလုပ်ရမှာဆိုတာ ကျမအနေနဲ့ သိရှိလိုပါတယ်။
SUE LAWLEY – မြန်မာနိုင်ငံအပြင်ဘက်မှာ လှုပ်ရှားဆောင်ရွက်မယ်လို့ ဆိုလိုတာလား။
ဝေနှင်းပွင့်သုန် – ဟုတ်ကဲ့။
SUE LAWLEY – မြန်မာနိုင်ငံတွင်းက ကျောင်းသားတွေက လုပ်မှာလား။
ဝေနှင်းပွင့်သုန် – မြန်မာနိုင်ငံပြင်ပကပဲ ဖြစ်စေ၊ မြန်မာနိုင်ငံအတွင်းကပဲ ဖြစ်စေ လူငယ်တွေလုပ်ဖို့ပါ။ အကောင်းဆုံး လက်တွေ့ကျတဲ့ လုပ်ငန်းတရပ်အဖြစ် ကျမတို့ ဘယ်လိုလုပ်နိုင်မလဲ။
SUE LAWLEY – ဒေါ်စု ပြောပေးပါဦး
အောင်ဆန်းစုကြည် … လက်တွေ့ကျတဲ့ အကောင်းဆုံးလုပ်ဆောင်မှုဆိုတာ တခုထဲရှိတယ်လို့ မထင်ပါဘူး။ မြန်မာနိုင် ငံပြင်ပက လူငယ်အားလုံးအတွက် ဆိုရင်တော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မျက်ခြေမပြတ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါက သူတို့အနေနဲ့ အကောင်းဆုံးလုပ်ဆောင် နိုင်တာဖြစ်ပါတယ်။ ပြည်တွင်းက လူငယ်တွေအ တွက်ကတော့ လုပ်နိုင်တာတွေအများကြီး ရှိပါတယ်။ တချိန်တည်းမှာပဲ နေရာကဏ္ဍပေါင်းစုံမှာ အလုပ်လုပ်ရပါမယ်။ ပြည်တွင်းက လူငယ်တွေမှာ လွတ်မြောက် ရေးအတွက် တိုက်ပွဲဝင်ရတာ အခက်အခဲရှိပါတယ်။ လက်တွေ့ပိုင်းအရ ရော၊ သီအိုရီပိုင်းအရရော သူတို့ကို သူတို့ ပညာပေးဖို့ ကြိုးစားရပါတယ်။ တခြားလူတွေကိုလည်း လှုပ်ရှားမှုမှာ သူတို့နဲ့ အတူ ပါဝင်လာဖို့ ပညာပေးလှုံ့ဆော်နိုင်ဖို့ သင်ယူရပါတယ်။
SUE LAWLEY – Sir Kieran Prendergast ရဲ့ အမြင်ကို မေးပါရစေ။ NLD ရဲ့ ကြိုးပမ်း လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုသဘောရပါသလဲ။ ၁၉၉၀ ခုနှစ်ကတည်းက ပုံစံမပြောင်းလဲဘဲ ရှိနေခဲ့တာ ပြောင်းသင့်တယ်လို့ ထင်မြင်ပါ သလား။
Sir Kieran Prendergast – တခါတလေ ကျနော်လည်း ကိုယ့်ကိုကိုယ် မေးမိပါတယ်။ မူဝါဒတွေဟာ အပြောင်းအလဲ မရှိ ငြီးငွေ့စရာ ဖြစ်နေသလားပေါ့။ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ပြင်ပကမ္ဘာကို အကြံပေးတဲ့အခါ ကျနော်တို့ ကျင့်သုံးနေတဲ့ မူဝါဒ (၄) ခုပဲ ရှိပါတယ်။ တခုက ပူးပေါင်းဆောင်ရွက်မှု၊ ဒုတိယက ပစ်ပယ်ထားတာ၊ ဒါပေ မဲ့ ကျနော် သိသလောက်တော့ မြန်မာနိုင်ငံက ၁၉၆၂ ခုနှစ်ကတည်းက သူ့သဘောနဲ့သူ သီးခြားနေခဲ့တာပါ။ တတိယ က အရေးယူပိတ်ဆို့မှု ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဗြောင်ကျကျ လုပ်ဆောင်နေ ပါတယ်။ နံပါတ် (၄) နည်းလမ်းက တိုက်ခိုက်မှု ဖြစ်ပါတယ်။ လတ်တလော အနောက်နိုင်ငံတွေရဲ့ မူဝါဒနဲ့သော် လည်း ကောင်း၊ စစ်ရေးအားဖြင့်သော်လည်းကောင်း ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်တယ်လို့ မှားယွင်းစွာ ယူဆခဲ့မှုတွေ အပြီးမှာတော့ ဒါဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် NLD အနေနဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ အရေးယူ ပိတ်ဆို့မှုဆိုတဲ့ နယ်ပယ် (၂) ခုကိုပဲ တွေးစရာရှိတာလား၊ အရေးယူပိတ်ဆို့မှုကရော လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို မဆောင်ကျဉ်းပေး တဲ့ တရုတ်နိုင်ငံလို နိုင်ငံရဲ့အကျိုးစီးပွားကိုပဲ ဖြစ်မနေစေဘူးလားလို့ စဉ်းစားမိပါတယ်။ ဥပမာ-NLD အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် စံသတ်မှတ်နိုင်သလား၊ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့လို စစ်ဘက်အုပ် ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ တံခါးပိတ်ဝါဒနဲ့ နေလာကြတဲ့နိုင်ငံတွေကို ထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင် စစ် ဘက်ဆိုင်ရာကို ဒီအတိုင်း ဆက်လက်မနေဘဲ၊ တံခါးဖွင့်ဝါဒကျင့်သုံးဖို့ကို သာယာဝပြောမှုရှိနဲ့ အနောက်နိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုက တွန်းအားဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
SUE LAWLEY – ဒေါ်စု… ရှင့်ကိုတော့ ဝိုင်းတိုက်ခိုက်နေကြပြီနော်။ ဒါဟာ မေးခွန်းကောင်း တခုတော့ မဟုတ်ဘူး။
အောင်ဆန်းစုကြည် – ကျမ ပြန်ဖြေနိုင်တဲ့အတွက် ဒီမေးခွန်းက သိပ်တော့မဆိုးလှပါဘူး။ ပထမဆုံးအနေနဲ့ Sir Kieran ဖော်ပြခဲ့တဲ့ နည်းလမ်း (၄) သွယ်က သူပြောသလိုတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျမတို့အနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ အစဉ်အမြဲဆန္ဒရှိခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုမလုပ်ဘဲ ဘာမှဖြစ်မလာနိုင်ဘူးလို့ ထင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ တံခါးပိတ်ဝါဒကို အယုံအကြည် မရှိပါဘူး။ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ Blanket Sanction (အလုံးစုံ ပိတ်ဆို့ရေး) မရှိဘူးလို့ ထင်ပါတယ်။ ကနေဒါနိုင်ငံကသာ အလုံးစုံပိတ်ဆို့ရေးချမှတ် ထားတာ ဖြစ်ပါတယ်။ ဥရောပသမဂ်ဂနဲ့ အမေရိကန်လိုနိုင်ငံမျိုးတွေကတောင် အလုံးစုံပိတ်ဆို့မှု မလုပ်ပါဘူး။ ဒါတွေ အားလုံးကို အလုံးစုံပိတ်ဆို့မှုလို့ ပြောလို့မရပါဘူး။ အရေးယူပိတ်ဆို့မှုတွေဟာ ထိရောက်မှုရှိ/မရှိဆိုတာနဲ့ ပတ်သက် လို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အရေးယူပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ လွှတ်တော်ကနေတဆင့် တောင်းဆိုထားတာကို ပြန်လည် သတိပေးလိုပါတယ်။ အရေးယူပိတ်ဆို့မှုတွေဟာ ထိရောက်မှုမရှိရင် သူတို့အနေနဲ့ ဘာကြောင့် ပယ်ဖျက် ပေးဖို့ တောင်းဆိုမှာလဲ။ ဒါကိုထည့်သွင်းစဉ်းစားရမယ်လို့ထင်ပါတယ်။ စေ့စပ် ညှိနှိုင်းမှုနဲ့ ပတ်သက်လို့ ဒီမိုကရေစီ ကွန်ယက်အတွက် ကျမတို့ကို အထောက်အကူဖြစ်မဲ့ နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အောင်မြင်မှုရရှိနေပါတယ်။ ကျမ လွတ်မြောက်လာကတည်းက ကျမ မျှော်လင့်ထားတာထက် ပိုမို အောင်မြင်နေပါတယ်။ ပြည်သူတွေကို လုပ်ပိုင်ခွင့်အာဏာပိုပေးပြီး အစိုးရအပေါ် မှီခိုနေရမှု လျော့ချပေးခြင်းဖြင့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို နည်းလမ်းသစ်တရပ်အနေဖြင့် အင်တိုက်အားတိုက် ကူညီပေးရာရောက် ပါတယ်။
SUE LAWLEY – မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဟောင်းတဦးဖြစ်တဲ့ Vicky Bowman ကို ဖိတ်ခေါ်ပါတယ်။ သူမဟာ ၁၉၉၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံမှာ ဗြိတိသျှသံတမန်တဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတဦးဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံသားတဦးနဲ့ အိမ်ထောင်ကျခဲ့သူ ဖြစ်ပါတယ်။
Vicky Bowman – ကျမရဲ့မေးခွန်းက အတိုက်အခံတွေကြားထဲမှာ သဘောထားကွဲလွဲမှုနဲ့ ပတ်သက်ပါတယ်။ အာဏာ ရှင်အစိုးရတွေရဲ့လက်အောက်က အတိုက်အခံလှုပ်ရှားမှုတွေမှာ ပြည်တွင်းအတိုက်အခံတွေနဲ့ ချိတ်ဆက်ဆောင်ရွက် ရာမှာ အခက်အခဲရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံက အတိုက်အခံလှုပ်ရှားမှုမှာလည်း အလားတူပြဿနာမျိုး ရှိတယ် လို့ ထင်ပါတယ်။ ပြိုကွဲနေမှုတွေကို ပြန်လည်ပေါင်းစည်းပေးနိုင်တဲ့ မူဝါဒလုပ်ငန်းစဉ် (သို့) ခိုင်မာတဲ့ ဖွဲ့စည်းပုံထက်စာ လျှင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျမရဲ့မေးခွန်းက အာဏာရှင်အ စိုးရတွေ လက်အောက်က အတိုက်အခံလှုပ်ရှားမှုတွေအနေနဲ့ တဦးချင်း တယောက်ချင်း လွတ်လပ်စွာ ရှင်သန်လှုပ်ရှား နိုင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် ပါတီလို အတိမ်းအစောင်းမဖြစ်စေဖို့ ဘယ်လိုမျိုး ထိထိရောက်ရောက် ဆောင်ရွက်နိုင် သလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
