ကိုကျော်သူဖေ့စ်ဘွတ်မှရယူသည်။
https://picasaweb.google.com/yeyintcanada/Suu66AtSuuSHome?authkey=Gv1sRgCI2PlaKL6YPM3wE
https://picasaweb.google.com/yeyintcanada/Suu66AtSuuSHome?authkey=Gv1sRgCI2PlaKL6YPM3wE#slideshow/5620490556996281842 






























Monday, June 20, 2011
အန်တီစုအိမ်မှာလုပ်တဲ့မွေးနေ့ပွဲ..
တစ်မျိုးသားလုံးပါဝင်နိုင်ပြီး တစ်မျိုးသားလုံးအကျိုးစီးပွားကိုရှေ့ရှုတဲ့ ဖြေရှင်းမှု လိုအပ်တယ်(တူမောင်ညို)
(တူမောင်ညို)
(၂၀၁၁ ဇွန်လ ၂၀ ရက် )
ကချင်ပြည်နယ်မှာဖြစ်ပွားပေါ်ပေါက်နေတဲ့ လက်နက်ကိုင်ပဋိက္ခများနှင့်ပတ်သက်ပြီး “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)ဗဟိုကော်မတီမှ၂၀၁၁ဇွန်လ(၁၆)ရက်နေ့စွဲဖြင့် “မျက်မှောက်မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်သည့်ကြေညာချက်” ထုတ်ပြန်ပါတယ်။
ဦးသိန်းစိန်အစိုးရကလည်း ၂၀၁၁ ဇွန်လ (၁၈) ရက်၊ နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖော်ပြလာခဲ့ပါတယ်။ ယင်းကြေညာချက်၊ သတင်းထုတ်ပြန်ချက်တွေနဲ့ လက်ရှိဖြစ်ပေါ်နေမှုများ အပေါ်ကျနော့်မိတ်ဆွေနဲ့ ကျနော်ထပ်မံဆွေးနွေးဖြစ်ခဲ့ပါ တယ်။
အဲဒီဆွေးနွေးချက်များကို မိတ်ဆွေတို့လည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့်ပါဝင်ဆွေးနွေးနိုင်ရန်တင်ပြလိုက်ပါတယ်။
(ကျနော်) ကြေညာချက်တွေ၊သတင်းထုတ်ပြန်ချက်တွေပေါ်ထွက်လာပြီဆိုတော့ ကျနော်တို့အနေနဲ့ မနောမြေမှာ ဖြစ်ပွား
ပေါ်ပေါက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ထပ်မံဆွေးနွေးကြအုံးစို့ဗျာ။ခိုင်မာတဲ့ကောက်ချက်တစ်ခုတော့ ချလို့ရနိုင်ပြီလို့ထင်တယ်။ ဘယ်လိုသဘောရသလဲ။
(မိတ်ဆွေ) အခိုင်အမာကောက်ချက်တစ်ခုချတယ်ဆိုတာထက် “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟို ကော်မတီကြေညာချက်နဲ့ ဦးသိန်းစိန်အစိုးရရဲ့သတင်းထုတ်ပြန်ချက် ၂ ခုကို မူတည်ပြီး အခြားအချက်အလက်တွေပါ ဖြည့်စွက် ဆွေးနွေးကြတာပေါ့ဗျာ။
(ကျနော်) “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ က ဒီလိုကြေညာချက်ထုတ်ပြန်တာကတော့ ထူးဆန်းတယ်ဗျာ။ သူ့အနားမှာကပ်နေတဲ့ “ကိုးကန့်” နဲ့ တိုက်ပွဲဖြစ်တုန်းကတော့ တုံတိဘာဝေလုပ်နေခဲ့တာဗျ။ အခုတော့ ကရင်အမျိုးသား လက်နက်အဖွဲ့အစည်း (KNU)၊ ရှမ်းအမျိုးသား လက်နက်ကိုင်အဖွဲ့အစည်း(SSA)၊ ကချင်အမျိုးသားလက်နက်ကိုင် အဖွဲ့ အစည်း(KIA) တွေနဲ့အစိုးရစစ်တပ်ကြားမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပေါ်မှာ သူတို့သဘောထားကို ပထမ ဦးဆုံးထုတ်ပြောတာပဲဗျ။ ခင်ဗျားဘယ်လိုထင်သလဲ။
