2011-06-05
င်ငံရေးပါတီတချို့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ကြောင့် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ နေ့လည်ပိုင်းက လူနှစ်ရာ ဝန်းကျင်လောက် စုရုံးခဲ့ပြီး ရဲနဲ့ လုံထိန်းတွေ၊ အရပ်ဝတ် လုံခြုံရေး ဝန်ထမ်းတွေ ရောက်ရှိလာတယ်လို့ သိရပါတယ်။
NLD အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဒေါ်ခင်ဝင်းခိုင်က အခုလို ပြောပါတယ်။
“မြို့တော်ခန်းမမှာ လူနှစ်ရာကျော်လောက်၊ ဘုရားကျောင်းရှေ့မှာ ဒီဘက်က ပန်းခြံထောင့်မှာ လေးငါးဆယ်ယောက် အဲဒီလို လူတွေက စုနေတာ။ ဒီနေရာတွေက တနင်္ဂနွေနေ့ဆိုရင် လူရှင်းတယ်။ အခုကျတော့ လူအများကြီး ရောက်နေတယ်။ လုံခြုံရေးတွေလည်း အများကြီးပဲ။ တအောင့်လောက်နေတော့ ရဲမှူးလား ဘာလားမသိဘူး သူက လာပြီးတော့ ဒီမှာ ဘာလာလုပ်တာလဲတဲ့။ ခင်ဗျားတို့ မာရှယ်လော မသိဘူးလား တဲ့။ ကျမတို့ဘက်က လူတွေကလည်း ပြန်ပြောတယ်၊ အရပ်သားအစိုးရ ဖြစ်တဲ့အတွက် ဒီ ပုဒ်မတွေ မာရှယ်လောတွေ ရှိသေးလို့လား ဆိုတော့ သူတို့က ‘မဟုတ်ပါဘူး၊ မရှိပါဘူး’ တဲ့။ မရှိရင် ကျမတို့ကို လာမပြောနဲ့ဆိုပြီး ကျမတို့နဲ့ စကားများပြီး ကျမတို့လည်း တအောင့်လောက်နေတော့ ကိုယ့်လမ်းကိုယ် ပြန်လာကြတယ်”
နိုင်ငံရေးပါတီ တချို့က ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့စွဲနဲ့ ဦးသိန်းစိန် အစိုးရဆီမှာ ဆန္ဒပြခွင့် တင်ပြ တောင်းခံထားကြပါတယ်။ ဒီအတွက် ဆန္ဒပြပွဲ ဖြစ်မဖြစ် အကဲခတ်ကြသူတွေ စုရုံး ရောက်ရှိနေကြတာလို့ သိရပါတယ်။
အဲဒီ ဆန္ဒပြခွင့် တင်ပြချက်ကို အာဏာပိုင်တွေက ခွင့်မပြုဘဲ ဇွန်လ ၂ ရက်နေ့က ငြင်းဆန်ထားပြီးပြီလို့လည်း သိရပါတယ်။
http://www.rfa.org/burmese/news/hundred-gathered-at-city-hall-06052011112848.html
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ ရန်ကုန်မှာ ပြန်စ
2011-06-05
နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွတ်ရေး ဆုတောင်းပွဲတခုကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှာ ဒီကနေ့မနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြပါတယ်။
ဆုတောင်းပွဲကို ဦးဆောင်သူတဦး ဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ခင်ဝင်းခိုင်က RFA ကို အခုလိုပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် အမြန်ဆုံး လွတ်မြောက်ပါစေဆိုပြီး တနင်္ဂနွေနေ့တိုင်း ကျမတို့ ဘုရားတွေ အကုန်လုံး လှည့်ပြီး သွားတာ။ ဒီတပတ် သမိုင်း ကျိုက်ဝိုင်းဘုရားမှာ။ လူ ၄၄ ယောက် ဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။ ထောက်လှမ်းရေးတွေကလည်း စိတ်ဝင်စားတယ်။ တော်တော်များများပဲ ၃ဝ လောက် ရှိတယ်။ ဝိုင်းပြီးတော့ ဓာတ်ပုံရိုက်တယ်။ ပြီးတော့ တအုပ်ကြီးပဲ သမိုင်းလမ်းဆုံအထိ နောက်က လိုက်လာတယ်”
ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူတွေကတော့ ဒဂုံ-တောင်၊ ဒဂုံ-မြောက်၊ မရမ်းကုန်း၊ သံလျင်၊ မြောက်ဥက္ကလာ၊ တွံတေးမြို့နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့တဲ့ လှုပ်ရှားမှုမှာလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/prayer-for-prisoners-release-06052011115953.html
Sunday, June 5, 2011
ဆန္ဒပြမယ်ဆိုလို့ မြို့တော်ခန်းမ ရှေ့မှာ လူတွေ စောင့်ကြည့်နေ
အညတရ သူရဲကောင်း ဂုဏ်ပြုပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အမှာစကား
၂၀၁၁-၆-၅ ရက်နေ့  တိုကျိုမြို့  Seiketsu Consumer Center (4F) တွင် အညတရသူရဲကောင်းဆုကို မြန်မာနိုင်ငံအတွက် ရဲရဲဝံ့ဝံ့ မိမိ၏ကိုယ်ကျိုးကိုစွန့် ကာ တိုင်းပြည်နှင့်လူမျိုး အတွက် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးရရှိရန် တိုက်ပွဲဝင်နေကြသော မထင်ရှားသည့် ပုဂ္ဂိုလ်များအား ချီမြှင့်ပေးအပ်သောဆုဖြစ်ပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြှင့်ပေးအပ်ခဲ့သည်။
(ဓါတ်ပုံ မင်းညိုဝမ်း)
ထိုဆုရရှိသူများမှာ (၁) ဆရာတော် ဦးဣန္ဒက (၂) ဦးခင်ဝင်း (၃) ကိုသန်းနိုင် တို့ ဖြစ်ကြပါသည်။
အခမ်းအနားကို ဂျပန်နိုင်ငံတွင်ရှိသော မြန်မာမျိုးချစ်ဒီမိုကရက်တစ်အင်အားစု (BPDF) မှတာဝန်ယူ
ဆောင်ရွက်ခဲ့သည်။
Invitation to the 35th Commemoration of Salai Ko Tin Maung Oo
Thirty-five years ago on June 26, 1976, on one cold, rainy day early in the morning Salai Ko Tin Maung Oo was secretly hanged by Burma's military dictatorship in the infamous Insein Prison. Even though it has been thirty-five years, it seems like it was only yesterday when that happened. That is why we have arranged to have the 35th Commemoration of Salai Ko Tin Maung Oo here in Vancouver, B.C., Canada on June 25, 2011. So, we cordially invite you to come and join us in remembering Salai Ko Tin Maung Oo at this 35th Commemoration event.
Sincerely,
Ma Hla Myaing and Salai Ko Tin Maung Oo's entire family
Invitation to the 35th Commemoration of Salai Ko Tin Maung Oo-front.jpg
237K View Download

Invitation to the 35th Commemoration of Salai Ko Tin Maung Oo-back.pdf
4672K View Download

Location Map for Invitation to 35th Commemoration of Salai Ko Tin Maung Oo.pdf
258K View Download