အောင်ဆန်းစုကြည် – လူအတော်များများက NLD သက်တမ်း ဘယ်လောက်နုသေးတယ်ဆိုတာကို မေ့နေကြတယ် ထင်ပါတယ်။ သာဓကအားဖြင့် အိန္ဒိယ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ကာလအတွင်း အိန္ဒိယ အမျိုးသားကွန် ဂရက် (သို့) အာဖရိက အမျိုးသားကွန်ဂရက်တို့လို သက်တမ်း ကြာမြင့်ပြီဖြစ်တဲ့ ပါတီကြီးတွေနဲ့ နှိုင်းယှဉ်စဉ်းစားရမှာ ဖြစ်ပါတယ်။
ဘဝဆိုတာ ခက်ခဲတဲ့အတွက် အတိုက်အခံတွေအကြား သဘောထားကွဲလွဲတယ်ဆိုတာ ပုံမှန် သဘာဝသာ ဖြစ်ပါ တယ်။ ကျမတို့အနေနဲ့ ကြိုးစားရုန်းကန်ရမှာ ဖြစ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လူတွေအကြားမှာ တဦးနဲ့ တဦး အမြင်မတူညီမှုတွေနဲ့ စတင်ရမှာ ဖြစ်ပါတယ်။ တဦးတယောက်တည်း (သို့) ခေါင်းဆောင်အနည်းစုအပေါ် မှီခို ရတယ်ဆိုတာ သဘာဝမကျပါဘူး။ ဒီလိုသဘောသဘာဝမျိုးက သက်တမ်းနုသေးတဲ့ လှုပ်ရှားမှုတွေမှာသာ ဖြစ်လေ့ ရှိပါတယ်။ ကျမတို့ အနေနဲ့ နှစ်ပေါင်း (၂၀) ကျော် ခဲ့ပြီဖြစ်ပေမဲ့ ကျမတို့လို အခြားလှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သက်တမ်းနုနေဆဲ၊ သင်ယူနေရဆဲသာ ဖြစ်ပါတယ်။ ပထမမျိုးဆက်ပဲ ရှိပါသေးတယ်။ ဒုတိယမျိုးဆက်ကို ရောက်တဲ့ အခါမှာတော့ ပိုမို ကောင်းမွန်လာပါလိမ့်မယ်။ ဒုတိယမျိုးဆက် မရောက်ခင် ဒီမိုကရေစီရမယ်လို့ မျှော်လင့်ပါတယ်။
SUE LAWLEY – ဒေါ်စု.. ရှင်က လွန်ခဲ့တဲ့ (၂၂) နှစ်ကထက်စာလျှင် ပိုမိုအားကြီးခိုင်မာတဲ့ အနေအထားကို ရောက်နေ ပြီလို့ မခံစားရဘူးလား။ နိုဝင်ဘာလအတွင်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်တွေကို ကြေညာပြီး ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ခဲ့စဉ်က အခုလိုမျိုး အနေအထားမရှိသေးဘူးလို့ ကျမထင်ပါတယ်။
အောင်ဆန်းစုကြည် … ဟုတ်ပါတယ်။ ကျမအခုပိုပြီးတော့ ခွန်အားတွေရနေပါပြီ။ သူတို့ (အစိုးရ) အနေနဲ့ တော့မသိပါ ဘူး။ ကျမ အနေနဲ့ကတော့ သွေးသစ် (မျိုးဆက်သစ်) တွေ ရလာတဲ့အတွက် ပိုပြီးအားကောင်း လာတာသေချာပါ တယ်။ NLD ကို ထောက်ခံတဲ့ လူငယ် ဒီလောက်များများကို ကျမ တခါမှ မမြင်ဖူးပါဘူး။ သူတို့က NLD အဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။ ဒီအချက်ကိုပဲ ကျမ တကယ်နှစ်ခြိုက်တာပါ။ ပါတီဝင် မဟုတ်ပေမဲ့ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကယ့် ကို တက်တက်ကြွကြွ စိတ်အားထက်သန်စွာနဲ့ ထောက်ခံနေကြပါတယ်။ ခေတ်သစ်ပညာရေးကို လက်လှမ်းမီသူတွေ ဖြစ်တဲ့အတွက် ၁၉၈၈ မျိုးဆက်လူငယ်တွေထက် အများကြီးပိုမိုအရည်အချင်း ပြည့်စုံကြပါတယ်။ အဲဒီ အချက်က ဆက်သွယ်ရေးတော်လှန်မှုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကြောင့်ကျမတို့အနေနဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ မဟုတ်ပေမဲ့ ခိုင်မာတဲ့အနေအထားတရပ်ကို ရရှိနေတယ်လို့ ခံစားရပါတယ်။
SUE LAWLEY – လူ့အခွင့်အရေးအဖွဲ့တခုအတွက် အလုပ်လုပ်ကိုင်နေပြီး ၂၀၁၁ ဇန်နဝါရီလ အဓိကရုဏ်းအတွင်း အီဂျစ်နိုင်ငံ၊ Tahrir ရင်ပြင်မှာရှိနေခဲ့တဲ့ အီဂျစ်နိုင်ငံသား Heba Morayef ကို ဖိတ်ခေါ်ပါတယ်။
Heba Morayef – ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ဝတ်တရားတွေအပေါ် ဘယ် လိုထင်မြင်ယူတယ်ဆိုတာ သိလိုပါတယ်။ အီဂျစ်ပြည်သူတွေ မူဘာရက်အစိုးရကို ဆန့်ကျင်ရတဲ့ အဓိကအကြောင်း အရင်းတခုက မူဘာရက်အစိုးရအပေါ် အမေရိကန်နဲ့ ဥရောပသမဂ်ဂက ချွင်းချက် မရှိထောက်ခံထားခဲ့လို့ဖြစ်ပြီး အဲဒီ အတွက် ဆန့်ကျင်တဲ့ဒေသခံတွေကို ဖြိုးခွဲနှိမ်နင်းခြင်း ခံရခဲ့ပါတယ်။
နောက်မေးခွန်းတခုကတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုက ဘယ်လောက်အတိုင်းအတာ အကန့်အ သတ်အထိ ရှိသင့်တယ်လို့ ထင်ပါသလဲ။ လစ်ဗျားနိုင်ငံမှာ ကြားဝင်ဆောင်ရွက်ခြင်းခံနေရတဲ့အတွက် ဒေသခံတွေ အကြား ပိုမိုရှုပ်ထွေးမှုဖြစ်ပေါ်စေပြီး ဘာရိန်းနိုင်ငံလို အခြားတိုင်းပြည်တွေမှာကြတော့ နိုင်ငံတကာရဲ့ ဝေဖန်မှုမခံရဘဲ ပြည်သူတွေအပေါ် နှိမ်နင်းမှုတွေ ဆက်လက်လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။
အောင်ဆန်းစုကြည် … ပထမဆုံးအနေနဲ့ ပြောချင်တာက လူဆိုတာ အာဏာရဲ့ကျေးကျွန်ဖြစ်နိုင်တယ်ဆိုတဲ့ ဝမ်းနည်း ဖွယ်ရာအချက်ပဲ ဖြစ်ပါတယ်။ ရိုးသားတဲ့ ပြည်သူတွေကို အာဏာရအစိုးရတွေက ချွေးသိပ်လိုက်တာနဲ့ ပြည်သူများက စိတ်ပျော့သွားတာကို တွေ့ရပါတယ်။ မြန်မာပြည်သူတွေ၊ မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသားတွေမှာလည်း ဒီဖြစ်ရပ်ကို တွေ့ရပါတယ်။ အတိုက်အခံတွေအတွက် အာဏာနဲ့ လွှမ်းမိုးမှုက ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ကျမတို့ မှာ အာဏာမရှိပါဘူး၊ အာဏာရှိတဲ့သူတွေက အကြောင်းရှိလို့ အာဏာရှိနေတယ်လို့ လူတွေက ယူဆချင်ကြပါတယ်။ တကယ်တမ်းကျတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ အကြောင်းခံတွေကြောင့် အာဏာရနေကြတာ ဖြစ်ပါ တယ်။ ဒါကြောင့် ကျမတို့လုပ်ရမှာက မထောက်ခံသင့်တဲ့သူကို ထောက်ခံရင် ရေရှည်မှာ ဘာဖြစ်နိုင်တယ်ဆိုတာ ပြည်သူတွေကို အသိပညာပေးရမှာ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံဟာ အခုချိန်မှာ အဲဒီလိုလုပ်ဖို့ အကောင်းဆုံး အနေအ ထားမှာ ရှိပါတယ်။
SUE LAWLEY – နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ဘယ်လောက်စိတ်ပျက် နေပါပြီလဲ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်တယ်၊ လုပ်ဆောင် သင့်တယ်လို့ ထင်ပါ သလား။
အောင်ဆန်းစုကြည် … ကျမအနေနဲ့ စိတ်ပျက်တယ်ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတ ကာအသိုင်းအဝိုင်းရဲ့ အချို့လုပ်ရပ်တွေက အရမ်းကို အထောက်အကူဖြစ်ခဲ့လို့ပါ။ သာဓကအားဖြင့် အမေရိကန်အနေ နဲ့ အရမ်းကို အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီအချက်ကို ကျမတို့ ငြင်းပယ်လို့ မရပါဘူး။ ထို့အတူပဲ ဥရောပသမဂ္ဂ အ နေနဲ့လည်း အရမ်းကိုအထောက်အကူ ပေးခဲ့ပါတယ်။ အာရှနိုင်ငံတွေထဲမှာဆိုရင်တောင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် အထောက်အပံ့ပေးဖို့ လိုတယ်ဆိုတာ စတင်သိမြင်လာကြပါပြီ။
SUE LAWLEY – ဒါပေမဲ့ တရုတ်၊ အိန်ဒိယနဲ့ စင်ကာပူနိုင်ငံတွေက မြန်မာအစိုးရရဲ့ အဓိက ကုန်သွယ် ဘက်နိုင်ငံကြီး တွေ ဖြစ်ပါတယ်။
အောင်ဆန်းစုကြည် … ဟုတ်ပါတယ်။ အဓိကကုန်သွယ်ဘက်နိုင်ငံတွေဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တ ရုတ်နဲ့ အိန္ဒိနိုင်ငံတွေက မြန်မာအစိုးရနဲ့ ဆက်စပ်စရာတွေများတဲ့အတွက် သူတို့ကို ခဏလောက် ဘေးဖယ်ထားချင်ပါ တယ်။ စင်ကာပူနိုင်ငံကတော့ အာဆီယံနိုင်ငံလည်း ဖြစ်တယ်၊ တနိုင်ငံချင်း နာမည်တပ်မပြောချင်ပေမဲ့ အာဆီယံနိုင်ငံ တွေအနေနဲ့ ၂၀၀၃ ခုနှစ် ကျမ နေအိမ်အကျယ်ချုပ် မကျခံခင်က အခြေအနေထက်စာရင် ပိုမိုအထောက်အကူဖြစ် လာတာ တွေ့ရပါတယ်။