(မိတ်ဆွေ) ဒီလိုအင်အားသုံးတိုက်ခိုက်ဖြေရှင်းတဲ့ပုံစံကို သူတို့သဘောမကျဘူး/လက်မခံနိုင်ဘူးဆိုတဲ့အချက်နဲ့ တည်ရှိနေ တဲ့ပြဿနာတွေကို “ဒေသတည်ငြိမ်းအေးချမ်းရေး နှင့် ပြည်တွင်းငြိမ်းချမ်ရေး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလေး ထား၍ အတူတကွ ငြိမ်းချမ်းတန်းတူစွာဖြင့် ဆွေးနွေးဖြေရှင်းသွားကြရန်” ဆိုတဲ့အချက် ၂ ခုက သူတို့ကြေညာချက် ရဲ့ အဓိကအနှစ်သာရလို့ ယူဆတယ်။
သမ္မတဦးသိန်းစိန်ရဲ့ “စိတ်ဓါတ်နဲ့လုပ်ရပ်ကလည်း ဖီလာဆန့်ကျင်ဖြစ်နေတယ်” လို့လည်း ကြေညာချက်ထဲမှာ ထောက်ပြဝေဖန်ထားသေးတယ်နော်။
(ကျနော်) ဒါဆိုရင် “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ပြောနေသလို တည်ရှိဖြစ်ပွားနေတဲ့ ပြဿနာ တွေကို “ငြိမ်းချမ်းတန်းတူစွာဆွေးနွေးဖြေရှင်း” နိုင်ပါ့မလား။ ဦးသိန်းစိန်အစိုးရရဲ့သတင်းထုတ်ပြန်ချက်ထဲမှာတော့ သူတို့ အလုပ်သူတို့လုပ်တာ/အနှောင့်အယှက်ပေးလို့တိုက်ရတာလို့တင်းတင်းမာမာပြောထားတယ်။ ဖြေရှင်းတဲ့ နည်းလမ်း က လည်း(၂၀၀၈အခြေခံဥပဒေ)လက်ခံဖို့ပဲပြောထားတယ်လေ။ တိုင်းရင်းသားအရေးထက် “ရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း” က ပိုပြီးအရေးကြီးနေပါလားဗျ။
(မိတ်ဆွေ) အခြားနည်းလမ်းမရှိဘူး “၂၀၀၈ အခြေခံဥပဒေဘောင်ထဲကဖြေရှင်း” ဆိုတဲ့ နည်းနဲ့ တစ်ဖက်သတ်ဖြေရှင်းမယ် ဆိုရင်တော့ ပြဿနတွေ ပြေလည်စရာလမ်းမရှိဘူးဗျ။ မပြေလည်နိုင်တဲ့အပြင် ပိုပြီးဆိုးဝါးကျယ်ပြန့်လာစရာအကြောင်း တွေရှိနေပါတယ်။ သတင်းထုတ်ပြန်ချက်ထဲမှာ “ရန်လိုဖိနှိပ်တိုက်ခိုက်လိုသည့်ရည်ရွယ်ချက်များမရှိကြောင်း” ဘယ်လိုပဲ ပြောနေပါစေ အခြားတစ်ဖက်မှာတော့စစ်တပ်တွေပိုပြီးတိုးချထားတာတွေ/ဝိုင်းပတ်ထားတာတွေက စိတ်ဓါတ်နဲ့ ဖီလာဖြစ် နေတဲ့ လုပ်ရပ်တွေပဲလေ။
ကိုးကန့်ပဋိပက္ခမှာ ဝင်ရောက်တပ်စွဲခဲ့တဲ့ အစိုးရတပ်တွေကကိုးကန့်ပဋိပက္ခပြီးဆုံးသွားပေမယ့် ပြန်ရုပ် မသွား ဘူးလေ။ အဲဒီဒေသထဲမှာ ဆက်လက်တပ်စွဲခြေကုပ်ယူထားတယ်မဟုတ်လား။ အခုလည်း (KIA) ဆီကသိမ်းယူသွားတဲ့ “ဘွမ်ဆဲန် (Bum Sen) စခန်း”ကိုလည်းပြန်မပေးမှာမဟုတ်ဘူးဗျ။ “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကို ဝိုင်းပတ်ချထားတဲ့ အစိုးရတပ်အင်အားတွေဘယ်လောက်ရှိသလဲ။ ဘာကြောင့်ဒီလိုချထားသလဲဆိုတာ “ဝ” ခေါင်း ဆောင်တွေ ကောင်းကောင်း သဘောပေါက်ပါတယ်။
တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေကို ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေကို ချုပ်ထိန်းပေးဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အစိုးရနယ်မြေအတွင်းလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးဖို့လည်းပြောထားတယ်နော်။