SUE LAWLEY – Timothy Garton-Ash အနေနဲ့ရော ဘာများဖြည့်စွက် အကြံပြုချင်ပါလဲ။
Timothy Garton-Ash – အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဆိုတာကို သတိပေးပါ ရစေ။ ဂန္ဒီရဲ့ နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ လွတ်လပ်မှုအတွက် အကြမ်းမဖက် အနုနည်းနဲ့ လှုပ်ရှားမှုအပေါ် ပိုမို ထောက်ခံမှုပေးသင့်တယ်လို့ မထင်ဘူးလား။
အောင်ဆန်းစုကြည် – သေချာတာပေါ့။ ကျမလည်း ဒီလိုပဲ ယူဆပါတယ်။ အိန်ဒိယနိုင်ငံအနေနဲ့ ကုန်သွယ်ရေးနဲ့ မဟာဗျူဟာအကျိုးစီးပွားတွေကို ရှေ့တန်းတင်တာထက် ဒီမိုကရေစီစည်းမျဉ်းတွေမှာ နက်နက်နဲနဲ ပါဝင်သင့်တယ်လို့ ပြောချင်ပါတယ်။
SUE LAWLEY … Sir Kieran Prendergast အနေနဲ့ ကုလသမဂ္ဂနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံရှိ ပြည်သူတွေကို တကယ်ထိရောက်စွာ ကူညီနိုင်ခဲ့ခြင်း မရှိဘူးလား။
Sir Kieran Prendergast – ပြဿနာက လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒတွေကို လုံခြုံရေး ကောင်စီက ချမှတ်ပြီး ရုရှားနဲ့ တရုတ်တို့က လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရထားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘက်က ကြည့်ရင်လည်း ၎င်းရဲ့ မဟာဗျူဟာအကျိုးစီးပွားကို ကျောခိုင်းလို့ မရပါဘူး။ တရုတ်နိုင်ငံကို အိန္ဒိယနိုင်ငံက ၎င်းရဲ့ မဟာဗျူဟာ အ ကျိုးစီးပွားကို လွှဲပြောင်းပေးမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံကလည်း အခုအချိန်မှာ လျော့တွက်လို့ မရပါဘူး။ ၁၉၉၇ ခုနှစ် ကျနော် ကုလသမဂ္ဂမှာ လုပ်ကိုင်စဉ်က လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးတာ မရှိသေးပါဘူး။ ပြည်တွင်းရေး ကိစ္စရပ်လို့ပဲ ပြောခဲ့ကြပါတယ်။ မကြာသေးမီနှစ်များအတွင်းမှာတော့ မြန်မာနိုင်ငံဟာ လုံခြုံရေးကောင်စီ ရဲ့ ဆွေးနွေးစရာကိစ္စရပ်တခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ တဖြည်းဖြည်း ဆွေးနွေးနေသော်လည်း မည်သည့်အတိုင်းအတာအထိ သွားမည်ကို ကန့်သတ်ချက်လေးတွေ ရှိနေပါတယ်။
SUE LAWLEY – တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ကုန်သွယ်ခြင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာအလယ်မှာ အနည်းငယ် အ ရှက်ရနေပြီလို့ ရှင်ပြောခဲ့တယ်နော်။
Sir Kieran Prendergast – စစ်အစိုးရက အင်အားသုံးတဲ့အပြုအမူတွေကြောင့် တရုတ်နိုင်ငံ အနည်းငယ်အရှက်ရနေ တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့အကျိုးစီးပွားက အရှက်တရားကို အနိုင်ယူလိုက်ပါတယ်။
အောင်ဆန်းစုကြည် … ဒီနေရာမှာ တရုတ်နိုင်ငံ၊ ကုလသမဂ္ဂတို့နဲ့ပတ်သက်ပြီး မှတ်ချက်တခု ချလိုပါတယ်။ တရုတ်နိုင် ငံအနေနဲ့ နိုင်ငံမြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ KIA အကြား ဖြစ်ပွားနေတဲ့ အနေအထားတွေအပေါ် အလွန်ပဲ စိုးရိမ်မ ကင်း ဖြစ်နေပါတယ်။ အခုဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတွင်း တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်နေပြီလို့ တရုတ် နိုင်ငံက ပြောလာပါပြီ။ တည်ငြိမ်မှုကို ဖိနှိပ်မှု (အထူးသဖြင့် စစ်ဘက်ဆိုင်ရာဖိနှိပ်မှု) ကတဆင့် မရနိုင်ဘူးဆိုတာ တ ရုတ်နိုင်ငံအနေနဲ့ မြင်စပြုလာပါပြီ။ ကုလသမဂ္ဂနဲ့ ပတ်သက်လို့ပြောရရင် လုံခြုံရေးကောင်စီအပြင် ကုလသမဂ္ဂတခုလုံး လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ သာဓကအားဖြင့် ယခင် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း တဦး ဖြစ်တဲ့ Perez de Cuellar အနေနဲ့ မြန်မာနိုင်ငံကို ကုလသမဂ္ဂလမ်းညွှန်မြေပုံအပေါ် တင်နိုင်ဖို့ လုပ်နိုင်သမျှ လုပ်ခဲ့ပါ တယ်။ လက်ရှိ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ရုံးအဖွဲ့အနေနဲ့ ၎င်းတို့ဆန္ဒရှိရင် ဒီနည်းအားဖြင့် မြန်မာနိုင်ငံကို ကူညီ နိုင်တယ်လို့ ထင်ပါတယ်။
SUE LAWLEY – ဒါ ရှင်ပေးချင်တဲ့ သတင်းစကားလား။ ဒီအကြောင်းအရာက ကျမတို့ ပရိသတ်တဦး မေးချင်နေတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပေးချင်တဲ့ သတင်းစကားကို သိလိုပါတယ်။
အောင်ဆန်းစုကြည် – အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ၎င်း၏ ရုံးအဖွဲ့လုပ်နိုင်တဲ့ အရာမှန်သမျှကို အမြန်ဆုံးလုပ် ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။
SUE LAWLEY – Sir Kieran Prendergast အနေနဲ့ အနည်းငယ် ဖြည့်စွက် အကြံပြုစေလိုပါတယ်။
Sir Kieran Prendergast – အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကို ရံဖန်ရံခါ သွားရောက်လည်ပတ် မှုတွေ ရှိခဲ့ပါတယ်။ ကျနော်အနေနဲ့ပြောရရင် ပိုမိုတိုးတက်မှုရှိတဲ့ ဆွေးနွေးမှုအတွက် လမ်းပွင့်ဖို့ ကြိုးစားရာမှာ အလွန် စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံရှိခဲ့တယ်လို့ ဆိုချင်ပါတယ်။ သာဓကအားဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို လမ်းဖွင့်လိုက်ရင် အကျိုးအမြတ်တွေ ရလာစေဖို့ ကမ္ဘာ့ဘဏ်က တယောက်ယောက်ကို ခေါ်သွားဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ မလုပ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်အစိုးရက အဲလိုခေါ်သွားရင် အမေရိကန်အနေနဲ့ ရှုံး နိမ့်သွားမယ်ဆိုပြီး ဖိအားပေးလာတဲ့အတွက် ကမ္ဘာ့ဘဏ်ရဲ့ ရန်ပုံငွဆေုံးရှုံးသွားမှာစိုးလို့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘယ်သူပဲ သွားသွား ဖြန့်ဝေချထားနိုင်တဲ့ ယန္တရားတွေ ရှိသင့်ပါတယ်။
SUE LAWLEY – Geoffrey Alan ကို ဖိတ်ခေါ်လိုပါတယ်။ ဆက်သွယ်မှုတော်လှန်ရေးနှင့် ပတ်သတ်လို့ မေးမြန်းလို ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို စကားပြောခွင့်ရတာ ဂုဏ်ယူပါတယ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ အရှေ့အလယ်ပိုင်းက ဖြစ်စဉ်တွေ ခြားနားမှုရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ အပေါ် ကျနော် အထူး စိတ်ဝင်စားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံက ဆက်သွယ်ရေး တော်လှန်မှုကို ဘယ်လိုအသုံးချ ဖို့ စီစဉ်ထားပါသလဲ။ ပြည်သူတွေအနေနဲ့ မြန်မာပြည်ပက သတင်းအချက်အလက်တွေကို ရနိုင်မဲ့နည်းလမ်းတွေ တွေ့ နေပါပြီလား။
အောင်ဆန်းစုကြည် … ကျမ အခုပဲ ဒီနည်းလမ်းသုံးပြီး ရှင်နဲ့ စကားပြောနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ကဆိုရင် ကျမ ဒီလိုဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အစိုးရက ကျမရဲ့တယ်လီဖုန်းလိုင်းကို ဖျက်ထားခဲ့ပါတယ်။ ကျမကို ကမ္ဘာနဲ့အဆက်အသွယ် ဖြတ်ထားခဲ့ပါတယ်။
SUE LAWLEY – မြန်မာလူငယ်တွေရဲ့ အခြေအနေဘယ်လိုရှိပါသလဲ။ အရှေ့အလယ်ပိုင်းက လူငယ်တွေလိုပဲ မို ဘိုင်းလ်ဖုန်း၊ Twitter အစရှိတဲ့ ဆက်သွယ်ရေးကွန်ယက်တွေ သုံးနိုင်နေပါပြီလား။