(ကျနော်) (KIA) ဘက်က ဖြစ်ပေါ်နေတဲ့ပြဿနာနဲ့ပတ်သက်ပြီး လောလောဆယ်အပစ်အခတ်ရပ်စဲဖို့၊ ရေရှည်အာမခံ ချက်ရှိရှိဆွေးနွေးဖြေရှင်းနိုင်ဖို့ (တရုတ်ဖြစ်ဖြစ်/ကုလသမဂ္ဂပဲဖြစ်ဖြစ်) တတိယအင်အားစုတစ်ခုခုရှေ့မှာ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းတွေနဲ့ ဦးသိန်းစိန်အစိုးရ တွေ့ဆုံဆွေးနွေးဖြေရှင်းလိုတယ်လို့ပြောနေတယ်လေ။
အဲဒီနည်းလမ်းက မဖြစ်နိုင်ဘူးလား။
(မိတ်ဆွေ) (နဝတ-နအဖ)စစ်အုပ်စုက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဆိုတာကို တစ်လျှောက်လုံး လက်မခံခဲ့ဘူးဗျ။ လက်ရှိ အခြေအနေအတိုင်းဆိုရင်လည်း ဦးသိန်းစိန်အစိုးရက ဒီနည်းလမ်းကိုလက်ခံဖို့ အကြောင်းမမြင်ပါဘူး။
(ကျနော်) “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က “တူတာကိုရှာကြံ၊ မတူတာကို ခေတ္တချန်လပ်”ဆိုတဲ့ မူ နဲ့ ပြဿနာတွေ မပြေလည်နိုင်ဘူးလား။
(မိတ်ဆွေ) ဒါကအဓိကပြဿနာကို ကာလတစ်ခုမှာ ယာယီရွှေ့ဆိုင်းထားတဲ့နည်း/ ယာယီထိန်းသိမ်းထားတဲ့ ဖြေရှင်းနည်း တစ်ခုသာလျှင်ဖြစ်တယ်။ နေရာမရွေး၊ အချိန်အခါမရွေးသုံးနိုင်တဲ့နည်းလမ်းမဟုတ်ဘူးဗျ။
အနာရောဂါကို ယာယီသက်သာစေတဲ့ ဆေးမြှီးတိုတစ်ခုပေါ့။
ပြီးပြတ်ပြေလည်စေတဲ့ ဖြေရှင်းနည်းမဟုတ်ဘူးဗျ။
ဒီနည်းလမ်းကို အာဏာရသူတွေအချင်းချင်းကြားမှာ၊ အင်အားချိန်ခွင်လျှာဆတူဖြစ်နေစဉ်မှာထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခြင်းမပြုသေးဘဲ။ ယာယီထွက်ပေါက်ရှာတဲ့နည်းလမ်းဖြစ်တယ်။ ဒါမှမဟုတ် ပိုမိုအင်အားကြီးတဲ့ရန်သူ သို့မဟုတ် ပြဿနာနဲ့ ရင်ဆိုင်နေရစဉ်မှာ အခြားပြဿနာတွေကို ယာယီအားဖြင့်လွှတ်ပေးထားတဲ့နည်းဖြစ်တယ်။
(နဝတ-နအဖ) စစ်အစိုးရက မြို့ပေါ်ဒီမိုကရေစီအင်အားစုတွေကို အသေအလဲရင်ဆိုင်နေရချိန်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်မပြုမီအချိန်ထိ ဒီနည်းလမ်းဟာတစ်စုံတစ်ရာအလုပ်ဖြစ်ခဲ့တယ်ဗျ။ ဒါပေမယ့် အခုတော့ အဲဒီကာလ တွေလွန်မြောက်ခဲ့ပြီဗျ။ ဒီနည်းလမ်းနဲ့ဘယ်လိုမှအလုပ်မဖြစ်နိုင်တော့ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်လာခဲ့ပြီဗျ။
အခုပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံသလား/လက်မခံဘူးလားဆိုတာပဲဖြစ်တယ်။ ခေတ္တချန်လှပ် ထားလို့ရတဲ့ဘက် /ရွှေ့ဆိုင်းထားရမယ့်ဘက်မဟုတ်တော့ဘူး။
“မတူတာကို ခေတ္တချန်လပ်”ထားနိုင်တဲ့ အချိန်တွေဟာပြန်မလာစတမ်းကုန်ဆုံးခဲ့ပါပြီ။
ယခင်က ခေတ္တချန်လပ်ထားခဲ့တာတွေဟာ အခုတော့ထိပ်တိုက်ရင်ဆိုင်ကြရတော့မယ့်၊အဓိကရင်ဆိုင်ဖြေရှင်း ရတော့မယ့် အချိန်ရောက်လာခဲ့ပါပြီ။
ဒီပြဿနာတွေကို “လွှတ်တော်”ထဲမှာ“လွှတ်တော်ကိုယ်စားလှယ်တွေ” ဖြေရှင်းနိုင်ပါ့မလား။
အခုလိုထိုးစစ်ဆင်တိုက်ခိုက်နေတာကရော“လွှတ်တော်”ကသဘောတူဆုံးဖြတ်ထားလို့လားဗျ။ ခင်ဗျားထင်မြင် ချက်ပြောပါဦး။
(ကျနော်) အဲဒါကဒီလိုရှိတယ်ဗျ။ တည်ရှိနေတဲ့ပြဿနာတွေကို “ပြည်ထောင်စုလွှတ်တော်”ထဲ ယူဆောင်လာနိုင်မှဖြစ်မှာ လေ။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးက ကျင်းပပြီးသွားပြီဗျ။ဒါကိုတော့ထားလိုက်တော့။
နောက်တစ်ခုက (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၈၂)၊(၈၃) နဲ့ (၈၄)တို့မှာ ပြည်ထောင်စုလွှတ်တော် (အထူး/အရေးပေါ်)အစည်းအဝေးပွဲကို ပြည်ထောင်စုလွှတ်တော်နာယက၊ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းလူဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံကတောင်းဆိုလျှင်ခေါ်ယူနိုင်တယ်လို့ပါတယ်။
ပုဒ်မ(၈၂) နဲ့ (၈၃) အရဆိုရင် ဦးခင်အောင်မြင့်နဲ့ ဦးသိန်းစိန်တို့ကခေါ်မှရမှာလေ။ လုပ်ပိုင်ခွင့်အာဏာက သူတို့ လက်ထဲမှာမဟုတ်လား။
ပုဒ်မ(၈၄) ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ အနည်းဆုံးလေးပုံတစ်ပုံကရော ခေါ် နိုင်သလားဆိုတာ ကျနော်တွက်ကြည့်တယ်ဗျ။ ဒါလည်းမခေါ်နိုင်ပြန်ဘူး။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းက(၆၅၉) ဦးရှိတယ်။
အဲဒီအထဲမှာ ကြံ့ဖွံ့ပါတီ(USDP)ကိုယ်စားလှယ်က (၃၈၈) ဦးရှိပြီး၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ကိုယ်စားလှယ်က (၁၆၆)ဦး ရှိတယ်။ သူတို့ ၂ စုပေါင်းလိုက်ရင် (၅၅၄) ဦးရှိနေပြီ။ ကျန်တဲ့ (၁၀၅) ဦးဟာ စောစောကပြောတဲ့ “အနည်းဆုံး လေးပုံတစ်ပုံ” မရှိဘူးလေဗျာ။ အဲဒီအထဲမှာ (တစည) နဲ့ ကြံ့ဖွံ့ပါတီအဆွယ်အပွားတွေကရှိသေးတယ်လေ။
ဒါကဖွဲ့စည်းပုံအခြေခံဥပဒေပါနည်းလမ်းနဲ့ပြည်ထောင်စုလွှတ်တော်ထဲမှာလက်တွေ့တည်ရှိနေတဲ့ကိုယ်စားလှယ် အချိုးအစားဘက်ကနေ လက်တွေ့ကျကျ စဉ်းစားကြည့်တာလေ။
ဒီတော့ ပြည်ထောင်စုလွှတ်တော်ထဲမှာလည်းဖြေရှင်းနိုင်မှာမဟုတ်ဘူးဗျ။ ဒါက ဥပဒေပြုရေးဆိုတဲ့အပိုင်းဘက် က ဖြစ်တယ်။
အုပ်ချုပ်ရေးဘက်အပိုင်းကကြည့်မယ်ဆိုရင်လည်းလုပ်ပိုင်ခွင့်တွေအားလုံးက“နိုင်ငံတော်သမ္မတ”နဲ့“အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ”လက်ထဲမှာပဲလေ။
အခန်း(၁၁)“အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ”ဆိုတဲ့လုပ်ပိုင်ခွင့်မှန်သမျှကလည်း “နိုင်ငံတော်သမ္မတ”၊ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” နဲ့ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” လက်ထဲမှာချည်းဖြစ်တယ်ဗျ။