အောင်ဆန်းစုကြည် … မြန်မာနိုင်ငံမှာ အရှေ့အလယ်ပိုင်းထက်စာရင် မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပြူတာ သုံးစွဲမှု အများကြီး နည်းနေသေးတဲ့အတွက် ဒီအတိုင်းအတာထိတော့ မရောက်သေးပါဘူး။ ဒါပေမယ့် ကျမ လွတ်မြောက်တဲ့နေ့က သတိ ထားမိတဲ့ ခြားနားချက်တခုက ကျမရဲ့နေအိမ်ဂိတ်ဝမှာ လာရောက် ကြိုဆိုနှုတ်ဆက်ကြတဲ့ လူငယ်တွေရဲ့လက်ထဲမှာ ဟန်းဖုန်းတွေကို တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ယခင်ကဆိုလျှင် ကျမရဲ့ လုံခြုံရေးအရာရှိတွေကလွဲရင် ဟန်းဖုန်းကို ကျမ မမြင်ခဲ့ရပါဘူး။
SUE LAWLEY … ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဆန္ဒပြအုံကြွတဲ့ ရွှေဝါရောင်တော်လှန်ရေး ကာလက မိုဘိုင်းဖုန်းတွေ ပေါ်မှာ ဆန္ဒပြတဲ့ပုံတွေ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အီဂျစ်နိုင်ငံ Tahrir ရင်ပြင်မှာ မြင်တွေ့ခဲ့ရသလို ဖြစ်မလာခဲ့ပါဘူး။ ဘာကြောင့်လို ထင်ပါသလဲ။ မိုဘိုင်းလ်ဖုန်း အလုံအလောက်မရှိလို့ ဖြစ်မယ်လို့ထင်ပါသလား။
အောင်ဆန်းစုကြည် … အဲဒီအချိန်တုန်းက မိုဘိုင်းလ်ဖုန်းတွေ အလုံအလောက်မရှိသေးဘူးလို့တော့ ပြောသံ ကြားပါ တယ်။ နေအိမ်အကျယ်ချုပ်ကာလ ဖြစ်တဲ့အတွက် အဲဒီလိုပုံကိုလည်း မတွေ့ခဲ့ရပါဘူး။ ရေဒီယိုက သတင်းတွေဘဲ ကြားခဲ့ရတာပါ။ ရေဒီယိုသတင်းတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် ရုပ်ပုံတွေလောက်တော့ အကျိုးသက်ရောက် မှု မရှိပါဘူး။
SUE LAWLEY … ခရီးသွားလုပ်ငန်းနှင့် ပတ်သက်လို့ မေးမြန်းမယ့် Cara Bleiman ကို ဖိတ်ခေါ် လိုပါတယ်။
Cara Bleiman … ယခုလိုစကားပြောခွင့်ရတာ ဂုဏ်ယူပါတယ်၊ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီး သည်အနေနဲ့ လာရောက်သင့်ပါသလား၊
အောင်ဆန်းစုကြည် … ကမ္ဘာလှည့်ခရီးသည်တွေကို အစိုးရနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ နေရာတွေကို ရှောင်ရှားကြ ဖို့ ပြောကြားလိုပါတယ်၊ မြန်မာလူမျိုးတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာမှ ကူညီပေးနိုင်မဲ့ အစီအစဉ်တွေ ပါဝင် တဲ့နေရာတွေကို သွားရောက်အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်၊ ဒီလို အပြုသဘောဆောင်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေတဲ့ ခရီးသွားလုပ်ငန်း အေဂျင်စီတွေနဲ့ ဟိုတယ်များစာရင်းကို ပြင်ဆင်ရေးဆွဲနေပါတယ်၊ မကြာခင်ပြီး မယ်လို့ မျှော်လင့်ရပါတယ်။
SUE LAWLEY- ရန်ကုန်မြို့လယ်က ဟိုတယ်ကြီးတွေကိုသွားရင် အစိုးရအပေါင်းအပါတွေရဲ့ အိတ်ထဲကို ကမ္ဘာလှည့် ခရီးသွားတွေရဲ့ငွေတွေ ရောက်သွားမယ်လို့ပြောချင်တာလား။
အောင်ဆန်းစုကြည် … ဟိုတယ်ကြီးများအားလုံးကို အစိုးရအပေါင်းအပါများကသာ ပိုင်ဆိုင်တယ်လို့ မပြောနိုင်ပါဘူး၊ အများစုကိုတော့ သူတို့က ပိုင်ဆိုင်ထားပါတယ်၊ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဘယ် ဟိုတယ်မျိုးကို အားပေးသင့် တယ်၊ ဘယ်ဟိုတယ်မျိုးကို အားမပေးသင့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်နိုင်အောင်လို့ စာရင်းတခု ပြုစုနေပါ တယ်။
SUE LAWLEY- အီရန်နိုင်ငံက Rouhi Shafii ကို ဖိတ်ခေါ်လိုပါတယ်။
Rouhi Shafii … ဂျီနီဗာမှာပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးပွဲကို မကြာသေးမီက တက် ရောက်ခဲ့ပါတယ်၊ အဲဒီ့အစည်းအဝေးမှာ မြန်မာနိုင်ငံက NGO အမျိုးသမီးတဦးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမဝင်ဖို့ ငြင်းဆန်တာထက် ပူးပေါင်းပါဝင်ခြင်းက အကောင်းဆုံးဖြစ်တယ်လို့ ပြောသွားပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ ဘာကြောင့်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမပြုခဲ့သလဲဆိုတာ သိချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။
အောင်ဆန်းစုကြည် … ရွေးကောက်ပွဲမဝင်ရတဲ့ အဓိကအကြောင်းအရင်း (၃) ခုရှိပါတယ်၊ ပထမအချက်က ရွေး ကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတယ်လို့ လက်မှတ်ရေးထိုးရ ပါမယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်ကို အစိုးရအာဏာတွေအားလုံးမှာ လိုအပ်သလို ပါဝင်အုပ်ချုပ်နိုင်ခွင့် ပြု ထားပါတယ်၊ ဒုတိယအချက်ကတော့ အကျဉ်းကျနေတဲ့ ပါတီဝင်အားလုံးကို ဖယ်ချန်ထားရမယ်ဆိုတဲ့ အခြေအနေကို ကျမတို့ လက်မခံနိုင်ခဲ့ပါဘူး၊ ရွေးကောက်ပွဲမှာ ပါဝင်ချင်ရင် ခံယူချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ကျမတို့ ပါတီဝင် တွေကို စွန့်လွှတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်၊ တတိယအချက်ကတော့ မြန်မာ့နိုင်ငံရေးလမ်းစဉ်မှာ ၁၉၉၀ ရွေးကောက်ပွဲကို ကျမတို့ ပယ်ဖျက်ရပါမယ်၊ ဒီအချက်ကို ကျမတို့ မလိုလားပါဘူး၊ ဒီ အမျိုးသမီးအနေနဲ့ ရွေး ကောက်ပွဲမှာ ကျမတို့ ပါဝင်သင့်တယ်လို့ ဘာကြောင့် ပြောခဲ့တယ်ဆိုတာ မသိပေမဲ့ ကျမတို့အနေနဲ့ ဒီအခြေအနေ တွေအောက်မှာ ရွေးကောက်ပွဲဝင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
SUE LAWLEY- မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အချိန်အတော်ကြာအောင် လှုပ်ရှားဆောင် ရွက်နေတဲ့ မင်းသမီးတဦးဖြစ်တဲ့ Maureen Lipman ကို ဖိတ်ခေါ်ပါတယ်။
Maureen Lipman … ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရတာ ဂုဏ်ယူပါတယ်။ နေအိမ်အကျယ်ချုပ် ထိန်း သိမ်း ခံရတဲ့နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝမ်းနည်းကြေကွဲမှု သို့မဟုတ် ပျော်ရွှင်မှု ဖြစ်ခဲ့ပါသလား။
အောင်ဆန်းစုကြည် … တကယ့်ကို ပျော်ရွှင်စေခဲ့ပါတယ်။ ကျမက ပျော်ရွှင်ရယ်မောရတာကို အမြဲတမ်း နှစ်သက်သူ ဖြစ်ပါတယ်။ ကျမ အမေပြောခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ် ရုပ်ရှင်ဇာတ်လမ်းများကလည်း ကျမအပေါ် တော်တော်လွှမ်း မိုးမှု ရှိခဲ့ပါတယ်။ ကျမအမေရဲ့ ဘဝမှာ ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းတွေ ရှိခဲ့တာကြောင့် အဆွေးရုပ်ရှင်တွေကို ဘယ်တော့မှ မကြည့်ခဲ့ပါဘူး။ ဒါကြောင့် ကျမလည်း အဆွေး ရုပ်ရှင်တွေကို ဘယ်တော့မှ မကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ရှိတ်စပီးယားရဲ့ ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းတချို့ကိုတော့ ကျမ ကြိုက်ပါတယ်။ ပျော်ရွှင်ကြည်နူးရမယ့် ဇာတ် လမ်းတွေကိုတော့ အမြဲတမ်းကြိုက်ပါတယ်။
Maureen Lipman – ကျမကို ဒုတိယမေးခွန်း မေးခွင့်မပြုထားပါဘူး။ အရှေ့အလယ်ပိုင်း အရေးအခင်းကို လူတွေ သတိထားမိသလို မြန်မာနိုင်ငံအကြောင်းကိုလည်း ကမ္ဘာက သိရှိအောင်လုပ်ဖို့ အလွန်ပဲ ခက်ခဲပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်းကို အနည်းငယ် ပြောကြားစေလိုပါတယ်။ မြန်မာနိုင်ငံမှ ပြည်သူတွေအနေနဲ့ ပညာရေးလက် လှမ်းမီဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ပြောကြားပေးစေလိုပါတယ်။
SUE LAWLEY- ဒေါ်အောင်ဆန်းစုကြည် ဖြေကြားပေးစေလိုပါတယ်။