အခန်း(၁၂) “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း” ပုဒ်မ (၄၃၅) မှာ ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် လက်ခံဆွေးနွေးရမယ်လို့ဆိုထားပေမယ့်။ ပုဒ်မ (၄၃၆) (က) နဲ့ (ခ) မှာတော့ လက်တွေ့ပြင်ဆင်လို့မရအောင်တင်းကြပ်စွာပိတ်ပင်ထားပြန်ပါတယ်။
ဒီတော့ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကနေဖြေရှင်းလို့မရဘူးဆိုတဲ့ အချက်ထင်ရှားလာ ပါ တယ်။ ဒါကြောင့် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်မခံနိုင်ဘူး၊ ဖျက်သိမ်းပစ်ရမယ်လို့ ကျနော်ဆွေးနွေးတာပါ။
(မိတ်ဆွေ) ခင်ဗျားဆွေးနွေးတာတွေကို ကျနော်သဘောတူပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ ကွက်ပြီးဖြေရှင်းလို့မရဘူးဗျ။ (KIA) နဲ့ ပြေလည်ရုံ၊ (KNU) ပြေလည်ရုံနဲ့လည်းမရဘူးဗျ။
အရင်းခံကျပြီး နိုင်ငံရေးပြဿနာတွေဖြစ်တဲ့ ဒီမိုကရေစီရေးပြဿနာနဲ့အမျိုးသားတန်းတူရေးပြဿနာတွေ ကို အခြေခံကျကျ ဖြေရှင်းရမယ်။ ဒီလိုဖြေရှင်းနိုင်မှသာလျှင် အာမံချက်ရှိတဲ့ ရေရှည်တည်ငြိမ်မှု၊ အေးချမ်းသာယာမှုနဲ့ ဖွံ့ဖြိုးမှု လမ်းကြောင်းကိုလျှောက်လှမ်းနိုင်မှာဖြစ်တယ်။
ဒါမှလည်း ဒေသတွင်းတည်ငြိမ်မှုကို ရေရှည်အာမခံချက်ပေးနိုင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွက်လည်း စိတ်လက်ချမ်းသာမှုရရှိစေနိုင်လိမ့်မယ်မဟုတ်လားဗျ။
(ကျနော်) ဟုတ်ပါတယ်။
တစ်မျိုးသားလုံးပါဝင်နိုင်ပြီး တစ်မျိုးသားလုံးအကျိုးစီးပွားကို ရှေ့ရှုတဲ့ဖြေရှင်းမှုလိုအပ်တယ်။ ဒါမှလည်း ရေရှည် အာမခံချက်ရှိပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိစေနိုင်လိမ့်မယ်။
ယုံကြည်ချက်နဲ့ ဆက်တဲ့ သူရဲကောင်းတို့ရဲ့အမေ( ဇေယျာသော် ။ပဲခူးတိုင်းလူငယ်များ )
သူရဲကောင်းတို့ အမေ .... ဆို/ ပဲခူးတိုင်းလူငယ်များ ။
ယုံကြည်ချက်နဲ့ ဆက်တဲ့ မျိုးဆက် .... ရေး/ဆို ... ဇေယျာသော် ။
နေလို လလို အမေ ... တေးဆို ။ ။ ကိုတိုးလွင်
SUU66 TORONTO TO BURMA (19-06-11)
ရရှိငွေကိုအန်အယ်ဒီမှဖွင့်လှစ်သောအခမဲ့စာသင်ကျောင်းများသို့လှုဒါန်းမည်။
https://picasaweb.google.com/yeyintcanada/Suu66toronto?authkey=Gv1sRgCI2F_Pf-jKPVvAE#slideshow/5620460178736360210
၂၃ မြေနီကုန်း
တက္ကသိုလ်ကျောင်းသားများ၏ ဒေါသများသည် ကြိမ်မီးအုံးကဲ့သို့ စိတ်ထဲ နှလုံးထဲ၌ တငွေ့ ငွေ့ 
လောင်မြိုက်မှုမှာ အဖြူအစိမ်းဝတ် အခြေခံပညာကျောင်းသားများထံ တစတစ ကူးစက်တော့
သည်။ အာအိုင်တီကျောင်းသားနှစ်ယောက် ပစ်သတ်ခံရခြင်း၊ တံတားနီနေ့ ၌ ရန်ကုန်တက္ကသိုလ်
ကျောင်းသားများ သွေးမြေကျခဲ့ခြင်း၊ မတ်လ(၁၇)ရက် ပင်မတက္ကသိုလ်ပရ၀ဏ်တွင်း စစ်တပ်မှ
ချဉ်းနင်းဝင်ရောက်ရိုက်နှက်ဖမ်းဆီးကြခြင်းတို့ အပေါ် ကျောင်းသားထု၏ မ.ဆဆ.လအစိုးရ