အောင်ဆန်းစုကြည် … မြန်မာပြည်သူတွေအနေနဲ့ သူတို့ကိုယ်သူတို့ ပညာပေးဖို့ ကြိုးစားသင်ယူနေ ရတယ်လို့ ထင်ပါ တယ်။ ဒီအခြေအနေအရ အလွန်ဘဲ ခက်ခဲကြမ်းတမ်းပါတယ်။ ကလေးငယ်တွေကို မိမိကိုယ်မိမိ ပညာပေးသင်ကြား နိုင်ဖို့ မျှော်လင့်လို့ မရပါဘူး။ အရွယ်ရောက်လာပြီး မိမိကိုယ်မိမိ ပညာပေးနိုင်သည့်အထိ စောင့်ရမှာ ဖြစ်ပါတယ်။ ကျမ တို့အနေနဲ့ တကယ့်ကို အခြေခံကနေစဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်တဲ့ အရင်းအမြစ်အားလုံးကနေ အကူ အညီတွေ လိုအပ်ပါတယ်။ NLD နှင့် Democracy Network အနေနဲ့ အခမဲ့ပညာသင်ကျောင်းတွေ စတင်တည် ထောင်နေပြီး အောင်မြင်လျက် ရှိပါတယ်။ ဒါပေမဲ့ အကူအညီပေါင်းစုံလည်း လိုအပ်နေပါတယ်။
SUE LAWLEY … ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုက အလွန်ပဲ လေးနက်တဲ့လုပ်ငန်းဖြစ်တယ်လို့ ဟောပြော သွားတာ ကြားရပါတယ်။ နိုင်ငံရေးအတိုက်အခံတွေ ကြုံတွေ့နေရတဲ့ အန္တရာယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ လှုပ် ရှားမှုမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အန္တရာယ်တွေကို ပြောကြားသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နားထင် ကို စစ်သားတွေက ရိုင်ဖယ်နဲ့ ထောက်ထားပြီး ကွန်မန်ဒါက ပစ်ခတ်ဖို့ အချက်ပေးရေတွက်နေတဲ့ အလေ့အထမျိုး ရင် ဆိုင်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖခင်လိုပဲ မိမိရဲ့ ခံယူချက်နဲ့ တိုင်းပြည်အတွက် အသက်ကို စွန့် လွှတ်မယ့် အနေအထားမျိုး ဖြစ်လာနိုင်ပါသလား။
အောင်ဆန်းစုကြည် … ကျမတို့ အားလုံးအနေနဲ့ ဒီလိုအနေအထားမျိုးကို အစောကြီးကတည်းက ကြုံတွေ့ ပြီးသားဖြစ် ပါတယ်။
SUE LAWLEY- တစုံတရာပြောင်းလဲမှုများ မရှိဘူးလား။ ဖြစ်နိုင်ချေ တခုခုပေါ့။
အောင်ဆန်းစုကြည် … ဖြစ်နိုင်ချဆေိုတာ အမြဲတမ်းရှိနေပါတယ်။ လမ်းပေါ်မှာ ဘတ်စ်ကားတိုက်ခံရတဲ့ ဖြစ်နိုင်ချေမျိုး လည်း ဖြစ်နိုင်ပါတယ်။
SUE LAWLEY- Kieran Prendergast အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ်အပေါ် ဘယ်လို ထင်မြင်ပါသလဲ။ အခန်းထဲ မှာ ဆင်ရောက်နေသလိုမျိုး အလွန်ခက်ခဲတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ နောက်ဆုံးမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ် ဖြစ်ထွန်းလာမယ့် အလားအလာများ ဘယ်လိုရှိတယ်ဆိုတာ ပြောကြားပေးစေလိုပါတယ်။
Sir Kieran Prendergast … မြန်မာနိုင်ငံဟာ ကိုင်တွယ်ဖြေရှင်းရ အခက်အခဲဆုံးနိုင်ငံတွေထဲမှာ တခုအပါအဝင် ဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ ကာလကြာရှည်စွာ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ သမိုင်းကြောင်း၊ တဦးတည်းသီးသန့် နေထိုင် မှုတို့ကြောင့် အပြင်ထက်စာရင် အတွင်းပိုင်းမှာသာ ပြောင်းလဲမှု ပိုမို ဖြစ်လာမည်ဟု မျှော်လင့်ရပါတယ်။
SUE LAWLEY… ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့ တချိန်ချိန်မှာ ဒီမိုကရက်တစ် မြန်မာနိုင်ငံကို ဦးဆောင်ရ မယ်လို့ ထင်ပါသလား။
အောင်ဆန်းစုကြည် … အများကြီး ဖြစ်နိုင်ပါတယ်။ ၁၉၈၀ ပြည့်နှစ် ကာလအတွင်း Tim ရေးသား ထုတ်ဝေခဲ့တဲ့ စာ အုပ်တအုပ်ထဲမှာ အရှေ့ဂျာမနီမှာ အချိန်တော်တော်ကြာတဲ့အထိ ပြုပြင်ပြောင်းလဲမှု ဖြစ်မလာနိုင်ဘူးလို့ ရေးသားခဲ့ တာကို ပြန်သတိပေးချင်ပါတယ်။
Timothy Garton Ash – နေပါဦး၊ နေပါဦး၊
အောင်ဆန်းစုကြည် … (ရယ်လျက်) ၁၉၈၉ ခုနှစ်မှာ မဖြစ်နိုင်ဘူးဆိုတာတွေလဲ ဖြစ်ခဲ့ပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံ တို့မှာ ညတွင်းချင်း ပြောင်းလဲမှုဖြစ်နိုင်ချေရှိသလားဆိုတဲ့ မေးခွန်းကို ယမန်နှစ်က မေးခဲ့မယ်ဆိုရင် ပြောင်းလဲမှုဖြစ်နိုင် မယ်လို့ ဖြေမယ့်သူ ရှားမှာဖြစ်ပါတယ်။ ဘာလာပြောနေတာလဲလို့တောင် ပြန်ပြောနိုင်တဲ့ အနေအထားပါ။
SUE LAWLEY- Timothy Garton Ash အနေနဲ့ အရှေ့ဥရောပ သဘောထားကွဲလွဲမှုကို လေ့လာခဲ့တဲ့သူဆိုတော့ ဝင်ရောက်ဆွေးနွေးပေးပါဦး။ မိမိတို့ခံယူချက်အတွက် လွတ်လပ်ခွင့်သာမက အသက်ကိုပါ စွန့်လွှတ်ဖို့ ပြင်ဆင်ထား သူတွေအတွက် ဒီလိုအရာတွေကိုရင်ဆိုင်ဖို့ ဘယ်နေရာက သတ္တိတွေရလာလဲဆိုတာ ဖြေကြားပေးစေလိုပါတယ်။
Timothy Garton Ash … ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲကောင်းအမျိုးသမီးတဦး ဖြစ်တယ်လို့ ကျနော် ပြောရဲပါ တယ်။ အာဏာရှင်စနစ်တခုရဲ့ ကျေးကျွန်တွေ၊ ပူးပေါင်းပါဝင်သူတွေ ဘာကြောင့် ဖြစ်လာရသလဲဆိုတဲ့မေးခွန်းကို ကျနော် စဉ်းစားနေတာ နှစ်ပေါင်း ၄၀ လောက်ရှိပါပြီ။ သတ္တိရှိတဲ့သူတွေ ဖြစ်ဖို့ထက် သူရဲဘောကြောင်တဲ့သူတွေ ဖြစ်ဖို့က အများကြီး ပိုမိုလွယ်ကူပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ထဲက သူမရဲ့ အတိုက်အ ခံ လူထုနဲ့ ပတ်သက်တဲ့ စာသားတခုကို ပြန်လည်ပြောကြားလိုပါတယ်။
“အတိုက်အခံပြည်သူတွေအနေနဲ့ ၎င်းတို့တာဝန်များထမ်းဆောင်ရာတွင် ကြောက်စိတ်မရှိဟန် ဆောင်နေကြရပြီး ၎င်း တို့၏ ရဲဘော်ရဲဘက်များ ယင်းသို့ ဟန်ဆောင်နေသည်ကိုလည်း မမြင်ဟန်ဆောင်နေ ကြရသည်။”
ဒီစကားရပ်ဟာဆိုလျှင် အတိုက်အခံတွေအပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းရှိတဲ့ စကားရပ် ဖြစ်ပါတယ်။ နေအိမ်အကျယ် ချုပ်က လွတ်မြောက်လာတဲ့အခါ ကြောက်စိတ်က ပိုများလာသလား၊ ပိုနည်းသွားသလား။ ကြောက်စိတ်ကို ကျော်လွှား နိုင်မယ်လို့ ထင်ပါသလား။
အောင်ဆန်းစုကြည် … ဟုတ်ကဲ့၊ ကြောက်စိတ်က ပိုနည်းသွားတယ်လို့တော့ ထင်ပါတယ်။ ဘာကြောင့် ဆက်သွားနေ ရသလဲဆိုရင် ဘယ်လိုရပ်တန့်ရမယ်ဆိုတာ မသိလို့ပါ။ (ပရိသတ်ရယ်သံ) ကျမတို့ရဲ့ ယုံကြည်ချက်တွေအပေါ် ဘယ် လိုနောက်ပြန်လှည့်ရမယ် ဆိုတာ မသိပါဘူး။ ကျမတို့ရဲ့ ရဲဘော် ရဲဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုစွန့် ပစ်ထားခဲ့ရမယ်ဆိုတာလည်း မသိပါဘူး၊ ဒီလိုကိစ္စရပ်တွေ မလုပ်နိုင်လို့ ကျမတို့ရဲ့လမ်းကို ဆက်လျှောက်နေတာပါ။
SUE LAWLEY- ဒီနေရာမှာပဲ ကျမတို့ရဲ့အစီအစဉ်ကို ရပ်နားရမှာ ဖြစ်ပါတယ်။ နောက်တပတ်မှာ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ သူမရဲ့ နိုင်ငံရေးပါတီ ဆန့်ကျင်နေတဲ့ အင်အားစုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောကြားမှာ ဖြစ်ပါ တယ်။ Vaclav Havel က NLD ပါတီကို “အာဏာမဲ့ လူတန်းစားတို့၏ အာဏာ” တင်စားခဲ့ဖူးပါတယ်။ လန်ဒန်မြို့ ၊ Radio Theatre ကို လာရောက်ကြတဲ့ ကျမတို့ရဲ့ ပရိသတ်များကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီအစီအစဉ်ရဲ့ ဟော ပြောပို့ချသူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
http://www.naytthit.net/?p=15018
“စာအုပ်ထဲကလှပသော စကားလုံးများနှင့် ကျွန်ုပ်တို့၏…”
Posted by admin on July 1, 2011

အကြမ်းမဖက်ရေး ငြိမ်းချမ်းရေး ဆိုတဲ့စကားလုံးတွေဟာ စကားလုံးအဖြစ်ရှိနေခဲ့ပြီး တကယ်လည်း နှစ်သက် စရာ ကောင်းပါတယ်။ နိုင်ငံတော်အာဏာကိုအကြမ်းဖက်တဲ့နည်းနဲ့ရယူတာဟာမကောင်းဘူး။ အဲဒီအစဉ်အလာကိုလည်း အားမပေးသင့် သလိုအဓွန့်ရှည်ကြာစွဲမြဲ လာတာမျိုးကိုလည်း ခွင့်မပြုသင့်ဘူး။ အလွန်ကောင်းမွန်တဲ့ စကားပါ။ လက် မခံနိုင်ဘူးဆိုတဲ့ သူတွေဟာ အကြမ်းဖက်လိုသူတွေ၊ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုသူတွေ ဖြစ်သွား နိုင် ပါတယ်။
ငြိမ်းချမ်းရေးဆိုတာဒေသတွင်း၊ တိုင်းပြည် နိုင်ငံတွင်းမှာတင် ရှိသင့်တဲ့ အရာမဟုတ်ဘဲ ကမ္ဘာတ၀ှမ်းလုံးမှာရှိ သင့်တဲ့ ရှိရမယ့် အရာတခုလည်း ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း ဘာမှအငြင်းပွားစရာ ရှိကြလိမ့်မယ် မဟုတ်ပါဘူး။ ပြောလို့ ကတော့ အလွန်ကောင်းပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးပျက်ပြားပြီး ကမ္ဘာစစ်ကြီးတွေ ဖြစ်လာရပုံကို ပြန်စဉ်း စားရပါလိမ့်မယ်။ ဘယ်သူတွေက ဘယ်လိုစခဲ့တာပါလဲ၊ ဘယ်လိုစစ်ကြီးတွေ ပြီးဆုံးအောင်လုပ်ခဲ့ပြီး ဘယ်သူတွေက လုပ်ခဲ့ကြတာပါလဲ၊ ကမ္ဘာ့သမိုင်းစာမျက်နှာတွေမှာ အထင်အရှားမှတ်တမ်းတင်ထားခဲ့ပြီး ဖြစ်ပါတယ်။ စစ်ပွဲအတွင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ နိုင်ငံတွေက ပြည်သူလူထုတွေက စစ်သွေးစစ်မာန်တွေ သိပ်တက်ကြွ၊ သိပ်စစ်တိုက်ချင်၊ တခြား နိုင်ငံတွေကို သိပ်တိုက်ခိုက်သိမ်းပိုက်ချင်ခဲ့ကြလို့ စတင်ရန်စတိုက်ခိုက်ခဲ့ကြရာက ကမ္ဘာစစ်ကြီးတွေ ဖြစ်ခဲ့ကြတာ မ ဟုတ်တာကတော့ သေချာပါတယ်။ ဈေးကွက်ချဲ့ထွင်ချင်၊ နယ်မြေပိုင်နက်ချဲ့ထွင်လိုသူ လက်ဝါးကြီးအုပ် အရင်းရှင် ကြီးတွေနဲ့ အဲဒီ လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေက မွေးမြူတင်မြောက်ခဲ့ကြတဲ့ နယ်ချဲ့အစိုးရတွေ၊ နယ်မြေဒေသ ချဲ့ထွင်သိမ်းပိုက်ပြီး လက်နက်နဲ့ ပြည်သူလူထုတွေကို ဖိနှိပ်အုပ်စိုး နှိပ်စက်ညှင်းပမ်းပြီး စစ်နိုင်ငံကြီးတွေထူထောင် ကိုယ်ကျိုးရှာချင်ကြတဲ့ ဖက်ဆစ်အာဏာရှင်တွေ ကြောင့်သာဖြစ်ခဲ့ကြတာပါ။ လိုတိုရှင်းနဲ့ ယေဘုယျ ပေါ့လေ။
တိုတိုပြောရရင် တိုင်းပြည်တပြည်ရဲ့ ငြိမ်းချမ်းရေးကို အဓိကပျက်ပြားအောင်၊ ပျက်စီးအောင် လုပ်ဆောင်ခဲ့ကြသူတွေ ဟာ အာဏာာရယူ အုပ်ချုပ်နေခဲ့တဲ့ အစိုးရတွေနဲ့ သူတို့ရဲ့စစ်တပ်တွေချည်းပါပဲ။ တဘက်ကသူတွေကတော့ ကိုယ့်အ ခွင့်အရေး၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ဘ၀ ကိုယ့်အသက်ကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်ပြီး တိုက်ခိုက်ကြရတာတွေ ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အတိတ်နဲ့ပစ္စုပ္ပန် သမိုင်းကိုပြန်ကြည့်ရင် ဒီအချက်ကို ထင်ထင်ရှားရှားတွေ့ ကြရပါလိမ့်မယ်။ အင်္ဂလိပ်နယ်ချဲ့ရဲ့ သွေးခွဲမှုကိုပဲ အပြစ်ပုံချခဲ့ကြပါတယ်။
ဖဆပလ အစိုးရ၊ အိမ်စောင့်အစိုးဆိုတဲ့ စစ်အစိုးရနဲ့ နောက်တက်လာတဲ့ ရွေးကောက်ပွဲနိုင် ပထစ အစိုးရတွေမှာရော အပြစ်မရှိကြပါဘူးလား။ ဗိုလ်ချုပ်ရယူပေးခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ အင်အားကို အကျိုးရှိရှိအသုံးမချနိုင် ဘဲ၊ ငါနဲ့မတူ ငါ့ရန်သူလုပ်ပြီး ရဲဘော်ရဲဘက်ချင်းတွေကို နှိပ်ကွပ်ခဲ့၊ တိုင်းရင်းသားလူမျိုးတွေကို ပေးခဲ့တဲ့နှုတ်ကတိ ကိုဂရုမစိုက် လစ်လျှူရှု ပြီး မဟာလူမျိုးကြီးဝါဒနဲ့ တတိုင်းပြည်လုံးကို လွှမ်းမိုးအုပ်စိုး ကိုယ်ကျိုးရှာဖို့ ကြိုးစားခဲ့တာတွေ။ လူမျိုးငယ်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ၊ တန်းတူညီမျှရေးတွေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးမထား ချိုး ဖောက်ခဲ့တာတွေ၊ နောက် စစ်အာဏာရှင်စနစ် ထူထောင်ပြီး တိုင်းရင်းသားတွေကို ထင်သလို နှိပ်စက်ညှင်းပမ်း မုဒိမ်း ကျင့်၊ လူမျိုးတုံးသတ်ဖြတ်ပစ်ဖို့ကြိုးစားခဲ့တာ၊ကြိုးစားနေတာတွေကြောင့် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ။ တောက်လောင်နေတာ ဖြစ်ပါတယ်။ အဲဒီ တောခိုနိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်တပ်တွေ၊ တိုင်းရင်းသား လက်နက် ကိုင် အင်အားစုတွေက ငြိမ်းချမ်းရေးကို ခါးခါးသီးသီး ငြင်းပယ်ခဲ့ဖူးပါသလား။
ငြိမ်းချမ်းရေးကို မလိုချင်ဘူး စစ်ပဲတိုက်မယ်လို့ ပြောခဲ့ဖူးပါသလား။ ပြည်တွင်းစစ်ကို ဘယ်သူက ကိုယ်ကျိုးစီးပွားအ တွက် မွေးမြူခဲ့ပါသလဲ။ လက်နက်နိုင်ငံ စစ်လက်ဝါးကြီးအုပ် အရင်းရှင်နိုင်ငံတခုအဖြစ် ဘယ်သူတွေက တည်ဆောက် ဖို့ ကြိုးစားခဲ့ ကြိုးစားနေကြတာပါလဲ။ ကျနော်တို့ထောက်လှန်းရေး ၄ စစ်ကြောရေးတိုက်ထဲမှာတုံးက ကျနော်တို့ကို စစ်ဆေးတဲ့ ထောက်လှန်းရေးအရာရှိကို အဲဒီမေးခွန်း တည့်တည့်ပဲမေးကြည့်ခဲ့ဖူးပါတယ်။ သမိုင်းကို ပြန်ပြောပြခဲ့ဖူးပါ တယ်။ ပထမပိုင်းမှာ ၀န်မခံခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့တပ်မတော်ဆိုတဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးတွေရဲ့ ငြိမ်းချမ်း ရေး တကယ်ရယူဖို့ မကြိုးစားခဲ့တာတွေ၊ မလိုချင်ခဲ့တာတွေနဲ့ ပြည်တွင်းစစ်ကြီးကို မီးရှိန်မြင့်တက်အောင် လုပ်ပေးခဲ့ တဲ့ အဖြစ်ကို ၀န်ခံခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ အမြင်ကို စာတမ်းရေးပေးခိုင်းလို့ ကျနော် အေ 4 ဆိုက်နဲ့ စာမျက်နှာ ၃၇ မျက်နှာပါ စာတမ်းတခုကို ရေးပေး ပြီး လက်မှတ်ထိုးပေးခဲ့ပါတယ်။ အဲဒီအချိန်က ထောက်လှန်းရေးမှူးချုပ်လုပ်ခဲ့တဲ့ သူတို့ ဗိုလ်ချုပ် ခင်ညွန့်လက်ထဲအ ရောက် ထည့်ပေးဖို့လည်း ပြောခဲ့ပါတယ်။ အဲဒီစာတမ်းမှာ ပြည်တွင်းစစ်ကိစ္စတင်မဟုတ်ပါဘူး အဲဒီတုံးက မြန်မာ့ ဆို ရှယ်လစ်လမ်းစဉ်ပါတီ ဘာဖြစ်လို့ လူထုမထောက်ခံပဲ ကျဆုံးခဲ့ရတဲ့အပေါ် ကျနော်တို့ရဲ့အမြင်ကိုလည်း တောင်းခံလို့ ရေးပေးခဲ့ပါတယ်။ နောက် ဘယ်ပါတီပဲထောင်ထောင် အဲဒီအတိုင်းဆက်ပြီး ကျင့်သုံးဆောင်ရွက်သွားအုံးမယ် ဆိုရင် လည်းဘယ် လိုလူမျိုးကပဲထောင်ထောင် ဒီလိုပဲ ကျဆုံးရှုံးနိမ့်အုံးမှာပဲလို့ အာမခံ ဟောကိန်းထုတ်ပေးခဲ့ပါတယ်။
အဲဒီအရာရှိက အဲဒီစာတမ်းအတွက် ထောင်ပိုမကျ စေရပါဘူးလို့ ပြောခဲ့ပါတယ်။ ကျနော်က ကိစ္စမရှိပါဘူးလို့ပြောခဲ့ပါ တယ်။ ဒါဖြစ်ရပ်မှန်ပါ။ ပြောချင်တာက ငြိမ်းချမ်းရေးကို မလိုချင်သူတွေ အကြမ်းဖက်လိုသူတွေဟာ ခေတ်အဆက် ဆက် အစိုးရတွေသာဖြစ်ခဲ့ပြီး ပြည်သူလူထုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက မလိုချင်တာ အ ကြမ်းဖက်ချင်ကြတာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါဟာ မြန်မာနိုင်ငံရဲ့အစဉ်အလာ၊ ယဉ်ကျေးမှု ဖြစ်လာပြီဆိုရင်လည်း အဲဒီ အစဉ်အလာ ဒါမှမဟုတ် ယဉ်ကျေးမှုကို ဘယ်သူတွေက ဖန်တည်းခဲ့၊ ဖန်တည်းနေတာပါလဲ။ အဲဒီ ဖန်တည်းနေ သူတွေကိုပဲ စွန်လွှတ်ဖို့၊ တိုက်ခိုက် ပစ်ခတ် သတ်ဖြတ် နှိပ်စက်ညှင်းပမ်းနေတာတွေ၊ မတရားလုပ်နေတာတွေ၊ ကိုရပ် ပြီး ပြည်သူတွေလိုလားနေတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတွေကို ပေးအပ်ဖို့ ပြောရမှာပါ။