အပေါ်မကျေနပ်မှုသည် အ.ခ.သကျောင်းသားများသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ကျောင်းသား
မိဘမိသားစုများသို့ လည်ကောင်း၊ နောက်ဆုံးတွင် ပြည်သူလူထုတစ်ရပ်လုံးသို့ ပျံ့ နှံ့ ကုန်၏။
ကျောင်းသားများ ရာချီပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသော်လည်း လွတ်မြောက်ကျန်ရစ်ခဲ့သော
ကျောင်းသားတို့ မှာ ထောင်ထဲရောက်နေသောညီအစ်ကိုကျောင်းသားများအတွက် တောင်းဆို
လှုပ်ရှားမှုများကို မရပ်မနားလုပ်ဆောင်ကြရန် ဆန္ဒပြင်းပြနေကြသည်။ ၁၉၈၈ခုနှစ်၊ ဇွန်လသည်
အဖြူအစိမ်းကျောင်းသားများအနေဖြင့် ကျောင်းသားလှုပ်ရှားမှုအတွင်း စတင်ပါဝင်လာကြခြင်း
ဖြစ်သည်။ ကျောင်းသားထုကြီး ညီညွတ်ကြလေပြီ။
လှည်းတန်းလမ်းဆုံမှ အုပ်စုအသီးသီး မိမိတို့ ဆန္ဒများဖြင့် ပေါင်းစည်းမိကြပြီး မြို့ လယ်သို့ သွား
ရောက်ကြရန် အလုံးအရင်းဖြင့် ထွက်ခွာလာသည်ကို အစိုးရ၏ လုံထိန်းတပ်ဖွဲ့ များမှ မြေနီကုန်း
လမ်းဆုံ၌ ကာရံတားဆီးလိုက်ကြသည်။ မြေနီကုန်းဆန်းသီရိရုပ်ရှင်ရုံရှေ့ နှင့် ရတနာပုံရုပ်ရှင်ရုံရှေ့ 
တို့ တွင် ဆန္ဒပြကျောင်းသားတို့ ကို ပိတ်ဆို့ ထားလိုက်သည်။ ထိုသတင်းကို ကြားသိရသော မြို့ နယ်
ပေါင်းစုံရှိ ပြည်သူတို့ မှာ မြေနီကုန်းလမ်းဆုံသို့ တဖွဲဖွဲရောက်လာ၏။
အ.ထ.က(၂) စမ်းချောင်းရှိ ကျောင်းသားများကို စောစောပေးလွှတ်လိုက်သည်။ မြေနီကုန်းသည်
အဖြူအစိမ်းများ၊ တက္ကသိုလ်ကျောင်းသားများ၊ မြို့ နယ်ခံ ပြည်သူများ၊ ရန်ကုန်မြို့ သူမြို့ သားများဖြင့်
ဆူဝေတက်ကြွလေပြီ။ လုံထိန်းအင်အားမှာ (၅၀)ခန့် ရှိပြီး လူစုလူဝေကြီးမှာ သောင်းချီရှိသဖြင့်
လူထုကြီးသည် အကြောက်တရားမဲ့သွားလေပြီ။ တထိန်းထိန်းနှင့် မျက်ရည်ယိုဗုံးတို့ ကို လူအုပ်ထဲ
ပစ်ခတ်ဖောက်ခွဲတော့သည်။ မျက်ရည်ယိုဗုံး ထိမှန်သူတို့ ကို အနီးတ၀ိုက်ရှိ လမ်းသွယ်ထဲမှ အိမ်များ
က ကူညီဖေးမကြသည်။ အ၀တ်စများကို ရေစွတ်၍ ပေးကြသည်။ အပြာရောင်မီးခိုးများမှ လွတ်ကင်း
စေရန် ၀မ်းလျားမှောက်ကြပြီး မျက်နှာကို ပုဝါများ စည်းနှောင်ကြသည်။ မြေနီကုန်းသည် တခဏချင်း
ဒေါသကုန်းအဖြစ် အသွင်ပြောင်းလေပြီ။
မျက်ရည်ယိုဗုံး ထိမှန်သူတို့ ကား နောက်မဆုတ်ကြ။ လုံထိန်းတို့ ရက်စက်ယုတ်မာကြသောသတင်း
ကို ယခုမှ သိသူများ မြေနီကုန်းသို့ ဆင့်ကာဆင့်ကာ ထပ်ရောက်လာကြပြန်သည်။ တလိပ်လိပ်
တက်လာကြသော လူထုဒေါသသည် အဆုံး၌ “သေချင်သေပါစေတော့” ဟု ဆုံးဖြတ်ကြကာ ပစ်ခတ်
နေသော လက်နက်ကိုင်လုံထိန်းတို့ ဆီ ဦးတည်ကုန်ပြီး တုတ်၊ ခဲ များဖြင့် ပြန်လှန် ခုခံတိုက်ခိုက်ကြ
တော့သည်။ အလဲလဲအပြိုပြို ဖြစ်နေသည့် ဆန္ဒပြသူတို့ ကို မြင်ရသောအခါ ရပ်ကြည့်နေကြသူများ
လည်း မခံမရပ်နိုင်ဖြစ်ပြီး ပြန်လှန်တိုက်ခိုက်မှုတွင် တတပ်တအားပါဝင်လာကြ၏။
ကာရံထားသော အတားအဆီးများ ပြိုကျလေပြီ။ တစ်သားတည်းတစ်သွေးတည်းညီညွတ်ခြင်း၏
ရလဒ်ကို လူထုကြီး လက်ဝယ်ဆုတ်ကိုင်မိလပြီ။ “ဟေး” ဆိုသော အသံနက်ကြီး၏ နောက်ကွယ်၌
မြင်ကွင်းများမှာ ရှုတ်ထွေးမြန်ဆန်လှ၏။ ရတနာပုံရုံရှေ့ မှ လုံထိန်းအုပ်စု ပြိုသည်။ ဆန်းသီရိရုံရှေ့ မှ
လုံထိန်းအုပ်စု ပြိုသည်။ ရပ်ထားသော လုံထိန်းတီအီးကား (၄)စီး ဝေါခနဲ မောင်းထွက်ပြေးသည့်
နောက်သို့ ကျန်ရစ်သည့် လုံထိန်းများက အပြေးလိုက်တက်ကြသည်။ တချို့ မမှီလိုက်ကြ။ ကားခနဲ
ပြုတ်ကျပြီး သွေးများ ဖြာကျသည်။ မြေနီကုန်းလမ်းဆုံ ပြည်လမ်းမ၌ နှစ်ဘက်စလုံးမှ သွေးများ
စွန်းထင်းမြေခ ကုန်တော့သည်။
ရတနာပုံရုပ်ရှင်ရုံရှေ့ ၊ ပြည်လမ်းမပေါ်တွင် မကြောက်တရားဟောသော ကျောင်းသားတချို့ ကို
မြင်ရသောအခါ ကြက်သီးထမိသည်။ လူထုကြီး အားပေးကြသည်။ လွတ်လပ်မှုအပြည့်အရသာမှာ
ကြာကြာ မခံလိုက်ရ။ စစ်တပ်မှ ကားများ တစ်စီးပြီး တစ်စီး ထိုးဆိုက်လာသည်။ တရကြမ်း ပစ်ခတ်
လူစုခွဲတော့သည်။ တရားဟောနေသော ကျောင်းသား၏ လက်မောင်းထဲသို့ ကျည်ဆံ ဖောက်ဝင်သွား
သည်။ “ကျွန်တော့်ကို ထိသွားပြီ၊ ကူကြပါဦး” ။ ထိုကျောင်းသား အော်ဟစ်အကူအညီတောင်ခံနေစဉ်
နောက်ကျောင်းသားတစ်ယောက်၏ ပေါင်ကို ကျည်ဆံတစ်တောင့် ဖောက်ဝင်ပြန်သည်။ လမ်းမထက်
လဲကျသွား၏။ သွေးများ တတောက်တောက် စီးကျပြီး အကူအညီတောင်းခံသည်။ တကွဲတပြား
ပြေးလွှားနေသော လူအုပ်ထဲမှ လူတချို့  ထိုကျောင်းသားနှစ်ယောက်ကို ပြေးဆွဲကြသည်။ အနီးဆုံး
စမ်းချောင်းလမ်းထဲသို့ ပွေ့ ချီလာပြီး အိမ်တစ်အိမ်မှ ဒဏ်ရာကို အမြန်ကုသပေးသည်။ အော်ဟစ်
ထွက်ပြေးလာသော ကျောင်းသားများကို ရပ်ကွက်တွင်းမှ လှိုက်လှိုက်လှဲလှဲကူညီကြသည်။ ထွက်လမ်း
ပြကြသည်။ ပြည်သူနှင့် ကျောင်းသားများ တစ်စိတ်တည်း တစ်ဝမ်းတည်း။ နာကြည်းစိတ်အားလုံး၊
မျှော်လင့်ချက်အားလုံး တူညီသွားကြလေပြီ။
မြေနီကုန်းသည် ချောက်ခြားဖွယ်ဖွယ်အတိနှင့် ကျန်ရစ်၏။ အုတ်ခဲကျိုး၊ ဖိနပ်ပြတ်၊ တုတ်စ၊
သွေးစက်၊ ဗုံးဆံ၊ ကျည်ခွံတို့ နှင့်။ သွေ့ ခြောက်မျက်ရည်စက်တို့ နှင့်။
နောက်တစ်နေ့ နံနက်၌ မနေ့ က ဘာမှ မဖြစ်ခဲ့သလိုမျိုး မြေနီကုန်းကို ပြောင်စင်အောင်
ဆေးကြောတိုက်ချွတ်ထား၍ ရကောင်း ရနိုင်ပါသည်။ လူထုရင်ထဲမှ မြေနီကုန်းကဖြင့် အမြဲ ရှိနေဦး
မည်။ နိုင်ငံရေးဆိုသည်မှာ ခံစားမှု မပါ၍ မဖြစ်သေးချေ။
အောင်မျိုးထွန်း
၂၀- ၆- ၂၀၁၁
(၂၁ရက်၊ ဇွန်လတွင် ကျရောက်သော မြေနီကုန်းအရေးအခင်း (၂၃)နှစ်မြောက်
နှစ်ပတ်လည်နေ့ အမှတ်တရ)
Japan ( Nagoya ) ၏ အမေ့ မွေးနေ့ 