ဒီဆောင်းပါးကို ရေးရတာက ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ လူငယ်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည် က “လက်နက်ကိုင် အကြမ်းဖက်မှု ကို နိုင်ငံရေး သဘောတရားအရ လက်မခံပါဘူး။ အကြမ်းဖက်တဲ့နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်တာ နိုင်ငံရဲ့ အာ ဏာကို လွှဲယူတာ ဒီဟာတွေက ဒီနိုင်ငံမှာ အစဉ်အလာ ဖြစ်နေပြီ။ ဒီအစဉ်အလာကို ပြောင်းလည်းရမယ်ဆိုတာ ကျမ တို့ ခံယူချက်အနေနဲ့ အကြမ်းမဖက်တဲ့နည်းကို သွားတာပါ။ အကြမ်းဖက်တာ အမြဲမှားသလား။ ဒီလိုတော့လည်း ပြော လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှန်ကန်တဲ့ဖက်ကနေ ရပ်တည်ပြီးတော့ ခုခံတိုက်ခိုက်တာ ရှိတယ်။ ကျမကတော့ ရေရှည်ကို စဉ်းစားစေချင်တယ်။ အကြမ်းဖက်တဲ့နည်းနဲ့ မြန်မြန်ရပြီးတော့ နောက်ဆက်တွဲ ဒဏ်ရာတွေကို ဘယ် လောက်ကြာကြာ ပျောက်အောင် ကုသရအုန်းမှာလဲ။ တကယ်အကြမ်းဖက်တဲ့နည်းနဲ့လုပ်လို့ နောက်ဒုက္ခတွေ ရှင်း သွားရင်တော့ တမျိုးပေါ့။” လို့ သူမရဲ့အမြင်သဘောထားကို ဆွေးနွေးသွားတာကြောင့်ပါ။
လက်နက်ကိုင်အကြမ်းဖက်မှုကို နိုင်ငံရေးသဘောတရားအရ လက်မခံနိုင်ဘူးဆိုတာ မှန်ပါတယ်၊ ကျနော်တို့လည်း လက်မခံနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဖခင်ဖြစ်တဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ လက်ထက်မတိုင်ခင်ကတည်းက လက်နက်ကိုင် တော်လှန်ရေး တွေရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို မတရားသိမ်း ပိုက်ထားတဲ့ အင်္ဂလိပ်နယ်ချဲ့ကို မြန်မာတော်လှန်ရေး သမားတွေက လက်နက်ကိုင် တော်လှန်ခဲ့ကြတာပါ။ နယ်ချဲ့နဲ့နယ် ချဲ့လက်ပါးစေ မြေရှင်လယ်ရှင်တွေရဲ့ ဖိစီးနှိပ်စက် မှုကို သည်းမခံနိုင်တော့တဲ့ လယ်သမားတွေက လယ်သမားသူပုန်ကြီး ဆရာစံရဲ့ ဦးဆောင်မှု အောက်ကနေ ရရာ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါတယ်။ ကိုအောင်ဆန်း တို့ လက်ထက်ရောက်တော့ ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂ၊ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ကျောင်း သားခေါင်းဆောင်တွေရဲ့ ဦးဆောာင်မှုနဲ့ အင်္ဂလိပ်နယ်ချဲ့အစိုးရကို အကြမ်းမဖက် သပိတ်မှောက်ကြ၊ ဆန့်ကျင် ကန့် ကွက်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရက အကြမ်းဖက်နှိမ်နှင်းခဲ့လို့ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရပြီး ကျောင်းသားကျောင်းသူတွေ အများကြီးထိခိုက်ဒဏ်ရာရ၊ နယ်ချဲ့ရဲ့အကျဉ်းထောင်ထဲ ကျရောက်ခဲ့ရပါတယ်။
ဆောင်းပါးရှည်လျှားလွန်းမှာ စိုးတဲ့အတွက် တိုတိုပြောရရင် နောက်ဆုံးအကြမ်းမဖက် ဆန့်ကျင်တွန်းလှန်လို့ မရတဲ့အ ဆုံး ကိုအောင်ဆန်း ခေါင်းဆောာင်တဲ့ ကျောင်းသားလူငယ်တွေ၊ သခင်လူငယ်တွေဟာ ဂျပန်ဖက်ဆစ်တွေဆီက စစ် ပညာကို သွားရောက်သင်ယူပြီး ဂျပန်ဖက်ဆစ်တွေရဲ့ အကူအညီနဲ့ပဲ အင်္ဂလိပ်အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့ကြ ရပါတယ်။ ဒုတိယကမ္ဘာစစ်ကို ရင်ဆိုင်နေရတဲ့ အင်္ဂလိပ်နယ်ချဲ့ အခက်တွေ့၊ အကျပ်အတည်းကျနေချိန် ဖြစ်လာတော့ အင်္ဂလိပ်နယ်ချဲ့တွေ ဆုတ်ခွာပေးခဲ့ရပြီး ဂျပန်ဖက်ဆစ်တွေရဲ့ အုပ်စိုးမှုအောက်ကို ကျရောက်သွားခဲ့ပြန်ပါတယ်။
ဂျပန် ပေးတဲ့လွတ်လပ်ရေး အတုအယောင်အောက်မှာ မြန်မာတနိုင်ငံလုံး ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်းမှုတွေ ခံခဲ့ရ ပါတယ်။ နောက်ဆုံး မခံနိုင်တော့တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်ရဲဘက်တွေနဲ့ နိုင်ငံရေးသမား၊ တော်လှန် ရေးသမားတွေက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု ထောက်ခံမှု နဲ့ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ခဲ့ကြလို့ မြန်မာနိုင်ငံပြည်သူတွေ ဖက်ဆစ်ဂျပန်လက်အောက်က လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။ နောက် အင်္ဂလိပ်နယ်ချဲ့ကို တိုင်းရင်းသားလူမျိုးစုတွေရဲ့ စည်းလုံးညီညွတ်မှုအင်အားကိုပြပြီး လွတ်လပ်ရေးမပေးဘူးဆိုရင်တော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ပြန်ပြီး တိုက်ခိုက်ရလိမ့်မယ်လို့ ရာဇသံပေးခဲ့လို့ မတတ်သာတဲ့အဆုံး အင်္ဂလိပ်နယ်ချဲ့က မြန်မာနိုင်ငံ ကို လွတ်လပ်ရေးပေးခဲ့ရပါတယ်။ နောက်တခါ ကျနော် အထက်မှာ တင်ပြခဲ့တဲ့ အချက်တွေ အခြေအနေတွေကြောင့် ကျနော်တို့နိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးတွေ၊ တိုက်ပွဲတွေ ထပ်ဖြစ်လာပြီး ပြည်တွင်းစစ် ကြီးဖြစ်ပေါ်လာခဲ့ရ တာ ဖြစ်ပါတယ်။ ဒါ တကယ်ဖြစ်ခဲ့တာပါ။ သမိုင်းပါ။
လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ အကြမ်းဖက်တော်လှန်ရေးကို ပြည်သူလူထုက ရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြရတဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ နောက်ဆုံးကျောင်းသားကျောင်းသူတွေအထိ လက်နက်ကို ကိုင်ချင်လွန်းလို့ကိုင်ခဲ့ကြ အကြမ်းဖက်ချင်လွန်းလို့ ဖက်ခဲ့ ကြတာ မဟုတ်တာတော့ သေချာပါတယ်။ ခုခံစစ်ပါ။ လွတ်မြောက်ရေးစစ်ပါ။
ဒေါ်အောင်ဆန်းစုကြည် စကားထဲမှာပါသလိုပဲ မှန်ကန်တဲ့ဖက်ကနေ ရပ်တည်ပြီး ခုခံတိုက်ခိုက်ကြတာပါ။ ငြိမ်းချမ်း ရေးကို လိုချင်လို့၊ လူချင်းတူတူသူချင်းမျှမျှ နေထိုင်နိုင်ဖို့၊ ဖိစီးနှိပ်စက်လွန်းလို့၊ အသက်ကိုအန္တရာယ်ပေးလာလို့ ခုခံ ကာကွယ် တုန့်ပြန်တိုက်ခိုက်ခဲ့ကြရတာပါ။ အမှန်တရားဖက်က ရပ်တည် ခုခံကာကွယ်တဲ့သူတွေဖက်က မှန်ပါတယ်။ တရားသောစစ်ပါ။ ကျနော်တို့ထောက်ခံ အားပေးပါတယ်။
တခုထပ်ပြောဖို့ ရှိလာတာက အဲဒီအကြမ်းဖက်တဲ့ အစဉ် အလာကို ပြောင်းလဲရမယ်ဆိုတဲ့ ခံယူချက်နဲ့ အကြမ်းမဖက် တဲ့နည်းနဲ့ သွားတာပါဆိုတဲ့ လူထုခေါင်းဆောင်ရဲ့စကားပါ။ ကျနော်တို့ နောင်တော် ၆၂ ခုနှစ် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ ကျနော်တို့ ၇၀ စုနှစ် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ အခွင့်အရေးတိုက်ပွဲတွေ၊ ဆန္ဒပြ ပွဲတွေ သပိတ်တိုက်ပွဲတွေဟာ လုံးဝ အကြမ်းမဖက်ခဲ့ကြပါဘူး။ လက်ထဲမှာ စာအုပ်တွေပဲပါတာပါ။ ကျောင်းသား ကျောင်းသူတွေပဲ စစ်အာဏာရှင် စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းမှုကြောင့် ကျဆုံးခဲ့ကြ၊ ဒဏ်ရာရခဲ့ကြ၊ အ ကျဉ်းကျခံ ဘ၀ပျက်ခဲ့ကြရတာဟာ တကယ့်ဖြစ်ရပ်ပါ။ နောက်ဆုံး ၁၉၈၈ ခုနှစ်လူထုဒီမိုကရေစီ အရေးတော်ပုံကြီးဟာ လည်း ပြည်သူလူထုတရပ်လုံးရဲ့ အာဏာရှင်စနစ်ကို အကြမ်းမဖက် အုံကြွဆန့်ကျင်တဲ့ တော်လှန်ရေးကြီးတရပ် ဖြစ်ပါ တယ်။ စစ်အာဏာရှင်တွေက ဘယ်လိုဖြေရှင်းခဲ့ပါသလဲ။ ရှင်းပါတယ်။
၂၀၀ရ ခုနှစ် သံဃာတော်တွေဦးဆောင်ခဲ့တဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုအုံကြွမှုဟာလည်း အကြမ်းမဖက်ရုံ မက သံဃာတော်တွေရဲ့ မေတ္တာသုတ်သံတွေနဲ့ လွှမ်းဖုံးနေခဲ့တာပါ။ အဲဒီ ဗုဒ္ဓဘုရားရှင်ရဲ့မေတ္တာသုတ်တော်ကို ရွတ် ဖတ်ရင်းငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ဘုရားသားတော်တွေကို စစ်အာဏာရှင်တွေက ဘယ်လိုပြုမူဆက်ဆံခဲ့ပါ သလဲ။ ဒါကတော့ ဒီကနေ့မျိုးဆက်သစ် လူငယ်ကလေးတွေကအစ တွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ အကြမ်းဖက်တဲ့ အစဉ်အလာ ကို ဆက်လက်ထိမ်းသိမ်းနေတဲ့ သူတွေက ဘယ်သူတွေပါလဲ။ ဒါကို အကြမ်းမဖက်တဲ့နည်းကိုပဲ သွားမယ်ဆိုတဲ့ လူထု ခေါင်းဆောင် ဘယ်လိုများသွားမှာပါလဲ။ ဘယ်သူပြောတဲ့စကား၊ ဘယ်သူရဲ့မေတ္တာရပ်ခံချက် တိုက်တွန်းချက်ကိုမှ အ ရေးမစိုက်ဘဲနေ၊ စေ့စပ်ဆွေးနွေးစရာ အကြောင်းမရှိပါဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်ထားတဲ့ အစိုးရက စေ့စပ် ဆွေးနွေးဖို့ သဘောတူလာတဲ့ထိ ဒီလိုပဲ မေတ္တာရပ်ခံနေမှာပါလား။ မတရားတဲ့ အမိန့်အာဏာတွေကို ဘယ်လိုနည်းနဲ့ အာခံဆန့်ကျင်ကြရမှာပါလဲ။