(၆၆) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပွဲအား ဂျပန်နိုင်ငံ(နဂိုယာ) မြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှ စည်ကားအောင်မြင်စွာကျင်းပခဲ့ကြပါသည်..။
Transfer of Ivanhoe's Burmese assets to weapons firm must be probed
CFOB's Executive Director Tin Maung Htoo believes the Canadian public has a right to know what has occurred with Ivanhoe's Burmese investments. "If indeed the black listed entity UMEH obtained Ivanhoe's stake in Monywa and resold it to Norinco, this would violate both Canadian and US sanctions," says Tin Maung Htoo. "Ivanhoe must be punished financially for any illegality that may have happened" he adds.
Ivanhoe has repeatedly claimed that environmental degradation in the Monywa mine area is a result of previous operations at the site which took place between 1983 and the early 1990's by the Burmese regime initially with the support of Bor Copper Institute of Yugoslavia. The Yugoslav-Burmese copper project was relatively small compared to the MICCL operations which are much larger and involve the use of acid generating heap leach system.
While previous operations at Monywa certainly caused damage to the environment its clear the higher acidity in nearby farm land did not become an issue until after Ivanhoe and MICCL became involved at the mine site.
Prior to launching his partnership with Burma's killer generals Ivanhoe Chairman Robert Friedland was CEO of another Vancouver based mining firm Galactic Resources. Galactic ran a disastrous gold mine in the San Juan Mountains of Colorado called Summitville. Thousands of liters of toxic mining waste leaked from the mine into a nearby river killing all aquatic life downstream for at least 17 miles, earning Friedland the nickname Toxic Bob.
၂၀.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.

Suu66-moemaka-2011-l.pdf
5516K View

20 Jun 2011 Yeyintnge's Diary.doc
669K View

20 Jun 2011 Yeyintnge's Diary.pdf
1587K View
http://www.mediafire.com/file/i5r0shdtbpphsf8/20%20Jun%202011%20Yeyintnge%27s%20Diary.pdf
20 Jun 2011 Yeyintnge's Diary