ရေရှည်ကိုစဉ်းစားပြီး နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဒဏ်ရာတွေကို ရှောင်ကျဉ်ဖို့ ခုလောလောဆယ်စစ်အာဏာရှင် တွေရဲ့ ဖိစီးနှိပ်စက်မှု မတရားလုပ်မှု မတရားဖမ်းဆီးမှု၊ မုဒိမ်းကျင့်မှု၊ သတ်ဖြတ်မှုတွေကို အကြမ်းဖက်တုန့်ပြန်မှု မလုပ် ဘဲ အကြမ်းမဖက်တဲ့နည်းနဲ့ပဲ ဆန့်ကျင်ကြဖို့ ပြည်သူလူထုကို ကျနော်တို့က နှိုးးဆော် တိုက်တွန်းကြရမှာပါလား။ ခုခံ စစ်ကို အသက်နဲ့ဘ၀နဲ့ရင်းပြီး ဆန့်ကျင်တိုက်ခိုက်နေကြရတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း အကြမ်းဖက် လက်နက်ကိုင်နေကြတာကို စွန့်လွှတ်ပြီး စစ်အစိုးရပြုသမျှ အကြမ်းမဖက်ဘဲသာ ခံနေကြဖို့ကျနော်တို့က ပြောကြရမှာပါလား။
ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ အလွန်နားထောင်ကောင်းသလို ငြင်းဆန်စရာ မရှိအောင်ဆွဲဆောင်အားကောင်းပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့သမိုင်းကြောင်းကို အတိတ်ကနေ ခု ပစ္စုပ္ပန် အထိ ကြည့်လိုက်ပါ။ ဘယ်နေရာတွေမှာများ ငြိမ်း ချမ်းနေတာတွေ့ရပါသလဲ။ မြေထဲပင်လယ်တ၀ိုက်က အာရပ်ကမ္ဘာသား ပြည်သူလူထုတွေဟာ အာဏာရှင် အစိုးရ တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ အကြမ်းဖက်လက်နက်ကိုင်ခဲ့ကြရပြီး စစ်အာ ဏာရှင် တချို့လက်လွတ်ထွက်ပြေးခဲ့ရ၊ အာဏာစွန့်လွှတ်ခဲ့ရတာတွေ့ရသလို၊ ကနေ့ထိ လက်နက်ကိုင်တော်လှန်တိုက် ခိုက်နေကြရဆဲဖြစ်တဲ့ လစ်ဗျားပြည်သူတွေ။ အာဏာရှင်ရဲ့ရက်ရက်စက် ခြေမှုန်းနှိမ်နှင်းမှုကို ကြံ့ကြံ့ခံပြီး ဆက်လက် တိုက်ပွဲဝင်နေကြတဲ့ ဆီးရီးယားပြည်သူတွေရဲ့အော်ဟစ် ညည်းညူသံတွေ၊ ငိုကြွေးသံတွေကို ကြားနေရဆဲ ဖြစ်ပါ တယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုတွေဟာ အကြမ်းမဖက်ရော အကြမ်းဖက်လို့ ရော ဆက်ပြီးပေါ်ပေါက်လာလိမ့်အုံးမယ်ဆိုတာလည်း အသေအချာ ပဲဖြစ်ပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးဆိုတာကို နေရာဒေသ တိုင်းပြည်အနည်းအကျဉ်းလောက်ကလွဲရင် ဘယ်နေရာမှာမှ ရှာလို့မရနိုင်တာ၊ တည်ဆောက်လို့ လက် တွေ့ မရနိုင်သလောက် ဖြစ်နေတာကတော့ တကယ့်ဖြစ်ရပ်မှန်ပါ။
ကျနော်တို့တိုင်းပြည်က စစ်အစိုးရအဆက်ဆက်အောက်မှာ ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်းသတ်ဖြတ်မှုတွေ၊ မတ ရား ပြုကျင့်မှုတွေနဲ့ ဆင်းရဲမွဲတေမှု ဒုက္ခတွေကို ခါးစီးခံနေကြရတဲ့ ပြည်သူလူကြီးကို စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင် လမ်းပြဦးဆောင်ပြီး ပြည်သူလူထုကြီးတရပ်လုံး တကယ်လိုချင် တောင့်တနေတဲ့ ဒီမိုကရေစီကို ရယူပေးဖို့တာဝန်ရှိတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ လူထုကို မှန်မှန်ကန်ကန် ဦးဆောင်မှုပေးဖို့၊ ရဲရဲရင့်ရင့် ဦး ဆောင်မှုပေးနိုင်ဖို့အရေးကြီးပါတယ်။ အဓိက ကစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး လွတ်လပ်တရားမျှတ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်ပေါ်လာရေးပါ။ အမြန်ဆုံးဖြစ် နိုင်လေကောင်းလေပါပဲ။ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ဆန့် ကျင်တိုက်ခိုက်ကြ ဖို့ကအရေးကြီးပါတယ်။
နောက်ဆက်တွဲဒဏ်ရာတွေကို လွတ်လပ်တရားမျှတငြိမ်းချမ်းပြီး ဒီမိုကရေစီပြည့်ဝတဲ့ လူ့အဖွဲ့အစည်း တခုထဲမှာ ကုသရတာဟာ စစ်အာဏာရှင်စနစ်အောက်မှာထက် ပိုပြီးလွယ်ကူပါလိမ့်မယ်။ သက်သာပျောက်ကင်းမှုမြန်ဆန်ပါ လိမ့်မယ်။ သိပ်တွေးပူနေစရာ မရှိဘူးလို့ထင်ပါတယ်။
ကျနော်မကြာသေးခင်က ရေးခဲ့တဲ့ဆောင်းပါးတချို့မှာ တင်ပြခဲ့ဖူးသလို ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှုမရှိဘဲ အားလုံး ငြိမ်းချမ်းအေးဆေးစွာ ပြီးဆုံးသွားကြလေသတည်းဆိုတဲ့ တော်လှန်ရေးမျိုး ကမ္ဘာ့သမိုင်းစာမျက်နှာတွေမှာရော မြန်မာ သမိုင်းစာမျက်နှာတွေမှာပါ မရှိဖူးသေးဘူးဆိုတာတွေ့ရပါလိမ့်မယ်။ ကျနော်တို့ ပြည်သူလူထုတွေ ထိခိုက်နစ်နာခံစား ခဲ့ကြရတာ ရာစုနှစ်ဝက်ပြည့်လုပါပြီ။ ခုထိလည်း နေ့တဓုဝ တတိတိ ထိခိုက်နစ်နာခံစားနေကြရဆဲ။ ရောဂါဝေဒနာတွေ ခံစားနေကြရဆဲ၊ သေဆုံးနေကြရဆဲ ဖြစ်ပါတယ်။ ထူးပြီးထိခိုက်ခံစားစရာ အကြောင်းမရှိတော့ပါဘူး။ ဒီထက်ဆိုးဆိုး ၀ါးဝါး ခံစားပြီးမှ ငြိမ်းချမ်းသာယာမှု၊ ပျော်ရွှင်မှု သုခကိုခံစားရနိုင်မယ်ဆိုရင်လည်း အဲဒီအဆိုးတရားတွေကို အမြန်ဆုံး ပြေးတွေ့ခံစားပြီး လွတ်မြောက်ငြိမ်းချမ်းမှု ပျော်ရွှင်မှုတွေကိုရယူ ပစ်လိုက်ကြတာက ပိုကောင်းမယ်ထင်ပါတယ်။
ခါးသည်းတဲ့ အတွေ့အကြုံတွေ၊ ဒုက္ခ ဆင်းရဲမှုတွေကြောင့် ပြည်သူလူထုတွေဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင် တိုက်ခိုက်ဖို့ မှန်ကန်ရဲရင့် ထက်မြက်တဲ့ ဦးဆောင်မှုတခုကို တောင်းဆိုနေကြပါပြီ။ အတိုက်အခံ ဒီမိုကရေစီအင်အား စုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေမှာလည်း စစ်အာဏာရှင်စနစ်ကို ခြေမှုန်းဖို့ ပိုပြီးခိုင်မာအားကောင်း တဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ ရှိလာကြသလို စည်းလုံးညီညွတ်မှုလည်း ပိုပြီး အားကောင်းလာနေပါပြီ။ ပြည်သူလူ ထုရဲ့ထောက်ခံမှုကိုလည်း ပိုပြီးရရှိလာနေကြပါပြီ။ စစ်အာဏာရှင်စနစ်ကို လူမသိ သူမသိ ဆန့်ကျင်တော်လှန်ဖို့ ကြိုး စားအားထုတ်နေသူတွေလည်း တနေ့တခြား အင်အားတိုးတက် ကောင်းမွန်လာနေပါပြီ။ မှန်ကန်တဲ့ဦးဆောင်မှုကို ရဲရဲ တင်းတင်းပေးအပ်ဖို့ ဖြစ်ပါတယ်။
စေ့စပ်ပြေငြိမ်းရေးသမားတယောက်လို ဘက်နှစ်ဘက်စလုံးကို တော်ကြပါတော့ ရပ်ကြပါတော့၊ ငြိမ်းချမ်းရေးဟာ ကောင်းပါတယ်လို့ ပြောရတာတော့ လွယ်ပါတယ်။ စေ့စပ်ပြေငြိမ်းရေးသမားယောက် (Mediator) ရဲ့ တာဝန်ဟာ ဘက်နှစ်ဘက်ကြားမှာ ပြေငြိမ်းအောင်စေ့စပ်ပေးဖို့ပါ။ သူကကြားလူပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေရေးအတွက် ပြည်သူတွေ ယုံကြည်အပ်ထားတဲ့ ခေါင်းဆောင် တယောက်ပါ။ စေ့စပ်ပြေငြိမ်းရေးသမား၊ ကြားလူတယောက်မဟုတ်ပါဘူး။ အဖိနှိပ်ခံပြည်သူလူထုဘက်ကရပ်တည် ပေးပြီး မတရားတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ဖျက်ရမှာပါ။ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီအခွင့် အ ရေးတွေရရှိဖို့ စစ်အာဏာရှင်တွေကို အောင်နိုင်တဲ့အထိ ဦးဆောင်လမ်းပြမှုပေးရမှာ ဖြစ်ပါတယ်။
ပြည်သူလူထုက ဒီမိုကရေစီအောင်ပွဲအတွက် လူထုခေါင်းဆောင်ကို ယုံကြည်မျှော်လင်ခဲ့ကြပါတယ်။ ယုံကြည်မျှော် လင့်နေကြဆဲလည်း ဖြစ်ပါတယ်။
စိုးနေလင်း
http://www.naytthit.net/?p=15034
ယူအက်စ်ကင်ပိန်းက ပိတ်ဆို့ရန်အဆိုတင်ထားသော စစ်အစိုးရအလိုတော်ရိ ၄၂ ဦးစာရင်း
အသင်းပိုင်ရှင်
Ecovision Journal,
